Translate

သုခအောင် (စာအုပ်စင်)သို့ လာရောက်လည်ပတ်ကြကုန်သောမိတ်ဆွေအားလုံးကိုအထူးကျေးဇူးတင်ပါတယ်၊ အကြံပေးချက်ကို ကြိုဆိုလျက်ပါ။ ဖုန်း- 09-400700358 /09-775784434 သို့ဆက်သွယ်အကြံပြုနိုင်ပါတယ်ခင်ဗျာ။

Nov 3, 2016

နာယကဂုဏ်ခြောက်ပါး



 ” ထကြွနိုးကြား ၊ 
သနားသည်းခံ ၊ ဝေဖန်ထောက်ရှု့
ဤ ခြောက်ခု ၊ ကြီးသူကျင့်ရာ တရားတည်း “   

ထကြွ

လုံလ၀ီရိယကို ခေါ်ဆိုခြင်းဖြစ်သည်။ အမြဲတမ်းအားသွန်းခွန်စိုက်
ရှိနေဖို့ဖြစ်သည် ။ နိုင်ငံတစ်ခုဖောင်ဆောင်ရာမှာဖြစ်စေ၊အဖွဲ့အစည်း
တစ်ခုတည်ထောင်ရာမှာဖြစ်စေ၊လုပ်ငန်းခွင်တစ်ခုခုမှာဖြစ်စေ
ခေါင်းဆာင်သည် ရှေ့ကနေ မားမားမတ်မတ်ရပ်တည်ပြီး ထထကြွကြွ ၊ တက်တက်ကြွကြွနှင့် ကိုယ်တိုင်ပါဝင်ဖို့လိုပါသည် ။

နိုးကြား
ခေတ်အခြေအနေကို သိမြင်နိုင်ခြာင်း ၊ နားလည်နိုင်ခြင်း ။
လေ့လာခြင်းမျိုးဖြင့် အခြားသူများလုပ်နေသည်ကို 
အမြဲတမ်းလေ့လာစောင့်ကြည့်ခြင်း သို့မဟုတ် မိမိ၏
တိုင်းပြည်အတွင်းရှိပြည်သူပြည်သားများ၏ အရေးကိုအမြဲတမ်း
လေ့လာစောင့်ကြည့်ရင်းနိုးနိုးကြားကြား ရှိနေရမည် ။ 
အန္တရာယ် ကျရောက်နေလျှင်လည်း အကူညီပေးရမည်ဆိုသည်ကို
လေ့လာရမည် ၊ ကူညီနိုင်ရမည် ၊ 

သနား

သနားကြင်နာမှု့များဖြင့်
ဘ၀တစ်ခုလုံးကို ကိုယ့်လက်အောက်ငယ်သားများ
အတွက် အသုံးချနိုင်သူဖြစ်နေရပါမည်။ 
လုပ်နိုင်သည့်ဆိုသည့်မာနစိတ်ဖြင့် မိမိလုပ်ရပ်ကို ဂုဏ်ယူနေစရာမလို ၊ ငါပတ်ဝန်းကျင်က ဆုံးဖြတ်ပေးသွားပါလိမ့်မည် ။

သည်းခံ
လောကဓံများနှင့်ကြုံတွေ့သည့်အခါမှာလည်း သည်းခံနိုင်ရမည်း 
အများအတွက်ဆိုသည့် စိတ်ဓာတ်ဖြင့် ဦးဆောင်နိုငရမည်
ဖြစ်ပေါ်လာသည့် အန္တရာယ်မျိုးစုံ၏ လာရာလမ်းကို သိရမည် ၊ 

ဝေဖန်

ဘယ်လိုဖြေရှင်းရမည်ဆိုတာကို ဝေဖန်ပိုင်းခြားနိုင်သည့် 
စူးစမ်းလေ့လာမှု့အားကောင်းရမည် ။ 
အစစအရာရာသိမြင်အောင် လုပ်ဆောင်ပြီး 

ထောက်ရှူ့ 

စာနာထောက်ထားမှု့ ကြည့်ရှုစောင်မမှု့ဖြင့်ကူညီနိုင်ရမည် ၊ 
သည်နှစ်မှာ ကမ္ဘာနှင့်အ၀ှမ်း မိုးရေတွေကြီးသည် ၊ ပြည်သူ တွေ 
အတိဒုက္ခရောက်ကြသည် ၊ ဒါတွေကို အကူအညီပေးနိုင်ရမည် ။  
လိုအပ်သည့်နေရာကိုလည်း သိအောင် လုပ်ဆောင်ရမည် ။ 

မိမိတို့ကိုယ်တိုင်လည်း ရောက်အောင်သွားရမည် ၊ ဒါသည် 
တိုင်းပြည်အတွက် အလွန်အရေးကြီးသော နာယက 
ဂုဏ်ခြောက်ပါးဖြင့် ကူညီမှု့ ဖြေရှင်းမှု ဆောင်ရွက်မှုများပင်ဖြစ်သည် ။ 

ဗုဒ္ဓသည် ခေါင်းဆောင်ကောင်းပီသသည် ၊ 
ကိုယ်တိုင် ( ၄၅ ) ၀ါပတ်လုံး တစ်နေ့အိပ်ချိန် ( ၂ ) နာရီ မျှ
လောက်သာ ကိုယ်ပိုင်ချိန်ထားပြီး အလုပ်များကို လုပ်ခဲ့သည် ၊ 
အများအတွက် အသက်စွန့်သူမျောက်မင်း

တစ်ခါကဗာရာဏသီပြည် ဗြဟ္မဒတ်မင်း အုပ်ချုပ်စဉ်
ဘုရားအလောင်းသည် မျောက်မင်းဖြစ်သည်။ မျောက်များသည် 
ဟိမ၀န္တာဂင်္ဂါမြစ်ကမ်းနံဘေးမှ သရက်သီးများကို စားသောက်
လိုသောကြောင့် ဦးဆောင်သူအဖြစ်သွားရောက်ခဲ့သည် ။ 
သရက်သီးများကို ခူးစားပြီး ညအခါ သရက်ပင်ပေါ်မှာပင် အိပ်ပျော်သွားခဲ့သည် ။ 

ထိုအချိန် ဗြဟ္မဒတ်မင်း ကြီးသည် မုဆိုးများဆက်သသော ထို သရက်ပင်များမှ သရက်သီးကို စားသောက်ပြီး အရသာကိုလွန်စွာ  ကြိုက်နှစ်သက်
သောကြောင့် သရက်ပင်များရှိရာအရပ်သို့  မုဆိုးများကို စေလွှတ်လိုက်သည်။

မုဆိုးများ သရက်ပင်များ အနီးသို့ ရောက်သောအခါ သရက်ပင်ပေါ်မှ မျောက်များကို တွေ့ ၍ လေးသမားများအား သရက်ပင်ကို ၀ိုင်းရန် တာဝန်ပေးလိုက်သည်။ မျောက်များသည်ကြံရာမရဖြစ်ကာ သေပွဲဝင်ရမည်ကို တွေးကာ ကြောက်လန့်နေကြသည် ။  ထိုအခါ ဘုရား လောင်းမျောက်မင်းသည် မိမိ၏နောက်လိုက်မျောက်များအား 

” အပူပါနှင့် သင်တို့အားလုံးကို ငါကယ်တင်ပါ့မည် ဖြစ်ကြောင်း “  ကတိပေးစကားလည်းပြောလိုက်သည် ။ ထိုသို့ပြောပြီး ဘုရားလောင်းမျောက်မင်းသည် သစ်ပင်အမြင့်ဆုံး ကိုင်းအထိတက်ပြီး  ထိုအပေါ်မှ  ဂင်္ဂါမြစ်တစ်ဖက်ကမ်းကို အားယူလျှက် ခုန်လိုက်သည် ။ ဘုရားလောင်းမျောက်မင်းသည် ချုံပုတ်တစ်ခုပေါ်သို့ ကျသွားသည် ၊ ထိုမှတစ်ဖန် ကြိမ်နွယ်တစ်ခုကို သစ်ပင်တစ်ခုမှာချည်နှောင်ထားခဲ့ပြီး အခြားတစ်စကို မိမိ၏ခါး၌ ရစ်ပတ်ချည်နှောင်လိုက်ပြီး သစ်ပင်အမြင့်တစ်ခုသို့တက်ကာ တစ်ဖက်ကမ်းရှိ သရက်ပင်ပေါ်သို့ အားအကုန်ထုတ်ကာခုန်ကူးလိုက်သည် ။

ကြိမ်နွယ်သည် အနည်းငယ်တိုနေသဖြင့် သရက်ပင်ကို မမီဘဲ ဖြစ်သွားသည် ။ သို့သော်လည်း သရက်ကိုင်းတစ်ခုကိုတော့ မြဲမြံစွာ ကိုင်ထားနိုင်ခဲ့သည် ။ သို့အတွက်ကြိမ်နွယ်ကို မချည်နှောင် တော့ဘဲ မိမိခန္ဓာကိုယ်ပေါ်သို့ တက်ရောက်ပြီး ကြိုးဖြင့် အခြားတစ်ဖက်ကို ကြိမ်နွယ်မှတစ်ဆင့်ကူးသွားကြရန်မှာရင်း အစွမ်းကုန်အားအင်ကို သုံးနေခဲ့သည် ။ မျောက်များသည် တစ်ကောင်းပြီးတစ်ကောင် ဘုရားလောင်းမျောက်မင်းအား ရှိခိုးသွားကြရင်းမှ ကူးမြောက်သွားကြသည် ။ မျောက်များအနေဖြင့် အလွန်များပြားသောကြောင့် ဘုရားလောင်းမျောက်မင်းသည် မိမိအသက်ကို ဦးစားမပေး ။ ပဓာနမထားနိုင်တော့ ။ အသက်ကို စွန့်လွတ်ပြီး သရက်ကိုင်းကိုသာ မြဲမြံစွာ ကိုင်ထားခဲ့သည် ။

ထိုစဉ် ယုတ်မာသော မျောက်တစ်ကာင်သည် ငါသည် ငါ့ရန်သူကို ပျက်စီးစေအံ့ဟု . တွေးကာ အမြင့်ဆုံးကိုင်းကို တက်ပြီး ဘုရားအလေင်းမျောက်မင်း၏ခန္ဓာကိုယ်ပေါ်သို့ တစ်ဟုန်ထိုးခုန်ဆင်းခချခဲ့လိုက်သည် ။  ဘုရားလောင်းမျောက်မင်းသည် ထိုဒဏ်ရာကြောင့်နှလုံးသားကွဲကြေစွာပင် တစ်ကောင်းတည်ကျန်ရစ်ခဲ့လေသည် ။ 

 ထိုဖြစ်အင်ကို မြင်တွေ့ခဲ့ရသော မင်းကြီးသည် အမျိုးအတွက် အသက်ပေးကာကွယ် စောင့်ရှောက်ကာ လုံးလ၀ီရိယကို အားကုန်ထုတ်သွားသော ဘုရားလောင်းမျောက်မင်းကို ငြမ်းဆင်ပြီး တက်ယူစေခဲ့သည် ၊ အသက်ရှင်ရန် ဆေးဝါးကုသပေးသည် ။ ဘုရားလောင်းမျောက်မင်းသည် မိမိ၏ ကျေးဇူးရှင်မင်းကြီးကို တရားစကား ပြောကြားခဲ့သည် ။

”မင်းဧကရာဇ် ၊အစိုးရတဲ့သူတွေဟာ ပြည်သူပြည်သားတွေဲရဲ့ အကျိုးစီးပွားကို လုံလအားထုတ်ကာ ရှာဖွေပေးရမယ် ။ ပညာဥာဏ်အမြှောက်အမြင်နဲ့လည်း ပြည့်စုံရမည် “ဆိုပြီ  ဆုံးမ စကားပြောသွားခဲ့သည် သို့သော် လည်း ဘုရားလောင်မျောက်မင်းသည် ဒဏ်ရာအနေနှင့် အလွန်ပြင်ထန်သောကြောင့် ထိုခဏမှာပင်သေဆုံးဥွားခဲ့ရသည် ။

ဗုဒ္ဓသည် လေးအသင်္ချေနှင့်ကမ္ဘာတစ်သိန်းပတ်လုံး ဝေနေယျသတ္တ၀ါ များကောင်းကျိုးအတွက် အသက်ပေးကာ ကြိုးစားခဲ့ရသော ဘ၀များသည် အလွန်ပင် များပြားလှသည် ။ သို့အတွက် အများ၏ ဦးဆေင်မှုကို ရယူထားသူများအနေဖြင့် အများကောင်းကျိုးအတွက် မိမိအသက်ကိုပင် ပဓာနမထားဘဲ လုံလ၀ီရိယရှိစွာနှင့် အစစအရာရာ မြော်မြင်သိမြင်သည့်အတိုင်း သနားမှု ၊ သည်းခံမှု့ ၊ ကိုယ်ကျိုးစွန့်နိုင်မှု့များဖြင့် တက်တက်ကြွကြွ လုပ်ဆောင်ရင်း အများ၏ စစံပြအဖြစ်ကို ရယူနိုင်ဖို့လိုပါသည် ။။                      

  ကျေးဇူးတင်စွာဖြင့် တက္ကသိုလ်မင်းနန္ဒာမင်းကင်း
                                                        
စာရေးဆရာမောင်မင်းစိုး၏    ဗုဒ္ဓ၏သင်ကြားချက်များ စာအုပ်မှ 

Posted by Wai Moe


------------

အားပေးမှုကို ကျေးဇူးတင်ပါတယ် ဒီမှာ သွားလိုက်နော်။
--------


ဇေယျသိင်္ဂီကျောင်း

0 comments:

Post a Comment

Translate

သုခအောင် (စာအုပ်စင်)သို့ လာရောက်လည်ပတ်ကြကုန်သောမိတ်ဆွေအားလုံးကိုအထူးကျေးဇူးတင်ပါတယ်၊ အကြံပေးချက်ကို ကြိုဆိုလျက်ပါ။ ဖုန်း- 09-400700358/09-760136274 သို့ဆက်သွယ်အကြံပြုနိုင်ပါတယ်။

Followers