အောင် မိတ္တူ၊ ဖိတ်စာလုပ်ငန်း

အမှတ်(ဗ/၀၂၇)၊ မြို့မ(၁)ရပ်ကွက်၊ ပြည်ထောင်စု(၁)လမ်၊း မောတောမြို့။ဖုန်း-၀၉-၇၆၅၇၀၀၃၅၈ / ၀၉-၇၆၀၁၃၆၂၇၄

အောင်မိတ္တူ၊ ဖိတ်စာလုပ်ငန်း၊

အမှတ်(ဗ/၃၀) ပြည်ထောင်စု(၁)လမ်း၊ မြို့မ(၁)ရပ်ကွက်၊ မောတောင်မြို့။ ဖုန်း-၀၉ ၇၆၀၁၃၆၂၇၄ / ၀၉ ၇၆၅၇၀၀၃၅၈

အောင် မိတ္တူ၊ ဖိတ်စာလုပ်ငန်းမှကြိုဆိုပါတယ်ချင်ဗျာ.........

ကွန်ပျူတာစာစီခြင်း၊ မိတ္တူဆွဲခြင်း၊ လိပ်စာကဒ်၊ ဖိတ်စာ၊ ဗီနိုင်းကြော်ငြာများကို အချိန်မှီရနိုင်ပါသည်။

ကြော်ငြာထည့်ရန်။

ဖုန်းနံပါတ်-၀၉၇၇၅၇၈၄၄၃၄

ကြော်ငြာထည့်ရန်။

ဖုန်းနံပါတ်-၀၉၇၇၅၇၈၄၄၃၄

ကြော်ငြာထည့်ရန်။

ဖုန်းနံပါတ်-၀၉၇၇၅၇၈၄၄၃၄

Name

ဖုန်းနံပါတ်-၀၉၇၆၅၇၀၀၃၅၈ သို့ဆက်သွယ်ရန်။

အောင်မိတ္တူမှ ‌ဗီနိင်းကြော်ငြာ၊ ဗီနိုင်းစတေကာ၊ ဖိတ်စာ၊ ဓာတ်ပုံပုံကြီးချဲ့၊ ဘောင်သွင်းဆိုက်စုံရပြီ။

ဖုန်း/09765700358/ 09775784434 သို့ဆက်သွယ်အပ်နှံနိုင်ပါပြီ။ အွန်လိုင်းစနစ်ဖြင့်ဆောင်ရွက်နိုင်ပါပြီ။ အောင်မိတ္တူ၊ မောတောင်မြို့။

Translate

သုခအောင် (စာအုပ်စင်)သို့ လာရောက်လည်ပတ်ကြကုန်သောမိတ်ဆွေအားလုံးကိုအထူးကျေးဇူးတင်ပါတယ်၊ အကြံပေးချက်ကို ကြိုဆိုလျက်ပါ။ ဖုန်း- 09-400700358 /09-775784434 သို့ဆက်သွယ်အကြံပြုနိုင်ပါတယ်ခင်ဗျာ။

Dec 17, 2016

လင်ကွန်း၏ ခေါင်းဆောင်မှု ကျင့်စဉ်




by Ucs Jugger (Notes) 

(1) ရှင်းလင်းစွာ ရေးသား၍ ပြဿနာဖြေရှင်းနည်းကို အကြံပေးဖော်ပြပါ။ 

(2) သင်သည် လူတွေကြားတွင် မကြောက်မလန့် သွားလာနေသည်ဟု လူတွေက ထင်ပါစေ။ 

(3) လက်အောက်ငယ်သားများနှင့် ရှောင်တခင် တွေ့ဆုံဆက်ဆံပါ။ တမင်စီစဉ်တွေ့ဆုံခြင်းကဲ့သို့ပင် အကျိုးရှိနိုင်သည်။ 

(4) လာတွေ့သောဧည့်သည်များကို မတွေ့ဘဲ မကြာခဏ ပြန်မလွှတ်ပါနှင့်။ 

(5) ပြည်သူ့ထင်မြင်ချက်များ အမြဲရနေအောင် ဖန်တီးပါ။

 (6)‘လူတိုင်း ချီးကျူးခံချင်သည်’ဆိုခြင်းကို သတိရပါ။

 (7) သင်၏ လက်အောက်ငယ်သားများ မတ်တတ်ရပ်နေနိုင်လျှင် သင်လည်း မတ်တတ်ရပ်နေနိုင်သည်။ကိုယ်တိုင် နမူနာကောင်း ပြပါ။ 

(8) စိတ်ချရသော နောက်ဆုံးသတင်းအချက်အလက်မှန်ကို ရနိုင်အောင် ကြိုးစားပါ။ 

(9) တစ်ကြိမ်တွင် စစ်ပွဲတစ်ပွဲသာ ဆင်နွှဲပါ။ 

(10) လက်အောက်ငယ်သားများက သင့်အား ပြတ်သားသူ၊ တည်ကြည်သူ၊ တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်သူဟူ၍ ယုံကြည်လာအောင် ကြိုးစားပါ၊ သူတို့က သင့်အား ယုံကြည်လေးစားလာလိမ့်မည်။

 (11) အစဉ်အလာ ယဉ်ကျေးမှုစည်းကမ်းနှင့် ပုဂ္ဂိုလ်ရေးသိက္ခာတို့ကို တစ်ခါတစ်ရံ ‘ဘေးချိတ်’ထားရ၏။

 (12) လူ့သဘော လူ့မနောကို နားလည်ရေးအတွက် အချိန်နှင့်ပိုက်ဆံ ရင်းနှီးမြှုပ်နှံပါ။ 

(13) လူ့အပြုအမူကို အတိုင်းအတာတစ်ခုအထိ ပြုပြင်၍ရနိုင်သော်လည်း လူ့သဘာဝကို ပြောင်းလဲ၍ မရနိုင်ကြောင်း သတိရပါ။ 

(14) သနားကြင်နာခြင်း၊ ဂရုစိုက်ခြင်းသည် ကောင်းမွန်သောဆက်ဆံရေးကို ဖော်ဆောင်ပေးနိုင်သည်။

 (15) မျှော်လင့်ချက်ကုန်ဆုံးလျှင် စိတ်ဓာတ်ကျသည်။ 

(16) ဌာနတွင်း မကျေနပ်ချက်များကို အားမပေးနှင့်၊ ညှိနှိုင်းစေ့စပ်ရန် လက်အောက်ငယ်သားများအား အမြဲတမ်းဖျောင်းဖျဆွဲဆောင်ပါ။ 

(17) အင်အားကို နောက်ဆုံး အားကိုးရာအဖြစ်သာ သုံးပါ။ 

(18) နောက်လိုက်ငယ်သားများက သူတို့လုပ်ရပ်ကို သူတို့စိတ်ကူးဖြင့် လုပ်သည်ဟု ယုံကြည်ချင်ကြကြောင်းကိုသတိရပါ။ ထို့ထက် သူတို့လုပ်ရပ်သည် အများနှင့်မတူ တမူထူးခြားသည်ဟု ယုံကြည်ချင်ကြကြောင်းကိုသတိရပါ။

 (19) နောက်လိုက်ငယ်သားကို မိမိဘက်ပါအောင် ဆွဲဆောင်လိုလျှင် မိမိသည် မိတ်ဆွေကောင်း တစ်ယောက်ဖြစ်ကြောင်း သူယုံကြည်အောင် ပထမဦးစွာ ပြသပါ။ 

(20) နောက်လိုက်များကို မိမိက ဦးဆောင်ရန် သူတို့၏ သဘောတူညီမှုကို အရင်ရယူပါ။ 

(21) နောက်လိုက်များအား ကိုယ်ပိုင်ဆုံးဖြတ်ချက်နှင့် လုပ်ကိုင်စေခြင်းဖြင့် တာဝန်နှင့် အာဏာကို ခွဲဝေပေးပါ။ 

(22) အဖွဲ့အစည်းတစ်ခုလုံးနှင့်ဆိုင်သော ကိစ္စများတွင် ဌာနအသီးသီး၏ ကြီးအကဲများနှင့် ပြည့်ပြည့်၀၀ ဆွေးနွေးတိုင်ပင်ပြီးမှ ဆောင်ရွက်ပါ။ 

(23) ခေါင်းဆောင်ကောင်းသည် အမိန့်မပေး၊ မေတ္တာရပ်ခံခြင်း၊ တိုက်တွန်းခြင်း၊ အကြံပေးခြင်းတို့ကိုသာပြုလုပ်သည်။ 

(23) လူတစ်ယောက်အား နှိပ်ကွပ်လျှင် ထိုသူနှင့် ထိုသူ၏မိတ်ဆွေများသည် မိမိအဖွဲ့အစည်းအတွက် ထာဝရရန်သူများ ဖြစ်လာနိုင်သည်။

 (24) အပြစ်ဒဏ်ကြောင့် အပြစ်ပေးရန်ဟူသော ရည်ရွယ်ချက်သည် ဘယ်လိုမျှ အကျိုးမပြု။ 

(25) နာမည်ကောင်းထွက်သော ခေါင်းဆောင်ထံသို့သာ လူတွေချဉ်းကပ်ချင်ကြသည်။ 

(26) တစ်ခါတစ်ရံ မသိယောင်ဆောင်နေလိုက်ခြင်းသည် အကျိုးယုတ်လောက်အောင် ထိခိုက်နစ်နာမှု မဖြစ်နိုင်။ (27) သာမန်အကြောင်းများကြောင့် လူငယ်များအား ဘ၀မပျက်ပါစေနှင့်။ (28) မလိုတမာစိတ်ကို ရှောင်ပါ၊ မေတ္တာစေတနာကို ဆောင်ပါ။

 (29) မိမိ၏ အကောင်းဆုံးအပြုအမူများဖြင့်သာ လူတွေကို တွေ့ဆုံဆက်ဆံပါ။

 (30) ဒေါသ မများစေရေးအတွက် ပုတ်ခတ်ဝေဖန်ချက်များကို ဖတ်ရှုခြင်းမှ ရှောင်ကြဉ်ပါ။ 

(31) စိတ်လှုပ်ရှားနေသော လူထုကို မကြောက်ပါနှင့်၊ မိမိ၏ ရိုးသားသော ခံစားချက်ကို ပွင့်ပွင့်လင်းလင်းပြောပြပါ။ 

(32) ယေဘုယျအားဖြင့် အမှန်တရားသည် မတရားစွပ်စွဲ ဝေဖန်မှုကို အကောင်းဆုံး ကလဲ့စားချေခြင်း ဖြစ်သည်။ 

(33) ကိုယ်သိသလောက်၊ ကိုယ်တတ်နိုင်သလောက် အကောင်းဆုံးဖြစ်အောင် လုပ်ပါ၊ ပြီးဆုံးအောင်အထိလုပ်ပါ။ 

(34) မတရားစွပ်စွဲချက်ကို တစ်ကြိမ်အရှုံးပေးလိုက်လျှင် နောက်ထပ်စွပ်စွဲချက်များအတွက် လမ်းဖွင့် ပေးလိုက်သလို ဖြစ်သွားနိုင်သည်။ 

(35) မိမိအား အုပ်စုနှစ်စုလုံးက ဝေဖန်ထိုးနှက်လာလျှင်၊ သို့မဟုတ် နှစ်စုလုံးက ဝေဖန်ထိုးနှက်ခြင်းမပြုလျှင် မိမိမှန်ကောင်းမှန်နိုင်သည်။ သို့သော် တစ်ဖက်အုပ်စုက ကလော်တုတ်ပြီး တစ်ဖက်အုပ်စုက ချီးကျူးထောမနာ ပြုတာမျိုးကိုတော့ သတိထားပါ။ 

(36) တိုက်ပွဲတွင် ရှုံးနိမ့်ခြေရှိခြင်းကြောင့် မိမိက မှန်ကန်သည်ဟု ယုံကြည်သောလုပ်ရပ်ကို စွန့်လွှတ်မပစ်ပါနှင့်။ 

(37) တစ်သမတ်တည်း ဖြောင့်မတ်ခိုင်ကျည်မှုကို မိမိ၏လုပ်ငန်းစက်ယန္တရားတွင် ခွေးသွားစိပ် တစ်ခုသဖွယ်သတ်မှတ်ပါ။ 

(38) စမ်းချောင်းကို ဖြတ်ကူးနေစဉ် မြင်းကို အရောင်းအ၀ယ်မလုပ်ပါနှင့်။ 

(39) အသုံးကျတဲ့ ဖဲချပ်တွေ အကုန်လုံးသုံးပြီးတော့မှ ဖဲဝိုင်းက ထပါ။ 

(40) မိမိ၏ လုပ်ရပ်သည် ရည်မှန်းချက်ကို ထိခိုက်နေပြီဟု ယုံကြည်လျှင် လျှော့လုပ်ပါ။ ရည်မှန်းချက်ကိုအထောက်အကူပြုသည်ဟု ယုံကြည်လျှင် ပိုလုပ်ပါ။ အမှားကိုမြင်လျှင် ချက်ချင်းပြင်ပါ။ အမြင်သစ်အမြင်မှန်ကို အမြဲတမ်း ကြိုဆိုလက်ခံပါ။

 (41) အမှုထမ်းများ၏ လုံခြုံရေးကို အလေးထားသလို အမှုထမ်းများ စွန့်စားလုပ်ချင်စိတ် ပေါ်လာနိုင်သည့်အခြေအနေကိုလည်း ဖန်တီးပေးပါ။ 

(42) အလွန်ဒေါသထွက်သောအခါ စိတ်ကိုထိန်းပြီး စာရေး၍ ဖွင့်အန်ပစ်ပါ။ သို့သော် ထိုစာကို သက်ဆိုင်သူထံမပို့ဘဲ သိမ်းထားလိုက်ပါ။ 

(43) ရန်သူကို ထုချေရှင်းလင်းမနေပါနှင့်။ 

(44) ငြင်းခုံခြင်း၊ ရန်ဖြစ်ခြင်း စသော ပဋိပက္ခများကို အထူးရှောင်ပါ။ 

(45) အစိတ်အပိုင်းလေးတစ်ခု (သို့မဟုတ်) နှစ်ခု ဆုံးရှုံးမှုကို ရှောင်ရန်အလို့ငှာ အဖွဲ့အစည်းတစ်ခုလုံးကို ဘယ်တော့မျှ စတေးမခံပါနှင့်။ 

(46) တွေဝေမှု၊စိတ်ဓာတ်ကျမှုနှင့်အရေးပေါ်လိုအပ်မှုတို့ကိုအခွင့်ကောင်းယူပြီး ခေါင်းဆောင်ကောင်းအမည်ခံယူပါ။ 

(47) အမြဲတမ်း ဦးစွာလှုပ်ရှား၊ ဘယ်တော့မျှ နောက်ပိတ်ချီး မဖြစ်ပါစေနှင့်။ 

(48) မိမိ၏ အင်အားအချက်အချာအားလုံးကို စွန့်လွှတ်မပစ်ပါနှင့်၊ ပြိုင်ဘက်က ဖြတ်ခုတ်သွားလိမ့်မည်။ 

(49) သင့်အား ဦးစွာမတိုင်ပင်ဘဲ သင့်တာဝန်ကို လက်အောက်လူက ဘယ်တော့မျှ အကောင်အထည် မဖော်ပါစေနှင့်။ 

(50) သင်၏လက်အောက်လူကို ‘သမ္မတယင်လောက်ကြီး’ ကိုက်နေလျှင် ယင်ကောင်ကြီးကို ပုတ်ထုတ်မပစ်ပါနှင့်။ 

(51) ဆုံးဖြတ်ချက်မချခင် သတင်းအချက်အလက်စုပါ၊ ဖြေရှင်းချက်မျိုးစုံရှာပါ၊ အကျိုးဆက်များကို ကြိုတွေးကြည့်ပါ။ မိမိ၏ ရည်မှန်းချက်နှင့် ကိုက်ညီသော ဆုံးဖြတ်ချက် ဖြစ်ပါစေ။ နောက်ဆုံးတွင် ထိုဆုံးဖြတ်ချက်ကိုသက်ဆိုင်သူများအား ထိထိရောက်ရောက် တာဝန်ပေးအပ်ပါ။ 

(52) ပထမဦးစွာ ဆန္ဒခံယူပါ၊ ဆန္ဒခံယူခြင်းဖြင့် အလုပ်မဖြစ်မှသာ အာဏာကို သုံးပါ။ 

(53) တာဝန်ယူတတ်ပြီး စွန့်စားလုပ်ကိုင်တတ်သူများကိုသာ မိမိ၏ အဓိကလက်အောက်ခံ အမှုဆောင် ပုဂ္ဂိုလ်အဖြစ် ရွေးချယ်ပါ။ 

(54) ရှေ့တန်းသို့ထွက်ပါ၊ အနိုင်နှင့်အရှုံးကို ခံနိုင်ရည်ရှိပါ။ 

(55) အမှုထမ်းများက မိမိ၏အဓိကလက်အောက်ခံ အမှုဆောင်ပုဂ္ဂိုလ်အား ပြစ်တင်ဝေဖန်လာပါက စွပ်စွဲချက်မှန်ကန်လျှင် ထိုပုဂ္ဂိုလ်အား ဖယ်ရှားပစ်ရန် မကြောက်ပါနှင့်။ 

(56) မိမိနောက်လိုက်များအား အတတ်နိုင်ဆုံး အထောက်အကူပေးပါ။ 

(57) စွမ်းဆောင်ရည်မရှိသူများအား စွမ်းဆောင်ရည်ပြည့်ဝလာအောင် သုံးလမှ ငါးလအထိ ‘သိက္ခာဆည်ချိန်’ပေးပါ။ 

(58) အလုပ်ကောင်းကောင်းမလုပ်လျှင် အာဏာကို ဖြည်းဖြည်းလျှော့ချပါ။ ပြုပြင်ပြောင်းလဲနိုင်အောင် အချိန်လုံလောက်စွာပေးပါ။ 

(59) ဘာမျှ အလုပ်မလုပ်ဘဲ သတင်းအချက်အလက်များကိုသာ တစ်ပုံတစ်ပင်ကြီး စုဆောင်းနေသော လက်အောက်ခံပုဂ္ဂိုလ်မျိုးကို သတိထားပါ။ 

(60) အမှုဆောင်သစ်အား လမ်းမှန်ကို လျှောက်နိုင်အောင် သင်ပြပါ၊ လမ်းညွှန်ပါ။ မိမိက သူ့အား အလုပ်ဖြစ်စေလိုကြောင်း သူသိပါစေ။ 

(61) ရဲရင့်ပြတ်သားသော ခေါင်းဆောင်များသည် သူတို့လို လူသားမျိုးကိုသာ လက်အောက်ခံအဖြစ် ရွေးကြသည်။ 

(62) အတင်းဖိတိုက်သင့်လျှင် အတင်းဖိတိုက်ပါစေ။ 

(63) လက်ရှိအခြေအနေတွင် အခက်အခဲတွေ တောင်လိုပုံနေလျှင် အခြေအနေနှင့်အတူ မြင့်တက်ပါ၊ အသစ်တွေးပါ၊ အသစ်လုပ်ပါ။

 (64) မိမိလူတွေ မအောင်မြင်လျှင်လည်း သူတို့အပေါ်တွင် ယုံကြည်မှု လျော့မသွားပါနှင့်။ (65) မိမိသည် သူတို့အကြံဉာဏ်များကို အမြဲတမ်းလိုလားကြောင်း လက်အောက်ငယ်သားများ သိပါစေ။ 

(66) ဘယ်တော့မျှ မကြိုးစားလျှင် ဘယ်တော့မျှ မအောင်မြင်နိုင်။ 

(67) ကျယ်ပြန့်သော မူဝါဒကိစ္စများမှတစ်ပါး အခြားကိစ္စများတွင် အထက်အမိန့်ကို စောင့်မနေဘဲ မိမိတို့၏ဦးဆောင်ဆုံးဖြတ်ချက်ဖြင့် လုပ်ဆောင်ကြရန် လက်အောက်ငယ်သားများအား အားပေးပါ။

 (68) အတော်ဆုံး ခေါင်းဆောင်များသည် အမြဲတမ်း လေ့လာဆည်းပူးနေသည် ဟူသော အချက်ကို မမေ့ပါနှင့်။ 

(69) မိမိ၏ ပတ်ပတ်လည်တွင် ကိုယ့်အလုပ်ကိုယ်သိသောသူများသာ ရှိပါစေ၊ ‘ပုတ်သင်ခေါင်းညိတ်’ လူစားမျိုးတွေ မရှိပါစေနှင့်။ 

(70) အသစ် တိုးတက်မှုတွေကို အသုံးချရန် လက်မနှေးပါနှင့်၊ မိမိ၏ တပ်သားများ လက်ထဲသို့ လက်နက်သစ်တွေ ချက်ချင်းရောက်နိုင်အောင် အတတ်နိုင်ဆုံး ကြိုးစားပါ။ 

(71) မိမိအဖွဲ့အစည်း၏ ဦးတည်ချက်ကို ရှင်းလင်းတိကျစွာ ဖော်ပြပါ။ မိမိလုပ်ရပ် မှန်ကန်ကြောင်း ပြသပါ။ 

(72) ရောက်လေရာတွင် အခွင့်သာတိုင်း မိမိအဖွဲ့အစည်း၏ အခြေခံ သဘောတရားများကို ဖော်ထုတ်ပါ။ 

(73) ထိရောက်သောအမြင်ကို လူထုအပေါ် အတင်းရိုက်သွင်း၍ မရနိုင်။ ဆွဲဆောင်စည်းရုံးခြင်းဖြင့်သာ ရနိုင်သည်။ (74) ‘လှည့်လည်ခေါင်းဆောင်မှု’ နည်းလမ်းဖြင့် မိမိ၏အမြင်ကို အကောင်အထည်ဖော်ပါ။ 

(75) မိမိ၏အမြင်ကို ဟောပြောသောအခါ အမြင့်ကြီးကို မချိန်ရွယ်ပါနှင့်။ နိမ့်နိမ့်ချိန်ပါ၊ သာမန်ပြည်သူတွေသဘောပေါက်ပါလိမ့်မည်။ သူတို့သာလျှင် သင်၏ပစ်မှတ်ဖြစ်သည်။

 (76) အမြင်ကို ဆန်းသစ်သောအခါ အတိတ်ကို ပစ္စုပ္ပန်နှင့် ဆက်စပ်ပေးပါ။ ထို့နောက် ထိုနှစ်ခုကို အနာဂတ်နှင့် ပေါင်းကူးပေးပါ။ 

(77) ဆန်းသစ်သောအမြင်သည် လူသားစွမ်းရည်နှင့် လူသားအားမာန်ကို ဖြည့်တင်းပေးနိုင်ကြောင်း သဘောပေါက်ပါ။ 

(78) လူပုဂ္ဂိုလ်တစ်ဦးဦးနှင့် တွေ့ဆုံသောအခါ ကိုယ့်အဖို့ရော၊ သူ့အဖို့ပါ မနှစ်မြို့စရာခံစားချက်မျိုး မကျန်ရစ်စေရန် ကြိုးစားပါ။ 

(79) စကားပြောသောအခါ ပင်ကိုသဘာဝအတိုင်း ရိုးသားစွာပြောပါ၊ မ၀င့်ဝါပါနှင့်၊ အထက်စီးလေသံ မပါပါစေနှင့်။ မိမိအား သူတို့တစ်သက်လုံး သိကျွမ်းလာခဲ့ခြင်းဖြစ်သည်ဟူ၍ လူတွေထင်မှတ်ကျန်ရစ်ပါစေ။ 

(80) လူတွေကို မိမိဘက်ပါအောင် ဆွဲဆောင်ရာတွင် ဟာသဉာဏ်သည် အဓိကအရေးပါသော အင်္ဂါတစ်ရပ်ဖြစ်သည် ဟူသော အချက်ကို မမေ့ပါနှင့်။

 (81) ရယ်မောခြင်းသည် ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာစေနိုင်သော ဆေးစွမ်းကောင်းဖြစ်သည်။ 

(82) ရယ်စရာ ပုံတိုပတ်စများဖြင့် လူတွေကို ကိုယ့်ဘက်ပါအောင် ဆွဲဆောင်လျှင် ပို၍ ထိရောက်သည်။

 (83) အခြားသူများ၏ လေကြောရှည် အကျိုးမဲ့ ဆွေးနေွး ချက်များကိုဖြစ်စေ၊ မိမိ၏ ကြိုးစားပမ်းစား ရှင်းလင်းချက်များကိုဖြစ်စေ ဆီလျော်လျောက်ပတ်သော ပုံတိုပတ်စကလေးဖြင့် ရှောင်ရှားနိုင်သည်။ 

(84) လက်အောက်ငယ်သားများနှင့် အလွတ်သဘော စကားလက်ဆုံ ပြောခြင်းဖြင့် သစ္စာရှိမှုကို ပို၍ ရရှိနိုင်သည်။ 

(85) လက်အောက်ငယ်သားများအား တူညီသော လွတ်လပ်မှုနှင့် တူညီသော အခွင့်အရေးပေးပါ။ 

(86) မိမိ အမြင့်သို့ရောက်သွားသောအခါ အောက်ကို ပြန်ကြည့်ပြီး နောက်ကလူကို အကူအညီပေးပါ။ 

(87) နောက်လိုက်များအား ဆွဲဆောင်နိုင်သော အခြေခံပန်းတိုင်များနှင့် တန်ဖိုးများ သတ်မှတ်ဆောင်ရွက်ပါ။

 (88) မှန်မှန်ကန်ကန်ရပ်သောသူနှင့် အတူရပ်ပါ၊ သူ မှန်ကန်နေလျှင် သူနှင့်အတူတူရပ်ပါ။ သူအမှား လုပ်သောအခါ သူ့ကို စွန့်ခွာလိုက်ပါ။ 

(89) လုပ်ရပ်မမှန်ကန်ဘဲနှင့် မိမိ၏အကျင့်စရိုက်ကြောင့် သူတစ်ပါးကို ဘယ်တော့မျှ ၀န်မပိပါစေနှင့်။ 

(90) အဖွဲ့အစည်း၏ ရည်မှန်းချက်များကို တိုးတက်မြှင့်တင်ရန်နှင့် ပူးပေါင်းအကျိုးဆောင်သူများကို ကူညီရန်မှာခေါင်းဆောင်၏ တာဝန်ဖြစ်သည်။ 

(91) ဘ၀တူပြည်သူတို့၏ ယုံကြည်အားကိုးမှုကို တစ်ကြိမ်မျှ လက်လွှတ်ရလျှင် သူတို့၏ လေးစားကြည်ညိုမှုကိုနောက်ထပ်ဘယ်တော့မျှ ရရှိနိုင်တော့မည်မဟုတ်။ 

(92) ခေါင်းဆောင်ကောင်းသည် သူ့လုပ်ငန်းပြီးမြောက်သောအခါ၊ သူ့ရည်မှန်းချက် အောင်မြင်သောအခါလက်အောက်ငယ်သားများအား ‘ဒီအလုပ်ကို ကျွန်တော်တို့ကိုယ်တိုင် လုပ်တာ’ ဟူ၍ ဂုဏ်ယူပြောကြားခွင့်ပြုသည်။ 

(93) နောက်လိုက်များကြောင့် အနှောင့်အယှက်မဖြစ်ပါနှင့်၊ မလုံမခြုံမဖြစ်ပါနှင့်။ 

(94) အချင်းချင်း ပဋိပက္ခဖြစ်နေသူများအား မျက်နှာချင်းဆိုင် ဆုံပေးပြီး ညှိနှိုင်းဆွေးနွေးစေပါ။ မိမိက လမ်းညွှန်ထိန်းမတ်ပေးပါ။ 

(95) လုပ်ငန်းအောင်မြင်လျှင် လက်အောက်ငယ်သားများ ဂုဏ်ယူကြပါစေ။ လုပ်ငန်းမအောင်မြင်လျှင် မိမိကြောင့်ဟု ထင်ကြပါစေ။

 (96) လက်အောက်ငယ်သားများထံသို့ သူတို့မှန်သည်၊ မိမိမှားသည်ဆိုသော ပုဂ္ဂိုလ်ရေးပေးစာများ ရေးပို့ပါ။ 

(97) လက်အောက်ငယ်သားများက အကြံကောင်း ဉာဏ်ကောင်းများ တင်ပြလာလျှင် လက်တွေ့ အကောင်အထည်ဖော်ခိုင်းပါ။ သို့သော် မိမိက လုပ်ငန်းတိုးတက်မှုအတွက် ကြပ်မတ်ပေးပါ။ 

(98) ရှေ့တန်းတပ်မှူးများ မအောင်မြင်လျှင် မိမိလည်း မအောင်မြင်၊ မိမိ၏အလုပ်အမှုဆောင်များလည်းမအောင်မြင်။ 

(99) အဖွဲ့အစည်းတစ်ခုတွင် လူပုဂ္ဂိုလ်တစ်ယောက်အပေါ်တွင် မတည်ဆိုသည်ကို ဘယ်တော့မျှ မမေ့ပါနှင့်။ 

(100) မိမိ၏ အဖွဲ့အစည်းတွင် အခက်ခဲဆုံး လုပ်ဆောင်ရသူများအား အကြီးကျယ်ဆုံး ဂုဏ်ပြုချီးကျူးပါ။ 

(101) မိမိ၏ နောက်လိုက်ငယ်သားများအား ပူးပေါင်းဆောင်ရွက်စေခြင်းဖြင့် စည်းရုံးပါ။ 

(102) လက်အောက်ငယ်သားများ စိတ်ပါလက်ပါ ချက်ချင်း လိုက်နာဆောင်ရွက်နိုင်မည့် ရေတိုပန်းတိုင်များကို တိကျပြတ်သားစွာ သတ်မှတ်ပါ။ 

(103) အုပ်စုတစ်ခု၏ ခေါင်းဆောင်အဖြစ်နှင့် တစ်စုံတစ်ခုကို လုပ်နိုင်သောပုဂ္ဂိုလ်က အုပ်စုတစ်ရာ၏ ခေါင်းဆောင်အဖြစ်နှင့် ဘာတစ်ခုမျှ မလုပ်နိုင်သော ပုဂ္ဂိုလ်အား ကျော်တက်သွားလိမ့်မည်။

 (104) တစ်ခါတစ်ရံ အခက်အခဲကို တိုက်ရိုက်ဖြတ်ကျော်ခြင်းထက် သွယ်ဝိုက်ဖြေရှင်းခြင်းက ပို၍ အကျိုးရှိ နိုင်သည်။ 

(105) ယနေ့ လုပ်နိုင်တာတွေကို မနက်ဖြန်လုပ်ဖို့ ချန်မထားပါနှင့်။ 

(106) စစ်ပွဲကို မဟာဗျူဟာသက်သက်ဖြင့် မအောင်မြင်နိုင်၊ အတင်းဝင်ရောက် တိုက်ခိုက်ခြင်းဖြင့် ပို၍ အောင်မြင်နိုင်သည်။ (107) နိစ္စဓူဝအားမာန်အပြည့်ဖြင့် မလုပ်လျှင် ဘယ်လုပ်ငန်းမျှ မပြီးမြောက်နိုင်။ 

(108) တစ်ဝက်တစ်ပျက်သာပြီးသောအလုပ်သည် လုပ်အားဖြုန်းသော အလုပ်ဖြစ်သည်။ 

မောင်ပေါ်ထွန်း - စံပြခေါင်းဆောင်စာအုပ်မှ အချက်အလက်များကို ကောက်နှုတ်ထားပါသည်....

Today Deal $50 Off : https://goo.gl/efW8Ef

Dec 16, 2016

ဦးအောင်သင်း စာအုပ်များစုစည်းမှု ( ၃၂ ) အုပ်ပါခဗျာ


#ဦးအောင်သင်း စာအုပ်များစုစည်းမှု ( ၃၂ ) အုပ်ပါခဗျာ :D 

အောင်သင်း (၁၉၂၇ - ၂၀၁၄ )

၁၉၂၇ – ခုနှစ်၊ ဧပြီလ(၁၇)ရက်နေ့တွင် တောင်တွင်းကြီးမြို့၊ တောင်ပြင်ရပ်နေ၊ အဖ-သခင်ညီမောင်နှင့် အမိ-ဒေါ်ရွှေကြင်တို့က ဖွားမြင်သည်။ သားသမီး(၃)ယောက်အနက်-အကြီးဆုံးဖြစ်သည်။ အမည်ရင်းမှာလည်း ဦးအောင်သင်းပင်ဖြစ်သည်။

၁၉၃၂ – အသက်(၅)နှစ်အရွယ်တွင် တောင်တွင်းကြီးမြို့ တောင်ပြင်ရပ်ရှိ ဆရာဦးသာဒွန်းဇံ၏ မူလတန်း ကျောင်းတွင် စတင်ပညာသင်ကြားခဲ့သည်။ စတုတ္ထတန်းအောင်ပြီးနောက် တောင်တွင်းကြီးမြို့ ”မိုးထိ” မြန်မာ အထက်တန်းကျောင်းတွင် အလယ်တန်းပညာများ ဆက်လက်သင်ကြားခဲ့သည်။
၁၉၃၈ – ဆဌမတန်းတွင် ကျောင်းသားသပိတ်နှင့်ကြုံခဲ့သည်။ ထိုနှစ်၌မိခင်ကွယ်လွန်သည်။
၁၉၃၉ – သတ္တမတန်း၌ ပညာသင်ကြားနေစဉ် ပညာဘက်၌ အာရုံလျော့နည်းလာသဖြင့် စာမေးပွဲကျရှုံးခဲ့သည်။ ထို့နောက်ကျောင်းထွက်နေစဉ် ဖခင်နောက်အိမ်ထောင်ပြုသည်။

၁၉၄၁ – ရှင်သာမဏေ၀တ်၊ သာမဏေဘ၀နှင့် ပညာသင်နေစဉ် ဒုတိယကမ္ဘာစစ်ဖြစ်လာ၍ သာမဏေဘ၀မှ ထွက်လိုက်ရသည်။
၁၉၄၇ -ဒုတိယကမ္ဘာစစ်ကြီးအပြီး ၁၉၄၇-တွင် ပြည်သူ့ရဲဘော် တပ်ဖွဲ့သို့ ၀င်ရောက်လှုပ်ရှားခဲ့သည်။ ထိုမှ တစ်ဆင့် ဆိုရှယ်လစ်ပါတီသို့ ရောက်သွားပြီး သင်တန်းများတက်၍ ခရိုင်စည်းရုံးရေးမှူးအဆင့်ထိတိုင်အောင် တာဝန်ယူဆောင်ရွက်ခဲ့သည်။
၁၉၄၉ – ရောင်စုံသူပုန်များ ပေါ်ပေါက်လာချိန်၌ ရဲဘော်ဖြူများ၏ ဖမ်းဆီးခြင်းခံရပြီး မကွေးထောင်၊ တောင်တွင်းကြီးထောင်၊ ပြည်ထောင်၊ သရက်ထောင်များတွင် နေထိုင်ခဲ့ရ။ နိုဝင်ဘာလတွင် သရက်ထောင်ကို ဖောက်၍ ထွက်ပြေးလွတ်မြောက်ခဲ့။

၁၉၅၂ – တောင်တွင်းကြီးမြို့သို့ ပြန်ရောက်လာကာ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ၀င်ရောက်ဖြေဆိုခဲ့။
၁၉၅၃ – တက္ကသိုလ်ဝင်တန်းအောင်။ အောက်တိုဘာလတွင် မိုးထိ အထက်တန်းကျောင်း၌ အလယ်တန်းပြ ဆရာအဖြစ် ၀င်ရောက် အမှုထမ်းခဲ့။
၁၉၅၆ – အလယ်တန်းပြဆရာအလုပ်မှထွက်၍ မကွေးကောလိပ်၌ ဥပစာ-၀ိဇ္ဇာတန်းကို စတင်တက်ရောက်ခဲ့ သည်။
၁၉၅၈ – ရန်ကုန်တက္ကသိုလ်သို့ ဆက်လက်တက်ရောက်ခဲ့။ ‘သရက်ထောင်ဖောက်စဉ်က’ ကိုယ်တွေ့ဆောင်းပါး ရေးသားကာ ရှုမ၀မဂ္ဂဇင်းသို့ ပို့ခဲ့(ထိုစဉ်က ပြည်တွင်းစစ်နှင့်ပတ်သက်သော အကြောင်းအရာများ မထည့်ရန် ရှုမ၀ က ဆုံးဖြတ်ထား၍ ဆောင်းပါးကို ပြန်ပို့ပေးခဲ့။) မြ၀တီမဂ္ဂဇင်းသို့ ပေးပို့ခဲ့။
၁၉၅၉ – မေလထုတ် မြ၀တီမဂ္ဂဇင်းတွင် ”သရက်ထောင်ဖောက်ခဲ့စဉ်က” ဆောင်းပါးဖော်ပြခံရ။(အောင်သင်း၏ ပထမဆုံး စာပေလက်ရာဖြစ်။)
၁၉၆၀ – ၀ိဇ္ဇာတန်းကို မြန်မာဘာသာစကားနှင့် အနုစာပေ၊ အင်္ဂလိပ်ဘာသာစကားနှင့် အနုစာပေ၊ ဒဿနိက ဘာသာတွဲဖြင့် အောင်မြင်ခဲ့။ ရန်ကုန်တက္ကသိုလ် ကျောင်းသားများထုတ်ဝေသော ပုသိမ်မဂ္ဂဇင်းတွင် ဆောင်းပါး(၂)ပုဒ်(”လူသေလူမဖြစ်မီက ရှင်ဥက္ကဌ” ဟူသော ဆောင်းပါးနှင့် အခြားဆောင်းပါးတစ်ပုဒ်)နှင့် အင်္ဂလိပ်ကဗျာဘာသာ ပြန်(၁)ပုဒ်ကို ရေးသားခဲ့(မောင်သံနိုင်-အမည်ဖြင့်)။
၁၉၆၁ – ဘီအီးဒီဆက်တက်နေစဉ် မြန်မာစာဌာန ပါမောက္ခဦးဝန်လက်ထက်၌ မြန်မာစာမဟာဝိဇ္ဇာ အရည် အချင်းစစ်သင်တန်း တက်ရောက်ခွင့်”ဖြေဆိုအောင်မြင်ခဲ့။

၁၉၆၂ – ရန်ကုန်တက္ကသိုလ်၌ နည်းပြဖြစ်လာ။ ”စာဆိုတော်” ပြားငါးဆယ်တန် မဂ္ဂဇင်းလေး၏ စာပေညွှန်ကြား ရေးမှူး(တာဝန်ခံ အယ်ဒီတာမှာ-တပ်မတော် မင်းရဲထွန်း ဖြစ်သည်)။ ထိုစာစောင်တွင် လစဉ် ၃-၄ ပုဒ်ရေး၍ ‘မောင်သံနိုင်’အမည်ဖြင့် ပြန်သုံးခဲ့။ နောက်ပိုင်းတွင် အမည်ရင်း ”အောင်သင်း” ဖြင့်သာ အသုံးပြုခဲ့။
၁၉၆၃ – မော်လမြိုင် ဒီဂရီကောလိပ်သို့ ပြောင်းရွှေ့ခဲ့။ ”ကံ့ကော်မြိုင် စာတန်းများ” စာစု၌ စာတန်း(၃)ပုဒ်ရေးခဲ့ ရာ (၂)ပုဒ်ကို ထိုစဉ်က အလယ်တန်း၊ အထက်တန်းမြန်မာစကားပြေ လက်ရွေးစင်တို့တွင် ကျောင်းသုံးပြဌာန်းခဲ့။
၁၉၆၅ – မေလတွင် ပြင်ဦးလွင်စစ်တက္ကသိုလ် မြန်မာစာဌာနသို့ လက်ထောက်ကထိကရာထူးနှင့် ပြောင်းရွှေ့ အမှုထမ်း။
၁၉၆၆ – ”စိတ်ပင်လယ်စာတမ်းများ” အတွက် စာတမ်းငယ်(၂)ပုဒ် ရေးပေးခဲ့။
၁၉၇၀ – အောက်တိုဘာလတွင် ရန်ကုန်တက္ကသိုလ်သို့ ပြန်ပြောင်းရပြီး မဟာဝိဇ္ဇာတန်းဆက်တက်ခဲ့။
၁၉၇၁ – ရှုမ၀မဂ္ဂဇင်း၌”မြန်မာဘာသာစကားနှင့် ကာရန်မဲ့ကဗျာ” စာပေဝေဖန်ရေးဆောင်းပါးကို ရေးခဲ့။ ထိုအချိန်မှစ၍ စာပေသဘောတရား စာပေဝေဖန်ရေးများကို ဆက်တိုက်ရေးခဲ့။
၁၉၇၄ – ”၀တ္ထုတိုများ လေ့လာချက်စာတမ်း” ပြုစုတင်ပြပြီး မဟာဝိဇ္ဇာတန်းကို ဂုဏ်ထူးနှင့်အောင်မြင်ခဲ့သည်။
၁၉၇၇ – ”စာပေရေးရာဆောင်းပါးများ” စာအုပ်ထွက်ခဲ့။

၁၉၇၈ – ဧပြီလတွင် နိုင်ငံရေးလှုပ်ရှားမှု၌ ပါဝင်ပတ်သက်သည်ဟု မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီက ယူဆ သောကြောင့် အလုပ်မှထုတ်ပယ်ခြင်းခံရ။ ထိုအချိန်မှစ၍ အလွတ်နည်းပြတန်းများတွင် မြန်မာစာပေသင်ကြားပေး ခြင်း၊ စာပေရေးသားခြင်းတို့နှင့်သာ အသက်မွေးဝမ်းကျောင်းပြုခဲ့သည်မှာ ယနေ့အထိဖြစ်သည်။
၁၉၈၃ – နိုဝင်ဘာလတွင် သဘင်မဂ္ဂဇင်း အမှတ်(၁)မှစ၍ (၂၅)လတိုင်တိုင် ”အကြိုက်ဆုံးဝတ္ထုတိုကဏ္ဍ” ကို လစဉ်ရေးသားခဲ့။ ဤနောက်ပိုင်းတွင် မဂ္ဂဇင်းများတွင် အလျဉ်းသင့်သလို ရေးဖြစ်ခဲ့။ ပိဋကတ်မိတ်ဆက်၊ ဂန္တ၀င် မိတ်ဆက် စသည်ဖြင့် လူငယ်များအတွက် ရည်ရွယ်ရေးသော စာအုပ်များထွက်ခဲ့။
၁၉၉၄ – ”၀တ္ထုရေးရာဆောင်းပါးများ” ထွက်။
၁၉၉၅ – မေလတွင်”အမွေ” စာအုပ်ထွက်(မိုးမိုး(အင်းလျား) အမှတ်တရဟောပြောပွဲမှ ဟောပြောချက်များ)။ ၀င်းငြိမ်း အင်တာဗျူး ”စာပေလူကြမ်းမင်းသား အောင်သင်းနှင့်တွေ့ဆုံပေးခြင်း”ထွက်။
၁၉၉၈ – ”မျိုးဆက်သစ်တိုးတက်ရစ်ဖို့”(တ)အကြိမ် ပြန်ထွက်။ ”ကိုယ်ကျင့်နဲ့ပညာ”စာအုပ်ထွက်။
၁၉၉၉ – ”အကြိုက်ဆုံးဝတ္ထုတိုများနှင့် သုံးသပ်ချက်များ”(ပ၊ဒု)ထွက်။
၂၀၀၀ – ”လက္ခံလိုက်စမ်းပါ တကယ့်အနုပညာ” စာအုပ်ထွက်။ အစ်ကိုယ်သိ နိုင်ငံတကာဝတ္ထုတိုဘာသာပြန်ထွက်။
၂၀၀၂ – ”ရှင်ဘုရင်ပါပဲနှင့် ရွှေပြည်တန်သော ဆောင်းပါးများ”။ ”လှလိုက်တာနော်နှင့် ရသစာတမ်းငယ်များ”။ ”ကမ္ဘာပြဿနာရှင်းတဲ့နေ့နှင့် ရသစာတမ်းငယ်များ”စာအုပ်များထွက်။
၂၀၀၄ – ”ကန့်ကူလက်လှည့်”စာအုပ်ထွက်။

နောက်ပိုင်းတွင်လည်း စာအုပ်များ ဆက်လက်ထွက်ရှိခဲ့။ 
ဆရာအောင်သင်းသည် စာပေများပြုစုရင်း 
အသက် ၈၈ နှစ် တွင် ရန်ကုန်မြို့ အာရှတော်ဝင်ဆေးရုံမှာ ဆေးကုသမှု ခံယူရင်း  ၂၀၁၄ အောက်တိုဘာ ၂၅ ရက်  မနက်  ၁၀ နာရီ ၇ မိနစ်မှာ  လူကြီးရောဂါဖြင့် ကွယ်လွန်သွားပါသည် ။





(1.9 MB )






၆။ပေးသူ နှင့်  ယူသူ  
https://www.mediafire.com/?74sb4zvftse3t8q



(  0.98  MB  )  စာမျက်နှာ  -  ၁၈၅ 


၉။ရည်မှန်းချက် နှင့် ပြဿနာအထွေထွေ 
( 8.8  MB )  စာမျက်နှာ  -  ၈၂ 
https://www.mediafire.com/?ryzlmz1asqojb0x

၁၀။ရွှင်ရွှင်ပြုံးပြုံး  စာစီကုံး   
https://www.mediafire.com/?6lny47birtt7i1f

၁၁။သရက်ထောင် ဖောက်ခဲ့စဉ်က   
( 241 KB )
https://www.mediafire.com/?jjmb0i6oavahnf8

၁၂။သူတို့ နှင့် ကျွန်တော်     
https://www.mediafire.com/?5cw5158rwf7e884

၁၃။အတွေးစကား
https://www.mediafire.com/?n4ovej7xhv239om

၁၄။အတွေ့အကြုံ နှင့် အတွေးအကြံ   
https://www.mediafire.com/?2kp9n59v6c56gq2

၁၅။အနာဂတ်ကို မကြောက်နဲ့ 
( 711  KB ) စာမျက်နှာ  -  ၁၃၁
https://www.mediafire.com/?b26f5w60pk5bcun

၁၆။အမွေ    
https://www.mediafire.com/?or97fo2bd9wunsi

၁၇။စာပေလူကြမ်းမင်းသားအောင်သင်းနှင့်တွေ့ဆုံခြင်း  
https://www.mediafire.com/?l6a2mqmitcawi5q

၁၈။အောင်သင်းစဉ်းစားမိသမျှ  
https://www.mediafire.com/?754kn7p97sclrda

၁၉။ကျွန်တော်ကျောင်းဆရာ  
https://www.mediafire.com/?6ear1zugb18o75p

၂၀။စာရိတ္တမာန  
https://www.mediafire.com/?68alzd69w0hiwx8

၂၁။လက်ခံလိုက်စမ်းပါ  
https://www.mediafire.com/?nz6q3v823gnhs8t

၂၂။သိချင်စိတ်  
https://www.mediafire.com/?t5y4ky95ngq2ynk

၂၃။တောင်တွင်း၏အောင်သင်း  
https://www.mediafire.com/?1az4q99knattzbz

၂၄။အတွေးစကားများ  
https://www.mediafire.com/?pe0jq13q6c4apnd

၂၅။မျိုးဆက်သစ်အတွက်ပိဋကတ်မိတ်ဆက် 
https://www.mediafire.com/?8ifwdbjwa9p1itu

၂၆။ဝတ္ထုရေးရာဆောင်းပါးများ  
https://www.mediafire.com/?h5lrmyu8dkmfggd

၂၇။အောင်သင်းအမေး  သူတို့အဖြေ  
https://www.mediafire.com/?00jywyf49h6ypas

၂၈။တစ်ခါတုန်းက တပည့်တွေ
10MB
https://www.mediafire.com/?sn881i3l98meael







Dec 14, 2016

ပဋ္ဌာန်းအဓိပ္ပါယ်ရှင်းချက်နှင့် အမေးအဖြေ (ခင်ချိုထွန်းစာပေ)


ပဋ္ဌာန်းအဓိပ္ပါယ်ရှင်းချက်နှင့် အမေးအဖြေ (ခင်ချိုထွန်းစာပေ)

အိုဘယ့် အနော်ရထာ - တက္ကသိုလ်စိန်တင်






အားပေသည့်အတွက်ကျေးဇူးတင်ပါတယ်

Dec 12, 2016

သီတဂူဆရာတေဘုရားကြီး၏ဘဝဖြစ်တော်စဉ်

သီတဂူဆရာတော်၏ ဘ၀ဖြစ်စဉ်
==================
စာရေးသူ- မင်းယုဝေ
ဖိုင်ဆိုဒ်- 15 MB
ဒေါင်းရန်-  Download 

သိမ်နှုတ်၊သိမ်သမုတ်ဆိုင်ရာ(စာအုပ်များ)



======================
(၁) သိမ်သမုတ်မှုဆိုင်ရာ ၀ိနိစ္ဆယကျမ်း
ဒေါင်းရန်- Download 
(၂) သီမာဝိနိစ္ဆယကျမ်း
ဒေါင်းရန်- Download 

ဒါန သီလ ဘဝနာဝတ္တုများ

ဓမ္မဒူတ-ဆရာတော်ဘုရားကြီးစာအုပ်များ
======================
စာရေးသူ- ဦးပညာဇောတ(ဓမ္မဒူတ)
(၁) ဒါန၀တ္ထု
ဒေါင်းရန်- Download 
(၂) သီလ၀တ္ထု
ဒေါင်းရန်- Download 
(၃) ဘာဝနာဝတ္ထု
ဒေါင်းရန်- Download 


ဗုဒ္ဓ စာပန်းချီ


ဗုဒ္ဓစာပန်းချီ အတွဲ(၁)မှ(၆)အထိ
=================
(၁) ဗုဒ္ဓစာပန်းချီ အတွဲ-(၁)
ဒေါင်းရန်- Download 
(၂) ဗုဒ္ဓစာပန်းချီ အတွဲ-(၂)
ဒေါင်းရန်- Download 
(၃) ဗုဒ္ဓစာပန်းချီ အတွဲ-(၃)
ဒေါင်းရန်- Download 
(၄) ဗုဒ္ဓစာပန်းချီ အတွဲ-(၄)
ဒေါင်းရန်- Download 
(၅) ဗုဒ္ဓစာပန်းချီ အတွဲ-(၅)
ဒေါင်းရန်- Download 
(၆) ဗုဒ္ဓစာပန်းချီ အတွဲ-(၆)
ဒေါင်းရန်- Download 

Translate

သုခအောင် (စာအုပ်စင်)သို့ လာရောက်လည်ပတ်ကြကုန်သောမိတ်ဆွေအားလုံးကိုအထူးကျေးဇူးတင်ပါတယ်၊ အကြံပေးချက်ကို ကြိုဆိုလျက်ပါ။ ဖုန်း- 09-400700358/09-760136274 သို့ဆက်သွယ်အကြံပြုနိုင်ပါတယ်။

Followers