အောင် မိတ္တူ၊ ဖိတ်စာလုပ်ငန်း

အမှတ်(ဗ/၀၂၇)၊ မြို့မ(၁)ရပ်ကွက်၊ ပြည်ထောင်စု(၁)လမ်၊း မောတောမြို့။ဖုန်း-၀၉-၇၆၅၇၀၀၃၅၈ / ၀၉-၇၆၀၁၃၆၂၇၄

အောင်မိတ္တူ၊ ဖိတ်စာလုပ်ငန်း၊

အမှတ်(ဗ/၃၀) ပြည်ထောင်စု(၁)လမ်း၊ မြို့မ(၁)ရပ်ကွက်၊ မောတောင်မြို့။ ဖုန်း-၀၉ ၇၆၀၁၃၆၂၇၄ / ၀၉ ၇၆၅၇၀၀၃၅၈

အောင် မိတ္တူ၊ ဖိတ်စာလုပ်ငန်းမှကြိုဆိုပါတယ်ချင်ဗျာ.........

ကွန်ပျူတာစာစီခြင်း၊ မိတ္တူဆွဲခြင်း၊ လိပ်စာကဒ်၊ ဖိတ်စာ၊ ဗီနိုင်းကြော်ငြာများကို အချိန်မှီရနိုင်ပါသည်။

ကြော်ငြာထည့်ရန်။

ဖုန်းနံပါတ်-၀၉၇၇၅၇၈၄၄၃၄

ကြော်ငြာထည့်ရန်။

ဖုန်းနံပါတ်-၀၉၇၇၅၇၈၄၄၃၄

ကြော်ငြာထည့်ရန်။

ဖုန်းနံပါတ်-၀၉၇၇၅၇၈၄၄၃၄

Name

ဖုန်းနံပါတ်-၀၉၇၆၅၇၀၀၃၅၈ သို့ဆက်သွယ်ရန်။

အောင်မိတ္တူမှ ‌ဗီနိင်းကြော်ငြာ၊ ဗီနိုင်းစတေကာ၊ ဖိတ်စာ၊ ဓာတ်ပုံပုံကြီးချဲ့၊ ဘောင်သွင်းဆိုက်စုံရပြီ။

ဖုန်း/09765700358/ 09775784434 သို့ဆက်သွယ်အပ်နှံနိုင်ပါပြီ။ အွန်လိုင်းစနစ်ဖြင့်ဆောင်ရွက်နိုင်ပါပြီ။ အောင်မိတ္တူ၊ မောတောင်မြို့။

Translate

သုခအောင် (စာအုပ်စင်)သို့ လာရောက်လည်ပတ်ကြကုန်သောမိတ်ဆွေအားလုံးကိုအထူးကျေးဇူးတင်ပါတယ်၊ အကြံပေးချက်ကို ကြိုဆိုလျက်ပါ။ ဖုန်း- 09-400700358 /09-775784434 သို့ဆက်သွယ်အကြံပြုနိုင်ပါတယ်ခင်ဗျာ။

Oct 29, 2016

အလောင်းစည်သူ



အလောင်းစည်သူမင်းသည် ပုဂံပြည် ကျန်စစ်သားမင်း ကွယ်လွန်သည့်အခါ အကြောင်းအမျိုးမျိုးဖြင့် ၎င်း၏ သားတော် ရာဇကုမာရ် မင်းသား နန်းမရပဲ မြေးတော် အလောင်းစည်သူ က ပုဂံထီးနန်းအား ဆက်ခံခြင်းပြု လေသည်။ အလောင်းစည်သူသည် သက္ကရာဇ် ၁၁၁၂ ခုနှစ် မှ ၁၁၆၇ ခုနှစ် အ ထိ နန်းသက် ၅၅ နှစ် ဟုမြန်မာ ရာဇ၀င်များ၌ ရေးသားဖေါ်ပြ ကြသည်။ အလောင်းစည်သူမင်းသည် အနော်ရထာ ၊ ကျန်စစ်သားတို့ ကဲ့သို့  ဆောင်ရွက်ခဲ့သည်။ အလောင်းစည်သူဖြတ်ထုံးများဟု ဓမ္မသတ်ကျမ်း တစ်စောင်ပေါ်ခဲ့ပြီး ပြည်တွင်း ကုန်သွယ်မှု စနစ်တကျဖြစ်စေရန် ကျပ် ၊ မတ် ၊ မူး ၊ ပဲ စသည့် အလေးချိန်များအား၎င်း ၊ တင်း ၊ ခွဲ ၊ စိတ် ၊ ပြည် ၊ ခွက် စသည်တို့ အား၎င်း တစ်နိုင်ငံလုံး တညီတညွတ် တည်းဖြစ်စေရန်ဆောင်ရွက်ခဲ့သည်ဟု မြန်မာရာဇ၀င်များ၌ ရေးသားထားသည်။ နိုင်ငံတော်၏ ဆည်မြောင်း ချောင်းကန်များအား ပြုပြင်ချဲ့ထွင်၍ စိုက်ပျိုးနိုင်သည့် မြေများအား လယ်များ ဖွဲ့စေခဲ့သည်။ မြန်မာရာဇ၀င်များ၏ ရေးသားထားချက်အရ မြန်မာဂီတ နှင့် တူရိယာများသည် အလောင်းစည်သူမင်း လက်ထက်တွင် ဖြစ်ထွန်းခဲ့ကြောင်း ယူဆရသည်။

ထေရ၀ါဒ ဗုဒ္ဓသာသနာ ထွန်းကားရန် အတွက်လည်း စွမ်းစွမ်းတမန်ဆောင်ရွက်ခဲ့ပြီး မင်းဘူး ၊ သရက် ၊ ရွှေဘို ၊ မန္တလေး ၊ မုံရွာ ၊ မိုးကုတ် အရပ် ဒေသများ တွင် စေတီ ပုထိုး ၊ ကျောင်း ကန် များ တည် ထား ခဲ့ ကြောင်း သမိုင်းအထောက်အထားများ တွေ့ ရှိရသည်။ အလောင်းစည်သူ ဆောင်ရွက်ခဲ့သည့် သာသနာ ကောင်းမှုတော်များ ထဲတွင် ပုဂံ မှ သဗ္ဗညုပု ထိုးတော်ကြီးသည် ကြီးကျယ် ထင်ရှားပေသည်။

အလောင်းစည်သူမင်းသည် မြန်မာနိုင်ငံတော် တိုးတက်ရန် အခြားနိုင်ငံများနှင့် ရောင်းဝယ်ဖောက်ကားခြင်း ၊ တစ်နိုင်ငံနှင့် တစ်နိုင်ငံ မိတ်ဆွေဖြစ်ရေးအတွက် အိမ်နီးချင်းနိုင်ငံများ ဖြစ် သည့် သီဟိုဠ် ၊ မာလာယု ၊ အိန္ဒိယနိုင်ငံ မှ ဘင်္ဂလားနှင့် ပဋိက္ကရားနယ် တရုတ်ပြည် ယူနန်နယ်ရှိ နန်ချိုနိုင်ငံများသို့ ခရီးသွား လည်ပတ်ခဲ့သည်။

မြန်မာရာဇ၀င်များ၌ ရေးသားထားသည့် အလောင်းစည်သူမင်း တိုင်းတစ်ပါးသို့ ခရီးထွက် လှည့်လည်ရာ နောက်ဆုံး ဇမ္ဗုသပြေပင်ရင်းသို့ပင် ရောက်ခဲ့သည်ဟု ရေးသားထားကြသည်မှာ အိမ်နီးချင်းနိုင်ငံများသို့ သွားရောက်ခဲ့သည်ကို တင်စားရေးသားထားပုံ ဖြစ်လိမ့်မည်ဟု ခန့်မှန်းရသည်။

နန်းသက်အရှည်ဆုံးဘုရင်

အလောင်း စည် သူ သည် သက္ကရာဇ် ၁၁၁၂ ခုနှစ် မှ ၁၁၆၇ ခုနှစ် အ ထိ နန်းသက် ၅၅ နှစ် ဟုမြန်မာ ရာဇ၀င်များ ၌ ရေးသား ဖေါ်ပြ ကြ သည်။ အလောင်းစည်သူ မင်း သည် အနော်ရထာ ၊ ကျန်စစ် သားတို့ ကဲ့သို့  ဆောင်ရွက်ခဲ့သည်။ အ လောင်း စည်သူဖြတ်ထုံး များ ဟု ဓမ္မသတ် ကျမ်း တစောင်ပေါ်ခဲ့ပြီးပြည် တွင်း ကုန်သွယ် မှု စနစ် တကျဖြစ် စေ ရန် ကျပ် ၊ မတ် ၊ မူး ၊ ပဲ စသည့် အ လေး ချိန် များ အား၎င်း ၊ တင်း ၊ ခွဲ ၊ စိတ် ၊ ပြည် ၊ ခွက် စသည် တို့ အား ၎င်း တ နိုင်ငံလုံး တညီ တညွတ် တည်းဖြစ်စေရန်ဆောင်ရွက်ခဲ့ သည် ဟု မြန်မာ ရာဇ၀င်များ ၌ ရေးသား ထားသည် နိုင်ငံတော် ၏ ဆည် မြောင်း ကန်များ အားပြုပြင် ချဲ့ ထွင်၍ စိုက်ပျိုး နိုင်သည့် မြေ များ အား လယ် များ ဖွဲ့စေ ခဲ့ သည်။ မြန်မာရာဇ၀င် များ ၏ ရေးသား ထား ချက် အရ မြန်မာ ဂီတ နှင့် ဒူရိယာများ သည် အလောင်း စည်သူ မင်း လက် ထက် တွင်ဖြစ် ထွန်း ကြောင်း ယူဆ ရသည်။

ထေရ၀ါဒ ဗုဒ္ဓ သာသနာ ထွန်းကားရန် အတွက် လည်း စွမ်းစွမ်း တ မန်ဆောင်ရွက် ခဲ့ပြီး မင်းဘူး ၊ သရက် ၊ ရွှေ ဘို ၊ မန္တလေး ၊ မုံရွာ ၊ မိုးကုတ် အရပ် ဒေသများ တွင် စေတီ ပုထိုး ၊ ကျောင်း ကန် များ တည် ထား ခဲ့ ကြောင်း သမိုင်း အထောက် အထား များ တွေ့ ရှိရ သည်။ အလောင်း စည်သူ ဆောင်ရွက်ခဲ့ သည့် သာသနာ ကောင်း မှု တော်များ ထဲတွင် ပုဂံ မှ သဗ္ဗ ညုပု ထိုးတော်ကြီး သည် ကြီး ကျယ် ထင်ရှားပေ သည်။

အလောင်း စည်သူမင်း သည်မြန်မာနိုင်ငံတော် တိုးတက်ရန် အခြား နိုင်ငံများ နှင့် ရောင်းဝယ် ဖေါက်ကားခြင်း ၊ တ နိုင်ငံ နှင့် တနိုင်ငံ မိတ် ဆွေဖြစ် ရေး အတွက် အိမ် နီး ချင်းနိုင်ငံ များဖြစ် သည့် သီဟိုရ် ၊ မာလာယု ၊ အိန္ဒိယ နိုင်ငံ မှ ဘင်္ဂလားနှင့် ပဋိက္ကရားနယ် တရုတ်ပြည် ယူနန်နယ်ရှိ နန်ချို နိုင်ငံ များ သို့ ခရီးသွား လည်ပတ်ခဲ့သည်။

မြန်မာ ရာဇ၀င် များ ၌ ရေးသား ထား သည့် အလောင်း စည်သူမင်း တိုင်း တပါး သို့  ခရီး ထွက် လှည့်လည်ရာ နောက် ဆုံး ဇမ္ဗုသပြေ ပင် ရင်း သို့ ပင် ရောက်ခဲ့ သည် ဟု ရေး သား ထားကြ သည် မှာ အိမ်နီး ချင်း နိုင်ငံများ သို့ သွားရောက်ခဲ့ သည် ကို တင်စားရေးသား ထားပုံ ဖြစ် လိမ့်မည်ဟု ခန့် မှန်းရသည်။
နတ်ရွာစံခြင်း

အလောင်းစည်သူမင်းကြီးတွင် သားတော်နှစ်ပါးရှိရာ သားတော်ကြီး မင်းရှင်စောမှာ ဖခင်နှင့် မတည့်သဖြင့် ထွန်တုံးပူတက် (ယခုမန္တလေးမြို့ အရှေ့တောင်ဘက်အရပ်) တွင် ပြည်ရွာပြုပြီး နေလေသည်။ မင်းကြီးက သားတော်ငယ် နရသူကို ပြည်ထဲအမူကို စီရင်စေသည်။ နရသူမယ်တော်ကား ကျန်စစ်သား၏ အမတ်ဖြစ်သော ဓမ္မကျင်၏ သမီးဖြစ်လေသည်။ ထိုအမတ်သမီးကို မင်းကြီး နန်းတင်တော်မူ၍ မိဖုရားအရာလည်း မရောက်၊ မောင်းမငယ်လည်း မဟုတ်ပေ။ အလောင်းစည်သူမင်းကြီးသည် မင်းစည်းစိမ် အနှစ် (၇၀) တိုင်တိုင် သာသနာတော်မြတ် အကျိုးတို့ကို ပြုဆောင်တော်မူရင်း သက်တော် (၈၅)ရောက်သော် ပြင်းထန်စွာ နာမကျန်းဖြစ်တော်မူသည်ကို သားတော် နရသူက နန်းတော်မှချ၍ ရွှေဂူကြီးဘုရားတွင် ထားလေသည်။ မင်းကြီးလည်း သတိရတော်မူသောအခါ `င့ါနန်း မဟုတ်တကား´ ဟုမိန့်တော်မူလေသည်။ ကိုယ်လုပ်တော်တို့လည်း `နန်းတော်မဟုတ် ကောင်းမူတော်´ဟုလျှောက်ကြလေသည်။ မင်းကြီးလည်း သားတော် နရသူ အစီအရင် ဟုကြားသိသော် ကြီးစွာအမျက်ဒေါသ ထွက်လေသည်။ ထိုအကြောင်းကို နရသူ ကြားသော် ညတွင်းချင်း မင်းကြီးဆီသွား၍ ခေါင်းအုံးဖြင့် ဖိသတ်သဖြင့် အလောင်းစည်သူမင်းကြီး နတ်ရွာစံလေသည်။
တည်ခဲ့သောစေတီ ဘုရားများ

    ရွှေဂူကြီးဘုရား
    သဗ္ဗညုပုထိုးတော်ကြီး

အားပေးမှုကို ကျေးဇူးတင်ပါတယ် ဒီမှာ သွားလိုက်နော်။

30-10-2016 မြန်မာအလင်း သတင်းစာ

-----------------

အားပေးမှုကို ကျေးဇူးတင်ပါတယ် ဒီမှာ သွားလိုက်ဦးနော်။
-------------------------------------------------------------------------------------------------------




မပေးလှူကောင်းသောအလှူဆယ်မျိုး



ပေးလှူသော် အပ္ပါယ်ကျတတ်၏၊
အပ္ပါယ် ဆိုသည်မှာ ချမ်းသာခြင်းကင်းသော ဘုံဖြစ်ပါသည်။

(၁) ကချေသည် အငြိမ့်ဇာတ်ပွဲ အလှူ၊
(၂) သေရည်အရက် အလှူ၊
(၃) မိန်းမ အလှူ၊
(၄) နွားမများထံ နွားထီးလွှတ်ခြင်းမျိုး အလှူ၊
(၅) ကာမဂုဏ်ကို နှိုးဆွပေးသော ပန်းချီဓါတ်ပုံ အလှူ၊
(၆) လက်နက်ခဲယမ်းမီးကျောက် အလှူ၊
(၇) အဆိပ်အလှူ၊ သတ္တ၀ါတို့သေစေရန်၊
(၈) လက်ထိပ် သံခြေချင်း နှောင်ကြိုး အလှူ၊
(၉) ကြက် ၀က် သားကောင် အလှူ၊
(၁၀)ချိန်စဉ်းလဲ တင်းစဉ်းလဲ အလှူ။
=================++===============


အားပေးမှုကို ကျေးဇူးတင်ပါတယ် ဒီမှာ သွားလိုက်နော်။

ဒေါက်တာ သန်းထွန်း ပြောသည့် မြန်မာတို့ အတွက် ပုဂံ ယဉ်ကျေးမှုရှေးဟောင်းနယ်မြေ။

ဒေါက်တာ သန်းထွန်း ပြောသည့် မြန်မာတို့ အတွက် ပုဂံ ယဉ်ကျေးမှုရှေးဟောင်းနယ်မြေ။

 Akar hyoe  ကမ္ဘာ့အမြင်, သမိုင်း, သိမှတ်စရာ တိုတိုထွာထွာ  

မြန်မာနိုင်ငံသားတိုင်း ပုဂံ အကြောင်းကောင်းကောင်း သိထား သင့်ပေသည်။ မှန်နန်းရာဇဝင်ထဲက ပုဂံတော့မဟုတ်။ ဘုရားသမိုင်း အထွေထွေမှ ပုဂံ လည်း မဟုတ်။ သို့ဆိုလျှင် အဘယ်နည်း ။ မြန်မာတို့၏ အထင်ကရကျက်သရေဆောင် နယ်မြေ ဖြစ်ခဲ့သော ပုဂံ ဒေသကို အစစ်ဆေးခံ၊ မှတ်ကျောက်တင်ခံ၊ အထောက်အ ထားနှင့် တကွဖြစ်သော ပုဂံ အား ရှေးဟောင်းသုတေသန ကလောင်ဖြင့် မှတ်တမ်းတင် ထားလျက်ရှိသော နောက်ထပ် ရှုထောင့် တစ်မျိုးနှင့် ပုဂံ အား တင်ပြလိုက်ရပေသည်။

(က)။ပုဂံ ဆိုတာ ။

ပုဂံ ဟူသောအမည်နာမကား မြန်မာအမည် မဟုတ်ပေ။ ပျူအမည် ဖြစ်ပေသည်။ အဓိပ္ပါယ်ကား ပျူတည်ထောင်သော ရွာ/ ခံမြို့ ဖြစ်ပါသည်။ ဟလင်း အစရှိသော အထက်ပိုင်း ပျူနှင့် ပြည်အစရှိတဲ့ အောက်ပိုင်းပျူတွေရဲ့ ဆက်သွယ်ရေး လမ်းကြောင်းမှာ အလယ်က စခန်းတထောက်အဖြစ် ပျူဝတ် (Phyu vatsu) ပျူဂါမ (Phyugama)က ပုဂံ ဖြစ်လာတယ် ဆိုတာ လည်းဖြစ်နိုင်ချေရှိပါသည်။ တည်ထောင်သော လူမျိုးကို အစွဲပြုပြီး ပျူဂါမ ဟုခေါ်ခြင်းဖြစ်ပေမည်။ အားလုံး၏ အလယ်ဗဟို လည်းဖြစ်၍ တကြောင်း၊ နယ်အသီးသီးသို့ ဆက်သွယ်ရေး လွယ်ကူ စေသော ရေကြောင်းတည်ရှိရာ ဧရာဝတီ မြစ်ကြီးအပေါ် တည်ရှိနေ၍ သော် တကြောင်း၊ ခံမြို့လည်းဖြစ်၍သော်တကြောင်း ဖြင့် ပုဂံ ကို မင်းနေပြည်တော် မင်းကြီးတည်ရှိရာ ဗဟိုအုပ်ချုပ်ရေး မဏ္ဍလ (အဝန်းအဝိုင်း) အဖြစ်သတ်မှတ် ခဲ့သည်။ ဤသို့သတ်မှတ်ရာ မြန်မာတို့၏ အုပ်ချုပ်ရေး ဗဟိုဌာန အနေသို့ အချိန်ကာလ အားဖြင့် ခရစ်နှစ် ကိုးရာစုနှောင်းခန့် မှစတင်သတ် မှတ်ခြင်း ဖြစ်နိုင်ပေ သည်။ ထိုအချိန်မှစ၍ အိန္ဒိယတောင်ပိုင်းသားတို့မှ ပျူနိုင်ငံကို ဗြဟ္မဝတ္ထု ဟုခေါ်ဆိုရာမှပုဂံ ပြည်ရှိ မြန်မာတို့သည် ဗြဟ္မ လူမျိုးဟု ခံယူခဲ့ ပုံရပါသည်။

(ခ)။တည်ထောင်ပုံ။

ပုဂံ သည်လည်း အခြားသောမြို့ပြနိုင်ငံများကဲ့သို့ပင် မူလရွာ၊ ရွာ မှမြို့ ၊ မြို့မှမင်းနေပြည်တော် ဖြစ်လာမည်ဟု တွေးဆမိပါသည်။ ပုဂံမြို့ ဟူ၍စတင်တည်ရှိနေသည်မှာလည်း ခရစ်နှစ်အစောပိုင်း ကာလလောက်ဟု ခန့်မှန်းရပေသည်။ပျူလူမျိုးများ ခရစ်မပေါ်မီ အနှစ်နှစ်ရာခန့် ကာလက မြန်မာနိုင်ငံ ဟုခေါ်တွင်မည်ဖြစ်သော ဒေသကို ဝင်ရောက်နေထိုင်လျက်ရှိရာမှ ပျူဒေသ သုံးဆယ့်နှစ်ဒေသတွင် ပုဂံ လည်းအပါအဝင်ဖြစ်ပေသည်။ တမ္ဗဒီပဟု အစောပိုင်း တွင်အမည်ရခဲ့ သော ပုဂံ ကိုအကြီးကျယ်ဆုံးသော မင်းနေပြည် အဖြစ်သို့ ရောက်ရှိစေ သောသူမှာ အနိရုဒ္ဓါမင်းပင်ဖြစ်သည်။ မည်သူတည်ထောင်သည် ဘယ်မင်းဆက်ကစသည်ကို အပြော ခက်( အထောက်အထား မတွေ့ဖြစ် ) နေ၍ အနိရုဒ္ဓမင်းမှသာ စပြောလျှင် သင့်ပေမည် ။ပုဂံ သည် (၂၀ံ ၁၀ ' မြောက်လတ္တီတွဒ်၊ ၉၄ံ ၅၅ ' အရှေ့လောင် ဂျီတွဒ် ) အတွင်းတည်ရှိသည်။ မင်းပိုင်နက်စုစုပေါင်းသည် အစဦး ပထမ တမ္ဗဒီပ၌ မြစ်သာတစ်ဆယ့် တစ် ခရိုင်နှင့် မင်းဘူး ခြောက်ခရိုင် အပါအဝင်ဖြစ်သည်။ တောင်ပိုင်း တွင်တောင်တွင်းထိ၊ ဧရာဝတီမြစ်ကြောင်းအတိုင်း မိကျောင်းရဲ အောက်၊ ပြည်တော်သာကျွန်းအထိအပါအဝင် ဖြစ်၍၊ မြောက်ပိုင်းတွင် ဧရာဝတီ-မြစ်ငယ်ဆုံရာ တောင်ပြုန်း အထိသာ ကျယ်ဝန်းသည်။ဆယ်ရေသောက်လယ်ဧက ကို ခရိုင်(န်) ၊ ထိုမှ တိုက်သို့ကြီးကျယ်လာရာမှ တိုက်ခရိုန်ထက်တိုးတက် လာပြီး နိုင်ငံထူထောင်ရန် အခွင့်သာလာခဲ့သည်။ လူအား၊ စီးပွားရေး အင်အား တောင့်တင်းပြည့်စုံလာ၍ အနုရုဒ္ဓါမင်းလက်ထက်တွင် ပုဂံသည် မြန်မာ လက်နက်နိုင်ငံ၏ အချက်အခြာ မဏ္ဍိုင်ဖြစ်လာ ပေသည်။ထိုမင်းကိုဆက်ခံသော ဝဇြာဘရဏ(စောလူး) လက်ထက်တွင် ပုဂံ ၏သြဇာအာဏာမှာ ဘိတ်( မြိတ်) အထိ သို့ရောက်နေသည်ကို ၎င်းဘွဲ့အမည်နှင့် မြေပုံဘုရား မြိတ်တွင် တွေ့ရှိရခြင်းမှ သိနိုင်ပေသည်။ ဒုတိယစည်သူ လက်ထက်တွင် နိုင်ငံသည် မြောက်ဘက်တွင် တကောင်းနှင် ငဆောင်ချန် ၊ တောင်ဘက် တွင် တလိုင်သရိယ်( တနသာင်္ရီ )၊ ထဝယ် (ထားဝယ်) နှင့် သလင်ကြေ(Junk Ceylon, Cape Salang)၊ အနောက်ဘက် တွင် မစ္ဆကီရိတောင် ၊ အရှေ့ဘက်တွင် သံလွင်မြစ်အ ထိကျယ် ပြန့် လျက် ရှိသည်။

(ဂ)။ အမည်နာမ၊ မှတ်စုအထွေထွေနှင့် ပုဂံ ။

ပုဂံ၏ပါဠိ အမည်ကား အရိမဒ္ဒပူရ ( ရန်မျိုးနှိမ်မြို့ ) ဟု အဓိပ္ပါယ် ရသည်။ တိုင်းရင်းသားအမည်နှင့် ခေါ်ခြင်းမျိုးလည်းရှိ၍၊ မွန်တို့ က ပေါကာမ် ( သို ) ပုကာမ် ( သို့ ) ဗုကာမ် ဟုရေးသားဖော်ပြလေ့ ရှိပါသည်။ မွန်တို့ကပင် ပုဂံ နှင့် ပတ်ဝန်းကျင် ကို တတ္တဒေသ (ခမ်းခြောက်ရာအရပ်) ဟု ခေါ်စမှတ်ပြုသည်ကိုလည်း မှတ်သား ဖွယ်တွေ့ရပါသည်။ ပုဂံ တရုတ်ပြည်သွား ခရစ်နှစ် ၁၂၇၃ခု ငြိမ်း ချမ်းရေးသံအဖွဲ့ခေါင်းဆောင် ရှင် ဒိသာပါမောက်က ပုဂံ ကိုဖော် ပြရာ၌ တမ္ဗဒီပ ( ကြေးနိုင်ငံ ) ဟူသောအခေါ်ကို သုံးပါသည်။ ပုဂံ ၏လူဦးရေကို ပုဂံ ကျောက်စာတို့တွင်ပါသော စပါးစိုက် ၊မြေပယ် ဧရိယာနှင့်စပါးအထွက်ကို ယူ၍ခန့်မှန်းရလျှင် လူဦးရေ တစ်သန်း အထက်နှင့် နှစ်သန်းအောက်ရှိပေမည်။ ယခုတွေ့ရသော မြို့ရိုး မူကား ခရစ်နှစ် ၁၈၂၄ တွင် ရန်သူလာပြီဆိုမှ မြန်မြန်တင်ထား သော မြို့ရိုးဖြစ်သည်။ ပုဂံ ဝန်းကျင်ဒေသသည် သဲမြေဖြစ်၍ အုတ်မလုပ်နိုင်။ စေတီပုထိုးတို့ တည်ရန်အတွက် အုတ်ကို စလေနယ်၊ စလင်းနယ်တို့မှ ပုဂံ အရောက် လှေ၊လှည်းတို့ဖြင့် သယ်ယူကြရသည်။ ပုဂံ ဝန်းကျင်ဒေသသည် သက်တမ်းအနှစ် သန်း ၃၀ မှ ၆၀ ရှိရခိုင်ရိုးမကြောင့် မိုးရိပ်ကျ ဧရိယာဖြစ်၍ လွန်ခဲ့ သော နှစ်ပေါင်း ၃ကုဋေကျော် ၆ကုဋေ မရှိတရှိကပင် သဲကန္တာရတပိုင်း(semi-desert) ဖြစ်နေပေသည်။

(ဃ)။ ပုဂံ မင်းဆက် ။

မှတ်တမ်းရှိမှသမိုင်းမည်သည် သတ်မှတ်ကြပါစို့။ မှတ်တမ်းမရှိ သောကာလကို အကြိုသမိုင်း (Pre-history) လို့ သတ်မှတ်ကြပါ သည်။ မြန်မာ့မှတ်တမ်း တွေကို မြန်မာဘာသာ အက္ခရာတင်ပြီး ရေးသားသည့် အမှတ်အသားမှာ ခရစ်နှစ် ၁၁ ရာစုနောက်ပိုင်း ထက်ဝက်ကာလမှ စတင်တွေ့ရှိသည်။ ထိုမှတ်တမ်းမှ အစပြု၍ ပုဂံ မင်းဆက်ကို ဖော်ပြရလျှင်
(၁)။ အနိရုဒ္ဓ ၊ အနော်ရထာ (အေဒီ ၁၀၄၄-၁၀၇၇)
(၂)။ ဂြီဝဇြာဘရဏ ၊မင်လုလင်၊ စောလူး (အေဒီ ၁၀၇၇-၁၀၈၄)
(၃)။ထိလိုင်မင်၊ကျန်စစ်သား (အေဒီ ၁၀၈၄-၁၁၁၃)
(၄)။ ပထမ စည်သူ၊ အလောင်းစည်သူ(အေဒီ၁၁၁၃-၁၁၆၀)
(၅)။ ဤမ်တဝ်သျင်၊ နရသူရ၊နရသူ (အေဒီ ၁၁၆၀-၁၁၆၅)
(၆)။ ဒုတိယစည်သူ၊နရပတိစည်သူ ( အေဒီ ၁၁၆၅-၁၂၁၁)
(၇)။ နာတောင်မျာ၊ ဇေယသွတ် (အေဒီ ၁၂၁၁-၁၂၃၁)
(၈)။ နရသိင်္ဃဥဇ္ဇာနာ (အေဒီ ၁၂၃၁-၁၂၃၅)
(၉)။ က္လစွာ၊ကျစွာ (အေဒီ ၁၂၃၅- ၁၂၄၉)
(၁၀)။ ဥစ္စနာ (အေဒီ ၁၂၄၉-၁၂၅၆)
(၁၁)။ မင်ယန် (အေဒီ ၁၂၄၉- နန်းသက်-၂ လ)
(၁၂)။ တတိယစည်သူ၊နရသီဟပတိ၊ တရုက်ပ္လိယ် (အေဒီ ၁၂၅၆-၁၂၈၇)မှတ်ချက်။ ဤမင်းလက်ထက်တွင် မွန်ဂိုစစ်တပ် တို့ ပုဂံကို လာရောက်တိုက်ခိုက်၍ မွန်ဂိုတရုတ်တို့လက်မှ ထွက် ပြေးတိမ်းရှောင်ရလေသည်။ ပုဂံ ကိုအလုံးစုံသိမ်းယူ နိုင်သော် လည်း ရှေးမင်းဆက်ကိုပင် ပြန်လည်ထူထောင် ပေးခဲ့ကြပါ သည်။
(၁၃)။ ရှယ်နန်သျှင်၊ ကျော်စွာ (အေဒီ ၁၂၇၉-၁၂၉၇)
(၁၄)။မင်လုင်စောနှစ် ၊စောမွန်နစ် ( အေဒီ ၁၂၉၇- ၁၃၃၄)တို့ဖြစ် ပါသည်။ ပုဂံ မင်းနေပြည်တော်မှာ ဗဟိုချုပ်ကိုင်မှု ကင်းကွာပြီး သူတလူ ငါတမင်းဖြစ်လာကြကာ အတွင်းပိုင်း လှိုက်စားသော အန္တာရယ်အပြင် ပြင်ပက လာရောက်တိုက်ခိုက်မှုများကြောင့် ဖြစ်သည်။ ပုဂံခေတ်မပျက်သုန်းမီကပင် အင်္သချာင်္(အသင်္ခယာ) ၊ ရာဇသင်္ကြန်၊ သီဟသူရ ရှမ်းညီနောင်သုံးပါးတို့မှ မြင်စိုင်းအရပ်၌ ပင်ယခေတ်ကို တည်ထောင်ပြီးဖြစ်လေသည်။

(င)။ ပုဂံခေတ်ဆိုင်ရာ ကိုးကွယ်မှု။

ဘာသာရေးကိုလည်း ပျူတို့ထံမှ ဆက်ခံခဲ့မည်ဟု ယုံကြည်ရပါ သည်။ မိရိုးဖလာ နတ်ကိုးကွယ်မှုကိုလည်း မစွန့်လွှတ်ခဲ့ကြပေ။နတ်ကိုးကွယ်မှုသည် သရပါတံခါးရှိ အစောင့် နတ်မင်းက သက်သေပင် ဖြစ်သည်။ခရစ်နှစ် ၁၁ ရာစုတွင် ပုဂံရှိ မြန်မာတို့သည် ဗုဒ္ဓသာ သနာ ကိုသက်ဝင်ယုံကြည်ပြီး ဖြစ်နေလေသည်။ မြေပုံဘုရားမှစာ တွေ့ အရ ဗုဒ္ဓကို ကိုးကွယ်သလို၊ ဗောဒိသတ္တကိုလည်း ကိုးကွယ်သည်။ ခရစ်နှစ် ၁၁ ရာစုက ပုဂံရှိ မြန်မာတို့သည်ဗုဒ္ဓ သာသနာကို မဟာ ယာနဂိုဏ်းနှင် ဟိနာယာနဂိုဏ်း နှစ်မျိုးလုံး ကိုးကွယ်ကြသည်။ နိုင်ငံတော်ဆိုင်ရာ အခမ်းအနားများတွင် ဗြဟ္မဏ အယူဖြင့် ဟူးရားခေါ် ပုဏားက အခါပေး၊ ဘိသိတ်ဆက်၊ ထိမ်းမြား လက်ထပ်ပေး စသည်ဖြင့် နတ်ပ သ ခြင်းကိုလည်း လက်ခံလေ့ရှိသည်။ ပုဂံခေတ်အစောပိုင်းနှင့် အလယ်ပိုင်းတို့ တွင် လူအများစုမှာ စာဖတ်တတ်ခြင်း မရှိသေး၍ ဇာတ်တော် များ၊ တရားတော်များကို ဂူဘုရားများ၏ နံရံတွင် ပန်းချီရေးဆွဲ သရုပ် ဖော်ထားခြင်းဖြစ်ပါသည်။ ပိဋိကတ် သုံးပုံမှာ ထိလိုင်မင်း လက်ထက်ကုန်ခါနီးမှ သီဟိုဠ်မှ ရသည်ဟု ကျောက်စာတွင် ရေးထိုးခဲ့ ပေသည်။ ပါ ဋိဘာသာတတ်ကျွမ်းသော ရဟန်းတော် များကို မြန်မာဘာသာ ပြန်စေ၍ ပါဋိသဒ္ဒါကို အလေး ပေးသင်ကြားစေပြီး သဒ္ဒါကျမ်းများ ကိုရေးသားခဲ့ပေသည်။

(စ)။ ပုဂံခေတ်ဆိုင်ရာ သာသနိကအဆောက်အအုံများ။

ပုဂံ အကြောင်းဆိုလျှင် မပါမဖြစ်မှာ ရှေးဟောင်းသမိုင်းဝင် ဒေသ ရှိ စေတီပုထိုးများ အကြောင်းပင်ဖြစ်သည် ။အမျိုးသား စည်းလုံး ရေးမှာ ထိရောက်စွာ အောင်မြင်ခဲ့သော ရလာဒ်အဖြစ် သာသ နိက အဆောက်အအုံများကို အပြိုင်အဆိုင် ဆောက်လုပ် လှူ ဒါန်းခဲ့ နိုင်သည် ။ပုဂံ ခေတ်ပြည့်ရှင်မင်းများသည် ဘုရားကျောင်းကန်များ ဆောက်လုပ်လှူဒါန်းကြပြီး သာသနာ့  ဒါယိကာအဖြစ်ကို ဂုဏ်ယူမြတ်နိုးစွာ ခံယူကြလေသည် ။ ပုဂံပတ်ဝန်းကျင်ရှိ ဘုရား၊စေတီ၊ပုထိုးများကို နှစ်အနည်းငယ်းအတွင်း အင်တိုက် အားတိုက်တည်ထားခဲ့ သလောဟုမေးခဲ့လျှင် ။ ပုဂံခေတ်မှာ အနှစ် ၄၀၀ ကျော်ကြာမြင့် ခဲ့ရာ ဤမျှလောက်များပြားသော စေတီပုထိုး တည်နိုင်ရန် အချိန်ကောင်းကောင်းရနိုင်ပါသည်။ လှည်းဝင်ရိုးသံ တညံညံ ဟူ၍ ၄၄၄၆၇၃၃ ဆူတော့မရှိ၊ ရှေး ဟောင်းသုတေသန ဌာနမှရေတွက်ထားသဖြင့် ၂၂၁၇ ဆူ အတိအကျရှိပါသည်။ကမ်းပါးမှာ ကျောက်ကမ်းပါး ဖြစ်၍ ကမ်းပြို သောကြောင့် ရေဆင်းသွားသောစေတီဟူလည်းမရှိနိုင်ပေ ။ စေ တီအချို့မှာ အပျက်အစီးများ၍ အချို့မှာ အပျက်အစီး သိပ်မရှိပေ။ စေတီ တို့မှာစုစုပေါင်း မြေဧရိယာ ၁၆ စတုရန်းမိုင် အတွင်း ဖြန့် ကျက်လျှက် တည်ရှိနေပေသည်။စေတီ၊ ပုထိုးများကို မည်သည့်မင်းတည်ခဲ့သည် ဆိုသည်ထက် တည်ထားပုံ လက်ရာ နှင့်သဏ္ဍာန်ဖြင့်ခွဲခြားလျှင်ပို အဆင်ပြေမည်ဖြစ်၍ အကျမ်းဖျင်း ဖော်ပြရသော်
(၁)။ ခရစ်နှစ် ၁၀ ရာစု တည်ထားသော ရှေးအကျဆုံးစေတီ (ထူပါ) သည် အိန္ဒိယ ဆန်ချီ (ထူပါ) ပုံသဏ္ဍာန်အတိုင်း စက်ဝိုင်း ထက်ခြမ်း၊ ကြက်ဥပုံလုံးလုံး တည်ထားကိုးကွယ်ကြသည်။
(၂)။ ထူပါပုံသဏ္ဍာန် မုန်းပေါင်းပုံကုန်းကြီးကို ခါးရှည်ပေးလျှက် မီးပြောင်းပုံ လုံးလုံးရှည်ရှည် နှင့် ပျူ၊သရေခတ္တရာပုံစံယူလျှက် တည်ထားကိုးကွယ်ကြသည်။( ဥပမာ။ ဗူးဘုရား၊ငကျွဲနား တောင်း၊ လောကနန္ဒာ)
(၃)။ နောက်ပိုင်း တွင် သပိတ်မှောက်၊သင်္ကန်းပတ်တို့ ကိုခေါင်း လောင်းပုံ / ဘဲဥပုံ အသွင်နှင့် စေတီများကို တည်ထားကိုးကွယ် ကြသည်။ ( ဥပမာ။ ရွှေစည်းခုံ၊ ရွှေဆံတော်၊ မင်္ဂလာစေတီ။)
(၄)။ မူလ ဟိန္ဒူကျောင်းကို အလားတူ ပုံစံပြန်လည်ပြုပြင်၍ ဂန္ဓကုဋီတိုက် အဖြစ် ကိုး ကွယ်သည်။( ဥပမာ။ စေတနာကြီး။)
(၅)။ သီဟိုဠ်ကျွန်း( သီရိလင်္ကာ ) ပုံစံကို တိုက်ရိုက်ယူပြီး တည် ထားကိုးကွယ်ကြသည်။( ဥပမာ။ ဆပဋနှင့် ပေပင်ကျောင်း)
(၆)။ ဂူဟဆိုတဲ့ တောင်ကြောပေါ်က သဘာဝလှိုင်ဂူကို အတုယူ ပြီး ဗုဒ္ဓရုပ်ပွားတော် ကိန်းဝပ်စံပယ် ဖို့ တည်ထားကိုးကွယ်ခဲ့ ကြသည်။
(၇)။မြောက်အိန္ဒိယ လက်ရာအတိုင်း တည်ထားကိုးကွယ်ကြ သည်။( ဥပမာ။ အာနန္ဒာ)
(၈)။ ဗဟိုအိန္ဒိယ လက်ရာအတိုင်း တည်ထားကိုးကွယ်ကြ သည်။( ဥပမာ။ မဟာဗောဒိ)
(၉)။ တောင်အိန္ဒိယ လက်ရာအတိုင်း ပြသာဒ်များဖြင့် တည်ထား ကိုးကွယ်ကြ သည်။( ဥပမာ။ ကန်တော့ပလ္လင်၊ စူဠာမုနိ)
(၁၀)။ အဇန္တပုံစံကို အတုယူ၍ ဥမင် လို့ခေါ်တဲ့ ကမ္မဌာန်းထိုင် နိုင်သော ပုံစံဖြင့် တည်ထား ကိုးကွယ်ကြ သည်။( ဥပမာ။ ကျောက်ကူးဥမင်၊ ကျန်စစ်သားဥမင်)
(၁၁)။ ပိဋကတ် သုံးပုံအဖွင့်ကျမ်း များထားသိုရန်ရည်ရွယ်၍ သီမ (သိမ်) ၊ပိဋကတ်တိုက် ပုံစံဖြင့် တည်ထား ကိုးကွယ်ကြ သည်။
(၁၂)။ ကိစ္စတစ်မျိုးထက် ပို၍အသုံးပြုနိုင်ရန် ရည်ရွယ်ချက်ဖြင့် တည်ထား ကိုးကွယ်ကြ သည်။( ဥပမာ။ သဗ္ဗညုဘုရားဟာ ဘုန်း ကြီးကျောင်း၊ ပိဋကတ်တိုက်၊ ဘုရားကျောင်း၊ စေတီ စသည်ဖြင့် လေးမျိုးအသုံးပြုနိုင်ပေသည်။)
(၁၃)။ အလင်း၊ အမှောင်၊ မလင်းမမှောင် အခြေအနေဖြင့် စေတီကို တည်ထား ကိုးကွယ်ကြ သည်။( ဥပမာ။ ပုဂံ ခေတ်ဦး ဘုရားကျောင်းအတွင်းပိုင်းဟာမှောင်နေတတ်သည် ( အဘယ်ရတနာ)၊ ခေတ်နှောင်း ဘုရားကျောင်း အတွင်းပိုင်းများ တွင် မြင်သာထင်သာ လင်းလင်းထင်းထင်း ရှိသည် ( သဗ္ဗေညု) ကြားကာလ ဘုရားတွင်တော့ မလင်းမမှောင်ပုံစံရှိသည် (အာနန္ဒာ) )
(၁၄)။ စေတီအကြီး ပြိုကျ၍ ပေါ်တော်မူ ဟုလူသိများသော ပုဂံ ခေတ် မူလဟန် အပြည့်အဝရှိသော စေတီလေးများ လည်းရှိ သည်။
ဘုရားထီး/ မကိုဋ်သည် မြန်မာတို့၏ မူပိုင်တီထွင်မှု ဖြစ်ပြီး ခရစ်နှစ် ၁၄ ရာစုနှစ်ရောက်မှ ဘုရားစေတီ တို့တွင် အသုံးပြု သည်ဟုမှတ်သားရပါသည်။ ဘုန်းကြီးကျောင်း၊ ဘုရားကျောင်း များကို အုတ်သက်သက်နှင့် အပြင် ၊ အုတ်နှင့် ကျွန်းသစ်ရော၍ လည်း တည်ဆောက်လေ့ရှိပါသည်။ ပိဋကတ် ပရိယတ္တိကိစ္စကို ဦးစားပေးလေ့ရှိပြီး စာသင်ကျောင်းများကို ကျောင်းဦးစေတီ၊ ပိဋ ကတ်တိုက်၊ ဓမ္မသာလ ခေါ် ရဟန်းတို့တရားဟောပြောရာနေ ရာ၊ ရဟန်းတွေ ဥပုသ်ပဝရနာ ပြုသောသိမ် ကျောင်းထိုင်သီတင်း သုံးရာကျောင်း တိုက်တို့ကို တံတိုင်းတထပ်ဖြင့် ဝန်းရံထားသည်။ အပြင်တံတိုင်းအတွင်း စာသင်ရဟန်းငယ်တို့အတွက် သီးခြား အရန်ကျောင်းဆောင်များကို ဆောက်ပေးထားသည်။ တရား တော်များကျင့်ကြံရန် ပဋိပတ္တိ ကျောင်းများကို နောင်တွင် တည် ဆောက်လာခဲ့သည်။

(ဆ)။ ပုဂံ ဘုရားကျောင်းများတွင် တွေ့ရတတ်သော တံဆိပ်လက္ခဏာ ရည်ညွှန်းချက်။

ပုဂံဘုရားကျောင်းများတွင် တွေ့ရတတ်သောအလှဆင်ပစ္စည်း များကို ပဒုမ္မာကြာဖြူ၊ ကောကနဒ ကြာနီပွင့် ၊ အရွက်၊ အရိုး၊ အခွေ၊ အလိပ် ပုံစံတို့ဖြင့် ဂူဘုရားနံရံ၊ မျက်နှာကြက်၊ မုခ်အဝင်၊ အထွက်ပေါက်တို့မှာ တွေ့ရပါသည်။ အလှသဘောနှင့် ရည်ညွှန်းရာ ယှဉ်တွဲနေပြီး ကြာပန်းဆိုသည် စင်ကြယ်ခြင်း၊ သန့် ပြန့်ခြင်း၊ မွှေးမြခြင်းအပြင် ကြာ၏ဂုဏ်သတ္တိ ရွှံ့ညွှန်ထဲမှ သန့်စင်ကြီးကြယ်သော အဓိပ္ပါယ်ကိုပါ ယူထားသည်။ ပန်းအခွေ အလိပ် " ဝလုံး " သည် အဆုံးမရှိသဘောကို ရည်ညွှန်းပါသည်။ မာန်နတ်၏သမီးသုံးယောက်သည် လောဘ၊ဒေါသ၊မောဟ၊ စင်္ကြာပုံသည် မြတ်စွာဘုရား တရားဦးဟောပုံ၊ ပလ္လင်၊ ဗောဓိ ၊ခြင်္သေ့၊ မီးတောက်မီးလျှံ၊သည် သဗ္ဗညုတဥာဏ်တော်ရပုံ၊နွားလားမှာ ဖွားမြင်ချိန်၊ ဆင်ဖြူတော်မှာ ပဋိသန္ဓေယူပုံ၊မြင်းပုံမှာ တောထွက်ခန်း၊ သိရီနတ်သမီးသည် ကျက်သရေ ဆောင်ရာ၊ဘီလူးသည် အစောင့်အရှောက်၊ အမိ၊အဖသည် အသိနှင့် လက်တွေ့၊ ဖောင်းရစ်သည် ဖြစ်ခြင်း၊ ပျက်ခြင်း စသည် ဖြင့် လက်လှမ်းမီရာ တံဆိပ်လက္ခဏာ ရည်ညွှန်းချက်ကို တင်ပြ လိုက်ပါသည်။ အိန္ဒိယအရင်းခံ ပုံပြင်၊ လက်ရာ များဖြစ်နေ၍ ခြေဟန်၊လက်ဟန်၊အဝတ်ကအစ အိန္ဒိယ အငွေ့အသက် မကင်းပေ။ လူသဏ္ဍာန်၏ လက်ဟန်၊ ခြေဟန်၊ အမူအရာ နှင့်လည်း သရုပ်ဖော် တတ်ပါသည်။

(ဇ)။ ပုဂံခေတ် လောကီဆိုင်ရာ အဆောက်အအုံ။

ပုဂံခေတ်တွင် အရှင်သခင် မင်းတရားစံတော်မူရာ အဆောက်အအုံကို အိမ်တော်ဟုခေါ်သည် ။ အိမ်တော်/ နန်းတော်ကြီး ကို ကျွန်းသစ်ဖြင့်သာ ဆောက်လုပ်လေ့ရှိသည်။အိမ်တော်သည် အရှင်ဘုရင် နေထိုင်ရာ အဆောက်အအုံဖြစ်၍ ကြီးကျယ်ခမ်းနားလှမည် ဟုထင်လျှင်မှားပေမည် ။ ၎င်းတို့ ဆောက်လုပ်လှူဒါန်းထားသော ဘုန်းကြီးကျောင်း များ လောက် ပင်ထည်ဝါမှုမရှိချေ။ အမိုးကိုလည်း ပျဉ် အုတ်ကြွပ်၊ မြေအုတ်ကြွတ်ဖြင့် မိုးပါသည်။ အိမ်တော်ကို တံတိုင်း ၊ ကျုံးဖြင့် ဝန်းရံသည်။တံတိုင်းတစ်ဖက်တွင် အဝင်ပေါက်နှင့် တံခါး သုံးခုစီ ထားလေ့ရှိသည်။ မြို့တော်၏ အဝန်းအဝိုင်းမှာ တစ်မိုင်စတုရန်းနီးပါးရှိသည်။ အိမ်တော်ကား ထိုအဝန်း အဝိုင်း ၏ အလယ်ဗဟိုတွင် ရှိသည်။ ထိလိုင်မင်း၏ နန်းတည်ကျောက် စာအရ နန်းတော်ကို ပစ္ဆရံငါးဆင့်၊ ဘုံငါးဆင့်နှင့် အလယ် ပြသာဒ် ကြီးတစ်ဆောင်၊ ဘုံသုံးဆင့်နှင့် လေးမျက်နှာ ပြသာဒ်ငယ် လေးဆောင် စသည်ဖြင့် တည်ဆောက် ထားသည်။ပြသာဒ်ငယ်လေးတွေနဲ့ ရေချိုးဆောင် ၊ပလ္လင်ဆောင်၊ဇေတဝန်ဆောင် ၊ အမိုး၏အလယ် ပေါ်တဆင့်ပါသော ဝင်းတံခါး လေးပေါက်တို့ ပါရှိပါသည် ။တံခါးနှင့် ပြတင်းတွေမှာ စုလစ် မွန်းချွန်များတန်ဆာ ဆင်ယင်ထားပါသည်။ ပင်မအဆောင်ကို တောင်မြောက် အကန့် နှင့်တကွ၊ ရာဇပလ္လင်ထားရှိရာ အရှေ့ခန်းနှင့် စုရုံးရာ အနောက် ခန်းတို့လည်း ပါဝင်ပေသည်။ ဤပြသာဒ် ကြီးကို အခြွေအရံ အ သင်းအပင်း တို့ နေစရာ အဆောင် ဆောင်နှင့် တွဲလျက် တည် ဆောက်ထား ပါသည်။ နံရံဆေးရေး ပုံအရဆိုလျှင် ပြသာဒ် ဆောင်မသည် ဘုံအဆင့်ဆင့်ဖြစ်၍ တဆင့်ထက် တဆင့် ငယ် သွားရာ ပြသာဒ်ထိပ်ဖျားသည် ချွန်သော သဏ္ဍာန်ဖြစ်နေပေ သည်။အရှေ့တောင်အာရှတွင် အတွေ့များသော ပုံသဏ္ဍာန် ဖြစ်ပြီး ခမ်းနားထည်ဝါမှုရှိလှပေသည်။ ဆောက်လုပ်ရေးတွင် ထိပ်တန်း အလေးထားကြသည်မှာ နတ်ကန်တော့ခြင်း၊ နေ့ကောင်း ရက်သာရွေးခြင်း နှင့် လောကအစီအရင် တို့ဖြစ်သည်။ ပုဂံခေတ်အတွင်း နန်း အသစ်တည်ဆောက်ခဲ့သော ဘုရင်မှာ ထိလိုင်မင်းနှင့် ဤတဝ် သျင် မင်းနှစ်ပါးဖြစ်သည်။ ပုဂံခေတ်ဆိုင်ရာ လူနေအဆောက်အ ဦးတို့မှာ သစ်၊ဝါး၊သက်ငယ် တို့နှင့်သာ တည်ဆောက်ထားပါ သည်။

(စ်)။ ပုဂံခေတ် ဘာသာစကားနှင့် စာအရေးအသား ။

အနိရုဒ္ဓလက်ထက်က နိုင်ငံသုံး၊ မင်းသုံး ဘာသာစကားမှာ သက္က တ၊ ပါဠိ နှင့် မွန် ဖြစ်ပါသည်။ ဝဇြာဘရဏ(စောလူး) လက်ထက် တွင် ပါဠိ ကိုအသုံးများသည်။မွန် ဘာသာဖြင့်လည်း အနည်းအ ပါးရေးသည် ။ ထိလိုင်မင်း( ကျန်စစ်သား) လက်ထက်တွင်တော့ မွန်ဘာသာကို ထူးထူးခြားခြား အသုံးများ သည်။ ထိလိုင်မင်း၏ သားတော် ရာဇကုမာရ်ကတော့ မွန်၊ မြန်မာ၊ ပျူ၊ ပါဠိ လေးမျိုး သုံးခဲ့သည်။ ထိလိုင်မင်း၏ မြေးတော် ပထမစည်သူ( အလောင်း စည်သူ) လက်ထက်တွင် ပါဠိ ဘာသာကို ကောင်းမွန်ခံ့ညား အောင် စီကုံးရေးစေ၍ သက္ကတဖြင့် နိဂုံးရေးသည်။ မွန်ဘာသာ ကိုလည်း လက်မလွှတ်သေး၊ မြန်မာစာနှင့် ကျောက်စာများ လည်းတွေ့နိုင်သည်။ ဒုတိယစည်သူ လက်ထက်တွင်တော့ မြန်မာဘာသာကို အဓိက အလေးပေးခဲ့သည်။ ပျူဘာသာ ကွယ်ပျောက်သွားပြီး၊ မွန်ဘာသာကတော့ ပျောက်လုနီးပါး ဖြစ်နေပေပြီ။သက္ကတဘာသာကိုမူ သိသူရှားပါးလျက်ရှိပြီး၊ ပါဠိ ဘာသာသည်ကား ရဟန်းတို့သာ အသုံးပြုကြတော့သည်။
စာအရေးအသား ကိုလေ့လာရလျှင်လည်း ပျူ၊ မွန်၊ မြန်မာ စာတို့ သည် ဗြဟ္မီ အက္ခရာ ပုံစံကို ယူပြီးရေးသားခြင်းဖြစ်၍ ဗြဟ္မီစာ ရေး သလို ဘယ်ဘက်မှ ညာဘက်သို့ရေးသား သည်ကိုတွေ့နိုင်ပါ သည်။ပျူစာရေးနည်းကို ပုဂံခေတ်အထိ မတိမ်ကောပဲ ဆက် လက်သုံးစွဲလျက်ရှိသည်။ သို့သော် မြန်မာစာရေးနည်းကိုမူ တောင်ပိုင်းအိန္ဒိယ ကာည္စိပူရရေး နည်းကို မဲနမ်မြစ်ဝမ်း၊ ဒွါရဝတီ ဖက်မှသွင်းလာသော မွန်စာရေးနည်း ကိုဆက်ခံပါသည်။ စာလုံး ပေါင်းရာမှာ အက္ခရာကိုသုံးပြီး အသံထွက်အတိုင်း ရေးရခြင်း ဖြစ်၍ အိန္ဒိယ အက္ခရာနှင့် လိုချင်တဲ့ ပုံစံရအောင် ရေးယူရာမှာ လို အပ်၍ တည်ထွင်ရခြင်း မျိုးလည်း ရှိပေသည်။ ရိုးရာဓလေ့ကို ရှေး အခါက သားစဉ် မြေးဆက် နှုတ်တက်အာဂုံဆောင် ထိမ်းသိမ်း လာပြီး ခရစ်နှစ် ၁၃ ရာစုရောက်မှ စာနှင့် ချရေးခဲ့ပေသည်။ကနဦးတွင် မွန်ယဉ်ကျေးမှု လွှမ်းမိုးမှု ကို သိသာထင်ရှားစွာ တွေ့ နိုင်ပြီး နောက်ပိုင်းတွင် သီရီလကာင်္ နန်းတွင်း၏ သြဇာအာဏာ အတော်ပင် သက်ရောက်ခဲ့  သည်ကို လေ့လာတွေ့ ရှိရ ပေသည်။

(ည)။ ပုဂံခေတ် စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး၊ ယဉ်ကျေးမှု။

တိုင်းပြည်၏ ပဓာနစီးပွားရေးမှာ စိုက်ပျိုးရေးဖြစ်သည်။ ဆည်ရေ သောက်လယ်များသည် အဓိက ပင်မစီးပွားရေးလုပ်ငန်းဖြစ်၍ အထွက်ပိုလျှံလာသောအခါ စားသုံးရမကုန်နိုင်ပဲ စီးပွားရေး အမြင်ဖြင့် ရောင်းချရန်ဟူသော သဘောများဝင်လာနိုင်သည်။ ရေလုပ်ငန်း၊ဆားလုပ်ငန်း၊ ကျောက်သံ ပတ္တမြားတူးဖော်ရေး လုပ်ငန်း၊ငွေ၊ခဲ၊ကြေးနီ ထုတ်လုပ်ရေး လုပ်ငန်းများလည်း လုပ် ကိုင်ဟန်ရှိပေသည်။ အနိရုဒ္ဓါလက်ထက်တွင် နိုင်ငံတကာနှင့် ဆက်ဆံရေးပြေပြစ်ခဲ့ပေသည်။ ထိုမင်းလက်ထက်တွင် မြန်မာတို့သည် တောင်ဘက်မလေး၊ အနောက်ဘက်အိန္ဒိယ ၊ အိန္ဒိယမှတဆင့် အာရေဗျ ၊ မြောက်ဘက် တရုတ်၊ အရှေ့ဘက် ဖုနန်(ကမ္ဘောဇ) အထိ ကုန်းလမ်း၊ ရေလမ်း အဆက်အသွယ်ပြု လျက် ရှိနေပေပြီဖြစ်သည် ။မြစ်ဝကျွန်းပေါ်ဒေသကို အလိုပြည့် ရာမှ သီဟိုဠ်နှင့်လည်း ဆက်ဆံရန် အခွင့်အရေး ရခဲ့ပေသည်။ အိန္ဒိယ မှ ဆေးဘက်ဝင် ပစ္စည်းများကို တင်သွင်းလျက်ရှိနေပေပြီ ဖြစ်သည် ။ ထိလိုင်မင်း လက်ထက်တွင် လည်း မွန်-မြန်မာ ချစ်ကြည်ရေးကို ဦးစားပေး ခဲ့၍ မွန်သွေးပါ သော မြေးတော်ကို နန်းမွေပေးခဲ့ပေသည်။ခရစ်နှစ် (၁၀၀၄) နှင့် (၁၀၀၆)တွင် တရုတ်တို့နှင့် သံအဆက်ဆံပြု ခဲ့ပါသည်။ပုဂံခေတ် အကပညာ သည်ပျူတို့ ထက်သာ လွန်သည် ။လူကိုယ်တိုင်ကပြဖျော်ဖြေသ လိုအရုပ်ကို ကြိုးဆွဲ၍လည်း ဖျော်ဖြေတတ်ကြသည်။မင်းခမ်း မင်းနားများတွင် ပျူဆိုင်းဝိုင်း၊ မွန်ဆိုင်းဝိုင်း၊ မြန်မာဆိုင်းဝိုင်း များနှင် အသုံးတော်ခံလေ့ရှိပေသည်။

ပုဂံခေတ် ဝတ်စားဆင်ယင်ပုံ။

အိန္ဒိယယဉ်ကျေးမှုကို ပင် လက်ခံ၍ အိန္ဒိယ အဝတ်တချို့ကို အခြေခံလျက် မြန်မာဓလေ့နှင့် ကိုက်ညီအောင် တီထွင်အသုံးပြု လာပါသည်။ ပုဆိုး၊ လုံချည် စသည်ဖြင့် တောင်ပိုင်း အိန္ဒိယ ဓလေ့ကို အတုယူခဲ့ ကြပါသည် ။ စလွယ်နှင့် ခြေနင်းတို့သည်မှာ လည်း ဤနည်းလည်းကောင်းပင်ဖြစ်သည်။ ပွဲလမ်းတက်ရောက်သောအခါ ဝတ်ဆင်ပုံ မှာတော့ တရုတ်ပုံစံ နှင့် ဆင်တူပေသည် ။ ပုဂံခေတ် အမျိုးသား တို့မှာကိုယ်အထက် ပိုင်း တွင် အဝတ်ရှည်တစ်ခုကို ကိုယ်လုံးတွင် ဘယ်ညာပတ်၍ ဘယ်ပုခုံးပေါ်တွင် ရှေ့စ နောက် စနှစ်ခုလုံးတင်ထား၍ အောက် ပိုင်းတွင် ပုဆိုးကိုခါးတောင်းကျိုက် ထားပါသည်။ အမျိုးသမီး တို့မှာ ရင်စည်းနှင့် ခါးစည်း နှစ်မျိုးသာ ဝတ်ဆင်ထားပေသည်။ အမျိုးသမီး ကိုယ်ဝတ်မှာ တို၍ ဗိုက်သား ပေါ်နေသည်။ အောက်ပိုင်း တွင် အဝတ်စတစ်ခုကို အိန္ဒိယ အမျိုးသမီး တို့ဝတ် သော ဒိုတီကဲ့သို့ဝတ်ဆင်ပေသည်။ ပွဲလမ်း များတွင် ပုဝါကိုရင်သိုင်း ၍ အစကို နောက်တွင်ချထား သောပုံစံ မျိုးဝတ် ဆင်ကြပေသည်။ မင်းတို့သည် သရဖူဆောင်း ၍ နားတွင် နားကင်း၊ နားတောင်း ပန်ထားသည်။ ဆံပင်ရှည်ကို အမျိုးသမီး ကဲ့ သို့ပင်ထုံးဖွဲ့ထားသကိုယ့်၌ရုံသော အဝတ်မှာ စောင်ကြီး တစ်ထည် ဖြစ်ပေမည်။ ပုဂံခေတ် မိဖုရားကဲ့သို့ ၊ အထက်တန်း အမျိုးသမီး တို့သည် ဇာနားပါသော လက်တို ခါးတို ကိုယ်ကျပ် အင်္ကျီဝတ်လျက် ထိုအင်္ကျီမှာ အောက်ဖက်ပိုင်းတွင် အလွန်တို ၏။ အောက်ပိုင်းအဝတ်မှာ ထမီနှင့်မတူပဲ ၊ဒိုတီကဲ့သို့ အဝတ်နှင့် ဆင်တူသည်။ ထိုအထက်တန်း အမျိုးသမီးမှာ ဆံပင်ကို နောက်တွဲချ၍ လှပသော ရတနာကျောက်မျက်ချယ် ရွှေနဖူးစည်း ဆင်ယင်ထားသည်။ ပန်းပွင့်ကြီးနှင့်တူသော နား တောင်းကိုပန် သည်။ လည်ဆွဲတန်ဆာ ကိုဝတ်ဆင်သည်။ လက် ကောက်များ စွာကိုလည်း ဆင်ယင်ထားသည်။ထူးခြားချက်မှာ အမျိုးသား၊ အမျိုးသမီး အားလုံးပင် လက်ဝတ်ရတနာများ ဆင်ယင်လျက် နံရံဆေးရေး ပန်းချီကားများတွင် တွေ့ရသည်။ သနပ်ခါးသွေး၍ လိမ်းသော အလေ့မှာ ပုဂံခေတ်ကပင် ရှိ သည် ကိုတွေ့ရပေ သည် ။
==========

အားပေးမှုကို ကျေးဇူးတင်ပါတယ် ဒီမှာ သွားလိုက်ဦးနော်။
-------------------------------------------------------------------------------------------------------




သရေခေတ္တရာခေတ် ပျူဗုဒ္ဓဝင်များ




အစောဆုံးဗုဒ္ဓဝင်

အကယ်၍ မှန်နန်းရာဇဝင်ကြီး၏ အဆိုအမိန့်ကို လက်ခံကြမည် ဟုဆိုလျှင် မြန်မာ နိုင်ငံ၌ တကောင်းခေတ်ကပင် ဗုဒ္ဓသာသနာရောက်ရှိနေပြီဟု ယူဆရပေမည်။ အဘယ် ကြောင့်ဆိုသော် ဒုတိယတကောင်း ဆက်ကို စတင်တည်ထောင်သော ဓဇရာဇာမင်းကြီး၏ နန်းတော်ဆောက် လုပ်ရာ၌ ]]ရဟန္တာနှစ်ပါး ပရိတ်မေတ္တာပြုရ၏}}ဟု မှန်နန်းမဟာရာဇဝင် တော်ကြီး၌ ဖော်ပြထားသောကြောင့် ဖြစ်သည်။

သို့သော် တကောင်းခေတ်၌ အက္ခရာစာပေအမှတ်အသား မတွေ့ရသကဲ့သို့ ဗုဒ္ဓဝင် ဆိုင်ရာ ရုပ်တုရုပ်လုံးစသည့် ပန်းပုç ပန်းချီလက်ရာများကိုလည်း မတွေ့ရှိရပေ။ မြန်မာနိုငငံ၌ အစောဆုံး တွေ့ရှိရသော ဗုဒ္ဓဝင် ပျူဗုဒ္ဓဝင်ဖြစ်သည်။ ပျူလူမျိုးများမှာ စာနှင့်ပေနှင့် မှာ အက္ခရာရေးအတတ် ထွန်းကားသော လူမျိုးဖြစ်၍ အက္ခရာဖြင့် ရေးထားသော ပျူဗုဒ္ဓဝင်များ ရှိ-မရှိ၊ ဧကန် မသိရသော်လည်း ယခုတွေ့ ရှိရသော ဗုဒ္ဓဝင်မှာကား ပျူအက္ခရာဖြင့် ရေးထားသော ဗုဒ္ဓဝင်မျိုး မဟုတ်ပေ။ အိန္ဒိယနိုင်ငံ အသောကမင်းတရားကြီး ထုလုပ်ကိုး ကွယ်ခဲ့ သော ရုပ်တုရုပ်လုံး ဗုဒ္ဓဝင်မျိုးသာ ဖြစ်သည်။

ယင်းပျူဗုဒ္ဓဝင်ရုပ်တုများကို ပျူလူမျိုးတို့၏မြို့တော်ဖြစ်ခဲ့ဘူးသော သရေခေတ္တရာမြို့ဟောင်း မှော်ဇာရွာ၌ တူးဖော်တွေ့ရှိခဲ့ရခြင်းဖြစ်သည်။

အဆိုပါ ပျူဗုဒ္ဓဝင်ရုပ်တုများ အကြောင်းကို ကျောက်စာဝန်(ဟောင်း) ဦးလူဖေဝင်း က ၁၉၄၀-ခုနှစ် မေလထုတ် ဒဂုန်မဂ္ဂဇင်းတွင် ဓာတ်ပုံ များဖြင့် ရေးသားခဲ့ဘူးရာ စိတ်ဝင် ဖွယ်ရာ သိရှိရပေသည်။

ရှစ်ခန်းဗုဒ္ဓဝင်

သရေခေတ္တရာမြို့ဟောင်းအတွင်း၌ ရှေးအခါက နန္ဒာကန် ဟူ၍ လည်းကောင်း၊ လောကနန္ဒာကန်ဟူ၍လည်းကောင်း၊ သိကြားအင်းဟူ၍လည်းကောင်း၊ ခေါ်ဝေါ်ကြသော ရေကန်ကြီးတကန်ရှိသည်။ ယင်းရေကန်ကြီးမှာ ယခုအခါ ရေမရှိတော့ပေ။ ဗြိတိသျှတို့ အောက်မြန်မာနိုင်ငံကို သိမ်းပိုက်ပြီးစကတည်းက ကန်မှရေများကို ဖောက်ထုတ်လိုက်ပြီး နောက် ရှမ်းလူမျိုးများ လယ်ယာလုပ်ကိုင် လျက်ရှိသည်။ ထို့ကြောင့်လည်း ယင်းရေကန်နေ
ရာကို ယခုအခါ ရှမ်းလွင်ပြင် ဟု ခေါ်ဝေါ်လျက်ရှိကြသည်။

ယင်းကန်ပေါင်ရိုးပေါ်တွင် အထိကရ ညောင်ပင်ကြီးတပင် ရှိသောကြောင့် ထိုကန် ပေါင်ရိုးကို ရွှေညောင်ပင်ရိုးဟု ခေါ်ကြသည်။ ထို့ပြင် ထိုကန်ပေါင်ရိုးပေါ်၌ ဆောက်လုပ် ထားသော ဘုန်းကြီးကျောင်းကိုလည်း ရွှေညောင်ပင်ရိုးကျောင်းဟု ခေါ်ဝေါ်နေကြသည်။

တနေ့၌ ရွှေညောင်ပင်ရိုးကျောင်းမှ ကျောင်းသားငယ်တယောက်သည် လောက်စာ လုံး ရှာဖွေကောက်ယူနေစဉ် ကျောင်းလှေကားရင်းအနီး မြေပြင်ပေါ်၌ ပြူထွက်နေသော ကျောက်လုံးကလေးဟု ထင်မှတ်ရသည့် အရာဝတ္ထုတခုကို မြင်ရာ ဝမ်းသာအားရကောက်
ယူလိုက်သည်။

သို့သော် ယင်းအရာဝတ္ထုမှာ ကျောက်လုံးငယ် မဟုတ်ဘဲ ကျောက်ပြားကြီးတခု၏အ စွန်းဖြစ်နေသောကြောင့် ကောက်ယူ၍မရပေ။ တူးဖောက်လိုက်မှ ကျောက်ပြားကြီးမှာပေါ်

ထွက်လာသည်။ ပေါ်ထွက်လာသော ကျောက်ပြားကြီးပေါ်တွင် ရုပ်လုံးများ ထွင်းထုထား သည်ကို မြင်ရသဖြင့် ဘုန်းကြီးကျောင်းသားကလေးမှာ အံ့အားသင့်ကာ သူ၏ဆရာဘုန်း ကြီးထံ သွားရောက်လျှောက်ထားသည်။

ဤအကြောင်းကို သိရှိရသောအခါ ရွှေညောင်ပင်ရိုးဘုန်းတော်ကြီးသည် သူ၏ဆွမ်း
ဒကာများဖြစ်ကြသော တောင်လုံးညိုရွာသားများကို ခေါ်ယူကာ တူးဖော်မှုပြုရာ ဗုဒ္ဓဝင် ဆင်းတု ဆယ်ဆူနှင့်ငွေဓာတ်တော်ကြုတ်၊ ရွှေဓာတ်တော်ကြုတ်များကို ရရှိခဲ့သည်။

ယင်းဗုဒ္ဓဝင်ကျောက်ရုပ်တုများမှာ- (၁)ဘုရားလောင်း ဖွားမြင်တော်မူခန်း။ (၂)ဓမ္မစကြာတရားဦး ဟောတော်မူခန်း။ (၃)ဒုက္ကစရိယာကျင့်တော်မူခန်း။
(၄)မာရ်စစ်သည်ကို အောင်မြင်အံ့သောငှာ မြေကို သက်သေတည်ခန်း။ (၅)မာရ်စစ်သည်ကို အောင်မြင်တော်မူခန်း။
(၆)သရက်ဖြူပင်အောက်၌ တန်ခိုးပြာဋိဟာပြတော်မူခန်း။ (၇)တာဝတိံသာနတ်ပြည်၌ အဘိဓမ္မာဒေသနာတော်ကို ဟောတော်မူခန်း။ (၈)နာဠာဂီရိဆင်ကို အောင်တော်မူခန်း စသည်တို့ဖြစ်သည်။

ကျောက်စာဝန်များ၏အယူအဆအမျိုးမျိုး

အထက်ပါ ဗုဒ္ဓဝင်ရုပ်တုများအပြင် မကိုဋ်သရဖူဆောင်းထားသော ဇမ္ဗုပတိချွတ်ခန်း
ရုပ်တုတော်တဆူလည်း ပါရှိသည်။ ထို့ပြင် ဥသျှောင်တော်မပါဘဲ ဝမ်းဗိုက်တော်ဖောင်း ကားပြီး ထက်ဝယ်ဖွဲ့ခွေထားအပ်သော ခြေထောက်ပေါ်ဝယ် လက်နှစ်ဖက်တခုနှင့်တခုရှက် ကာ  တင်ထားသည့်  ဈာန်ဝင်စားထိုင်နေဟန်  ရုပ်တုတော်တဆူလည်း  ပါရှိသေးသည်။
ယင်းရုပ်တုတော်နှင့်ပတ်သက်၍ ရှေးကျောက်စာဝန်များကအမျိုးမျိုးထင်မြင်ယူဆကြသည်။

ယင်းရုပ်တုတော်ကို ကျောက်စာဝန်မစ္စတာတော်စိန်ခိုက တရုပ်လူမျိုးများ ကိုးကွယ် သော]]မီလိုဖူ}}ဟု တရုပ်ဘာသာဖြင့် ခေါ်ဆိုသည့် မေတ္တေယျဘုရားလောင်း ဆင်းတုတော် ဖြစ်သည်ဟု ဆိုသည်။

ကျောက်စာဝန်မစ္စတာဒူရွိုင်ဇယ်ကမူ ယင်းရုပ်တုတော်ကို အရှင်မဟာကစ္စည်းဖြစ် ဟန်တူသည်ဟု ယူဆသည်။ ကျောက်စာဝန်ဦးမြကမူကား ဂဝံပတိရဟန္တာဖြစ်ဟန်တူသည် ဟု ပြောဆိုသည်။

အိန္ဒိယဗုဒ္ဓဝင်နှင့်ပျူဗုဒ္ဓဝင်

မြန်မာနိုင်ငံ၌  ပျူလူမျိုးများသည်  အေဒီသုံးရာစုမှ အေဒီကိုးရာစုအထိ ကိုယ့်ထီး ကိုယ့်နန်းနှင့်ထယ်ထယ်ဝါဝါနေထိုင်ခဲ့သူများ ဖြစ်ကြသည်။ ကိုယ်ပိုင်ယဉ်ကျေးမှု၊ ကိုယ်ပိုင် အက္ခရာ၊ ကိုယ်ပိုင်စာပေတို့ဖြင့်လည်း သမိုင်း၌ တောက်ပြောင်ခဲ့သူများဖြစ်သည်။

ထိုအချိန်က အိန္ဒိယနိုင်ငံတောင်ပိုင်း ကလိင်္ဂတိုင်း၊ တိလိင်္ဂနတိုင်း၊ ကွန်ဂျီဗာရမ် ဘက်မှ အိန္ဒိယတိုင်းသားများသည် မြန်မာနိုင်ငံသုဝဏ္ဏဘူမိရှိ မွန်လူမျိုးများနှင့်လည်း ကောင်း သရေခေတ္တရာရှိ ပျူလူမျိုးများနှင့်လည်းကောင်း ကူးလူးဆက်ဆံမှု ရှိနေကြပြီဖြစ် သည်။ လူမျိုးချင်းသာမကဘဲ ယဉ်ကျေးမှုအချင်းချင်းလည်း ကူးလူးဆက်ဆံခဲ့ကြသည့် သမိုင်းခြေရာခြေကြောင်းများကို တွေ့ရှိနေရပြီဖြစ်သည်။

ဤတွင် ဂုတ္တခေတ် အေဒီငါးရာစုကတည်းက အိန္ဒိယနိုင်ငံ၌ ရှစ်ခန်းဗုဒ္ဓဝင်ရုပ်တု များ ခေတ်စားနေပြီဖြစ်ကြောင်းကိုလည်း သတိပြုဘို့လိုပေသည်။ ယင်းအိန္ဒိယနိုင်ငံဂုတ္တ ခေတ်က ခေတ်စားခဲ့သော ရှစ်ခန်းဗုဒ္ဓဝင်ရုပ်တုများမှာ...

(၁)ဘုရားလောင်းဖွားမြင်တော်မူခန်း။ (၂)ဘုရားဖြစ်တော်မူခန်း။ (၃)ဓမ္မစကြာတရားဦးဟောတော်မူခန်း။ (၄)တန်ခိုးပြာဋိဟာ ပြတော်မူခန်း။ (၅)ပလလဲတော၌ စံတော်မူခန်း။ (၆)တာဝတိံသာမှ ဆင်ြးွကတော်မူခန်း။ (၇)နာဠာဂီရိဆင်ကို ချွတ်တော်မူခန်း။ (၈)ပရိနိဗ္ဗာန်စံတော်မူခန်းတို့ဖြစ်ကြသည်။

ဂုတ္တခေတ်လက်ရာဆန်နေခြင်း

ဤအိန္ဒိယရှစ်ခန်း ဗုဒ္ဓဝင်နှင့်အထက်က ဖော်ပြခဲ့သော ပျူရှစ်ခန်းဗုဒ္ဓဝင်များမှာ ရှစ် ခုဟူသော သင်္ချာချင်းသာတူ၍ အကြောင်းအရာချင်းကား အလုံးစုံမတူကြပေ။ တစိတ်တ ဒေသအားဖြင့်သာ တူညီနေသည်။

သို့သော်အဆိုပါ ပျူဗုဒ္ဓဝင်ရုပ်တုများကို အေဒီငါးရာစုက အိန္ဒိယနိုင်ငံ ဂုတ္တခေတ် လက်ရာဆန်နေကြောင်း သမိုင်းသုတေသီများက အကဲဖြတ်ကြသည်။

သို့ဖြစ်ရာ ပျူဗုဒ္ဓဝင်ရုပ်တုများမှာ အိန္ဒိယတွင် ခေတ်စားခဲ့သော အိန္ဒိယရှစ်ခန်းဗုဒ္ဓ
ဝင်များနှင့်အကြောင်းအရာအားဖြင့် အလုံးစုံမတူသည့်တိုင်အောင်... (က)တစိတ်တဒေသအားဖြင့် တူညီနေမှု။
(ခ) အရေအတွက်သင်္ချာအားဖြင့် တူညီနေမှု။

(ဂ)အေဒီကိုးရာစုမတိုင်မီက အိန္ဒိယနိုင်ငံတောင်ပိုင်းနှင့်မြန်မာတို့ အချင်းချင်းကူးလူးဆက် ဆံနေခဲ့မှုတို့ကို ထောက်ဆပါက ယင်းပျူဗုဒ္ဓဝင်ရုပ်တုများကို အေဒီငါးရာစု အိန္ဒိယဂုတ္တ ခေတ်လက်ရာဆန်းကြယ်နေကြောင်း အကဲဖြတ်ခြင်းမှာ ယုတ္တိတန်သည်ဟု ယူဆရပေ သည်။

မြင့်ဆွေ

မှတ်ချက်။    ။မြဝတီမဂ္ဂဇင်း၊  ၁၉၇၈-ခုနှစ်၊  ဧပြီလ၊
==================+++============================

အားပေးမှုကို ကျေးဇူးတင်ပါတယ် ဒီမှာ သွားလိုက်နော်။

မြစေတီကျောက်စာ




မြစေတီကျောက်စာသည် ပုဂံခေတ် မြန်မစာပေများအနက် ထင်ရှားသော အစောဆုံးမြန်မာကျောက်စာ ဖြစ်သည်။ ကျောက်စာများသည် တိကျမှန်ကန်မှုရှိသဖြင့် ကျောက်စာကပြောသော သမိုင်းသည် ပို၍ ယုံကြည်မှုရှိသည်ဟု ဆိုနိုင်ပါသည်။ ပုဂံခေတ်ဦး မင်းများအနက် နန်းတက် သက္ကရာဇ်များနှင့် စပ်လျဉ်း၍ မြစေတီကျောက်စာက အမှားပြင်ပေးသဖြင့် သမိုင်းတန်ဖိုး လွန်စွာကြီးပါသည်။ မြန်မာရာဇ၀င်များတွင် အနော်ရထာ၊ စောလူး၊ ကျန်စစ်သားနှင့် အလောင်းစည်သူမင်းတို့၏ နန်းစံနှစ်များနှင့် ပတ်သက်၍ ဖော်ပြရာ၌ ကွဲလွဲချက် ရှိနေသည်။ မြစေတီကျောက်စာတွင် ပါရှိသော အထောက်အထားများကို အခြေခံ၍ သမိုင်းသုတေသီတို့သည် အမှားကို ပြင်ပေးနိုင်ခဲ့သည်။

မြစေတီကျောက်စာကို ကျန်စစ်သားမင်းကြီး နတ်ရွာစံပြီးနောက် တနှစ်ခန့်အကြာ၊ မြန်မာသက္ကရာဇ် ၄၇၅-ခုနှစ်၊ ခရစ်နှစ် ၁၁၁၃-ခုနှစ်တွင် ရာဇကုမာရ်မင်းသားက ရေးထုခဲ့သည်။

အေဒီ ၁၁၁၃-ခုနှစ်က ကျောက်တုံးပေါ်တွင် ရေးထိုးခဲ့သော မြစေတီ ကျောက်စာ သည် ပုဂံမြို့၊ မြင်းကပါရပ်၊ မြစေတီဘုရားခြေရင်းနားတွင် တွေ့ရ၍ မြစေတီကျောက်စာ-ဟု လူသိများပါသည်။ရာဇကုမာရ် ရေးထိုးခဲ့သောကြောင့် ရာဇကုမာရ် ကျောက်စာ ဟုလည်းခေါ်သည်။ အလားတူ ကျောက်စာ တစ်ခုကိုလည်း မြစေတီ အနီးရှိ အဆောက်အဦးတွင် လည်း တွေ့ရသည်။ ၄င်းကျောက်စာ နှစ်ခုစလုံးတွင် မျက်နှာ လေးဖတ်ပါပြီး ပါဠိ၊ မွန်၊ မြန်မာ နှင့် ပျူ ဘာသာများတို့ဖြင့် ရေးသားထားသည်။ မြစေတီ ကျောက်စာတိုင် သည် အမြင့် ၅၅ လက်မ ရှိ၍ လေးဖတ်လုံးတွင် အကျယ် ၁၄ လက်မရှိသည်။

မြစေတီ ကျောက်စာ အရ ရာဇကုမာရ် မင်းသားသည် ကျန်စစ်သားမင်း နှင့် ကြင်ရာတော် သမ္ဘူလ၏ သားဖြစ်သည် ဟုသိရသည်။ ကျန်စစ်သား မင်းဖြစ်သောအခါ သမ္ဘူလ နှင့် သား (ရာဇကုမာရ်) မြို့တော်သို့ ရောက်လာသည်။ သို့သော် သားအရင်းဖြစ်သည့် ရာဇကုမာရ်အား ထီးနန်းအရိုက်အရာမပေးနိုင်ပဲ သမီးဖြစ်သူ ရွှေအိမ်စည် နှင့် မွန်ဘုရင် မနုဟာ၏မြေးတော်သူတို့မှ ဖွားမြင်သည့် မြေးတော်အလောင်းစည်သူ အားနန်းလျာထားပြီးဖြစ်သဖြင့် ရာဇကုမာရ်အား ဓည၀တီတောင်စဉ် ၇ ခရိုင်အားပေးခြင်းဖြင့် နှစ်သိမ့်ခဲ့သည်။ရာဇကုမာရ်ကလည်း ကျေးဇူးသိတတ်သောအားဖြင့် ကျန်စစ်သား နာမကျန်းဖြစ်ချိန်တွင် မိမိပိုင်ရွှေ၊ငွေ ဥစ္စာများဖြင့် ဗုဒ္ဓရုပ်ပွားတော်များ သွန်းလုပ်ပူဇော်ပေးခဲ့သည်။ထိုသို့သော် ကုသိုလ်အကြောင်းကို မြစေတီကျောက်စာအဖြစ် ရေးထိုးခဲ့ခြင်းဖြစ်သည်။

ကျောက်စာတွင် ဆုတောင်းလွှာ နှင့် ကျိန်စာများ ပါရှိသည်။
ကျောက်စာ စာသား ပုံများ
ပျူဘာသာ ဖြင့် ရေးထိုးထားသော မြစေတီကျောက်စာ ဖတ်ခြမ်း

မြန်မာ ဘာသာ ဖြင့် ရေးထိုးထားသော မြစေတီကျောက်စာ ဖတ်ခြမ်း

မွန် ဘာသာ ဖြင့် ရေးထိုးထားသော မြစေတီကျောက်စာ ဖတ်ခြမ်း

ပါဠိ ဖြင့် ရေးထိုးထားသော မြစေတီကျောက်စာ ဖတ်ခြမ်း

===============================
အားပေးမှုကို ကျေးဇူးတင်ပါတယ် ဒီမှာ သွားလိုက်ဦးနော်။
-------------------------------------------------------------------------------------------------------




သရေခေတ္တရာခေတ် ပျူဗုဒ္ဓဝင်များ



 Akar hyoe  ပျူခောတ်, သမိုင်း, ဆောင်းပါးများ  No comments

အစောဆုံးဗုဒ္ဓဝင်

အကယ်၍ မှန်နန်းရာဇဝင်ကြီး၏ အဆိုအမိန့်ကို လက်ခံကြမည် ဟုဆိုလျှင် မြန်မာ နိုင်ငံ၌ တကောင်းခေတ်ကပင် ဗုဒ္ဓသာသနာရောက်ရှိနေပြီဟု ယူဆရပေမည်။ အဘယ် ကြောင့်ဆိုသော် ဒုတိယတကောင်း ဆက်ကို စတင်တည်ထောင်သော ဓဇရာဇာမင်းကြီး၏ နန်းတော်ဆောက် လုပ်ရာ၌ ]]ရဟန္တာနှစ်ပါး ပရိတ်မေတ္တာပြုရ၏}}ဟု မှန်နန်းမဟာရာဇဝင် တော်ကြီး၌ ဖော်ပြထားသောကြောင့် ဖြစ်သည်။

သို့သော် တကောင်းခေတ်၌ အက္ခရာစာပေအမှတ်အသား မတွေ့ရသကဲ့သို့ ဗုဒ္ဓဝင် ဆိုင်ရာ ရုပ်တုရုပ်လုံးစသည့် ပန်းပုç ပန်းချီလက်ရာများကိုလည်း မတွေ့ရှိရပေ။ မြန်မာနိုငငံ၌ အစောဆုံး တွေ့ရှိရသော ဗုဒ္ဓဝင် ပျူဗုဒ္ဓဝင်ဖြစ်သည်။ ပျူလူမျိုးများမှာ စာနှင့်ပေနှင့် မှာ အက္ခရာရေးအတတ် ထွန်းကားသော လူမျိုးဖြစ်၍ အက္ခရာဖြင့် ရေးထားသော ပျူဗုဒ္ဓဝင်များ ရှိ-မရှိ၊ ဧကန် မသိရသော်လည်း ယခုတွေ့ ရှိရသော ဗုဒ္ဓဝင်မှာကား ပျူအက္ခရာဖြင့် ရေးထားသော ဗုဒ္ဓဝင်မျိုး မဟုတ်ပေ။ အိန္ဒိယနိုင်ငံ အသောကမင်းတရားကြီး ထုလုပ်ကိုး ကွယ်ခဲ့ သော ရုပ်တုရုပ်လုံး ဗုဒ္ဓဝင်မျိုးသာ ဖြစ်သည်။

ယင်းပျူဗုဒ္ဓဝင်ရုပ်တုများကို ပျူလူမျိုးတို့၏မြို့တော်ဖြစ်ခဲ့ဘူးသော သရေခေတ္တရာမြို့ဟောင်း မှော်ဇာရွာ၌ တူးဖော်တွေ့ရှိခဲ့ရခြင်းဖြစ်သည်။

အဆိုပါ ပျူဗုဒ္ဓဝင်ရုပ်တုများ အကြောင်းကို ကျောက်စာဝန်(ဟောင်း) ဦးလူဖေဝင်း က ၁၉၄၀-ခုနှစ် မေလထုတ် ဒဂုန်မဂ္ဂဇင်းတွင် ဓာတ်ပုံ များဖြင့် ရေးသားခဲ့ဘူးရာ စိတ်ဝင် ဖွယ်ရာ သိရှိရပေသည်။

ရှစ်ခန်းဗုဒ္ဓဝင်

သရေခေတ္တရာမြို့ဟောင်းအတွင်း၌ ရှေးအခါက နန္ဒာကန် ဟူ၍ လည်းကောင်း၊ လောကနန္ဒာကန်ဟူ၍လည်းကောင်း၊ သိကြားအင်းဟူ၍လည်းကောင်း၊ ခေါ်ဝေါ်ကြသော ရေကန်ကြီးတကန်ရှိသည်။ ယင်းရေကန်ကြီးမှာ ယခုအခါ ရေမရှိတော့ပေ။ ဗြိတိသျှတို့ အောက်မြန်မာနိုင်ငံကို သိမ်းပိုက်ပြီးစကတည်းက ကန်မှရေများကို ဖောက်ထုတ်လိုက်ပြီး နောက် ရှမ်းလူမျိုးများ လယ်ယာလုပ်ကိုင် လျက်ရှိသည်။ ထို့ကြောင့်လည်း ယင်းရေကန်နေ
ရာကို ယခုအခါ ရှမ်းလွင်ပြင် ဟု ခေါ်ဝေါ်လျက်ရှိကြသည်။

ယင်းကန်ပေါင်ရိုးပေါ်တွင် အထိကရ ညောင်ပင်ကြီးတပင် ရှိသောကြောင့် ထိုကန် ပေါင်ရိုးကို ရွှေညောင်ပင်ရိုးဟု ခေါ်ကြသည်။ ထို့ပြင် ထိုကန်ပေါင်ရိုးပေါ်၌ ဆောက်လုပ် ထားသော ဘုန်းကြီးကျောင်းကိုလည်း ရွှေညောင်ပင်ရိုးကျောင်းဟု ခေါ်ဝေါ်နေကြသည်။

တနေ့၌ ရွှေညောင်ပင်ရိုးကျောင်းမှ ကျောင်းသားငယ်တယောက်သည် လောက်စာ လုံး ရှာဖွေကောက်ယူနေစဉ် ကျောင်းလှေကားရင်းအနီး မြေပြင်ပေါ်၌ ပြူထွက်နေသော ကျောက်လုံးကလေးဟု ထင်မှတ်ရသည့် အရာဝတ္ထုတခုကို မြင်ရာ ဝမ်းသာအားရကောက်
ယူလိုက်သည်။

သို့သော် ယင်းအရာဝတ္ထုမှာ ကျောက်လုံးငယ် မဟုတ်ဘဲ ကျောက်ပြားကြီးတခု၏အ စွန်းဖြစ်နေသောကြောင့် ကောက်ယူ၍မရပေ။ တူးဖောက်လိုက်မှ ကျောက်ပြားကြီးမှာပေါ်

ထွက်လာသည်။ ပေါ်ထွက်လာသော ကျောက်ပြားကြီးပေါ်တွင် ရုပ်လုံးများ ထွင်းထုထား သည်ကို မြင်ရသဖြင့် ဘုန်းကြီးကျောင်းသားကလေးမှာ အံ့အားသင့်ကာ သူ၏ဆရာဘုန်း ကြီးထံ သွားရောက်လျှောက်ထားသည်။

ဤအကြောင်းကို သိရှိရသောအခါ ရွှေညောင်ပင်ရိုးဘုန်းတော်ကြီးသည် သူ၏ဆွမ်း
ဒကာများဖြစ်ကြသော တောင်လုံးညိုရွာသားများကို ခေါ်ယူကာ တူးဖော်မှုပြုရာ ဗုဒ္ဓဝင် ဆင်းတု ဆယ်ဆူနှင့်ငွေဓာတ်တော်ကြုတ်၊ ရွှေဓာတ်တော်ကြုတ်များကို ရရှိခဲ့သည်။

ယင်းဗုဒ္ဓဝင်ကျောက်ရုပ်တုများမှာ- (၁)ဘုရားလောင်း ဖွားမြင်တော်မူခန်း။ (၂)ဓမ္မစကြာတရားဦး ဟောတော်မူခန်း။ (၃)ဒုက္ကစရိယာကျင့်တော်မူခန်း။
(၄)မာရ်စစ်သည်ကို အောင်မြင်အံ့သောငှာ မြေကို သက်သေတည်ခန်း။ (၅)မာရ်စစ်သည်ကို အောင်မြင်တော်မူခန်း။
(၆)သရက်ဖြူပင်အောက်၌ တန်ခိုးပြာဋိဟာပြတော်မူခန်း။ (၇)တာဝတိံသာနတ်ပြည်၌ အဘိဓမ္မာဒေသနာတော်ကို ဟောတော်မူခန်း။ (၈)နာဠာဂီရိဆင်ကို အောင်တော်မူခန်း စသည်တို့ဖြစ်သည်။

ကျောက်စာဝန်များ၏အယူအဆအမျိုးမျိုး

အထက်ပါ ဗုဒ္ဓဝင်ရုပ်တုများအပြင် မကိုဋ်သရဖူဆောင်းထားသော ဇမ္ဗုပတိချွတ်ခန်း
ရုပ်တုတော်တဆူလည်း ပါရှိသည်။ ထို့ပြင် ဥသျှောင်တော်မပါဘဲ ဝမ်းဗိုက်တော်ဖောင်း ကားပြီး ထက်ဝယ်ဖွဲ့ခွေထားအပ်သော ခြေထောက်ပေါ်ဝယ် လက်နှစ်ဖက်တခုနှင့်တခုရှက် ကာ  တင်ထားသည့်  ဈာန်ဝင်စားထိုင်နေဟန်  ရုပ်တုတော်တဆူလည်း  ပါရှိသေးသည်။
ယင်းရုပ်တုတော်နှင့်ပတ်သက်၍ ရှေးကျောက်စာဝန်များကအမျိုးမျိုးထင်မြင်ယူဆကြသည်။

ယင်းရုပ်တုတော်ကို ကျောက်စာဝန်မစ္စတာတော်စိန်ခိုက တရုပ်လူမျိုးများ ကိုးကွယ် သော]]မီလိုဖူ}}ဟု တရုပ်ဘာသာဖြင့် ခေါ်ဆိုသည့် မေတ္တေယျဘုရားလောင်း ဆင်းတုတော် ဖြစ်သည်ဟု ဆိုသည်။

ကျောက်စာဝန်မစ္စတာဒူရွိုင်ဇယ်ကမူ ယင်းရုပ်တုတော်ကို အရှင်မဟာကစ္စည်းဖြစ် ဟန်တူသည်ဟု ယူဆသည်။ ကျောက်စာဝန်ဦးမြကမူကား ဂဝံပတိရဟန္တာဖြစ်ဟန်တူသည် ဟု ပြောဆိုသည်။

အိန္ဒိယဗုဒ္ဓဝင်နှင့်ပျူဗုဒ္ဓဝင်

မြန်မာနိုင်ငံ၌  ပျူလူမျိုးများသည်  အေဒီသုံးရာစုမှ အေဒီကိုးရာစုအထိ ကိုယ့်ထီး ကိုယ့်နန်းနှင့်ထယ်ထယ်ဝါဝါနေထိုင်ခဲ့သူများ ဖြစ်ကြသည်။ ကိုယ်ပိုင်ယဉ်ကျေးမှု၊ ကိုယ်ပိုင် အက္ခရာ၊ ကိုယ်ပိုင်စာပေတို့ဖြင့်လည်း သမိုင်း၌ တောက်ပြောင်ခဲ့သူများဖြစ်သည်။

ထိုအချိန်က အိန္ဒိယနိုင်ငံတောင်ပိုင်း ကလိင်္ဂတိုင်း၊ တိလိင်္ဂနတိုင်း၊ ကွန်ဂျီဗာရမ် ဘက်မှ အိန္ဒိယတိုင်းသားများသည် မြန်မာနိုင်ငံသုဝဏ္ဏဘူမိရှိ မွန်လူမျိုးများနှင့်လည်း ကောင်း သရေခေတ္တရာရှိ ပျူလူမျိုးများနှင့်လည်းကောင်း ကူးလူးဆက်ဆံမှု ရှိနေကြပြီဖြစ် သည်။ လူမျိုးချင်းသာမကဘဲ ယဉ်ကျေးမှုအချင်းချင်းလည်း ကူးလူးဆက်ဆံခဲ့ကြသည့် သမိုင်းခြေရာခြေကြောင်းများကို တွေ့ရှိနေရပြီဖြစ်သည်။

ဤတွင် ဂုတ္တခေတ် အေဒီငါးရာစုကတည်းက အိန္ဒိယနိုင်ငံ၌ ရှစ်ခန်းဗုဒ္ဓဝင်ရုပ်တု များ ခေတ်စားနေပြီဖြစ်ကြောင်းကိုလည်း သတိပြုဘို့လိုပေသည်။ ယင်းအိန္ဒိယနိုင်ငံဂုတ္တ ခေတ်က ခေတ်စားခဲ့သော ရှစ်ခန်းဗုဒ္ဓဝင်ရုပ်တုများမှာ...

(၁)ဘုရားလောင်းဖွားမြင်တော်မူခန်း။ (၂)ဘုရားဖြစ်တော်မူခန်း။ (၃)ဓမ္မစကြာတရားဦးဟောတော်မူခန်း။ (၄)တန်ခိုးပြာဋိဟာ ပြတော်မူခန်း။ (၅)ပလလဲတော၌ စံတော်မူခန်း။ (၆)တာဝတိံသာမှ ဆင်ြးွကတော်မူခန်း။ (၇)နာဠာဂီရိဆင်ကို ချွတ်တော်မူခန်း။ (၈)ပရိနိဗ္ဗာန်စံတော်မူခန်းတို့ဖြစ်ကြသည်။

ဂုတ္တခေတ်လက်ရာဆန်နေခြင်း

ဤအိန္ဒိယရှစ်ခန်း ဗုဒ္ဓဝင်နှင့်အထက်က ဖော်ပြခဲ့သော ပျူရှစ်ခန်းဗုဒ္ဓဝင်များမှာ ရှစ် ခုဟူသော သင်္ချာချင်းသာတူ၍ အကြောင်းအရာချင်းကား အလုံးစုံမတူကြပေ။ တစိတ်တ ဒေသအားဖြင့်သာ တူညီနေသည်။

သို့သော်အဆိုပါ ပျူဗုဒ္ဓဝင်ရုပ်တုများကို အေဒီငါးရာစုက အိန္ဒိယနိုင်ငံ ဂုတ္တခေတ် လက်ရာဆန်နေကြောင်း သမိုင်းသုတေသီများက အကဲဖြတ်ကြသည်။

သို့ဖြစ်ရာ ပျူဗုဒ္ဓဝင်ရုပ်တုများမှာ အိန္ဒိယတွင် ခေတ်စားခဲ့သော အိန္ဒိယရှစ်ခန်းဗုဒ္ဓ
ဝင်များနှင့်အကြောင်းအရာအားဖြင့် အလုံးစုံမတူသည့်တိုင်အောင်... (က)တစိတ်တဒေသအားဖြင့် တူညီနေမှု။
(ခ) အရေအတွက်သင်္ချာအားဖြင့် တူညီနေမှု။

(ဂ)အေဒီကိုးရာစုမတိုင်မီက အိန္ဒိယနိုင်ငံတောင်ပိုင်းနှင့်မြန်မာတို့ အချင်းချင်းကူးလူးဆက် ဆံနေခဲ့မှုတို့ကို ထောက်ဆပါက ယင်းပျူဗုဒ္ဓဝင်ရုပ်တုများကို အေဒီငါးရာစု အိန္ဒိယဂုတ္တ ခေတ်လက်ရာဆန်းကြယ်နေကြောင်း အကဲဖြတ်ခြင်းမှာ ယုတ္တိတန်သည်ဟု ယူဆရပေ သည်။

မြင့်ဆွေ

မှတ်ချက်။    ။မြဝတီမဂ္ဂဇင်း၊  ၁၉၇၈-ခုနှစ်၊  ဧပြီလ၊  စာမျက်နှာ(၂၇-၂၈)၌လာရှိသော ဆောင်းပါးကို ပြန်လည်ပြင်ဆင်ခြင်းမရှိဘဲ ရိုက်နှိပ်ထားပါသည်။
----====----=====---====-=-==-==--==--=------=--===========-------===

အားပေးမှုကို ကျေးဇူးတင်ပါတယ် ဒီမှာ သွားလိုက်နော်။

သီရိဝိဇယနာဂ



အရှေ့တောင်အာရှကျွန်းများတွင် တည်ရှိသော သီရိဝိဇယ အမည်ရှိ ဗုဒ္ဓဘာသာ နိုင်ငံတော်သည် ထင်ရှားကျော်ကြား သော နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။ ယင်းနိုင်ငံသည် ၁၂ ရာစု အထိ မဟာယာန ဗုဒ္ဓဘာသာ အချက်အချာ ဖြစ်ခဲ့သည်။ သီရိဝိဇယသည် ဆုမတြာကျွန်း၏ မြို့တစ်မြို့ ဖြစ်သည်။ ရာပေါင်းများစွာသော နှစ်ပရိစ္ဆေဒကာလအထိ သိလိန္ဒြ မင်းဆက် ဗုဒ္ဓဘာသာဝင် ဘုရင်တို့၏ မြို့တော် ဖြစ်ခဲ့သည်။
ယင်းဗုဒ္ဓဘာသာ ဘုရင်များထဲတွင် သီရိဝိဇယနာဂဘုရင် ၏ခေတ် (ခရစ်နှစ် ၃၈၄)သည် ထူးခြားသော ခေတ်ကာလ ဟု ဆိုရမည်။ အိန္ဒိယ ကိုလိုနီနိုင်ငံများထဲတွင် ဂျာဗားသည် ရှေးအကျဆုံး ကိုလိုနီဖြစ်သည်ဟု အသိအမှတ်ပြုထားကြ သည်။ ယင်းကျွန်း၌ နေထိုင်ကြသူများသည် အိန္ဒိယတောင် ပိုင်းမှ လာကြသူများဖြစ်ကြပြီး အင်ဒိုချိုင်းနားအထိ ပြန့်ပွား သွားကြသည်။ ခရစ်နှစ် ၁ နှင့် ၂ ရာစုနှစ်များ၌ အိန္ဒိယ တောင်ပိုင်းသားတို့သည် မလေးကျွန်းဆွယ် ကျွန်းစုများ ၌ နေထိုင်ကြသည်။ ရှေးအကျဆုံးလူ (ဂျာဗားလူ)၏ ဦး ခေါင်းခွံကို ဂျာဗား၌ တွေ့ရသည်ဟု သုတေသီများက အယူ ရှိကြသည်။ ယင်းရှေးအကျဆုံးလူသည် လွန်ခဲ့သည့် နှစ် ငါး သိန်းခန့်က ပထ၀ီမြေပြင်ပေါ်၌ နေထိုင်သည်။ သူတို့ အသုံး ပြုသည်မှာ ကျောက်လက်နက် ကိရိယာဖြစ်သည်။

ဗုဒ္ဓခေတ်မတိုင်မီက အိန္ဒိယ ကုန်သည်များသည် သုဝဏ္ဏ ဘုမ္မိမှ သုဝဏ္ဏဒီပနှင့် ယ၀ဒီပသို့ သွားလေ့ရှိကြသည်ဟု ဇာတကများ၌ ဖော်ပြထားသည်။ သို့သော်လည်း ကိုလိုနီ တည်ထောင်ရန် မဟုတ်ဘဲ ကုန်သည်များအဖြစ်ဖြင့် သွား ရောက်ကြခြင်း ဖြစ်သည်။ ဂျာဗား၌ အိန္ဒိယတောင်ပိုင်း၏ သြဇာအရှိန်အ၀ါ လွှမ်းမိုးမှုရှိသည်။ ဂျာဗားမှ တူးဖော်တွေ့ရှိ ရသော အဦးဆုံးကျောက်စာ အရေးအသားမှာ ပလ္လ၀ဘုရင် များ ၅ ရာစု ၆ ရာစုလောက်က ကြေးပြားပေါ်တွင် ရေးထိုး ထားသည့် စာအရေးအသားမျိုး ဖြစ်သည်။ ယင်းအထောက် အထားများကို ဂျာဗား၌သာ တွေ့ရသည်မဟုတ်ဘဲ ဖာတုန် နှင့် စမ္ပာတို့၌လည်း တွေ့ရသည်။ ပလ္လ၀တို့ မတိုင်မီ သာတ ၀ါဟနတို့၏ နောက်ပိုင်း၌ ဓညကဋက၌ ဣက္ခာကုမျိုးနွယ် များ ကြီးစိုးကြသည်။ ဓညကဋက (ဓရဏီကုတ်)နှင့် ရှရရီ ဗဗ္ဗတ (နာဂါဇုနကောဏ္ဍာ) တို့၌ တူးဖော်ရရှိသော ကျောက် စာများအရ သီဟိုဠ် (သီရိလင်္ကာ)၊ တရုတ်၊ ကိရာတ (ကျိ လာတ၊ မလယ)တို့၌ ဗုဒ္ဓဘာသာ ပြန့်ပွားထွန်းကားလာ သည်ဟု သိရှိရသည်။

ယင်းမလေးကျွန်းဆွယ်များသည် ရှေးယခင်က ဟိန္ဒူကိုလိုနီ များ ဖြစ်ခဲ့သည်။ ဖာဟီယန်သည် ခရစ်နှစ် ၄၁၃ ခု၌ ထို ဒေသများသို့ ရောက်သွားသည်။ သူ၏ ခရီးစဉ်မှတ်တမ်းအရ ထိုခေတ်ကာလကလည်း ဂျာဗား စသောကျွန်းများ၌ ဗုဒ္ဓ ဘာသာ အထိုက်အလျောက် ထွန်းကားပြန့်ပွားနေသည်ဟု သိရှိရသည် ၁၅ ခုနှစ်၌ အိန္ဒိယမှ သီဟိုဠ်ကျွန်းကို ဖြတ် လျက် မိမိနိုင်ငံ ပြန်သွားသောအခါ ဖာဟီယန်သည် ယ၀ဒီပ ကျွန်း၌ ငါးလကြာမျှ နေထိုင်ခဲ့သည်။ ရာဟုလာသံကိစ္စည်း၏ အဆိုအရ ထိုအချိန်၌ ဂျာဗားတွင် ဗုဒ္ဓဘာသာသည် အဓိက ဘာသာတရား ဖြစ်သည်။

၄၂၃ ခုနှစ်၌ ဂုဏ၀မ္မာသည် ကသ္မိရ (ကပိရှာ)မှ ဂျာဗားသို့ သွားသည်။ ရဟန်းတော် ဂုဏ၀မ္မာသည် သံဃာနန္ဒဘုရင် ၏ သားတော်၊ ဟရိဘဒြ၏ မြေးတော်ဖြစ်သည်။ ထိုရဟန်း တော်သည် မင်းစည်းစိမ်ကို စွန့်ပယ်လျက် ရဟန်းဘောင် ရောက်လာသူဖြစ်သည်။ ခမည်းတော် ဘုရင်မင်းကြီး ကွယ် လွန်သွားသောအခါ ဂုဏ၀မ္မာသည် အသက် ၃၀ အရွယ်မျှ သာ ရှိသေးသည်။ ထီးမွေနန်းမွေခံ တစ်ဦးတည်းသော သား တော်ဖြစ်သည်။ ဂုဏ၀မ္မအား ထီးနန်းအပ်ကြသည်။ သို့ သော် လည်း ဂုဏ၀မ္မက လက်မခံပေ။ ခါးခါးသီးသီး ငြင်း ပယ်သည်။ သီဟိုဠ်အကြောင်းကို ကြားရသည်ဖြစ်၍ ဂုဏ၀မ္မာသည် သီဟိုဠ်ကျွန်းသို့ ကြွသည်။ သီဟိုဠ်ကျွန်းကမှ တစ်ဖန် ဂျာဗားသို့သွားသည်။

ဘုရင့်မယ်တော် ဗုဒ္ဓဘာသာဝင် ဖြစ်သွားသည့်အတွက်
ဂျာဗားဘုရင်လည်း ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်သွား သည်။ ကံမကောင်း အကြောင်းမသင့်သဖြင့် ထိုအချိန်၌ ဂျာဗားကို ၀င်ရောက်တိုက်ခိုက်ကြသည်။ ယင်းအချက်နှင့် စပ်လျဉ်း၍ ဘုရင်မင်းကြီးက ဂုဏ၀မ္မာအား မေးမြန်း လျှောက် ထားသောအခါ ဂုဏ၀မ္မာက "သူခိုးဓားပြကို အပြစ်ဒဏ် ပေးခြင်းသည် လူတိုင်း၏ တာဝန် ၀တ္တရားဖြစ် သည်" ဟူ၍ ပြောပြသည်။ တရုတ်ပညာရှင်များ ရေးသား ထားသော ဂုဏ၀မ္မာ၏ အတ္ထုပ္ပတ္တိ၌ "ထိုအချိန်က ဂျာဗား ဘုရင်သည် လောကီလူ့ဘောင်ကို စွန့်ခွာလျက် ရဟန်းပြု လိုသော ဆန္ဒရှိ၏။ သို့ရာတွင် မှူးမတ်များ ၀ိုင်းဝန်းတောင်း ပန် သောကြောင့် ဘုရင်မင်းကြီးသည် တိုင်းပြည်နိုင်ငံ အတွင်း မည်သည့်နေရာမှာမှ အကြမ်းဖက်မှု မဖြစ်ပွား လျှင် မိမိ၏ ဆုံးဖြတ်ချက်ကို ပြင်မည်ဟု ကတိပြုသည်" ဟူ၍
ဖြစ်သည်။

ဘိက္ခု ဂုဏ၀မ္မာ၏ ဂုဏ်သတင်းသည် တရုတ်ပြည်သို့
ရောက်သွားသည်။ တရုတ်ဘုရင်၏ ပင့်ဖိတ်ချက်ကို ဂုဏ၀မ္မာ လက်မခံဘဲနေ၍ မဖြစ်တော့ပေ။ တရုတ်ပြည်၌ ဗုဒ္ဓဘာသာ ဖြန့်ဖြူးရန် အခွင့်ကောင်းကို လက်မလွှတ်လို ပေ။ ဂုဏ၀မ္မာသည် အိန္ဒိယကုန်သည် နန္ဒီ၏ သင်္ဘောနှင့် လိုက်ပါသွားပြီးလျှင် နန်ကင်းသို့ ရောက်ရှိသွားသည်။ သို့ သော်လည်း မကြာမီမှာပင် ၆၅ နှစ်အရွယ်၌ ကွယ်လွန် အနိစ္စ ရောက်သွားသည်။ ဂုဏ၀မ္မာ၏ အတ္ထုပ္ပတ္တိအရ
ဖာဟီယန် ရောက်သွားပြီး နောက်ပိုင်းကျမှသာလျှင် ဂျာဗား ၌  ဗုဒ္ဓဘာသာ စနစ်တကျ ထွန်းကား ပြန့်ပွားသွားသည်ဟု သိရှိရသည်။

ဘုရင့်အမည်များနှင့် ဘုရင်များ အုပ်စိုးသည့် တိုင်းနိုင်ငံ အမည်များကို ထောက်လျက် ယင်းဒေသများသည် မဆွက ဟိန္ဒူ ကိုလိုနီများ ဖြစ်ခဲ့ကြောင်း သိရှိရသည်။ ယင်းအမည် နာမမျိုးသည် အိန္ဒိယတောင်ပိုင်းမှ အမည်နာမမျိုး ဖြစ် သည်။ ရာစုနှစ် အတန်ငယ် ကြာသွားသောအခါ ယင်း ကိုလိုနီ နိုင်ငံများ၌ ဗုဒ္ဓဘာသာသည် အစဉ်တစိုက် ထွန်း ကားပြန့်ပွားလာရာ ဟိန္ဒူ မလေးရှားတစ်ခုလုံး ဗုဒ္ဓဘာ သာ ဖြစ်သွားသည်အထိပင် ဖြစ်သည်။ အာရှ အရှေ့တောင် ပိုင်း နိုင်ငံများ၌ ဗုဒ္ဓဘာသာ ပြန့်ပွားထွန်းကားသွားခြင်း၌
သီရိဝိဇယ ဗုဒ္ဓဘာသာ နိုင်ငံတော်၏ ကျေးဇူးမကင်းသည်မှာ အငြင်းပွားဖွယ်မရှိပေ။

သီရိဝိဇယနိုင်ငံ၏ သိလိန္ဒြာမင်းဆက်နှင့် ပတ်သက်၍ တရုတ်တို့နှင့် အာရပ်ကုန်သည်များသည် အတော်များများ ရေးသားထားကြသည်။ ဆုမတြာ၏ အလယ်တွင်ရှိသော ယင်းမြို့တော်သည် ၈ ရာစုနောက်ပိုင်း၌ ထိုခေတ် ထို အချိန်က ယဉ်ကျေးသော ကမ္ဘာ့နိုင်ငံများထဲတွင် ထင်ရှား ကျော်ကြားသော နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။ အင်ဒိုနေးရှား ကျွန်းဆွယ်စုများ၌ ယဉ်ကျေးမှုနှင့် ပညာထွန်းကားရာ ဗဟို ချက်ချာလည်း ဖြစ်ခဲ့သည်။ မဇ္ဈိမဒေသ အိန္ဒိယနိုင်ငံသို့ လာကြသော တရုတ်ရဟန်းတော်များသည် သီရိဝိဇယ၌ နေပြီး သက္ကတဘာသာ သင်ကြားအားထုတ်လေ့ ရှိကြ သည်။ အချို့ပညာရှင်များ၏ အဆိုအရ သီရိဝိဇယသည်
မဟာယာန ဗုဒ္ဓဘာသာ၏ ခံတပ်ကြီးဖြစ်သည်။ သို့သော် လည်း တရုတ်ခရီးသည် ရွှင်ကျန်၏ အဆိုအရမူ ဆုမတြာ သည် ထေရ၀ါဒ ဗုဒ္ဓဘာသာ၏ ဌာနချုပ်ဖြစ်သည်။ ရွှင်ကျန် သည် ၆၈၈-၉၅ ခုနှစ်၌ ခုနစ်နှစ်ကြာမျှ ထိုဒေသတွင်နေပြီး ပညာသင်ကြား ဆည်းပူးခဲ့သည်။

ခရစ်နှစ် ၆၈၆ ခု၌ ဘုရင် သီရိနာဂသည် ဂျာဗားကို အနိုင် တိုက်ယူရန်အတွက် ကြီးမားသော စစ်တပ်ကြီးနှင့် ချီတက် ခဲ့သည်။ စစ်ပွဲပြီးသောအခါ အလယ်ပိုင်းနှင့် အနောက်ပိုင်း
ဂျာဗားကို သိမ်းပိုက်လိုက်လေသည်။ ယင်းရာစုနှစ်၌ သီရိဝိဇယ၏ အင်အားသည် ပိုမိုတိုးတက်လေသည်။ ထို အချိန်၌ ဘုရင် သီရိနာဂသည် တောင်ပိုင်း၌ ဟရီမြစ်ကမ်း ပါး၌ရှိသော မာလာယု (ယခုခေတ် ကျမ္မီ)ကိုလည်း လက် အောက်ခံပြုလိုက်သည်။ တစ်ပြိုင်နက်တည်းမှာပင် ဗံကာ ကျွန်းများကိုလည်း သိမ်းပိုက်လိုက်သည်။ ယင်းသို့အားဖြင့် ထိုခေတ်က ဆုမကြာကျွန်း သီရိဝိဇယနိုင်ငံသည် ဗုဒ္ဓဘာ သာ၏ အချက်အချာဖြစ်ခဲ့သည်။

သီရိဝိဇယနိုင်ငံ၏ သိလိန္ဒြမင်းဆက် အမည်နာမများသည်
ဆုမတြာသမိုင်း၌ ထင်ရှား ကျော်ကြားကြသည်။ ယင်း မင်း ဆက်၏ သီရိဝိဇယ ဗုဒ္ဓဘာသာနိုင်ငံသည် မလေးကျွန်း ဆွယ် အထိလည်းကောင်း၊ ဂျာဗား အလယ်ပိုင်းအထိလည်း ကောင်း ပြန့်နေလေသည်။ ယင်းမင်းဆက်အား အင်ဒိုနေး ရှား ၏ ဂုတ္တမင်းဆက်ဟု ခေါ်ဝေါ်ကြသည်။ ယင်းမင်း ဆက် ၏ မူရင်းအစ နေပြည်တော် ဘယ်မှာရှိသည်ဆိုသည့် အချက် နှင့် ပတ်သက်၍ ပညာရှင်များ တစ်ဦးနှင့်တစ်ဦး အယူအဆ မတူကြပေ။ အချို့ သမိုင်းပညာရှင်များက ယင်း မင်းဆက်၏ မူလအစနေရာမှာ ဆုမတြာ၌သာ ရှိသည်ဟု ဆိုကြသည်။ သို့သော်လည်း သိလိန္ဒြမင်းဆက် ဘုရင်များ ဆောက်လုပ်ခဲ့သော ကြီးကျယ်ခမ်းနားသည့် နတ်ကွန်းကြီး များနှင့် ဗရောဗိုဒိုကဲ့သို့သော အံ့မခန်း ပုထိုးကြီးများမှာ ဆုမတြာ၌မရှိဘဲ ဂျဗား၌ရှိသည်။ ယင်းတို့၏ ရှေးဟောင်း အဆောက်အအုံ အကျန်အကြွင်း အများအပြားမှာ
ဆုမတြာ မှာထက် ဂျဗား၌ ပိုတွေ့ရသည်။ ထို့ကြောင့် ပညာ ရှင် အတော်များများက ယင်းမင်းဆက်၏ ပင်ရင်းနေရာမှာ
ဂျဗားဖြစ်သည်ဟု ယူဆကြသည်။

၇ ရာစုအထိ သုဝဏ္ဏဒီပနှင့် သုဝဏ္ဏဘုမ္မိ၌ နေရာအနှံ့အပြား ထေရ၀ါဒ ဗုဒ္ဓဘာသာ ထွန်းကားပြန့်ပွားသည်ဟူသော တရုတ်ခရီးသည်တို့၏ အဆိုကို ရာဟုလာသံကိစ္စည်းက သံသယရှိသည်။ ယင်းသို့ဖြစ်ပါမူ ၈ ရာစု၌ သိလိန္ဒြမင်းဆက် ဘုရင်များနှင့်အတူ မဟာယာန ဗုဒ္ဓဘာသာ ဘယ်ကပြန့် ပွား လာသနည်း။ ထိုအချိန်၌ အိန္ဒိယမြောက်ပိုင်းတွင်
မဟာယာန ဗုဒ္ဓဘာသာ ထွန်းကားပြန့်ပွားသွားသည်။ မဟာယာန ဗုဒ္ဓဘာသာနှင့်လည်းကောင်း၊ အိန္ဒိယမြောက် ပိုင်း အက္ခရာ အရေးအသားနှင့်လည်းကောင်း အတူတကွ
သိလိန္ဒြမင်းဆက်လည်း အိန္ဒိယမြောက်ပိုင်းမှ ဆုမတြာသို့
ရောက်ရှိလာသည်ဟု ရာဟုလာသံကိစ္စည်းက ဆိုထား သည်။ သိလိန္ဒြမင်းဆက်တို့၏ မူလအစနေရာ မည်သည့် ဒေသ၌ရှိသည် ဆိုသည်ကို အဆုံးအဖြတ်ပေးရန်မှာမူ အမှန်တကယ် မလွယ်ပေ။

နေရာအနှံ့အပြားမှ ရရှိသော သိလိန္ဒြမင်းဆက် ဘုရင်တို့၏
ကျောက်စာများမှ သိလိန္ဒြမင်းဆက် သမိုင်းနှင့်ပတ်သက်၍
အများအပြား သိရှိရသည်။ မလေး၌ လိဂိုရအမည်ရှိ ဒေသ တွင် ၇၇၅ ခုနှစ်ထိုး ကျောက်စာတစ်ချပ် တူးဖော်ရရှိသည်။ ယင်းကျောက်စာ၌ သီရိဝိဇယိန္ဒြဘုရင်၏ ဗုဒ္ဓဘာသာ အုတ် ကျောင်း သုံးကျောင်း တည်ဆောက်မှုနှင့် ပတ်သက်၍ ရေး သားဖော်ပြထားသည်။ ရာဇဂုရုမထေရ် ဇယန္တအား ပုထိုး သုံးဆူတည်ရန် ဘုရင်က လျှောက်ထားသည်။ ဇယန္တ မထေရ် ပျံလွန်တော်မူသွားသောအခါ ဇယန္တ၏တပည့် အဓိမုခမထေရ်က စေတီသုံးဆူ၏ အနီး၌ အုတ်ပုထိုးနှစ်ဆူ တည်သည်။ အထက်ပါ ကျောက်စာ၌ သိလိန္ဒြ၏ ရာဇဂုရု မထေရ် ဆောက်လုပ်သော တာရာနတ်ဘုရားအကြောင်း
ရေးသားပါရှိသည်။ သိလိန္ဒြမင်းဆက်ဘုရင် ပဏကရဏ သည် သကနှစ် ၇၀၀-၇၇၈ ခုတွင် တာရာနတ်ဘုရား ကျောင်း ဆောက်လုပ်ပြီး ဘုရားကျောင်းနှင့်တကွ ရွာ တစ်ရွာ သံဃာအား လှူဒါန်းလေသည်။

နာလန္ဒာတက္ကသိုလ်ကို တူးဖော်စဉ်က ကြေးပုရပိုက်တစ်ခု ရရှိသည်။ ယင်းကြေးပုရပိုက်၌ သီရိဝိဇယဘုရင်များ အကြောင်း ရေးသားပါရှိသည်။ သီရိဝိဇယ သီလိန္ဒြဘုရင် များ၏ ရှေးအကျဆုံး မဟာယာနကျောက်စာကို ဂျာဗား၌ တူးဖော်ရရှိသည်။ ဒေ၀နာဂရီအက္ခရာဖြင့် ရေးသားထား သော ယင်းကျောက်စာသည် နာလန္ဒာ၌ တူးဖော်ရရှိသော ၉ ရာစုနှစ် ကျောက်စာများနှင့် ဆင်တူနေသည်ကို တွေ့ရှိရ သည်။

သုဝဏ္ဏဒီပမှ ဓမ္မကိတ္တိမထေရ်၏ ပညာဂုဏ်သတင်း
အကျော်အစောကို ကြားသိရသည်ဖြစ်၍ ၀ိကြမသိလာ၏ စာချဆရာ တိဗက်သာသနာပြု ဒီပင်္ကရ သီရိဉာဏ (၉၈၁-၁၀၅၄)သည် သုဝဏ္ဏဒီပသို့ ကြွလာပြီးလျှင် ဓမ္မကိတ္တိ မထေရ်ထံတွင် ၁၂ နှစ်ကြာမျှ ပညာသင်ကြား နေသည်။ နာလန္ဒာတက္ကသိုလ်၏ နာမည်ကျော် ကထိက စာချဆရာ ဓမ္မပါလသည်လည်း ဆုမတြာကျွန်းသို့ ကြွ သွားပြီးလျှင် ဆုမတြာကျွန်း၌ သက်ဆုံးတိုင် သီတင်းသုံး သွားခဲ့သည်။

သီရိနာဂ မတိုင်ခင် ရာစုတစ်ခုလောက်ကပင် စတင်၍
ဗုဒ္ဓဘာသာသည် ဆုမတြာ၏ နိုင်ငံတော်ဘာသာ ဖြစ်လာ ခဲ့ပြီးလျှင် မလေးရှား၏ ဟိန္ဒူနိုင်ငံ အတော်များများကို ဗုဒ္ဓဘာသာနိုင်ငံ ဖြစ်လာအောင် ပြုလုပ်ရာ၌ အောင်မြင်မှု ရရှိလာခဲ့သည်။ ထို့ကြောင့် ဆုမတြာနိုင်ငံတော်သည် သီရိဝိဇယ၏ ဗုဒ္ဓဘာသာ နိုင်ငံတော်အမည်ဖြင့် ထင်ရှား ကျော်ကြားလာသည်။

သီရိဝိဇယ၏ နယ်မြေအကျယ်အ၀န်းမှာ ကျယ်ပြန့်သည် ထက် ကျယ်ပြန့်လာသည်။ ဆုမတြာနှင့် မာလာယုအထိမျှ သာ မကတော့ဘဲ ဗိုနိယို၊ ဖိလစ်ပိုင်၊ ဂျဗားတစ်ဝက်၊ ဖော်မို ဆာတစ်ဝင်၊ တရုတ်တောင်ပိုင်း သင်္ဘောဆိပ်နှင့် သီဟိုဠ် ကျွန်းအထိကျယ်ပြန့်သွားသည်။ သိလိန္ဒြမင်းဆက် နောက် ဆုံးဘုရင် စန္ဒြဓာနုသည် ခရစ်နှစ် ၁၂၃၆ နှင့် ၁၂၅၆ ၌ နှစ် ကြိမ်တိတိ သီဟိုဠ်ကျွန်းကို ၀င်ရောက်တိုက်ခိုက်သည်။ ထိုအချိန်မတိုင်ခင် ၁၀ ရာစု၊ ၁၁ ရာစုများ၌ သီရိဝိဇယနှင့် သီဟိုဠ်ကျွန်း၏ ဆက်သွယ်ရေးသည် ကောင်းမွန်ခဲ့သည်။ ဘုရင်ကုမဏန္န၀သည် တိုင်းပြည်ကို စွန့်ခွာထွက်သွားရမလို ဖြစ်သောအခါ သီဟိုဠ်ကျွန်း၏ အကူအညီကို ရယူခဲ့သည်။ သီရိဝိဇယမင်းဆက်နှင့် သီဟိုဠ်ကျွန်းမင်းဆက်အကြား၌ အာဝါဟ၀ိဟာဟ ဆက်သွယ်ရေးများလည်း ရှိခဲ့သည်ဟု ဆိုသည်။ ပဏ္ဍယသီရိမာရ၏ သမီးတော်ကို ဥပိန္ဒြ၀ဓီရနှင့် စုလျားရစ်ပတ် လက်ထပ်ပေးခဲ့သည်။ ထို့ပြင် လုဏ၀တီ သည် ဂုဏန္န၀ါနှင့် လက်ဆက်ခဲ့သည်။ နာဂတ္တန်၌ ဗုဒ္ဓ ၀ိဟာရကျောင်း ဆောက်လုပ်လှူဒါန်းသော သီရိဝိဇယဘုရင် ၏ မိဖုရားသည် သီဟိုဠ် ဘုရင့်သမီးတော် ဖြစ်သည်ဟု အဆိုရှိသည်။

သီဟိုဠ်ကျွန်း (သီရိလင်္ကာ)နှင့် အိန္ဒိယတောင်ပိုင်းမှ
ဘင်္ဂလားပင်လယ်အော်ကို ဖြတ်သွားသော သင်္ဘောလမ်း ကြောင်းကျသောကြောင့် ဆုမတြာ၏ ပင်လယ်ကုန် ကူး သန်း ရောင်းဝယ်ရေး၌ အချက်အချာကျနေသည်။ ဆုမတြာ ၏ ရှေးဟောင်းနိုင်ငံရေး အချက်အချာ ဗဟိုဌာနမှာ ၄ ရာစု နှစ်ကစ၍ တည်ရှိခဲ့သော သီရိဝိဇယဖြစ်သည်။

http://kauthotaw.blogspot.com

=============+++==============================
အားပေးမှုကို ကျေးဇူးတင်ပါတယ် ဒီမှာ သွားလိုက်ဦးနော်။
-------------------------------------------------------------------------------------------------------




ဗုဒ္ဓဘာသာ ဆိုတာဘာလဲလို့  မေးလာခဲ့မယ်ဆိုရင်



ဗုဒ္ဓဘာသာ ဆိုတာဘာလဲလို့  မေးလာခဲ့မယ်ဆိုရင်
လူတိုင်း ပိုမိုနားလည် လွယ်ကူစေမယ့် အဖြေက
ဗုဒ္ဓဘာသာဆိုတာ

“အကြောင်းနဲ့ အကျိုး ကို ဆက်စပ်ပြတာ”လို့
ဖြေရမှာ ဖြစ်ပါတယ်။

ဗုဒ္ဓဘာသာမှာ ဗုဒ္ဓကိုယ်တိုင် ဥာဏ်အလင်းကို စပြီးရခဲ့တဲ့အချိန်ကရော၊
နောက်တပည့်သာဝကတွေ သစ္စာတရားကို နား လည်သွားတဲ့အခါမှာပါ
ဥာဏ်မှာထင်လာတဲ့ စကားလေး တစ်ခုရှိပါတယ်၊

“ဣမသ္မိံ သတိ ဣဒံ ဟောတိ၊ ဣမသ္မ္ပ္ပိံ အသတိ ဣဒံ န ဟောတိ
(ဒီဟာ ဖြစ်ရင် ဒါဖြစ်မယ်၊
ဒါဖြစ်မလာခဲ့ရင် ဒါဖြစ်လာစရာ အကြောင်း မရှိဘူး)” ဆိုတဲ့ စကားပါ။

အကြောင်းဆိုရင်လည်း ပေါ်ယံအကျဆုံးအကြောင်းကနေ
အကြောင်းရဲ့ အကြောင်းရင်း စသည် နဂိုမူလဇာတ်မြစ်အထိ အဆက်ဆက်၊
အကျိုးဆိုရင်လည်း အကျိုးရင်းအကျိုးဖျား ခွဲခြားရုံသာမက

ဆိုးကျိုးထင်ရတဲ့အရာဟာ တကယ့်ဆိုးကျိုး ဟုတ်မဟုတ်၊
အကောင်းလို့ သတ်မှတ်ထားသမျှလည်း
တကယ်ကောင်းတာ သေချာမသေချာ၊
ဆိုးတဲ့အကျိုးရဲ့ ဇာစ်မြစ်ကို ဖယ်ရှားဖို့ အားထုတ်ခြင်း၊
ကောင်းတာရဲ့ အကြောင်းရင်းတွေကို
အထပ်ထပ် လုပ်ဆောင်ခြင်းတွေ အထိပါဝင်သွားပါတယ်။
=================================

အားပေးမှုကို ကျေးဇူးတင်ပါတယ် ဒီမှာ သွားလိုက်နော်။

ခေါင်းဆောင်တို့၏ ကျင့်စဉ် (၂)

အသက်စွန့်တာ တစ်ခုလေး ပြောပြရရင် "ယုံလေး" ဖြစ်တဲ့ဘ၀ကို ပြောပြချင်တယ်။ အစာငတ်နေတဲ့ ပုဏ္ဏားတစ်ယောက်ကို တွေ့တယ်။ ပုဏ္ဏား ဘာဖြစ်နေလဲ? ဖိုလှိုက် ဖိုလှိုက်နဲ့၊ ထမင်းမစားရလို့။ ဒါဆို မီးလေးဖို။ ရဲရဲတောက်မီးလည်း ဖိုပြီးရော့ ဘာပြောလဲ? ကျုပ်ခုံချမယ်၊ ကျုပ်အသားတွေကို မီးထဲမှာ ဖုတ်လိုက်။ ကျက်တဲ့အခါ ခင်ဗျား စားပါ။

ဒါဘာလုပ်တာလဲ? ဇီဝိတပရိစ္စာဂ အသက်ကိုစွန့်တာ။ စွန့်လွှတ်ခြင်း renounce။ မစွန့်လွှတ်နိုင်ရင် ဘယ်တော့မှ ထိပ်တန်း မရောက်ဘူး။ အဲလို စွန့်လွှတ်ချင်တဲ့ စိတ်ဓာတ်မျိုးရှိဖို့လည်း လိုပေလိမ့်မယ်။ စွန့်လွှတ်ခြင်းဟာ လွတ်မြောက်ခြင်းရဲ့ လမ်းစပဲလို့ ဒီလိုလည်း ခေါ်နိုင်တယ်။ စာဂေါ ပရိနိဿဂ္ဂေါ မုတ္တိ-ဆိုတဲ့ စာကို ကြည့်ပြီးပြောတာ။ အဲဒါကြောင့် အားလုံး ဘုရားလောင်းစိတ်ဓာတ် မွေးကြ။ ဘုရားလောင်းစိတ်ဓာတ် မွေးဆိုတော့ တဆက်တည်း . . . ဘုန်းကြီးက ဘုရားလောင်းကျင့်စဉ် ဆိုတာ လေးကို နဲနဲဆက်လက်ပြီးတော့ ပြောပြ ချင်သေးတယ်။ ဘုန်းကြီးနောက်ထပ် အချိန်(၁၅) မိနစ်လောက် ယူမယ်။ အရေးကြီးတဲ့အပိုင်းလေးတွေကို ဘုန်းကြီး Point-တွေလောက် ပြောပြီးသွားပါပြီ။ ဘာပြောမလဲဆိုတော့ ဘုရားလောင်းရဲ့ ကျင့်စဉ်က (၁၀)ခု ရှိတယ်။

 (၁၀)ခုကို ဗမာတို့ ပြောနေကျအတိုင်း ရိုးရိုးပြောရင် ပါရမီ (၁၀)ပါး။ ပထမပါရမီက ဘာများလဲ? ပရိသတ်ကြားဘူးလား? ပြောစမ်းပါ။ ဒါနပါရမီပါဘုရား။ ဒါန။ ဒါန-ဆိုတာကို ဘယ်လို နားလည်လဲ?။ လှူတယ်လို့ ဒီလို နားလည်မယ်နော်။ လှူတာလည်း ဒါနမှန်တယ်။ အဲဒီ ဒါနထဲမှာ ပေးတာကိုလည်း ဒါနအနေနဲ့ထည့်ပါ။ နဲနဲလေး နဲနဲလေး ကွာတာကို ကိုယ့်ဟာကို နှလုံးသွင်းယူပါ။ Share-ဝေပေးတာ၊ ဝေငှတာကိုလည်း ဒါနပါရမီထဲ ထည့်ပါ။ စွန့်လွှတ်တာကိုလည်း ဒါနပါရမီထဲ ထည့်ပါ။ လှူတယ်၊ ပေးတယ်၊ ရှယ်ယာတယ်၊ ဝေငှတာကိုလည်း ဒါနထဲထည့်ပါ။ ကမ္ဘာ့ကုလသမဂ္ဂဌာနချုပ် (United Nation Organization)က "ဗုဒ္ဓနေ့" အခမ်းနားကျင်းပတယ်။

(၁၆)နိုင်ငံက ကိုယ်စားလှယ်တွေကို စကားပြောဖို့ ဖိတ်တယ်။ (၁၄)နိုင်ငံက သံအမတ်တွေ ပြောတယ်၊ ဗမာနဲ့ မွန်ဂိုလီးယား နှစ်နိုင်ငံပဲ ဘုန်းကြီး တက်ပြောတယ်။ Dana means giving up of our position။ ဘာလုပ်တာလဲ?။ မိမိတို့ပိုင်ဆိုင်မှုတွေကို စွန့်လွှတ်တာ။ Sharing our power with others။ မိမိတို့ရဲ့ Power-တွေကို ဘာလုပ်တာလဲ? သူတပါးတို့နဲ့ ဝေငှတာ။ Now-a-day craving for power influence and wealth, အဲဒါတွေကို သိပ်ပြီး crave-ဖြစ်နေလို့ရှိရင်၊ is the main cause for war and tension။ သိပ်ပြီးတော့ position-ကို အရမ်းမက်မောနေကြလို့ရှိရင် ဘာဖြစ်လဲ?။ Tension-နဲ့ စစ်အတွက် အဓိကအကြောင်းကြီး ဖြစ်နေတတ်တယ်။ ဗိမ္ဗိသာရမင်းကြီး အသတ်ခံရတာ၊ နောက်ပြီးတော့ ကောသလတိုင်းက ကောသလ ဘုရင်ကြီး နန်းလုခံရတာ၊ အဇာတသတ်က အဖေကို သတ်ပြီးတော့ နန်းလုတယ်။

 ကောသလတိုင်းမှာ ကောသလဘုရင်ကို နန်းချပြီးတော့ ၀ိဋဋူဘက နန်းလုတယ်၊ Power sharing-မလုပ်လို့။ ဝေသာလီကျတော့ လိစ္ဆ၀ီမင်းတွေက "ဝေသာလိယာ လိစ္ဆ၀ီရာဇာနော ၀ါရေန ရဇ္ဇံ ကာရေသုံ"-ဆိုပြီးတော့ ဘုရင်ကို လေးနှစ် တစ်ကြိမ်, လေးနှစ် တစ်ကြိမ် ပါလီမန်လွှတ်တော်ထဲကနေ ရွေးပြီးတော့ ဘုရင်ကို တင်မြှောက်သွားတာကို တွေ့ရတယ်။ ဝေသာလီမှာ ရာဇဂြိုလ်ရဲ့ ဖြစ်ရပ်မျိုး ကောသလတိုင်းမှာ တခါမှ မဖြစ်ခဲ့ဘူး။ အဲဒါကြောင့် ဒါနဆိုတဲ့ သဘောသည် ပစ္စည်းဥစ္စာကို လှူတာလောက် တခုတည်း မဟုတ်ပဲနဲ့ ဝေတာကော ယူရမယ်။ ကိုယ်က Billion-အထိ ချမ်းသာနေတယ် ကိုယ့်အိမ်ရှေ့မှာ သူတောင်းစားတွေ့ရင် နဲနဲတော့ ဝေပေးပါ။ ကိုယ်က ဘီလျံ (Billion)၊ မီလျံ(Million) လောက် ချမ်းသာနေမယ် ကျောင်းမနေနိုင်တဲ့ ကလေးတွေ၊ ဆေးမကုနိုင်တဲ့ ပုဂ္ဂိုလ်တွေ တွေ့ရင် ဆေးလေးတွေ၊ ပညာရေးလေးတွေ ဝေပေးပါ။ Sharing our positions with the poor people။ Poverty ကမ္ဘာကြီးက အများကြီး poor-ဖြစ်နေကြတယ်၊ poverty-ဖြစ်ကြတဲ့ ပုဂ္ဂိုလ်တွေများနေကြတယ်။

 The possessor-တွေက ဘာလုပ်ကြမလဲ? ဝေနိုင်မှ tension-မှုတွေ လျော့ပြီးတော့၊ the world fighting, conflicting-တွေလည်း လျော့သွားမယ်။ ဒါနပါရမီဟာ အလွန်ကျယ်ပြန့်ပါတယ်။ နာနာ ပေးနိုင်ရင် အရာရာကို အောင်မြင်တယ်။ ဒါနံ သဗ္ဗတ္ထ သာဓကံ-ဟောထားတာ ရှိပါတယ်။ Learning the beauty of giving- ပေးကမ်းစွန့်ကြဲခြင်းနဲ့ ပတ်သက်တဲ့ အလှအပလေးတွေကို သင်ယူကြပါ။ We should pity on millions of people who are living under poverty-line- ဆင်းရဲ မွဲတေနေကြတဲ့ လူတွေကို များများကြီးကြည့်ပြီးတော့ မီလျံနာတွေ၊ ဘီလျံနာတွေက ဝေငှနိုင်တဲ့ စိတ်ဓာတ်တွေ မွေးကြပါ။ And suffering from diseases and ignorance- အ၀ိဇ္ဇာကြောင့် ရလာတဲ့ mental disease၊ ရောဂါအမျိုးမျိုးကြောင့် ရလာတဲ့ physical disease၊ အဲဒီ disease- (၂)မျိုးကို ခံနေရတဲ့ ပုဂ္ဂိုလ်တွေကို ကြည့်ပြီးတော့ သနားပြီးတော့ များများကြီး ဝေတဲ့အလုပ် ဒါနပါရမီကို ဖြည့်ကြပါ။ နောက် ဒုတိယပါရမီဘာလဲ? သီလပါရမီပါဘုရား။

သီလဆိုလိုက်လို့ရှိရင် ပါဏာတိပါတာ ဝေရာမဏိ- ငါးပါး၊ ရှစ်ပါး၊ ကိုးပါး ရွတ်တာကို အားလုံး စိတ်က ရောက်သွားလိမ့်မယ်၊ မှန်ပါတယ်။ ဒါပေမယ့် အဲဒီလောက်တင် မစဉ်းစားပဲနဲ့၊ အတိုချုပ်ကတော့ ဘုန်းကြီး စာလေးတစ်ကြောင်း ဖတ်ပြပါမယ်။ Not to generate any evil deeds- မကောင်းတဲ့ အမူအရာကို ဘာမှ မလုပ်ပါနဲ့။ Not to generate any evil speeches- မကောင်းသောစကားဘာမှ မပြောပါနဲ့။ ဒါ သီလပဲ။ Every leader-ခေါင်းဆောင်တွေအားလုံး၊ should value-တန်ဖိုး ထားကြပါ။ the life-ဘ၀ကို တန်ဖိုးထားကြပါ။ Practicing of morality-ကိုယ်ကျင့်တရားကို ထိမ်းသိမ်းခြင်းဖြင့် အားလုံးတန်ဖိုးထားကြစမ်းပါ။ So, guard your morality- ကိုယ်ကျင့်တရားကို စောင့်ရှောက်တဲ့ ပုဂ္ဂိုလ်ဟာ။ Become good leader- ခေါင်းဆောင်ကောင်း တစ်ယောက် ဖြစ်လာမှာပါ။ Foreign policies of nations are-ကမ္ဘာအရပ်ရပ်က ပြည်ပရေးရာ ၀ါဒတွေမှာ။ Mostly based on selfish-

တကိုယ်ကောင်းဆန်တဲ့ အပေါ်မှာ အခြေခံတတ်ကြတယ်။ And interests lacking moral dimension- ကိုယ်ကျင့်တရားနဲ့ ပတ်သက်တာတွေ လျော့ပါးနေတယ်။ Morality serves- ကိုယ်ကျင့်တရားက အားလုံးကို လုပ်ကျွေးပြုစုမယ်။ As the foundation for the development of meritorious deeds- ဘ၀ရဲ့ ကောင်းကျိုးတရားတွေ ဖြစ်ပွားဖို့ရန်အတွက် သီလတရားဟာ အားလုံးရဲ့ အခြေခံ ဖြစ်ပါလိမ့်မယ်။ နောက်တတိယတစ်ခုက ဘာလဲ? နေက္ခမ္မပါဘုရား။ နေက္ခမ္မ-ဆိုတာ ဘယ်လို translate (ဘာသာသာပြန်)လုပ်ချင်လဲ? တောထွက်တာလား? တောထဲမှာ အခုလူတွေ အများကြီးပဲ။ ဘုန်းကြီးတွေရော၊ ကလေးတွေရော၊ ကျောင်းသား တွေရော၊ စစ်သားတွေရော၊ ကချင်တွေရော၊ ကရင်တွေရော အများကြီးပဲ။ ဒါ…တောထွက်တာလား?။ အဲဒါနေက္ခမ္မဆိုတဲ့ စာလုံးကို ဘုန်းကြီးတို့က တောထွက်တာလို့ မဆိုချင်ဘူး။

Renounce-စွန့်လွှတ်တာ။ ဘာလုပ်တာလဲ? စွန့်လွှတ်တာပါဘုရား။ အားလုံးစွန့်လွှတ် နိုင်မှ။ သိဒ္ဓတ္ထက ထိပ်တန်းကနော်။ ဟို…သမ္မာသမ္ဗုဒ္ဓကိုမပြောပဲ စကားလုံးတစ်လုံး ပြောပါ့မယ်။ Most perfect one- လောကမှာ အပြည့်စုံဆုံး ပုဂ္ဂိုလ် တစ်ယောက်၊ လောကရဲ့ အထိပ်တန်း အပြည့်စုံဆုံးသော ပုဂ္ဂိုလ်တစ်ယောက် ဖြစ်လာဖို့ရန်အတွက် သူဘာလုပ်ရတာလဲ?။ ယသောဓရာနဲ့ (၁၃)နှစ်လောက် ကာမဂုဏ်စည်းစိမ်ခံစားနေပေမယ့် အဲဒါကို ဘာလုပ် ပစ်ရလဲ?။ စွန့်ပစ်ရပါတယ်ဘုရား။ စွန့်ပစ်ရတယ်… renounce-ဆိုတာ ဒါကို ပြောတာ။ တောထဲသွားနေကို ပြောတာမဟုတ်ဘူး။ renounce- စွန့်ကြ။ ဒီစည်း စိမ်းချမ်းသာလေးကို မစွန့်လွှတ်နိုင်ရင်, မက်မောနေရင်, သာယာမှုလေးတွေကို မစွန့်လွှတ်နိုင်ရင် လောကမှာ ဘယ်တော့မှ ရှေ့တန်းမရောက်ဘူး၊ ထိပ်တန်း မရောက်ဘူး။

 renounce-ဆိုတာ စွန့်လွှတ်တာ။ နန်းတော်ကြီးလည်း စွန့်ရတယ်၊ မကြာခင်မှာ သုဒ္ဓေါဒနက သူ့ကို ဘာလုပ်တော့မှာလဲ?။ နန်းလွှဲတော့မယ်၊ ဘုရင် လွှဲတော့မယ်။ အဲဒီတော့ မင်းစည်းစိမ်ပါ ဘာလုပ်ရလဲ? အဲဒီတော့ ဒီလိုပြောရင် စိတ်မဆိုးနဲ့။ Renounce the power-သူရမည့် အာဏာပါဝါတွေကို သူဘာလုပ်သွားလဲ?။ စွန့်တာ။ အဲလိုစွန့်တဲ့အတွက်ကြောင့် သူဘာဖြစ်သွားလဲ? ဗုဒ္ဓဖြစ်တာ။ အဲဒါကြောင့် ခန္ဓာကိုယ်ရဲ့ သက်သာမှုကလေးတွေ မစွန့်လွှတ် နိုင်သေးသမျှ, မက်မောစရာလေးတွေကို မစွန့်လွှတ်နိုင်သေးသမျှ ဘာဖြစ်လဲ? ဘယ်တော့မှ ထိပ်တန်းတစ်နေရာကို မရဘူး။ စွန့်လွှတ်ချင်တဲ့ စိတ်ဓာတ်ကို အားလုံးမွေးကြ။

Renounce-ဆိုတာ အဲဒါပါပဲ။ We should sacrifice and renounce our time. အချိန်၊ ကျုပ်မအားဘူး၊ ကျုပ်အချိန်၊ ကျုပ်အတွက် အလုပ် လုပ်ရအုန်းမယ်။ သူများအတွက် အချိန်မပေးနိုင်ဘူး၊ တိုင်းပြည်အတွက် အချိန်မပေးနိုင်ဘူး၊ လူသားတွေ အတွက် အချိန်မပေးနိုင်ဘူး၊ လုပ်သမျှ ကိုယ့်အတွက်ကိုချည်း အချိန်ကို အသုံးချတာ။ အချိန်ကိုလည်း မစွန့်လွှတ်နိုင်ဘူး။ နောက်တစ်ခုက as long as we should not renounce money- ပိုက်ဆံငွေကြေးလည်း အဆုံးရှုံးမခံနိုင်ဘူး၊ Power-ကိုယ့်ရဲ့ တန်ခိုးသြဇာ ပါဝါကိုလည်း မစွန့်လွှတ်နိုင်ဘူး။ Sensual pleasure-စည်းစိမ်ခံစားရတာ တွေကိုလည်း မစွန့်လွှတ်နိုင်ဘူး၊ for the welfare of the nations-

သူတပါးတို့ရဲ့ အကျိုးစီးပွားအတွက် ကိုယ့်ရဲ့ အချိန်၊ ကိုယ့်ရဲ့ စီးပွားဥစ္စာ၊ ကိုယ့်ရဲ့ သက်သာမှုတွေကို မစွန့်လွှတ်နိုင်သေးသမျှ မက်မောစရာလေးတွေကို မစွန့်လွှတ် နိုင်သေးသမျှ ဘယ်တော့မှ ထိပ်တန်းကို မရောက်ပါဘူး။ အဲဒါကြောင့် renounce-ဆိုတဲ့ နေက္ခမ္မပါရမီဟာ ကိုယ့်ရဲ့ possession, ကိုယ့်ရဲ့ power, ကိုယ့်ရဲ့ ပိုင်ဆိုင်မှု, ကိုယ့်ရဲ့အချိန်, ကိုယ့်ရဲ့ သက်သာမှုတွေကို ဘာလုပ်တာလဲ? သူတပါးတို့ အတွက် များများကြီး စွန့်လွှတ် နိုင်အောင် ကြိုးစားကြပါလို့ ဒီအချက်တော့ ဒါပြောသွားတာ။ We would never minister the services to the nations as long as we could not renounce- မစွန့်လွှတ်နိုင်သေးသမျှ။ We would never minister the services to the nations-လူတွေရဲ့ အကျိုးစီးပွားကို တို့မလုပ်နိုင်ဘူး။

 နောက် နံပါတ် (၄)ဘာပါလိမ့်? ပညာပါဘုရား။ ပညာ- removing the ignorance-မိမိ နှလုံးသားထဲမှာ ဘာကို ဖယ်နိုင်ဖို့လဲ?၊ အ၀ိဇ္ဇာကို ဖယ်နိုင်ဖို့ လိုတယ်။ The darkness of delusion in life- ဘ၀ရဲ့ အမှောင်တွေကို အကုန်လုံး ဘာလုပ်ရမလဲ? ဖယ်ထား နိုင်ရမယ်။ This is right and this is wrong- မှားလား? မှန်လား? မသိတဲ့ အဲဒီအ၀ိဇ္ဇာတရားကို ဖယ်ပစ်။ Understanding the true and understanding the reality- အရှိတရား အမှန်တရားကို နားလည်အောင် လုပ်ကြ။ Seeing the realistic nature and reviewing the correct vision are very important to make balanced decisions-

သိပ်အရေးကြီးတယ်, correct vision။ သမ္မာဒဿနမရှိသေးသမျှ ဘာဖြစ်လဲ? မှန်ကန်သော ဆုံးဖြတ်ချက်ကို မချနိုင်ဘူး။ အသိဉာဏ်က Clear vision-ရှင်းလင်းသော အသိဉာဏ်မရှိသေးသမျှ ဘာဖြစ်လဲ? ဆုံးဖြတ်ချက်တွေ ဘာတွေ ချချ မမှန်နိုင်ဘူး။ မှားတဲ့ဆုံးဖြတ်ချက် တစ်ခုကို ချလိုက်မိပြီဆိုလို့ရှိရင် အဲဒါကိုလုပ်တဲ့ ပုဂ္ဂိုလ်တွေ အဲဒီဆုံးဖြတ်ချက် နောက်မှာ ခံရတဲ့ ပုဂ္ဂိုလ်တွေရဲ့ ဒုက္ခအစဉ်အဆက်ကြီးကတော့ အဆုံးသတ်ဖို့ မလွယ်ဘူး။ အဲဒါကြောင့် ပညာအရေးကြီးပါတယ်။ ဘုန်းကြီးတို့ မနေ့တစ်နေ့က အမေရိကက ပြန်လာတော့ Barnes and Noble-ဆိုတဲ့ စာအုပ်ဆိုင်ကို သွားပြီးတော့ ဘုန်းကြီးက စာအုပ်တွေကို သွားနေ့ကျဆိုင်မှာ ၀င်ရှာတော့ စာအုပ်ကြီးတစ်အုပ် တွေ့တယ်။ ဗမာလို ပြောမယ် "ကမ္ဘာမှာ အဆိုးဝါးဆုံးသော ဆုံးဖြတ်ချက်ကြီးများရဲ့ သမိုင်း"ဆိုတဲ့ စာအုပ်ကြီး တစ်အုပ်ကိုတွေ့တော့ ဘုန်းကြီးက ပျော်ပျော်ပါးပါးနဲ့ ၀ယ်လာခဲ့တယ်။

ဘယ်ကစဆုံး ဖြတ်ထားသလဲဆိုတော့ အာဒံနဲ့ဧ၀တို့၊ အီဗရာဟင် တို့က စပြီးတော့ သူတို့ဆုံးဖြတ်တွေကို မှားလို့ ဒီကနေ့ ကမ္ဘာကြီးမှာ the passion-ဆိုတဲ့ ရာဂတွေ တိုးပွားနေတယ် ဆိုတဲ့အကြောင်း အဲဒီလူက ရေးထားတယ်။ ခရစ်ယာန်တွေကို သူကရေးထားတယ်။ စာအုပ်ကတော်တော် ကောင်းတယ်။ The history the words dicession of the world- ဆိုတဲ့ စာအုပ်တစ်အုပ်ရှိတယ်။ အဲဒါကြောင့် ဆုံးဖြတ်ချက်တစ်ခုချတော့မယ် ဆိုရင် ဘာလိုလဲ?။ ပညာလိုတယ်။ ပညာမပါပဲ ဆုံးဖြတ်ချက်ချတဲ့ ဆုံးဖြတ်ချက်တွေဟာ မှန်ကန်ဖို့ ခက်ခဲတယ်။ အဲဒါကြောင့် ဘုရားလောင်းရဲ့ ပါရမီမှာ ဘာ Quality-လဲ? ပညာပါရမီ။ အားလုံး ဘုရားလောင်းကျင့်စဉ်ကို ကျင့်ကြတဲ့ ဒီအမျိုးကောင်းသားတွေဟာ ပညာကို လေ့လာကြပါ။ အဲတော့ ကျောင်းတက်မှ ပညာရမယ်လို့တော့ တဖက်သတ်ကြီး မမှတ်နဲ့။ ကျောင်းမတက်ဘဲလည်း ပညာတွေ ရနိုင်ပါတယ်။ ဘုန်းကြီးတို့ နီတိမှာ စာတစ်ခုရှိတယ် "လောကော သတ္တာန-မာဆေရော။ The whole world is our teacher. လောကကြီးတစ်ခုလုံးဟာ ကျွန်ုပ်တို့ရဲ့ ဆရာသမား"။

 နေ့စဉ် နေ့စဉ်မြင်နေကြတဲ့ အရာအကုန်လုံးက ကျွန်ုပ်တို့ရဲ့ ဆရာသမားတွေ။ အဲဒါတွေ အားလုံးကို ယူသင့်တာ ယူထား၊ ဖယ်သင့်တာကို ဖယ်ထား။ အားလုံးဟာ ပညာပဲ။ Invaluable to decision makers။ Wisdom guided by awareness-သတိနဲ့ ထိန်းချုပ်ထားတဲ့ ပညာ။ is invaluable- အလွန်တရာ တန်ဖိုးကြီးမားတယ်။ ဘာတွေအတွက်လဲ? To decision makers-ဆုံးဖြတ်ချက် တစ်ခုကို ချချပေးမည့် လူတွေအတွက် သတိနဲ့ ထိန်းချုပ်ထားသော ပညာသည် အလွန်တရာ တန်ဖိုး ကြီးပါတယ်။ နောက်တစ်ခုဘာလဲ ပရိသတ်? ၀ီရိယပါဘုရား။ ၀ီရိယ endeavor။ ၀ီရိယဆိုတဲ့ ဥစ္စာဟာ အဓိပ္ပါယ် နှစ်မျိုးပြောလို့ ရပါတယ်။ တစ်မျိုးက ၀ီရ- ရဲရင့်သော စိတ်ထား၊ ရဲရင့်တယ်ဆိုတာ သတ်ဖို့၊ ဖြတ်ဖို့၊ ခိုးဖို့၊ လုယက်ဖို့၊ နှိပ်စက်ဖို့ ရဲရင့်တာကို မဆိုလိုပါဘူး။ ဘာလုပ်ဖို့ ရဲရင့်ရမလဲ? အေးသလား?

ဒီလောက် အေးနေတဲ့ အချိန်ကြီးမှာ အလုပ် လုပ်စရာရှိတယ်၊ အဲဒီအေးနေတဲ့ အရာကို ရဲရဲတင်းတင်း ရင်ဆိုင်ပြီး သွားလုပ်ပါ။ သိပ်ပူတယ်၊ ပူနေတုန်းလည်း ပူနေတာကို ရဲရဲတင်းတင်းရင်ဆိုင်ပြီးတော့ လုပ်ရမည့် ကိစ္စကိုလုပ်သာလုပ်။ ပူလို့ နောက်ဆုပ်နေမယ်၊ အေးလို့ နောက်ဆုပ်နေမယ်ဆိုရင် ဘာဖြစ်မလဲ? အကုန်လုံး အခွင့်အရေးတွေ ဆုံးရှုံးမယ်။ အဲဒါကြောင့် ၀ီရဆိုတာ အေးတာတို့, ပူတာတို့, စောခြင်းတို့, နောက်ကျခြင်းတို့, နေကောင်းခြင်းတို့, နေမကောင်းခြင်းတို့, ချစ်သူနဲ့ ခွဲရခြင်းတို့, မုန်းသူနဲ့ တွဲရခြင်းတို့ကို ရင်ဆိုင်ရဲတဲ့ သတ္တိကို ဘာခေါ်သလဲ? ၀ီရလို့ ခေါ်ပါတယ်ဘုရား။ အဲဒီ "၀ီရရှိတဲ့ ပုဂ္ဂိုလ်ကို ၀ီရိယရှိတဲ့ ပုဂ္ဂိုလ်"လို့ ခေါ်တာပါပဲ။ အဲဒီ ၀ီရစိတ်နဲ့ အားထုတ်တဲ့အခါမှာ right endeavour-အရေးကြီးပါတယ်။ Right endeavourer-ဆိုတာက မိမိအတွက်လည်း အကျိုးရှိမယ်၊ သူတပါးလည်း အကျိုး ရှိမယ် နှစ်ဦးနှစ်ဖက် အကျိုးရှိမယ်ဆိုရင် ဒါ endeavour-ပဲ။ ကိုယ့်အတွက်သာ အကျိုးရှိပြီး သူတပါးအတွက် အကျိုးမရှိဘူးဆိုလို့ရှိရင် အဲဒီကိစ္စကို အားထုတ်ဖို့ အများကြီး ကျိုးစားရမယ်။ လောကရေးရာဆိုရင်တော့ ဒါကို လုပ်ဖို့ စဉ်းစားရမယ်။

 ဓမ္မရေးရာမှာ ဆိုရင်တော့ ကိုယ့်အကျိုးစီးပွားအတွက် ဒါကို လုပ်လို့ရပါတယ်။ အဲဒါ Right endeavourer-မှန်ကန်စွာ အားထုတ်ခြင်း။ Striving steadfastly without slacking in efforts and perseverance is the perfection of right endeavor-ဒါဟာ perfection-တစ်ခုပဲ။ ပါရမီကို perfection-လို့ ခေါ်တယ်နော်။ If you want to perfect man, we should follow ten perfections. နောက်တခုက ဘာတဲ့လဲ ပရိသတ်? ခန္တီပါရမီပါဘုရား။

ခန္တီလည်းပဲ ဘယ်ထဲ ပါသလဲ? ပါရမီထဲပါပါတယ် ဘုရား။ ခန္တီအကြောင်း ပြောပြီးပီ။ မြေကြီးလို ကျင့်ကြ။ နောက်တစ်ခုက ဘာတဲ့လဲ ပရိသတ် ခန္တီပြီးတော့? သစ္စာပါရမီပါဘုရား။ သစ္စာ။ အဲဒါကိုလည်း ရေးထားတဲ့ ဘုန်းကြီးရဲ့ စာတမ်းလေး ဖတ်ပြီးတော့ အပြည့်အစုံ ပြောပြမယ်။ Leaders, any leaders should not utter-မပြောသင့်ဘူး။ Any conscious lies- သိလျက်နဲ့ မဟုတ်တာကို မပြောနဲ့။ For the sake of wealth and power-စီးပွားဥစ္စာနဲ့ ပါဝါအတွက် သိလျက်နဲ့ မဟုတ်တာကို မပြောရဘူး။ They should not be swayed by desire-ရာဂကြောင့်လည်းပဲ လောဘနဲ့ပဲလည်း မဟုတ်တာကို မပြောရဘူး။

 ဒေါသကြောင့်လည်းပဲ မဟုတ်တာကို မပြောပါနဲ့။ They should not be swayed by fear- ကြောက်လို့လည်းပဲ မဟုတ်တာကို မပြောပါနဲ့။ They should not be swayed by delusion- မသိသဖြင့် မောဟ လွမ်းပြီးတော့လည်း မဟုတ်တာကို မပြောပါနဲ့။ Leaders should constantly establish the Perfection of Truthfulness-မှန်ကန်စွာ ပြောဆိုတဲ့ အလေ့အကျင့်ကို အားလုံး စနစ်တကျ တည်ဆောက်ကြပါ။ Which is speaking only the truth with no duplicity in speech- စကားထဲမှာ နှစ်ခွန်းမရှိပါစေနဲ့၊ နှစ်မျိုးမရှိပါနဲ့။ Planet Venus pursues its own course through all the seasons- Planet Venus- ဘာလဲ? အင်္ဂါဂြိုလ်လား? ကမ္ဘာမြောက်ဝင်ရိုးစွန်းမှာ သွားနေတဲ့ ဓူဝင်ကြယ်၊ ကမ္ဘာကြီးကို ပတ်နေတာ လမ်းကြောင်းလေး ပြောင်းပြီးတော့ ဟိုလမ်းကြောင်း ဒီလမ်းကြောင်းကနေ သွားအုန်းမယ်ဆိုပြီးတော့ ဘယ်တုန်းက သွားဘူးလဲ?။ ကမ္ဘာပတ်နေတဲ့ ကြယ်တာရာတွေ, လတွေ, နေတွေ, ဒီ orbits-တွေ, ဒီ planet-တွေဟာ ဒီ orbit-ကိုသာ ပြောင်းပြီးသွားရင် ကမ္ဘာကြီး ဘာဖြစ်မလဲ? ကမ္ဘာပျက်မယ်။ အဲဒါကို စံနမူနာထားပြီးတော့ မှန်ကန်သော လမ်းကြောင်းက အားလုံး လျှောက်ကြပါ၊

သစ္စာပါရမီ။ နောက်နံပါတ် (၈) ဘာပါရမီလဲ ပရိသတ်? အဓိဋ္ဌာနပါရမီပါဘုရား။ အားလုံး ဘုန်းကြီးက ဘုရားလောင်းကျင့်စဉ်ကို ပြောနေတာ။ စစ်ခေါင်းဆောင်အားလုံး၊ နိုင်ငံရေး ခေါင်းဆောင်အားလုံး, လူမှုရေး, ဘာသာရေး, သာသနာရေး ခေါင်းဆောင်အားလုံးကို ဘုန်းကြီးက ဘုရားလောင်းတွေလို ကြည်ညိုပြီး ပြောနေတာ။ အခု အဓိဋ္ဌာနပါရမီ- resolusion။ The leaders should make resolution as steadfast as a rocky mountain-ကျောက်တောင်ကြီးကဲ့သို့ ခိုင်မာသော ဆုံးဖြတ်ချက် ရှိရမယ်။ အခုတစ်မျိုး အခုတစ်မျိုး မလုပ်ရဘူး။ ဆုံးဖြတ်ချက်တစ်ခုချပြီးရင် အဲဒီ decision-ကို ချတော့မယ် ဆိုရင်လည်း ဘာနဲ့ ချရမလဲ? သတိနဲ့ ထိန်းထားတဲ့ ပညာနဲ့ ဆုံးဖြတ်ချက် ချရင် အဲဒီဆုံးဖြတ်ချက်သည် မမှားဘူး။ အဲဒီမှန်ကန်တဲ့ အကျိုးရှိမည့် ဆုံးဖြတ်ချက်ကို ချပြီးရင် ကျောက်ထဲမှာ စိုက်ထောင်ထားတဲ့ ကျောက်တိုင်လိုဆို ဘာဖြစ်မလဲ? ဒီဆုံးဖြတ်ချက်ဟာ ခိုင်းမြဲနေရမယ်။ ဖွဲထဲမှာ, သဲထဲမှာ စိုက်ထားတဲ့ တိုင်လို ရိုင်မနေရဘူး။ Which never trembles when the storm beats upon it- မုန်တိုင်းတွေ တိုက်ချင်တိုင်း တိုက် ကျောက်ထဲမှာ စိုက်ထားတဲ့ ကျောက်တိုင်က ဘယ်တော့မှ မယိမ်းယိုင်ဘူး။ Likewise, leaders must be unshaken in their resolution- ဆုံးဖြတ်ချက်တွေ အားလုံး ဘယ်တော့မှ မယိမ်းယိုင်ပါစေနဲ့။

 နောက် နံပါတ် (၉) ဘာပါရမီလဲ? မေတ္တာပါရမီပါဘုရား။ မေတ္တာ- ပြောပြီး သွားပြီ။ မေတ္တာကဘာနဲ့ တူတဲ့အကျင့်လဲ?၊ ရေနဲ့ တူတဲ့အကျင့်ပါဘုရား။ ရေလို ကျင့်ကြပါ။ လူကောင်းတွေသောက်လည်းပဲ၊ သူတော်ကောင်းတွေ သောက်လည်းပဲ ဘာဖြစ်လဲ? အေးချမ်းတယ်။ လူမိုက်တွေ လူဆိုးတွေသောက်လည်း အေးချမ်းတယ်။ လူကောင်း လူဆိုး နှစ်မျိုးလုံးကို ရေသည် အေးချမ်းစေသလိုပဲ ရန်သူမိတ်ဆွေ အားလုံး ဘာဖြစ်ပါစေလဲ? အေးချမ်းပါစေလို့ နှလုံးသွင်းကြပါ။ မေတ္တာ။ နောက်ဆုံး နံပါတ် (၁၀) ဘာပါရမီလဲ ပရိသတ်? ဥပေက္ခာပါရမီပါဘုရား။ ဥပေက္ခာ။ We all leaders, any leaders, religious leaders, national leaders, social leaders, political leaders, any leaders should not be perturbed by prosperity-

စီးပွားဥစ္စာတွေကြောင့် စိတ်တွေ ဘာဖြစ်ရမလဲ? စိတ်တွေ မယိမ်းယိုင်ရဘူး။ and adversity gain and lost- Gain-အသစ်ရတာ, စိတ်က ဘာဖြစ်လာလဲ? စိတ်က မြှောက်သွားတယ်။ Lost-ဘာဖြစ်လဲ? ဆုံးရှုံးကုန်ပြီ၊ စိတ်ဓာတ်တွေကျလာတယ်။ သိပ်အောင်မြင်နေပြီ ဘာဖြစ်လဲ? မြောက်ကြွကြွ ဖြစ်လာတယ်။ ဆုံးရှုံးကုန်ကြပြီး စိတ်ဓာတ်တွေ ကျလာတယ်။ Gain and lost-အဲဒီ နှစ်ခုကြောင့် စိတ်က ဘာဖြစ်ရလဲ? မယိုင်ရဘူး။ Honor- ဂုဏ်ကျေးဇူး အပြောခံရတယ်။ Censure- ကဲ့ရဲ့ခံရတာ။ ဂုဏ်ကျေးဇူးအပြောခံရလို့ ဘာဖြစ် လာသလဲ? ငါပဲကွ ငါပဲကွ ငါ့အတွက် ဒါပြောတာ။ ဒါငါလုပ်တာ။ ကဲ့ရဲ့လာတော့ ငါမဟုတ်ဘူး၊ ဒါ ငါမလုပ်ဘူး၊ ဟိုကောင်တွေ။ ဘုန်းကြီးတို့ဆရာ အနီးစခန်း ပြောတယ်။ အင်္ဂလိပ်ကြီး အမဲပစ်သွားတာ ဗမာအရာရှိတွေ နောက်ကလိုက်ရတယ်။

အင်္ဂလိပ်အုပ်ချုပ်တဲ့ခေတ်က အင်္ဂလိပ်အရေးပိုင်, ဗမာပြည်မှာ အုပ်ချုပ်နေတာ အတော်ကြာလာတော့ ဗမာစကားလေး မတောက်တခေါက် ပြောတတ် လာတယ်။ ဗမာအရာရှိတွေက နောက်က လိုက်ရတယ် တောထဲသွား အမဲပစ်တယ်။ ဒိုင်း. . .ဆို ပစ်ချလိုက်တယ်၊ သမင်ကို တည့်တည့် မှန်တယ်။ အဲဒီ အင်္ဂလိပ်အရေးပိုင် ပစ်တာ မမှန်ဘူး။ သူ့နောက်က မြို့ပိုင် ပစ်တာ မှန်တယ်။ ဟိုမှာ သွားကြည့်တော့ သမင်လေးဆိုတော့… အင်္ဂလိပ်အရေးပိုင်က ရိုင်ဖယ်ကြီးကို ကိုင်ပြီးတော့ ဒါ နာကျစ်တာကွ၊ ဒါ နာကျစ်တာ။ မြို့ပိုင်က ပစ်တာ, အင်္ဂလိပ် အရေးပိုင်က ပစ်တာကို မဟုတ်ဘူး။ သမင်ကို ပစ်တာ မှန်တိုင်း မှန်တိုင်း ငါကျစ်တာချည်းပဲကို လုပ်တာ, အင်္ဂလိပ်အရေးပိုင်။ နောက်ကျတော့ ဒိုင်း…ဆို ပစ်လိုက်တာ သမင်မဟုတ်ဘူး၊ ယာခုတ်နေတဲ့ လူကြီးကို မှန်တာ၊ သွားကြည့်တော့ လူသွားမှန်တာ…၊ အဲဒီတော့ အင်္ဂလိပ်ကြီးက ဟင်း. . .ဒါ ငါကျစ်တာ မဟုတ်ဘူး၊ နင် ကျစ်တာ။

အဲဒီတော့ ကောင်းလာလို့ ဆိုရင်တော့ ငါပဲ၊ ဆိုးလာလို့ဆိုရင်တော့ နင်ပဲ။ အဲဒီလို မလုပ်ကြနဲ့။ We all leaders should not be perturbed by prosperity and adversity, gain and lost, honor and censure. A leader must have the quality of equilibrium of mind- စိတ်ဓာတ်က ဘာဖြစ်ရမလဲ? တညီတည်း ရှိရမယ်။ ကောင်းချင်လည်း ကောင်း၊ ဆိုးချင်လည်း ဆိုး၊ တညီတည်း။ ဗုဒ္ဓရဲ့ Middle way-က နေရာတကာမှာ ၀င်တယ်။ အခုနက ခန္တီမှာကြည့် ဘာဖြစ်သလဲ? ချေးယို သေးပေါက်လည်း ခံရတယ်၊ စိတ်မပျက်နဲ့။ ချေးနဲ့ သေးနဲ့ အပက်ခံရလည်း စိတ်မပျက်နဲ့။ ပန်းကုံး အဆက်ခံရလည်း စိတ်မမြောက်နဲ့။ Middle way-ပဲ ကျင့်ရမယ်။ မေတ္တာကျတော့ ဘာဖြစ်လဲ? ကောင်းတဲ့လူတွေလည်း ချမ်းသာ ကြပါစေ၊ ဆိုးတဲ့လူတွေလည်း ကျန်းမာပါစေပဲ။ Middle way-ပဲ။

ဗုဒ္ဓရဲ့ Middle way-က in every case-ပဲ။ You can apply။ အဲဒါကြောင့် Buddhist Acadamy-က ဘာတွေကို သင်မလဲ? Apply Buddhism-ကို သင်တာ။ ဗုဒ္ဓတက္ကသိုလ်ရဲ့ ရည်ရွယ်ချက်သည် ဘာလုပ်ကြမလဲ? သံဃာငယ်တွေကို apply Buddhism- လောကကြီး လူတကာနဲ့ အသုံးချနိုင်တဲ့ ဗုဒ္ဓရဲ့ အဆုံးအမတွေကို သင်ပေးမယ်၊ လူနဲ့ တထပ်တည်း ဖြစ်အောင်။ အဲဒါကြောင့် Morning class-ဘုန်းကြီးတို့ ဒကာ ဒကာမတွေအတွက် ဖွင့်မယ်ဆိုတာကလည်း အဲဒါပါပဲ။ Apply Buddhism-ကို သင်ပေးမယ်။ Equilibrium of mind- ဥပေက္ခာဆိုသည်ကား ကောင်းသော အနေအထား၊ ဆိုးသော အနေအထား ဘယ်အနေအထားမှာ မဆို စိတ်ကို ဘယ်လိုထားရမလဲ? Equal, stability သာတူ ညီမျှဖြစ်အောင်၊ ငြိမ်နေအောင် အားလုံး ကျင့်သုံးကြ။ ဒါပြောပါတယ်။ We should go through middle way by being always evenly balanced in both favor and fear without attachment- သိပ် favor-ရရင်လည်း do not attach-ပဲ။ fear-ဖြစ်လာရင်လည်း do not deattach။ အဲဒီနှစ်ခုကို လွတ်အောင် အလယ်ကသွားကို ဘာခေါ်သလဲ? Equanimity။

အဲဒါတွေ အားလုံးဟာ ဘယ်သူ့ကျင့်စဉ်တွေလဲ? ဘုရားလောင်း ကျင့်စဉ်။ ဒါတွေကို ပါဠိလို ဘာခေါ်သလဲ? ပါရမီ။ ပါရမီကို အင်္ဂလိပ်လို ဘာသာပြန်တော့ Perfection။ အားလုံးသော ဘ၀သံသရာတစ်လျှောက်လုံးက ဆွေမျိုးမတော်ခဲ့ဘူးသော ပုဂ္ဂိုလ်သတ္တ၀ါမရှိဆိုတဲ့ မြတ်စွာဘုရားရဲ့ အနမတဂ္ဂ သုတ်တော်အရ ဒီကနေ့ ဘုန်းကြီးတို့ ပြောဆိုတဲ့ တရားစကား လာရောက် နားထောင်ကြတဲ့ အမျိုးသား အမျိုးသမီးအားလုံးဟာ ဘုန်းကြီးတို့ရဲ့ ဘ၀ဟောင်းက ညီအစ်ကို မောင်နှမဟောင်းတွေပါလို့ ဘုန်းကြီးတို့ ဒီလို သဘောထားပြီးတော့ တိုင်းပြည်နဲ့ လူမျိုးအတွက် အလုပ် လုပ်ကြတဲ့ လုပ်ငန်းဟာ ဘာလုပ်ငန်းလဲ? ဘုရားလောင်း လုပ်ငန်း, အဲဒါကြောင့် ဘုရားလောင်းကျင့်စဉ် (၁၀)ပါးကို Leadership quality-များအနေနဲ့ ဘုန်းကြီးတို့ ဒီကနေ့ ပြောပြပါတယ်။

 နိုင်ငံမှာ ခေါင်းဆောင်ကြတဲ့ ပုဂ္ဂိုလ်တွေ၊ အသင်းအဖွဲ့တွေမှာ ခေါင်းဆောင်ကြတဲ့ ပုဂ္ဂိုလ်တွေ လူလူချင်း တစ်ယောက်နဲ့ တစ်ယောက်၊ တစ်ယောက်အကျိုးစီးပွားကို တစ်ယောက်က ဆောင်ရွက်တဲ့အခါမှာ ဘာသာရေး ခေါင်းဆောင်များသည်ပင် ဒီအတိုင်း ပါရမီ (၁၀)ပါးလမ်းစဉ်အတိုင်း (Ten kinds of perfections)ဆိုတဲ့ ပါရမီ (၁၀)ပါးအတိုင်း အားလုံးကျင့်သုံးနိုင်ကြမယ်ဆိုရင် တိုင်းသူပြည်သား လူအများလည်း သူတို့ရဲ့ အကျိုးစီးပွားတွေ ဘာဖြစ်လာမလဲ? Perfect- တိုင်းသူပြည်သား လူအများရဲ့ အကျိုးစီးပွားလည်း perfect-ဖြစ်လာအောင်၊ ခေါင်းဆောင်တွေ အားလုံးကလည်း ဘာဖြစ်လဲ? Perfect men-တွေ ဖြစ်လာအောင် ဒီ ten kinds of perfection-ဆိုတဲ့ ပါရမီ (၁၀)ပါး အားလုံးကို လိုက်နာ ကျင့်သုံး ပြီးတော့ တိုင်းပြည်ရဲ့ အကျိုးစီးပွားအားလုံး ပြည့်စုံအောင် ကျင့်သုံးကြပါ၊ ကျင့်သုံးနိုင်ကြပါစေဆိုတာ ဘုန်းကြီးက လေးနက်စွာ တိုက်တွန်းပြီးတော့ ဘုန်းကြီးရဲ့ ဒီမှာတင် နိဂုံးချုပ်အပ်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။ သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ သီတဂူဆရာတော်ဒေါက်တာအရှင်ဉာဏိဿရ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊Align Left အဂ္ဂမဟာဓမ္မကထိက (Ph.D., D.Litt.)

=========================================================
အားပေးမှုကို ကျေးဇူးတင်ပါတယ် ဒီမှာ သွားလိုက်ဦးနော်။
-------------------------------------------------------------------------------------------------------




Translate

သုခအောင် (စာအုပ်စင်)သို့ လာရောက်လည်ပတ်ကြကုန်သောမိတ်ဆွေအားလုံးကိုအထူးကျေးဇူးတင်ပါတယ်၊ အကြံပေးချက်ကို ကြိုဆိုလျက်ပါ။ ဖုန်း- 09-400700358/09-760136274 သို့ဆက်သွယ်အကြံပြုနိုင်ပါတယ်။

Followers