အောင် မိတ္တူ၊ ဖိတ်စာလုပ်ငန်း

အမှတ်(ဗ/၀၂၇)၊ မြို့မ(၁)ရပ်ကွက်၊ ပြည်ထောင်စု(၁)လမ်၊း မောတောမြို့။ဖုန်း-၀၉-၇၆၅၇၀၀၃၅၈ / ၀၉-၇၆၀၁၃၆၂၇၄

အောင်မိတ္တူ၊ ဖိတ်စာလုပ်ငန်း၊

အမှတ်(ဗ/၃၀) ပြည်ထောင်စု(၁)လမ်း၊ မြို့မ(၁)ရပ်ကွက်၊ မောတောင်မြို့။ ဖုန်း-၀၉ ၇၆၀၁၃၆၂၇၄ / ၀၉ ၇၆၅၇၀၀၃၅၈

အောင် မိတ္တူ၊ ဖိတ်စာလုပ်ငန်းမှကြိုဆိုပါတယ်ချင်ဗျာ.........

ကွန်ပျူတာစာစီခြင်း၊ မိတ္တူဆွဲခြင်း၊ လိပ်စာကဒ်၊ ဖိတ်စာ၊ ဗီနိုင်းကြော်ငြာများကို အချိန်မှီရနိုင်ပါသည်။

ကြော်ငြာထည့်ရန်။

ဖုန်းနံပါတ်-၀၉၇၇၅၇၈၄၄၃၄

ကြော်ငြာထည့်ရန်။

ဖုန်းနံပါတ်-၀၉၇၇၅၇၈၄၄၃၄

ကြော်ငြာထည့်ရန်။

ဖုန်းနံပါတ်-၀၉၇၇၅၇၈၄၄၃၄

Name

ဖုန်းနံပါတ်-၀၉၇၆၅၇၀၀၃၅၈ သို့ဆက်သွယ်ရန်။

အောင်မိတ္တူမှ ‌ဗီနိင်းကြော်ငြာ၊ ဗီနိုင်းစတေကာ၊ ဖိတ်စာ၊ ဓာတ်ပုံပုံကြီးချဲ့၊ ဘောင်သွင်းဆိုက်စုံရပြီ။

ဖုန်း/09765700358/ 09775784434 သို့ဆက်သွယ်အပ်နှံနိုင်ပါပြီ။ အွန်လိုင်းစနစ်ဖြင့်ဆောင်ရွက်နိုင်ပါပြီ။ အောင်မိတ္တူ၊ မောတောင်မြို့။

Translate

သုခအောင် (စာအုပ်စင်)သို့ လာရောက်လည်ပတ်ကြကုန်သောမိတ်ဆွေအားလုံးကိုအထူးကျေးဇူးတင်ပါတယ်၊ အကြံပေးချက်ကို ကြိုဆိုလျက်ပါ။ ဖုန်း- 09-400700358 /09-775784434 သို့ဆက်သွယ်အကြံပြုနိုင်ပါတယ်ခင်ဗျာ။

Sep 7, 2017

အုတ်ခဲပုံကြီးကို ရှိခိုးဦးချ နေခြင်းမဟုတ်




.   "   ခြေ လက် နဖူး တံတောင် ဒူး ဖြင့် ထိခြင်းငါးပါး
  ရင်ဝယ်ပိုက်ခါ  လက်ဆယ်ဖြာမိုး ရှိခိုး ကန်တော့ပါ၏ "

         * အုတ်ခဲပုံကြီးကို ရှိခိုးဦးချ နေခြင်းမဟုတ် *
             ~~~~~~~~~~~~~~~~~~~~
တစ်ခုချင်းစီ၏ အဓိပ္ပါယ် အကျ ဉ်းများမှာ -

(၁) တံခွန်တိုင် = မာန ( ရတနာတော်မြတ် ၃ ပါးအား ဖူးမျှော်မာန်လျော့ ကန်တော့ရန်)

(၂) ပန်းတင်ခုံ = ပတ္ထနာ - နိဗ္ဗာန်ရောက်ကြောင်း ဆုတောင်းရန်

(၃) ရှစ်မြှောင့် = မွေးခြင်း(၄)မျိုး+ သေခြင်း(၄) မျိုးကို နှလုံးသွင်းဆင်ခြင်ကြရန်

(၄) ကြီဝင်း-၅ခု = ဂတိ-၅ပါးမှ လွတ်အောင် ကြိုးစားကြရန်

(၅) ခါးစည်း = သီလ/သမာဓိ/ပညာ ဟူသော အဓိသိက္ခာ-၃ပါးဖြင့် ခါးကိုစည်းနိုင်ကြရန်

(၆) ခေါင်းလောင်း = မိမိတို.၏ ကုသိုလ်ကောင်းမှုများကို ကုသိုလ်ငတ်မွတ်နေသောသတ္တ၀ါများသို့ မျှဝေပေးရန်

(၇) ဖောင်းရစ်-၇ရစ် = ၀ိသုဒ္ဓိ ၇ပါး(စင်ကြယ်ခြင်း ၇မျိုး)ပြည့်စုံအောင်ကြိုးစားကြရန်

(၈) သပိတ်မှောက် = တဏှာ/မာန/ဒိဌိ(အယူမှား) ဟူသော သံသရာနယ်ချဲ့တတ်သည့်ပပဉ္စတရား(၃)ပါးတို.ကို သပိတ်မှောက် ဆန့်ကျင်တော်လှန်ကြရန်

(၉) ဘီလူးပန်းဆွဲ-၁၆ခု = ဥာဏ်စဉ်-၁၆ပါး ရအောင်ကြိုးစားကြရန်

(၁၀) ကြာမှောက်/ကြာလှန်= ကြာပန်းသည် ဗုဒ္ဓမြတ်စွာဘုရား၏သင်္ကေတ

(၁၁) ထီးတော်ဘုံ ၇ဆင့် = အေးငြိမ်းသည့် အရိယာသူတော်စင်တို့ ရရှိခံစားရသည့်မဂ်(၃)တန်+ ဖိုလ်(၄)တန်(သောတာပတ္တိမဂ်အပါအ၀င်)

(၁၂) ငှက်မြတ်နား = ရဟန္တာအရှင်မြတ်တို. ခန္ဒာဝန်မချမီ  စာရေး စာချ တရားဟော တရားပြ/သာသနာပြုသူတော်မြတ်အလုပ်များဖြင့် ခေတ္တနားခိုရာ

(၁၃) စိန်ဖူးတော် = စိန်တွင် အညစ်အကြေးပါဝင်မှု ကင်းစင်သလို ကမ္ဘာပေါ်တွင် အမာဆုံးပစ္စည်းဖြစ်သလို၊ စိတ်အညစ်အကြေး
(ကိလေသာ) အားလုံး ကင်းစင်သည့် နိဗ္မာန်တရားတော်မြတ် 

သူတော်ကောင်းတရား လွှမ်းပတ်ကမ္ဘာတည်ပါစေ…

ယုတ်မာညစ်ဆိုး ဒုစရိုက်မျိုးကို
သူတော်လက်နက် တရားစက်ဖြင့်
ဖြိုဖျက်နိုင်ကြပါစေ…

အလောင်းအလျာ ဖြည့်ကောင်းရာသည့်
သုံးဖျာဆယ်လီ ပါရမီတော်တို့ကို
မလင့်ပုံသေ ဖြည့်ကျင့်နိုင်ကြပါစေကုန်သတည်း…

Crd-org

စေတီပုထိုး =  စေတိယ

စေတိယ-သဒ္ဒါသည် အမြတ်တနိုး ကိုးကွယ်ရာဟူသော အနက်အဓိပ္ပါယ်ကို ဟောဆိုပါသည်။ စေတီ, ပုထိုး ဟူသည် ဘုရားစေတီ၊ ဘုရားပုထိုး၊ လူ, နတ်, ဗြဟ္မာသတ္တဝါတို့ဖြင့် မြင့်မြင့်မောက်မောက် တည်ဆောက်ပြုလုပ်သော အရာပင်ဖြစ်၏။
ယင်းစေတီကို ပါဠိလို - စေတိယ၊ ထူပ၊
သကၠတလို - စဲတ်သၱဳပ၊
ကိုရီးယားလို - ထပ္ပဲ၊
သီဟိုဠ္လို - စဲတ်၊ စယ္ယသၱဳပ၊
အင်္ဂလိပ်လို - Pagoda, Dagoba, Shrine အသီးသီး ခေါ်ဝေါ်ကြသည်။

ဗုဒ္ဓဘာသာဝင်များက ရုပ်ပွားဆင်းတုတော်၊ သစ္စာလေးပါး သိမြင်တော်မူရာ ဗောဓိပင်နှင့် မြတ်စါာဘုရား၏ သရီရဓာတ်တော်များကို ဌာပနာသွင်း၍ တည်ထားသည့် မြင့်မြင့်မောက်မောက် အဆောက်အအုံကို စေတိယ-စေတီ (သို့) ထူပ-စေတီပုထိုး-ဟု ခေါ်ကြသည်။

လူ, နတ်, ဗြဟ္မာ သတ္တဝါတို့ ကောင်းစွာမြတ်နိုး ဆင့်ဆင့်တိုး၍ ကိုးကွယ်ရာစေတီတော်သည်-
၁။ ပရိဘောဂ စေတီ၊
၂။ ဓာတု စေတီ၊
၃။ ဓမ္မ စေတီ -ဟူ၍ သုံးမျိုးရှိသည်။

မြတ်စွာဘုရား၏ အသုံးအဆောင်ဖြစ်သော ရေစစ်၊ ခါးပန်း၊ သင်္ကန်း၊ သပိတ်၊ ပရိက္ခရာ စသည်တို့ကို ထည့်သွင်းဌာပနာအပ်သော စေတီတော်ကို ပရိဘောဂစေတီဟုခေါ်သည်။
သရီရဓာတ်တော်များကို ထည့်သွင်းဌာပနာ၍ တည်ထားကိုးကွယ်အပ်သော စေတီကို ဓာတုစေတီဟုခေါ်ဆိုသည်။
ပဋိစ္စသမုပ္ပါဒ် အစရှိသော တရားဒေသနာတော်များ ရေးသားသည့် ပေစာ၊ ဓမ္မက္ခန္ဓာ တို့ကို ထည့်သွင်းဌာပနာ၍ တည်ထားအပ်သောစေတီကို ဓမ္မစေတီဟုခေါ်သည်။

တနည်းအားဖြင့် စေတီတော်သည်---
၁။ ပရိဘောဂ စေတီ၊
၂။ ဥဒ္ဒိဿ      စေတီ
၃။ ဓာတု စေတီ (သာရီရိကစေတီ)ဟူ၍ သုံးမျိုးပြား၏။

ထိုတွင် ဘုရားရှင်အသုံးပြုနေထိုင်ရာ ဗောဓိပင်ကို ပရိဘောဂစေတီဟုခေါ်ရ၏။
ဘုရားရှင်ကိုယ်စား ရုပ်ပွားဆင်းတုတော်ကို ဥဒ္ဒိဿ      စေတီ ဟု ခေါ်ရ၏။
သဗ္ဗညု ရှင်တော်ဘုရား၏ ဓာတ်သားမွေသရီတော်တို့ကို ထည့်သွင်းဌာပနာရာစေတီကို ဓာတုစေတီဟု ခေါ်ဆိုရသည်။

ယခုခေတ်၌ ဖော်ပြပါ (၂)နည်းကိုပေါင်းစပ်၍-
၁။ ပရိဘောဂ စေတီ၊
၂။ ဥဒ္ဒိဿ       စေတီ၊
၃။ ဓာတု စေတီ၊
၎။ ဓမ္မ စေတီ-ဟု ၄-မျိုး ခေါ်ဝေါ်သုံးစွဲကြကုန်၏။

ဘုရားရှင်သည် ပုဂ္ဂိုလ်တိုင်း၏ အရိုးဓာတ် စသည်တို့ကို ဌာပနာ၍ စေတီတည်ရန် ခွင့်ပြုတော် မမူပါချေ။
* သဗ္ဗညုဘုရားရှင်၏ ဓာတ်တော် စသည်များ၊
* ပစ္စေကဗုဒ္ဓ၏ သရီရဓာတ်တော်များ၊
* ရဟန္တာပုဂ္ဂိုလ်၏ သရီရဓာတ်တော်များ၊
* စကြာမင်း၏ အရိုးဓာတ်တို့ကိုသာ စေတီတည်ထိုက်၊ တည်ကောင်းတည်ရမည်ဖြစ်ကြောင်း မိန့်တော်မူသည်ကို သုတ်မဟာဝါပါဠိတော်, အင်္ဂုတ္တိုရ်ပါဠိတော်တို့၌ တွေ့နိုင်လေသည်။

စေတီတော်များ၏ ပုံသဏ္ဌာန်များမှာ ခေါင်းလောင်းပုံ၊ စပါးရိုးပုံ၊ ကောက်ရိုးပုံသဏ္ဌာန်၊ရေမြှုပ်ပုံ၊
မြင်းမိုရ်တောင်ပုံ၊ လခြမ်းထက်ဝက်ပုံ၊ ပဒုမ္မာကြာပန်းပုံ စသည်ဖြင့် တိုင်းပြည်၏ ယဉ်ကျေးမှုအလိုက် အမျိုးမျိုး တည်ဆောက်ကြ၏။

စေတီ, ပုထိုး တည်ထားကိုးကွယ်သော အလေ့အထမှာ ဘုရားပွင့်ရာကမ္ဘာတိုင်း အလွန်ရှေးကျလှပြီဖြစ်သော ကမ္ဘာအဆက်ဆက်ကပင် ရှိခဲ့ဖူးကြောင်း ဗုဒ္ဓဝံသပါဠိ၊ ဗုဒ္ဓဝံသဋ္ဌကထာ စသည့်ကျမ်းဂန်တို့၏ အဆိုအမိန့်ဖြင့် သိနိုင်လေသည်။

ဂေါတမဘုရားရှင်လက်ထက်တွင် ဘုရားရှင်ကိုယ်စား စေတီ, ပုထိုးများနှင့် သာဝကတို့၏ ဓာတ်တော်များ ဌာပနာသော စေတီ, ပုထိုးအများအပြား တည်ရှိခဲ့သည်။ ထိုစေတီတော်များအနက် တာဝတိံသာနတ်ပြည်မှ စူဠာမဏိစေတီသည် ဂေါတမဘုရားလက်ထက်တွင် အစဆုံးစေတီဖြစ်သည်။
အလောင်းတော်သည် ကပိလနန်းမြို့တော်မှ တောထွက်ခဲ့ရာ ယူဇနာ (၃၀) ကွာလှမ်းသည့် အနော်မာမြစ်တဖက် သဲသောင်ပေါ်တွင် ဥသျှောင်တော်(ဆံတော်ကို) သံလျက်ဖြင့် ဖြတ်တော်မူ၍ ဘုရားဖြစ်မည်မှန်လျှင် ကောင်းကင်၌ တည်စေသတည်းဟု ဓိဋ္ဌာန်၍ ပစ်မြှောက်တော်မူလိုက်၏။ အလောင်းတော်၏ ဥသျှောင်တော်သည် တစ်ယူဇနာကွာသောကောင်းကင်၌ ပန်းဆိုင်းပမာ တည်နေလေသည်။

သိကြားမင်းသည် ဥသျှောင်တော်မြတ်ကို ရတနာကလာပ်ဖြင့် ပင့်ယူကာ တာဝတိံသာနတ်ပြည်၌ (၃)ယူဇနာအမြင့်ရှိသော စေတီတည်လျက် ဌာပနာကိုးကွယ်ခဲ့သည်။ ယင်းစေတီ၌ စွယ်တော်၊ လက်ယာညှပ်ရိုးတော်တို့ ကိန်းဝပ်တော်မူခဲ့သည်။

တဖန် အလောင်းတော်သည် မိမိဝတ်ဆင်ထားသည့် ကာသိတိုင်းဖြစ် ပုဆိုးအဝတ်တော်၌ ဤကာသိတိုင်းဖြစ် အယတ်တော်သည် ကောင်းလွန်းလှသည်။ အဖိုးတန်လွန်းလှသည်။ ချောမွေ့လွန်းလှသည်။ လှပလွန်းလှသည်။ အရောင်တလျှမ်းလျှမ်းဖြင့်လည်း ရဟန်းတို့အား မသင့်လျော်ပါချေ-ဟု ကြံစည်စဉ်းစားစဉ် မိတ်ဆွေ ဃဋိကာရဗြဟ္မာသည် ပရိက္ခရာ ၈-ပါးကို ယူဆောင်ခဲ့၍ အလောင်းတော်မြတ်အား ဆက်ကပ်လှူဒါန်းလေသည်။

အလောင်းတော်သည် ဃဋိကာရဗြဟ္မာ လှူဒါန်းသော သင်္ကန်းဖြင့် ရဟန်းအသွင်ယူကာ ပုဆိုးအစုံကို ကောင်းကင်သို့ ပစ်မြှောက်တော်မူပြန်သည်။ မဟာဗြဟ္မာသည် ပုဆိုးအစုံကို ပင့်ယူ၍ ဗြဟ္မာပြည်၌ ရတနာအမျိုးမျိုးတို့ဖြင့်ပြီးသော (၁၂)ယူဇနာ အမြင့် စေတီတည်၍ ဝတ်လဲတော်ကို ဌာပနာကာ ကိုးကွယ်ခဲ့လေသည်။ ထိုစေတီသည် ဗြဟ္မာ့ပြည်မှ      ဒုဿီဖြစ်လေသည်။လက်ဝဲညှပ်ရိုးတော်ဓာတ်လည်း  ဗြဟ္မာ့ပြည်၌ ကိန်းဝပ်ကြောင်း ဗြဟ္မလောကေစဝါမကံ-ဟူသော ဗုဒ္ဓဝံသပါဠိဖြင့် သိသာသည်။

မဇ္ဈိမဒေသ၊ ဂယာမြို့မှ (၇)မိုင်အကွာ၌ တည်ရှိသော ဗောဓိပင်သည်လည်း ဘုရားရှင်နှင့်အတူ ဖွားမြင်ခဲ့သော ဖွားဖက်တော် ကိုးကွယ်ရာ ပရိဘောဂစေတီဖြစ်ပြီး ပလ္လင်တော်မှာ ဘုရားဖြစ်ခါနီးတွင် ဖြစ်ပေါ်လာသော ပရိဘောဂစေတီပင် ဖြစ်လေသည်။

မြတ်စွာဘုရား၏ ဓာတ်တော်များမှာ ဘုရားဖြစ်စကပင် လောကအတွင်း ပျံ့နှံ့ကိန်းဝပ် တည်ရှိတော်မူကုန်၏။ ဘုရားဖြစ်တော်မူပြီးနောက် ဗောဓိပင်အနီး၌ ခုနစ်သတ္တာဟ (၄၉)ရက် သီတင်းသုံးတော်မူခိုက် မြန်မာပြည် အောက်ပိုင်း ရာမညတိုင်း၊ ဥက္ကလာပဇနပုဒ် (အသိတဉ္ဇနမြို့)မှ လှည်းငါးရာဖြင့်လာသော တပုဿ နှင့် ဘလ္လိက ကုန်သည်ညီနောင်တို့သည် ပျားမုန့်ဆုပ်နှင့် မုန့်ကြွက်ကျစ်တို့ကို လှူဒါန်း၍ သရဏဂုံဆောက်တည်ပြီး ကိုးကွယ်ရာတောင်းသောအခါ ဘုရားရှင်က ဆံတော်ရှစ်ဆူ ပေးသနားတော်မူ၏။

မိမိတို့ဇနပုဒ်သို့ရောက်၍  အဆိုပါ ဆံတော်ရှစ်ဆူကို ဌာပနာ၍ စေတီတည်ကြလေသည်။ ထိုစေတီကား ယခုအခါ ရန်ကုန်မြို့ရှိ ရွှေတောင်ကြီးတမျှ ခမ်းနားလှသည့် ရွှေတိဂုံ စေတီတော်ကြီးပင် ဖြစ်၏။

ဘုရားရှင်သည် ဘုရားဖြစ်တော်မူ၍ ၉-လမြောက် ပြာသိုလ်ပြည့်နေ့တွင် သီဟိုဠ်ကျွန်းသို့ ကြါတော်မူ၍ ဘီလူးတို့အား တရားဟော၍ ကျွတ်တန်းဝင်စေတော်မူခဲ့သည်။ မဟာသုမနနတ်မင်း၏လျှောက်ထားချက်အရ ဆံတော်တစ်ဆုပ် ချီးမြှင့်တော်မူသည်။ ယင်းကို ဌာပနာ၍ စေတီတည်ခဲ့ကြရာ ယင်းစေတီသည် မဟီယင်္ဂဏစေတီ-ဟု ယနေပတိုင် သာသနာတွင် ထင်ရှားလေသည်။

၅-ဝါမြောက်တွင်လည်း သီဟိုဠ်နာဂဒီပသို့ ကြွရောက်၍ ပတ္တမြားပလ္လင်အတွက် စစ်ဖြစ်ကြသည့် စူဠောဒရ၊ မဟာဒရ နဂါး တူအရီးတို့အား ချေချွတ်တော်မူခဲ့သည်။ ပတ္တမြားပလ္လင်ကို အလှူခ့၍ သီတင်းသုံးတော်မူခဲ့သည်။ နဂါးတို့သည် ပတ္တမြားပလ္လင်ကို ဌာပနာ၍ စေတီတည်ခဲ့ရာ ယင်းစေတီတော်သည် နာဂဒီပစေတီဟု ထင်ရှားလေသည်။

မဟာသက္ကရာဇ် (၁၄၈)ခုနှစ် ကဆုန်လပြည့်၊ အင်္ဂါနေ့တွင် ဘုရားရှင် ပရိနိဗ္ဗာန်စံဝင်တော်မူခဲ့ပါသည်။ အလောင်းတော်ကို မီးသဂြိုဟ်ပြီး မီးများငြိမ်းသွား၍ ရွှေတလားကြီးဖွင့်လိုက်သောအခါ ပြိုးပြိုးပြက်ပြက် အရောင်များ ထွက်နေသော ဓာတ်တော် (၁)တင်းသား ကျန်ပါသည်။

၁။ သွေးကဖြစ်လာသော ဓာတ်တော်ဆိုလျှင် အနီရောင် ဖြစ်ပါသည်။
၂။ အရိုးကဖြစ်သော ဓာတ်တော်ဆိုလျှင် အဖြူရောင် ဖြစ်ပါသည်။
၃။ အသား၊ အသည်း၊ အဆုတ်၊ နှလုံးကဖြစ်သော ဓာတ်တော်ဆိုလျှင် အညိုရောင်ဖြစ်ပါသည်။

လွန်ခဲ့သော အနှစ်နှစ်ထောင့်ငါးရာ ခေတ်အခါက ကုသိနာရုံအရပ်မှာ တစ်စိတ်ဆိုလျှင် နှစ်ပြည်ပဲ ရှိပါသည်။ မြန်မာနိုင်ငံမှာကဲ့သို့ လေးပြည်တစ်စိတ် မခေါ်ပါ။ နှစ်ပြည်ကို တစ်စိတ်ဟု ခေါ်ပါသည်။ ထိုဓာတ်တော် (၈)စိတ်တို့ကို ဒေါဏပုဏ္ဏားသည် အသီးသီးဝေငှလေသည်။

ဓာတ်တော်ဝေစုရသော မင်းတို့သည် အသီးသီး စေတီတည်ကြသည်မှာ (၁၀)ဆူ အရေအတွက်ရှိသည်။
၎င်းတို့မှာ---
၁။ ရာဇဂြိုဟ်ပြည်၌ ၁-ဆူ
၂။ ဝေသာလီပြည်၌ ၁-ဆူ
၃။ ကပလဝတ်ပြည်၌ ၁-ဆူ
၎။ အလ္လကပ္ပပြည်၌ ၁-ဆူ
၅။ ရာမရွာ၌ ၁-ဆူ
၆။ ဝေဌဒီပကတိုင်း၌ ၁-ဆူ
၇။ ပါဝေယျကတိုင်း၌ ၁-ဆူ
၈။ ကုသိနာရုံ၌ ၁-ဆူ
(ယင်း စေတီ ၈-ဆူကို ဓာတ်တော် တစ်စိတ်သားစီ  ဌာပနာသည်)။
၉။ ပိပ္ပလိတိုင်း၌ မီးသွေးဌာပနာ ၁-ဆူ
၁၀။ ဒေါဏပုဏ္ဏား ဓာတ်တော်ခြင်သည့် ပြည်တောင်း ဌာပနာ၍ တည်သောစေတီ ၁-ဆူ အားဖြင့် ၁၀-ဆယ်တို့ ဖြစ်ကုန်၏။

မီးမလောင်ဘဲနဲ့ ကျန်နေသော ဓာတ်(၇)ပါး ရှိပါသည်။ 
နဖူးသင်းကျစ်ရိုး ၁-ခု
ညှပ်ရိုး ၂-ချောင်း
စွယ်တော် ၄-ဆူ ဤ (၇)ခုတို့သည် မပျက်မစီး တစ်သားတည်း တည်ရှိနေပါသည်။ ပါဠိလို အသမ္ဘိန္ဒဓာတု-ဟုခေါ်ပါသည်။ ပင်ကို သရီရကာယဖြစ်သော အသွေး၊ အသား၊ အရိုးတော်များသည် အလုံးကလေး (ဓာတ်တော်) ဖြစ်သွားခဲ့၍ ပါဠိဘာသာအားဖြင့် သမ္ဘိန္ဒဓာတု-ဟုခေါ်သည်။

* သိကြားမင်းသည် ဒေါဏပုဏ္ဏား၏ ခေါင်းပေါင်းထဲ ညှပ်ထားသော လက်ယာအထက် စွယ်တော်တစ်ဆူကို ယူ၍ တာဝတိံသာနတ်ပြည်မှ စူဠာမဏိစေတီ၌ ဌာပနာ၍ ကိုးကွယ်သည်။

* ဇေယျသေန နဂါးမင်းသည် ပြာနှင့်ဖုံးထားသော လက်ယာအောက် စွယ်တော်ကို တန်ခိုးဖြင့်ပင့်ယူ၍ ကြီးကျယ်ခမ်းနားစွာ ကိုးကွယ်လေသည်။ ယင်းစွယ်တော်သည် နောက်-သီဟိုဠ်ကျွန်း၊ ပုလတ္ထိပုရမြို့ သောမာယတီ၌ ကိန်းဝပ်သည်ဟု အဆိုရှိသည်။

* ဂန္ဓာရတိုင်း၌နေဖူးသော ဗျာဒိတ်တော်ရ ရဟန်းတော်တပါးသည် ဒေါပုဏ္ဏား ခါးပိုက်ထဲထည့်ထားသည့် လက်ဝဲအထက် စွယ်တော်တဆူကို ကုသိုလ်စိတ်ဖြင့် ပင့်ယူ၍ ဂန္ဓာရတိုင်း၊ စေတိယတောအုပ်၌ စေတီတည်ထား ကိုးကွယ်ခဲ့လေသည်။ ဂန္ဓာရတိုင်းသို့ ရောက်သွားသော စွယ်တော်သည် ဂန္ဓာရတိုင်း သာသနာပျက်သောအခါ တရုတ်ပြည်မှ ဘုန်းကြီးများ လာပင့်သွားသည်။

* အရှင်သာရိပုတ္တရာ၏တပည့် ခေမာမည်သော ရဟန္တာအရှင်မြတ်သည် ခေါင်းတလားကို မဖွင့်ခင်ကပင် လက်ဝဲအောက်စွယ်တော်ကို တန်ခိုးဖြင့်ပင့်၍ ဗြဟ္မဒတ်မင်းသို့ အပ်နှင်းခဲ့သည်။

* ကလိင်္ဂတိုင်းမှာ စစ်ဖြစ်၍ စေတီ, ပုထိုးများ အကုန်လုံး အဖျက်ဆီးခံရသောအချိန်မှာ မင်းသမီးတပါးက ဆံထုံးထဲထည့်ပြီး ပင်လယ်ထဲ သင်္ဘောနှင့်ထွက်ပြေးကာ သီဟိုဠ်သို့ ပို့လိုက်သည်။ ယခုအခါ သီဟိုဠ်ကျွန်း ကန္နီအမည်ရှိသောမြို့၌ ကိန်းဝပ်တော်မူလျက် ရှိပါသည်။

ဗုဒ္ဓဘာသာတရားကို ရိုသေကိုင်းရှိုင်းသော ဘုရင်များသည် နိုင်ငံအရပ်ရပ်၌ စေတီတည်ပြီး ငြိမ်းအေးသော ဗုဒ္ဓဓာတ်တော်ကို ဌာပနာတည်ထားကိုးကွယ်ကြသည်။
အသောကမင်းလက်ထက် ရောက်သောအခါ ဓာတုစေတီ (၈)ဆူသည် နှစ်(၂၀၀)ကြာပြီဖြစ်သောကြောင့် 
ဆွေးပြီးပြိုကျခဲ့ပါသည်။ ချု့ထဲ၊ တောထဲ ရောက်ကုန်ပါသည်။ အသောကဘုရင်သည် နေ့စဉ် အိန္ဒိယပြည်ကို သွားပြီး စေတီတော်များကို ရှာပါသည်။ အသောကဘုရင်နှင့် မြတ်စါာဘုရား ပရိနိဗ္ဗာန်စံပြီးကြားမှာ နှစ်ပေါင်း (၂၀၀)ကြာပါသည်။ ဓာတ်တော်များကို ပြန်တူးရာ တစ်တင်းသား အကုန်လုံး ပြန်ရပါသည်။

ရှစ်ဆူသောစေတီတော်များထဲမှ ဓာတ်တော်တစ်တင်းကို (၈၄၀၀၀)ပုံပြီးအသီးသီးဖြန့်ပြီး ဌာပနာတိုက်မှာ ထားသောအခါ ကမ္ဘာမြေကြီးပေါ်မှာ ဘုရားဓာတ်တော်များ ပြန့်သွားပါသည်။ စေတီပေါင်း (၈၄၀၀၀)တည်ဆောက်ခဲ့ရာ ယခုတိုင် ဖူးမြင်နိုင်ပါသေးသည်။

ယခုမြန်မာပြည်တွင် ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့သည် စေတီအဆောက်အဦးတို့ကို အတင့်အတယ်၊ အလှအပများဖြင့် ပြုလုပ်၍ ကိုးကွယ်ခြင်းနည်းလမ်းများမှာ အဘယ်ကဆင်းသက်လာသောနည်းများဖြစ်ပါသနည်းဟုဆိုရသော်၊ ရှေးမာဂဓလူမျိုးများကပင် ဆင်းသက်လာသောနည်းများပင်ဖြစ်လေသည်။ အဘယ်အရာကိုထောက်၍ ရှေးအစဉ်အဆက်က စေတီရှိကြောင်းကို သိရသနည်းဆိုလျှင် ရှင်ဂေါတမရှိစဉ်အခါကပင် ဝေသာလီပြည်၏ မြို့ထောင့်တွင်၊ စပလေစေတီရှိသည်။ ရှေးမာဂဓ အဘယ်အရာကို အထိမ်းအမှတ်ပြု၍ စေတီပြုလုပ်ပါသနည်းဆိုသော် မာဂဓလူမျိုးတို့သည် မိမိတို့မြို့သည် စည်ပင်ဖွံ့ဖြိုး၍ လူနေအခြွေအရံ အုတ်အုတ်သောင်းသောင်း မရှိစေခြင်းငှါ၎င်း၊  ၎င်းမြို့၏ အဆက်မပျက်မစီး ရှည်စေခြင်းငှါ၎င်း မြို့ရိုးပြင်ဘက်၊ မြို့ထောင့်တို့၌ စေတီအဆောက်အဦးကိုပြုလုပ်တတ်ကြလေသည်။ ၎င်းစေတီအတွင်း၌ အဘယ်အရာကို ဌာပနာပြုလုပ်ကြပါသနည်းဆိုသော်၊ ဗေဒင်ကျမ်းလာ နက္ခတ်တို့လာသည့်အတိုင်း အချိန်၊ အခါ၊ ကာလ၊ စသည်တို့ကို ရွေးချယ်၍ ယဇ်နတ်ပူဇော်ရန် ရေတွင်းမျှလောက်၊ အကျယ်အ၀န်း၊ အနက်ရှိသော တွင်းကြီးထဲသို့ ဘောဇဉ်ခဲဘွယ်နှင့်တကွ အစားအသောက်အပြည့်အစုံတို့ကို ပြင်ဆင်ပြီးလျှင်၊ ၎င်းတွင်းပေါ်က အုတ်ဖြင့်စီမံ၍ စပါးပုံသဏ္ဍာန်ဖြစ်စေ၊ ချည်ဝင်ပုံသဏ္ဍာန်ဖြစ်စေ အင်္ဂတေသရွက်တို့ဖြင့် မွမ်းမံပြီးလျှင် အတင့်အတယ် အဘွယ်အရာပြုလုပ်ထားတတ်ကြလေသည်။ ၎င်းအရာကို မြို့စတေးသည်ဟူ၍လည်းခေါ်ကြသည်။ စေတီဟူ၍လည်းခေါ်ကြသည်။ ထူပါရုံဟုလည်းခေါ်သည်။ ပါသာဒဟူ၍လည်းခေါ်သည်။ ကူဟူ၍လည်းခေါ်သည်။ 
၎င်းအကြောင်းကို သာ၍ထင်ရှားစေခြင်းငှါ သက်သေခံကျမ်းဂန်ပါဠိတို့နှင့်ပြပေဦးမည်။ ၎င်းရှေးအထက်က မာဂဓလူမျိုးတို့ အသုံးအစွဲပြုသော နာမပညတ်၊ ဝေါဟာရ အရပ်ရပ်တို့ကို ဓါတ်ပစ္စည်းနည်းနှင့်တကွ မောဂ္ဂလာန်မဂဓသဒ္ဒါကျမ်း၌ ထိုသို့သောမြို့ကို အကြောင်းပြု၍။ ။ယုထုကူနံဒီဃောစ၊ ဟူ၍သဒ္ဒါကျမ်း၌ လေ့လာသောအခါ နောင်လာနောက်သားတို့ လိမ္မာကျွမ်းကျင်စေရန် ဥဒါဟရုဏ် ထုတ်ဆောင်၍ သုတ်တင်ပြလေသည်မှာ။ ။ထုအဘိတ္တဝေ။ ကုသဒ္ဒေ။ ။ဧတေဟိပေါဟောတိ။ ဧတေသံဒီဃောစ။ ဒီဃ၀ိဓါနသာမတ္တိယာသြတ္တဘာဝေါ။ ။စေတီယံ။ ။ကပန္တိနဒန္တိဧတ္ထာတိကူပေါ။ ။ဥဒါပနံ။ ဤကား ယုထုကူနံဒီဃောစ၊ ဟူ၍ပါဠိလာရှိသည်နှင့်အညီ သုတ်၏ အရာအတိတ်ကိုထုတ်ဆောင်၍ အစိတ်ပြသော ဥဒါဟရုဏ်သုတ်၏ အစဉ်ပါဠိများဖြစ်သတည်း။ ၎င်းအရာတွင် သိသာရုံမျသာ။ မြန်မာလို ပြန်ဆို၍ပြပါမည်။
ဧတ္ထ ဤမြို့၌။ ယုမိဿနော၊ အခြွေအရံများစေခြင်းငှါ၎င်း။ ထုအဘိတ္တဝေ၊ တင့်တယ်ဘွယ်ရာ အသရေရှိစေခြင်းငှါ၎င်း။ ကုသဒ္ဒေ၊ အသံမစဲစေခြင်းငှါ၎င်း။ ဒီဃ၀ိဓါနသာမတ္တိယာ၊ အရှည်သဖြင့် အစီအရင်နှင့်ပြည့်စုံ၍။ သြတ္တဘာဝေါ၊ စိုးရိမ်ကြောက်ရွှံ့ဘွယ် မရှိစေခြင်းငှါ၎င်း။ ဧတ္ထတိ၊ ဤမြို့၌။ ယုဝန္တိသဟာဝတ္တန္တိ၊ တပြိုင်နက်တည်းနှင့်တကွစီရင်သော။ ယူပေါ၊ လူယောင်္ကျား၏။ ယညယဌိ၊ ယဇ်ပူဇော်သောဌာနကို။ ပါသာဒေါ၊ ပြဿဿ      ဒ်ဟူ၍၎င်း။ ထ၀ိယတီတိ၊ ထိုသို့တည်ထားရာအရပ်ကို။ ထူပေါ၊ ထူပါရုံဟူ၍၎င်း။ စေတိယံ စေတီဟူ၍၎င်း။  ဧတ္ထတိ၊ ဤအရပ်၌။ ကပန္တိနဒန္တိ၊ ငိုကြွေးမြည်တမ်းခြင်းကြောင့်လည်း။ ကူပေါ၊ ကူ (ဂူ)လည်းမည်ကုန်၏။ ဥဒပါနံ၊ ရေတွင်းလည်းရ၏။ ဧတေဟိ၊ ထိုအလုံးစုံတို့ကို။ ပေါ၊ ပစ္စည်းသက်သည်။ ဟောတိ၊ ဖြစ်၏။
ပေါ၊ ပစ္စည်းသက်၏ ဟူ၍ပြဆိုသော သဒ္ဒါ၏ပရိယာယ်အဓိပ္ပါယ်မှာ၊ မြို့ရွာစီရင်ခြင်း၊ အသရေရှိစေခြင်း၊ ဘေးရန်ကင်းစေခြင်း အကျိုးကိုရခြင်းသည်၊ မြို့စတေးခံရသော ( ပေါသော) ယောင်္ကျား၏ အကြောင်းခံကြောင့်ဖြစ်သတည်းဟု ဆိုလိုသတည်း။ ၎င်းပြင်လည်း ထူပါရုံ၊ စေတီ၊ ကူ (ဂူ) ဟူ၍ အစရှိသော နာမည်တို့သည်လည်း ၎င်းအစရှိသော နာမည်ကိုအစွဲပြု၍ခေါ်ဆိုလေသတည်း။ မဂဓခေါ် ပါသဒဟူသောအရာ၏အမည်ကို မြန်မာပြဿဿာဒ်ဟူသောအမည်နှင့် နှိုင်းယှဉ်၍ခေါ်သည်။ ထူပေါ ဆိုသော အမည်ကို မြန်မာ၌နှိုင်းယှဉ်စရာမရှိသောကြောင့် ၎င်းမာဂဓအမည်ကိုပင် ကြောင်းတူသံကွဲ၊ ထူပါရုံဟူ၍၎င်း မည့်ခေါ်လေသည်။ စေတီ၊ ကူ (ဂူ) ဆိုသောအရာ၏ အမည်မျှားသည် မြန်မာ၌ နှိုင်းယှဉ်စရာ မရှိသောကြောင့် အထက်ပါနည်းအတိုင်း ကြောင်းတူသံကွဲအသံစွဲကာ မည့်ခေါ်သောအမည်များပင်ဖြစ်လေသည်။ ၎င်းမြန်မာအခေါ် အမည်နာမ စကားအချို့တို့သည် မာဂဓပါဠိပျက်စကားဖြစ်ကုန်၏။ 
ထို့ကြောင့် မြန်မာပြည်၌ ပြဿဒ်၊ စေတီ၊ ထူပါရုံ၊ ကူ (ဂူ) ဟူ၍ခေါ်ပြီးသမုတ်ကြလေသည်။ ၎င်းအရပ်ဌာန အမည်တို့သည် မာဂဓ လူမျိုးတို့က ဆင်းသက်ကြောင်းကို ထင်ရှားစေသည်ကို အကြောင်းပြု၍ မည့်ခေါ်ကြခြင်းပင်ဖြစ်သည်။  ၎င်းကို မောဂ္ဂလံမာဂဓသဒ္ဒါကျမ်းကပြဆိုသည့်အတိုင်းသိရလေသည်။  မြန်မာပြည်မှာလည်း ရှေးအထက်က ကျန်ရစ်မင်းသည်၊ အာနန္ဒာစေတီကို တည်လုပ်စဉ်အခါက မောင်ညိုသား မောင်ဖြူကို၊ ဌာပနာတိုက်သွင်းကြောင်းကို နတ်ရာဇ၀င်ဟောင်တစ်စောင်တွင် တွေ့ရလေသည်။ သထုံရှင်ဘုရင် မနူဟာမင်းလက်ထက်တွင်လည်း လူစွမ်းကောင်း ကုလား ဗျတ်ဝိကို ဖမ်းဆီး၍ သတ်ပြီးလျှင် လက်နှစ်ဖက်၊ ခြေနှစ်ဖက်တို့ကို မြို့ထောင့်လေးထောင့်မှာ စတေးပြီးလျှင် ဥက္ခောင်းကို မြို့တံခါးဝမှာ မြုပ်၍ ကိုယ်အသွေးအသားတို့ကို မြို့ရိုးပတ်လည်မှာလှည့်စေ၍ လိမ်းကျန်သည်ဟု ရာမညရာဇ၀င်သ စာတန်းဟောင်းတစ်စောင်တွင် တွေ့ဘူးလေသည်။ ဤကား စေတီ၏ မူလပြုလုပ်ခြင်း အကြောင်းအရာတို့ကို စစ်ဆေး၍ပြသလိုက်ခြင်းပင်ဖြစ်လေသည်။

သက်တော်ထင်ရှား ဘုရားရှင်နှင့်မခြား စေတီတော်၌ ကြည်ညိုစိတ်ထားပါလျှင် တူညီသောအကျိုးများ ရရှိနိုင်ကြောင်း ဝိမာနဝတ္ထုပါဠိတော်တို့၌ လာရှိပါသည်။ 
ထို့ကြောင့် မြောက်မြားလှစွာသော ကမ္ဘာအရပ်ရပ်ရှိ စေတီ, ပုထိုး တို့ကို ဘုရားတပည့်တော်တို့သည် အရပ်ဌာနအားလုံးတို့၌ တည်ရှိသော အလုံးစုံသော ဓာတ်တော်ကိန်းအောင် စေတီတော်အပေါင်းကို၎င်း၊ သာရီရိကမွေတော်နှင့် မဟာဗောဓိပင်အပေါင်းကို၎င်း၊ အလုံးစုံသော ဆင်းတုတော်ဟူ အဆူဟူသမျှကို၎င်း နေ့,ညဥ့်မပြတ် အခါခပ်သိမ်း ဆယ်လက်မြှောက်မိုး ရှိခိုးဦးချ ကန်တော့ကြပါကုန်စို့-ဟူ၍ အကြံပြုလျက်

Phyo thu  ခြေ လက် နဖူး တံတောင် ဒူး ဖြင့်
    လက်ဆယ်ဖြာမိုး ထိပ်မှာမိုး၍ ရှိခိုး ကန်တော့ပါ၏
.        * အုတ်ခဲပုံကြီးကို ရှိခိုးဦးချ နေခြင်းမဟုတ် *
~~~~~~~~~~~~~~~~~~~~
တစ်ခုချင်းစီ၏ အဓိပ္ပါယ် အကျဉ်းများမှာ -

(၁) တံခွန်တိုင် = မာန ( ရတနာတော်မြတ် ၃ ပါးအား ဖူးမျှော်မာန်လျော့ ကန်တော့ရန်)

(၂) ပန်းတင်ခုံ = ပတ္ထနာ - နိဗ္ဗာန်ရောက်ကြောင်း ဆုတောင်းရန်

(၃) ရှစ်မြှောင့် = မွေးခြင်း(၄)မျိုး+ သေခြင်း(၄) မျိုးကို နှလုံးသွင်းဆင်ခြင်ကြရန်

(၄) ကြီဝင်း-၅ခု = ဂတိ-၅ပါးမှ လွတ်အောင် ကြိုးစားကြရန်

(၅) ခါးစည်း = သီလ/သမာဓိ/ပညာ ဟူသော အဓိသိက္ခာ-၃ပါးဖြင့် ခါးကိုစည်းနိုင်ကြရန်

(၆) ခေါင်းလောင်း = မိမိတို.၏ ကုသိုလ်ကောင်းမှုများကို ကုသိုလ်ငတ်မွတ်နေသောသတ္တ၀ါများသို့ မျှဝေပေးရန်

(၇) ဖောင်းရစ်-၇ရစ် = ၀ိသုဒ္ဓိ ၇ပါး(စင်ကြယ်ခြင်း ၇မျိုး)ပြည့်စုံအောင်ကြိုးစားကြရန်

(၈) သပိတ်မှောက် = တဏှာ/မာန/ဒိဌိ(အယူမှား) ဟူသော သံသရာနယ်ချဲ့တတ်သည့်ပပဉ္စတရား(၃)ပါးတို.ကို သပိတ်မှောက် ဆန့်ကျင်တော်လှန်ကြရန်

(၉) ဘီလူးပန်းဆွဲ-၁၆ခု = ဥာဏ်စဉ်-၁၆ပါး ရအောင်ကြိုးစားကြရန်

(၁၀) ကြာမှောက်/ကြာလှန်= ကြာပန်းသည် ဗုဒ္ဓမြတ်စွာဘုရား၏သင်္ကေတ

(၁၁) ထီးတော်ဘုံ ၇ဆင့် = အေးငြိမ်းသည့် အရိယာသူတော်စင်တို့ ရရှိခံစားရသည့်မဂ်(၃)တန်+ ဖိုလ်(၄)တန်(သောတာပတ္တိမဂ်အပါအ၀င်)

(၁၂) ငှက်မြတ်နား = ရဟန္တာအရှင်မြတ်တို. ခန္ဒာဝန်မချမီ  စာရေး စာချ တရားဟော တရားပြ/သာသနာပြုသူတော်မြတ်အလုပ်များဖြင့် ခေတ္တနားခိုရာ

(၁၃) စိန်ဖူးတော် = စိန်တွင် အညစ်အကြေးပါဝင်မှု ကင်းစင်သလို ကမ္ဘာပေါ်တွင် အမာဆုံးပစ္စည်းဖြစ်သလို၊ စိတ်အညစ်အကြေး
(ကိလေသာ) အားလုံး ကင်းစင်သည့် နိဗ္မာန်တရားတော်မြတ် 

သူတော်ကောင်းတရား လွှမ်းပတ်ကမ္ဘာတည်ပါစေ…

ယုတ်မာညစ်ဆိုး ဒုစရိုက်မျိုးကို
သူတော်လက်နက် တရားစက်ဖြင့်
ဖြိုဖျက်နိုင်ကြပါစေ…

အလောင်းအလျာ ဖြည့်ကောင်းရာသည့်
သုံးဖျာဆယ်လီ ပါရမီတော်တို့ကို
မလင့်ပုံသေ ဖြည့်ကျင့်နိုင်ကြပါစေကုန်သတည်း…

Crd-org

စေတီပုထိုး =  စေတိယ

စေတိယ-သဒ္ဒါသည် အမြတ်တနိုး ကိုးကွယ်ရာဟူသော အနက်အဓိပ္ပါယ်ကို ဟောဆိုပါသည်။ စေတီ, ပုထိုး ဟူသည် ဘုရားစေတီ၊ ဘုရားပုထိုး၊ လူ, နတ်, ဗြဟ္မာသတ္တဝါတို့ဖြင့် မြင့်မြင့်မောက်မောက် တည်ဆောက်ပြုလုပ်သော အရာပင်ဖြစ်၏။
ယင်းစေတီကို ပါဠိလို - စေတိယ၊ ထူပ၊
သကၠတလို - စဲတ်သၱဳပ၊
ကိုရီးယားလို - ထပ္ပဲ၊
သီဟိုဠ္လို - စဲတ်၊ စယ္ယသၱဳပ၊
အင်္ဂလိပ်လို - Pagoda, Dagoba, Shrine အသီးသီး ခေါ်ဝေါ်ကြသည်။

ဗုဒ္ဓဘာသာဝင်များက ရုပ်ပွားဆင်းတုတော်၊ သစ္စာလေးပါး သိမြင်တော်မူရာ ဗောဓိပင်နှင့် မြတ်စါာဘုရား၏ သရီရဓာတ်တော်များကို ဌာပနာသွင်း၍ တည်ထားသည့် မြင့်မြင့်မောက်မောက် အဆောက်အအုံကို စေတိယ-စေတီ (သို့) ထူပ-စေတီပုထိုး-ဟု ခေါ်ကြသည်။

လူ, နတ်, ဗြဟ္မာ သတ္တဝါတို့ ကောင်းစွာမြတ်နိုး ဆင့်ဆင့်တိုး၍ ကိုးကွယ်ရာစေတီတော်သည်-
၁။ ပရိဘောဂ စေတီ၊
၂။ ဓာတု စေတီ၊
၃။ ဓမ္မ စေတီ -ဟူ၍ သုံးမျိုးရှိသည်။

မြတ်စွာဘုရား၏ အသုံးအဆောင်ဖြစ်သော ရေစစ်၊ ခါးပန်း၊ သင်္ကန်း၊ သပိတ်၊ ပရိက္ခရာ စသည်တို့ကို ထည့်သွင်းဌာပနာအပ်သော စေတီတော်ကို ပရိဘောဂစေတီဟုခေါ်သည်။
သရီရဓာတ်တော်များကို ထည့်သွင်းဌာပနာ၍ တည်ထားကိုးကွယ်အပ်သော စေတီကို ဓာတုစေတီဟုခေါ်ဆိုသည်။
ပဋိစ္စသမုပ္ပါဒ် အစရှိသော တရားဒေသနာတော်များ ရေးသားသည့် ပေစာ၊ ဓမ္မက္ခန္ဓာ တို့ကို ထည့်သွင်းဌာပနာ၍ တည်ထားအပ်သောစေတီကို ဓမ္မစေတီဟုခေါ်သည်။

တနည်းအားဖြင့် စေတီတော်သည်---
၁။ ပရိဘောဂ စေတီ၊
၂။ ဥဒ္ဒိဿဿ      စေတီ၊
၃။ ဓာတု စေတီ (သာရီရိကစေတီ)ဟူ၍ သုံးမျိုးပြား၏။

ထိုတွင် ဘုရားရှင်အသုံးပြုနေထိုင်ရာ ဗောဓိပင်ကို ပရိဘောဂစေတီဟုခေါ်ရ၏။
ဘုရားရှင်ကိုယ်စား ရုပ်ပွားဆင်းတုတော်ကို ဥဒ္ဒိဿစေတီဟု ခေါ်ရ၏။
သဗ္ဗညု ရှင်တော်ဘုရား၏ ဓာတ်သားမွေသရီတော်တို့ကို ထည့်သွင်းဌာပနာရာစေတီကို ဓာတုစေတီဟု ခေါ်ဆိုရသည်။

ယခုခေတ်၌ ဖော်ပြပါ (၂)နည်းကိုပေါင်းစပ်၍-
၁။ ပရိဘောဂ စေတီ၊
၂။ ဥဒ္ဒိဿ      စေတီ၊
၃။ ဓာတု စေတီ၊
၎။ ဓမ္မ စေတီ-ဟု ၄-မျိုး ခေါ်ဝေါ်သုံးစွဲကြကုန်၏။

ဘုရားရှင်သည် ပုဂ္ဂိုလ်တိုင်း၏ အရိုးဓာတ် စသည်တို့ကို ဌာပနာ၍ စေတီတည်ရန် ခွင့်ပြုတော် မမူပါချေ။
* သဗ္ဗညုဘုရားရှင်၏ ဓာတ်တော် စသည်များ၊
* ပစ္စေကဗုဒ္ဓ၏ သရီရဓာတ်တော်များ၊
* ရဟန္တာပုဂ္ဂိုလ်၏ သရီရဓာတ်တော်များ၊
* စကြာမင်း၏ အရိုးဓာတ်တို့ကိုသာ စေတီတည်ထိုက်၊ တည်ကောင်းတည်ရမည်ဖြစ်ကြောင်း မိန့်တော်မူသည်ကို သုတ်မဟာဝါပါဠိတော်, အင်္ဂုတ္တိုရ်ပါဠိတော်တို့၌ တွေ့နိုင်လေသည်။

စေတီတော်များ၏ ပုံသဏ္ဌာန်များမှာ ခေါင်းလောင်းပုံ၊ စပါးရိုးပုံ၊ ကောက်ရိုးပုံသဏ္ဌာန်၊ရေမြှုပ်ပုံ၊
မြင်းမိုရ်တောင်ပုံ၊ လခြမ်းထက်ဝက်ပုံ၊ ပဒုမ္မာကြာပန်းပုံ စသည်ဖြင့် တိုင်းပြည်၏ ယဉ်ကျေးမှုအလိုက် အမျိုးမျိုး တည်ဆောက်ကြ၏။

စေတီ, ပုထိုး တည်ထားကိုးကွယ်သော အလေ့အထမှာ ဘုရားပွင့်ရာကမ္ဘာတိုင်း အလွန်ရှေးကျလှပြီဖြစ်သော ကမ္ဘာအဆက်ဆက်ကပင် ရှိခဲ့ဖူးကြောင်း ဗုဒ္ဓဝံသပါဠိ၊ ဗုဒ္ဓဝံသဋ္ဌကထာ စသည့်ကျမ်းဂန်တို့၏ အဆိုအမိန့်ဖြင့် သိနိုင်လေသည်။

ဂေါတမဘုရားရှင်လက်ထက်တွင် ဘုရားရှင်ကိုယ်စား စေတီ, ပုထိုးများနှင့် သာဝကတို့၏ ဓာတ်တော်များ ဌာပနာသော စေတီ, ပုထိုးအများအပြား တည်ရှိခဲ့သည်။ ထိုစေတီတော်များအနက် တာဝတိံသာနတ်ပြည်မှ စူဠာမဏိစေတီသည် ဂေါတမဘုရားလက်ထက်တွင် အစဆုံးစေတီဖြစ်သည်။
အလောင်းတော်သည် ကပိလနန်းမြို့တော်မှ တောထွက်ခဲ့ရာ ယူဇနာ (၃၀) ကွာလှမ်းသည့် အနော်မာမြစ်တဖက် သဲသောင်ပေါ်တွင် ဥသျှောင်တော်(ဆံတော်ကို) သံလျက်ဖြင့် ဖြတ်တော်မူ၍ ဘုရားဖြစ်မည်မှန်လျှင် ကောင်းကင်၌ တည်စေသတည်းဟု ဓိဋ္ဌာန်၍ ပစ်မြှောက်တော်မူလိုက်၏။ အလောင်းတော်၏ ဥသျှောင်တော်သည် တစ်ယူဇနာကွာသောကောင်းကင်၌ ပန်းဆိုင်းပမာ တည်နေလေသည်။

သိကြားမင်းသည် ဥသျှောင်တော်မြတ်ကို ရတနာကလာပ်ဖြင့် ပင့်ယူကာ တာဝတိံသာနတ်ပြည်၌ (၃)ယူဇနာအမြင့်ရှိသော စေတီတည်လျက် ဌာပနာကိုးကွယ်ခဲ့သည်။ ယင်းစေတီ၌ စွယ်တော်၊ လက်ယာညှပ်ရိုးတော်တို့ ကိန်းဝပ်တော်မူခဲ့သည်။

တဖန် အလောင်းတော်သည် မိမိဝတ်ဆင်ထားသည့် ကာသိတိုင်းဖြစ် ပုဆိုးအဝတ်တော်၌ ဤကာသိတိုင်းဖြစ် အယတ်တော်သည် ကောင်းလွန်းလှသည်။ အဖိုးတန်လွန်းလှသည်။ ချောမွေ့လွန်းလှသည်။ လှပလွန်းလှသည်။ အရောင်တလျှမ်းလျှမ်းဖြင့်လည်း ရဟန်းတို့အား မသင့်လျော်ပါချေ-ဟု ကြံစည်စဉ်းစားစဉ် မိတ်ဆွေ ဃဋိကာရဗြဟ္မာသည် ပရိက္ခရာ ၈-ပါးကို ယူဆောင်ခဲ့၍ အလောင်းတော်မြတ်အား ဆက်ကပ်လှူဒါန်းလေသည်။

အလောင်းတော်သည် ဃဋိကာရဗြဟ္မာ လှူဒါန်းသော သင်္ကန်းဖြင့် ရဟန်းအသွင်ယူကာ ပုဆိုးအစုံကို ကောင်းကင်သို့ ပစ်မြှောက်တော်မူပြန်သည်။ မဟာဗြဟ္မာသည် ပုဆိုးအစုံကို ပင့်ယူ၍ ဗြဟ္မာပြည်၌ ရတနာအမျိုးမျိုးတို့ဖြင့်ပြီးသော (၁၂)ယူဇနာ အမြင့် စေတီတည်၍ ဝတ်လဲတော်ကို ဌာပနာကာ ကိုးကွယ်ခဲ့လေသည်။ ထိုစေတီသည် ဗြဟ္မာ့ပြည်မှ ဒုဿစေတီဖြစ်လေသည်။ လက်ဝဲညှပ်ရိုးတော်ဓာတ်လည်း  ဗြဟ္မာ့ပြည်၌ ကိန်းဝပ်ကြောင်း ဗြဟ္မလောကေစဝါမကံ-ဟူသော ဗုဒ္ဓဝံသပါဠိဖြင့် သိသာသည်။

မဇ္ဈိမဒေသ၊ ဂယာမြို့မှ (၇)မိုင်အကွာ၌ တည်ရှိသော ဗောဓိပင်သည်လည်း ဘုရားရှင်နှင့်အတူ ဖွားမြင်ခဲ့သော ဖွားဖက်တော် ကိုးကွယ်ရာ ပရိဘောဂစေတီဖြစ်ပြီး ပလ္လင်တော်မှာ ဘုရားဖြစ်ခါနီးတွင် ဖြစ်ပေါ်လာသော ပရိဘောဂစေတီပင် ဖြစ်လေသည်။

မြတ်စွာဘုရား၏ ဓာတ်တော်များမှာ ဘုရားဖြစ်စကပင် လောကအတွင်း ပျံ့နှံ့ကိန်းဝပ် တည်ရှိတော်မူကုန်၏။ ဘုရားဖြစ်တော်မူပြီးနောက် ဗောဓိပင်အနီး၌ ခုနစ်သတ္တာဟ (၄၉)ရက် သီတင်းသုံးတော်မူခိုက် မြန်မာပြည် အောက်ပိုင်း ရာမညတိုင်း၊ ဥက္ကလာပဇနပုဒ် (အသိတဉ္ဇနမြို့)မှ လှည်းငါးရာဖြင့်လာသော တပုဿ နှင့် ဘလ္လိက ကုန်သည်ညီနောင်တို့သည် ပျားမုန့်ဆုပ်နှင့် မုန့်ကြွက်ကျစ်တို့ကို လှူဒါန်း၍ သရဏဂုံဆောက်တည်ပြီး ကိုးကွယ်ရာတောင်းသောအခါ ဘုရားရှင်က ဆံတော်ရှစ်ဆူ ပေးသနားတော်မူ၏။

မိမိတို့ဇနပုဒ်သို့ရောက်၍  အဆိုပါ ဆံတော်ရှစ်ဆူကို ဌာပနာ၍ စေတီတည်ကြလေသည်။ ထိုစေတီကား ယခုအခါ ရန်ကုန်မြို့ရှိ ရွှေတောင်ကြီးတမျှ ခမ်းနားလှသည့် ရွှေတိဂုံ စေတီတော်ကြီးပင် ဖြစ်၏။

ဘုရားရှင်သည် ဘုရားဖြစ်တော်မူ၍ ၉-လမြောက် ပြာသိုလ်ပြည့်နေ့တွင် သီဟိုဠ်ကျွန်းသို့ ကြါတော်မူ၍ ဘီလူးတို့အား တရားဟော၍ ကျွတ်တန်းဝင်စေတော်မူခဲ့သည်။ မဟာသုမနနတ်မင်း၏လျှောက်ထားချက်အရ ဆံတော်တစ်ဆုပ် ချီးမြှင့်တော်မူသည်။ ယင်းကို ဌာပနာ၍ စေတီတည်ခဲ့ကြရာ ယင်းစေတီသည် မဟီယင်္ဂဏစေတီ-ဟု ယနေပတိုင် သာသနာတွင် ထင်ရှားလေသည်။

၅-ဝါမြောက်တွင်လည်း သီဟိုဠ်နာဂဒီပသို့ ကြွရောက်၍ ပတ္တမြားပလ္လင်အတွက် စစ်ဖြစ်ကြသည့် စူဠောဒရ၊ မဟာဒရ နဂါး တူအရီးတို့အား ချေချွတ်တော်မူခဲ့သည်။ ပတ္တမြားပလ္လင်ကို အလှူခ့၍ သီတင်းသုံးတော်မူခဲ့သည်။ နဂါးတို့သည် ပတ္တမြားပလ္လင်ကို ဌာပနာ၍ စေတီတည်ခဲ့ရာ ယင်းစေတီတော်သည် နာဂဒီပစေတီဟု ထင်ရှားလေသည်။

မဟာသက္ကရာဇ် (၁၄၈)ခုနှစ် ကဆုန်လပြည့်၊ အင်္ဂါနေ့တွင် ဘုရားရှင် ပရိနိဗ္ဗာန်စံဝင်တော်မူခဲ့ပါသည်။ အလောင်းတော်ကို မီးသဂြိုဟ်ပြီး မီးများငြိမ်းသွား၍ ရွှေတလားကြီးဖွင့်လိုက်သောအခါ ပြိုးပြိုးပြက်ပြက် အရောင်များ ထွက်နေသော ဓာတ်တော် (၁)တင်းသား ကျန်ပါသည်။

၁။ သွေးကဖြစ်လာသော ဓာတ်တော်ဆိုလျှင် အနီရောင် ဖြစ်ပါသည်။
၂။ အရိုးကဖြစ်သော ဓာတ်တော်ဆိုလျှင် အဖြူရောင် ဖြစ်ပါသည်။
၃။ အသား၊ အသည်း၊ အဆုတ်၊ နှလုံးကဖြစ်သော ဓာတ်တော်ဆိုလျှင် အညိုရောင်ဖြစ်ပါသည်။

လွန်ခဲ့သော အနှစ်နှစ်ထောင့်ငါးရာ ခေတ်အခါက ကုသိနာရုံအရပ်မှာ တစ်စိတ်ဆိုလျှင် နှစ်ပြည်ပဲ ရှိပါသည်။ မြန်မာနိုင်ငံမှာကဲ့သို့ လေးပြည်တစ်စိတ် မခေါ်ပါ။ နှစ်ပြည်ကို တစ်စိတ်ဟု ခေါ်ပါသည်။ ထိုဓာတ်တော် (၈)စိတ်တို့ကို ဒေါဏပုဏ္ဏားသည် အသီးသီးဝေငှလေသည်။

ဓာတ်တော်ဝေစုရသော မင်းတို့သည် အသီးသီး စေတီတည်ကြသည်မှာ (၁၀)ဆူ အရေအတွက်ရှိသည်။
၎င်းတို့မှာ---
၁။ ရာဇဂြိုဟ်ပြည်၌ ၁-ဆူ
၂။ ဝေသာလီပြည်၌ ၁-ဆူ
၃။ ကပလဝတ်ပြည်၌ ၁-ဆူ
၎။ အလ္လကပ္ပပြည်၌ ၁-ဆူ
၅။ ရာမရွာ၌ ၁-ဆူ
၆။ ဝေဌဒီပကတိုင်း၌ ၁-ဆူ
၇။ ပါဝေယျကတိုင်း၌ ၁-ဆူ
၈။ ကုသိနာရုံ၌ ၁-ဆူ
(ယင်း စေတီ ၈-ဆူကို ဓာတ်တော် တစ်စိတ်သားစီ  ဌာပနာသည်)။
၉။ ပိပ္ပလိတိုင်း၌ မီးသွေးဌာပနာ ၁-ဆူ
၁၀။ ဒေါဏပုဏ္ဏား ဓာတ်တော်ခြင်သည့် ပြည်တောင်း ဌာပနာ၍ တည်သောစေတီ ၁-ဆူ အားဖြင့် ၁၀-ဆယ်တို့ ဖြစ်ကုန်၏။

မီးမလောင်ဘဲနဲ့ ကျန်နေသော ဓာတ်(၇)ပါး ရှိပါသည်။ 
နဖူးသင်းကျစ်ရိုး ၁-ခု
ညှပ်ရိုး ၂-ချောင်း
စွယ်တော် ၄-ဆူ ဤ (၇)ခုတို့သည် မပျက်မစီး တစ်သားတည်း တည်ရှိနေပါသည်။ ပါဠိလို အသမ္ဘိန္ဒဓာတု-ဟုခေါ်ပါသည်။ ပင်ကို သရီရကာယဖြစ်သော အသွေး၊ အသား၊ အရိုးတော်များသည် အလုံးကလေး (ဓာတ်တော်) ဖြစ်သွားခဲ့၍ ပါဠိဘာသာအားဖြင့် သမ္ဘိန္ဒဓာတု-ဟုခေါ်သည်။

* သိကြားမင်းသည် ဒေါဏပုဏ္ဏား၏ ခေါင်းပေါင်းထဲ ညှပ်ထားသော လက်ယာအထက် စွယ်တော်တစ်ဆူကို ယူ၍ တ?

နည်းပညာနဲ့ အသက်မွေးဝမ်းကြောင်းလုပ်ချင်သူများအတွက် အတတ်နိုင်ဆုံးဖြည့်ဆည်းပေးလိုက်ပါတယ်


နည်းပညာများစုစည်းမှု စာအုပ်​ ( ၃၀၀ )

နည်းပညာနဲ့ အသက်မွေးဝမ်းကြောင်းလုပ်ချင်သူများအတွက် အတတ်နိုင်ဆုံးဖြည့်ဆည်းပေးလိုက်ပါတယ်ခဗျာ

၁။ဆန္ဒီလွင်
The Myanmar Android မြန်မာလိုစာအုပ်
၂။The IT Manager’sSurvivalGuide အင်းလိလို
၃။Joomlaအခြေခံ-မိုးမြင့်ရှိန်
( 1.50 MB ) စာမျက်နှာ - ၄၂
၎။စွမ်းပြည့်မျိုး
iOSDeviceကိုကျွမ်းကျွမ်းကျင်ကျင်ကိုင်တွယ်ကြရအောင်
( 11.3 MB )
Free 4 iOS မှ တင်ဆက်သည်။
၅။The Myanmar's Android
၆။ထားထားစောလွင်
APP ရေးသားနည်း
၇။စုကြည်ထွေး
ဖေ့ဘုတ်၏လုပ်ဆောင်ချက်များ
၈။Adobe Illustrator CS2
၉။ဦးအောင်မြင့်
Excel 2010
၁၀။ဦးအောင်လင်း
Learning Excel 2007
( 16 MB )
၁၁။မြန်မာအင်ဂျီနီယာ နှစ်ပတ်လည် ဖိုရမ်များ (၁)
၁၂။မြန်မာအင်ဂျီနီယာ နှစ်ပတ်လည် ဖိုရမ်များ (၂)
၁၃။မြန်မာအင်ဂျီနီယာ နှစ်ပတ်လည် ဖိုရမ်များ (၃)
၁၄။မြန်မာအင်ဂျီနီယာ နှစ်ပတ်လည် ဖိုရမ်များ (၄)
၁၅။ကောင်းမြတ်ဦး တင်ထွဋ်
အခမဲ့ Website ရေးတင်နည်း
၁၆။ကိုနေ
Basic Networking
၁၇။သရ ICT
Windows 8 ကိုလေ့လာခြင်း
( 43 . 22 MB ) စာမျက်နှာ - ၁၇၂
ဒုတွဲ ရှိဝူးနော် အာ့ပဲ
၁၈။နေဇော်ဝင်းမောင်
Learning Guide for 3D Sudio Max ( ပတွဲ )
၁၉။Turbo C Programming အခြေခံ မြန်မာစာအုပ်
၂၀။ဝင်းဟိန်း
ANDROID Application ရေးသားခြင်း
Or )
၂၁။ကိုမြန်မာ
Microsoft Access 2010 ဖြင့်
database Program ရေးဆွဲခြင်း
၂၂။ဝေဖြိုးအောင်
Peachtree Accounting
(Computer Accounting Software)
၂၃။အာကာဖြိုး
Mobile မျိုးစုံ Root လုပ်နည်း
၂၄။ကွန်ပြူတာစာရင်းကိုင်စနစ်မိတ်ဆက်
၂၅။ဝင်းဟိန်း
Fruity Loop 10 နဲ့ သီချင်းတစ်ပုဒ်ဖန်တီးမယ်ဆိုရင်
၂၆။ကွန်ပြူတာအမေးအဖြေ
( 8 MB ) စာမျက်နှာ - ၂၃၇
၂၇။ဟက်ကာလက်စွဲ ( မြန်မာပြန် )
( 3 . 50 MB ) စာမျက်နှာ - ၁၁၅
၂၈။Micorsoft Front page 2002
၂၉။မောက်မောက်လေး
mocrosoft office word 2013
( 13.5 MB )
၃၀။ရဲမင်းအောင်
Firmware Flashing Guide
မိုဘိုင်းဖုန်းများအတွက် ဖမ်းဝဲ ရေးနည်း
၃၁။ကိုယ်တိုင်လေ့လာ You Tube သင်ခန်းစာ
( 7.2 MB )
၃၂။Android User Guide
( 7 MB )
၃၃။ဦးအောင်လင်း
Windows 7 အသုံးပြုနည်းလက်စွဲ
၃၄။စုကြည်ထွေး
Skype အသုံးပြု နည်း
၃၅။Facebook အသုံးပြု နည်း
၃၆။မင်းသန့်အောင်
Facebook လုံခြုံရေး
http://pc.cd/mFPctalK
၃၇။မောင်ကောင်း
Adobe After Effects CS6 ( မြန်မာစာအုပ် )
http://pc.cd/IFPctalK
၃၈။ဦးအောင်မြင့် (M.E.,Australia)
C++ Complete Vol : 1
http://pc.cd/0pPctalK
၃၉။ဦးအောင်မြင့် (M.E.,Australia)
C++ Complete Vol : 2
http://pc.cd/v0PctalK
၄၀။ဦးအောင်မြင့် (M.E.,Australia)
C++ Complete Vol : 3
http://pc.cd/a0PctalK
၄၁။ဗိုင်းရပ်အမျိုးမျိုးသတ်နည်း
http://pc.cd/T0PctalK
၄၂။ဦးအောင်မြင့် (M.E.,Australia)
Office Word 2010
http://pc.cd/jJPctalK
၄၃။ဦးအောင်မြင့် (M.E.,Australia)
Office Excel 2010
http://pc.cd/pJPctalK
၄၄။ဦးအောင်မြင့် (M.E.,Australia)
Auto CAD 2005
http://pc.cd/pFPctalK
၄၅။အောင်ဇော်လတ်
Learning Autocad 2010
အပိုင်း (၁)
http://pc.cd/k5PctalK
အပိုင်း (၂)
http://pc.cd/15PctalK
အထက်ပါစာအုပ်များတွဲလေ့လာရန်
Work File ကွန်ပြူတာနှင့်ဖွင့်ရန် ( ဖုန်းနဲ့မရပါ )
http://pc.cd/b5PctalK ( rar.ဖိုင် )
၄၆။Fl Studio 10 စာအုပ်(၀င်းဟိန်း)
( 12 . 5 MB ) #စာမျက်နှာ - ၁၆၄
http://pc.cd/sLDctalK
၄၇။ဝင်းဟိန်း
အိမ်တွင်းအသံဖမ်းစတီရီယိုတစ်ခုတည်ဆောက်ခြင်း
( 8 . 9 MB ) စာမျက်နှာ - ၁၃၂
http://pc.cd/gbDctalK
၄၈။The Civil Engineering Handbook. APK
( စာအုပ်ဟုတ်ဘူးနော် ဆော့ဝဲ )
http://pc.cd/hFPctalK . APK
၄၉။The Civil Engineering Handbook .PDF
( 43 MB ) စာမျက်နှာ - ၂၈၁၄
http://pc.cd/tJPctalK
၅၀။Construction Mathematics
http://pc.cd/t5PctalK
၅၁။Transportation Engineering Handbook
http://pc.cd/K0PctalK
၅၂။Highway Engineering Handbook
http://pc.cd/75PctalK
၅၃။Gmail အသုံးပြုနည်း
http://pc.cd/e9gctalK
၅၄။သန်းထိုက်(ရွှေရိပ်)
Smart Card နည်းပညာခရီးသည်
( 13 MB )
http://pc.cd/7sgctalK
၅၅။သန်းထိုက်(ရွှေရိပ်)
Mobile ကွန်ယက် နည်းပညာ
http://pc.cd/angctalK
၅၆။သန်းထိုက်(ရွှေရိပ်)
Honest Hacking
ရိုးသားစွာထိုးထွင်းလေ့လာခြင်း
http://pc.cd/iegctalK
၅၇။သန်းထိုက်(ရွှေရိပ်)
လက်တော့ပ် ပြုပြင်ခြင်း
http://pc.cd/PngctalK
၅၈။သန်းထိုက်(ရွှေရိပ်)
မြန်မာလက်ရာနှင့်ဖန်တီးအနုပညာ
ကွန်ပြူတာဖြင့် ဖန်တီးမှုအနုပညာ
http://pc.cd/sngctalK
၅၉။သန်းထိုက်(ရွှေရိပ်)
ကလေးများအတွက် ပရိုဂရမ်အလွယ်ရေးသားနည်း
http://pc.cd/negctalK
၆၀။သန်းထိုက်
Android ပေါ်မှ လက်တွေ့သုံးနည်းပညာ
http://pc.cd/qogctalK
၆၁။သန်းထိုက်(ရွှေရိပ်)
အင်တာနက်လိပ်စာများ
http://pc.cd/2egctalK
၆၂။သန်းထိုက်(ရွှေရိပ်)
i Drive များအတွက် လက်တွေ့သုံးနည်းပညာများ ( 13 .MB )
http://pc.cd/qegctalK
၆၃။ကို P -
iPhone 4G 3GS 3G အသုံးပြုမှု လက်စွဲလမ်းညွှန်
http://pc.cd/9DgctalK
၆၄။iPhone တစ်လုံးကို UnLock နှင့် Upgrade ပြုလုပ်နည်း
http://pc.cd/i2gctalK
၆၅။Laptop တစ်လုံးကို ကြာရှည်ခံပြီး လုံခြုံ စိတ်ချစေရန် နည်းလမ်းများ
http://pc.cd/OlArtalK
၆၆။Laptop ပျက်နေပြီဆို
ဘယ်လို ဖြေရှင်းမလဲ
http://pc.cd/5sgctalK
၆၇။Laptop တစ်လုံး ပြု ပြင်မည်ဆိုရင်
သိထားရမည့် အချက်များ
http://pc.cd/vWgctalK
၆၈။သူရအောင်
Using Internet & E-mail Update
http://pc.cd/v5PctalK
၆၉။သူရအောင်
Wibsite လမ်းညွှန် နှင့် Facebook အသုံးပြု နည်း
http://pc.cd/jwArtalK
၇၀။မျိုးသူရ
ကွန်ပြူတာမှ ကွန်ယက်ဆီသို့ တည်ဆောက် အသုံးပြု ခြင်းနှင့် အခြေခံသဘောတရားများ
http://pc.cd/Q2gctalK
၇၁။မျိုးသူရ
ကွန်ပြူ တာ တပ်ဆင် ပြု ပြင် ထိန်းသိမ်း
နည်း အခြေခံသဘောတရားများ
http://pc.cd/82gctalK
၇၂။မောင်မောင်မြင့်သိန်း (စက်မှုတက္ကသိုလ်)
ကွန်ပြူ တာသုံးစွဲသူတိုင်းအတွက်
အင်္ဂလိပ်စာ
http://pc.cd/wWgctalK
၇၃။ဇော်လင်း
Complete Network Guide
(CCNA , MCSE , MCSA , MCTS)
http://pc.cd/t0PctalK
၇၄။ဇော်လင်း
Using Facebook
( 17 MB ) စာမျက်နှာ - ၂၂၅
http://pc.cd/EO1ctalK
၇၅။ဦးဇော်လင်း
ကွန်ပြူတာအထက်တန်း အတွဲ (၁)
http://pc.cd/tOgctalK
၇၆။ဦးဇော်လင်း
ဤစာအုပ်ကိုဖတ်ပြီးမှကွန်ပြူတာပြင်ပါ
PC Mechanic
(9.8 MB )
http://pc.cd/NJCctalK
၇၇။ဇော်လင်း ( YOUTH )
A+ကွန်ပြူတာအကြောင်းအသေးစိတ်သိကောင်း စရာ
http://pc.cd/OsgctalK
၇၈။ဇော်လင်း ( YOUTH )
Email နှင့် Facebook အသုံးပြုနည်း
http://pc.cd/29gctalK
၇၉။ဖိုးနိုင်ဝင်း
လွယ်ကူလေ့လာ ကွန်ပြူ တာ
အဆင့်တိုးမြှင့် နှင့် ပြု ပြင်ခြင်းပညာ
http://pc.cd/wsgctalK
၈၀။ကိုဒီမွန်း
ဖုန်းဖြင့် pdf ကို စနစ်တကျရေးနည်း
http://pc.cd/CPArtalK
၈၁။Skype အသုံးပြုနည်း
http://pc.cd/w1gctalK
၈၂။Twitter အသုံးပြုနည်း
http://pc.cd/2ngctalK
၈၃။ဒီဖိုင်းပြု လုပ်ရာတွင်လိုအပ်သော
အလေ့အကျင့်ကောင်း
good design practice
http://pc.cd/DiPctalK
၈၄။ဦးသန်းဝင်း
Learning Web Designလက်တွေ့သင်ခန်းစာများ
http://pc.cd/IegctalK
၈၅။InternetandDataSecurity
http://pc.cd/HegctalK
၈၆။concise Hydraulics
http://pc.cd/1DgctalK
၇၈။concise Hydrology
http://pc.cd/1egctalK
၈၈။Introduction to HVAC Control Systems
http://pc.cd/Q9gctalK
၈၉။Integrated Building Management System(IBMS)
http://pc.cd/UDgctalK
၉၀။Introduction to Building Automation System(BAS)
http://pc.cd/3DgctalK
၉၁။Introduction to Geotechnical Processes
http://pc.cd/qDgctalK
၉၂။Making IT
http://pc.cd/LegctalK
၉၃။Notes on Home Networking
http://pc.cd/gngctalK
၉၄။Wifi လွှင့်နည်းများ
http://pc.cd/kegctalK
၉၅။ကိုယ်တိုင်လေ့လာ YouTube သင်ခန်းစာ
http://pc.cd/IngctalK
၉၆။Microstation Training Guide
http://pc.cd/81gctalK
၉၇။Microsoft Computer Dictionary - Fifth Edition
http://pc.cd/OegctalK
၉၈။NetworkBasics(New)
http://pc.cd/YUgctalK
၉၉။NetworkSecurity(new)
http://pc.cd/V6gctalK
၁၀၀။Pile Design And Construction Practice
http://pc.cd/EUgctalK
၁၀၁။Power Point 2010
http://pc.cd/dqPctalK
၁၀၂။Rock Mechanics and Foundation Engineering
http://pc.cd/o6gctalK
၁၀၃။Shallow Foundations
SHALLOW Foundations
http://pc.cd/06gctalK
၁၀၄။GEO Soil Engineering testing design and remediation
http://pc.cd/s6gctalK
၁၀၅။Stack Effect တွက်နည်း
http://pc.cd/kOgctalK
၁၀၆။Soil-Structure Interaction
http://pc.cd/YOgctalK
၁၀၇။Soil Liquefaction
http://pc.cd/v6gctalK
၁၀၈။ဝင်းဒိုး ၇ တင်နည်း
http://pc.cd/eVPctalK
၁၀၉။ဝင်းဒိုး ၈ တင်နည်း
http://pc.cd/5XPctalK
၁၁၀။ဝင်းဒိုး ၁၀ တင်နည်း
http://pc.cd/QkPctalK
===================================
Collection Of Civil Engineering Books And Others
မြို့ပြအင်ဂျင်နီယာ ဘာသာရပ်ဆိုင်ရာစာအုပ်များ နှင့် အခြား ဘာသာရပ်ဆိုင်ရာ စာအုပ်များ စုစည်းမှု
=======================================
၁၁၁။အဆောက်အဦးလုပ်ငန်းအခြေခံစံနှုန်းများ(Analysis of Rates for Building Works)
http://pc.cd/XpPctalK
၁၁၂ဝအဆောက်အဦးလုပ်ငန်းဆိုင်ရာ အင်ဂျင်နီယာလက်ဆွဲ(ဦးကျော်နိုင်)
http://pc.cd/ktPctalK
၁၁၃။AutoCAD for beginners (Myanmar)
http://pc.cd/cdPctalK
၁၁၄။Applied 3D modeling in AutoCAD – (Robert Tin Aye)
http://pc.cd/wqPctalK
၁၁၅။ကွန်ကရိနည်းပညာ(ဦးညီလှငယ်)
http://pc.cd/LqPctalK
၁၁၆။Refresher Course and Field Reference Manual for Site engineers and Inspectors(U Nyi Hla Nge)
http://pc.cd/vtPctalK
၁၁၇။Google SketchUp 8 (Myanmar)
http://pc.cd/kogctalK
၁၁၈။လိုင်စင်အင်ဂျင်နီယာ စာမေးပွဲဖြေဆိုမည့် သူများအတွက် နည်းဥပဒေနှင့် လုပ်ထုံးလုပ်နည်းဆိုင်ရာ သိကောင်းစရာများ
http://pc.cd/ItPctalK
၁၁၉။Architecture's Portable Handbook
http://pc.cd/cqPctalK
၁၂၀။Piping Handbook
http://pc.cd/xtPctalK
၁၂၁။PRACTICAL DESIGN OF STEEL STRUCTURES
http://pc.cd/ElPctalK
၁၂၂။BUILDING DESIGN AND CONSTRUCTION HANDBOOK
http://pc.cd/EtPctalK
၁၂၃။မိုးမြင့်ရှိန်
PHP ebook (Myanmar version)
( 1.3 MB ) စာမျက်နှာ - ၁၃၆
http://pc.cd/YvPctalK
၁၂၄။PHP လှေကားထစ်များ - ( ကိုကျော် )
http://pc.cd/oGPctalK
၁၂၅။Bridge Engineering Handbook
http://pc.cd/hlPctalK
၁၂၆။Reinforced Concrete Fundamental Approach 6th Edition
http://pc.cd/F6PctalK
၁၂၇။Geotechnical Earthquake engineering
http://pc.cd/QlPctalK
၁၂၈။Structural Steel Designer Handbook
http://pc.cd/MtPctalK
၁၂၉။Soil Mechanics
http://pc.cd/eqPctalK
၁၃၀။Handbook of Structural Engineering
http://pc.cd/fqPctalK
၁၃၁။ခေတ်မီမော်တော်ယာဉ်ဆိုင်ရာ လျှပ်စစ်နည်းပညာများ အပိုင်း(၁) (မင်းသိန်း-စက်မှု)
http://pc.cd/TiPctalK
၁၃၂။ခေတ်မီမော်တော်ယာဉ်ဆိုင်ရာ လျှပ်စစ်နည်းပညာများ အပိုင်း(၂)(မင်းသိန်း-စက်မှု)
http://pc.cd/CvPctalK
၁၃၃။ဟက်ကာလက်စွဲ
http://pc.cd/6GPctalK
၁၃၄။ ရဲမင်းအောင် (Ray Electronic)
iPhone အသုံးပြုသူများနှင့် စက်ပြင်ဆရာလက်စွဲ
( 16 MB ) စာမျက်နှာ - ၂၆၇
http://pc.cd/JvPctalK
၁၃၅။Dictionary of Architecture and Construction
http://pc.cd/HqPctalK
၁၃၆။Building Service Handbook
http://pc.cd/QqPctalK
၁၃၇။Building Construction Handbook
http://pc.cd/wdPctalK
၁၃၈။Building Surveys
http://www.mediafire.com/…/endad2glnra…/building_surveys.pdf
၁၃၉။Basic Structures for Engineers and Architecture
http://www.mediafire.com/…/Basic-Structures-for-Engineers-a…
၁၄၀။Bridge Design Manual
http://www.mediafire.com/…/Bridge_Design_Manual-Texas_Depar…
၁၄၁။လုပ်ငန်းခွင် အန္တရယ်ကင်းရှင်းရေး လက်စွဲစာအုပ်
http://pc.cd/MlPctalK
၁၄၂။Easy Steel Structural Properties and Design Book
http://www.mediafire.com/…/EasysteelStructuralPropertiesboo…
၁၄၃။revit and 3Ds max .RAR (၅)အုပ်
http://pc.cd/ClPctalK
၁၄၅။Construction Equiment Management for Engineers, estimators and Owners
https://drive.google.com/…/0B-EHNvJLwZSHSEw1NmpvMVgxY…/view…
၁၄၆။Construction Project Management
https://drive.google.com/…/0B-EHNvJLwZSHSEw1NmpvMVgxY…/view…
၁၄၇။Construction Scheduling and Control
https://drive.google.com/…/0B-EHNvJLwZSHQ2llMmVWOHNOd…/view…
၁၄၈။Structural Foundation Designers Manual
https://www.dropbox.com/…/883structuralfoundationdesignersm…
၁၄၉။Handbook of Structural Steel Connection Design and Details
https://www.dropbox.com/…/handbookofstrcuturalsteelconnecti…
၁၅၀။Reinforced Concrete: A fundamental Approach
https://www.dropbox.com/…/69839044-reinforced-concrete-manu…
၁၅၁။Structural Analysis
https://www.dropbox.com/…/hibbelerstructuralanalysis8thtxtb…
Structural Engineering Analysis and Design
http://www.mediafire.com/download/f0uxuy8a13v50sf/se.pdf
၁၅၂။Civil Engineering Reference Manual for PE exam
http://www.mediafire.com/…/Civil_Engineering_Reference_Manu…
၁၅၃။Analysis of Rates for Building Works
http://www.mediafire.com/…/241874803-Analysis-of-Rates-Buil…
၁၅၄။Analysis of Rates for Airfield Works
http://www.mediafire.com/…/241875172-Analysis-of-Rates-Airf…
၁၅၅။Estimating for builders & surveyors
http://www.mediafire.com/…/135353436-Estimating-for-Builder…
၁၄၆။Estimating in Building construction
http://www.mediafire.com/…/191286872-Estimating-in-Building…
၁၅၇။Handbook of Reinforced Concrete And Detailing
http://www.mediafire.com/…/sp-34-1987handbookonreinforcemen…
၁၅၈။Theory And Practice Of Foundation Design
http://www.mediafire.com/…/theoryandpracticeoffoundationdes…
၁၅၉။Revit Architecture 2010 Vol 1
Revit Architecture 2010 Vol 2
http://www.mediafire.com/…/uiis13op…/Learning-Autodesk-Revit-
Architecture-2010-Volume-1.pdf
http://www.mediafire.com/…/Learning-Autodesk-Revit-Architec…
၁၆၀။AutoCAD 3D ( Robert Tin Aye)- Myanmar
http://www.mediafire.com/…/34zig3s…/autodesk_3d_modeling.pdf
၁၆၁။Learning Guide for 3D Studio Max –Myanmar
http://www.mediafire.com/…/3D_Max_Guide_Demo-001_release_V.…
၁၆၂။SketchUp User’s Guide
http://www.mediafire.com/…/GoogleSketchup_UsersGuide-WIN.pdf
၁၆၃။V-ray for SketchUp Manual
http://www.mediafire.com/…/V-RayforSketchUpManual_English.p…
၁၆၄။Google SketchUp for Site Design
http://www.mediafire.com/…/j4c…/SketchUp_for_Site_DEsign.pdf
၁၆၅။AutoCAD 2010(Robert Tin Aye)
http://www.mediafire.com/…/npjmc73d98mcv…/Robert_Tin_Aye.rar
၁၆၆။Civil Engineering Formulas Pocket Guide
http://www.mediafire.com/…/Civil_Engineering_Formulas_Pocke…
၁၆၇။Structural Engineering formulas
http://www.mediafire.com/…/engineersdaily.com__Structural_E…
၁၆၈။Standard specifications for Highway Construction Volume 1
http://www.mediafire.com/…/11kj78l2b0cd…/dbss2013volume1.pdf
၁၆၉။Standard specifications for Highway Construction Volume 2
http://www.mediafire.com/…/xs4hd0d27df4…/Volume_2_SS2012.pdf
၁၇၀။General Specification for Building Maintenance Works in Residental Building
http://www.mediafire.com/…/w1mg9z5fpwvz1…/BSD-GSMainFull.pdf
၁၇၁။General Specification for Building Volume 1 of 2
http://www.mediafire.com/download/exv3lcr3qsena2w/e139.pdf
၁၇၂။General Specification for Civil Engineering Works Vol 2 of 2
http://www.mediafire.com/…/w1mg9z5fpwvz1…/BSD-GSMainFull.pdf
၁၇၃။Structure as Architecture
http://www.mediafire.com/…/…/Structure_as_Architecture_6.pdf
၁၇၄။Masonry and Concrete for Residential Construction
http://www.mediafire.com/…/Masonry_and_Concrete_for_Residen…
၁၇၅။Structural Engineer’s Professional Training Manual
http://www.mediafire.com/…/structuralengineersprofessionalt…
၁၇၆ဝDesign of Concrete structure
http://www.mediafire.com/…/design-of-concrete-structures-2c…
၁၇၇။Concrete Construction Engineering
http://www.mediafire.com/…/concreteconstructionengineeringh…
၁၇၈။Advanced Methods of Structural Analysis
http://www.mediafire.com/…/advancemethodofstructuralanalysi…
၁၇၉။Basic Civil Engineering
http://www.mediafire.com/…/basiccivil-engineeringbook-13121…
၁၈၀။Structural Engineer's pocket book
http://www.mediafire.com/…/structuralengineerspocketbook-13…
၁၈၁။Structural Analysis
http://www.mediafire.com/…/structural-analysis-in-theory-an…
၁၈၂။Reinforced Concrete (Design Theory & Examples)
http://www.mediafire.com/…/reinforcedconcretedesigntheoryex…
၁၈၃။3D studio Max (Myanmar)
http://pc.cd/pqPctalK
၁၈၄။2600 HATCH AutoCAD Hatch Textures
http://pc.cd/4dPctalK
၁၈၅။AutoCAD Blocks
http://pc.cd/flPctalK
၁၈၆။Google SketchUp Blocks
http://pc.cd/6lPctalK
၁၈၇။Google SketchUp Crack files(x32x64)
http://pc.cd/GlPctalK
၁၈၈။Yellow Books(Excel files)
http://pc.cd/HdPctalK
၁၈၉။Home Design
http://pc.cd/4lPctalK
===================================
ရေကြောင်းအင်ဂျင်နီယာ
၁၉၀။Basic Ship Theory Volume 1
( 4 . 50 MB ) စာမျက်နှာ - ၄၀၀
http://pc.cd/XdPctalK
၁၉၁။Basic Ship Theory Volume - 2
http://pc.cd/IqPctalK
၁၉၂။Guide To Ship Repair Estimates
http://pc.cd/elPctalK
၁၉၃။Ocean_Beach_Dunedin_A_numerical_study_of_the_coastal_dynamics
http://pc.cd/z6PctalK
၁၉၄။မိုးမြင့်ရှိန်
Joomla website အတွက်အခြေခံပြင်ဆင်မှုများ နှင့် Google apps နှင့် Domain Name ချိတ်ဆက်ခြင်း
http://pc.cd/frPctalK
၁၉၅။ကွန်ပြူတာသိပ္ပံမိတ်ဆက် (၁)
http://pc.cd/YiPctalK
၁၉၆။ကွန်ပြူတာသိပ္ပံမိတ်ဆက် (၂)
http://pc.cd/qGPctalK
၁၉၆။Networking ဘာသာရပ်ကြီးကို ရှင်းလင်းနိုင်ရန် မရည်ရွယ်ပါ။
မိမိတို့ ရုံး၊ အိမ်မှာ ရှိတဲ့ Computer အနည်းငယ်ကို ချိတ်ဆက်၍ File နှင့် Printer များကို ဝေမျှ သုံးစွဲနိုင်ပါရန် Networking အတွေ့အကြုံ မရှိသူများအတွက် အထောက်အကူ ဖြစ်ပါစေရန် ရေးသားထားပါတယ်။
စာအုပ်အမည် - Notes on Home Networking
စာရေးသူ - Book-Shelf Admin Team
( 1.6 MB ) စာမျက်နှာ - ၂၅
http://pc.cd/9GTctalK
၁၉၈။Adobe PageMaker 7.0 မှာ Unicode Font သုံးလို့ မရပါဘူး။PageMaker လို DTP နဲ့ Unicode သုံးလိုသူများအတွက်
စာအုပ်အမည် - Adobe InDesign CS3
တပ်မတော်သုံးကွန်ပြူတာလက်စွဲ
စာရေးသူ - ကကကွန်
စာမျက်နှာ - ၁၇၂
အရွယ်အစား - 21 MB
http://pc.cd/sGTctalK
၁၉၉။Android Programming ကို စတင်လေ့လာလိုသူများအတွက် -
Java, C, C++, C# စတဲ့ ဘာသာစကားတစ်ခုခုကို ကျွမ်းကျင်သူများအနေဖြင့် ဤစာအုပ်တစ်အုပ်တည်း ဖတ်မိရုံနဲ့ Android Programming အကြောင်း နားလည်သဘောပေါက်သွားနိုင်ပါတယ်။
Title: Android Application Development For Dummies
Author: Michael Burton, Donn Felker
( 42.3 MB ) စာမျက်နှာ ၄၀၈
http://pc.cd/HiTctalK
၂၀၀။A complete preparation guide for the entry-level networking CCNA certification.
Title: CCNA Certification All-In-One For Dummies
Author: Silviu Angelescu
( 68.6 MB ) စာမျက်နှာ ၁၀၀၈
http://pc.cd/J3TctalK
၂၀၁။Computer Networking ကို လေ့လာလိုသူများအတွက်
Title - Cisco Router Configuration Handbook
Author - David Hucaby
( 7.62 MB ) စာမျက်နှာ ၆၄၁
http://pc.cd/ivTctalK
၂၀၂။Computer Hardware နှင့်ပတ်သက်လို့ လေ့လာနိုင်ပါရန်
Title - A+ Certification Bible
Pages - 1185
Size - 36.1 MB
http://pc.cd/LGTctalK
၂၀၃။ကွန်ပျူတာ စာရင်းကိုင်ပညာကို မြန်မာဘာသာဖြင့် လေ့လာနိုင်ပါရန် -
Title - Peachtree Accounting
Author - ဝေဖြိုးအောင်
( 5.07 MB ) စာမျက်နှာ - ၁၇၀
http://pc.cd/uvTctalK
၂၀၄။ဗွီဒီယို တည်းဖြတ်မှု အတွက်
Keith Underdahl - Adobe Premiere Elements For Dummies
( 14.5 MB ) စာမျက်နှာ ၃၈၅
http://pc.cd/VvTctalK
၂၀၅။CSS for windows 8 App development
( 7 . 5 MB ) စာမျက်နှာ - ၃၀၁
http://pc.cd/ovTctalK
၂၀၆။You Can Program in C++
( 4 . 50 MB ) စာမျက်နှာ - ၃၈၇
http://pc.cd/daTctalK
၂၀၇။C++ Complete Vol 3
ဆရာ အောင်မြင့် ရေးသားထားသော C++ ရေးသားနည်း စာအုပ်လေးပါ.. ဒီကောင်လေးကတော့ အမှတ် ၃ ပဲဖြစ်ပါတယ်။။။
C++ Programming ဘာသာရပ်ကို လွယ်လွယ်ကူကူ လေ့လာနိုင်ပြီး ထူးချွန်သော programmer တွေအဖြစ်သို့ လျှောက်လှမ်းနှိုင်ကြပါစေလို့ သယ်ရင်းတို့ အားလုံးကို ကျွန်တော်တို့ စာအုပ်စင် မိသားစုမှ ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်ခင်ဗျ
http://pc.cd/p3TctalK
၂၀၈။Easy iDevice GuideBook (သူငယ်တန်း Apple ဖတ်စာ)
ကျွန်တော်တို့ အကိုကြီး ဆရာ ကိုနေဇာအောင် (ကိုမိုးသိကြား) ရေးသားထားသော I Device အသုံးပြုနည်းစာအုပ်လေးပဲဖြစ်ပါတယ်။ ကျွန်တော်တို့ လိုနည်းပညာ ရှာမှီးသူတွေအတွက် ရှေ့ဆောင်လမ်းပြနဲ့ အကူအညီများစွာပေးခဲ့သော ဆရာ မိုးသိကြား ကိုလဲ ဒီနေရာလေးကနေ ကျေးဇူးတင်ကြောင်းပြောကြားပါရစေခင်ဗျ...
Fully Respect ပါ ဆရာရေ
( 11 . 1 MB ) စာမျက်နှာ - ၁၂၉
http://pc.cd/XiTctalK
၂၀၉။WEB DESIGNER'S GUIDE TO ADOBE PHOTOSHOP
padonma ဖိုရမ်မှ Chris Tull လေးပြုစုရေးသားပေးထားသော ဖိုတိုရှော့ ဖြင့် ၀က်ဒီဇိုင်း ရေးဆွဲနည်း အခြေခံစာအုပ်လေးဖြစ်ပါတယ်။
စာအုပ်ရေးသားပေးသူ chris tull လေးကိုရော နည်းပညာတွေ အဆင်အမြဲ ဖြန့် ဝေပေးနေတဲ့ padonma ဖိုရမ်ကိုရော ဒီနေရာလေးကနေ ကျေးဇူးတင်ကြောင်းပြောကြားပါရစေခင်ဗျ..........
( 12 MB ) စာမျက်နှာ - ၁၂၂
http://pc.cd/3KErtalK
၂၁၀။အင်တာနက်သုံးစွဲသူများအတွက် အသိပေးချက် ၈ ချက်
အင်တာနက် အသုံးပြုသူတိုင်း သိထားသင့်တဲ့အချက် ၈ချက်ပါ....
မူရင်းရေးသားသူကိုလဲ ကျေးဇူးအထူုးတင်ရှီပါကြောင်း ဒီနေရာလေးကနေ ပြောပါရစေခင်ဗျ...
( 658 KB ) စာမျက်နှာ - ၁၃
http://pc.cd/H3TctalK
၂၁၁။Learning Web Design, Web Design လက်တွေ့ သင်ခန်းစာများ
ဆရာ ဦးသောင်းဝင်း (ပန်းချယ်ရီ) ရေးသားထားသော web design အသုံးပြုနည်းနှင့် သင်ခန်းစာများ စာအုပ်လေးဖြစ်ပါတယ်။
http://pc.cd/JrTctalK
၂၁၂။Basic PHP Tutorial
ဆရာ ကိုတင်ထွန်းလွင် ရေးသားထားသော Php အသုံးပြုနည်း အခြေခံစာအုပ်လေးဖြစ်ပါတယ်။
( 909 KB ) စာမျက်နှာ - ၈၃
http://pc.cd/IoTctalK
၂၁၃။ကိုကျော်
PHP လှေကားထစ်များ
http://pc.cd/SXMctalK
လျှပ်စစ်နှင့်ပတ်သက်သောကောင်းနိုးရာရာများ
( ၃၁ ) အုပ်
၁။ဝင်းထက်ဝင်း
ရာစုသစ် အခြေခံ အီလက်ထရွန်းနစ်
http://pc.cd/919ctalK
၂။မင်းသိန်း
ခေတ်မှီ မော်တော်ယာဉ်ဆိုင်ရာ လျှပ်စစ်နည်းပညာများ အပိုင်း (၁)
http://pc.cd/3e9ctalK
၃။အိမ်တွင်းလျှပ်စစ်ကြိုးသွယ် ဆားကစ်ပတ်လမ်းများ ဦးအုန်းမြိုင်(လျှပ်စစ်)
http://pc.cd/w29ctalK
၎။မင်းသိန်း
ခေတ်မှီ မော်တော်ယာဉ်ဆိုင်ရာ လျှပ်စစ်နည်းပညာများ အပိုင်း (၂)
http://pc.cd/h19ctalK
၅။ဦးအုန်းမြို င်
AC မှ DC သို့ DC မှ AC သို့
http://pc.cd/Af9ctalK
၆။ဦးကိုကိုလေး
လျှပ်စစ်အင်ဂျင်နီယာလက်စွဲ
http://pc.cd/vf9ctalK
၇။ဦးကိုကိုကြီး
လျှပ်စစ်မော်တာပြု ပြင်နည်း နှင့်
ထိန်းသိမ်း မောင်းနှင်နည်း
http://pc.cd/as9ctalK
၈။စက်မှုအီလက်ထရောနစ် - ဆရာဦးတင့်ဇော်
http://pc.cd/4f9ctalK
၉။ဦးကောင်းထက်ညွန့်
Air Conditioning and Mechanical
Ventilation (Volume-1) မြန်မာလို
http://pc.cd/lD9ctalK
၁၀။အင်ဂျင်နီယာလက်စွဲ - ဦးကျော်နိုင်
http://pc.cd/K19ctalK
၁၁။အံ့ဖွယ်လျှပ်စစ် ( စာပေဆုရ )
http://pc.cd/4h9ctalK
၁၂။ROBOTICS FOR BEGINNER
http://pc.cd/a29ctalK
၁၃။The essential guide of Automation & Control
( 18 . 5 MB ) စာမျက်နှာ - ၂၉၀
http://pc.cd/Uh9ctalK
၁၄။Circuit protection and control devices 0.5 to 6300 A
( 6 . 5 MB ) စာမျက်နှာ - ၇၆
http://pc.cd/Mj9ctalK
၁၅။The essential guideof Control Panel
( 21 MB ) စာမျက်နှာ - ၂၁၆
http://pc.cd/Fj9ctalK
၁၆။AC Transmission and Distribution
http://pc.cd/4S9ctalK
၁၇။Electrical Knowledge မြန်မာလို
http://pc.cd/9j9ctalK
၁၈။Motor PF
http://pc.cd/XS9ctalK
၁၉။Motor Losses မြန်မာလို
http://pc.cd/uj9ctalK
၂၀။Analog meter ဖြင့် Resistor တိုင်းနည်း(၁)
http://pc.cd/wS9ctalK
၂၁။ELCBRCD-V3
http://pc.cd/vj9ctalK
၂၂။Harmonics အကြောင်းအပိုင်းအစလေး
http://pc.cd/3j9ctalK
၂၃။Power Factor 1 to 4 (မြန်မာလို)
http://pc.cd/LS9ctalK
၂၄။ELCBRCD 1 to 5 (မြန်မာလို)
http://pc.cd/4j9ctalK
၂၅။PFPFC Written by Aye Thwin( မြန်မာလို )
http://pc.cd/xS9ctalK
၂၆။EFY Enterprises Pvt Ltd ဧ။် Simple Projects you can make at home
( 24 . 44 MB )
http://pc.cd/Mf9ctalK
ပညာရေးဝန်ကြီးဌာန
၂၇။အခြေခံစက်မှုပုံဆွဲအတတ်ပညာ
http://pc.cd/TD9ctalK
၂၈။သံချည်သံကွေးလုပ်ငန်းအတတ်ပညာ
http://pc.cd/9e9ctalK
၂၉။အဆောက်အဦးလုပ်ငန်းအခြေခံစံနှုန်းများ
http://pc.cd/3s9ctalK
၃၀။ဂဟေဆက်ခြင်းဆိုင်ရာအခြေခံသဘောတရား
http://pc.cd/Ds9ctalK
၃၁။မော်တော်ယာဉ်ဆိုင်ရာ EFI အင်ဂျင်နှင့် ကွန်ပြူတာထိန်းချုပ်စနစ်
http://pc.cd/C19ctalK
ဗွီဒီယို နှင့် ဓာတ်ပုံဝါသနာရှင်များအတွက် ၅၁ အုပ်
၁။Adobe Photo Shop CS
( 5 . 5 MB ) စာမျက်နှာ - ၁၆၂
http://pc.cd/vE9ctalK
၂။အောင်မြင့်
Adobe Photo Shop CS2
http://pc.cd/RE9ctalK
၃။ဦးအောင်နိုင်မော်
Adobe Photo Shop CS3
ဖိုတိုရှော့ကမ္ဘာသို့ အလည်တစ်ခေါက်လာခဲ့ပါ
http://pc.cd/yO9ctalK
၎။မျိုးဆက်
Adobe Photo Shop CS4
http://pc.cd/iE9ctalK
၅။ရဲရှင်း
Adobe Photo Shop CS5
( 12 MB ) စာ - ၆၄
http://pc.cd/C25ctalK
၆။Adobe Photo Shop CS6 အသုံးပြုနည်း
http://pc.cd/t69ctalK
၇။ADOBE PHOTOSHOP CS6 အင်္ဂလိပ်စာအုပ်
Help and tutorials
( 11 .16 MB ) စာမျက်နှာ - ၇၅၇
http://pc.cd/jo9ctalK
၈။ကွန်ပြူတာလက်စွဲ
Adobe Photo Shop 7.0
( 28 .55 MB ) စာမျက်နှာ - ၁၉၃
http://pc.cd/5O9ctalK
၉။Adobe Photo Shop 7.0
( 13 MB )
http://pc.cd/vt9ctalK
၁၀။အောင်နိုင်မော်
ADOBE PHOTOSHOP DESIGN TUTORIALS
ပေါင်းစပ်ဖန်တီးဒီဇိုင်းရေးဆွဲနည်း
http://pc.cd/nE9ctalK
၁၁။ခိုင်မောင်
Graphic Designer များအတွက် ဖိုတိုရှော့
( 8 MB ) စာမျက်နှာ - ၁၂၇
http://pc.cd/Eo9ctalK
၁၂။ဆန်နီညိမ်း
ဂရပ်ဖစ်
( 15 MB )
http://pc.cd/8t9ctalK
၁၃။တည်းဖြတ်ခြင်းနည်းပညာ
( 11 MB )
http://pc.cd/0O9ctalK
၁၄။သန်းထိုက် (ရွှေရိပ်)
ဗွီဒီယိုတည်းဖြတ်
http://pc.cd/FO9ctalK
၁၅။ရုပ်သံစီစဉ်ရိုက်ကူးထုတ်လုပ်ပြသခြင်း
( 7 MB )
http://pc.cd/2q9ctalK
၁၆။အောင်လင်း
ရုပ်သံတည်းဖြတ်
( 12 MB )
http://pc.cd/k69ctalK
၁၇။အောင်လင်း
ဓာတ်ပုံများပြင်ဆင်ထုတ်ယူနည်း
http://pc.cd/Ft9ctalK
၁၈။စိုးဝင်း
အဆင့်မြင့် ဒစ်ဂျစ်တယ်ဓာတ်ပုံပညာ
http://www.mediafire.com/download/3e6ca5kef1ul6cd
၁၉။Adobe Lightroom အသုံးပြုနည်း(၁)
http://pc.cd/8I9ctalK
၂၀။Adobe Lightroom အသုံးပြုနည်း(၂)
http://pc.cd/GO9ctalK
၂၁။Adobe Lightroom အသုံးပြုနည်း(၃)
http://pc.cd/zN9ctalK
၂၂။Black Dream
ဓာတ်ပုံပညာကို စတင်လေ့လာနေသူများအတွက် သိထားသင့်သောအချက်များ(၁)
http://pc.cd/SN9ctalK
၂၃။ဦးစိုးလှိုင်
အမှောင်ကျကျ အရိပ် မဲမဲ ပုံရိပ် ရိုက်ကူးခြင်း။
http://pc.cd/y86rtalK
၂၄။25 Photo Tips For Beginner
http://pc.cd/yN9ctalK
၂၅။Web Designer Guide Adobe PhotoShop
( 12 MB ) စာမျက်နှာ - ၁၂၂ ( မြန်မာလို )
http://pc.cd/3KErtalK
၂၆။Auto Focus ထက် Manual Focus ကိုသုံးသင့်သည့်အခြေအနေများ
http://pc.cd/fU9ctalK
၂၇။Cheat-Sheet-by-lukezeme
http://pc.cd/cO9ctalK
၂၈။ကျွန်တော်နှင့်အရောင်များ(၁)
http://pc.cd/DN9ctalK
၂၉။ဦးစိုးလှိုင်
DSLR Metering အကြောင်း သိကောင်းဖွယ်ရာ
http://pc.cd/PO9ctalK
၃၀။Focusအရေးကြီးခြင်းနှင့်ပြတ်သားအောင်ဆောင်ရွက်ရမည့်နည်းလမ်းများ
http://pc.cd/MU9ctalK
၃၁။နန္ဒထွန်း
Macro Photography
http://pc.cd/ETErtalK
၃၂။နန္ဒထွန်း
Outdoor Portrait photography
http://pc.cd/2U9ctalK
၃၃။OutdoorPortraitရိုက်ကူးရေးအတွက်ပြင်ဆင်ရန်များ
http://pc.cd/IA9ctalK
၃၄။ဦးစိုးလှိုင်
Panning Mode(ကင်မရာဘေးတိုက်ရွေ့လျားခြင်း)
http://pc.cd/oU9ctalK
၃၅။မြန်မာမိသားစုဖိုရမ်
PHOTOSHOP NOTES(1) ဖိုတိုရှော့မှတ်စု(၁)
http://pc.cd/TI9ctalK
၃၆။မြန်မာမိသားစုဖိုရမ်
PHOTOSHOP NOTES(1) ဖိုတိုရှော့မှတ်စု(၂)
http://pc.cd/lO9ctalK
၃၇။မျိုးဆက်
Photoshop_CS_Tools
Cs/CS2/CS3/CS4/CS5 များမှာသုံးတဲ့ TOOL များအကြောင်းကို အသေးစိတ်ရှင်းပြထားပါသည်
( 8 MB ) စာမျက်နှာ - ၁၆၇
http://pc.cd/jU9ctalK
၃၈။ဒီဇိုင်နာ နဂါး
Photoshopမြန်မာလိုသင်ကြမယ်
http://pc.cd/pA9ctalK
၃၉။ဦးစိုးလှိုင်
Portrait ရိုက်ကူးရေးဆိုင်ရာ နည်းစနစ်များ
http://pc.cd/7I9ctalK
၄၀။ဦးစိုးလှိုင်
Rule of Thirds ကိုချိုးဖေါက်ခြင်း
http://pc.cd/EN9ctalK
၄၁။ဦးစိုးလှိုင်
Single Point Focusing နှင့်ပတ်သက်၍သိရှိသင့်သည့် အချက်များ။
http://pc.cd/Fv9ctalK
၄၂။ဦးစိုးလှိုင်
Understanding Histogram, Raw & Jpeg...!
http://pc.cd/Qa9ctalK
၄၃။ဓါတ်ပုံဖွဲ့စည်းမှုဆိုင်ရာမှတ်စု
http://pc.cd/Xa9ctalK
၄၄။ဦးစိုးလှိုင်
ဓါတ်ပုံ မှာ Noise ဘာကြောင့် ပေါ်လာရသနည်း
http://pc.cd/Bv9ctalK
၄၅။ဓါတ်ပုံ၏ ဖွဲ့စည်းမှုဆိုင်ရာ ဥပဒေသ (Photo Composition Rules)
http://pc.cd/4v9ctalK
၄၆။ဦးစိုးလှိုင်
ဓါတ်ပုံတစ်ပုံကိုဖွဲ့စည်းရာတွင်အလွန်အရေးပါသည့် Leading Lines
http://pc.cd/ua9ctalK
၄၇။ဓါတ်ပုံပညာဆိုင်ရာ မှတ်စုများ-Composition
http://pc.cd/ca9ctalK
၄၈။ရှုခင်းပုံဖွဲ့စည်းမှုဆိုင်ရာ
http://pc.cd/Kv9ctalK
၄၉။လရောင်အောက်က ညနေရှုခင်းများ
http://pc.cd/lN9ctalK
၅၀။ဦးစိုးနိုင်
အကောင်းဆုံး Focus ဖြစ်လာစေဖို့ ဆောင်ရွက်ရန် http://pc.cd/uG9ctalK
၅၁။ ဗွီဒီယို တည်းဖြတ်မှု အတွက်
Keith Underdahl - Adobe Premiere Elements For Dummies
( 14.5 MB ) စာမျက်နှာ ၃၈၅
http://pc.cd/VvTctalK
CCNA routing & Switching
LMA)sybex ccna rs
( 39 . 64 MB ) စာမျက်နှာ - ၁၁၇၈
http://pc.cd/xpCctalK
LMA)400-101_may30_update
http://pc.cd/fJCctalK
LMA)Cisco Certified Network Associate Version 2 (200-120)
http://pc.cd/BpCctalK
Computer Science Lecture
LMA)Computer_Science.pdf;filename UTF-8''Computer Science
( 6 . 19 MB ) စာမျက်နှာ - ၆၂၄
http://pc.cd/RFCctalK
LMA)Barron_s_AP_Computer_Science_7E_2015.pdf;filename= UTF-8''Barron_s AP Computer Science 7E, 2015
( 6 . 44 MB ) စာမျက်နှာ - ၅၀၈
http://pc.cd/S5CctalK

မူလတင်​​ပေးခဲ့​သော ဆရာ​တွေကို အထူး​ကျေးဇူးတင်​လျက်

Naing LinnOo (Mega Mind).

Translate

သုခအောင် (စာအုပ်စင်)သို့ လာရောက်လည်ပတ်ကြကုန်သောမိတ်ဆွေအားလုံးကိုအထူးကျေးဇူးတင်ပါတယ်၊ အကြံပေးချက်ကို ကြိုဆိုလျက်ပါ။ ဖုန်း- 09-400700358/09-760136274 သို့ဆက်သွယ်အကြံပြုနိုင်ပါတယ်။

Followers