သင့်နှလုံးသွေးကြောများပွင့်ရန်
**********************************
**********************************
သင့်နှလုံးသွေးကြောများပွင့်ရန်သောက်ရ
မည့်ဆေးဖော်ရန် ဆေးအမယ်များနှင့်အချိုး အစား။
၁။ ✏ သံပုယို(သို့)ရှောက်သီးအရည် ၁ ခွက်။
၂။ ✏ ဂျင်း(ချင်း)အရည် ၁ ခွက်။
၃။ ✏ ကြက်သွန်ဖြူ အရည် ၁ ခွက်။
၎။ ✏ ပန်းသီးရှာလကာရည် ၁ ခွက်။
အထက်ဖော်ပြပါ အမယ်(၄)မျိုးကိုရော
စပ်၍ မီးအေးအေးဖြင့် မိနစ်(၆၀)ခန့်
(သို့) ၄ခွက်တွင် ၃ခွက်ကျန်သည်အထိကြို ပါ။
ပြီးလျင် အအေးခံထားပါ။ ၄င်းနောက်ပျားရည်စစ်စစ်
၃ ခွက်ရော နှံ့အောင်မွှေပြီး ဖန်ပုလင်းတွင်
ထည့်၍ သုံးဆောင်နိုင်ပါသည်။
✔ဥပမာအနေဖြင့်အားလုံးနားလည်လွယ်အောင်ကျွန်
တော်ရှင်းပြပေးပါမယ်။
✏ အခွံခွာရလွယ်သောကြက်သွန်ဖြူ ဥတစ်လုံးများအား အခွံခွာ၍ သစ်သီးဖျော်စက် (Blender) (သို့) ငရုတ်ဆုံတွင်ကြေညက်နေအောင်ပြုလုပ်ပါ။
အကြမ်းပန်းကန်လုံးနီးပါးရလျှင် ရေကျက်အေးဖြင့် အကြမ်းပန်းကန်လုံးပြည့်အောင်ဖြည့်ပါ၊(Blender)နှင့်
ဖျော်မယ်ဆိုရင် အကြမ်းပန်းကန်လုံးတစ်လုံးစာ ပါးပါးလှီးထားတဲ့ ကြက်သွန်ဖြူတွေကို အရင်ထည့်ပါ။ ပြီးနောက် ရေသန့်(သို့)ရေကျက်အေး အကြမ်းပန်းကန်တစ်လုံး အပြည့်ထည့်ပါ။
ပြီးလျှင် ကြေညက်နေအောင် ပြုလုပ်ပေးပါ။
ထိုနည်းအတိုင်းပဲ ဂျင်းကို ရေပြောင်အောင်ဆေး၊ အခွံခွာပြီးပါးပါးလှီးကာ ညက်အောင်ပြုလုပ်ပေးပါ။အကြမ်းပန်းကန်လုံး
ပြည့်ရေကျက်အေးနှင့်ရောပါ။နောက်..
ရှောက်သီး(သို့)သံပုယိုသီးကိုလည်း
အကြမ်းပန်းကန်လုံး (၁) လုံးပြည့်အောင် အရည်ညှစ်ပေးပါ။ စိတ်ချရအောင် ပန်းသီးရှာလကာရည်ကို USA/Korea/Italy Brand ထဲမှရွေးချယ်ဝယ်ယူ၍ အကြမ်းပန်းကန်လုံးတစ်လုံး ပြည့်အောင်ထည့်ပါ။
ပြီးနောက်အကြမ်းပန်းကန်လုံး တစ်လုံးစီတွင် ထည့်ထားတဲ့ အမယ်(၄)မျိုး ကို ရောစပ်ပြီး မီးအေးအေးလေးဖြင့် (မိနစ် ၆၀ )ခန့် (သို့) အကြမ်းပန်းကန်လုံး ၄ ခွက် မှ အကြမ်းပန်ကန်လုံး
(၃) လုံးခန့်ကျန်သည်အထိ ကြို ပေးပါ။ ပြီးလျင် အအေးခံထားပြီး ပျားရည်စစ်စစ် အကြမ်းပန်းကန်လုံး
(၃) လုံးဖြင့် သမအောင်မွှေ၍ အိမ်ရှိဖန်ပုလင်းတစ်လုံးထဲထည့်ကာသုံးဆောင်နိုင်ပါပြီ။ များများလိုချင်လျှင် ထိုနည်းအတိုင်း ဆတူတိုး၍ဖော်စပ်နိုင်ပါသည်။
ဆေးသောက်ရန်မှာ နံနက်အိပ်ယာထ
ဘာမှမစားရသေးခင် ထမင်းစားဇွန်းနှင့်အပြည့်
တစ်ဇွန်းသောက်ရပါမည်။
၅မိနစ်လောက်နေမှ ရေသောက်ပါ။ ပြီးလျှင် စားနေကြအစားအစာများ၊ သောက်နေကြ အခြားဆေးများအား ပုံမှန်သောက်သုံးလို့ရပါပြီ။
ဤဆေးရည်က သင်၏ပိတ်နေ/ကျ ဉ်းနေသော သွေးကြောများကို ပြန်ဖွင့်ပေးပါလိမ့်မည်။ဆေး၏အရသာမှာလည်း ကောင်းပါသည်။
✔ ပန်းသီးရှာလကာရည်
(Apple Vinegar)ကို Citymart ကဲ့သို့သော စတိုးဆိုင်ကြီးများတွင် ဝယ်ယူရရှိနိုင်ပါသည်။
ကျွန်တော်ညီဖော်စပ်သော ထိုက်သူပန်
ဆေးများတွင် ပန်းသီးရှာလကာရည်ကို
USA/Korea/Italy Brand
များကို အသုံးပြု ဖော်စပ်ထားပါသည်။
အတတ်နိုင်ဆုံး Myanmar/China/
Thailand Brand များကို အရည်အသွေးစိတ်မချသဖြင့် အသုံးမပြုဘူးလို့ သိရပါတယ်။
ကျေးဇူးတင်ပါတယ်။
အလွန်အစွမ်းထက်သောဤဆေးနည်းအား Fb ပေါ်တွင်တင်ပေးခဲ့သောသူအား credit အကြိမ်ကြိမ်ပေး၍သာဓုအကြိမ်ကြိမ်ခေါ်ဆိုပါရစေ။
✔အားလုံးအတွက်အလွန်အစွမ်းထက်သောဤနှလုံးသွေးကြောပွင့်ဆေးဖော်စပ်နည်းအား
Share ပေးခြင်းဖြင့်ကူညီပေးကြပါ။
အားလုံးအဆင်ပြေကြပါစေ။
ကျေးဇူးများစွာဖြင့်
ကိုဇော်+မမိုး(ပိုင်အိုးနီးယား ၁၁၅)
=================
Credit: ဆေးနည်း ဆေးပင် ဆေးအကြောင်း
အသုံးဝင်ဆေးနည်းတိုများ
========
0 comments:
Post a Comment