အောင် မိတ္တူ၊ ဖိတ်စာလုပ်ငန်း

အမှတ်(ဗ/၀၃၀)၊ မြို့မ(၁)ရပ်ကွက်၊ ပြည်ထောင်စု(၁)လမ်၊း မောတောမြို့။ဖုန်း-၀၉-၇၆၅၇၀၀၃၅၈ / ၀၉-၇၆၀၁၃၆၂၇၄

အောင်မိတ္တူ၊ ဖိတ်စာလုပ်ငန်း၊

အမှတ်(ဗ/၀၃၀) ပြည်ထောင်စု(၁)လမ်း၊ မြို့မ(၁)ရပ်ကွက်၊ မောတောင်မြို့။ ဖုန်း-၀၉ ၇၆၀၁၃၆၂၇၄ / ၀၉ ၇၆၅၇၀၀၃၅၈

အောင် မိတ္တူ၊ ဖိတ်စာလုပ်ငန်းမှကြိုဆိုပါတယ်ချင်ဗျာ.........

ကွန်ပျူတာစာစီခြင်း၊ မိတ္တူဆွဲခြင်း၊ လိပ်စာကဒ်၊ ဖိတ်စာ၊ ဗီနိုင်းကြော်ငြာများကို အချိန်မှီရနိုင်ပါသည်။

ကြော်ငြာထည့်ရန်။

ဖုန်းနံပါတ်-၀၉၇၇၅၇၈၄၄၃၄

ကြော်ငြာထည့်ရန်။

ဖုန်းနံပါတ်-၀၉၇၇၅၇၈၄၄၃၄

ကြော်ငြာထည့်ရန်။

ဖုန်းနံပါတ်-09-765700358/09-763720247

Name

ဖုန်းနံပါတ်-09-765700358/09-763720247 သို့ဆက်သွယ်ရန်။

အောင်မိတ္တူမှ ‌ဗီနိင်းကြော်ငြာ၊ ဗီနိုင်းစတေကာ၊ ဖိတ်စာ၊ ဓာတ်ပုံပုံကြီးချဲ့၊ ဘောင်သွင်းဆိုက်စုံရပြီ။

ဖုန်း/09-765700358/ 09-763720247 သို့ဆက်သွယ်အပ်နှံနိုင်ပါပြီ။ အွန်လိုင်းစနစ်ဖြင့်ဆောင်ရွက်နိုင်ပါပြီ။ အောင်မိတ္တူ၊ မောတောင်မြို့။

Translate

သုခအောင် (စာအုပ်စင်)သို့ လာရောက်လည်ပတ်ကြကုန်သောမိတ်ဆွေအားလုံးကိုအထူးကျေးဇူးတင်ပါတယ်၊ အကြံပေးချက်ကို ကြိုဆိုလျက်ပါ။ ဖုန်း- 09-765700358 /09-763720247 သို့ဆက်သွယ်အကြံပြုနိုင်ပါတယ်ခင်ဗျာ။
Showing posts with label သမိုင်း. Show all posts
Showing posts with label သမိုင်း. Show all posts

Dec 26, 2016

ကိုလိုနီခေတ်_မြန်မာ့သမိုင်းအဘိဓာန်

မြဟန်  



.
ခရစ်ဒစ်  Burmeseclassic

Dec 17, 2016

Dec 14, 2016

အိုဘယ့် အနော်ရထာ - တက္ကသိုလ်စိန်တင်






အားပေသည့်အတွက်ကျေးဇူးတင်ပါတယ်

Dec 5, 2016

သတင်းစာတို့ လွတ်လပ်သောခေတ် ဗမာ့ခေတ်မှ ကြေးမုံသို့ - ကြေးမုံ ဦးသောင်း


သတင်းစာတို့ လွတ်လပ်သောခေတ် ဗမာ့ခေတ်မှ ကြေးမုံသို့ - ကြေးမုံ ဦးသောင်း


Nov 21, 2016

စံပယ်ဖြူနု - ရှေးရှေးတုန်းက ကံ့ကော်ပွင့်တွေ

စံပယ်ဖြူနု - ရှေးရှေးတုန်းက ကံ့ကော်ပွင့်တွေ ...

ဆရာမ စံပယ်ဖြူနုရဲ့ ပရိသတ်များအတွက် နောက်ထပ် တစ်အုပ်ပါ။ အရေးအသား ကောင်းမွန်တဲ့ ဆရာမမို့ စာအုပ်ကောင်းလေး တစ်အုပ်ဖြစ်မယ်လို့ စိတ်ချယုံကြည်မိပါတယ်။ စာအုပ် ဝယ်ထားပြီးကတည့်က ယွတာများနေလို့ အခုထိ မဖတ်ရသေးဘူး ဖြစ်နေတယ်။ 




====


Nov 19, 2016

ရာဇ၀င်ထဲက အငြင်းပွားစရာများ


မြန်မာရာဇဝင်လာ အချက်အလက်များကို သမိုင်းအထောက်အထားများနှင့် ဆန်းစစ်ကြည့်ခြင်း

စာအုပ်အမည် - ရာဇ၀င်ထဲက အငြင်းပွားစရာများ

စာရေးသူ - တင်နိုင်တိုး

စာမျက်နှာ - ၁၁၆

အရွယ်အစား - 3.86 MB


Nov 5, 2016

ကျမ်းဂန်တွေကပြောသော အာသောကမင်ကြီး

အသောက ဘုရင် ဟာ မာဂဓတိုင်းရဲ့ ဘုရင်ဖြစ်တယ်။ သူ့ရဲ့ ခမည်းတော်ဟာ ဗိန္ဓုသာရမင်းကြီး ဖြစ်ပြီး ဒီမင်းကြီးမှာ မိဘုရား (၁၆) ပါးနဲ့ သားတော် (၁၀၁) ရှိတယ်။ အသောကဘုရင် အကြောင်း မှတ်တမ်းတင်ထားတဲ့ အဓိက ပါဠိ ကျမ်းဂန်တွေကတော့ ‘‘ဒီပ၀ံသ’’ ၊ ‘‘မဟာဝံသ’’၊ နဲ့ ‘‘သမန္တပါသာဒိကာ’’ ကျမ်းတွေ ဖြစ်ပြီး အခြားတွေ့ရတဲ့ ကျမ်းဂန်တွေကတော့ ‘‘ဒိဗျာဝဒါနကျမ်း’’၊ ‘‘အ၀ဒါနသတက’’ ကျမ်းတွေဖြစ်တယ်။

ဒီပ၀ံသနဲ့ မဟာဝံသ မှာတော့ ဗိန္ဓုသာရမင်းကြီးရဲ့ သားတော် (၃) ပါးကို သာဖော်ပြထားတယ်။ သားတော်အကြီးဆုံးက သုမန မင်းသား (မြောက်ပိုင်းကျမ်းဂန်တွေမှာ သုသီမ လို့ရှိတယ်)၊ ပြီးတော့ အမေတူ ညီ၊ အစ်ကိုတွေဖြစ်တဲ့ အသောကမင်းသားနဲ့ အငယ်ဆုံးသား တိဿ မင်းသားလို့ ဆိုထားတယ်။ ပြီးတော့ အသောကမင်းသားမှာ နှမတော်တစ်ယောက်
ရှိကြောင်း၊ အဲဒီ နှမတော်ရဲ့သား အဂ္ဂိဗြာဟ္မဏနဲ့ အသောကမင်းသားရဲ့သမီးတော် သံဃာမိတ္တာတို့ စုံဖက်ရာက မြေးတော် သုမန မင်းသားဖွားမြင်တယ်လို့လည်းတွေ့ရပါတယ်။

မဟာဝံ ဋီကာမှာ အသောကမင်းသားရဲ့ မယ်တော့်အမည်ကို ဓမ္မာလို့ဆိုထားပြီးအဂ္ဂမဟေသီဖြစ်ကြောင်း၊ မောရိယအနွယ်ဖြစ်ကြောင်း တွေ့ရပေမဲ့ ‘‘အသောကာဝဒါနမာလာကျမ်း’’ လိုမြောက်ပိုင်းကျမ်း ဂန်တွေကတော့ မယ်တော်ဟာစမ္ပာ ဗြာဟ္မဏရဲ့သမီးဖြစ်ပြီးသုဘဒရင်္ဂီ ဖြစ်ကြောင်းဆိုထားပါတယ်။ ဓမ္မာ မိဘုရားကြီးမိသားစု ဆည်းကပ်ကိုးကွယ်တာကတော့ အာဇီဝိက ဇနသာန တက္ကတွန်းဖြစ်တယ်။ ဒီအချက်က အသောက ဘုရင်ဟာ အစောပိုင်းကာလမှာ အာဇီဝိက ဂိုဏ်းကို ကိုးကွယ် ဆည်းကပ်ခြင်းရဲ့ အကြောင်းရင်းဖြစ်နိုင်ပါတယ်။

အသောကမင်းသားဟာ ငယ်ရွယ်စဉ်အချိန်က အ၀န္တိတိုင်းက၊ ဥဇ္ဇေနီပြည်မှာ မြို့စားအဖြစ် အုပ်ချုပ်စိုးစံရတယ်။ ဒိဗျာဝဒါနမှာ အသောကမင်းသားဟာ တက္ကသီလက ဥတ္တရပထမှာ တပ်စွဲပြီး သူပုန်ရန်ကို နှိမ်နင်းတယ်။ ပြီးတော့ အစ်ကိုတော် သုသီမနေရာ မှာ ဆက်ခံ အုပ်စိုးတယ် လို့လည်းဖော်ပြထားတယ်။ ဗိန္ဓုသာရမင်းကြီး နာမကျန်းဖြစ်တဲ့အခါ အသောကမင်းသားဟာ ဥဇ္ဇေနီကနေ ပါဋလိပုတ်ကို သွားရောက်ပြီး ခမည်းတော်ရဲ့ ထီးနန်းကို သိမ်းပိုက်စိုးစံပါတယ်။ ဒီ လိုသိမ်းပိုက်စိုးစံဖို့ အတွက် အမေတူ ညီတော် တိဿ ကလွဲပြီး အခြား ညီ၊ အစ်ကိုတော် မင်းသားတွေကို သတ်ခဲ့လို့ ဘုရင်ဖြစ်တဲ့အခါ အသောကမင်းသား ကို စဏ္ဍာသောက ဘုရင်၊ ကြမ်းကြုတ်ရက်စက်တဲ့ အသောကဘုရင်လို့ အမည်တွင်ကြောင်း မဟာဝံသ က ဆိုထားတယ်။ ဒီ လို သတ်ဖြတ်တယ် ဆိုတဲ့ မှတ်တမ်းဟာ ဘယ်လောက်မှန်ကန်မယ်ဆိုတာ မပြောနိုင်ပါဘူး။ 

ဘာကြောင့်တုန်းဆိုတော့ ပါဋလိ ပုတ် နဲ့ အခြားနေရာတွေမှာ အသောကမင်းကြီးရေးထိုးခဲ့တဲ့ ကျောက်စာတွေအရ၊ ကျောက်စာရေးထိုးတဲ့ ကာလမှာ မင်းကြီးရဲ့ ညီအစ်ကိုတော်၊ ညီမတော်၊ ဆွေမျိုးတော်တွေ အသက်ရှင်လျက်ရှိနေဆဲ ဖြစ်တယ်လို့ ခန့်မှန်းနိုင်လို့ဖြစ်တယ်။ မင်းကြီးဟာ သူရဲ့ညီတော် တိဿ ကို အိမ်ရှေ့ဥပရာဇာ အဖြစ်အပ်နှင်းခဲ့ပေမဲ့ တိဿ မင်းသားဟာ သာသနာဘောင်ဝင်ရောက်ခဲ့ပြီးရဟန္တာမထေရ်မြတ်ဖြစ်ခဲ့တယ်။ ထေရဂါထာ အဋ္ဌကထာမှာ အသောကမင်းကြီးရဲ့ အခြား ညီတော်တစ်ပါးကိုဖော်ပြထားပြီး ၀ိတသောက လို့ အမည်တွင်ပါတယ်။ ဒီ မင်းသားဟာလည်း ရဟန်းအဖြစ် သာသနာဘောင်ဝင်ရောက်ပြီး ရဟန္တာဖြစ်ခဲ့တယ် လို့ ဆိုတယ်။

အသောကမင်းကြီးမှာ မိဘုရား တစ်ပါးမက ရှိတယ်။ သူ့ရဲ့ ပထမ မိဘုရားဟာ ဝေဒိသဂိရိကကုန်သည်တစ်ဦးရဲ့သမီးဖြစ်ပြီးဥဇ္ဇေနီကို အသွား ကုန်သည်အိမ်မှာ နားခိုရင်း တွေ့ဆုံခဲ့တာဖြစ်တယ်။ မိဘုရားရဲ့ အမည်ဟာ ဒေ၀ီဖြစ်ပြီး၊ ဝေဒိသ ဒေ၀ီ လို့ လည်း ထင်ရှားတယ်။ ဝေဒိသမိဘုရားဟာဝိဋဋုဘရန်ကြောင့် ဝေဒိသကို ပြောင်းရွှေ့လာတဲ့ သကျမျိုးနွယ်ကဆင်းသက်လာ တယ်လို့မဟာဗောဓိဝံသမှာ ဖော်ပြထားတယ်။

ဒေ၀ီ မိဘုရားဟာ သားတော် မဟိန္ဒနဲ့ သမီးတော် သံဃမိတ္တာ တို့ကိုဖွားမြင်ခဲ့တယ်။ ဒေ၀ီမိဘုရားဟာ အသောမင်းကြီး ပါဋလိပုတ်မှာ ခမည်းတော်ရဲ့ ထီးနန်းကို ဆက်ခံ စိုးစံတဲ့ အခါ မင်းကြီးနဲ့ အတူလိုက်ပါမသွားပါဘူး။ ဘာကြောင့်တုန်းဆို အသောကမင်းကြီးရဲ့ အဂ္ဂမဟေသီဟာ အသန္ဓိမိတ္တာမိဘုရားကြီးဖြစ်တယ် ဆိုတဲ့ ဖော်ပြချက်ကြောင့်ဖြစ်တယ်။ မင်းကြီးရဲ့ နန်းစံသက် (၁၃) နှစ်မြောက်မှာ အသန္ဓိမိတ္တာမိဘုရားကြီး ကံတော်ကုန်လို့ တိဿ ရက္ခာ ဆိုတဲ့ မိဘုရားတပါးကို ထပ်မံတင်မြှောက်ကြောင်း မဟာ ၀ံသ မှာ ဆိုထားတယ်။ အလ်ဟဘဒ် ကျောက်စာတိုင်မှာ တိဝန ရဲ့မယ်တော် ကာရုဝကီ မိဘုရားဆိုတာကို တွေ့ရပြီး ဒိဗျာဝဒါနမှာ ကဏာလ ရဲ့ မယ်တော် ပဒုမာဝတီ မိဘုရားဆိုတာလည်းတွေ့ရတယ်။ ဖော်ပြခဲ့တဲ့ ရင်သွေးတော်တွေအပြင် ဇလုကာ၊ စာရုမတီ ဆိုတဲ့ အမည်တွေကိုလည်း တွေ့ရပါတယ်။

အသောကမင်းကြီးဟာ သာသနာနှစ် (၂၁၈) နှစ်မှာ ထီးနန်း စိုးစံပြီး၊ နောက် (၄) နှစ်အကြာမှာ ဘိသိက်သွန်းလောင်းခဲ့တယ် လို့ မဟာဝံသမှာ ဖော်ပြထားတယ်။ ဒီ အစဉ်လာ သမိုင်းကျမ်းတွေထဲမှာ အသောကမင်းကြီးရဲ့ ထူးခြားတဲ့ တန်ခိုးစွမ်းအားတွေ အကြောင်းကိုလည်းရေးသားထားတယ်။ မင်းကြီးရဲ့ အမိန့်အာဏာစက်ဟာ မြေအထက် တစ်ယုဇနာ၊ မြေအောက် တစ်ယူဇနာထိ ပြန့်နှံ့ပါတယ် တဲ့။ နတ်တွေဟာ နေ့တိုင်း မင်းကြီးထံကို အနောတတ္တ ရေအိုင်ကနေ ရေတော်ဆက်ရတယ် လို့ဆိုတယ်။ အခြား မွန်မြတ်တဲ့ သုံးဆောင်ဖွယ်ရာတွေကိုလည်း ဆက်သရပါတယ်တဲ့။ ဘီလူးတွေ၊ နဂါးတွေ၊ ကရ၀ိတ်ငှက်တွေနဲ့ ကြွက်တွေတောင် မှ မင်းကြီးထံ နေ့စဉ် ခစားကြရသတဲ့။ အချို့တိရစ္ဆာန်တွေဟာ စားဖိုဆောင်တော်ရဲ့ အပြင်ဘက်ကိုလာရောက်ကြပြီး မိမိတို့ အသားနဲ့ မင်ကြီးစားတော်တည်ဖို့အတွက် ကိုယ်တိုင်လာရောက် အသေခံကြတယ်လို့ ဆိုပါတယ်။

အသောကမင်းကြီး ထီးနန်းတက်စ အချိန်တုန်းကတော့ သူ့ရဲ့ ခမည်းတော် ၀တ်ဆောက်တည်ခဲ့တဲ့ အလှူဝတ်ကို မပြတ်စေ ဘဲ ဆက်လက် အလှူပေးခဲ့တယ်။ သို့သော်လည်း မင်းကြီးဟာ သိပ်မကြာခင်မှာ ဘဲ သူ့ခမည်းတော် လှူဒါန်းခဲ့တဲ့ ဘာသာရေး ဆရာတွေကို စိတ်လိုမကျဖြစ်ပြီး မြင့်မြတ်စင်ကြယ်တဲ့ အလှူခံပုဂ္ဂိုလ်၊ ဘာသာရေး ခေါင်းဆောင်ကို ရှာဖွေခဲ့တယ်။ အဲလို ရှာဖွေနေတဲ့ကာလမှာဘဲ နန်းတော် ပြတင်းပေါက်ကနေ ဆွမ်းခံကြွလာနေတဲ့ မင်းကြီးရဲ့တူတော် နိဂြောဓ သာမဏေကို ဖူးတွေ့ခဲ့ရတာ ဖြစ်တယ်။ နိဂြောဓ သာမဏေကလေးကို ဖူးတွေ့ရတဲ့ အခါ အသောကမင်းကြီးဟာ ချက်ချင်းကြည်ညိုသွားခဲ့ ပြီး နန်းတော်ကို ပင့်ဖိတ်ခိုင်းပါတယ်။ ဒီလို သာမဏေလေးကို ချက်ချင်းကြည်ညိုစိတ်ဖြစ်ရတာဟာ ရှေးအတိတ်ဘ၀က ပါရမီ အတူ ဖြည့်ဆည်းခဲ့ဖူးလို့ ဖြစ်သတဲ့။ အသောကမင်းကြီးရယ်၊ သီဟိုဠ်ကျွန်းရဲ့ ဘုရင် ဒေ၀ါနံ ပိယ တိဿဘုရင်ရယ်၊ နိဂြောဓ သာမဏေရယ် ဒီ သုံးဦးသား ဟာ ရှေးအတိတ်ဘ၀တစ်ခု မှာ ပျားရည်ကုန်သည် ညီနောင်တွေဖြစ်ခဲ့ကြပြီး ပစ္စေက ဗုဒ္ဓါ အရှင် မြတ်တစ်ပါးကို ပျားရည် အတူလှူဒါန်းခဲ့ဖူးပါတယ်။

 အသန္ဓိမိတ္တာ မိဘုရားကတော့ အဲဒီ အချိန်တုန်းက ပစ္စေက ဗုဒ္ဓါအရှင်မြတ် ကို ပျားရည် ကုန်သည်တွေထံ ညွှန်ပြခဲ့သူ မိန်းမပျို ဖြစ်ခဲ့ကြောင်း မဟာဝံသ မှာ ဖော်ပြထားတယ်။ နိဂြောဓ သာမဏေကလေး ဟာ အသောကမင်းကြီးကို အပ္ပမာဒ၀ဂ်က တရားဂါထာတော်ကို ဟောကြားတဲ့အခါ၊ မင်းကြီး အလွန်နှစ်သက် ကြည်ညိုမူဖြစ်ခဲ့တယ်။ အဲဒီ အချိန်ကစပြီး အသောကမင်းကြီးဟာ အစဉ်အဆက်လှူလာတဲ့ အခြားဘာသာ အတွက် လှူဒါန်းမူကို ရပ်ဆိုင်းပြီး၊ နိဂြောဓသာမဏေနဲ့ ဗုဒ္ဓဘာသာ သံဃာတော်တွေကို လှူဒါန်းထောက်ပံ့ခဲ့တယ်။ နေ့စဉ် လှူ ဒါန်းမူဟာ အသပြာ ငါးသိန်းဖိုး ပမာဏရှိတယ်လို့ သမန္တပါသာဒိကာ မှာဖော်ပြထားတယ်။ အဲဒီ ငါးသိန်းအနက် တစ်သိန်းဟာ နိဂြောဓ သာမဏေ ကို သီခြားလိုအပ်ရာအတွက် လှူဒါန်းတာဖြစ်တယ်။ နောက်ထပ် တစ်သိန်းဟာ ဗုဒ္ဓမြတ်စွာကို ပန်း၊ အမွှေး နံ့သာများနဲ့ ပူဇော်ဖို့အတွက်ဖြစ်ပြီး နောက် တစ်သိန်းကတော့ ဓမ္မပူဇာ အတွက်ဖြစ်တယ်။ နောက်တစ်သိန်းက သံဃာတော်တွေ ရဲ့ ပစ္စည်းလေးပါးအတွက်ဖြစ်ပြီး နောက်ဆုံး တစ်သိန်းကတော့ နာမကျန်းဖြစ်နေသူတွေအတွက် ဆေး အလှူတော်ဖြစ်ပါတယ်။

အခြား အသုံးဆောင်လှူဒါန်းမူတွေအပြင် ပန်းနံ့သာတွေနဲ့ တန်ဆာဆင်ထားတဲ့ မင်္ဂလဆင်ထက်မှာ သင်္ကန်းသုံးစုံတင်ပြီး နေ့စဉ်နေ့တိုင်း နိဂြောဓသာမဏေကို လှူဒါန်းခဲ့သတဲ့။ နိဂြောဓ သာမဏေကလေးဟာ ဒီလို လှူဒါန်းလို့ရရှိလာတဲ့ သင်္ကန်းတွေကို အခြား သံဃာတော်တွေ အတွက် ပြန်လည်လှူဒါန်းကြောင်း မဇ္ဈိမ နိကာယ် အဋ္ဌကထာမှာ တွေ့ရတယ်။

မောဂ္ဂလိပုတ္တတိဿ မထေရ်မြတ်ရဲ့ ဟောကြားဆုံးမမူကနေ ဓမ္မခန္ဓာပေါင်း (၈၄၀၀၀) ရှိကြောင်း သိရှိသွားတဲ့ အသောကမင်း ကြီးဟာ ဒီ တရားဓမ္မတွေကို ပူဇော်တဲ့ အနေနဲ့ ကျောင်းတိုက်ပေါင်း (၈၄၀၀၀) ကို မြို့ရွာတွေမှာဆောက်လုပ်လှူဒါန်းခဲ့တယ်။ ပါဋလိပုတ်မှာ အသောကာရာမ ကျောင်းတိုက်ကို ဆောက်လုပ်လှူဒါန်းတယ်။ ဗုဒ္ဓမြတ်စွာရဲ့ဓါတ်တော်တွေကို အညီအမျှ ခွဲဝေပြီး အလားတူ အရေတွက်ရှိတဲ့ စေတီတော်တွေကိုလည်း တိုင်းပြည် နေရာဒေသ အနှံ့ တည်ထားခဲ့တယ်။

မဟာကာလ နဂါးမင်းရဲ့ ကူညီညွှန်ပြမူနဲ့ ဗုဒ္ဓမြတ်စွာရဲ့ သက်ရှိအသွင် ရုပ်ပွားတော်ကို ထုလုပ်ကိုးကွယ်ခဲ့ပြီး အကြီးအကျယ်ပူ ဇော်လှူဒါန်းခဲ့ပါတယ်။
မင်းကြီးရဲ့ နန်းစံသက် (၆) နှစ်မြောက်မှာ အသက်နှစ်ဆယ်ပြည့်ချိန်ရောက်နေတဲ့ သားတော် မဟိန္ဒနဲ့ အသက် (၁၈) နှစ်အရွယ် သမီးတော် သံဃမိတ္တာ တို့ကို မောဂ္ဂလိပုတ္တ တိဿ မထေရ်မြတ်နဲ့ ဓမ္မပါလ မထေရ်မြတ်တို့ထံမှောက်မှာ သာသနာတော်တွင်း သွတ်သွင်းချီးမြှောက်ပြီး ပစ္စယဒါယကာ အဖြစ်ကနေ သာသနာ့ ဒါယကာ အဖြစ်သို့ ခံယူခဲ့ကြောင်း မဇ္ဈိမနိကာယ် အဋ္ဌကထာမှာ ဖော်ပြထားတယ်။

အသောကမင်းကြီးရဲ့ ချီးမြှောက်ထောက်ပံ့မူနဲ့ ရှင် မဟာမောဂ္ဂလိပုတ္တ တိဿ မထေရမြတ်ဟာ (မြောက်ပိုင်း ကျမ်းဂန်တွေမှာ မထေရ်မြတ်ရဲ့ ဘွဲ့တော်ကို ဥပဂုတ္တ လို့ တွေ့ရတယ်) မသန့်မရှင်း ဖြစ်နေတဲ့ သံဃာ ၊ ပရိသတ်နဲ့ တရားတော်တွေကို သန့်ရှင်းစင်ကြယ်အောင် သုတ်သင်ဖို့ တတိယ သင်္ဂါယနာ သံဃာအစည်းဝေးပွဲကို ကြီးမှူး ကျင်းပခဲ့တယ်။ ဒီလို အစည်းဝေး မကျင်းပခင်က သံဃာတော်တွေဟာ သံဃာ့ ပရိတ်သတ် မစင်ကြယ်တဲ့အတွက် ဥပါသ်မပြု ခဲ့ကြဘူးလို့ ဆိုပါတယ်။ သံဃာတော်တွေကို ညီညွတ်စေချင်တဲ့ မင်းကြီးဟာ အမတ်တစ်ယောက်ကို ညီညွတ်အောင် ပြုလုပ်ဖို့ စေခိုင်းတဲ့အခါ နားလည်မူလွဲသွားတဲ့ အမတ်ဟာ ဥပါသ် မပြုတဲ့ သူတော်ကောင်း ရဟန်းတော်တွေကို သတ်စေခဲ့တယ်။ နောက်ဆုံး မင်းကြီးရဲ့ ညီတော် တိဿ မထေရ်မြတ်က တားမြစ်မှသာ အမတ်ကြီးရဲ့ လုပ်ရပ်ဆိုင်းသွားတယ်လို့ မဟာဝံသ မှာ တွေ့ရတယ်။

မင်းကြီးရဲ့ နန်းစံသက် (၁၇) နှစ်မှာ သင်္ဂါယနာတင်ပွဲကြီးပြီးစီး အောင်မြင်တဲ့အခါ အတိုင်းတိုင်းအပြည်ပြည်ကို သာသနာပြု အဖွဲ့တွေ စေလွှတ်ခဲ့တယ်။ (၁) ကသ္မီရ နဲ့ ဂန္ဓရတိုင်းကို မဇ္ဈန္တိက မထေရ်၊ (၂) မဟိသာမဏ္ဍလတိုင်း ကို မဟာဒေ၀ မထေရ်၊ (၃) ၀န၀ါသတိုင်း ကို ရက္ခိတ မထေရ်၊ (၄) ယောန ဓမ္မရက္ခိတ ကို အပရန္တကတိုင်း၊ (၅) မဟာရက္ခိတ ကို ယောနတိုင်း၊ (၇) မဇ္ဈိ မ မထေရ်ကို ဟိမ၀န္တာ၊ (၈) သောဏနဲ့ ဥတ္တရ မထေရ်တို့ကို သုဝဏ္ဏဘူမိ နဲ့၊ (၉) မဟာ မဟိန္ဒ၊ ဣဋ္ဌိယ၊ ဥတ္တိယ၊ သမ္ဗလ၊ မဒ္ဒ သာလ မထေရ်တို့ကို လင်္ကာ ဒီပ သို့ သာသနာ ပြု ခရီးတွေစေလွှတ်ခဲ့တယ်။ ဒီသာသနာပြု ခရီးတွေရဲ့ အသေးစိတ် အကြောင်းချင်းရာတွေကို သမန္တပါသာဒိကာမှာတွေ့နိုင်တယ်။ 

မင်းကြီးရဲ့ နန်းစံနှစ် (၁၈) နှစ်မြောက်မှာ ဒေ၀ါနံ ပိယတိဿ မင်းရဲ့ တောင်းပန်မူကြောင့် သံဃမိတ္တာထေရီကို ဗုဒ္ဓဂါယာက ဗောဓိပင်ရဲ့ ပင်ပွား အကိုင်းခက်နဲ့အတူ သီဟိုဠ်ကျွန်းကို သာသ နာပြု ခရီး ထပ်မံစေလွှတ်ခဲ့တယ်။ ဒီ မတိုင်ခင်ကာလ ကလည်း မြေးတော် သုမန ဦးဆောင်စေပြီး ဗုဒ္ဓမြတ်စွာရဲ့ ဓါတ်တော် အချို့နဲ့ သပိတ်တော်ကို သီဟိုဠ်ကျွန်းက ထူပါရုံစေတီတော်မှာ ဌာပနာပြု ပူဇော်ဖို့ စေလွှတ်ခဲ့ပြီးဖြစ်တယ်။ ဒီအကြောင်းရာတွေ ကို မဟာဝံသမှာ တွေ့နိုင်တယ်။

အသောကမင်းကြီးဟာ နန်းစံသက် (၃၇) နှစ်ထိ စိုးစံတော်မူခဲ့ပြီး နန်းစံသက် နောက်ပိုင်းနှစ်ကာလတွေမှာ မင်းကြီးရဲ့ ဗုဒ္ဓသာ နာအပေါ် ချီးမြှောက်ထောက်ပံ့လှူဒါန်းမူတွေကြောင့် ဓမ္မာသောက ဘုရင်ကြီး အဖြစ်ထင်ရှားပါတယ်။ ဒီပ၀ံသ မှာတော့ အသောက မင်းကြီးရဲ့ ဘွဲ့တော်ကို ပီယဒဿီ လို့ အကြိမ်များစွာ ဖော်ပြထားတယ်။ မင်းကြီးရဲ့ ကျောက်စာတွေထဲ မှာ ရည် ညွှန်းထားတဲ့ ဒေ၀ါနံ ပီယ တိဿ ဆိုတဲ့ ဘွဲ့တော်ကတော့ ၊ ခေတ်ပြိုင် လင်္ကာကျွန်း ဘုရင် တိဿ နဲ့ မင်းကြီး ရဲ့ မြေးတော်ဒဿ ရထ ဘုရင် တို့လည်း သုံးနှုန်းတာကို တွေ့ရတယ်။ ပြီးတော့ ဒီ ဘွဲ့အမည်ကို သီဟိုဠ်ကျွန်းက အခြားဘုရင်တွေလည်း သုံးနှုန်းပါတယ်။
ဒီကျမ်းဂန်တွေထဲမှာ အသောကမင်းကြီးနဲ့ ဒေ၀ါနံပီယ တိဿ ဘုရင်တို့ဟာ မဟိန္ဒမထေရ် သီဟိုဠ်ကျွန်းကို သာသနာပြု မကြွ ရောက်မီ ကတည်းက မိတ်ဆွေတွေ ဖြစ်တယ် လို့ ဆိုထားပါတယ်။ သို့ပေမဲ့ တစ်ယောက်နဲ့ တစ်ယောက်မတွေ့ဘူးကြဘူး။ တိဿ ဘုရင်က အသောကမင်းကြီးထံ လက်ဆောင် ပဏ္ဏာတွေ ဆက်သတဲ့အခါ မင်းကြီးကလည်း တိဿ ဘုရင် ဒုတိယ အကြိမ် ဘိသိက် ခံယူဖို့ အတွက် ထူးခြားကောင်းမြတ်တဲ့ လက်ဆောင်ပဏ္ဏာတွေနဲ့ အတူ ချစ်ကြည်ရေး သံအဖွဲ့ တစ်ဖွဲ့ကို စေလွှတ်ခဲ့ပါတယ်။ အသောကမင်းကြီးဟာ ဒီ သံအဖွဲ့နဲ့ အတူ အထူး လက်ဆောင် အဖြစ် အမှာ စကားလည်း ပါးလိုက်ပါတယ်။

‘‘ငါသည် ဘုရား၊ တရား၊ သံဃာ တည်းဟုသော ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်သည်သည် ဖြစ်၍ သကျပုတ္တ တည်းဟုသော ဗုဒ္ဓမြတ် စွာ၏ တပည့် ဥပါသကာ တစ်ဦးအဖြစ် ခံယူခဲ့လေပြီ၊ အို ... ယောက်ျားမြတ်ဖြစ်သော အဆွေတော် ... သင်သည် လည်း ယုံကြည်မူ သဒ္ဓါတရားကို ဖွင့်လှစ်၍ လောကတွင် အမြတ်ဆုံးဖြစ်သော ရတနာသုံးပါး၌ ကိုးကွယ်ဆည်းကပ်လေလော့’’
မိလိန္ဒာပဥှာကျမ်းမှာ တော့ အသောကမင်းကြီးနဲ့ ပါဋလိပုတ်ပြည်ရဲ့ ပြည့်တန်ဆာတစ်ဦးဖြစ်တဲ့ ဗိန္ဒုမတီနဲ့ တွေ့ဆုံမူကိုဖော်ပြ ထားတယ်။ ဒီ ပြည့်တန်ဆာမကလေးဟာ မင်းကြီးကို သစ္စာတရားရဲ့ စွမ်းအားနဲ့ ဂင်္ဂါမြစ်ကြီးကို ပြောင်းပြန် ပြန်စီးဆင်းစေတယ် လို့ ဆိုပါတယ်။ ပေတ ၀တ္ထု အဋ္ဌကထာ မှာတော့ သုရတ္ထတိုင်းက ဘုရင်တစ်ပါးဖြစ်တဲ့ ပိင်္ဂလ ဘုရင်ဟာ မင်းကြီးထံ ၀င်ရောက် ခံစားပြီး အကြံဉာဏ်ပေးလေ့ရှိကြောင်း ဖော်ပြထားတယ်။ ဒီ ဘုရင်ဟာ မင်းကြီးရဲ့ မိတ်ဟောင်း၊ ဆွေဟောင်း သို့မဟုတ်ရင် အကြံပေး ဆရာတစ်ဦးဖြစ်မယ် လို့ ခန့်မှန်းရတယ်။
ဗိမ္ဗိသာရမင်းနဲ့ ပသနဒီ မင်းကို ပဒေသ ရာဇာ လို့ ခေါ်ကြ သလို အသောက ဘုရင်ကြီးကိုတော့ ‘‘ဒီပစက္က၀တ္တိ’’ လို့လည်း ခေါ်
ကြောင်းသိရတယ်။ အသောကမင်းကြီးမှာ ဥတုသုံးလီ စံမြန်းဖို့ ‘‘မဟာ သပ္ပိကာ၊ မောရဂီဝ၊ မင်္ဂလ’’ လို့ ခေါ်တဲ့ နန်းသုံးဆောင် ရှိကြောင်းလည်း တွေ့ရပါတယ်။
အသောကဘုရင်ကြီး သာ မပေါ်ပေါက်ခဲ့ရင် ဗုဒ္ဓသာသနာဟာ ဒီနေ့ခေတ်အခြေနေလောက် ပြန့်ပွားနိုင်ပါ့မလား လို့ သမိုင်းဆရာ တွေက သုံးသပ်ကြပါတယ်။ အသောကမင်းကြီးနဲ့ ပတ်သက်ပြီး ကျမ်းဂန်တွေကလည်း အမျိုးမျိုးအထွေထွေ ရေးသားကြတာ ကို တွေ့ရတယ်။ ဥပမာ အသောကမင်းကြီး ခေတ်က ရှင် ဥပဂုတ္တ မထေရ်မြတ်နဲ့ ပတ်သက်ပြီး၊ တောင်ပိုင်းထေရ၀ါဒနဲ့ မြောက် ပိုင်း မဟာယန ကျမ်းဂန်တွေမှာ မူအမျိုးမျိုးတွေ့ကြရတယ်။ အိန္ဒိယက နာမည်ကျော် ကဗျာဆရာကြီး တဂိုးကတောင် ရှင်ဥပဂု တ္တမထေရ် နဲ့ ပတ်သက်ပြီး ကဗျာရှည် တစ်ပုဒ်ရေးသားထားကို တွေ့ရတယ်။

ဘယ်လိုဘဲဖြစ်စေ၊ ဗုဒ္ဓသာသနာမှာ ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန်ပြု ပြီး နှစ်တစ်ရာ ကြာမှာ ကျင်းပတဲ့ ဒုတိယသင်္ဂါယနာ ခေတ်နဲ့ အသောကမင်းကြီးလက်ထက်၊ သာသနာ နှစ် (၂၃၅) မှာ ကျင်းပတဲ့ တတိယသင်္ဂါယနာခေတ် ကြားကာလ နှစ်တစ်ရာကျော် လောက်ဟာ စိတ်ဝင်စားဖွယ် အကောင်းဆုံး ကာလတစ်ခု ဖြစ်ကြောင်းတွေ့ရပါတယ်။ အဲဒီ ခေတ်ကာလမှာ ဘဲ ဗုဒ္ဓ၀ါဒ ဂိုဏ်း ကွဲတွေ သန္ဓေတည်ခဲ့ပြီး အားကောင်းစွာ ရပ်တည်လာခဲ့သလို၊ ထေရ၀ါဒ ဗုဒ္ဓသာသနာဟာ လည်း ဆန့်ကျင်ဘက် ၀ါဒတွေ ကြားမှာ ကြံ့ကြံ့ခံ့ ရပ်တည်ခဲ့တာဖြစ်တယ်။ ဒီလို ရပ်တည်နိုင်ခဲ့ခြင်းမှာ သံဃာတော် အရှင်သူမြတ်တွေရဲ့ ပရိယတ်၊ ပဋိပတ် နှစ်ဖြာကို စွမ်းစွမ်းတမံ အားထုတ်ခဲ့မူကြောင့်ဖြစ် သလို အသောကမင်းကြီးရဲ့ ဗုဒ္ဓသာသနာတော်အပေါ် ချီးမြှောက်ထောက်ပံ့မူကလည်း အလွန်အရေးကြီးတဲ့ အခန်းကဏ္ဍက ပါဝင်ခဲ့ကြောင်းတွေ့ရတယ်။

နောက်ဆုံးအနေနဲ့ သမိုင်းဆရာ အိပ်ခ်ျ ဂျီ ၀ဲလ် ရဲ့ အသောကမင်းကြီးနဲ့ ပတ်သက်ပြီး သူ့ရဲ့ ကမ္ဘာ့သမိုင်း အကျဉ်းချုပ် စာအုပ် မှာ သုံးသပ်ထားတာလေးနဲ့ နိဂုံးချူပ်ပါရစေ။

‘‘အသောကဘုရင် ဟာ ဘုရင်တွေထဲမှာ အကြီးမြတ်ဆုံးဖြစ်တယ်။ သူ ဟာ သူ့ခေတ်ထက် အများကြီး ရှေ့ကိုပြေးနေတယ်။ သူ့ရဲ့ လုပ်ငန်းတွေကို ဆက်ခံဖို့ ဘယ်လို အိမ်ရှေ့ဥပရာဇာမှ၊ ဘယ်လို အဖွဲ့စည်းမှ ချန်မထားခဲ့ဘူး၊ သူအုပ်ချုပ်စိုးစံခဲ့တဲ့ ခေတ်ကာလတစ်လျှောက်ဟာသူကံကုန်ပြီး နှစ်တစ်ရာ လောက်အတွင်းမှာ အစိတ်စိတ်မွှာမွှာ ကွဲထွက်ပြီးပြိုလဲပျက်စီးနေခဲ့တဲ့အိန္ဒိယနိုင်ငံရဲ့ ဂုဏ်ယူလွမ်းဆွတ်ဖွယ် ခေတ်ကာလကြီး ဖြစ်ခဲ့ရပါတယ်။ အိန္ဒိယလူမူ အဖွဲ့အစည်းရဲ့ အဆင့်မြင့်ဆုံး၊ အခွင့်ထူး ခံစားရဆုံး ဗြာဟ္မဏဇာတ်အလွှာဟာ ဗုဒ္ဓ၀ါဒကို အမြဲမပြတ် ပြောင်ပြောင်တင်းတင်း ဆန့်ကျင်ခဲ့ကြတယ်။ တဖြည်းဖြည်းနဲ့ သူတို့ ဟာ အိန္ဒိယမြေပေါ်မှာ ဗုဒ္ဓ၀ါဒ လွှမ်းမိုးမူကို ချိနဲ့ ယုတ်လျော့သွားစေခဲ့ပါတယ်။ ရှေးဟောင်း တန်ခိုးကြီး နတ်ဘုရား ကိုးကွယ်မူ တွေ၊ မရေမတွက်နိုင်တဲ့ ဟိန္ဒူဝါဒရဲ့ ရိုးရာအစွဲလမ်း ကိုးကွယ်မူတွေဟာ တစ်ကျော့ပြန်ထွန်းကား လာခဲ့ပြန်ပါတယ်။ နှစ်ရာစု များစွာကြာအောင် ဗုဒ္ဓ၀ါဒနဲ့ ဗြာဟ္မဏ၀ါဒ ဟာ ယှဉ်လျက် ထွန်းကားပြန့်ပွားခဲ့ပေမဲ့၊ နောက်ဆုံး ဗုဒ္ဓ၀ါဒဟာ ပြိုကွဲပျောက်ကွယ် ခဲ့ရပြီး အဲဒီ နေရာ မှာ ဗြာဟ္မဏ၀ါဒဟာ ပုံစံ မျိုးစုံနဲ့ အစားထိုးနေရာယူ သွားခဲ့တယ်။ ဒါပေမဲ့ ဗုဒ္ဓ၀ါဒ ဟာ ဇာတ်ခွဲခြားမူ စနစ်ကြီး စိုးတဲ့ အိန္ဒိယတိုက်ငယ် ကို ကျော်လွှားပြီး ဒီနေ့ ခေတ်အထိ ဆက်လက် ရှင်သန်ထွန်းကားနေတဲ့ တရုတ်၊ ယိုးဒယား၊ မြန်မာ ၊နဲ့ ဂျပန် နိုင်ငံများဆီ သို့ ပြန်နှံ့ရောက်ရှိသွားခဲ့ပါတယ်’’

ဘိက္ခု ကေသရ
sources: 1/ Dictionary of Pali Proper Names by Malalasekera
2/Asoka: The Buddhist Emperor of India by Vincent A Smith
3/A Short History of the World by H.G Wells
4/ပါရဂူ၊ ရာဇာနဲ့ သာသနာ
5/အရှင်သံဝရာဘိဝံသ၊ ဗုဒ္ဓနိုင်ငံတော်၊ ဒု-တွဲ
Bhikkhu Kesara's photo.

ကျောက်စာများကပြောသော အာသောကမင်းကြီး

ကျောက်စာ နံပါတ် (၁၃) မှာ ရေးထိုးထား တဲ့ ဗုဒ္ဓသာသနာ ပြန့်ပွားဖို့ သာသနာပြု အဖွဲ့တွေ စေလွှတ်ရာ ဌာနဖြစ်တဲ့ အနောက်နိုင်ငံတွေက ဘုရင် (၅) ပါးရဲ့အမည်တွေကိုအခြေခံပြီး အသောက ဘုရင်ရဲ့ နန်းစံနှစ်ကိုဘီစီ ၂၆၈ - ၂၃၂ လို့ ခန့်မှန်းကြပါတယ်။ အဲဒီဘုရင်(၅)ပါးရဲ့အမည်ထဲမှာ အီဂျစ်၊ ဆီးရီးယားနဲ့မက်ဆီဒိုးနီးယားက ဘုရင်တွေပါတယ်။ အသောက ဘုရင် နန်းစံ တဲ့ သက်တမ်းကို အဲဒီ ဘုရင် (၅) ပါးရဲ့ နန်းစံနှစ်တွေကနေ ခန့်မှန်းကြတာ ဖြစ်တယ်။ ဒီ ခန့်မှန်းချက်ဟာ ၂ နှစ်ကနေ ၁၀ နှစ်  လောက်တော့ မှား ချင်မှား သွားနိုင်တယ်။ ရှေးအင်ဒီးယန်းတွေဟာသမိုင်းနှစ်ကာလမှတ်တမ်းတွေ ကိုမှတ်လေ့မရှိကြတော့ယခုတွက်ချက်ခန့်မှန်းထားတဲ့နှစ်နဲ့ဘဲ အိန္ဒိယ ရှေးဟောင်း သမိုင်းကို ခုနှစ် စဉ်ကြည့်ကြရတယ် ။ သီဟိုဠ် သမိုင်းကျမ်းဖြစ်တဲ့ "မဟာဝံသ’’ က အသောကဘုရင်ရဲ့ နန်းစံနှစ်ကို (၃၇) နှစ်လို့ ပြောထားပြီး၊ "ပုရာမ်’’ ကျမ်းကတော့(၃၆) နှစ်လို့ ဖော်ပြထားပါတယ်။ အသောကဘုရင်လက်ထက်အတွင်းက ရေးထိုးခဲ့တဲ့ကျောက်စာ တွေဟာ အဲဒီ ခေတ်ကာလကို ခန့်မှန်းတွက်ချက်ဖို့အတွက် ခိုင်မာတဲ့ သက်သေအထောက်ထားတွေဖြစ်တယ်။ ဒီကျောက်စာတွေအပြင် သီဟိုဠ်မှာ မှတ်တမ်းတင်ထားတဲ့ ''မဟာဝံသ၊ ဒီပ၀ံသနဲ့ သမန္တပါသာဒိကာ’’ ကျမ်းတွေကို လည်း တိုက်ဆိုင်ကြည့်ကြရတယ်။ ပြီးတော့ မြောက်ပိုင်း ဗုဒ္ဓဘာသာ ကျမ်းတွေဖြစ်တဲ့အသောကရာဇ ၀ဒါန’’၊‘’အသောကရာဇသုတ္တ’’ နဲ့  '' ဒိဗျာဝဒါန ’’ကျမ်းတွေနဲ့လည်းနှိုင်းယှဉ်တွက်ချက်ကြည့်ရပါတယ်။

အစဉ်အလာ သမိုင်းအရတော့ အသောက ဘုရင်ဟာ ငယ်ရွယ်စဉ် အခါတုန်းက အလွန်ကြမ်းတမ်း ခက်ထန်တယ်၊ လူအသက်ပေါင်းများစွာ သတ်ခဲ့တယ်၊ နောက်ပိုင်း ဗုဒ္ဓဘာသာဝင် ဖြစ်သွားတဲ့အခါ အလွန် ယဉ်ကျေးသိမ်မွေ့သွားပြီး ပြည်သူပြည်သားတွေကို မေတ္တာ ကရုဏာနဲ့ အုပ်ချုပ်ခဲ့ လို့ သူဟာ ''ဓမ္မာသော ကဘုရင်’’လို့ ထင်ရှားသွားတယ်၊ စသည်ဖြင့် ဖြစ်တယ်။

အသောကဘုရင်ရဲ့ဘ၀ဇာတ်ကြောင်းကိုကျောက်စာရေးသားချက်တွေကပိုပြီးခိုင်ခိုင်မာမာပြောပြနေပါတယ်။ ကျောက်စာတွေထဲကအတိုင်းပြောရရင်တော့ အသောက ဘုရင်ဟာ နန်းစံနှစ် (၇) နှစ်မှာ ဗုဒ္ဓဘာသာဝင်ဖြစ်ခဲ့တယ်။ ဗုဒ္ဓဘာသာ ၀င်ဖြစ်ပြီး ၂ နှစ်ခွဲလောက်ထိ သူဟာ ဗုဒ္ဓဘာသာကိုလေးလေးနက် မသက်ဝင်ခဲ့သေးဘူးလို့ ခန့်မှန်းရမှာ ဖြစ်တယ်။ နန်းစံနှစ် (၈) နှစ်မှာကလိင်္ဂတိုင်းကိုစစ်နိုင်ခဲ့တယ်၊ ဒီ စစ်ပွဲအတွင်းမှာအပြစ်မဲ့ ပြည်သူများစွာသေကြခဲ့ရတာ ကိုအသောကဘုရင်မြင်တွေ့ခဲ့ရတယ်။ စစ်သုံ့ပမ်းတွေကို ပြည်နှင်ဒဏ်ပေးခဲ့ တယ်။ ကလေးသူငယ်တွေ မိတကွဲ၊ ဖတကွဲ ဖြစ်ခဲ့ကြရ သလို ၊ လင်ဆုံး၊ သားဆုံး၊ မယားဆုံးလို့ ပူဆွေးသောက ရောက်နေတဲ့ စစ်ဒဏ်ထိပြည်သူတွေကို အသောကဘုရင်တွေ့မြင်ခဲ့ရတယ်။ ဒီလို စစ်ရဲ့ အနိဋ္ဌာရုံမြင်ကွင်း ကို မြင်တွေ့ခဲ့ ရတဲ့ အသောကဘုရင်ဟာအလွန်စိတ်မချမ်းမမြေ့ဖြစ်ခဲ့ရပြီး စစ် ကိုစက်ဆုပ်သွားခဲ့တယ်။ တိုက်ခိုက် သတ်ဖြတ်ပြီး ဖြစ်ပေါ်ရရှိလာတဲ့အောင်ပွဲကိုအလွဲအောင်ပွဲ အဖြစ်သိမြင်လက်ခံခဲ့ပြီးတော့ တကယ့် အောင်ပွဲ ဆို တာ ဟာအကြမ်းဖက်၊ နှိပ်ကွပ်မူ မပါတဲ့ ဗုဒ္ဓမြတ်စွာရဲ့ ဓမ္မ၊၀ိနယအဆုံးမတွေပေါ် မှာအခြေခံ တဲ့ အောင်ပွဲ သာ ဖြစ်တယ်လို့ လက်ခံသိမြင်လာခဲ့တယ်။

အဲဒီနောက်တစ်နှစ်ကျော်ကာလပတ်လုံးဗုဒ္ဓမြတ်စွာရဲ့တပည့်သာဝကသံဃာတော်အရှင်မြတ်တွေကို ဆည်းကပ် ခဲ့တယ်။ ကောင်းမှုကုသိုလ်များစွာပြုခဲ့တယ်၊ ကိုယ်ကျင့် သီလတွေ ယုံယုံကြည်ကြည် ကျင့်ကြံခဲ့ တယ်။ ကျောက်စာ နံပါတ် (၈) မှာ အသောကမင်းကြီးဟာ နန်းစံနှစ် (၁၀) နှစ်မှာ ''သမ္ဗောဓိ’’ ကိုသွားခဲ့တယ် လို့ ရေးထိုးထားတယ်။ ဒီရေးထိုးမူဟာ အသောကမင်းကြီးဟာသူကိုယ်တိုင်ထူးမြတ်တဲ့ တရားအသိဉာဏ်ရရှိသွားခဲ့တယ်လို့အဓိပ္ပါယ်ထွက်သလိုဗုဒ္ဓမြတ်စွာသဗ္ဗညုတဉာဏ်တော်ရရှိတော်မူခဲ့တဲ့ ဗုဒ္ဓဂါယာဒေသ ကို သွားရောက်ခဲ့တယ် လို့လည်း အဓိပ္ပါယ်ထွက်နေပါတယ်။

အဲဒီအချိန်ကစပြီးအသောကဘုရင်ဟာဗုဒ္ဓမြတ်စွာရဲ့ဘ၀ဖြစ်စဉ်နဲ့ပတ်သက်တဲ့ နေရာဌာနတွေကိုဘုရားဖူးခရီးထွက်ခဲ့တယ်။ နောက်ထပ်ကျောက်စာတစ်ခုကတော့အသောကဘုရင်ဟာနန်းစံနှစ်(၁၂) နှစ်မှာဗုဒ္ဓမြတ်စွာဖွားတော်မူရာ လုမ္ဗိနီကိုသွားခဲ့တယ် လို့ ရေးထိုးထားပါတယ်။အသောက ဘုရင်ဟာ ဗုဒ္ဓ၀ါဒကို ထက်သန်တဲ့ သဒ္ဓါတရားနဲ့ယုံကြည်ကိုးကွယ်ပြီးလိုက်နာကျင့်သုံးခဲ့တယ်။သူ့သြဇာ ဖြန့်ကျန်မူအောက်မှာရှိတဲ့တိုင်းပြည် ဒေသအနှံ့မှာလည်းဗုဒ္ဓမြတ်စွာရဲ့ တရားတော်တွေ ထွန်းကားပြန့်ပွားအောင် ကြိုးစားဆောင်ရွက်ခဲ့တယ်။

စေတီပုထိုးတွေမှာ ဗုဒ္ဓ၀င်ကြောင်းချင်းရာ နတ်ပြည်လောက ရုပ်လုံးရုပ်ကြွတွေ ထုလုပ်တန်ဆာဆင်စေပြီး တိုင်းသူပြည်သားတွေကို ရုပ်ပုံတွေက တဆင့် ဗုဒ္ဓ၀ါဒ အဆုံးအမတွေကို သင်ကြားပေးခဲ့တယ်။

ဒီလိုသင်ကြားမူတွေကြောင့် အရင်တုန်းက ဗုဒ္ဓ၀ါဒအကြောင်းဘာမှမသိကြရတဲ့သာမာန်ပြည်သူတွေဟာ နတ်သားနတ်သမီးတွေအကြောင်းနတ်ပြည်လောကအကြောင်းကိုသိကြရတယ်လို့ကျောက်စာများစွာမှာရေးထိုးဖော်ပြထားတယ်။ နန်းစံနှစ်(၇) နှစ်ကစပြီး(၂၇) နှစ်အထိအသောဘုရင်ကြီးဟာ ဗုဒ္ဓသာသနာတော်ပြန့် ပွား ထွန်းကားဖို့ကြိုးစားဆောင်ရွက်ခဲ့ပြီး ဒီဆောင်ရွက်မူတွေကို ကျောက်စာမှတ်တမ်းတွေနဲ့ ရေးထိုးမှတ် တမ်းတင်ခဲ့တယ်။ ဒီလို ရေးထိုးထားခဲ့တဲ့ ကျောက်စာအများစုကိုရှာဖွေတွေ့ရှိခဲ့ကြပြီး ဖြစ်ပါတယ်။

အချို့ကျောက်စာတွေကို ပြောင်ချောနေတဲ့ ကျောက်ပြားတွေပေါ်မှာ ရေးထွင်း ထားခဲ့ပြီး ကျောက်ချပ်စာ လို့ခေါ်ကြတယ်။ အချို့ကျောက်စာတွေကို ကြီးမားတဲ့ သဲကျောက်လုံးတိုင်ကြီးတွေပေါ် မှာ ရေးထွင်း ခဲ့ပြီး ကျောက်စာတိုင် လို့ခေါ်ကြပါတယ်။ ကျောက်ချပ်စာ ကိုဘဲ နောက်ထပ် နှစ်မျိုးခွဲခြားနိုင်ပါတယ်။ အဓိ က ကျောက်ချပ်စာ(၁၄)ချပ်ကို အသောက ဘုရင်အုပ်ချုပ်စိုးစံသွားခဲ့တဲ့ ဂါနာအပါအ၀င်တိုင်းပြည်နယ်စပ် တစ်လျှောက် ဒေသ(၇) နေရာကနေရှာဖွေတွေ့ရှိခဲ့ကြတယ်။အဲဒီကျောက်ချပ်တွေမှာရှည်လျားတဲ့ကျောက် စာ မှတ် တမ်းတွေပါဝင်ပြီး ကျောက်စာမှတ်တမ်းတွေ ရဲ့ အရေးကြီးတဲ့အချက်လက်တွေ ကို တွေ့ရှိ ကြရ ပါတယ်။သေးငယ်တဲ့အခြား ကျောက်ချပ်စာတွေကိုတော့အိန္ဒိယနိုင်ငံ၊အလယ်ပိုင်းနဲ့တောင် ပိုင်းဒေသ က နေရာ (၇) နေရာမှာရှာဖွေတွေ့ရှိခဲ့တယ်။ ဒီ ကျောက်စာတွေဟာ အများအားဖြင့် ဗုဒ္ဓ၀ါဒနဲ့ သက်ဆိုင်နေ ပြီး အချို့ကျောက်စာတွေမှာတော့ အသောကဘုရင်ရဲ့မင်းကျင့်တ ရားဆိုင်ရာကျင့်ထုံးတွေကိုရေးထိုး ထားပါတယ်။အသောကဘုရင်က လေ့လာသင်ယူကြဖို့တိုက်တွန်းထား တဲ့ ဗုဒ္ဓတရားတော်သုတ် (၇)သုတ် ပါတဲ့မှတ်တမ်းကျောက်စာချပ်ကို ''ဘာရတ်ထ်’’ မှာတွေ့ရှိခဲ့ပြီး အဲဒီကျောက်ချပ်စာဟာ အသေး စားတွေထဲ က  တစ်ချပ်ဖြစ်ပါတယ်။ 

အကြီးစား၊အသေးစားကျောက်စာတိုင်တွေများစွာ လည်းယနေ့ခေတ် ထိအောင် ကျန်ရစ်ခဲ့ပါတယ်။ ကျောက်စာတိုင်(၆)တိုင်၊သို့မဟုတ်(၇)တိုင်ကိုအဓိကအားဖြင့် အိန္ဒိယနိုင်ငံအလယ်ပိုင်း က နေရာ(၆) နေရာမှာ တွေ့ရှိခဲ့တယ်။ ကျောက်စာတိုင်တွေမှာ ရေးထိုးထားတဲ့မှတ်တမ်းတွေ ဟာ အများ အားဖြင့် ကျောက်ချပ်စာတွေ မှာပါသလို ဗုဒ္ဓဓမ္မဆိုင်ရာ အဆုံး အမတွေဖြစ်ပါ တယ်။ အဲဒီကျောက် စာတိုင်တွေ ကိုအသောကဘုရင် နန်းစံနှစ် (၂၆) နှစ်မှာ ရေးထိုးစိုက်ထူခဲ့တာဖြစ်တယ်။ အသေး စားကျောက်စာတိုင်တွေ ကို ဗုဒ္ဓ၀င်နေရာတွေဖြစ်တဲ့ ''ဆာရာနတ်ထ်’’ လို၊ ''ဆန်ချီ’’ လို  နေရာတွေ မှာ တွေ့ရများတယ်။ ဒီကျောက်စာတိုင်တွေ ကတော့ ဗုဒ္ဓမြတ်စွာရဲ့ တပည့် သံဃာ့အဖွဲ့အစည်းနဲ့ သက်ဆိုင်တဲ့အကြောင်းရာတွေ ပါဝင်နေတယ်။ ပြီးတော့ သံဃာတွေ မညီမညွတ်ဂိုဏ်းကွဲသွားနိုင် တဲ့ အန္တာရာယ်တွေကိုလည်း သတိပေးရေးထိုးထားပါတယ်။ ဒီကျောက်စာ တိုင်တွေရဲ့ ထိပ် ဆုံးမှာ အများ အားဖြင့် သတ္တ၀ါတစ်မျိုးမျိုးနဲ့ တန်ဆာဆင်ထားတယ်။ ''ဆာရာနတ်ထ်’’မှာ ရှာဖွေတွေ့ရှိခဲ့ တဲ့ ကျောက်စာတိုင်ရဲ့ ထိပ်မှာ ခြင်္သေလေးကောင် လေးဘက်လေး တန်မျက်နှာ မူနေ ပုံထွင်းထု ထား ပြီးအောက်ဘက်မှာ ဓမ္မစကြာလှည်းဘီး တွေပါတယ်။ ဒီလက်ရာပြောက်မြောက်လှတဲ့ အသောကဘုရင်ရဲ့ သင်္ကေတ အမှတ်တံဆိပ်ကို ဒီနေ့ခေတ် အိန္ဒိယနိုင်ငံရဲ့ နိုင်ငံတော် အမှတ်တံဆိပ် အဖြစ်အသုံးပြုထား ပါတယ်၊ပြီးတော့ဓမ္မလှည်းဘီးပုံကိုတော့ အိန္ဒိယနိုင်ငံ ရဲ့နိုင်ငံတော် အလံပေါ် မှာတွေ့မြင်နိုင် ပါတယ်။ အသောကဘုရင်ရဲ့ကျောက်စာတွေကို(၁၉) ရာစုနှစ်က စပြီးပညာရှင်တွေ စတင်တွေ့ရှိခဲ့ကြ တယ်။ မကြာသေးခင်နှစ်များထိဆက်လက်တွေ့ ရှိနေဆဲဖြစ်တယ်။ ၁၉၄၉ခုနှစ်မှာ အာမေးနီး ယန်း ဘာသာ နဲ့ ရေးထိုးထား တဲ့အသောက ဘုရင်ရဲ့ကျောက်စာ တစ်ချပ်ကို အာဖရိ ကန် နစ်စတန်နိုင်ငံလမ်ပါ က ဒေသမှာ ရှာဖွေတွေ့ရှိခဲ့တယ်။ ဂရိ၊ အာမေးနီးယန်း နှစ်ဘာ သာ ရေးထိုးထား တဲ့ ကျောက်စာ ကိုတော့၁၉၅၈ ခုနှစ်က ကန်ဒဟာရ် ဒေသမှာတွေ့ ရှိခဲ့တယ်။ ၁၉၆၆ ခုနှစ်မှာဒေလီမြို့နယ် အစပ်မှာ လည်း ကျောက် စာချပ်တစ်ချပ်တွေ့ရှိခဲ့ တယ်။ ကျောက်စာ (၃၀) ကျော်ကို အတည်ပြု ထားနိုင်ခဲ့ပြီးဖြစ် တယ်။ဂျိမ်း ပရင့်ဆပ် က ၁၈၇၃ ခုနှစ်မှာ အသောကကျောက် စာတွေ  ရဲ့ အဓိပ္ပါယ်တွေကို စတင် ဖော်ထုတ်နိုင်ခဲ့တဲ့ အချိန်ကစပြီး တဖြည်းဖြည်း အဓိပ္ပါယ် ပိုကောက်နိုင်ခဲ့ရာကနေ အခုတော့ကျောက်စာ ချပ်တွေရဲ့ စကားအဓိပ္ပါယ်ကို အပြည့်အ၀ နီးပါး နားလည်နိုင်ကြပြီဖြစ်ပေမဲ့ ဒွိဟဖြစ်စရာ ကျောက်စာ အဓိပ္ပါယ်များစွာလည်း ကျန်ရှိနေပါသေးတယ်။

အသောကမင်ကြီးဟာဗုဒ္ဓ၀ါဒရဲ့သင်ကြားမူဖြစ်တဲ့လူသားအားလုံးဟာအခြေခံအားဖြင့်အဆင့်တန်းတူညီတယ် ဆိုတဲ့ ဆုံးအမကို လက်ခံယုံကြည်ခဲ့တယ်။ ဒါကြောင့်မို့ သူ အပါဝင် လူသား အားလုံးဟာ ဗုဒ္ဓမြတ်စွာရဲ့ အဆုံးမတရားတော်တွေကို လိုက်နာကျင့်သုံးဖို့လိုတယ်။ လူသားအားလုံးဟာကရုဏာတရား ကိန်းအောင်း ပြီး ရိုးသားဖြူ စင်ဖို့လိုတယ် လို့ယုံကြည်ယူဆခဲ့တယ်။ ဘုရင်မင်းမြတ်ဟာ သူ့ရဲ့ပြည် သူ ပြည် သားတွေ အားလုံး သက်ရှိ သတ္တ၀ါတွေ အပေါ်မှာသနားကြင်နာဖို့၊ မှန်ကန်စွာ ပြောဆိုဖို့၊ စိတ်ရှည် သည်းခံဖို့ အကူညီမဲ့နေသူတွေ ကိုကူညီဖို့တိုက်တွန်းခဲ့တယ်၊ အားပေးခဲ့တယ်။ ဆိုခဲ့တဲ့လူသားကျင့်ဝတ်တွေ ဟာအလွန်ရိုးရှင်းနေပေမဲ့၊ အသောကမင်းကြီးကတော့ ဒီကျင့်ဝတ်တွေဟာ ဘယ်တော့မှ ဖောက်ပြန်ပြောင်း လဲ မူ မရှိတဲ့လူသားအားလုံးလိုက်နာ ကျင့်သုံးသင့်တဲ့သစ္စာတရားတွေအဖြစ်ယုံကြည်လက်ခံခဲ့တယ်။ အဲဒီ ကျင့်ဝတ်တွေကိုနောက် အနာဂတ် မျိုးဆက်တွေ လက်ဆင့်ကမ်းဖို့အတွက် သူဟာဆိုခဲ့ပြီး တဲ့ ကျောက်စာ ချပ်၊ ကျောက်စာတိုင်တွေ မှာရေးထိုးခဲ့တာ ဖြစ်ပါတယ်။

ကိုယ့်လို ဝေဒနာခံစားမူရှိတဲ့သတ္တ၀ါအားလုံးရဲ့အသက်ကို လေးစားတန်ဖိုးထားဖို့အရေးကြီးတယ်ဆိုတဲ့အချက်ကိုအသောကမင်းကြီးရဲ့ ကျောက်စာတွေမှာထပ်ခါတလဲလဲ ဖော်ပြရေးထိုးထားခဲ့ပါတယ်မလိုအပ်ဘဲသတ်ဖြတ်ညဉ်းဆဲခြင်းကို ဥပဒေနဲ့ ပိတ်ပင်တားမြစ်ခဲ့တယ်။ အကယ်၍ သတ္တ၀ါတွေကို မဖြစ်မနေသတ်ဖြတ်ရမယ် ဆိုရင်တောင် ကိုယ်ဝန်ဆောင်မိခင်နဲ့ငယ်ရွယ်တဲ့သတ္တ၀ါတွေကိုလုံးဝမသတ်ရဘူး။တိုင်းပြည်အနှံ့မှာ ဆေးရုံတွေဆောက်လုပ်ပေးခဲ့တယ်၊ ဆေးရုံတစ်မျိုးက လူတွေ အတွက်ဖြစ်ပြီး၊ နောက်ထပ် ဆေးရုံတစ်မျိုးက တိရစ္ဆာန်တွေ အတွက်ဖြစ်တယ်။ ဆေးဝါးကုသဖို့လိုအပ်တဲ့ ဆေးပင်တွေကို အထူးစိုက်ပျိုးစေခဲ့ တယ်၊ လမ်းဘေးတွေမှာ အရိပ်ရသစ်ပင်တွေစိုက်ပျိုးစေခဲ့တယ်။ရေတွင်းရေကန်ပေါင်းများစွာတူးဖော်စေခဲ့တယ်။ ခရီးသည်တွေနားခိုဖို့ ဇရပ်၊နားနေရန်ဌာနတွေ၊ သောက်သုံးရေစင်တွေ ခရီး လမ်းမတွေရဲ့ဘေးမှာ တည်ထားစေခဲ့တယ် 

(ကျောက်စာ ၃)

ဒီလိုကူညီစောင့်ရှောက်ခြင်းနဲ့အသောကမင်းကြီးဟာသူ့တိုင်းပြည်က ပြည်သူပြည်သားတွေ ရဲ့ ဘ၀ ကို ငြိမ်းချမ်းသာ ယာစေခဲ့တယ်၊ လူအပါအ၀င် သတ္တ၀ါအားလုံးရဲ့အပေါ်မှာထားရှိတဲ့ သူ့ရဲ့ မေတ္တာတရား၊ သနားစောင့်ရှောက်မူ (ဒယာ)တရားတွေကို ဖော်လှစ်ပြသခဲ့ပါတယ်။ အသောကမင်းကြီး ရဲ့ကျောက်စာတွေ မှာ မိဘ၊ဆရာသမားနဲ့ သက်ကြီးဝါကြီးတွေရဲ့ဆုံးမစကားကို ရိုသေလေးစားဖို့အ ရေးကြီးကြောင်းကိုလည်း ထပ်ခါတလဲလဲဖော်ပြထားတယ်။ သက်ကြီးရွယ်အိုတွေကို ယဉ်ကျေးစွာဆက်ဆံဖို့လမ်းညွှန်ထားတယ်။ မိတ်ဆွေတွေ၊ ပညာရှိ၊ သမဏ၊ ဗြာဟ္မဏတွေ၊ ဆင်းရဲသားတွေ ၊ကျေးကျွန်တွေကို ကောင်းမွန်စွာ ဆက် ဆံဖို့၊ ဘယ်အဆင့်တန်းမှာ ဘဲဖြစ်ဖြစ်လူသားတစ်ဦးစီမှာရှိတဲ့လူသားဂုဏ်သိက္ခာ ကို  လေးစားဖို့တိုက် တွန်း ထားတယ်။ ဒီအပြင်သာမဏ၊ ဗြာဟ္မဏတွေနဲ့ဘုန်းတောင်းယာစကာတွေကို ဆွမ်း၊ ထမင်းလှူဒါန်းစွန့် ကြဲဖို့ လည်း လမ်းညွှန်ထားပါတယ်။ အသောကမင်းကြီး ကိုယ်တိုင်လည်း အမဲလိုက်လေ့ရှိတဲ့ ၀ါသနာ ကို စွန့်လွတ်ခဲ့ပြီး တိုင်းပြည်အနှံ့ ဓမ္မခရီးတွေ လှည့်လည်ခဲ့ကြောင်း ကျောက်စာ မှာ ရေးထိုးဖော်ပြထားတယ်။

 (ကျောက်စာ - ၈) ဒီလို ဓမ္မခရီးထွက်တဲ့အခါ အသောကဘုရင်ဟာ ဘာသာရေးခေါင်းဆောင် ကျမ်းတတ်ပုဂ္ဂိုလ်တွေကိုသွားရောက်ဖူးမြင် တယ် ၊ဆွမ်းပစ္စည်းတွေ လှူဒါန်းထောက်ပံ့ တယ်၊ပြီးတော့ သာမာန်ပြည်သူ၊ ပြည်သားတွေနဲ့ တွေ့ဆုံပြီးသူသိထားတဲ့တရား ဓမ္မတွေနဲ့ သူတို့ကို ဟောပြောဆုံးမ ပါတယ်။ ဒီလိုဓမ္မခရီးထွက်ရတာကို အသောကမင်းကြီး အလွန်နှစ်သက်မြတ်နိုး တယ်။ ဘုရင်မင်းကြီး ဟာ အလှူတကာ့ အလှူတွေထဲမှာ ဓမ္မ အလှူကိုအမြတ်ဆုံးလို့ ခံယူထားပြီး ဒီလို သူသိတဲ့ တရားဓမ္မတွေ ကိုမျှဝေရင်း ဓမ္မမိတ်ဆွေပေါင်းများစွာနဲ့ ချစ်ကြည်မူရယူခဲ့တယ်။ တရားဓမ္မဟောကြားခြင်း ဟာ ဟောကြား သူ အတွက် ဒီဘ၀မှာ လည်း ကောင်းကျိုး တရားတွေရမယ်   နောင်သံသရာ မှာလည်း မရေမတွက်နိုင်တဲ့ အကျိုးတရားတွေရမယ်လို့အသောကမင်းကြီးယုံကြည်ပါတယ်။ ပြည်သူပြည်သားတွေကိုကာမဂုဏ်အာရုံတွေကိုအလွန်ကျူးမလိုက်စားဖို့၊ကာမဂုဏ်ဆန္ဒတွေကိုပညာနဲ့ထိန်းကြောင်းဖို့ဟောပြောလေ့ရှိတယ်လို့ ကျောက်စာတွေ မှာမှတ်တမ်းတင်ထားတယ်။ အသောကမင်းကြီးဟာတိုင်းပြည်ကိစ္စကို ဆောင်ရွက်ရာမှာအလွန်လုံ့လပြု တယ်။ နိုးကြားတယ်။ တိုင်းရေးပြည်ရေး ကိစ္စကြုံလာရင်သူပွဲတော်တည်နေသည်ဖြစ်စေ ၊ မိဘုရားေ ဆာင်ရောက်နေသည်ဖြစ်စေ၊ ဥယျာဉ်တော်မှာပျော်ပွဲ စားနေသည်ဖြစ်စေ၊ ချက်ချင်းသတင်းပို့ရမယ်လို အမိန့်ထုတ်ထားပါတယ်။ မင်းကြီးဟာ ရှင်ဘုရင်ကောင်းတစ်ပါးဖြစ်အောင် ကြိုးစားခြင်း ၊ကျင့်ကြံခြင်းဟာ တိုင်းပြည်ဘုရင်တစ်ပါးက ပြည်သူတွေအတွက်ဆောင်ရွက်ရမဲ့တာဝန်ဝတ္တရားတစ်ရပ်အဖြစ်ခံယူထားတယ်။ကမ္ဘာပေါ်ကသက်ရှိအားလုံးရဲ့ အကျိုးစီးပွားကို ဆောက်ရွက်ရတာ၊ ဆောက်ရွက်လို့ ဖြစ်ပေါ်လာတဲ့ အကျိုးစီးပွားတွေကို ဆထက်တပိုး တိုးပွားလာအောင်ကြိုးစားအားထုတ်နေတာဟာအမွန်မြတ်ဆုံးအလုပ်လို့အသောကမင်းကြီးရဲ့ခံယူထားတယ်။ သူရဲ့အုပ်ချုပ်စီမံမူအားလုံးဟာ ပြည်သူပြည်သားနဲ့သက်ရှိအားလုံးအပေါ်မှာ တင်ရှိနေတဲ့ ကျေးဇူးတရား၊ သံသရာကြွေးကိုဆပ်နေရတာဖြစ်တယ်လို့လည်းသူ ခံယူထားပါတယ်။ အသောကမင်းကြီးဟာ ပြည် သူ၊ ပြည်သား သတ္တ၀ါအားလုံးကို ယခု မျက်မှောက်ဘ၀မှာ လည်း ပျော်ရွှင်ချမ်းမြေ့စေချင်တယ်၊ နောင် သံသရာမှာ လည်း ကောင်းမွန်တဲ့ သုဂတိဘုံဘ၀တွေမှာခံစားပျော်ရွှင်စေချင်တယ်။ သူဟာ သူမှတပါး အခြား သတ္တ၀ါအားလုံးကိုသူ့ရဲ့ရင်ဝယ်သား၊သမီးများပမာသဘောထားကြောင်း ကျောက်စာမှာ
ရေးထိုးထားခဲ့ပါတယ်။
 (ကျောက်စာ - ၆)

အသောကမင်းကြီးရဲ့ ကျောက်စာတွေထဲမှာ "ဓမ္မ’’ ရဲ့ အဓိပ္ပါယ်ကိုအမျိုးမျိုးဖွင့်ဆိုထားတယ်။''ကောင်းမြတ် မူ"(sadhu) ၊"မကောင်းမူမှ ကင်းစင်မူ" "ကောင်းမူများစွာဖြင့် ပြည့်စုံမူ’’၊ "သနားစောင့်ရှောက်မူ’’၊ "ပေးကမ်း စွန့်ကြဲမူ’’၊ ‘’မှန်ကန်မူ သစ္စာတရား’’၊ "ကိုယ်၊ နူတ်၊နှလုံးစင်ကြယ်မူ’’စသည်ဖြင့် တွေ့ရပါတယ်။ တရားဓမ္မကို သိရှိနားလည်ခြင်း၊ မျက်မှောက်ပြု ခြင်းဆိုတဲ့  အဓိပ္ပါယ်မှာ”သနားစောင့်ရှောက်မူရှိခြင်း’’၊ "လွတ် လွတ် ပေးကမ်း စွန့်ကြဲနိုင်ခြင်း’’၊ "သစ္စာတရား’’ ၊ "စိတ်နှလုံး စင်ကြယ်မူ”၊ “စိတ်နှလုံး နူးညံ့မူ”၊ “ကောင်းမြတ်မူ” စတဲ့ ကောင်းမြတ်တဲ့ အရည်သွေးတွေပါတယ်။ လူတစ်ယောက်ဟာ ‘’ပေးကမ်းစွန့်ကြဲမူ” ကိုတော့ လုပ်တယ်၊ သိုသော် သူဟာ အာရုံတွေအပေါ်မှာထိန်းချုပ်ထားနိုင်စွမ်း မရှိဘူးဆိုရင် ၊သူတထူးရဲ့ ကျေးဇူးတရားတို့ကို ချေပတတ်ရင်၊ခိုင်မြဲတဲ့ ရိုးသားစင်ကြယ်မူ မရှိဘူးဆိုရင်၊ အထူးကောင်း မွန်သူ မဟုတ်သေးဘူး၊ နိမ့်ကျနေသေးတယ်လို့ ဆိုထားပါတယ်။ ဒီအပြင် "ရက်စက်ကြမ်းကြုတ်မူ’’၊ "လူသားမဆန်မူ’’၊ ဒေါသ၊ မာနတရားများ၊ မနာဝန်တိုမူ စတဲ့ အကုသိုလ်တရားတွေဟာ စိတ်ညစ်နွမ်းမူ ကိလေသာတရားတွေကို ပိုပြီး တိုးပွားစေလိမ့်မယ် လို့ အသောကမင်းကြီးဟာ သူ့ရဲ့ကျောက်စာထဲ မှာ သတိပေးရေးထိုးထားတယ်။
"ကောင်းမူပြု ဖို့ ဆိုတာ မလွယ်ဘူး၊ ကောင်းတာတွေ ကို ပြုလုပ်အားထုတ်တဲ့အခါအစ မှာတော့ အခက်ခဲတွေ့ရလိမ့်မယ်’’ လို့ ဖော်ပြထားတယ်။ အဲဒီနောက်မင်းကြီးကသူဟာ ကောင်းမူ များစွာကို အား ထုတ်ခဲ့ပြီးပြီ လို့ဆက်လက်ရေးထိုးထားတယ်။ (ကျောက်စာ ၄ - ၅ ) အသောကမင်းကြီး ဟာ ဗုဒ္ဓမြတ်စွာရဲ့ အဆုံးမတော်တွေနဲ့ ပတ်သက်တဲ့ သူ့ရဲ့ဓမ္မအမြင် အယူဆတွေကို နည်း လမ်းနှစ်ခု နဲ့ ပြန့်ပွားထွန်း ကားအောင် အားထုတ်ခဲ့တယ်။ ပထမနည်းက အာဏာစက်နဲ့ ဥပဒေပြဋ္ဌာန်းခြင်း အားဖြင့် တရားဓမ္မတည် တံ့ပြန့်ပွားစေခြင်းဖြစ်တယ်။ တရားဓမ္မနဲ့ပတ်သက်တဲ့ ဥပဒေတွေကို ပြဋ္ဌာန်းခဲ့တယ်။ ဒီဥပဒေတွေဟာ အထူးသဖြင့်သတ္တ၀ါတွေကိုညဉ်းဆဲသတ်ဖြတ်ခြင်းရှောင်ကြဉ်ဖို့နဲ့သက်ဆိုင်တယ်။ အသောကမင်းကြီးဟာ ဒီလိုဥပဒေပြဋ္ဌာန်းခြင်းနည်းလမ်းနဲ့သူရဲ့သတ္တ၀ါတွေအပေါ်ညဉ်းဆဲသတ်ဖြတ်ခြင်းနဲ့ဆိုင်တဲ့ဓမ္မအမြင်၊ကျင့်သုံးဆောက်တည်မူကိုသူ့တိုင်းပြည်က ပြည်သူ၊ ပြည်သားတွေကိုလည်းအာဏာစက်နဲ့ကျင့်သုံးဆောက်တည်စေခဲ့တယ်။ တရားဓမ္မတည်ရှိစေခဲ့တယ်။ နောက်တစ်နည်းကတော့တရားဓမ္မတွေကိုဆင်ခြင်ပွားများစေခြင်း၊ကိုယ်တိုင်သိမြင်အောင် ကျင့်ကြံအားထုတ်စေခြင်းဖြင့်တည်တံ့ပြန့်ပွားစေခြင်းဖြစ်တယ်။ဒီနည်းလမ်းနဲ့တိုင်းသူ ပြည်သားတွေဟာသတ္တ၀ါတွေကိုသတ်ဖြတ်ညဉ်းဆဲခြင်းမပြုဖို့တားမြစ်ရတဲ့အကြောင်းရင်းကို လေးလေးနက်နက်သဘောပေါက်နားလည်သွားကြလိမ့်မယ်။ ပြီးတော့ဒီနားလည်သိမြင်မူ ကနေသူတို့ရဲ့အခြား ပြုလုပ်အားထုတ်မူတွေမှာ လည်းတရားဓမ္မနဲ့ယှဉ်ပြီး ပြုလုပ်အားထုတ်သွားကြလိမ့်မယ် လို့ ဖော်ပြထားပါတယ်။ ဒီလို ကိုယ်တိုင်ဆင်ခြင်ပွားများခြင်း၊ ကျင့်ကြံအားထုတ်ခြင်းဖြင့်သိရှိတဲ့ တရားဓမ္မ အမြင် ဟာ ဥပဒေ တားမြစ်ချက်ကြောင့် ကျင့်ကြံရတဲ့ တရားဓမ္မ ထက်ပိုပြီး အဆင့်တန်းမြင့်ကြောင်း လည်း ရေးထိုး ထားပါတယ်။ 
(ကျောက်စာ - ၇ )

ဘုရင်မင်းမြတ်ဟာ သတ္တ၀ါတွေရဲ့အသက်ကို မသတ်ဖို့၊ သက်ရှိအားလုံးကို တန်ဖိုးထားဖို့၊ လူအချင်းချင်း ရိုသေမူ ဂါရ၀တရား ထားဖို့ အထူးအလေးပေးခဲ့တယ်။ သေမိန့်သေဒဏ် ကျခံနေရတဲ့ရာဇ၀တ်သား တစ်ယောက်ကိုတောင်မှ ဆွေမျိုးမိဘတွေ နဲ့တွေ့ဆုံဖို့၊ နောင်သံသရာအတွက် ကောင်းမူကုသိုလ်ပြုလုပ်ဖို့ အတွက် အမိန့်မချမှတ်ခင် (၃) ရက် လွတ် ငြိမ်းချမ်းသာ ခွင့်ပေးခဲ့တယ်။ အသောကမင်းကြီးရဲ့နန်းစံသက် (၂၆) နှစ်အတွင်းမှာ (၂၅) ကြိမ်တိုင်တိုင် ရာဇ၀တ်သားတွေကို လွတ်ငြိမ်းချမ်းသာ ခွင့်ပေးခဲ့တယ်။

 (ကျောက်စာ - ၅) အသောကမင်းကြီးအထူးညွှန်ပြရေး ထိုးထားတဲ့ ‘’သူတပါးအ သက်ကို လေးစားမူ’’ ဆိုတဲ့ တရားဓမ္မဟာကိုယ်မှတပါးအခြားသောသတ္တ၀ါတွေဟာကိုယ်လိုဘဲအသက်ရှင်သန်လိုတယ်ခံစားတတ်တယ်ဆိုတဲ့ခံစားသိမြင်မူကိုယ်ချင်းစာတရားပေါ်မှာ အခြေခံထားတာဖြစ်တယ်။ အသောကမင်းကြီး အထူးအလေးနက်ထားတဲ့အခြားကောင်းမြတ်တဲ့ တရားဓမ္မတွေ ကတော့ "ကြင်နာသနားမူ”၊ "ပေးကမ်းစွန့်ကြဲမူ’’၊ "မှန်ကန်ခြင်း သစ္စာတရား’’၊ "ကိုယ်နူတ်စိတ် စင်ကြယ်မူ’’၊ "မိခင်၊ ဘခင်တွေရဲ့ ဆုံးမစကားကို နားထောင်မူ’’၊ "အခြားသူတွေရဲ့အပေါ်မှာ တရားမျှတစွာ ပေါင်းသင်းဆက်ဆံမူ’’ ၊ " မိမိနေထိုင်တဲ့ လူ့ပတ်ဝန်းကျင် ရဲ့ ကျေးဇူးတရားတွေကို နားလည်သိရှိမူ’’ စတဲ့ အရည်အသွေးတွေဖြစ်တယ်။ အသောကမင်းကြီးသိမြင်တဲ့ တရားဓမ္မတော်တွေ ဟာကြွယ်ဝပြည့်စုံလှပါတယ်။

အသောကမင်းကြီးဟာကျင့်သုံးဖို့သူလမ်းညွှန်တိုက်တွန်းထားတဲ့တရားဓမ္မတွေကိုတိုင်းသူပြည်သားတွေ လိုက်နာမူရှိမရှိ စိစစ်စုံစမ်းဖို့၊ စစ်ဆေးဖို့ အတွက် ဓမ္မရေးရာ ၀န်ကြီးတွေကို ခန့်အပ်ထားခဲ့တယ်။ အဲဒီဓမ္မရေးရာဝန်ကြီးတွေဟာငါးနှစ်တစ်ကြိမ်သက်ဆိုင်ရာနယ်တွေကိုသွားရောက်စုံစမ်း၊စစ်ဆေးကြရတယ်။
(သီးခြားကျောက်စာ -၁၊ Dhauli) ။

အသောမင်းကြီးရဲ့ အရှည်လျားဆုံးရေးထိုးခဲ့တဲ့ ကျောက်စာ နံပါတ် (၁၄) မှာ၊မင်းကြီးရဲ့ တရားဓမ္မ အမြင်တွေ ဟာ ဗုဒ္ဓ၀ါဒကလာတယ်လို့အတိအကျဖော်ပြမထားတဲ့အတွက်ကြောင့် အချို့ပညာရှင်တွေ က မင်းကြီးရဲ့ဓမ္မအမြင်ဟာ ဗုဒ္ဓ၀ါဒ ဟုတ်လေမလား ဆိုတဲ့ သံသယတွေရှိကြပါ တယ်။ သို့သော်လည်း မင်းကြီးရဲ့ ဓမ္မအမြင်ဟာ ဗုဒ္ဓ၀ါဒမှတပါးသော အခြားဘာသာရေးဝါဒ တစ်ခုခုပေါ်မှာ အခြေခံတယ် လို့တော့ ပြောနိုင်စရာမရှိဘူး။ဥပမာ - ဟိန္ဒူဝါဒက "မနုဓမ္မသတ်” မှာ သုံးနှုန်းထားတဲ့ “ဓမ္မ” ဆိုတဲ့အသုံးနှုန်းရဲ့ အဓိပ္ပါယ်ဟာ တရားစီရင်ရေး ဥပဒေ နဲ့သာ သက်ဆိုင်တယ်။ "နိယာယ၀ါဒဂိုဏ်း’’ နဲ့ "ဂျိန်းဝါဒ’’ မှာလည်း "ဓမ္မ’’ ဆိုတဲ့ အသုံးနှုန်းကိုသုံးထားပါတယ်။ သို့သော်လည်း အဲဒီ အသုံးနှုန်းက ဆိုလိုတဲ့ အဓိပ္ပါယ်ဟာ အသောကမင်းကြီးရဲ့ ကျောက်စာတွေက "ဓမ္မ” အသုံးနှုန်းအဓိပ္ပါယ်နဲ့လုံးဝ ကွာခြားနေပါတယ်။ "ဝေဒကျမ်း’’ နဲ့ "ဥပနိသျှကျမ်းဂန်’’ တွေမှာသုံးနှုန်းထားတဲ့ "ဓမ္မ” အဓိပ္ပါယ်ဟာ မင်းကြီး ဆိုလိုတဲ့ အဓိပ္ပါယ်နဲ့တော့နီးစပ်တယ်၊ သို့သော် ထပ်တူကျတယ် လို့တော့ မပြောနိုင်ပါ ဘူး။ "ဥပနိသျှကျမ်းဂန်’’ တွေ ဦးတည်ထားတာကဗြဟ္မာနဲ့ အတ္တ၀ါဒ  ဖြစ်တယ်၊ "ဓမ္မ’’ မဟုတ်ဘူး။ အသောကမင်းကြီးရဲ့ ဦးတည်မူ ကတော့ "ဓမ္မ’’ သက်သက်သာဖြစ်တယ်။

"ဘဂ၀ဂ်ဂီတ’’ မှာ "ဓမ္မ’’ ဆိုတာ "ကမ္မယောဂ’’ ကျင့်စဉ်ရဲ့ အဓိကကျတဲ့ကျင့်ဝတ်၊ ကျင့်ထုံးတစ်ခုဖြစ်ပြီး "ဆွဓမ္မ’’ လို့ခေါ်တဲ့ ကျင့်ဝတ်၊ ၀တ္တရားတစ်ခုအဖြစ်တွေ့ရပါတယ်။ "ဘဂ၀ဂ်ဂီတ’’မှာကောင်းမြတ်တဲ့ဓမ္မ ကျင့်ဝတ်၊ကျင့်ထုံးတွေကို ဖော်ပြထားပြီးအများအားဖြင့်အသောကမင်းကြီးရဲ့ကျောက်စာတွေမှာရေးထိုးထားတဲ့ဓမ္မသဘောထား အမြင်တွေနဲ့ တူညီနေတယ်။သို့သော် မတူတဲ့ အချက်ကဘာလဲ ဆိုတော့ "ဘဂ၀ဂ်ဂီတကျမ်း’’က "စစ်’’ ကို ချီးမွမ်းရေးသားထားပြီး အသောကမင်းကြီးက"စစ်’’ ကို ဆန့်ကျင် ရူတ်ချထားတဲ့ အချက်ဖြစ်ပါတယ်။
အခြား ဘာသာဝါဒတွေနဲ့ နှိုင်းယှဉ်တဲ့အခါ "ဓမ္မ’’ ဆိုတဲ့အသုံးနှုန်းဟာ "ဗုဒ္ဓ၀ါဒ’’ မှာ အဓိက အစိတ်ပိုင်းမှာ ရှိနေပါတယ်။ "ဗုဒ္ဓ၊ ဓမ္မ၊ သံဃာ’’ ဆိုတဲ့ ရတနာသုံးပါးမှာ "ဓမ္မ’’ ဆိုတာ တပါးအပါဝင်ဖြစ် တယ်။ပြီးတော့အသေးစားကျောက်ချပ်စာတွေနဲ့ကျောက်စာတိုင်တွေမှာလည်း အသောကမင်းကြီးဟာ သဒ္ဓါ တရားထက်သန်တဲ့ဗုဒ္ဓ၀ါဒီဘုရင်မင်းမြတ်ဖြစ်ကြောင်းဖော်ပြထားတယ်။ ဒါကြောင့်မို့လို့ အသောကမင်းကြီး ရဲ့ဓမ္မအမြင်၊ ဓမ္မသဘေားတရားတွေဟာ "ဗုဒ္ဓ၀ါဒ’’ ရဲ့ ဓမ္မအမြင်၊ဓမ္မ သဘောတရား တွေသာဖြစ်ပါတယ်။

အသောကမင်းကြီးဟာသူကိုယ်တိုင်ကဗုဒ္ဓ၀ါဒီအဖြစ်ကူးပြောင်းခဲ့ပေမဲ့အခြားဘာသာတရားတွေကိုလည်းတရားနဲ့အညီချီးမြှောက်ခဲ့တယ်။ဘာသာတရားအားလုံးရဲ့ဘာသာရေးခေါင်းဆောင်တွေ၊ကိုးကွယ်ယုံကြည်သူတွေအားလုံးကိုပေးကမ်းလှူဒါန်းမှု၊ပူဇော်မူတွေပြုလုပ်ခဲ့တယ် လို့ ကျောက်နံပါတ် (၁၂) မှာဖော်ပြထားပါတယ်။ ကျောက်စာ နံပါတ် (၇) မှာ မင်းကြီးဟာ ဘာသာဝင် အားလုံး ကိုသူ့ရဲ့တိုင်းပြည်အတွင်း နေရာတိုင်းမှာ နေထိုင်ကြစေလိုတယ်လို့ ထုတ်ဖော်ရေးထိုး ထားတယ်။ ကျောက်စာတိုင် - နံပါတ် (၇) မှာတော့ မင်းကြီးဟာ ဗုဒ္ဓဘာသာသံဃာတော်တွေ ရဲ့ကိစ္စအ၀၀ကို ဆောင်ရွက်ဖို့အတွက်ဓမ္မရေးရာ ၀န်ကြီးတွေကိုခံအပ်ထားကြော


Oct 30, 2016

စစ်ကိုင်းတံတား (အင်းဝတံတား)



စစ်ကိုင်းတံတားကို ဆုံးအောင်စစ်ပြန်တော့
သုံးထောင်နဲ့ ရှစ်ရာ့ခြောက်ဆယ်ပေ
မီးရထားလမ်းအကျယ်အဝေးအနေမှာ
နှစ်ဆယ့်လေးပေ မပိုမစား

မော်တော်ကားလမ်း အမြှောင်ဆွယ်ကာရယ်
လူသွား ခုနှစ်ပေထား
အုတ်တိုင်ကြီးများ အကွက်သွားမြိုင်တယ်
တစ်ဆယ့်နှင့် ငါးတိုင် တန်းစဉ်ထား

ခုံးပေါင်းတစ်ဆယ် လမ်းဖွင့်ထား၍
အခန်းတစ်ဒါဇင် အားရှိစေသည်
ကုန်စရိတ်တွေ အခုငွေသင့်ပြန်တော့

တစ်ကုဋ္ဋေနှင့် ငါးသန်းကျော်လေပြီ
ရေမှမြင့် တွေးဖွယ်မျှော်လျင်
လေးဆယ်ကျော် ငါးပေစွန်း၍

တံတားညွှန်းရေးဖွဲ့ပါသည်
စောနွဲ့ကဗျာစီ
နန်းတော်ရှေ့ တစ်နာမည်မှာ
မြန်မာပြည်ချစ်ကြောင်းသာပါ့လေး။

နန်းတော်ရှေ့ဆရာတင်


 စစ်ကိုင်းမြို့ နှင့် အမရပူရ မြို့နယ် ဘက်ကမ်း တို့ကို ချိတ်ဆက် ဖောက်လုပ် ပေးထား ခဲ့သည့် နာမည်ကျော် 'စစ်ကိုင်းတံတား' ခေါ် 'အင်းဝတံတားကြီး' မှာ ရတနာပုံ တံတားသစ်ကြီး ဖောက်လုပ် ပြီးစီးချိန်မှ စတင်၍ ဖြတ်သန်း သွားလာမှု နည်းပါး သွားခဲ့ပြီး ယခုအခါ မီးရထား များသာ အဓိက ဖြတ်သန်း သွားလာသည့် တံတားကြီး အဖြစ်သို့ ရောက်ရှိ နေ၍ ပြုပြင် ထိန်းသိမ်းမှု များလည်း လျော့နည်းလျက် ရှိနေသည်။ နာမည်ကျော် အင်းဝတံတား ကြီးသည် အမြင့် ၁ဝ၂ ပေရှိပြီး ၃၉၄၈ ပေ ရှည်လျားသည်။ တံတား အမျိုးအစား မှာ ပေါင်းကူး တံတား ဖြစ်ပြီး ယက်မကြီး ကိုးခု၊ ယက်မလတ် တစ်ခုနှင့် ယက်မငယ် ခြောက်ခု ပါရှိကြောင်း၊ ယက်မကြီး တစ်ခုလျှင် ပေ ၃၅ဝ၊ ယက်မလတ် မှာ ပေ ၂၅ဝ၊ အပိုင်းဆက် ယက်မငယ် တစ်ခုလျှင် ပေ ၆ဝ စီ ရှည်လျား ကြောင်း သိရသည်။

အင်းဝ တံတားကြီးကို ၁၉၃၄ ခုနှစ် ဇန်နဝါရီ ၂ ရက်က မြန်မာ ဘုရင်ခံ ဆာဟူးဂ်ျ လင်းစဒေါင်း စတီဖင်ဆန် ကိုယ်တိုင် အခမ်းအနား ဖြင့် ဖွင့်လှစ် ပေးခဲ့သည်။ ဒုတိယ ကမ္ဘာစစ် ဖြစ်ပွား ချိန်တွင် မြန်မာပြည်မှ ဗြိတိသျှ တပ်များ ဆုတ်ခွာသော အခါ မြေလှန်စနစ် အရ ၁၉၄၂ ခုနှစ် ဧပြီ ၃ဝ ရက်က တံတားကြီး၏ ပေါင်းကူး အမှတ်(၇) နှင့် (၈)တို့ကို ဒိုင်းနမိုက် ဖြင့် ဖောက်ခွဲ ဖျက်ဆီး ခဲ့ကြသည်။

 မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိပြီး နောက်ပိုင်း နှစ်ပေါင်း အတော်ကြာမျှ ပြင်ဆင် နိုင်မှု မရှိဘဲ ဖြစ်နေ ခဲ့သည်။ ၁၉၅၃ ခုနှစ်က နိုင်ငံတော် ဝန်ကြီးချုပ် ဦးနု ကိုယ်တိုင် ဦးဆောင် နှိုးဆော်ခဲ့ရာ မြန်မာ နိုင်ငံ အမျိုးသား အလုပ်သမား များ၏ ဝီရိယ၊ မီးရထား ဌာန၏ ကြိုးစားမှုဖြင့် ပြင်ဆင်ခဲ့ ကြသည်။ ၁၉၅၄ ခုနှစ် အောက်တိုဘာ လက ငွေကျပ် ၅၇ သိန်းကျော် အကုန် အကျခံကာ ပြုပြင်ခဲ့ သဖြင့် အင်းဝ တံတားကြီး ပြီးစီး ခဲ့သည်။

၁၉၅၄ ခုနှစ် အောက်တိုဘာ ၂၇ ရက်က နိုင်ငံတော် သမ္မတကြီး ဒေါက်တာ ဘဦး ကိုယ်တိုင် ဖွင့်လှစ် ပေးခဲ့ကြောင်း သိရသည်။

အင်းဝ တံတားကြီး သည် ရန်ကုန် မှ မြစ်ကြီးနား၊ မန္တလေး မှ မုံရွာ၊ ရေဦး အထိ တောက်လျှောက် သွားလာ နိုင်အောင် ဆက်သွယ် ပေးခဲ့သည့် မြန်မာနိုင်ငံ၏ လမ်းပန်း ဆက်သွယ်ရေး အတွက် အဓိက အရေးပါ သော သမိုင်းဝင် တံတားကြီး ဖြစ်သည်။ အလယ်တွင် မီးရထားလမ်း ပါရှိပြီး ဘေး တစ်ဖက် တစ်ချက်စီတွင် ယာဉ်သွားလမ်း များပါရှိရာ ယခင်က မီးရထားများ၊ ယာဉ်များ အားလုံး အင်းဝ တံတားကြီး ပေါ်မှ ဖြတ်သန်း သွားလာခဲ့ ကြသည်။

၂ဝဝ၁ ခုနှစ် အောက်တိုဘာ ၃ဝ ရက်မှ စတင်၍ အင်းဝ တံတားကြီး နှင့် ပေ ၂ဝဝဝ ခန့် အကွာတွင် အရှည် ၅၆၇၄ ပေရှိသည့် ဧရာဝတီ မြစ်ကူး တံတား (ရတနာပုံ) ကို တည်ဆောက် ခဲ့သည်။ ၂ဝဝ၈ ခုနှစ် ဧပြီ ၄ ရက်က စစ်ကိုင်းမြို့ တကောင်း ဆိပ်ကမ်း နှင့် အမရပူရ မြို့နယ် ရွှေကြက်ယက်၊ ခဝါတော် ဆိပ်ကမ်း တို့ကို ဆက်သွယ် ဖောက်လုပ် ထားသည့် ဧရာဝတီ မြစ်ကူး တံတား (ရတနာပုံ)ကို ဖွင့်လှစ် လိုက်ရာ ခရီးသည် တင်ယာဉ်၊ ကုန်တင်ယာဉ်၊ မော်တော် ဆိုင်ကယ် အစရှိသည့် ယာဉ်များ အားလုံးသည် တံတားသစ်ကြီး ပေါ်မှသာ ဖြတ်သန်း သွားလာကြတော့ သည်။

အင်းဝ တံတားကြီး ပေါ်မှ မီးရထားများ၊ စစ်ကိုင်း - မန္တလေး ခရီးသည် တင်ယာဉ်များ နှင့် ကိုယ်ပိုင်ယာဉ် အနည်းငယ် တို့သာ ဖြတ်သန်း သွားလာ တော့ကြောင်း သိရသည်။ ရတနာပုံ တံတားသစ် ကြီး မပေါ်ပေါက်မီ က အင်းဝ တံတားကြီးကို မြန်မာ့ မီးရထား လုပ်ငန်းမှ နှစ်စဉ် ဘော်ငွေရောင် ဆေးများ သုတ်လိမ်းကာ ပုံမှန် ပြုပြင် ထိန်းသိမ်းမှု များဆောင်ရွက် ခဲ့သည်။ 

ရတနာပုံ တံတား သစ်ကြီး ဖွင့်လှစ်ပြီး နောက်ပိုင်းတွင် အင်းဝ တံတားကြီး ကို ဘော်ငွေရောင် ဆေးများ သုတ်လိမ်း ထိန်းသိမ်းခြင်း ကို မတွေ့ရ တော့ကြောင်း၊ ယခင်က ဘော်ငွေရောင် တောက်ပစွာ ဖြင့် ခံ့ညား တင့်တယ် ခဲ့သည့် သမိုင်းဝင် အင်းဝ တံတားကြီး၏ သံပေါင်များမှာ ယခုအခါ အောက်ခံ ဆေးနီများ ပေါ်နေသည် ကို စိတ်မကောင်း ဖွယ် တွေ့မြင်နေ ရကြောင်း၊ နိုင်ငံတော် နှင့် ပြည်သူ များ အတွက် နှစ်ပေါင်း(၈ဝ) ကသမိုင်းပေး တာဝန် ကျေပွန်ခဲ့ သည့် 'စစ်ကိုင်းတံတား' ခေါ် 'အင်းဝ တံတားကြီး' ကို ဘော်ငွေရောင် ဆေးများ ပြန်လည် သုတ်လိမ်းခြင်း၊ သမိုင်းဝင် ရှေးဟောင်း အမွေအနှစ် အဖြစ် ပုံမှန် ထိန်းသိမ်းခြင်း များ ဆောင်ရွက် ပေးစေချင် ကြောင်း စစ်ကိုင်း မြို့မှ စာရေးဆရာ တစ်ဦးက ပြောပြ၍ သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးနှင့် မန္တလေးတိုင်း ဒေသကြီးကို ဆက်သွယ် ထားသည့် ဧရာဝတီ မြစ်ကူး''အင်းဝ တံတားခေါ် စစ်ကိုင်းကြီး ''ကို မြန်မာသက္ကရာဇ် ၈ဝ၄ ခုနှစ်တွင်မြန်မာ ဘုရင် (ထူပါရုံ ဒါယကာ)ပြည်သီဟ သူနရ ပတိမှ စတင် ဆောက်လုပ် ခဲ့သည်။

၁၇နှစ် ကြာပြီးနောက် မြန်မာ သက္ကရာဇ် ၈၂၁ခုနှစ်တွင် သာလွန် မင်းသား၏ သားတော် မင်းရဲ နန္ဒမိတ်မှ ကျွန်းသစ် တို့ဖြင့် ဒုတိယ အကြိမ် တည်ဆောက်ခဲ့သည်။ ထပ်မံ၍စစ်ကိုင်း ဘက်ရှိ ထူပါရုံ စေတီတော် ထီးတော် တင်ပွဲသို့ စစ်အင်္ဂါ လေးပါးဖြင့် ချီတက် နိုင်ရန် တတိယ အကြိမ် (ရတနာ ပူရရွှေဝ) ကျွန်းသစ် ဖြင့်ပင် ထပ်မံ ဆောက်လုပ် ခဲ့ကြောင်း ခရစ်နှစ် ၁၄၈၅ခုနှစ် နရပတိ ကျောက်စာတွင် ရေးထိုး ထားသည်။

မြန်မာ သက္ကရာဇ် ၁၂၉၅ခုနှစ်ပြာသို လပြည့်ကျော် ၃ ရက် အင်္ဂါနေ့ (ခရစ်နှစ် ၁၉၃၄ခုနှစ်ဇန်နဝါရီ ၂ ရက်)တွင် မီးရထားတစ်စီးသာ သွားလာ နိုင်သော အဆင့်ဖြင့် နယ်ချဲ့ အင်္ဂလိပ် အစိုးရမှ စတင် ဖွင့်လှစ် ခဲ့ခြင်းဖြစ်သည်။

Posted by phyo zaw
http://saintsaneducation.blogspot.com
-------------



ဦးပိန် တံတား သမိုင်း



ကုန်းဘောင်ခေတ်မင်းဆက် ကိုးဆက်မြောက် "" ပုဂံမင်း "" ဟာ သာယာဝတီမင်းခေါ် ရွှေဘိုမင်းရဲ့ သားတော်တစ်ပါးဖြစ် ပါတယ် ။ ၁၂၀၈ ခုနှစ်မှာ နန်းတက်ခဲ့ပြီး ၁၂၁၄ မှာ နတ်ရွာစံ သွားခဲ့ရသော ၆ နှစ်သာစိုးစံခဲ့ရတဲ့မင်းတစ်ပါးပါပဲ ။ ပုဂံမင်း ဟာ တိုင်းရေးပြည်ရေးကို စိတ်ဝင်စားမှုမရှိဘဲအပျော်အပါးကို သာလိုက်စားမက်မောသူဖြစ်ပါတယ်။

ကြက်တိုက်ငှက်တိုက်စတဲ့ကိစ္စတွေမှာသာပျော်ပိုက်ပြီး သေအရက်ကိုလည်း အလွန်အကြူးသောက်သုံးလေတော့တယ်။ဘယ်လောက်ထိအပျော်အပါးကြီးသလဲဆိုရင် နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ မဟာသင်္ကြန်ပွဲတော်ကို ၃ရက်သာ ကျင်းပခဲ့သော်လည်း ပုဂံမင်း လက်ထက်မှာတော့ ၄၀ - ၄၅ ရက်အထိ ကျင်းပခိုင်းတယ်လို့ဖတ်ရှုရပါတယ်။ 

နံနက်မျက်နှာသစ်ပြီးတာနဲ့ " ဒီနေ့ ဘယ် တိရိစ္ဆာန်နဲ့များတိုက်ပွဲလုပ်ဖို့ စီစဉ်ထားသလဲ " ဆိုတာကို အရင်ဆုံး မေးတော်မူတာပါဘဲ ။
အမရပူရ နေပြည်တော်အနီးမှာ" ဗုန်းအိုး " ဆိုတဲ့ ရွာတစ်ရွာရှိပါတယ် ။
ကုန်းဘောင်ခေတ်ဦး က ကုလားသုံ့ပန်းများနေထိုင်ရန်အတွက် ရွာတည်ပေးခဲ့တာ ဖြစ်ပါတယ် ။ 

ထိုရွာက သုံ့ပန်းကုလားတွေဟာ ကြက် ငှက် ချို ခါ ရေဘဲ စတဲ့ တောတိရိစ္ဆာန်တွေကို ဖမ်းဆီးရောင်းချစား သောက် အသက်မွေးကြပါတယ် ။ ပုဂံမင်း မင်းသားဘဝ တည်းကအပျော်အပါးကြိုက်တတ်မှန်းသိလေတော့ " ဘိုင် ဆပ် " လို့ခေါ်တဲ့ ကုလားတစ်ယောက်က မင်းသားစိတ်တိုင်း ကျကစားလို့ရအောင် တိရိစ္ဆာန်မျိုးစုံကိုတိုက်ပွဲဖြစ် ဖန်တီးပေး ပါတယ် ။ 

ပုဂံမင်းသားကလည်း ဘိုင်ဆပ်ကိုသိပ်သဘောကျ သွားတာပေါ့ ။ မင်းသားလည်း ဘုရင်ဖြစ်လာရော ကုလား ဘိုင်ဆပ်ကလည်း ဘုရင့်စိတ်တိုင်းကျ ကြက်တိုက်ငှက်တိုက် ရုံတင်မက ထန်းရည် ခေါင်ရည် အရက်စတာတွေကိုပါ စီမံ
ပေးတော့ ကုလားဘိုင်ဆပ်ကို လက်ရုံးအဖြစ်အနားမှာထား ပြီး မြို့ဝန်မင်းရာထူးကိုပါ ခန့်အပ်လိုက်ပါတော့တယ် ။

တိုင်းပြည်အကျိုးစီးပွါး ဘာသာ သာသနာရေး အမျိုးသားရေးတို့ကို စိတ်မဝင်စားတော့ဘဲ သာမန်အရပ်သားတစ်ယောက်လို ပြု ကျင့်နေပါတော့တယ် ။ ဘုရင်ရဲ့လုပ်ရပ်တွေကို နန်းတွင်း ပုဂ္ဂိုလ်များမကြိုက်ကြတော့ပေမယ့် ကြောက်လန့်နေကြတော့ ဘယ်သူကမှမပြောရဲကြတော့ဘူး ။ 

ကုလားမုဆိုးဘိုင်ဆပ်ကမြို့ဝန်မင်းဖြစ်လာလေတော့ အမရပူရမြို့တော်မှာ
 သြဇာအရှိန် အဝါလွှမ်းမိုးလာတင်မက လောင်းကစားနဲ့သေရည်ကြိုက်တဲ့ ဘုရင်အပေါ်မှာပါ သူ့အလိုလိုက်သူ့အကြိုက်ကြောင့် ဘုရင် ကလည်းဘိုင်ဆပ်လုပ်သမျှ ဘာမှပြန်မပြောတော့ဘဲ သြဇာ ရှိလာတယ် ။ 

ဘုရင်ကကြက်တိုက်နေစဉ် မြို့ဝန်ဘိုင်ဆပ်က သူလုပ်ချင်ရာထင်ရာစိုင်းတော့တာဘဲ ။တဖြေးဖြေးနဲ့တစ်ဆင့် တက်လာပြီးဘိုင်ဆပ်က သူ့တပည့်ကုလားတွေကို နန်းတွင်း သွင်းပြီး ရာထူးနေရာတွေပေးလာတော့တယ် ။ 

ငပိန်ဆိုတဲ့ကု လားကိုမြို့စားရာထူး /
 ရွှေဘော်ဆိုတဲ့ကုလားကိုတော့ တံခါး မှူးအဖြစ်ထားပြီး 
ငမှုံဆိုတဲ့ကုလားကို ဈေးခေါင်းရာထူး
ငရှင် လေးဆိုတဲ့ကုလားကိုတော့ ထန်းခေါင်းတာဝန်တွေပေးလိုက် တော့တယ် 

ရှင်ဘုရင်ကိုယ်တိုင်က ဘာသာရေးအသိမရှိလေတော့ ဘာသာခြားတွေဝင်ရောက်နေရာယူကြရော ပေါ့ ။ ကုလားဘိုင်ဆပ်နဲ့အဖွဲ့ဟာ အာဏာရလာတာနဲ့မြန်မာအမျိုး သမီးတွေကို စော်ကားမှုပြုလာတော့တယ် ။ 

တစ်ချို့အမျိုးသ မီးတွေဆိုရင် ဘိုင်ဆပ်ရန်ကလွတ်အောင် မြို့တော်ကနေ
ထွက်ပြေးတိမ်းရှောင်ကြရတယ်။ အမရပူရနေပြည်တော်မှာ ဘိုင်ဆပ်အုပ်စုကိုကြောက်လို့ ဘယ်သူမှမပြောရဲသော်လည်း စာချိုးစာပစ်လေးတွေကတော့တစတစရှိလာခဲ့တယ်။

မျိုးနွယ် မတူ ၊ ဘယ်ကလူပြည်ဆူပွက်အောင် ၊ ထားပါလိမ့် ။ချိုး ကြက်တည်ရာ တွေ့ခဲ့ပါပြည်တော်ဘယ်မှာ သာပါလိမ့် ။ဘိုင် ဆပ်နည်းတူ သူ့တပည့်ကလည်းခေသူမဟုတ် ။ နန်းတွင်းနေ ရာရလာပြန်တော့ ထင်ရာစိုင်းလာပြန်တယ် ။ 

နန်းတွင်းအနောက်ဆောင်ခေါ်မိဖုရားအဆောင်ကို ဘုရင်မှအပဘယ်ယောင်္ကျားမှဝင်ခွင့်မရှိသော်လည်း ဘိုင်ဆပ်နဲ့သူ့တပည့် တွေ ကတော့ ဝင်ခွင့်ရအောင်ဘုရင်အပေါ်သိမ်းသွင်းလိုက်ကြတာ ပါဘဲ ။အမရပူရ ပြည်ဋ္ဌာနသည်အလှခက်တယ် ။ကုလားက အားရမှ လွှတ်တော်မူတယ်မလွတ်သူ ရှေးကံအကြောင်း လို့ တောင်စပ်ဆိုလိုက်ကြပါသေးတယ် 

။ဖြစ်စဉ်ကတော့ ကုလား ဘိုင်ဆပ်ရဲ့လက်ထောက် မြို့စာရေးဝန် ကုလားငပိန်ကတောင်သမန်အင်းကိုဖြတ်ပြီးတံတားထိုးရန် စီမံလိုက်ပါတော့တယ် ။
ပုဂံမင်းကလည်း ဆောက်လုပ်ခွင့်ပေးလေတော့ ငပိန်ဆိုသူက သူ့စိတ်တိုင်းကျတောင်သမန်အင်းတံ တားစီမံ ကိန်းစပါတော့သည် ။ အလွန်ခံ့ညားပြီး ကျက်သရေရှိလှတဲ့ တံတားပေါ့ ။ ခုဆိုနှစ်ပေါင်းရာကျော်သွားပါပြီ ။ ဦးပိန်ဆိုတဲ့ ကုလားကဆောက်လုပ်တဲ့တံတားဖြစ်တာကြောင့်"" ဦးပိန်တံတား "" လို့ ခေါ်ခဲ့ကြတာပါ 

။ရှေးဟောင်းတံတား ကြီးဖြစ်သလိုအဖိုးတန်ကျွန်းသစ်တွေနဲ့ တည်ဆောက်နိုင်ခဲ့ တဲ့အတွက်လည်း သမိုင်းတွင်နေခဲ့ကြတာပေါ့ ။ ဒါကတော့ သမိုင်းအမှန်ကိုမသိတဲ့အခါပေါ့လေ ။ အမှန်တစ်ကယ်မှာတော့ တောင်သမန်အင်းကိုဖြတ်ကူးဆောက်လုပ်မယ့်  သစ် သားတံတားကြီးကို တည်ဆောက်ခဲ့တာဟာ တကယ့်စိတ် ရင်းစေတနာအမှန်နဲ့တော့မဟုတ်ခဲ့ဘူး ။ 

အမှန်ကတော့ အ ကွက်စေ့စေ့ချလိုက်တာပါဘဲ ။ တောင်သမန်အင်းရဲ့တစ် ဘက်ကမ်းမှာ ကုလားအများအပြားတို့ရှိနေကြပါတယ် ။ ဘိုင် ဆပ်တို့အဖွဲ့ကအမရပူရနန်းတော်ကိုတက်ပြီး အာဏာသိမ်း ပိုက်တဲ့အခါမှာ တစ်ဖက်ကမ်းကကုလားများ အလွယ်တကူ ကူးလာပြီးတော့နန်းသိမ်းရန်ရည်ရွယ်ချက်ဖြင့် ဆောက်လုပ် ထားခဲ့ခြင်းပေတည်း ။တံတား ကြီးကိုကြည့်ပြီး ကြည်နူးနိုင်ကြတာဟာ ဒီအဖြစ်မှန်ကို မသိ ခဲ့ကြလို့ပါ ။ 

ဒါ့ထက်ပိုဆိုးတာက အဲဒီငပိန်ဆိုတဲ့သူ (ဘိုင်ဆပ် တပည့်ကျော် ငပိန် )ကတံတားကိုဆောက်တဲ့အခါမှာ အမရ ပူရနေပြည်တော်အဝှမ်းရှိ စစ်ကိုင်းနဲ့အင်းဝအရပ်မှာရှိတဲ့ နန်းတော်ဟောင်း ကိုဖြို ဖျက်ပြီး အဲဒီသစ်လုံးများကိုယူငင်ကာ အမရပူရပြည်သူအင်အား  နဲ့ တည်ဆောက်ခြင်းပဲဖြစ်ပါတယ် ။ ကုလားငပိန်ဖျက်လိုက်တဲ့ သစ်တွေထဲက အကောင်းစားကျွန်းသစ်လုံးတွေကို အခြား တိုင်း တစ်ပါးအထိရောင်းစားလိုက်ပါသေးတယ် ။ 

 နေရာမပေးသင့် မပေးထိုက်တဲ့ လူ မျိုး ခြား ဘာသာခြားကို အာဏာပေးမိလိုက်တော့ အမျိုးဘာသာ သာသနာအတွက်ပါ နစ်နာဆုံးရှုံးရပါတော့တယ် ။ ကုလား ဘိုင်ဆပ်နဲ့အဖွဲ့ဟာ မြန်မာအမျိုးသမီးလေးတွေကို ဖျက်ဆီး ရုံတင်မကဘူး အဓမ္မသိမ်းပိုက်ပေါင်းသင်းနေတဲ့ မယားပေါင်း ( ၄၀ ) ကျော်တောင်ရှိတယ်လို့ဆိုပါတယ် မြို့သူမြို့သားတွေအပေါ်မှာလည်း ရတဲ့နည်းနဲ့ငွေတောင်းခံတယ် ။ 

အလွယ်တကူမရခဲ့ရင် အကွက်ဆင်ပြီး ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ပြန်တယ် ။ ဘိုင်ဆပ်မြို့ဝန်သက်တမ်း ၅ နှစ်အတွင်းမှာ မြန်မာ လူမျိုးပေါင်း ( ၂၀၀၀ )ခန့်ညှဉ်းပမ်းနှိပ်စက် အသေသတ်ခဲ့ တယ်လို့မြန်မာ့သမိုင်းတွေမှာ ဖေါ်ပြထားပါတယ်။

နောက်ဆုံး တော့ ကုလားဘိုင်ဆပ်ဆိုးသွမ်းရိုင်းစိုင်းလာမှုကို ဘုရင်ကိုယ်တိုင်က နားလည်သိရှိ သဘောပေါက်လာကာ ၁၂၁၃ ခုနှစ်မှာကုလားဘိုင်ဆပ်ကို ရာထူးချ ဖမ်းဆီးပြီး အမရပူရမြို့ လယ်မှာ ကားစင်တင် တံကျင်ထိုးပြီး မသေမချင်းကွပ်မျက် လိုက်ရလေတော့သည် ။ 

ဒေါက်တာ အရှင်သောပါက ၏
အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအောင်ဇေယျတုဂျာနယ်
-----


အားပေးမှုကို ကျေးဇူးတင်ပါတယ် ဒီမှာ သွားလိုက်နော်။

အလောင်းစည်သူမင်း

အလောင်းစည်သူမင်း

အလောင်းစည်သူမင်းသည် ပုဂံပြည် ကျန်စစ်သားမင်း ကွယ်လွန်သည့်အခါ အကြောင်းအမျိုးမျိုးဖြင့် ၎င်း၏ သားတော် ရာဇကုမာရ် မင်းသား နန်းမရပဲ မြေးတော် အလောင်းစည်သူ က ပုဂံထီးနန်းအား ဆက်ခံခြင်းပြု လေသည်။ အလောင်းစည်သူသည် သက္ကရာဇ် ၁၁၁၂ ခုနှစ် မှ ၁၁၆၇ ခုနှစ် အ ထိ နန်းသက် ၅၅ နှစ် ဟုမြန်မာ ရာဇ၀င်များ၌ ရေးသားဖေါ်ပြ ကြသည်။ အလောင်းစည်သူမင်းသည် အနော်ရထာ ၊ ကျန်စစ်သားတို့ ကဲ့သို့  ဆောင်ရွက်ခဲ့သည်။ 

အလောင်းစည်သူဖြတ်ထုံးများဟု ဓမ္မသတ်ကျမ်း တစ်စောင်ပေါ်ခဲ့ပြီး ပြည်တွင်း ကုန်သွယ်မှု စနစ်တကျဖြစ်စေရန် ကျပ် ၊ မတ် ၊ မူး ၊ ပဲ စသည့် အလေးချိန်များအား၎င်း ၊ တင်း ၊ ခွဲ ၊ စိတ် ၊ ပြည် ၊ ခွက် စသည်တို့ အား၎င်း တစ်နိုင်ငံလုံး တညီတညွတ် တည်းဖြစ်စေရန်ဆောင်ရွက်ခဲ့သည်ဟု မြန်မာရာဇ၀င်များ၌ ရေးသားထားသည်။ နိုင်ငံတော်၏ ဆည်မြောင်း ချောင်းကန်များအား ပြုပြင်ချဲ့ထွင်၍ စိုက်ပျိုးနိုင်သည့် မြေများအား လယ်များ ဖွဲ့စေခဲ့သည်။ မြန်မာရာဇ၀င်များ၏ ရေးသားထားချက်အရ မြန်မာဂီတ နှင့် တူရိယာများသည် အလောင်းစည်သူမင်း လက်ထက်တွင် ဖြစ်ထွန်းခဲ့ကြောင်း ယူဆရသည်။

ထေရ၀ါဒ ဗုဒ္ဓသာသနာ ထွန်းကားရန် အတွက်လည်း စွမ်းစွမ်းတမန်ဆောင်ရွက်ခဲ့ပြီး မင်းဘူး ၊ သရက် ၊ ရွှေဘို ၊ မန္တလေး ၊ မုံရွာ ၊ မိုးကုတ် အရပ် ဒေသများ တွင် စေတီ ပုထိုး ၊ ကျောင်း ကန် များ တည် ထား ခဲ့ ကြောင်း သမိုင်းအထောက်အထားများ တွေ့ ရှိရသည်။ အလောင်းစည်သူ ဆောင်ရွက်ခဲ့သည့် သာသနာ ကောင်းမှုတော်များ ထဲတွင် ပုဂံ မှ သဗ္ဗညုပု ထိုးတော်ကြီးသည် ကြီးကျယ် ထင်ရှားပေသည်။

အလောင်းစည်သူမင်းသည် မြန်မာနိုင်ငံတော် တိုးတက်ရန် အခြားနိုင်ငံများနှင့် ရောင်းဝယ်ဖောက်ကားခြင်း ၊ တစ်နိုင်ငံနှင့် တစ်နိုင်ငံ မိတ်ဆွေဖြစ်ရေးအတွက် အိမ်နီးချင်းနိုင်ငံများ ဖြစ် သည့် သီဟိုဠ် ၊ မာလာယု ၊ အိန္ဒိယနိုင်ငံ မှ ဘင်္ဂလားနှင့် ပဋိက္ကရားနယ် တရုတ်ပြည် ယူနန်နယ်ရှိ နန်ချိုနိုင်ငံများသို့ ခရီးသွား လည်ပတ်ခဲ့သည်။

မြန်မာရာဇ၀င်များ၌ ရေးသားထားသည့် အလောင်းစည်သူမင်း တိုင်းတစ်ပါးသို့ ခရီးထွက် လှည့်လည်ရာ နောက်ဆုံး ဇမ္ဗုသပြေပင်ရင်းသို့ပင် ရောက်ခဲ့သည်ဟု ရေးသားထားကြသည်မှာ အိမ်နီးချင်းနိုင်ငံများသို့ သွားရောက်ခဲ့သည်ကို တင်စားရေးသားထားပုံ ဖြစ်လိမ့်မည်ဟု ခန့်မှန်းရသည်။ 

နန်းသက်အရှည်ဆုံးဘုရင်

အလောင်း စည် သူ သည် သက္ကရာဇ် ၁၁၁၂ ခုနှစ် မှ ၁၁၆၇ ခုနှစ် အ ထိ နန်းသက် ၅၅ နှစ် ဟုမြန်မာ ရာဇ၀င်များ ၌ ရေးသား ဖေါ်ပြ ကြ သည်။ အလောင်းစည်သူ မင်း သည် အနော်ရထာ ၊ ကျန်စစ် သားတို့ ကဲ့သို့  ဆောင်ရွက်ခဲ့သည်။ 

အ လောင်း စည်သူဖြတ်ထုံး များ ဟု ဓမ္မသတ် ကျမ်း တစောင်ပေါ်ခဲ့ပြီးပြည် တွင်း ကုန်သွယ် မှု စနစ် တကျဖြစ် စေ ရန် ကျပ် ၊ မတ် ၊ မူး ၊ ပဲ စသည့် အ လေး ချိန် များ အား၎င်း ၊ တင်း ၊ ခွဲ ၊ စိတ် ၊ ပြည် ၊ ခွက် စသည် တို့ အား ၎င်း တ နိုင်ငံလုံး တညီ တညွတ် တည်းဖြစ်စေရန်ဆောင်ရွက်ခဲ့ သည် ဟု မြန်မာ ရာဇ၀င်များ ၌ ရေးသား ထားသည် နိုင်ငံတော် ၏ ဆည် မြောင်း ကန်များ အားပြုပြင် ချဲ့ ထွင်၍ စိုက်ပျိုး နိုင်သည့် မြေ များ အား လယ် များ ဖွဲ့စေ ခဲ့ သည်။ မြန်မာရာဇ၀င် များ ၏ ရေးသား ထား ချက် အရ မြန်မာ ဂီတ နှင့် ဒူရိယာများ သည် အလောင်း စည်သူ မင်း လက် ထက် တွင်ဖြစ် ထွန်း ကြောင်း ယူဆ ရသည်။

ထေရ၀ါဒ ဗုဒ္ဓ သာသနာ ထွန်းကားရန် အတွက် လည်း စွမ်းစွမ်း တ မန်ဆောင်ရွက် ခဲ့ပြီး မင်းဘူး ၊ သရက် ၊ ရွှေ ဘို ၊ မန္တလေး ၊ မုံရွာ ၊ မိုးကုတ် အရပ် ဒေသများ တွင် စေတီ ပုထိုး ၊ ကျောင်း ကန် များ တည် ထား ခဲ့ ကြောင်း သမိုင်း အထောက် အထား များ တွေ့ ရှိရ သည်။ အလောင်း စည်သူ ဆောင်ရွက်ခဲ့ သည့် သာသနာ ကောင်း မှု တော်များ ထဲတွင် ပုဂံ မှ သဗ္ဗ ညုပု ထိုးတော်ကြီး သည် ကြီး ကျယ် ထင်ရှားပေ သည်။

အလောင်း စည်သူမင်း သည်မြန်မာနိုင်ငံတော် တိုးတက်ရန် အခြား နိုင်ငံများ နှင့် ရောင်းဝယ် ဖေါက်ကားခြင်း ၊ တ နိုင်ငံ နှင့် တနိုင်ငံ မိတ် ဆွေဖြစ် ရေး အတွက် အိမ် နီး ချင်းနိုင်ငံ များဖြစ် သည့် သီဟိုရ် ၊ မာလာယု ၊ အိန္ဒိယ နိုင်ငံ မှ ဘင်္ဂလားနှင့် ပဋိက္ကရားနယ် တရုတ်ပြည် ယူနန်နယ်ရှိ နန်ချို နိုင်ငံ များ သို့ ခရီးသွား လည်ပတ်ခဲ့သည်။

မြန်မာ ရာဇ၀င် များ ၌ ရေးသား ထား သည့် အလောင်း စည်သူမင်း တိုင်း တပါး သို့  ခရီး ထွက် လှည့်လည်ရာ နောက် ဆုံး ဇမ္ဗုသပြေ ပင် ရင်း သို့ ပင် ရောက်ခဲ့ သည် ဟု ရေး သား ထားကြ သည် မှာ အိမ်နီး ချင်း နိုင်ငံများ သို့ သွားရောက်ခဲ့ သည် ကို တင်စားရေးသား ထားပုံ ဖြစ် လိမ့်မည်ဟု ခန့် မှန်းရသည်။
နတ်ရွာစံခြင်း

အလောင်းစည်သူမင်းကြီးတွင် သားတော်နှစ်ပါးရှိရာ သားတော်ကြီး မင်းရှင်စောမှာ ဖခင်နှင့် မတည့်သဖြင့် ထွန်တုံးပူတက် (ယခုမန္တလေးမြို့ အရှေ့တောင်ဘက်အရပ်) တွင် ပြည်ရွာပြုပြီး နေလေသည်။ မင်းကြီးက သားတော်ငယ် 
နရသူကို ပြည်ထဲအမူကို စီရင်စေသည်။ နရသူမယ်တော်ကား 
ကျန်စစ်သား၏ အမတ်ဖြစ်သော ဓမ္မကျင်၏ သမီးဖြစ်လေသည်။ 

ထိုအမတ်သမီးကို မင်းကြီး နန်းတင်တော်မူ၍ မိဖုရားအရာလည်း 
မရောက်၊ မောင်းမငယ်လည်း မဟုတ်ပေ။ အလောင်းစည်သူမင်းကြီးသည် 
မင်းစည်းစိမ် အနှစ် (၇၀) တိုင်တိုင် သာသနာတော်မြတ် အကျိုးတို့ကို ပြုဆောင်တော်မူရင်း သက်တော် (၈၅)ရောက်သော် ပြင်းထန်စွာ နာမကျန်းဖြစ်တော်မူသည်ကို သားတော် နရသူက နန်းတော်မှချ၍ ရွှေဂူကြီးဘုရားတွင် 
ထားလေသည်။ 

မင်းကြီးလည်း သတိရတော်မူသောအခါ `င့ါနန်း မဟုတ်တကား´ ဟုမိန့်တော်မူလေသည်။ ကိုယ်လုပ်တော်တို့လည်း `နန်းတော်မဟုတ် ကောင်းမူတော်´
ဟုလျှောက်ကြလေသည်။ မင်းကြီးလည်း သားတော် နရသူ အစီအရင် 
ဟုကြားသိသော် ကြီးစွာအမျက်ဒေါသ ထွက်လေသည်။ 
ထိုအကြောင်းကို နရသူ ကြားသော် ညတွင်းချင်း မင်းကြီးဆီသွား၍ ခေါင်းအုံးဖြင့် ဖိသတ်သဖြင့် အလောင်းစည်သူမင်းကြီး နတ်ရွာစံလေသည်။

တည်ခဲ့သောစေတီ ဘုရားများ

    ရွှေဂူကြီးဘုရား
    သဗ္ဗညုပုထိုးတော်ကြီး

-------------

အားပေးမှုကို ကျေးဇူးတင်ပါတယ် ဒီမှာ သွားလိုက်နော်။

တမ္ပဒီပခေါ်ပုဂံ



တမ္မဒီပ(ခေါ်)ပုဂံသည် မြန်မာနိုင်ငံ၏ ပထမဆုံးဧကရာဇ်နိုင်ငံတည်ထောင်ရာ မြို့တော်ဟူ၍ မြန်မာတို့အတွက် အမျိုးသားရေး လက္ခဏာတစ်ရပ်အနေဖြင့်လည်းကောင်း၊ များပြားလှသည့် ရှေးဟောင်းလက်ရာ စေတီပုထိုးများကြောင့်လည်းကောင်း၊ ကမ္ဘာလှည့်ခရီးသည်တို့ကို စွဲဆောင်ရာနေရာအဖြစ်လည်းကောင်း ကမ္ဘာကျော်သည့် နေရာတစ်နေရာဖြစ်သည်။

တည်နေရာ

မန္တလေးတိုင်းအတွင်းရှိ ညောင်ဦးမြို့နယ်အတွင်း ဧရာဝတီမြစ်၏ အရှေ့ဖက်ကမ်းတွင်တည်ရှိသည်။ မန္တလးမြို့မှ အနောက်တောင်ဖက် မိုင်၉၀အကွာတွင်တည်ရှိသည်။
သမိုင်းကြောင်း

ပျူမြို့ပြနိုင်ငံများခေတ်ကုန်ဆုံးပြီးနောက် ကျောက်ဆည်နယ်မှတစ်ဆင့် ယပ်တောင်ပုံဖြန့်ကာ မြန်မာနိုင်ငံအလယ်ပိုင်းဒေသ အတွင်းသို့ အုပ်စုများဖွဲ့ကာ ၀င်ရောက်လာသည့် ဗမာလူမျိုးတို့သည် မူရင်းဌာနေလူမျိုးများဖြစ်သည့် ပျူ နှင့်မွန် တို့ထံမှ စာပေ၊ လယ်ယာစိုက်ပျိုးခြင်း နှင့် ယဉ်ကျေးမှုများကို ဆက်ခံရယူကာ တဖြည်းဖြည်း အင်အားကောင်းသည့် အဆင့်သို့ရောက်လာသည်။ မူလအစက စစ်တိုက်ခိုက်ခြင်းဖြင့် ကျော်ကြားသော လူမျိုးသည် စည်းလုံးခြင်းဖြင့်သာ မိမိတို့၏အသက်အိုးအိမ်စည်းစိမ်များကို ကာကွယ်နိုင်မည်ဟူသော် စစ်ရေးအမြင်ဖြင့် မြို့ရွာများကို စုစည်းတည်ထောင်လာကြသည်။ သို့ဖြင့် လမ်းခရီးနှင့်ဆက်သွယ်ရေး လွယ်ကူပြီး မိမိတို့ အခြေချရာ ရပ်ဝန်၏ ဗဟိုတွင်ရှိသည့် ဒေသမှ ကျေးရွာများကို စုစည်းကာ ပုဂံမြို့အဖြစ် တည်ထောင်လိုက်ကြသည်။
ပုဂံနိုင်ငံတော်

အစောပိုင်း ပုဂံမင်းဆက်များနှင့် ပတ်သက်၍ တိကျသည့် သမိုင်းအထောက်အထားများကို မတွေ့ရပဲ ပါးစပ်ရာဇ၀င်များအနေဖြင့်သာ မှတ်သားလာခဲ့ကြပြီး အနော်ရထာမင်းလက်ထက်ရောက်မှသာ တိကျသည့် သမိုင်းအထောက်အထားများကို စတင်တွေ့ရှိလာကြရသည်။ အနော်ရထာ၏ သိမ်းသွင်းမှုကြောင့် ပုဂံနိုင်ငံတော်သည် ပဒေသရာဇ် အဆင့်မှ ဧကရာဇ်(အင်ပါယာ) အဆင့်တို့ တက်လှမ်းလာနိုင်ခဲ့သည်။ သူ့အားဆက်ခံသည့် စောလူးမင်းလက်ထက်တွင် တိုင်းပြည်အခြေအနေဆိုးရွားသွားခဲ့သော်လည်း ကျန်စစ်သား ၊ အလောင်းစည်သူ အစရှိသည့် မင်းများလက်ထက်တွင်မူ တိုင်းပြည်အင်အား ပြန်လည်ပြည့်ဝလာပြန်သည်။
ယဉ်ကျေးမှု

ပုဂံခေတ်ယဉ်ကျေးမှုသည် မြန်မာနိုင်ငံအတွက် ပျူ နှင့် မွန်တို့ပြီးလျှင် တိုးတက်ဖြစ်တည်လာသည့် ယဉ်ကျေးမှုဟု ဆိုရမည်ဖြစ်သည်။ ပျူတို့ထံမှ ဘာသာ၊ ကိုးကွယ်ယုံကြည်မှု နှင့် မွန်တို့ထံမှ အနုပညာ၊ လယ်ယာစိုက်ပျိုးရေး ၊ စာပေအက္ခရာ အစရှိသည်တို့ကို သင်ယူခဲ့ကြသည်။ ထို့ကြောင့် နရပတိစည်သူမတိုင်မှီအထိတည်ဆောက်ခဲ့သည့် ပုဂံရှိ စေတီပုထိုးများမှာ မွန်တို့၏ ဓလေ့၊လက်ရာနှင့် အယူအဆများလွှမ်းမိုးနေသည်ကိုတွေ့ရသည်။ သို့သော် နရပတိစည်သူမင်းလက်ထက်မှစ၍ လက်တွေ့ကျသည့် မြန်မာတို့သည် စိတ်ကူယဉ်ဆန်သည့် မွန်တို့ထက် ပို၍တက်ကြွသည့်၊ အရပ်ဒေသနှင့် ပိုမိုကိုက်ညီမည့် လက်ရာများကို တီထွင်သုံးစွဲလာကြသည်။
ပုဂံနိဂုံး

အလောင်းစည်သူနောက် နန်းတက်သည့် မင်းများလက်ထက်တွင် ပုဂံ၏သြဇာအာဏာကျဆင်းလာသလို၊ နယ်ခြားမှ ရန်သူများ၏ လုပ်ကြံမှုကြောင့် ထီးဆောင်းမင်းတစ်ပါးကျဆုံးရသည့် အဖြစ်၊ နရသီဟပတေ့ကဲ့သို့ အစားကျူးပြီး အမျက်ဒေါသကြီးသည့်မင်း အစရှိသဖြင့် ပေါ်ပေါက်လာသည်။ ခရစ်နှစ် ၁၂၈၇တွင် မွန်ဂိုတို့၏ ကျူးကျော်မှုကြောင့် နရသီဟပတေ့ ပုဂံကိုစွန့်ခွာထွက်ပြေးရခြင်းဖြင့် ပုဂံ၏သြဇာမှာ လုံးဝကျဆင်းတော့သည်။ ရှင်ဒိသာပါမောက္ခ၏ သံတမန်ရေးကျွမ်းကျင်စွာ အရေးဆိုမှုကြောင့် မွန်ဂိုဘုရင် ကူဗလိုင်ခန်က တပ်များကို ပြန်ဆုတ်စေသည်။ ထိုမှစကာ ပုဂံမင်းဆိုသည်မှာ အဆောင်အယောင်မျှသာ ဖြစ်၍ အမှန်သြဇာကြီးသူများမှာ ရှမ်းညီနောင်သုံးဦး ဖြစ်သည်။
ယနေ့ပုဂံ

ယနေ့ပုဂံမှာ ရှေးဟောာင်းလက်ရာများနှင့် ပြည့်နက်နေသည့် မြို့ဟောင်းကြီးအသွင်မျှသာ ကျန်ရှိတော့သည်။ သို့သော် အဆိုပါရှေးဟောင်းလက်ရာများမှာ ပြည်တွင်းပြည်ပတို့မှ ခရီးသွားများကို ဆွဲဆောင်နိုင်သည်ဖြစ်၍ အတော်ပင်ကျော်ကြားလှပေသည်။ သို့သော် သီးခြားမြို့အဖြစ် ရပ်တည်နိုင်ခြင်းမရှိပဲ ညောင်ဦးမြို့နယ်အတွင်းတွင် “ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ” အဖြစ်ထည့်သွင်းထားသဖြင့် အများအခေါ်တွင် ပုဂံ-ညောင်ဦး ဟူ၍ထင်ရှားပါသည်။
ဆက်သွယ်ရေး

ကားလမ်း၊ရထားလမ်းများ ရှိပြီး ယနေ့တိုင်မြင်းလှည်းကိုအသုံးပြုနေသည်။
ရာသီဥတု

ပူပြင်းခြောက်သွေ့သည့် ကန္တာရရာသီဥတုမျိုးဖြစ်သည်။
ထင်ရှားသည့် ပုဂံဘုရားပုထိုးများ

    အာနန္ဒာ လိုဏ်ဂူတော်ဘုရား
    စူဠာမဏိဘုရား
    ရွှေစည်းခုံစေတီတော်(ပုဂံ)
    သဗ္ဗညုဘုရား(ပုဂံ)
    ဗူးဘုရား(ပုဂံ)
    လောကနန္ဒာစေတီ(ပုဂံ)
    ရွှေဆံတော်စေတီ(ပုဂံ)
    မင်္ဂလာစေတီတော် (ပုဂံ)
    တုရင်းတောင်စေတီ(ပုဂံ)
    ကျောက်ဂူဥမင်ဘုရား(ပုဂံ)
    ငှက်ပစ်တောင်
    ထီးလိုမင်းလိုဘုရား
=======================

အားပေးမှုကို ကျေးဇူးတင်ပါတယ် ဒီမှာ သွားလိုက်နော်။

Oct 29, 2016

အလောင်းစည်သူ



အလောင်းစည်သူမင်းသည် ပုဂံပြည် ကျန်စစ်သားမင်း ကွယ်လွန်သည့်အခါ အကြောင်းအမျိုးမျိုးဖြင့် ၎င်း၏ သားတော် ရာဇကုမာရ် မင်းသား နန်းမရပဲ မြေးတော် အလောင်းစည်သူ က ပုဂံထီးနန်းအား ဆက်ခံခြင်းပြု လေသည်။ အလောင်းစည်သူသည် သက္ကရာဇ် ၁၁၁၂ ခုနှစ် မှ ၁၁၆၇ ခုနှစ် အ ထိ နန်းသက် ၅၅ နှစ် ဟုမြန်မာ ရာဇ၀င်များ၌ ရေးသားဖေါ်ပြ ကြသည်။ အလောင်းစည်သူမင်းသည် အနော်ရထာ ၊ ကျန်စစ်သားတို့ ကဲ့သို့  ဆောင်ရွက်ခဲ့သည်။ အလောင်းစည်သူဖြတ်ထုံးများဟု ဓမ္မသတ်ကျမ်း တစ်စောင်ပေါ်ခဲ့ပြီး ပြည်တွင်း ကုန်သွယ်မှု စနစ်တကျဖြစ်စေရန် ကျပ် ၊ မတ် ၊ မူး ၊ ပဲ စသည့် အလေးချိန်များအား၎င်း ၊ တင်း ၊ ခွဲ ၊ စိတ် ၊ ပြည် ၊ ခွက် စသည်တို့ အား၎င်း တစ်နိုင်ငံလုံး တညီတညွတ် တည်းဖြစ်စေရန်ဆောင်ရွက်ခဲ့သည်ဟု မြန်မာရာဇ၀င်များ၌ ရေးသားထားသည်။ နိုင်ငံတော်၏ ဆည်မြောင်း ချောင်းကန်များအား ပြုပြင်ချဲ့ထွင်၍ စိုက်ပျိုးနိုင်သည့် မြေများအား လယ်များ ဖွဲ့စေခဲ့သည်။ မြန်မာရာဇ၀င်များ၏ ရေးသားထားချက်အရ မြန်မာဂီတ နှင့် တူရိယာများသည် အလောင်းစည်သူမင်း လက်ထက်တွင် ဖြစ်ထွန်းခဲ့ကြောင်း ယူဆရသည်။

ထေရ၀ါဒ ဗုဒ္ဓသာသနာ ထွန်းကားရန် အတွက်လည်း စွမ်းစွမ်းတမန်ဆောင်ရွက်ခဲ့ပြီး မင်းဘူး ၊ သရက် ၊ ရွှေဘို ၊ မန္တလေး ၊ မုံရွာ ၊ မိုးကုတ် အရပ် ဒေသများ တွင် စေတီ ပုထိုး ၊ ကျောင်း ကန် များ တည် ထား ခဲ့ ကြောင်း သမိုင်းအထောက်အထားများ တွေ့ ရှိရသည်။ အလောင်းစည်သူ ဆောင်ရွက်ခဲ့သည့် သာသနာ ကောင်းမှုတော်များ ထဲတွင် ပုဂံ မှ သဗ္ဗညုပု ထိုးတော်ကြီးသည် ကြီးကျယ် ထင်ရှားပေသည်။

အလောင်းစည်သူမင်းသည် မြန်မာနိုင်ငံတော် တိုးတက်ရန် အခြားနိုင်ငံများနှင့် ရောင်းဝယ်ဖောက်ကားခြင်း ၊ တစ်နိုင်ငံနှင့် တစ်နိုင်ငံ မိတ်ဆွေဖြစ်ရေးအတွက် အိမ်နီးချင်းနိုင်ငံများ ဖြစ် သည့် သီဟိုဠ် ၊ မာလာယု ၊ အိန္ဒိယနိုင်ငံ မှ ဘင်္ဂလားနှင့် ပဋိက္ကရားနယ် တရုတ်ပြည် ယူနန်နယ်ရှိ နန်ချိုနိုင်ငံများသို့ ခရီးသွား လည်ပတ်ခဲ့သည်။

မြန်မာရာဇ၀င်များ၌ ရေးသားထားသည့် အလောင်းစည်သူမင်း တိုင်းတစ်ပါးသို့ ခရီးထွက် လှည့်လည်ရာ နောက်ဆုံး ဇမ္ဗုသပြေပင်ရင်းသို့ပင် ရောက်ခဲ့သည်ဟု ရေးသားထားကြသည်မှာ အိမ်နီးချင်းနိုင်ငံများသို့ သွားရောက်ခဲ့သည်ကို တင်စားရေးသားထားပုံ ဖြစ်လိမ့်မည်ဟု ခန့်မှန်းရသည်။

နန်းသက်အရှည်ဆုံးဘုရင်

အလောင်း စည် သူ သည် သက္ကရာဇ် ၁၁၁၂ ခုနှစ် မှ ၁၁၆၇ ခုနှစ် အ ထိ နန်းသက် ၅၅ နှစ် ဟုမြန်မာ ရာဇ၀င်များ ၌ ရေးသား ဖေါ်ပြ ကြ သည်။ အလောင်းစည်သူ မင်း သည် အနော်ရထာ ၊ ကျန်စစ် သားတို့ ကဲ့သို့  ဆောင်ရွက်ခဲ့သည်။ အ လောင်း စည်သူဖြတ်ထုံး များ ဟု ဓမ္မသတ် ကျမ်း တစောင်ပေါ်ခဲ့ပြီးပြည် တွင်း ကုန်သွယ် မှု စနစ် တကျဖြစ် စေ ရန် ကျပ် ၊ မတ် ၊ မူး ၊ ပဲ စသည့် အ လေး ချိန် များ အား၎င်း ၊ တင်း ၊ ခွဲ ၊ စိတ် ၊ ပြည် ၊ ခွက် စသည် တို့ အား ၎င်း တ နိုင်ငံလုံး တညီ တညွတ် တည်းဖြစ်စေရန်ဆောင်ရွက်ခဲ့ သည် ဟု မြန်မာ ရာဇ၀င်များ ၌ ရေးသား ထားသည် နိုင်ငံတော် ၏ ဆည် မြောင်း ကန်များ အားပြုပြင် ချဲ့ ထွင်၍ စိုက်ပျိုး နိုင်သည့် မြေ များ အား လယ် များ ဖွဲ့စေ ခဲ့ သည်။ မြန်မာရာဇ၀င် များ ၏ ရေးသား ထား ချက် အရ မြန်မာ ဂီတ နှင့် ဒူရိယာများ သည် အလောင်း စည်သူ မင်း လက် ထက် တွင်ဖြစ် ထွန်း ကြောင်း ယူဆ ရသည်။

ထေရ၀ါဒ ဗုဒ္ဓ သာသနာ ထွန်းကားရန် အတွက် လည်း စွမ်းစွမ်း တ မန်ဆောင်ရွက် ခဲ့ပြီး မင်းဘူး ၊ သရက် ၊ ရွှေ ဘို ၊ မန္တလေး ၊ မုံရွာ ၊ မိုးကုတ် အရပ် ဒေသများ တွင် စေတီ ပုထိုး ၊ ကျောင်း ကန် များ တည် ထား ခဲ့ ကြောင်း သမိုင်း အထောက် အထား များ တွေ့ ရှိရ သည်။ အလောင်း စည်သူ ဆောင်ရွက်ခဲ့ သည့် သာသနာ ကောင်း မှု တော်များ ထဲတွင် ပုဂံ မှ သဗ္ဗ ညုပု ထိုးတော်ကြီး သည် ကြီး ကျယ် ထင်ရှားပေ သည်။

အလောင်း စည်သူမင်း သည်မြန်မာနိုင်ငံတော် တိုးတက်ရန် အခြား နိုင်ငံများ နှင့် ရောင်းဝယ် ဖေါက်ကားခြင်း ၊ တ နိုင်ငံ နှင့် တနိုင်ငံ မိတ် ဆွေဖြစ် ရေး အတွက် အိမ် နီး ချင်းနိုင်ငံ များဖြစ် သည့် သီဟိုရ် ၊ မာလာယု ၊ အိန္ဒိယ နိုင်ငံ မှ ဘင်္ဂလားနှင့် ပဋိက္ကရားနယ် တရုတ်ပြည် ယူနန်နယ်ရှိ နန်ချို နိုင်ငံ များ သို့ ခရီးသွား လည်ပတ်ခဲ့သည်။

မြန်မာ ရာဇ၀င် များ ၌ ရေးသား ထား သည့် အလောင်း စည်သူမင်း တိုင်း တပါး သို့  ခရီး ထွက် လှည့်လည်ရာ နောက် ဆုံး ဇမ္ဗုသပြေ ပင် ရင်း သို့ ပင် ရောက်ခဲ့ သည် ဟု ရေး သား ထားကြ သည် မှာ အိမ်နီး ချင်း နိုင်ငံများ သို့ သွားရောက်ခဲ့ သည် ကို တင်စားရေးသား ထားပုံ ဖြစ် လိမ့်မည်ဟု ခန့် မှန်းရသည်။
နတ်ရွာစံခြင်း

အလောင်းစည်သူမင်းကြီးတွင် သားတော်နှစ်ပါးရှိရာ သားတော်ကြီး မင်းရှင်စောမှာ ဖခင်နှင့် မတည့်သဖြင့် ထွန်တုံးပူတက် (ယခုမန္တလေးမြို့ အရှေ့တောင်ဘက်အရပ်) တွင် ပြည်ရွာပြုပြီး နေလေသည်။ မင်းကြီးက သားတော်ငယ် နရသူကို ပြည်ထဲအမူကို စီရင်စေသည်။ နရသူမယ်တော်ကား ကျန်စစ်သား၏ အမတ်ဖြစ်သော ဓမ္မကျင်၏ သမီးဖြစ်လေသည်။ ထိုအမတ်သမီးကို မင်းကြီး နန်းတင်တော်မူ၍ မိဖုရားအရာလည်း မရောက်၊ မောင်းမငယ်လည်း မဟုတ်ပေ။ အလောင်းစည်သူမင်းကြီးသည် မင်းစည်းစိမ် အနှစ် (၇၀) တိုင်တိုင် သာသနာတော်မြတ် အကျိုးတို့ကို ပြုဆောင်တော်မူရင်း သက်တော် (၈၅)ရောက်သော် ပြင်းထန်စွာ နာမကျန်းဖြစ်တော်မူသည်ကို သားတော် နရသူက နန်းတော်မှချ၍ ရွှေဂူကြီးဘုရားတွင် ထားလေသည်။ မင်းကြီးလည်း သတိရတော်မူသောအခါ `င့ါနန်း မဟုတ်တကား´ ဟုမိန့်တော်မူလေသည်။ ကိုယ်လုပ်တော်တို့လည်း `နန်းတော်မဟုတ် ကောင်းမူတော်´ဟုလျှောက်ကြလေသည်။ မင်းကြီးလည်း သားတော် နရသူ အစီအရင် ဟုကြားသိသော် ကြီးစွာအမျက်ဒေါသ ထွက်လေသည်။ ထိုအကြောင်းကို နရသူ ကြားသော် ညတွင်းချင်း မင်းကြီးဆီသွား၍ ခေါင်းအုံးဖြင့် ဖိသတ်သဖြင့် အလောင်းစည်သူမင်းကြီး နတ်ရွာစံလေသည်။
တည်ခဲ့သောစေတီ ဘုရားများ

    ရွှေဂူကြီးဘုရား
    သဗ္ဗညုပုထိုးတော်ကြီး

အားပေးမှုကို ကျေးဇူးတင်ပါတယ် ဒီမှာ သွားလိုက်နော်။

ဒေါက်တာ သန်းထွန်း ပြောသည့် မြန်မာတို့ အတွက် ပုဂံ ယဉ်ကျေးမှုရှေးဟောင်းနယ်မြေ။

ဒေါက်တာ သန်းထွန်း ပြောသည့် မြန်မာတို့ အတွက် ပုဂံ ယဉ်ကျေးမှုရှေးဟောင်းနယ်မြေ။

 Akar hyoe  ကမ္ဘာ့အမြင်, သမိုင်း, သိမှတ်စရာ တိုတိုထွာထွာ  

မြန်မာနိုင်ငံသားတိုင်း ပုဂံ အကြောင်းကောင်းကောင်း သိထား သင့်ပေသည်။ မှန်နန်းရာဇဝင်ထဲက ပုဂံတော့မဟုတ်။ ဘုရားသမိုင်း အထွေထွေမှ ပုဂံ လည်း မဟုတ်။ သို့ဆိုလျှင် အဘယ်နည်း ။ မြန်မာတို့၏ အထင်ကရကျက်သရေဆောင် နယ်မြေ ဖြစ်ခဲ့သော ပုဂံ ဒေသကို အစစ်ဆေးခံ၊ မှတ်ကျောက်တင်ခံ၊ အထောက်အ ထားနှင့် တကွဖြစ်သော ပုဂံ အား ရှေးဟောင်းသုတေသန ကလောင်ဖြင့် မှတ်တမ်းတင် ထားလျက်ရှိသော နောက်ထပ် ရှုထောင့် တစ်မျိုးနှင့် ပုဂံ အား တင်ပြလိုက်ရပေသည်။

(က)။ပုဂံ ဆိုတာ ။

ပုဂံ ဟူသောအမည်နာမကား မြန်မာအမည် မဟုတ်ပေ။ ပျူအမည် ဖြစ်ပေသည်။ အဓိပ္ပါယ်ကား ပျူတည်ထောင်သော ရွာ/ ခံမြို့ ဖြစ်ပါသည်။ ဟလင်း အစရှိသော အထက်ပိုင်း ပျူနှင့် ပြည်အစရှိတဲ့ အောက်ပိုင်းပျူတွေရဲ့ ဆက်သွယ်ရေး လမ်းကြောင်းမှာ အလယ်က စခန်းတထောက်အဖြစ် ပျူဝတ် (Phyu vatsu) ပျူဂါမ (Phyugama)က ပုဂံ ဖြစ်လာတယ် ဆိုတာ လည်းဖြစ်နိုင်ချေရှိပါသည်။ တည်ထောင်သော လူမျိုးကို အစွဲပြုပြီး ပျူဂါမ ဟုခေါ်ခြင်းဖြစ်ပေမည်။ အားလုံး၏ အလယ်ဗဟို လည်းဖြစ်၍ တကြောင်း၊ နယ်အသီးသီးသို့ ဆက်သွယ်ရေး လွယ်ကူ စေသော ရေကြောင်းတည်ရှိရာ ဧရာဝတီ မြစ်ကြီးအပေါ် တည်ရှိနေ၍ သော် တကြောင်း၊ ခံမြို့လည်းဖြစ်၍သော်တကြောင်း ဖြင့် ပုဂံ ကို မင်းနေပြည်တော် မင်းကြီးတည်ရှိရာ ဗဟိုအုပ်ချုပ်ရေး မဏ္ဍလ (အဝန်းအဝိုင်း) အဖြစ်သတ်မှတ် ခဲ့သည်။ ဤသို့သတ်မှတ်ရာ မြန်မာတို့၏ အုပ်ချုပ်ရေး ဗဟိုဌာန အနေသို့ အချိန်ကာလ အားဖြင့် ခရစ်နှစ် ကိုးရာစုနှောင်းခန့် မှစတင်သတ် မှတ်ခြင်း ဖြစ်နိုင်ပေ သည်။ ထိုအချိန်မှစ၍ အိန္ဒိယတောင်ပိုင်းသားတို့မှ ပျူနိုင်ငံကို ဗြဟ္မဝတ္ထု ဟုခေါ်ဆိုရာမှပုဂံ ပြည်ရှိ မြန်မာတို့သည် ဗြဟ္မ လူမျိုးဟု ခံယူခဲ့ ပုံရပါသည်။

(ခ)။တည်ထောင်ပုံ။

ပုဂံ သည်လည်း အခြားသောမြို့ပြနိုင်ငံများကဲ့သို့ပင် မူလရွာ၊ ရွာ မှမြို့ ၊ မြို့မှမင်းနေပြည်တော် ဖြစ်လာမည်ဟု တွေးဆမိပါသည်။ ပုဂံမြို့ ဟူ၍စတင်တည်ရှိနေသည်မှာလည်း ခရစ်နှစ်အစောပိုင်း ကာလလောက်ဟု ခန့်မှန်းရပေသည်။ပျူလူမျိုးများ ခရစ်မပေါ်မီ အနှစ်နှစ်ရာခန့် ကာလက မြန်မာနိုင်ငံ ဟုခေါ်တွင်မည်ဖြစ်သော ဒေသကို ဝင်ရောက်နေထိုင်လျက်ရှိရာမှ ပျူဒေသ သုံးဆယ့်နှစ်ဒေသတွင် ပုဂံ လည်းအပါအဝင်ဖြစ်ပေသည်။ တမ္ဗဒီပဟု အစောပိုင်း တွင်အမည်ရခဲ့ သော ပုဂံ ကိုအကြီးကျယ်ဆုံးသော မင်းနေပြည် အဖြစ်သို့ ရောက်ရှိစေ သောသူမှာ အနိရုဒ္ဓါမင်းပင်ဖြစ်သည်။ မည်သူတည်ထောင်သည် ဘယ်မင်းဆက်ကစသည်ကို အပြော ခက်( အထောက်အထား မတွေ့ဖြစ် ) နေ၍ အနိရုဒ္ဓမင်းမှသာ စပြောလျှင် သင့်ပေမည် ။ပုဂံ သည် (၂၀ံ ၁၀ ' မြောက်လတ္တီတွဒ်၊ ၉၄ံ ၅၅ ' အရှေ့လောင် ဂျီတွဒ် ) အတွင်းတည်ရှိသည်။ မင်းပိုင်နက်စုစုပေါင်းသည် အစဦး ပထမ တမ္ဗဒီပ၌ မြစ်သာတစ်ဆယ့် တစ် ခရိုင်နှင့် မင်းဘူး ခြောက်ခရိုင် အပါအဝင်ဖြစ်သည်။ တောင်ပိုင်း တွင်တောင်တွင်းထိ၊ ဧရာဝတီမြစ်ကြောင်းအတိုင်း မိကျောင်းရဲ အောက်၊ ပြည်တော်သာကျွန်းအထိအပါအဝင် ဖြစ်၍၊ မြောက်ပိုင်းတွင် ဧရာဝတီ-မြစ်ငယ်ဆုံရာ တောင်ပြုန်း အထိသာ ကျယ်ဝန်းသည်။ဆယ်ရေသောက်လယ်ဧက ကို ခရိုင်(န်) ၊ ထိုမှ တိုက်သို့ကြီးကျယ်လာရာမှ တိုက်ခရိုန်ထက်တိုးတက် လာပြီး နိုင်ငံထူထောင်ရန် အခွင့်သာလာခဲ့သည်။ လူအား၊ စီးပွားရေး အင်အား တောင့်တင်းပြည့်စုံလာ၍ အနုရုဒ္ဓါမင်းလက်ထက်တွင် ပုဂံသည် မြန်မာ လက်နက်နိုင်ငံ၏ အချက်အခြာ မဏ္ဍိုင်ဖြစ်လာ ပေသည်။ထိုမင်းကိုဆက်ခံသော ဝဇြာဘရဏ(စောလူး) လက်ထက်တွင် ပုဂံ ၏သြဇာအာဏာမှာ ဘိတ်( မြိတ်) အထိ သို့ရောက်နေသည်ကို ၎င်းဘွဲ့အမည်နှင့် မြေပုံဘုရား မြိတ်တွင် တွေ့ရှိရခြင်းမှ သိနိုင်ပေသည်။ ဒုတိယစည်သူ လက်ထက်တွင် နိုင်ငံသည် မြောက်ဘက်တွင် တကောင်းနှင် ငဆောင်ချန် ၊ တောင်ဘက် တွင် တလိုင်သရိယ်( တနသာင်္ရီ )၊ ထဝယ် (ထားဝယ်) နှင့် သလင်ကြေ(Junk Ceylon, Cape Salang)၊ အနောက်ဘက် တွင် မစ္ဆကီရိတောင် ၊ အရှေ့ဘက်တွင် သံလွင်မြစ်အ ထိကျယ် ပြန့် လျက် ရှိသည်။

(ဂ)။ အမည်နာမ၊ မှတ်စုအထွေထွေနှင့် ပုဂံ ။

ပုဂံ၏ပါဠိ အမည်ကား အရိမဒ္ဒပူရ ( ရန်မျိုးနှိမ်မြို့ ) ဟု အဓိပ္ပါယ် ရသည်။ တိုင်းရင်းသားအမည်နှင့် ခေါ်ခြင်းမျိုးလည်းရှိ၍၊ မွန်တို့ က ပေါကာမ် ( သို ) ပုကာမ် ( သို့ ) ဗုကာမ် ဟုရေးသားဖော်ပြလေ့ ရှိပါသည်။ မွန်တို့ကပင် ပုဂံ နှင့် ပတ်ဝန်းကျင် ကို တတ္တဒေသ (ခမ်းခြောက်ရာအရပ်) ဟု ခေါ်စမှတ်ပြုသည်ကိုလည်း မှတ်သား ဖွယ်တွေ့ရပါသည်။ ပုဂံ တရုတ်ပြည်သွား ခရစ်နှစ် ၁၂၇၃ခု ငြိမ်း ချမ်းရေးသံအဖွဲ့ခေါင်းဆောင် ရှင် ဒိသာပါမောက်က ပုဂံ ကိုဖော် ပြရာ၌ တမ္ဗဒီပ ( ကြေးနိုင်ငံ ) ဟူသောအခေါ်ကို သုံးပါသည်။ ပုဂံ ၏လူဦးရေကို ပုဂံ ကျောက်စာတို့တွင်ပါသော စပါးစိုက် ၊မြေပယ် ဧရိယာနှင့်စပါးအထွက်ကို ယူ၍ခန့်မှန်းရလျှင် လူဦးရေ တစ်သန်း အထက်နှင့် နှစ်သန်းအောက်ရှိပေမည်။ ယခုတွေ့ရသော မြို့ရိုး မူကား ခရစ်နှစ် ၁၈၂၄ တွင် ရန်သူလာပြီဆိုမှ မြန်မြန်တင်ထား သော မြို့ရိုးဖြစ်သည်။ ပုဂံ ဝန်းကျင်ဒေသသည် သဲမြေဖြစ်၍ အုတ်မလုပ်နိုင်။ စေတီပုထိုးတို့ တည်ရန်အတွက် အုတ်ကို စလေနယ်၊ စလင်းနယ်တို့မှ ပုဂံ အရောက် လှေ၊လှည်းတို့ဖြင့် သယ်ယူကြရသည်။ ပုဂံ ဝန်းကျင်ဒေသသည် သက်တမ်းအနှစ် သန်း ၃၀ မှ ၆၀ ရှိရခိုင်ရိုးမကြောင့် မိုးရိပ်ကျ ဧရိယာဖြစ်၍ လွန်ခဲ့ သော နှစ်ပေါင်း ၃ကုဋေကျော် ၆ကုဋေ မရှိတရှိကပင် သဲကန္တာရတပိုင်း(semi-desert) ဖြစ်နေပေသည်။

(ဃ)။ ပုဂံ မင်းဆက် ။

မှတ်တမ်းရှိမှသမိုင်းမည်သည် သတ်မှတ်ကြပါစို့။ မှတ်တမ်းမရှိ သောကာလကို အကြိုသမိုင်း (Pre-history) လို့ သတ်မှတ်ကြပါ သည်။ မြန်မာ့မှတ်တမ်း တွေကို မြန်မာဘာသာ အက္ခရာတင်ပြီး ရေးသားသည့် အမှတ်အသားမှာ ခရစ်နှစ် ၁၁ ရာစုနောက်ပိုင်း ထက်ဝက်ကာလမှ စတင်တွေ့ရှိသည်။ ထိုမှတ်တမ်းမှ အစပြု၍ ပုဂံ မင်းဆက်ကို ဖော်ပြရလျှင်
(၁)။ အနိရုဒ္ဓ ၊ အနော်ရထာ (အေဒီ ၁၀၄၄-၁၀၇၇)
(၂)။ ဂြီဝဇြာဘရဏ ၊မင်လုလင်၊ စောလူး (အေဒီ ၁၀၇၇-၁၀၈၄)
(၃)။ထိလိုင်မင်၊ကျန်စစ်သား (အေဒီ ၁၀၈၄-၁၁၁၃)
(၄)။ ပထမ စည်သူ၊ အလောင်းစည်သူ(အေဒီ၁၁၁၃-၁၁၆၀)
(၅)။ ဤမ်တဝ်သျင်၊ နရသူရ၊နရသူ (အေဒီ ၁၁၆၀-၁၁၆၅)
(၆)။ ဒုတိယစည်သူ၊နရပတိစည်သူ ( အေဒီ ၁၁၆၅-၁၂၁၁)
(၇)။ နာတောင်မျာ၊ ဇေယသွတ် (အေဒီ ၁၂၁၁-၁၂၃၁)
(၈)။ နရသိင်္ဃဥဇ္ဇာနာ (အေဒီ ၁၂၃၁-၁၂၃၅)
(၉)။ က္လစွာ၊ကျစွာ (အေဒီ ၁၂၃၅- ၁၂၄၉)
(၁၀)။ ဥစ္စနာ (အေဒီ ၁၂၄၉-၁၂၅၆)
(၁၁)။ မင်ယန် (အေဒီ ၁၂၄၉- နန်းသက်-၂ လ)
(၁၂)။ တတိယစည်သူ၊နရသီဟပတိ၊ တရုက်ပ္လိယ် (အေဒီ ၁၂၅၆-၁၂၈၇)မှတ်ချက်။ ဤမင်းလက်ထက်တွင် မွန်ဂိုစစ်တပ် တို့ ပုဂံကို လာရောက်တိုက်ခိုက်၍ မွန်ဂိုတရုတ်တို့လက်မှ ထွက် ပြေးတိမ်းရှောင်ရလေသည်။ ပုဂံ ကိုအလုံးစုံသိမ်းယူ နိုင်သော် လည်း ရှေးမင်းဆက်ကိုပင် ပြန်လည်ထူထောင် ပေးခဲ့ကြပါ သည်။
(၁၃)။ ရှယ်နန်သျှင်၊ ကျော်စွာ (အေဒီ ၁၂၇၉-၁၂၉၇)
(၁၄)။မင်လုင်စောနှစ် ၊စောမွန်နစ် ( အေဒီ ၁၂၉၇- ၁၃၃၄)တို့ဖြစ် ပါသည်။ ပုဂံ မင်းနေပြည်တော်မှာ ဗဟိုချုပ်ကိုင်မှု ကင်းကွာပြီး သူတလူ ငါတမင်းဖြစ်လာကြကာ အတွင်းပိုင်း လှိုက်စားသော အန္တာရယ်အပြင် ပြင်ပက လာရောက်တိုက်ခိုက်မှုများကြောင့် ဖြစ်သည်။ ပုဂံခေတ်မပျက်သုန်းမီကပင် အင်္သချာင်္(အသင်္ခယာ) ၊ ရာဇသင်္ကြန်၊ သီဟသူရ ရှမ်းညီနောင်သုံးပါးတို့မှ မြင်စိုင်းအရပ်၌ ပင်ယခေတ်ကို တည်ထောင်ပြီးဖြစ်လေသည်။

(င)။ ပုဂံခေတ်ဆိုင်ရာ ကိုးကွယ်မှု။

ဘာသာရေးကိုလည်း ပျူတို့ထံမှ ဆက်ခံခဲ့မည်ဟု ယုံကြည်ရပါ သည်။ မိရိုးဖလာ နတ်ကိုးကွယ်မှုကိုလည်း မစွန့်လွှတ်ခဲ့ကြပေ။နတ်ကိုးကွယ်မှုသည် သရပါတံခါးရှိ အစောင့် နတ်မင်းက သက်သေပင် ဖြစ်သည်။ခရစ်နှစ် ၁၁ ရာစုတွင် ပုဂံရှိ မြန်မာတို့သည် ဗုဒ္ဓသာ သနာ ကိုသက်ဝင်ယုံကြည်ပြီး ဖြစ်နေလေသည်။ မြေပုံဘုရားမှစာ တွေ့ အရ ဗုဒ္ဓကို ကိုးကွယ်သလို၊ ဗောဒိသတ္တကိုလည်း ကိုးကွယ်သည်။ ခရစ်နှစ် ၁၁ ရာစုက ပုဂံရှိ မြန်မာတို့သည်ဗုဒ္ဓ သာသနာကို မဟာ ယာနဂိုဏ်းနှင် ဟိနာယာနဂိုဏ်း နှစ်မျိုးလုံး ကိုးကွယ်ကြသည်။ နိုင်ငံတော်ဆိုင်ရာ အခမ်းအနားများတွင် ဗြဟ္မဏ အယူဖြင့် ဟူးရားခေါ် ပုဏားက အခါပေး၊ ဘိသိတ်ဆက်၊ ထိမ်းမြား လက်ထပ်ပေး စသည်ဖြင့် နတ်ပ သ ခြင်းကိုလည်း လက်ခံလေ့ရှိသည်။ ပုဂံခေတ်အစောပိုင်းနှင့် အလယ်ပိုင်းတို့ တွင် လူအများစုမှာ စာဖတ်တတ်ခြင်း မရှိသေး၍ ဇာတ်တော် များ၊ တရားတော်များကို ဂူဘုရားများ၏ နံရံတွင် ပန်းချီရေးဆွဲ သရုပ် ဖော်ထားခြင်းဖြစ်ပါသည်။ ပိဋိကတ် သုံးပုံမှာ ထိလိုင်မင်း လက်ထက်ကုန်ခါနီးမှ သီဟိုဠ်မှ ရသည်ဟု ကျောက်စာတွင် ရေးထိုးခဲ့ ပေသည်။ ပါ ဋိဘာသာတတ်ကျွမ်းသော ရဟန်းတော် များကို မြန်မာဘာသာ ပြန်စေ၍ ပါဋိသဒ္ဒါကို အလေး ပေးသင်ကြားစေပြီး သဒ္ဒါကျမ်းများ ကိုရေးသားခဲ့ပေသည်။

(စ)။ ပုဂံခေတ်ဆိုင်ရာ သာသနိကအဆောက်အအုံများ။

ပုဂံ အကြောင်းဆိုလျှင် မပါမဖြစ်မှာ ရှေးဟောင်းသမိုင်းဝင် ဒေသ ရှိ စေတီပုထိုးများ အကြောင်းပင်ဖြစ်သည် ။အမျိုးသား စည်းလုံး ရေးမှာ ထိရောက်စွာ အောင်မြင်ခဲ့သော ရလာဒ်အဖြစ် သာသ နိက အဆောက်အအုံများကို အပြိုင်အဆိုင် ဆောက်လုပ် လှူ ဒါန်းခဲ့ နိုင်သည် ။ပုဂံ ခေတ်ပြည့်ရှင်မင်းများသည် ဘုရားကျောင်းကန်များ ဆောက်လုပ်လှူဒါန်းကြပြီး သာသနာ့  ဒါယိကာအဖြစ်ကို ဂုဏ်ယူမြတ်နိုးစွာ ခံယူကြလေသည် ။ ပုဂံပတ်ဝန်းကျင်ရှိ ဘုရား၊စေတီ၊ပုထိုးများကို နှစ်အနည်းငယ်းအတွင်း အင်တိုက် အားတိုက်တည်ထားခဲ့ သလောဟုမေးခဲ့လျှင် ။ ပုဂံခေတ်မှာ အနှစ် ၄၀၀ ကျော်ကြာမြင့် ခဲ့ရာ ဤမျှလောက်များပြားသော စေတီပုထိုး တည်နိုင်ရန် အချိန်ကောင်းကောင်းရနိုင်ပါသည်။ လှည်းဝင်ရိုးသံ တညံညံ ဟူ၍ ၄၄၄၆၇၃၃ ဆူတော့မရှိ၊ ရှေး ဟောင်းသုတေသန ဌာနမှရေတွက်ထားသဖြင့် ၂၂၁၇ ဆူ အတိအကျရှိပါသည်။ကမ်းပါးမှာ ကျောက်ကမ်းပါး ဖြစ်၍ ကမ်းပြို သောကြောင့် ရေဆင်းသွားသောစေတီဟူလည်းမရှိနိုင်ပေ ။ စေ တီအချို့မှာ အပျက်အစီးများ၍ အချို့မှာ အပျက်အစီး သိပ်မရှိပေ။ စေတီ တို့မှာစုစုပေါင်း မြေဧရိယာ ၁၆ စတုရန်းမိုင် အတွင်း ဖြန့် ကျက်လျှက် တည်ရှိနေပေသည်။စေတီ၊ ပုထိုးများကို မည်သည့်မင်းတည်ခဲ့သည် ဆိုသည်ထက် တည်ထားပုံ လက်ရာ နှင့်သဏ္ဍာန်ဖြင့်ခွဲခြားလျှင်ပို အဆင်ပြေမည်ဖြစ်၍ အကျမ်းဖျင်း ဖော်ပြရသော်
(၁)။ ခရစ်နှစ် ၁၀ ရာစု တည်ထားသော ရှေးအကျဆုံးစေတီ (ထူပါ) သည် အိန္ဒိယ ဆန်ချီ (ထူပါ) ပုံသဏ္ဍာန်အတိုင်း စက်ဝိုင်း ထက်ခြမ်း၊ ကြက်ဥပုံလုံးလုံး တည်ထားကိုးကွယ်ကြသည်။
(၂)။ ထူပါပုံသဏ္ဍာန် မုန်းပေါင်းပုံကုန်းကြီးကို ခါးရှည်ပေးလျှက် မီးပြောင်းပုံ လုံးလုံးရှည်ရှည် နှင့် ပျူ၊သရေခတ္တရာပုံစံယူလျှက် တည်ထားကိုးကွယ်ကြသည်။( ဥပမာ။ ဗူးဘုရား၊ငကျွဲနား တောင်း၊ လောကနန္ဒာ)
(၃)။ နောက်ပိုင်း တွင် သပိတ်မှောက်၊သင်္ကန်းပတ်တို့ ကိုခေါင်း လောင်းပုံ / ဘဲဥပုံ အသွင်နှင့် စေတီများကို တည်ထားကိုးကွယ် ကြသည်။ ( ဥပမာ။ ရွှေစည်းခုံ၊ ရွှေဆံတော်၊ မင်္ဂလာစေတီ။)
(၄)။ မူလ ဟိန္ဒူကျောင်းကို အလားတူ ပုံစံပြန်လည်ပြုပြင်၍ ဂန္ဓကုဋီတိုက် အဖြစ် ကိုး ကွယ်သည်။( ဥပမာ။ စေတနာကြီး။)
(၅)။ သီဟိုဠ်ကျွန်း( သီရိလင်္ကာ ) ပုံစံကို တိုက်ရိုက်ယူပြီး တည် ထားကိုးကွယ်ကြသည်။( ဥပမာ။ ဆပဋနှင့် ပေပင်ကျောင်း)
(၆)။ ဂူဟဆိုတဲ့ တောင်ကြောပေါ်က သဘာဝလှိုင်ဂူကို အတုယူ ပြီး ဗုဒ္ဓရုပ်ပွားတော် ကိန်းဝပ်စံပယ် ဖို့ တည်ထားကိုးကွယ်ခဲ့ ကြသည်။
(၇)။မြောက်အိန္ဒိယ လက်ရာအတိုင်း တည်ထားကိုးကွယ်ကြ သည်။( ဥပမာ။ အာနန္ဒာ)
(၈)။ ဗဟိုအိန္ဒိယ လက်ရာအတိုင်း တည်ထားကိုးကွယ်ကြ သည်။( ဥပမာ။ မဟာဗောဒိ)
(၉)။ တောင်အိန္ဒိယ လက်ရာအတိုင်း ပြသာဒ်များဖြင့် တည်ထား ကိုးကွယ်ကြ သည်။( ဥပမာ။ ကန်တော့ပလ္လင်၊ စူဠာမုနိ)
(၁၀)။ အဇန္တပုံစံကို အတုယူ၍ ဥမင် လို့ခေါ်တဲ့ ကမ္မဌာန်းထိုင် နိုင်သော ပုံစံဖြင့် တည်ထား ကိုးကွယ်ကြ သည်။( ဥပမာ။ ကျောက်ကူးဥမင်၊ ကျန်စစ်သားဥမင်)
(၁၁)။ ပိဋကတ် သုံးပုံအဖွင့်ကျမ်း များထားသိုရန်ရည်ရွယ်၍ သီမ (သိမ်) ၊ပိဋကတ်တိုက် ပုံစံဖြင့် တည်ထား ကိုးကွယ်ကြ သည်။
(၁၂)။ ကိစ္စတစ်မျိုးထက် ပို၍အသုံးပြုနိုင်ရန် ရည်ရွယ်ချက်ဖြင့် တည်ထား ကိုးကွယ်ကြ သည်။( ဥပမာ။ သဗ္ဗညုဘုရားဟာ ဘုန်း ကြီးကျောင်း၊ ပိဋကတ်တိုက်၊ ဘုရားကျောင်း၊ စေတီ စသည်ဖြင့် လေးမျိုးအသုံးပြုနိုင်ပေသည်။)
(၁၃)။ အလင်း၊ အမှောင်၊ မလင်းမမှောင် အခြေအနေဖြင့် စေတီကို တည်ထား ကိုးကွယ်ကြ သည်။( ဥပမာ။ ပုဂံ ခေတ်ဦး ဘုရားကျောင်းအတွင်းပိုင်းဟာမှောင်နေတတ်သည် ( အဘယ်ရတနာ)၊ ခေတ်နှောင်း ဘုရားကျောင်း အတွင်းပိုင်းများ တွင် မြင်သာထင်သာ လင်းလင်းထင်းထင်း ရှိသည် ( သဗ္ဗေညု) ကြားကာလ ဘုရားတွင်တော့ မလင်းမမှောင်ပုံစံရှိသည် (အာနန္ဒာ) )
(၁၄)။ စေတီအကြီး ပြိုကျ၍ ပေါ်တော်မူ ဟုလူသိများသော ပုဂံ ခေတ် မူလဟန် အပြည့်အဝရှိသော စေတီလေးများ လည်းရှိ သည်။
ဘုရားထီး/ မကိုဋ်သည် မြန်မာတို့၏ မူပိုင်တီထွင်မှု ဖြစ်ပြီး ခရစ်နှစ် ၁၄ ရာစုနှစ်ရောက်မှ ဘုရားစေတီ တို့တွင် အသုံးပြု သည်ဟုမှတ်သားရပါသည်။ ဘုန်းကြီးကျောင်း၊ ဘုရားကျောင်း များကို အုတ်သက်သက်နှင့် အပြင် ၊ အုတ်နှင့် ကျွန်းသစ်ရော၍ လည်း တည်ဆောက်လေ့ရှိပါသည်။ ပိဋကတ် ပရိယတ္တိကိစ္စကို ဦးစားပေးလေ့ရှိပြီး စာသင်ကျောင်းများကို ကျောင်းဦးစေတီ၊ ပိဋ ကတ်တိုက်၊ ဓမ္မသာလ ခေါ် ရဟန်းတို့တရားဟောပြောရာနေ ရာ၊ ရဟန်းတွေ ဥပုသ်ပဝရနာ ပြုသောသိမ် ကျောင်းထိုင်သီတင်း သုံးရာကျောင်း တိုက်တို့ကို တံတိုင်းတထပ်ဖြင့် ဝန်းရံထားသည်။ အပြင်တံတိုင်းအတွင်း စာသင်ရဟန်းငယ်တို့အတွက် သီးခြား အရန်ကျောင်းဆောင်များကို ဆောက်ပေးထားသည်။ တရား တော်များကျင့်ကြံရန် ပဋိပတ္တိ ကျောင်းများကို နောင်တွင် တည် ဆောက်လာခဲ့သည်။

(ဆ)။ ပုဂံ ဘုရားကျောင်းများတွင် တွေ့ရတတ်သော တံဆိပ်လက္ခဏာ ရည်ညွှန်းချက်။

ပုဂံဘုရားကျောင်းများတွင် တွေ့ရတတ်သောအလှဆင်ပစ္စည်း များကို ပဒုမ္မာကြာဖြူ၊ ကောကနဒ ကြာနီပွင့် ၊ အရွက်၊ အရိုး၊ အခွေ၊ အလိပ် ပုံစံတို့ဖြင့် ဂူဘုရားနံရံ၊ မျက်နှာကြက်၊ မုခ်အဝင်၊ အထွက်ပေါက်တို့မှာ တွေ့ရပါသည်။ အလှသဘောနှင့် ရည်ညွှန်းရာ ယှဉ်တွဲနေပြီး ကြာပန်းဆိုသည် စင်ကြယ်ခြင်း၊ သန့် ပြန့်ခြင်း၊ မွှေးမြခြင်းအပြင် ကြာ၏ဂုဏ်သတ္တိ ရွှံ့ညွှန်ထဲမှ သန့်စင်ကြီးကြယ်သော အဓိပ္ပါယ်ကိုပါ ယူထားသည်။ ပန်းအခွေ အလိပ် " ဝလုံး " သည် အဆုံးမရှိသဘောကို ရည်ညွှန်းပါသည်။ မာန်နတ်၏သမီးသုံးယောက်သည် လောဘ၊ဒေါသ၊မောဟ၊ စင်္ကြာပုံသည် မြတ်စွာဘုရား တရားဦးဟောပုံ၊ ပလ္လင်၊ ဗောဓိ ၊ခြင်္သေ့၊ မီးတောက်မီးလျှံ၊သည် သဗ္ဗညုတဥာဏ်တော်ရပုံ၊နွားလားမှာ ဖွားမြင်ချိန်၊ ဆင်ဖြူတော်မှာ ပဋိသန္ဓေယူပုံ၊မြင်းပုံမှာ တောထွက်ခန်း၊ သိရီနတ်သမီးသည် ကျက်သရေ ဆောင်ရာ၊ဘီလူးသည် အစောင့်အရှောက်၊ အမိ၊အဖသည် အသိနှင့် လက်တွေ့၊ ဖောင်းရစ်သည် ဖြစ်ခြင်း၊ ပျက်ခြင်း စသည် ဖြင့် လက်လှမ်းမီရာ တံဆိပ်လက္ခဏာ ရည်ညွှန်းချက်ကို တင်ပြ လိုက်ပါသည်။ အိန္ဒိယအရင်းခံ ပုံပြင်၊ လက်ရာ များဖြစ်နေ၍ ခြေဟန်၊လက်ဟန်၊အဝတ်ကအစ အိန္ဒိယ အငွေ့အသက် မကင်းပေ။ လူသဏ္ဍာန်၏ လက်ဟန်၊ ခြေဟန်၊ အမူအရာ နှင့်လည်း သရုပ်ဖော် တတ်ပါသည်။

(ဇ)။ ပုဂံခေတ် လောကီဆိုင်ရာ အဆောက်အအုံ။

ပုဂံခေတ်တွင် အရှင်သခင် မင်းတရားစံတော်မူရာ အဆောက်အအုံကို အိမ်တော်ဟုခေါ်သည် ။ အိမ်တော်/ နန်းတော်ကြီး ကို ကျွန်းသစ်ဖြင့်သာ ဆောက်လုပ်လေ့ရှိသည်။အိမ်တော်သည် အရှင်ဘုရင် နေထိုင်ရာ အဆောက်အအုံဖြစ်၍ ကြီးကျယ်ခမ်းနားလှမည် ဟုထင်လျှင်မှားပေမည် ။ ၎င်းတို့ ဆောက်လုပ်လှူဒါန်းထားသော ဘုန်းကြီးကျောင်း များ လောက် ပင်ထည်ဝါမှုမရှိချေ။ အမိုးကိုလည်း ပျဉ် အုတ်ကြွပ်၊ မြေအုတ်ကြွတ်ဖြင့် မိုးပါသည်။ အိမ်တော်ကို တံတိုင်း ၊ ကျုံးဖြင့် ဝန်းရံသည်။တံတိုင်းတစ်ဖက်တွင် အဝင်ပေါက်နှင့် တံခါး သုံးခုစီ ထားလေ့ရှိသည်။ မြို့တော်၏ အဝန်းအဝိုင်းမှာ တစ်မိုင်စတုရန်းနီးပါးရှိသည်။ အိမ်တော်ကား ထိုအဝန်း အဝိုင်း ၏ အလယ်ဗဟိုတွင် ရှိသည်။ ထိလိုင်မင်း၏ နန်းတည်ကျောက် စာအရ နန်းတော်ကို ပစ္ဆရံငါးဆင့်၊ ဘုံငါးဆင့်နှင့် အလယ် ပြသာဒ် ကြီးတစ်ဆောင်၊ ဘုံသုံးဆင့်နှင့် လေးမျက်နှာ ပြသာဒ်ငယ် လေးဆောင် စသည်ဖြင့် တည်ဆောက် ထားသည်။ပြသာဒ်ငယ်လေးတွေနဲ့ ရေချိုးဆောင် ၊ပလ္လင်ဆောင်၊ဇေတဝန်ဆောင် ၊ အမိုး၏အလယ် ပေါ်တဆင့်ပါသော ဝင်းတံခါး လေးပေါက်တို့ ပါရှိပါသည် ။တံခါးနှင့် ပြတင်းတွေမှာ စုလစ် မွန်းချွန်များတန်ဆာ ဆင်ယင်ထားပါသည်။ ပင်မအဆောင်ကို တောင်မြောက် အကန့် နှင့်တကွ၊ ရာဇပလ္လင်ထားရှိရာ အရှေ့ခန်းနှင့် စုရုံးရာ အနောက် ခန်းတို့လည်း ပါဝင်ပေသည်။ ဤပြသာဒ် ကြီးကို အခြွေအရံ အ သင်းအပင်း တို့ နေစရာ အဆောင် ဆောင်နှင့် တွဲလျက် တည် ဆောက်ထား ပါသည်။ နံရံဆေးရေး ပုံအရဆိုလျှင် ပြသာဒ် ဆောင်မသည် ဘုံအဆင့်ဆင့်ဖြစ်၍ တဆင့်ထက် တဆင့် ငယ် သွားရာ ပြသာဒ်ထိပ်ဖျားသည် ချွန်သော သဏ္ဍာန်ဖြစ်နေပေ သည်။အရှေ့တောင်အာရှတွင် အတွေ့များသော ပုံသဏ္ဍာန် ဖြစ်ပြီး ခမ်းနားထည်ဝါမှုရှိလှပေသည်။ ဆောက်လုပ်ရေးတွင် ထိပ်တန်း အလေးထားကြသည်မှာ နတ်ကန်တော့ခြင်း၊ နေ့ကောင်း ရက်သာရွေးခြင်း နှင့် လောကအစီအရင် တို့ဖြစ်သည်။ ပုဂံခေတ်အတွင်း နန်း အသစ်တည်ဆောက်ခဲ့သော ဘုရင်မှာ ထိလိုင်မင်းနှင့် ဤတဝ် သျင် မင်းနှစ်ပါးဖြစ်သည်။ ပုဂံခေတ်ဆိုင်ရာ လူနေအဆောက်အ ဦးတို့မှာ သစ်၊ဝါး၊သက်ငယ် တို့နှင့်သာ တည်ဆောက်ထားပါ သည်။

(စ်)။ ပုဂံခေတ် ဘာသာစကားနှင့် စာအရေးအသား ။

အနိရုဒ္ဓလက်ထက်က နိုင်ငံသုံး၊ မင်းသုံး ဘာသာစကားမှာ သက္က တ၊ ပါဠိ နှင့် မွန် ဖြစ်ပါသည်။ ဝဇြာဘရဏ(စောလူး) လက်ထက် တွင် ပါဠိ ကိုအသုံးများသည်။မွန် ဘာသာဖြင့်လည်း အနည်းအ ပါးရေးသည် ။ ထိလိုင်မင်း( ကျန်စစ်သား) လက်ထက်တွင်တော့ မွန်ဘာသာကို ထူးထူးခြားခြား အသုံးများ သည်။ ထိလိုင်မင်း၏ သားတော် ရာဇကုမာရ်ကတော့ မွန်၊ မြန်မာ၊ ပျူ၊ ပါဠိ လေးမျိုး သုံးခဲ့သည်။ ထိလိုင်မင်း၏ မြေးတော် ပထမစည်သူ( အလောင်း စည်သူ) လက်ထက်တွင် ပါဠိ ဘာသာကို ကောင်းမွန်ခံ့ညား အောင် စီကုံးရေးစေ၍ သက္ကတဖြင့် နိဂုံးရေးသည်။ မွန်ဘာသာ ကိုလည်း လက်မလွှတ်သေး၊ မြန်မာစာနှင့် ကျောက်စာများ လည်းတွေ့နိုင်သည်။ ဒုတိယစည်သူ လက်ထက်တွင်တော့ မြန်မာဘာသာကို အဓိက အလေးပေးခဲ့သည်။ ပျူဘာသာ ကွယ်ပျောက်သွားပြီး၊ မွန်ဘာသာကတော့ ပျောက်လုနီးပါး ဖြစ်နေပေပြီ။သက္ကတဘာသာကိုမူ သိသူရှားပါးလျက်ရှိပြီး၊ ပါဠိ ဘာသာသည်ကား ရဟန်းတို့သာ အသုံးပြုကြတော့သည်။
စာအရေးအသား ကိုလေ့လာရလျှင်လည်း ပျူ၊ မွန်၊ မြန်မာ စာတို့ သည် ဗြဟ္မီ အက္ခရာ ပုံစံကို ယူပြီးရေးသားခြင်းဖြစ်၍ ဗြဟ္မီစာ ရေး သလို ဘယ်ဘက်မှ ညာဘက်သို့ရေးသား သည်ကိုတွေ့နိုင်ပါ သည်။ပျူစာရေးနည်းကို ပုဂံခေတ်အထိ မတိမ်ကောပဲ ဆက် လက်သုံးစွဲလျက်ရှိသည်။ သို့သော် မြန်မာစာရေးနည်းကိုမူ တောင်ပိုင်းအိန္ဒိယ ကာည္စိပူရရေး နည်းကို မဲနမ်မြစ်ဝမ်း၊ ဒွါရဝတီ ဖက်မှသွင်းလာသော မွန်စာရေးနည်း ကိုဆက်ခံပါသည်။ စာလုံး ပေါင်းရာမှာ အက္ခရာကိုသုံးပြီး အသံထွက်အတိုင်း ရေးရခြင်း ဖြစ်၍ အိန္ဒိယ အက္ခရာနှင့် လိုချင်တဲ့ ပုံစံရအောင် ရေးယူရာမှာ လို အပ်၍ တည်ထွင်ရခြင်း မျိုးလည်း ရှိပေသည်။ ရိုးရာဓလေ့ကို ရှေး အခါက သားစဉ် မြေးဆက် နှုတ်တက်အာဂုံဆောင် ထိမ်းသိမ်း လာပြီး ခရစ်နှစ် ၁၃ ရာစုရောက်မှ စာနှင့် ချရေးခဲ့ပေသည်။ကနဦးတွင် မွန်ယဉ်ကျေးမှု လွှမ်းမိုးမှု ကို သိသာထင်ရှားစွာ တွေ့ နိုင်ပြီး နောက်ပိုင်းတွင် သီရီလကာင်္ နန်းတွင်း၏ သြဇာအာဏာ အတော်ပင် သက်ရောက်ခဲ့  သည်ကို လေ့လာတွေ့ ရှိရ ပေသည်။

(ည)။ ပုဂံခေတ် စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး၊ ယဉ်ကျေးမှု။

တိုင်းပြည်၏ ပဓာနစီးပွားရေးမှာ စိုက်ပျိုးရေးဖြစ်သည်။ ဆည်ရေ သောက်လယ်များသည် အဓိက ပင်မစီးပွားရေးလုပ်ငန်းဖြစ်၍ အထွက်ပိုလျှံလာသောအခါ စားသုံးရမကုန်နိုင်ပဲ စီးပွားရေး အမြင်ဖြင့် ရောင်းချရန်ဟူသော သဘောများဝင်လာနိုင်သည်။ ရေလုပ်ငန်း၊ဆားလုပ်ငန်း၊ ကျောက်သံ ပတ္တမြားတူးဖော်ရေး လုပ်ငန်း၊ငွေ၊ခဲ၊ကြေးနီ ထုတ်လုပ်ရေး လုပ်ငန်းများလည်း လုပ် ကိုင်ဟန်ရှိပေသည်။ အနိရုဒ္ဓါလက်ထက်တွင် နိုင်ငံတကာနှင့် ဆက်ဆံရေးပြေပြစ်ခဲ့ပေသည်။ ထိုမင်းလက်ထက်တွင် မြန်မာတို့သည် တောင်ဘက်မလေး၊ အနောက်ဘက်အိန္ဒိယ ၊ အိန္ဒိယမှတဆင့် အာရေဗျ ၊ မြောက်ဘက် တရုတ်၊ အရှေ့ဘက် ဖုနန်(ကမ္ဘောဇ) အထိ ကုန်းလမ်း၊ ရေလမ်း အဆက်အသွယ်ပြု လျက် ရှိနေပေပြီဖြစ်သည် ။မြစ်ဝကျွန်းပေါ်ဒေသကို အလိုပြည့် ရာမှ သီဟိုဠ်နှင့်လည်း ဆက်ဆံရန် အခွင့်အရေး ရခဲ့ပေသည်။ အိန္ဒိယ မှ ဆေးဘက်ဝင် ပစ္စည်းများကို တင်သွင်းလျက်ရှိနေပေပြီ ဖြစ်သည် ။ ထိလိုင်မင်း လက်ထက်တွင် လည်း မွန်-မြန်မာ ချစ်ကြည်ရေးကို ဦးစားပေး ခဲ့၍ မွန်သွေးပါ သော မြေးတော်ကို နန်းမွေပေးခဲ့ပေသည်။ခရစ်နှစ် (၁၀၀၄) နှင့် (၁၀၀၆)တွင် တရုတ်တို့နှင့် သံအဆက်ဆံပြု ခဲ့ပါသည်။ပုဂံခေတ် အကပညာ သည်ပျူတို့ ထက်သာ လွန်သည် ။လူကိုယ်တိုင်ကပြဖျော်ဖြေသ လိုအရုပ်ကို ကြိုးဆွဲ၍လည်း ဖျော်ဖြေတတ်ကြသည်။မင်းခမ်း မင်းနားများတွင် ပျူဆိုင်းဝိုင်း၊ မွန်ဆိုင်းဝိုင်း၊ မြန်မာဆိုင်းဝိုင်း များနှင် အသုံးတော်ခံလေ့ရှိပေသည်။

ပုဂံခေတ် ဝတ်စားဆင်ယင်ပုံ။

အိန္ဒိယယဉ်ကျေးမှုကို ပင် လက်ခံ၍ အိန္ဒိယ အဝတ်တချို့ကို အခြေခံလျက် မြန်မာဓလေ့နှင့် ကိုက်ညီအောင် တီထွင်အသုံးပြု လာပါသည်။ ပုဆိုး၊ လုံချည် စသည်ဖြင့် တောင်ပိုင်း အိန္ဒိယ ဓလေ့ကို အတုယူခဲ့ ကြပါသည် ။ စလွယ်နှင့် ခြေနင်းတို့သည်မှာ လည်း ဤနည်းလည်းကောင်းပင်ဖြစ်သည်။ ပွဲလမ်းတက်ရောက်သောအခါ ဝတ်ဆင်ပုံ မှာတော့ တရုတ်ပုံစံ နှင့် ဆင်တူပေသည် ။ ပုဂံခေတ် အမျိုးသား တို့မှာကိုယ်အထက် ပိုင်း တွင် အဝတ်ရှည်တစ်ခုကို ကိုယ်လုံးတွင် ဘယ်ညာပတ်၍ ဘယ်ပုခုံးပေါ်တွင် ရှေ့စ နောက် စနှစ်ခုလုံးတင်ထား၍ အောက် ပိုင်းတွင် ပုဆိုးကိုခါးတောင်းကျိုက် ထားပါသည်။ အမျိုးသမီး တို့မှာ ရင်စည်းနှင့် ခါးစည်း နှစ်မျိုးသာ ဝတ်ဆင်ထားပေသည်။ အမျိုးသမီး ကိုယ်ဝတ်မှာ တို၍ ဗိုက်သား ပေါ်နေသည်။ အောက်ပိုင်း တွင် အဝတ်စတစ်ခုကို အိန္ဒိယ အမျိုးသမီး တို့ဝတ် သော ဒိုတီကဲ့သို့ဝတ်ဆင်ပေသည်။ ပွဲလမ်း များတွင် ပုဝါကိုရင်သိုင်း ၍ အစကို နောက်တွင်ချထား သောပုံစံ မျိုးဝတ် ဆင်ကြပေသည်။ မင်းတို့သည် သရဖူဆောင်း ၍ နားတွင် နားကင်း၊ နားတောင်း ပန်ထားသည်။ ဆံပင်ရှည်ကို အမျိုးသမီး ကဲ့ သို့ပင်ထုံးဖွဲ့ထားသကိုယ့်၌ရုံသော အဝတ်မှာ စောင်ကြီး တစ်ထည် ဖြစ်ပေမည်။ ပုဂံခေတ် မိဖုရားကဲ့သို့ ၊ အထက်တန်း အမျိုးသမီး တို့သည် ဇာနားပါသော လက်တို ခါးတို ကိုယ်ကျပ် အင်္ကျီဝတ်လျက် ထိုအင်္ကျီမှာ အောက်ဖက်ပိုင်းတွင် အလွန်တို ၏။ အောက်ပိုင်းအဝတ်မှာ ထမီနှင့်မတူပဲ ၊ဒိုတီကဲ့သို့ အဝတ်နှင့် ဆင်တူသည်။ ထိုအထက်တန်း အမျိုးသမီးမှာ ဆံပင်ကို နောက်တွဲချ၍ လှပသော ရတနာကျောက်မျက်ချယ် ရွှေနဖူးစည်း ဆင်ယင်ထားသည်။ ပန်းပွင့်ကြီးနှင့်တူသော နား တောင်းကိုပန် သည်။ လည်ဆွဲတန်ဆာ ကိုဝတ်ဆင်သည်။ လက် ကောက်များ စွာကိုလည်း ဆင်ယင်ထားသည်။ထူးခြားချက်မှာ အမျိုးသား၊ အမျိုးသမီး အားလုံးပင် လက်ဝတ်ရတနာများ ဆင်ယင်လျက် နံရံဆေးရေး ပန်းချီကားများတွင် တွေ့ရသည်။ သနပ်ခါးသွေး၍ လိမ်းသော အလေ့မှာ ပုဂံခေတ်ကပင် ရှိ သည် ကိုတွေ့ရပေ သည် ။
==========

အားပေးမှုကို ကျေးဇူးတင်ပါတယ် ဒီမှာ သွားလိုက်ဦးနော်။
-------------------------------------------------------------------------------------------------------




Translate

သုခအောင် (စာအုပ်စင်)သို့ လာရောက်လည်ပတ်ကြကုန်သောမိတ်ဆွေအားလုံးကိုအထူးကျေးဇူးတင်ပါတယ်၊ အကြံပေးချက်ကို ကြိုဆိုလျက်ပါ။ ဖုန်း- 09-400700358/09-760136274 သို့ဆက်သွယ်အကြံပြုနိုင်ပါတယ်။

Followers