အောင် မိတ္တူ၊ ဖိတ်စာလုပ်ငန်း

အမှတ်(ဗ/၀၂၇)၊ မြို့မ(၁)ရပ်ကွက်၊ ပြည်ထောင်စု(၁)လမ်၊း မောတောမြို့။ဖုန်း-၀၉-၇၆၅၇၀၀၃၅၈ / ၀၉-၇၆၀၁၃၆၂၇၄

အောင်မိတ္တူ၊ ဖိတ်စာလုပ်ငန်း၊

အမှတ်(ဗ/၃၀) ပြည်ထောင်စု(၁)လမ်း၊ မြို့မ(၁)ရပ်ကွက်၊ မောတောင်မြို့။ ဖုန်း-၀၉ ၇၆၀၁၃၆၂၇၄ / ၀၉ ၇၆၅၇၀၀၃၅၈

အောင် မိတ္တူ၊ ဖိတ်စာလုပ်ငန်းမှကြိုဆိုပါတယ်ချင်ဗျာ.........

ကွန်ပျူတာစာစီခြင်း၊ မိတ္တူဆွဲခြင်း၊ လိပ်စာကဒ်၊ ဖိတ်စာ၊ ဗီနိုင်းကြော်ငြာများကို အချိန်မှီရနိုင်ပါသည်။

ကြော်ငြာထည့်ရန်။

ဖုန်းနံပါတ်-၀၉၇၇၅၇၈၄၄၃၄

ကြော်ငြာထည့်ရန်။

ဖုန်းနံပါတ်-၀၉၇၇၅၇၈၄၄၃၄

ကြော်ငြာထည့်ရန်။

ဖုန်းနံပါတ်-၀၉၇၇၅၇၈၄၄၃၄

Name

ဖုန်းနံပါတ်-၀၉၇၆၅၇၀၀၃၅၈ သို့ဆက်သွယ်ရန်။

အောင်မိတ္တူမှ ‌ဗီနိင်းကြော်ငြာ၊ ဗီနိုင်းစတေကာ၊ ဖိတ်စာ၊ ဓာတ်ပုံပုံကြီးချဲ့၊ ဘောင်သွင်းဆိုက်စုံရပြီ။

ဖုန်း/09765700358/ 09775784434 သို့ဆက်သွယ်အပ်နှံနိုင်ပါပြီ။ အွန်လိုင်းစနစ်ဖြင့်ဆောင်ရွက်နိုင်ပါပြီ။ အောင်မိတ္တူ၊ မောတောင်မြို့။

Translate

သုခအောင် (စာအုပ်စင်)သို့ လာရောက်လည်ပတ်ကြကုန်သောမိတ်ဆွေအားလုံးကိုအထူးကျေးဇူးတင်ပါတယ်၊ အကြံပေးချက်ကို ကြိုဆိုလျက်ပါ။ ဖုန်း- 09-400700358 /09-775784434 သို့ဆက်သွယ်အကြံပြုနိုင်ပါတယ်ခင်ဗျာ။

Nov 25, 2016

သားသမီးရတနာတွေရအောင် နည်းကောင်းများ

(မိခင်လောင်း၊ ဖခင်လောင်းများအတွက်)
"သားသမီးရတနာတွေရအောင် နည်းကောင်းများ"
 ~~~~~~~~~~~~~~~~~~~~~~~~~

ဦးဇင်းတို့အမေ  မှားခဲ့တာတစ်ခု  ရှိခဲ့တယ်။ 
ဦးဇင်းတို့ ငယ်ငယ်တုံးက  ပြောပြီးပြီ၊ 
အရက်မသောက်တတ်ဘူး၊ ဆေးလိပ်မသောက်တတ်ဘူး ပြောသလိုဘဲ၊ ဖဲမရိုက်တတ်ဘူးလို့ မပြောလိုဘူး။
ဖဲရိုက်တတ်တယ်၊ ဘာဖြစ်လို့ ဖဲရိုက်တတ်သလဲ ဆိုတော့ ဖဲရိုက်တာ ၀ါသနာကို ပါလာတယ်။ 
အဲဒါကို ကြည့်ပြီးတော့၊ အမေက ဘာပြောတယ်ဆိုတော့၊ 
အိုး....“ငါ့သား, ငါ့သား” ငါ့သားဖဲရိုက်တတ်တာ အမေ့ကြောင့်တဲ့။ 

အဖေနဲ့ အမေ အိမ်ထောင်ကျတော့ ကိုယ့်အိုး၊ ကိုယ့်အိမ်လေးနဲ့ နေတဲ့အခါ 
အရပ်ထဲမှာ နာရေးရှိလို့ အဖေ ဖဲသွားရိုက်ရင် အမေကလိုက်သွားတယ်၊ 
ကိုယ်ကလဲ ပါသွားတယ်“ဗိုက်ထဲမှာ” (ရယ်မောသံများ....  )။ 
ရယ်စရာမောစရာ ပြောတာမဟုတ်၊ အမေကိုယ်ဝန်ဆောင်တဲ့အခါ၊  
အမေလုပ်ချင်တာ သွားတဲ့ဆီကို အဲဒီကလေးက (မမြင်ရပေမယ့်)  ဓါတ်ကူးသည်။ 

ပေါ့ပေါ့မလုပ်ပါနဲ့ ။ 
အဲဒီအသိတွေ မရှိလို့လဲ ကိုယ့်သားသမီးကို ဘယ်လိုစောင့်ရှောက်ရမှာလဲ မသိတဲ့ အမေတွေ တစ်ပုံကြီး၊ 
အဲဒီ အသိတွေ မရှိလို့  ကိုယ့်သားသမီးကို ဘယ်လိုစောင့်ရှောက်ရမှာလဲ မသိတဲ့ အဖေတွေ တစ်ပုံကြီး။  

ဦးဇင်းအမေ အဲဒီဟာလေးကို သဘောပေါက်  ကတည်းက
နောင် ဘယ်တော့မှ အဲဒီလိုမျိုး သူ့စိတ်ထဲမှာ လုပ်ချင်စိတ် မရှိတော့။  

အိုး...*#သားကောင်းသမီးကောင်းတို့အမေ ဖြစ်မည့်  ပုဂ္ဂိုလ်တွေ ဂရုစိုက်လိုက်စမ်းပါ။ 
အခုကတည်းက  ကိုယ့်သားသမီးကို လိမ္မာလာစေချင်ရင်၊ 
သားတွေ သမီးတွေ ဗိုက်ထဲရှိရင် မဟုတ်တာတွေ မလုပ်ဖို့၊ မဟုတ်တဲ့ ( ဖဲ၊အရက်၊ နိုက်ကလပ်) အရပ်ဆီကိုမသွားဖို့။ 

ကြည့်.. အဖေသွားတော့  အမေလိုက် အမေလိုက်တော့
ကိုယ်ပါ (ဗိုက်ထဲမှာ) ပါသွားတယ်။ ကိုယ် မမြင်ရပေမဲ့ ဓါတ်ကူးတယ်။
“ငါ့သားရေ အမေမကောင်းတာ။ 
အိမ်မှာ ကျန်ခဲ့ရင် ရရင့်သားနဲ့ ယောက်ျားနောက် လိုက်သွားတယ်၊ 
ဖဲဝိုင်းထဲမှာ ရောက်ဖူးတဲ့အတွက် ဖဲဝါသနာပါတာပဲ” လို့   အမေ  အဲဒီအတိုင်း ဆုံးဖြတ်ထားတယ်။

နားလည်လိုက်စမ်းပါ။ သဘောပေါက်လိုက်စမ်းပါ၊ 
မိဘက သားသမီးကို ချစ်ပေမဲ့ မချစ်တတ်တော့၊ ကိုယ်ဝန်ကြီးနဲ့ ဖဲဝိုင်းသွားမဲ့ ပုဂ္ဂိုလ်တွေ၊ 
အရက်ဆိုင်ကိုသွားမဲ့ ပုဂ္ဂိုလ်တွေ၊ အိုး....  မသင့်တော်တဲ့ အရပ်တွေကိုသွားမဲ့ ပုဂ္ဂိုလ်တွေ ရှိတယ်။ 
တကယ်ပြောရရင် ဟောဒီသားကို ပုံစံသွင်းတာ အမေနဲ့အဖေ၊  
ဟောဒီသမီးကို ပုံစံသွင်းတာ အမေနဲ့အဖေ။ 

ဘုရားရှင်  ကိုယ်တော်မြတ်ကြီး အလောင်းတော် ဟိုး... နတ်ပြည်လောက နတ်နန်းကနေပြီးတော့ 
မယ်တော်မာယာရဲ့ ၀မ်းကြာတိုက်ကို ၀င်မယ်ဆိုတော့ ကြည့်ခြင်းကြီး ငါးပါးနှင့်ကြည့်သည်။ 
နတ်ပြည်ဌာန နတ်လောက က လူ့ပြည်လာမည့် ပုဂ္ဂိုလ်တွေဟာ အရမ်းမလာဘူး  လှမ်းကြည့်တာ။  

လူ့ပြည်ဌာန  လူ့လောကကို   လာတဲ့ပုဂ္ဂိုလ်က ဗြဟ္မာပြည်ကလဲ  လာတယ်၊ နတ်ပြည်ကလဲ  လာတယ်၊   
လူ့ပြည်ကလဲ  လာတယ်၊ 
အပါယ်(၄) ဘုံကလဲ လာတယ်။ 
နတ်ပြည်ကလာမဲ့ ပုဂ္ဂိုလ်တွေကတော့  
ဘယ်သူ့ကို အဖေတော်ရမှာလဲ၊ ဘယ်သူ့ကို အမေတော်ရမှာလဲလို့  ကြည့်နေတယ်။

မိမိတို့ တကယ်တန်း သားကောင်း ရတနာလေးတွေ၊ သမီးကောင်း ရတနာလေးတွေ လိုချင်တယ်ဆိုရင်၊  ဥပုသ်သီလတွေ  စောင့်ထိန်း လိုက်စမ်းပါ၊ 
ငါးပါးသီလကို   ခါးဝတ်ပုဆိုးကဲ့သို့   မြဲလိုက်စမ်းပါ။ 

အဖေကလဲ သီလ၊ သမာဓိ၊ ပညာရှိ၊ အမေကလဲ သီလ၊ သမာဓိ၊ ပညာရှိ။ 
မူးမူးရူးရူး၊ မိုက်မိုက်ကန်းကန်း၊ မဟုတ်တယုတ် လုပ်တာမျိုး မရှိရင် 
နတ်ပြည်ဌာနက နတ်သား၊ နတ်သမီးတွေက 
*အမေတော်ဖို့ရွေးတာ ကိုယ်ပါသည်။ 
*အဖေတော်ဖို့ရွေးတာ ကိုယ်ပါသည်။ အဲဒါပဲ... ။

ကိုယ့်မှာ သားရတနာ၊ သမီးရတနာတွေ ရအောင် ကိုယ်ရွေးလို့ ရသည်။ 
ဒါပေမဲ့ ဒီနည်းတွေ ဘယ်သူမှ မသိကြပါလေ။ 
ဘုရားရှင်တော် ကိုယ်တော်မြတ်ကြီး၏ သာသနာမှာ ကြည်ညိုမီခို အားထားရတဲ့ ဒီလောက်ထိ  
ပညာအသိတရားတွေ  တိုးနိုင်တယ်။ 
      
တကယ်လို့သာ ကိုယ်က သီလလဲမရှိ၊ သမာဓိလဲမပါ၊ ပညာဉာဏ်ကလဲ ဘာမှမရှိဘဲနဲ့  
မူးမူးရူးရူး၊ မိုက်မိုက်ကန်းကန်း၊ အရက်သောက်လိုက်၊ ဖဲရိုက်လိုက်၊ 
ချဲထိုးလိုက်တဲ့ အမေ၊ အဖေမျိုးကို ဘယ်သူဝင်လာမှာလဲဆိုရင်..“လမ်းဘေးက ပြိတ္တာ”။ 
အဲဒီ ပြိတ္တာတွေပဲ ၀င်တော့တာ။ 
ဘယ်နတ်သား၊ နတ်သမီးကမှ စုတေပြီး ၀င်ချင်စိတ်ကို မရှိဘူး။ 
နောင်လာမည့် သားသမီးကို မေတ္တာရှိရင်ပြင်လိုက်စမ်းပါ။  ကောင်းတာလေးကို ကျင့်လိုက်စမ်းပါ။  

အဲဒီလို.. သားသမီးရတနာတွေရအောင် နည်းကောင်းများကို သိရှိနားလည်သဘောပေါက်
ကြပြီး၊ အဖေကလဲ *သီလ၊ *သမာဓိ၊ *ပညာရှိ၊ အမေကလဲ *သီလ၊ *သမာဓိ၊ *ပညာရှိကြကာ၊ 
မိဘတွေ အလိုအပ်ဆုံး ဖြစ်တဲ့   *သားကောင်း  ရတနာ၊ *သမီးကောင်း ရတနာတွေ ရအောင် 
ကိုယ်တိုင် ရွေးချယ်ယူနိုင်သော သူတော်ကောင်းတွေ ဖြစ်ကြပါစေ သတည်း။

{၂၀၀၆ ခုနှစ် ဧပြီလ ၁၅ ရက် မှော်ဘီမြို့၊
သင်္ကြန်တရားစခန်းတွင် ...
ဓမ္မဒူတ အရှင်ဆေကိန္ဒ
ဟောကြားတော်မူသော...
 “ငြိမ်းအေးပါပေစွတကား“တရားတော်မှ
 ကောက်နုတ်ရေးသားပူဇော်ပါသည်။}


        ဦးသိန်းဝေ။
            https://www.facebook.com/thein.wai.167
            http://www.facebook.com/damanadi.tk
            http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။

ပါရမီထိုက်သော အလှူဖြစ်ပါစေ

"... ပါရမီထိုက်သော အလှူဖြစ်ပါစေ ..."
•••••••••••••••••••••••••••••••••

ဥပရိပဏ္ဏာသ ပါဠိတော်၊ ဒက္ခိဏ ဝိဘင်္ဂသုတ်တော်လာ
အလှူခံပုဂ္ဂိုလ် (၁၄)မျိုး

၁ . တိရစ္ဆာန် ။

၂ . ကိုယ်ကျင့်သီလ မရှိသောလူမိုက် ။

၃ . သီလရှိသော လူ၊ သူတော်ကောင်း ။

၎ . သာသနာပ အခါကာလ ကိလေသာ ကင်းအောင် ကျင့်နေ သော ရသေ့ ။

၅ . အရိယာပုဂ္ဂိုလ် (၈)ယောက် ။

၆ . ပစ္စေကဗုဒ္ဓ ခေါ် ဘုရားငယ် (သီးခြားဘုရား) ။

၇ . သမ္မာသမ္ဗုဒ္ဓ ဘုရားရှင် - ဆိုပြီး ခွဲခြား ပြသတော် မူခဲ့ပါတယ် ။

★ ဒီအလှူခံပုဂ္ဂိုလ်(၁၄)ဦးမှာ တိရစ္ဆာန် တစ်ကောင်ကို ကျွေးမွေးလှူဒါန်းရင် ဘဝတစ်ရာ ချမ်းသာတဲ့ ကောင်းကျိုးတွေ ရနိုင်တယ်လို့ မိန့်ပါတယ် ။ ဒါကြောင့် ခွေးလေး၊ ကြောင်လေး တွေကို အစာကျွေး တဲ့အခါ အစာခွက်ကို သေချာ ပြောင်အောင် ဆေးပြီးတော့ လူတစ်ယောက်ကို ကျွေးသလိုမျိုး မြတ်မြတ် နိုးနိုး ကျွေးဖို့ လိုအပ်ပါတယ် ။

★ နောက်တစ်ခုက ကိုယ်ကျင့်သီလမရှိတဲ့ လူမိုက်ကိုလည်း ကျွေးပါ၊ ပေးပါတဲ့။ သူကို ကျွေးရင်ပေးရင် ဘဝတစ်ထောင် ချမ်းသာတဲ့ ကောင်းကျိုးတွေရနိုင်ပါတယ် ။

★ သီလရှိတဲ့ လူ၊ သူတော်ကောင်းကို ပေးလှူရင် ဘဝတစ်သောင်း ချမ်းသာတဲ့ ကောင်းကျိုးတွေ ရရှိနိုင်ပြီး ။

★ သာသနာပ ကာလမှာ ကိလေသာ ကင်းအောင် တရားကျင့်တဲ့ ရသေ့ကို ပေးလှူရင် ဘ၀ပေါင်း ကုဋေတစ်သိန်း ချမ်းသာတဲ့ ကောင်းကျိုးတွေ ရနိုင်ပါတယ် ။

★ အရိယာပုဂ္ဂိုလ် (၈) ယောက်၊ ပစ္စေကဗုဒ္ဓ ခေါ် ဘုရားငယ်၊ သမ္မာသမ္ဗုဒ္ဓ ဘုရားရှင် ဒီ ၁၀ ဦး မှာတော့ ဘယ်သူ့ကို ပင့်လှူလှူ  ဘ၀ပေါင်း မည်မျှ ချမ်းသာမယ် လို့ ငါဘုရား အတတ်မဟောနိုင် ဟုမိန့်ပါတယ် ။
ပုထုဇဉ်ရဟန်း သံဃာတော် များဟာ သောတာပန် အရိယာထဲမှာ ပါတယ်လို့ သိနိုင်ပါတယ် ။

★ အလှူခံ ပုဂ္ဂိုလ်(၁၄) ဦး ရှိတဲ့အထဲမှာ ဘုရားရှင် ကိုယ်တော်မြတ်ကြီးက အကျိုးကြီးတဲ့ ဟာကို "ရွေးလှူဖို့စိတ်နဲ့ ဟောခဲ့တာ မဟုတ်ပါဘူး ။ အကျိုးကွာခြားပုံကို သိစေချင်လို့ " သာ ဟောခဲ့တာ ဖြစ်ပါတယ် ။★

ဒါနမှာ ပါရမီထိုက်သော ဒါနနဲ့ ပါရမီ မထိုက်သော ဒါနဆိုပြီး နှစ်မျိုးကွဲ သွားပုံကိုသိရင် ဘုရားရှင်ရဲ့ အလိုတော်ကို သိနိုင်ပါတယ် ။

ဥပမာတစ်ခုအနေနဲ့ ---
စာဖတ်သူရဲ့ရှေ့မှာ သာသနာပ ကာလ ဈာန်ရနေတဲ့ ရသေ့တစ်ပါးကို တွေ့နေပြီဆိုပါတော့ ။

တစ်ခါ ဟိုဖက်မှာလည်း ခွေးလေး တစ်ကောင်ဟာ အစာငတ်ပြီးတော့ လမ်းဘေးမှာ လဲနေပါတယ် ။

- အလှူခံပုဂ္ဂိုလ် နှစ်မျိုးကို တွေ့နေရပါပြီ ။

- ဈာန်ရနေတဲ့ ရသေ့ကိုလှူရင် ဘဝ ကုဋေတစ်သိန်း ချမ်းသာပါမယ် ။

အစာငတ်ပြီးတော့ လဲနေတဲ့ ခွေးလေးကို ကျွေးရင်တော့ ဘဝတစ်ရာပဲ ချမ်းသာမှာပါ ။

စီးပွါးတွက် တွက်ရင်တော့ ရသေ့ကိုပဲ လှူချင်စိတ်တွေ ပေါ်နိုင်ပါတယ် ။

ဒါန အကြောင်း သေချာမသိတဲ့ လူအများစုဟာ ရသေ့ကိုပဲ ပုံလှူကြမှာပါ ။

ဘာလို့လဲဆိုတော့ ဘဝ ကုဋေတစ်သိန်း ချမ်းသာချင်ကြလို့ပါ ။

ခွေးကို ကျွေးရင်တော့ ဘဝတစ်ရာပဲ ချမ်းသာမယ် ဆိုတော့ သိပ်မလှူချင် ကြတော့ပါဘူး ။

အဲ့ဒိအချိန်မှာ ဘဝ ကုဋေတစ်သိန်း ချမ်းသာကိုပဲ ယူမယ် ဆိုပြီးတော့ ငတ်ပြီးတော့ လဲနေတဲ့ ခွေးလေးကို မကျွေးဘဲ ဈာဉ်ရ ရသေ့ကို သွားပြီးတော့ လှူလိုက်မယ် ဆိုရင် စာဖတ်သူရဲ့ ဒါနဟာ ”ပါရမီ မထိုက်သော ဒါန”
ဖြစ်သွားပါတယ် ။

★ ဘာကြောင့်လဲ ဆိုတော့ "ငါကောင်းစားဖို့ ဆိုတဲ့ ဒိဋ္ဌိနဲ့ လောဘ" ပါသွားလို့ပါ ။ ★

အဲဒီဒါနက နိဗ္ဗာန်သွားဖို့ရာ လမ်းကြောင်း မဖြစ်တော့ပါဘူး ။

စာဖတ်သူလိုချင်တဲ့ "ဘဝပေါင်း ကုဋေတစ်သိန်း ချမ်းသာကောင်းကျိုး” တော့ရပါတယ် ။

နိဗ္ဗာန်ကို ရောက်အောင်တော့ တံတားတစ်ခု မဖြစ်နိုင်ပါဘူး ။

ဗုဒ္ဓဘာသာဝင်တိုင်းရဲ့ ပန်းတိုင်က အို၊နာ၊သေ ဒုက္ခများ ကင်းလွတ်ရာဖြစ်တဲ့ နိဗ္ဗာန်ဖြစ်သဖြင့် ပါရမီထိုက်သော ဒါနများ ဖြစ်နိုင်ရန်သာ ရည်ရွယ် လှူဒါန်း သင့်ပါကြောင်း....

အရှင်ဃောသိတ (ဗုဒ္ဓအလိုကျ မသေခင်ဒါနပြုနည်း) မှ ပူဇော်ပါသည် ။

- မူရင်းတင်ပေးသူအား သာဓုခေါ်ဆိုအပ်ပါသည် ...။


ကာမေသုမှာ ပြုံးပြုံးလေးနဲ့ အပါယ်မှာပြုံးနိုင်ပါ့ မလား

ကာမေသုမှာ ပြုံးပြုံးလေးနဲ့ အပါယ်မှာပြုံးနိုင်ပါ့ မလား
•••••••••••••••••••••••••••••••••••••••••••
ကာမေသုမိစ္ဆာစာရအမှုကို မလွန်ကျူးရ မနေနိုင်ဖြစ်လာတယ်။ ဒါကတော့ လောဘရဲ့ စွမ်းအားပဲ။
ကာမေသုမိစ္ဆာစာရအမှုကြောင့် မုသာဝါဒအရင်းပြုပြီး ကြမ်းတမ်းသော စကား,
အကျိုးမရှိပြိန်ဖျင်းသော စကား အကြောင်းလေးကို မှီပြီး ကဏ္ဏမုဏ္ဍပြိတ္တာအမျိုးသမီးအကြောင်း ပြောပြချင်ပါတယ်။

ဒီဝတ္ထုဇာတ်ကြောင်းကတော့ ကဿပဘုရားရှင်လက်ထက်တော်က စတင်ခဲ့တဲ့ ၀တ္ထုဇာတ်
ကြောင်း ဖြစ်ပါတယ်။ အရောရောအနှောနှောဖြစ်တဲ့ ကံတွေကို ထူထောင်ခဲ့မိတဲ့အတွက် အရောရော
အနှောနှော အကျိုးတရားတွေကို ရရှိတဲ့ ၀တ္ထုဇာတ်လမ်းတစ်ခု ဖြစ်ပါတယ်။

ကဿပဘုရားရှင်လက်ထက်တော်အခါက ကိမိလမြို့မှာ မထင်ရှားတဲ့ သောတာပန် ဥပါသကာ
တစ်ဦးဟာ မိတ်ဆွေ ဥပါသကာ (၅၀၀)တို့နှင့်မျှသော ကုသိုလ်ဆန္ဒရှိသည် အတွက်ကြောင့် အာရာမ်
ဥယျာဉ် စိုက်ပျိုးခြင်း, တံတားတည်ဆောက်ခြင်း, စင်္ကြံလမ်းများဆောက်လုပ်ခြင်း စတဲ့ ကောင်းမှု
ကုသိုလ်တွေကို အတူပြုလုပ်ကြပါတယ်။ သံဃာတော်အတွက် ကျောင်းတိုက်တစ်ခုလည်း တည်ဆောက်ပြီး
တော့ လှူဒါန်းပူဇော်ကြတယ်။ ထိုကျောင်းတိုက်သို့ မိတ်ဆွေတစ်စုတို့ ကြိုးကြားကြိုးကြား
သွားခဲ့ကြပါတယ်။ ထိုဥပါသကာတို့ရဲ့ အိမ်ရှင်မတွေကလည်း အချင်းချင်း အညီအညွတ် ပန်း,
နံ့သာ, နံ့သာပျောင်း စသည်တို့ကို လက်စွဲကာ ရံခါရံခါ ကျောင်းတော်သို့ သွားကြပါတယ်။ သို့သော်
ဒီလို ကျောင်းတော်သို့ သွားတဲ့အခါ လမ်းခုလတ်မှာရှိတဲ့ အာရာမ်ဥယျာဉ် သဘင်စတဲ့ အပန်းဖြေ
ရိပ်သာတွေမှာ ခေတ္တခဏ အပန်းဖြေပြီးတော့မှ ကျောင်းတိုက်သို့ ဆက်လက် သွားကြပါတယ်။

သို့သော် ပြဿနာတစ်ခု ဖြစ်လာပုံကတော့ ဒီလိုပါ။ ဒီအမျိုးသမီးတွေဟာ သီလကို ရိုသေစွာ
စောင့်ထိန်းနေကြတဲ့ အမျိုးသမီးတွေ ဖြစ်ကြပါတယ်။ သူတို့ ခေတ္တအပန်းဖြေရာဖြစ်တဲ့ အပန်းဖြေ
ရိပ်သာတွေမှာ သေသောက်ကြူးတွေက ရှိနေကြပါတယ်။ ဒီအမျိုးသမီးတွေရဲ့ ဥပဓိသမ္ပတ္တိနှင့်
တင့်တယ်စံပယ်ပုံကို ကြည့်ပြီးတော့ ဒီအမျိုးသမီးတွေအပေါ်မှာ တွယ်တာမက်မောလာကြတယ်။
ဒီလိုတွယ်တာမက်မောတဲ့အတွက် သူတို့အချင်းချင်း လောင်းကစားတစ်ခု ပြုလုပ်ခဲ့ကြတယ် --- " ဒီ
အမျိုးသမီးတွေထဲက အမျိုးသမီးတစ်ယောက်ယောက်ကို ဖျက်ဆီးနိုင်တဲ့လူကို အသပြာတစ်ထောင်
ပေးမယ်" လို့ ဒီလိုလောင်းကစား ပြုလုပ်ကြတယ်။ အဲဒီသေသောက်ကြူးတွေထဲက တစ်ယောက်က
သူ ရအောင်ဖျက်ဆီးမယ်လို့ ပြောဆိုပြီးတော့ စောင်းသီချင်းနှင့် စတင်ကာ အဲဒီအမျိုးသမီးတွေကို
မြှူဆွယ်ပါတယ။် 

ကာမဂုဏ်နှင့် စပ်တဲ့သီချင်းတွေကို ချြိုမိန်တဲ့ အသံတို့ဖြင့် သီဆိုကာ ချြိုမိန်တဲ့စောင်းသံ
ဖြင့် မြှူဆွယ်ပါများလာတဲ့အခါ ထိုစောင်းသမားက အမျိုးသမီးတစ်ဦးကို ဖျက်ဆီးနိုင်ခဲ့ပါတယ်။
ဒီအမျိုးသမီးတွေဟာ သီလကို စင်စင်ကြယ်ကြယ် စောင့်ထိန်းနေတဲ့ အမျိုးသမီးတွေ ဖြစ်ကြပါ
တယ်။ ကျောင်းကန်ဘုရားတွေ ဆောက်လုပ်လှူဒါန်းနေတဲ့ အလောဘသမားတွေ ဖြစ်ကြပါတယ်။
သို့သော် သူတို့ရဲ့ အားပျော့နေတဲ့ အလောဘက အားကောင်းမောင်းသန်နေတဲ့ ကာမဂုဏ်၌
တွယ်တာမက်မောမှုဆိုတဲ့ လောဘတရားကို အနိုင်မယူနိုင် ဖြစ်ခဲ့ပါတယ်။ ဒီကာမေသုကို မလွန်ကျူးခင်
ဒီစောင်းသမားနဲ့ အကျိုးမရှိပြိန်ဖျင်းတဲ့ သမ္ဖပ္ပလာပစကားကို ပြောကြဆိုကြတာလည်း မုသားရဲ့အကုသိုလ်တရား
တွေပါဘဲ။  ဒါတွင်မကသေးဘူး၊ နောက်ထပ် အကုသိုလ်အပြစ်တစ်ခု ရှိနေပြန်သေးတယ်။

လောင်းကစားမှုမှာ ရှုံးသွားကြတဲ့ သေသောက်ကြူးတွေက နိုင်တဲ့သေသောက်ကြူး စောင်း
သမားကို အသပြာတစ်ထောင် ပေးလိုက်ရတဲ့အတွက် မကျေနပ်ကြဘူး။ ဒါ့ကြောင့် အဖျက်ဆီးခံရတဲ့
အမျိုးသမီးရဲ့ အိမ်ရှင်ယောက်ျားကို သွားရောက်ကာ တိုင်ကြပြန်တယ်။ ထိုအမျိုးသားက သူ့ရဲ့
အမျိုးသမီးကို စစ်ဆေးမေးမြန်းလိုက်တဲ့အခါ ဒီအမျိုးသမီးက ဘာပြောသလဲ?--- " ကျွန်မဟာ ---
ဒီလိုလုပ်ငန်းရပ်မျိုးကို သိတောင်မသိခဲ့ပါဘူး" လို့ ပယ်ရှားလိုက်တဲ့အခါ ယောက်ျားလုပ်သူက မယုံ
ကြည်တဲ့အတွက် အနီးအနားမှာ ရပ်တည်နေတဲ့ ခွေးကို လက်ညှိုးထိုးပြပြီးတော့ ကျိန်စာဆိုပြန်တယ်။
ဘယ်လိုဆိုသလဲ? --- " အကယ်၍ ကျွန်မဟာ ဒီလိုယုတ်မာတဲ့အမှုကို ပြုခဲ့မိတယ်ဆိုလျှင် ဒီနားရွက်
ပြတ်နေတဲ့ ခွေးနက်ကြီးဟာ ဖြစ်လေရာဘ၀မှာ ကျွန်မကို ခဲစားနိုင်ပါစေ"လို့ ဒီလို သူက ကျိန်စာဆို
လိုက်တယ်။ အဖော်ဖြစ်ကြတဲ့ အမျိုးသမီး (၅၀၀)တို့ကလည်း ဒီအမျိုးသမီးဟာ ကာမေသုမိစ္ဆာစာရ
ဆိုတဲ့ ယုတ်မာတဲ့လုပ်ငန်းရပ်ကို လွန်ကျူးခဲ့သူ ဖြစ်တယ်ဆိုတာကို သိပါလျက် " ဒီအမျိုးသမီးဟာ
ဒီလိုယုတ်မာတဲ့ အမှုကို ပြုလုပ်လွန်ကျူးသလား, မလွန်ကျူးဘူးလား" လို့ ဒီလိုမေးလိုက်တဲ့အခါ
သူတို့တစ်တွေက ဘာပြန်ပြောကြသလဲ? " ကျွန်မတို့ဟာ ဒီလိုယုတ်မာတဲ့အမှုကို မသိကြပါဘူး" လို့
ဒီလိုမုသားစကား ပြောပြီးတော့ သူတို့တစ်တွေကလည်း ကျိန်စာဆိုကြပြန်တယ်။ 

ဘယ်လို ဆိုကြသလဲ? --- " အကယ်၍ ကျွန်မတို့တစ်တွေဟာ ဒီလိုပြစ်မှုကို လွန်ကျူးတာကို သိကြတယ်ဆိုလျှင်
ဘ၀တိုင်း ဘ၀တိုင်းမှာ ဒီအမျိုးသမီးရဲ့ ကျွန်မတွေ ဖြစ်ကြရပါစေ" လို့ ဒီလိုကျိန်စာဆိုကြတယ်။
ဒီအချက်တွေကတော့ ဒီအမျိုးသမီးတစ်စုတို့ ဆည်းပူးစုဆောင်းခဲ့ကြတဲ့ ကုသိုလ်တွေနှင့်
အကုသိုလ်တွေ ဖြစ်ကြပါတယ်။ ကုသိုလ်တရားတွေမှာ အလောဘ, အဒေါသ, အမောဟဆိုတဲ့
အကောင်းဓာတ်တွေက ဦးဆောင်နေကြပေမဲ့လို့ နည်းနည်းတော့ အားပျော့နေပါတယ်။ ဒီလို အား
ပျော့တဲ့အတွက် လောဘ, ဒေါသ, မောဟဆိုတဲ့ မကောင်းဓာတ်တွေက အားကောင်းလာခဲ့ကြတယ်။

ကာမေသုမိစ္ဆာစာရအမှုကို မလွန်ကျူးရ မနေနိုင်ဖြစ်လာတယ်။ ဒါကတော့ လောဘရဲ့ စွမ်းအားပဲ။
ဒီအပြစ်ကိုလည်း လိမ်လည်ကာ ဖုံးလွှမ်းကြပြန်တယ်။ ဒါလည်း လောဘတစ်မျိုး ပြဓာန်းလျက် ရှိနေပါတယ်။ ဒီလိုပြစ်မှုကို လွန်ကျူးခဲ့တဲ့ အမျိုးသမီးဟာ မိမိရဲ့ ပြစ်မှုကို အမှတ်ရတိုင်း နောင်တတစ်ဖန်ပူပန်မှုဆိုတဲ့ စိတ်နှလုံးမသာယာမှု ဒေါသပြဓာန်းနေတဲ့ဒေါမနဿဝေဒနာကနှလုံးအိမ်အတွင်းမှာလောင်မြိုက်နေတဲ့အတွက် တဖြည်းဖြည်း အသားအရေတွေ ခြောက်သွေ့လာခဲ့တယ်။ ဒီစိတ်မချမ်း
သာမှု အကုသိုလ်တရားက လွှမ်းမိုးဖိစီးခံရတဲ့အတွက် မကြာမီအချိန်ကာလမှာပဲ ကွယ်လွန်သွား
တယ်။ အားပျော့နေတဲ့ အဒေါသတရားက အားကောင်းနေတဲ့ ဒေါသတရားကို တစ်နည်းပြောရ
လျှင်တော့ ဒေါသပြဓာန်းနေတဲ့ ဒေါမနဿဝေဒနာကို အနိုင်ယူဖို့ရန် မစွမ်းနိုင် ဖြစ်ခဲ့ရပါတယ်။

ကွယ်လွန်ပြီးတဲ့အခါ မိမိလွန်ကျူးခဲ့တဲ့ အကုသိုလ်ကံတွေရဲ့ စွမ်းအားကြောင့် ဟိမ၀န္တာတောင်
အရပ်ဝယ် အိုင်ကြီး (၇)အိုင်တို့တွင် တစ်ခုအ၀င်အပါဖြစ်တဲ့ ကဏ္ဏမုဏ္ဍအိုင်အနီးအရပ်မှာ ဝေမာနိက
ပြိတ္တာမ ဖြစ်သွားခဲ့ရပါတယ်။ သူ့ရဲ့ ဗိမာန်အနီးအနားမှာလည်း သူ့ရဲ့ အကုသိုလ်ကံနှင့် လျော်ညီစွာ
ရေကန်တစ်ခု ဖြစ်ပေါ်ခဲ့ပါတယ်။ ကြွင်းကျန်ကြတဲ့ အမျိုးသမီး (၅၀၀)တို့ဟာလည်း ကွယ်လွန်သွား
ကြတဲ့အခါ မုသားပြောဆိုကြကာ ကျိန်စာဆိုခဲ့ကြတဲ့အတွက် ထိုပြိတ္တာအမျိုးသမီးရဲ့ ကျွန်မတွေပဲ
ဖြစ်လာကြရတယ်။

 သို့သော် ဒီပြိတ္တာမဟာ တစ်ချိန်က လူ့ဘ၀မှာ တစ်ဖက်က ကောင်းမှုကုသိုလ်တွေ
ကိုလည်း ပြုစုပျိုးထောင်ခဲ့တဲ့အတွက် နေ့အခါမှာ နတ်စည်းစိမ်တမျှကြီးမားတဲ့ ချမ်းသာသုခတွေကို
ခံစားရပါတယ်။ သို့သော် ညဥ့်တစ်ဝက်လောက် ရောက်လာတဲ့အခါမှာ မိမိ လွန်ကျူးခဲ့တဲ့ အကုသိုလ်ကံရ
ဲ့ စွမ်းအားက လှုံ့ဆော်တိုက်တွန်းလိုက်တဲ့အတွက် အိပ်ရာမှ ထပြီးတော့ ရေကန်အနီး ကမ်းပါးသို့
သွားခဲ့တယ်။ အဲဒီရေကန်အနားမှာ သူ့ရဲ့ အကုသိုလ်ကံကြောင့်ပဲ ဆင်ပေါက်လောက်ရှိတဲ့ ခွေးနက်ကြီး
တစ်ကောင်ဟာ ဖြစ်ပေါ်လာခဲ့တယ်။ အဲဒီခွေးနက်ကြီးက နားရွက်ကလည်း ပြတ်နေတယ်။ ကြောက်
မက်ဖွယ်ကောင်းလှတဲ့ အသံနှင့် ဟောင်ပြီးတော့ ဒီအမျိုးသမီးထံကို ပြေးလာတယ်။ ထက်မြက်တဲ့
အစွယ် ထက်မြက်တဲ့ ခြေသည်း လက်သည်း ကြီးမားတဲ့လျှာတွေကို ထုတ်ပြီးတော့ ဒီအမျိုးသမီးကို
အတင်းဝင်ကိုက်တော့တယ်။ မြေပေါ်မှာ လဲကျစေတယ်။ အလွန်ဆာလောင်မွတ်သိပ်ခြင်းဖြင့် အနှိပ်
စက်ခံနေရသလို ဒီအမျိုးသမီးကို အရိုးမျှသာ ကြွင်းကျန်တဲ့အထိ ခဲစားလေတော့တယ်။ စားပြီးတာနှင့်
အရိုးတွေကို ရေကန်ထဲကို ပစ်ချလိုက်တယ်။ အဲဒီလို ပစ်ချပြီးတာနှင့် ဒီခွေးကြီးဟာ ပျောက်ကွယ်သွားခဲ့တယ်။ ဒီခွေးဟာ တကယ့်ခွေးအစစ် မဟုတ်ပါဘူး၊ ဒီအမျိုးသမီးရဲ့ လွန်ကျူးခဲ့တဲ့ အကုသိုလ်ကံကြောင့် ဖြစ်ပေါ်လာတဲ့ အကုသိုလ်ကံက ဖန်တီးပေးလိုက်တဲ့ ခွေးသာ ဖြစ်ပါတယ်။ ဒီလိုခွေးကြီးကအရိုးတွေကို ရေကန်ထဲ ပစ်ချပြီးတော့ ပျောက်ကွယ်သွားသည်နှင့် တစ်ပြိုင်နက် ဒီအမျိုးသမီးဟာပင်ကိုပကတိ ဝေမာနိကပြိတ္တာမအသွင်သို့ ပြန်လည်ရောက်ရှိသွားပါတယ်။ ဒါလည်း မိမိလွန်ကျူးခဲ့တဲ့အကုသိုလ်အရှိန်အ၀ါတွေက မကုန်သေးတဲ့အတွက် နောက်ထပ် ၀ဋ်ကြွေးတွေ ခံရဖို့ရန် မိမိ လွန်ကျူးခဲ့တဲ့ အကုသိုလ်ကံက ထပ်မံကာ ဖန်တီးပေးလိုက်ခြင်း ဖြစ်ပါတယ်။

ဒီပြိတ္တာမကတော့ " နေ့စံ, ညခံ "ဆိုတဲ့ ဝေမာနကိ ပြိတ္တာမျိုး ဖြစ်ပါတယ။် ပကတိပြိတ္တာအသွင်ကို ရရှိပြီးတဲ့အခါ အိပ်ယာထဲသို့ 
သွားရောက်ကာ တစ်ဖန် အိပ်စက်ပြန်တယ်။ ဒီလို သုခ ဒုက္ခတွေကို ဘယ်လောက်ကြာကြာ ခံနေရ
သလဲ? နှစ် ရာပေါင်းများစွာ ခံနေရပါတယ်။ အဖော်ဖြစ်ကြတဲ့ အမျိုးသမီး (၅၀၀)တို့ကတော့
သူ့ရဲ့ ကျွန်မတွေဖြစ်ကာ ဆင်းရဲဒုက္ခကို ခံစားနေကြရပါတယ်။

ဒီနေရာမှာ ဒီလို သူ့သားမယားကို ဖျက်ဆီးနေတဲ့ ယောက်ျားယုတ်တွေကကော အပြစ်မရှိတော့
ဘူးလားလို့တော့ မေးစရာရှိပါတယ်။ အပြစ်ရှိပါတယ်။ ဒီမကောင်းမှု အကုသိုလ်ကံတွေဟာလည်း
သေသည်၏ အခြားမဲ့၌ ငရဲသို့ရောက်အောင် ပို့ဆောင်ပေးနိုင်ပါတယ်။ ပြိတ္တာဘုံဘ၀သို့ ရောက်အောင်
တိရစ္ဆာန်ဘုံဘ၀သို့ ရောက်အောင်လည်း ပို့ဆောင်ပေးနိုင်ပါတယ်။ ဟို --- အင်္ဂုတ္တိုရ်ပါဠိတော်
အဋ္ဌကနိပါတ် ဒုစ္စရိတ၀ိပါကသုတ္တန်၄၂၉မှာ ဘုရားရှင်က ဟောကြားထားတော်မူခဲ့ပါတယ်။ ဒီနေရာ
မှာတော့ ကဏ္ဏမုဏ္ဍပြိတ္တာအမျိုးသမီးကဲ့သို့ ပြိတ္တာဘုံဘ၀ရောက်ရှိသွားတဲ့ ယောက်ျား ပြိတ္တာတစ်ဦးကို စတုတ္ထ
ပါရာဇိကသိက္ခာပုဒ်၄၃၀မှာ ဖော်ပြထားပါတယ်။

အဲဒီ ပြိတ္တာဟာ လူ့ဘ၀တုန်းက သူ့သားမယားတွေကို ဖျက်ဆီးခဲ့ဖူးတဲ့ မစင်ဘင်ပုပ်နဲ့တူတဲ့
သူ့သားမယားတွေရဲ့ အတွေ့ဖောဋ္ဌဗ္ဗာရုံ ချမ်းသာသုခကို မက်မောတဲ့စိတ်ဓာတ်ဖြင့် ကာမဂုဏ်ချမ်း
သာကို မွေ့လျော်ပျော်ပိုက်ခဲ့တဲ့သူ ဖြစ်ပါတယ်။ ဒီမကောင်းမှု အကုသိုလ်ကံနှင့် တူညီစွာ မစင်ဘင်ပုပ်
အတွေ့အထိလို့ဆိုတဲ့ ဆင်းရဲဒုက္ခကို ခံစားဖို့ရန်အတွက် မစင်တွင်းထဲမှာ နစ်မြုပ်နေရတဲ့ ပြိတ္တာတစ်ဦး
ဖြစ်နေခဲ့ပါတယ်။သူ့ရဲ့ အလောဘက အားကောင်းမောင်းသန်နေတဲ့ ကာမဂုဏ်၌ မတရားသော နည်းလမ်းဖြင့်
မွေ့လျော်ပျော်ပိုက်ခြင်းဆိုတဲ့ လောဘတရားကို အနိုင်ယူဖို့ရန် မစွမ်းနိုင်ခဲ့တဲ့အတွက် ဒီလိုလောဘ
ဦးဆောင်နေတဲ့ အကုသိုလ်တရားရဲ့ စွမ်းအားကို ခံစားနေရခြင်းပဲ ဖြစ်ပါတယ်။

(၄၂၇ မဃဒေ၀၊စာပိုဒ်၊၂၈၉။ ပေတ ။ ဋ္ဌ ၊၁၄၀ )

" ဖားအောက်တောရဆရာတော် "
Bhikkhu's Dhamma
https://www.facebook.com/Bhikkhu.BuddhaDhamma/

http://bhikkhudhamma.blogspot.com/


မြတ်ငြိမ်း" စာအုပ်များ (၈) အုပ် စုစည်းမှု

မြတ်ငြိမ်း" စာအုပ်များ (၈) အုပ် စုစည်းမှု

၁။ ဖေဖေပေးခဲ့မယ့်အမွေ

Download .pdf

၂။ ဘယ်သူ.ဒိန်ခဲငါနေရာရွှေ.လို.ရမလဲ

Download .pdf

၃။ လက်ဆောင်မွန်


၎။ ဘ၀အမောများငြိမ်းစေသတည်း
Download .pdf

၅။  ဘ၀ကိုကြက်ခြေခတ်ခဲ့ရပေမယ့်


၆။ မြင်းမိုရ်မမြင့်ပါ
Download .pdf

၇။  အမြင်သာချိုရင်မှာငို
Download .pdf

၈။ ဤမှန်သောသစ္စာစကားကြောင့်
Download .pdf

Cr:ဗဟုသုတဒိုင်ချက်

ဒီလိုအချိန်မှာကြာဇံချက်ပူပူလေးတစ်ပန်းကန်လောက်မစားချင်ကြဘူးလား။



ကြာဇံချက်ကချက်ရလွယ်ကူပါတယ်။ပြင်ဆင်ချက်ပြုတ်ချိန်မှာအနည်းငယ်အလုပ်များတယ်ထင်ရပေမယ့် ဧည့်ခံတဲ့အချိန်မှာတော့ဗာရီယသိပ်ကိုသက်သာစေပါတယ်။မီးဖိုပေါ်မှာကြာဇံချက်အိုးကိုအပူပေးထားပြီးခပ်ထည့်ပေးလိုက်ရုံပဲမဟုတ်လား။စားပွဲပေါ်မှာအရံသင့်ချထားတဲ့ကြက်သွန်စိမ်း၊နံနံပင်၊ငရုတ်သီးလှော်မှုန့်လေးထည့်ပြီးရှောက်သီးစိတ်လေးညှစ်ထည့်လိုက်ရုံပဲလေ။

ကြာဇံချက်
••••••••••

ပဲကြာဇံ................ (၂၅) ကျပ်သားတစ်ထုပ်(ရေစိမ်ထားရန်)
ကြက်သား(ရင်ပုံ/ ပေါင်).... တစ်စုံ
ကြက်ရိုး........................၂၅ ကျပ်သား
ငုံးဥ..............................၂၀ လုံး
ကြွက်နားရွက်မှိုခြောက်......၅ ကျပ်သား( ရေစိမ်ထားရန် )
ပန်းခြောက်.....................၁၀ ကျပ်သား(.........။.........)
ပဲလိပ်ချောင်း ..................၃ ချောင်း (သို.)
ပဲလိပ်ပြားခြောက်.............၁ ထုပ်
ကြက်သွန်နီ....................၃ လုံး( နုပ်နုပ်စဉ်း)
ကြက်သွန်ဖြူ...................၁၀ တက် 
ချင်း..............................၂ တက်
ကြက်သွန်နီဥသေး............၂၀  လုံးခန့် 
ငါးငံပြာရည်.....................လိုအပ်သလို
ပာင်းခတ်မှုန့်..................လိုအပ်သလို
ကြက်သားမှုန့်.................အနည်းငယ်
ငရုတ်ကောင်း..................(........။.......)
ဆီ................................၁၀ ကျပ်သား
နနွင်းမှုန့် ......................၁ ဇွန်း
အရောင်တင်မှုန့်..............၄ ဇွန်း

ပထမဆုံးကြက်သား၊ ကြက်ရိုးတွေကိုရေဆေး
သန့် စင်ပြီးချင်း၁တက်ဓါးပြားရိုက်ထည့်ကာ ဆား၊
 ပာင်းခတ်မှုန့် တို့အရသာဖြည့်ကာပြုတ်ပါ။

အညစ်အကြေး၊အမြှုပ်တို့ ကိုခပ်ထုပ်ပစ်ပါ။
(ဟင်းရည်ကြည်စေရန်)

ကြက်သားနှုး ပြီဆိုဆယ်ထုတ်ထားပါ။ (  အိမ်မှာစားမယ်ဆိုရင်အရိုးတွေကို
ကြာဇံပာင်းထဲထည့်ပြုတ်လို့ ရပေမယ့်ဧည့်ခံဖို့ ဆိုရင်တော့ကြက်ရိုးကရတဲ့
အရသာကုန်စင်တဲ့အထိဆက်ပြုတ်ထားပေးဖို့ လိုအပ်ပါမယ် )

ငုံးဥတွေကိုလည်းပြုတ်ပြီးအခွံခွါထားပါ။

လက်ကျန်ချင်းနှင့်ကြက်သွန်ဖြူ ကိုညှက်နေအောင်
ထောင်းပါ။

ရေစိမ်ထားတဲ့ကြွက်နားရွက်မှို ၊ ပဲလိပ်ပြားတွေကို လိုအပ်သလို လှီးဖြတ်ပါ။

ပန်းခြောက်လေးတွေကိုတော့အလယ်လောက်ကနေထုံးချည်ပေးပါ။

ကြက်သွန်နီဥသေးတွေကိုလည်းအခွံခွာရေဆေးထားပါ။

ဆယ်ယူစစ်ထားတဲ့ကြက်သားတွေကိုလည်းအမျှင်လေးတွေဖြစ်အောင်မွှာပေးပါ။

ဒါတွေရပြီဆိုကြာဇံပာင်းဆီသတ်လို့ရပါပြီ။
ပူနေတဲ့ ဒန်အိုးကြီးကြီးတစ်လုံးမှာ ကြက်သွန်နီပါးပါးလှီး၊ ထောင်းထားသောအရောတို့ ကို နနွင်းမှုန့် ၊
အရောင်တင်တို့ နှင့်မွှေးနေအောင်ဆီသတ်ပါ။

မွှေးလာပြီဆိုရင် မှို ခြောက်ပန်းခြောက်၊ ပဲလိပ်ပြားတို့ ကို ထည့်သွင်းဆီသတ်ပါ။

ငါးငံပြာရည်၊ဟင်းခတ်မှုန့် ၊ ကြက်သားမှုန့် ၊
ငရုတ်ကောင်းတို့ ဖြင့်အရသာဖြည့်ပါ။

ဆီသတ်တာအနည်းငယ်ကျလာပြီဆိုရင်ပြုတ်ထားတဲ့
ကြက်ပြုတ်ရည်ကိုစစ်ထည့်(သို့ ) အရိုးများပါ ထည့်ပါ။

မွှာထားတဲ့ကြက်သား၊  ငုံးဥတွေလည်းပေါင်းထည့်ပေးပြီးတစ်ပွက်ဆူသည်အထိအပူပေးပါ။

အညစ်အကြေး၊ အမြှုပ်တွေကိုခပ်ထုပ်ပေးပါ( အရောင်တင်ဆီတွေပါမသွားဖို့ သတိပြုပါ )

ပာင်းရည်အိုးတစ်ပွက်ဆူပြီဆိုရေစိမ်ထားတဲ့ကြာဇံ
တွေကို၃ပိုင်းလောက်
ရအောင်ကပ်ကြေးနှင့်ညှပ်ပြီးထည့်ပါ။
( မညှပ်လျှင် ကြာဇံပာင်းစားရမှာအဆင်
မပြေသလို အညှပ်လွန်ရင်လည်းကြေမွသွားပြီးစားချင်စဖွယ်မဖြစ်တော့ပါဘူး)

 ကြက်သွန်နီအလုံးသေးတွေကို ဒီအဆင့်ရောက်မှထည့်ပါ။

ရေလိုအပ်သလောက်ထပ်ဖြည့်ပြီးမီးကိုလျှော့ချကာ တစ်ပွက်ဆူပုံစံမှာပာင်းရည်ကျသည်အထိအချိန်ပေးချက်ပါ။

မိမိလိုအပ်သလို အရသာ၊အပျစ်အကျဲ ကို ကိုယ်တိုင်ထိန်းညှိယူပါ။

နံနံပင်၊ သံပုရာသီး( သို့ ) ရှောက်သီးစိတ်၊ ကြက်သွန်နီပါးပါးလှီး ၊ ငရုတ်လှော်မှုန့် တို့ ဖြင့်သုံးဆောင်ပါ။ ( ဆီချက်၊ ကြက်သွန်ကြော်တို့နှင့်တော့လုံးဝမလိုက်ဖက်ပါ။)


Nov 24, 2016

ဆေးဖိုးကုန်ပြီးစိတ်ညစ်နေသောမိတ်ဆွေများအတွက်

ဆေးဖိုးကုန်ပြီးစိတ်ညစ်နေသောမိတ်ဆွေများအတွက်
------------------------------------------------------------

ဘီပိုး စီပိုး ပျောက်တဲ့ ဆေးနည်းကောင်းလေးပါ ။ ကြက်သွန်နီတစ်ဥ အခွံခွါ အလုံးလိုက်ရေဆေး ( စိတ်ပြီးမှမဆေးရ) လေးစိတ် စိတ် သကြားနဲ့တို့စားပါ ။ နံက် တစ်လုံး နေ့ တစ်လုံး ညတစ်လုံး တစ်နေ့ သုံးကြိမ် ပုံမှန် စားပေးပါက လပိုင်းအတွင်း ဘီပိုးစီပိုး သိသာစွာ ပျောက်ကင်း ကြောင်း ပြောဆိုထားပါတယ်။

Nov 23, 2016

Nov 22, 2016

ပိဋကတ်သုံးပုံ ဋီကာနိဿယ-အစုံ (၃၅)အုပ်

ပိဋကတ်သုံးပုံ ဋီကာနိဿယ-အစုံ (၃၅)အုပ်
=======================
(၁) ၀ိမတိဝိနောဒနီ-ဋီကာနိဿယ ပထမအုပ် ဒေါင်းရန်
(၂) ၀ိမတိဝိနောဒနီ-ဋီကာနိဿယ ဒုတိယအုပ် ဒေါင်းရန် 
(၃) ၀ဇိရာဗုဒ္ဓိ- ဋီကာနိဿယ ပထမအုပ် ဒေါင်းရန်
(၄) ၀ဇိရာဗုဒ္ဓိ- ဋီကာနိဿယ ဒုတိယအုပ် ဒေါင်းရန်
(၅) ကင်္ခါ-ဋီကာသစ် နိဿယယ ဒါင်းရန်
(၆) ကင်္ခါ-ဋီကာသစ် နိဿယ ပထမအုပ်(ပခုက္ကူမူ) ဒေါင်းရန်
(၇) ကင်္ခါ-ဋီကာသစ် နိဿယ ဒုတိယအုပ်(ပခုက္ကူမူ) ဒေါင်းရန်
(၈) သီလက္ခန်-ဋီကာနိဿယ ပထမအုပ် ဒေါင်းရန်
(၉) သီလက္ခန်-ဋီကာနိဿယ ဒုတိယအုပ် ဒေါင်းရန်
(၁၀) သီလက္ခန်-ဋီကာနိဿယ တတိယအုပ်ဒေါင်းရန်
(၁၁) သီလက္ခန်-ဋီကာနိဿယ စတုတ္ထအုပ်ဒေါင်းရန်
(၁၂) မဟာဝဂ္ဂဋီကာနိဿယ ပထမအုပ်ဒေါင်းရန်
(၁၃) မဟာဝဂ္ဂဋီကာနိဿယ ဒုတိယအုပ်ဒေါင်းရန်
(၁၄) ၀ိသုဒ္ဓိမဂ္ဂမဟာဋီကာနိဿယ ပထမအုပ်ဒေါင်းရန်
(၁၅) ၀ိသုဒ္ဓိမဂ္ဂမဟာဋီကာနိဿယ ဒုတိယအုပ်ဒေါင်းရန်
(၁၆) ၀ိသုဒ္ဓိမဂ္ဂမဟာဋီကာနိဿယ တတိယအုပ်ဒေါင်းရန်
(၁၇) ၀ိသုဒ္ဓိမဂ္ဂမဟာဋီကာနိဿယ စတုတ္ထအုပ်ဒေါင်းရန်
(၁၈) ဓမ္မသင်္ဂဏီမူလဋီကာနိဿယ ပထမတွဲဒေါင်းရန်
(၁၉) ဓမ္မသင်္ဂဏီမူလဋီကာနိဿယ ဒုတိယတွဲဒေါင်းရန်
(၂၀) ၀ိဘင်းမူလဋီကာနိဿယ တတိယတွဲဒေါင်းရန်
(၂၁) ၀ိဘင်းမူလဋီကာနိဿယ စတုတ္ထတွဲဒေါင်းရန်
(၂၂) ဓာတုကထာ-ဋီကာနိဿယ ပဉ္စမတွဲဒေါင်းရန်
(၂၃) ယမကမူလဋီကာနိဿယ ဆဋ္ဌမတွဲဒေါင်းရန်
(၂၄) အဋ္ဌသာလိနီမူလဋီကာနိဿယ ပထမအုပ်ဒေါင်းရန်
(၂၅) အဋ္ဌသာလိနီမူလဋီကာနိဿယ ဒုတိယအုပ်ဒေါင်းရန်
(၂၆) အဋ္ဌသာလိနီမူလဋီကာနိဿယ တတိယအုပ်ဒေါင်းရန်
(၂၇) အဋ္ဌသာလိနီမူလဋီကာနိဿယ စတုတ္ထအုပ်ဒေါင်းရန်
(၂၈) ၀ိဘင်းမူလဋီကာနိဿယ ပထမအုပ်ဒေါင်းရန်
(၂၉) ၀ိဘင်းမူလဋီကာနိဿယ ဒုတိယအုပ်ဒေါင်းရန်
(၃၀) ၀ိဘင်းမူလဋီကာနိဿယ တတိယအုပ်ဒေါင်းရန်
(၃၁) ဓာတုကထာမူလဋီကာနိဿယ ဒေါင်းရန်
(၃၂) ကထာဝတ္ထုမူလဋီကာနိဿယ ပထမအုပ် ဒေါင်းရန်
(၃၃) ကထာဝတ္ထုမူလဋီကာနိဿယ ဒုတိယအုပ် ဒေါင်းရန်
(၃၄) ယမကမူလဋီကာနိဿယယ ဒေါင်းရန်
(၃၅) ပဋ္ဌာနမူလဋီကာနိဿယယ ဒေါင်းရန်


ဇော်ဝင်းကို - ဦးအောင်လှကို လွှတ်ပေးပါနှင့် အခြားဆောင်းပါးများ



စာဖတ်ဝါသနာပါတဲ့ သူငယ်ချင်းတွေနဲ့ လှည်းတန်းက IT လက်ဖက်ရည်ဆိုင်မှာ ထိုင်ကြရင်း သူငယ်ချင်းတစ်ယောက်ရဲ့ လက်ထဲ စာအုပ်တစ်အုပ်ကိုင်လာတာတွေ့တယ်။ ပြပါဦး အဲစာအုပ် ဆိုတော့ ...

ဇော်ဝင်းကိုရဲ့ ဦးအောင်လှကို လွှတ်ပေးပါ စာအုပ်ဖြစ်နေတယ်။ အမှန်ပြောရရင် ဇော်ဝင်းကို,ကို ကျနော် မသိဘူး။ သာမန် စာရေးဆရာပေါက်စလို့ပဲ မှတ်နေမိတာ။ သူငယ်ချင်းက “ဦးညီ ... အဲစာအုပ် အရမ်းကောင်းတယ် ဖတ်ကြည့်၊ ဖတ်လို့ပြီးရင် ပီဒီအက်လုပ်၊ ဦးညီကို ပေးခဲ့မယ်” ဆိုပြီး ကျနော့်လက်ထဲ ထည့်ထားခဲ့တာ။ 

စာအုပ်ကို ဖတ်ကြည့်တယ်။ ပထမဆုံး ဆောင်းပါးတစ်ပုဒ်နဲ့တင် ဖြုံသွားတယ်။ နည်းနည်းနောနော ပဂေးကြီးပါလားပေါ့။ တစ်အုပ်လုံးမှာပါတဲ့ ဆောင်းပါးတွေက အတွေးစူးစူး အရေးစူးစူးနဲ့ စူးရှသွက်လက်တယ်။

တကယ်တော့ ဆရာဇော်ဝင်းကို ဆိုတာ ... စိတ်မလာရင် စာမရေးတဲ့ဆရာ၊ စိတ်လာမှ စာထရေးတဲ့ ဆရာ။ တစ်နှစ်နေလို့လဲ ဆောင်းပါးတစ်ပုဒ် ကဗျာတစ်ပုဒ် ရေးချင်မှ ရေးတတ်တယ်။ အင်္ဂလိပ်စာမှာ အလွန်ထက်မြက်တယ်၊ အတွေးတွေ စူးရှထက်မြက်လွန်းတဲ့အတွက် ဆရာကြီး မြသန်းတင့်တို့၊ ဆရာကြီး လူထုစိန်ဝင်းတို့က ချီးကျူးရတယ်။ ဆရာကြီး မြသန်းတင့်တို့နဲ့ တစ်ကျွန်းမှာ ၃ နှစ် အတူတူနေခဲ့ဖူးတယ်။ ဒီလောက်ဆို ဆရာဇော်ဝင်းကိုဆိုတာ ဘယ်လိုလူလဲဆိုတာ ရိပ်မိတန်သလောက် ရိပ်မိလောက်ပါပြီ။ ဆက်လက်ပြီး စာအုပ်လေးကို ဖတ်ပြီး ဆရာဇော်ဝင်းကို, ကို ထိတွေ့ကြပါဦး ခင်ဗျာ။





====


Nov 21, 2016

စံပယ်ဖြူနု - ရှေးရှေးတုန်းက ကံ့ကော်ပွင့်တွေ

စံပယ်ဖြူနု - ရှေးရှေးတုန်းက ကံ့ကော်ပွင့်တွေ ...

ဆရာမ စံပယ်ဖြူနုရဲ့ ပရိသတ်များအတွက် နောက်ထပ် တစ်အုပ်ပါ။ အရေးအသား ကောင်းမွန်တဲ့ ဆရာမမို့ စာအုပ်ကောင်းလေး တစ်အုပ်ဖြစ်မယ်လို့ စိတ်ချယုံကြည်မိပါတယ်။ စာအုပ် ဝယ်ထားပြီးကတည့်က ယွတာများနေလို့ အခုထိ မဖတ်ရသေးဘူး ဖြစ်နေတယ်။ 




====


မောင်မိုးသူ - အိပ်ဇိုးဒပ် နိုင်င်ငံတစ်ခုမွေးဖွားခြင်း

မောင်မိုးသူ - အိပ်ဇိုးဒပ် နိုင်င်ငံတစ်ခုမွေးဖွားခြင်း)

အထွေအထူး ညွှန်းစရာလိုမယ် မထင်တော့ပါဘူး။ အကြိမ်ကြိမ်ရိုက်နှိပ်ရပြီး ရိုက်သလောက် ရောင်းရတဲ့စာအုပ်။ ၂၀ ရာစုရဲ့ အထူးခြားဆုံးစာအုပ်။ နှစ်ပေါင်းနှစ်ထောင်ကြာ အိပ်မက်တစ်ခုကို အကောင်အထည်ဖေါ်ခဲ့တဲ့ ပြည်သူတွေရဲ့ ဖြစ်ရပ်မှန် လှုပ်ရှားမှုကြီး။ 




====


ဓာတ်မြေသြဇာနှင့် အာဟာရ စီမံခန့်ခွဲမှု (စပါး)

ဓာတ်မြေသြဇာနှင့် အာဟာရ စီမံခန့်ခွဲမှု (စပါး)
Credit: Free Myanmar Books


မြန်မာ့ဒီမိုကရေစီခရီးနှင့် သူရဦးတင်ဦး

မြန်မာ့ဒီမိုကရေစီခရီးနှင့် သူရဦးတင်ဦး
စာရေးဆရာ - တက္ကသိုလ် စိန်တင်

ရင်ခုန်သံ မျှော်လင့်ချက် ဒေါ်အောင်ဆန်းစုကြည် အင်တာဗျူး ဘာသာပြန်


ရင်ခုန်သံ မျှော်လင့်ချက် 
ဒေါ်အောင်ဆန်းစုကြည် အင်တာဗျူး 
ဘာသာပြန် - မောင်ဆန်းကြယ် 


Translate

သုခအောင် (စာအုပ်စင်)သို့ လာရောက်လည်ပတ်ကြကုန်သောမိတ်ဆွေအားလုံးကိုအထူးကျေးဇူးတင်ပါတယ်၊ အကြံပေးချက်ကို ကြိုဆိုလျက်ပါ။ ဖုန်း- 09-400700358/09-760136274 သို့ဆက်သွယ်အကြံပြုနိုင်ပါတယ်။

Followers