အောင် မိတ္တူ၊ ဖိတ်စာလုပ်ငန်း

အမှတ်(ဗ/၀၂၇)၊ မြို့မ(၁)ရပ်ကွက်၊ ပြည်ထောင်စု(၁)လမ်၊း မောတောမြို့။ဖုန်း-၀၉-၇၆၅၇၀၀၃၅၈ / ၀၉-၇၆၀၁၃၆၂၇၄

အောင်မိတ္တူ၊ ဖိတ်စာလုပ်ငန်း၊

အမှတ်(ဗ/၃၀) ပြည်ထောင်စု(၁)လမ်း၊ မြို့မ(၁)ရပ်ကွက်၊ မောတောင်မြို့။ ဖုန်း-၀၉ ၇၆၀၁၃၆၂၇၄ / ၀၉ ၇၆၅၇၀၀၃၅၈

အောင် မိတ္တူ၊ ဖိတ်စာလုပ်ငန်းမှကြိုဆိုပါတယ်ချင်ဗျာ.........

ကွန်ပျူတာစာစီခြင်း၊ မိတ္တူဆွဲခြင်း၊ လိပ်စာကဒ်၊ ဖိတ်စာ၊ ဗီနိုင်းကြော်ငြာများကို အချိန်မှီရနိုင်ပါသည်။

ကြော်ငြာထည့်ရန်။

ဖုန်းနံပါတ်-၀၉၇၇၅၇၈၄၄၃၄

ကြော်ငြာထည့်ရန်။

ဖုန်းနံပါတ်-၀၉၇၇၅၇၈၄၄၃၄

ကြော်ငြာထည့်ရန်။

ဖုန်းနံပါတ်-၀၉၇၇၅၇၈၄၄၃၄

Name

ဖုန်းနံပါတ်-၀၉၇၆၅၇၀၀၃၅၈ သို့ဆက်သွယ်ရန်။

အောင်မိတ္တူမှ ‌ဗီနိင်းကြော်ငြာ၊ ဗီနိုင်းစတေကာ၊ ဖိတ်စာ၊ ဓာတ်ပုံပုံကြီးချဲ့၊ ဘောင်သွင်းဆိုက်စုံရပြီ။

ဖုန်း/09765700358/ 09775784434 သို့ဆက်သွယ်အပ်နှံနိုင်ပါပြီ။ အွန်လိုင်းစနစ်ဖြင့်ဆောင်ရွက်နိုင်ပါပြီ။ အောင်မိတ္တူ၊ မောတောင်မြို့။

Translate

သုခအောင် (စာအုပ်စင်)သို့ လာရောက်လည်ပတ်ကြကုန်သောမိတ်ဆွေအားလုံးကိုအထူးကျေးဇူးတင်ပါတယ်၊ အကြံပေးချက်ကို ကြိုဆိုလျက်ပါ။ ဖုန်း- 09-400700358 /09-775784434 သို့ဆက်သွယ်အကြံပြုနိုင်ပါတယ်ခင်ဗျာ။

Nov 19, 2016

ရာဇ၀င်ထဲက အငြင်းပွားစရာများ


မြန်မာရာဇဝင်လာ အချက်အလက်များကို သမိုင်းအထောက်အထားများနှင့် ဆန်းစစ်ကြည့်ခြင်း

စာအုပ်အမည် - ရာဇ၀င်ထဲက အငြင်းပွားစရာများ

စာရေးသူ - တင်နိုင်တိုး

စာမျက်နှာ - ၁၁၆

အရွယ်အစား - 3.86 MB


ရတနာပုံနေ့စဉ်သတင်းစာ (၁၇-၁၁-၂၀၁၆)

ရတနာပုံနေ့စဉ်သတင်းစာ 



ရတနာပုံနေ့စဉ်သတင်းစာ (၁၇-၁၁-၂၀၁၆)

Download Links

Nov 17, 2016

ဓမ္မအမေးအဖြေများပေါင်းချုပ်

အရှင်ကေလာသ

၁။ ဓမ္မအမေးအဖြေများပေါင်းချုပ်အမှတ်(၁)
(  2 . 57  MB  )  #စာမျက်နှာ ၂၆၅ × ၂

၂။ ဓမ္မအမေးအဖြေများပေါင်းချုပ်အမှတ်(၂)
(  2 . 77  MB  )  #စာမျက်နှာ ၂၅၅ × ၂

၃။ #ဓမ္မအမေးအဖြေများပေါင်းချုပ်အမှတ်(၃)
(  2 . 15  MB  )  #စာမျက်နှာ ၂၆၄ × ၂ 


Nov 16, 2016

ဒုစရိုက် / သုစရိုက်

ဒုစရိုက် / သုစရိုက်

ဒုစရိုက် (၁၀) ပါး (ဒု = မကောင်းသော ၊ စရိုက် = အကျင့်)

(က) ကာယကံ (၃) ပါး
(၁) သတ် (သတ္တဝါများ)
(၂) ခိုး (တစ်ပါးသူပိုင် ပစ္စည်း)
(၃) ဖောက်ပြန် (ကာမဂုဏ်)

(ခ) ဝစီကံ (၄) ပါး
(၁) လိမ် (မဟုတ်မမှန်ပြောခြင်း)
(၂) ကုန်းတိုက် (ညီညွတ်မှုပြိုကွဲစေခြင်း)
(၃) ကြမ်းတမ်း (ဆဲရေးတိုင်းထွာခြင်း)
(၄) အချည်းနှီး (အကျိုးမရှိသော စကားပြောခြင်း)

(ဂ) မနောကံ (၃) ပါး
(၁) အဘိဇ္ဈာ (သူတစ်ပါးပစ္စည်း မတရား ရစေလိုခြင်း)
(၂) ဗျာပါဒ (သူတစ်ပါးကို သေကြေပျက်စီး စေလိုခြင်း)
(၃) မိစ္ဆာဒိဌိ (အယူမှားခြင်း)

ဒုစရိုက် (၁၀) ပါး ပွား (၄၀)

(၁) ကိုယ်တိုင်ကျူးလွန် (၁၀) ပါး
(၂) သူတစ်ပါးအားစေခိုင်း (၁၀) ပါး
(၃) သွယ်ဝိုက်အားပေး (၁၀) ပါး
(၄) ဝမ်းမြောက် (၁၀) ပါး

သုစရိုက် (၁၀) ပါး (သု = ကောင်းသော၊ စရိုက် = အကျင့်)

(က) ကာယကံ (၃) ပါး
(ခ) ဝစီကံ (၄) ပါး ဒုစရိုက် (၁၀) ပါးကို ရှောင်ကြဉ်ခြင်း သည် သုစရိုက် (၁၀) ပါး ဖြစ်သည်။
(ဂ) မနောကံ (၃) ပါး
သုစရိုက် (၁၀) ပါးလည်း ပွားလျှင် (၄၀) ရသည်။
(၁) ကိုယ်တိုင်
(၂) စေခိုင်း
(၃) အားပေး
(၄) ဝမ်းမြောက်

မှတ်ချက်

၎င်းဒုစရိုက် / သုစရိုက်တို့သည်လည်း ပါးစပ်ဖျားဖြင့် ပြောနေ၊ ဟောနေရုံမျှဖြင့် အဓိပ္ပါယ်မပြည့်စုံဘဲ ဒုစရိုက်ကို ကိုယ်တိုင်လုံးဝ ရှောင်ကြဉ်ကြပြီး 
သုစရိုက်ကို လက်တွေ့လေ့ကျင့်လုပ်ဆောင်ကြပြီး မိမိနှင့် အများအကျိုး
ဆောင်ရွက်နိုင်မှသာလျှင် ဗုဒ္ဓအလိုတော်ကျ ဆောင်ရွက်ခြင်းဖြစ်သည်။

http://kyawkyawoo81.blogspot.com


ဒဿနရှိမှစာကောင်းရှိတယ်

ဆိုင်းဘုတ်ဆိုတာက ဘာမှအရေးပါတာ မဟုတ်ပါဘူး။ ပစ္စည်းက အဓိကပါ။ ကာရန် ပါပါ၊ မပါပါ ကဗျာကောင်းရေးနိုင်ရင် ကဗျာဆရာ တာဝန်ကျေပါပြီ။ အလားတူပဲ သရုပ်မှန်ဖြစ်ဖြစ်၊ မော်ဒန်ဖြစ်ဖြစ် ဝတ္ထုကောင်းရေးနိုင်ရင် ဝတ္ထုရေးဆရာ တာဝန်ကျေပါတယ်။ အဘိဓမ္မာ ဒါမှမဟုတ် အတွေးအခေါ် ဒဿနတစ်ခုခုတော့ အခိုင်အမာ ကိုင်စွဲထားဖို့လိုတယ်လို့ …”

လူလတ်ပိုင်း စာရေးဆရာ လေးငါးယောက် တစ်ရက်မှာရောက်လာကြပြီး မာကြောင်းသာကြောင်း မေးပါတယ်။ နှစ်ယောက်က ဂျာနယ်အယ်ဒီတာတွေပါ။ စကားပြောကြရင်းနဲ့ ဂျာနယ်အယ်ဒီတာ နှစ်ယောက်က ခေတ်ကြီးရဲ့ တိုးတက်မှုနှုန်းက မြန်လွန်းနေတဲ့အတွက် မှီအောင်လိုက်ရတာ ဖတ်ဖတ်မောနေတာပဲလို့ ပြောပါတယ်။

လူငယ်တွေကို မယှဉ်နိုင်ဘူး

သူတို့အသက်အရွယ်တွေက ငါးဆယ်ဝန်းကျင်တွေဖြစ်နေကြပြီဆိုတော့ မောပေမှာပဲ။ ကိုယ်ချင်းစာမိပါတယ်။ ကိုယ်တောင် မောလွန်းလို့ လက်လျော့ထားလိုက်ရတာ။ မြန်မာလိုဖတ်နိုင်တဲ့ မြန်မာပြည်နဲ့ ဆိုင်တဲ့ ဘလော့ဂ်ပေါင်းတောင် သုံးသိန်းလောက် ရှိသတဲ့။ ဘယ် လိုက်ဖတ်နေနိုင်မှာလဲ။ နောက်ဆုံးကျတော့ ကွန်ပျူတာကို တပည့် ကျောင်းသူကျောင်းသားတွေနဲ့ ဆက်သွယ်တဲ့ အီးမေးလ်လောက်ပဲ သုံးဖြစ်တော့တယ်။ ဒါတောင် ခုနောက်ပိုင်း ကွန်ပျူတာဖန်သားပြင်နဲ့ မျက်စိက သိပ်ပြီးသဟဇာတမဖြစ်လို့ တစ်ခါတလေမှ ဖွင့်ဖြစ်တော့တယ်။ အရေးကြီးကိစ္စတွေရှိတဲ့ အခါကျလည်း လူငယ်တွေပဲရှာပြီး ထုတ်ပေးပါလို့ ပြောရတယ်။ စာရွက်နဲ့ဖတ်ရတာက မျက်စိအတွက် ပိုအဆင်ပြေတယ်။ လူငယ်တွေနဲ့ ဘယ်လိုမှယှဉ်လို့ မရပါဘူး။ သူတို့က ဖျတ်လတ်တက်ကြွနေကြတာလေ။

ဘာမဆို ဖြစ်အောင်လုပ်ခဲ့တယ်

လောကကြီးမှာ မဖြစ်နိုင်တာဘာမှမရှိဆိုတဲ့ ဆောင်ပုဒ်ကို တစ်သက်လုံး လက်ကိုင်ပြုလာတဲ့သူဖြစ်တော့ ဘာမဆို ဖြစ်အောင်လုပ်ခဲ့တယ်။ လေးချောင်းထောက် အားပြု နေရသူဖြစ်ပေမယ့် ကျောင်းသူကျောင်းသား ကိုးဆယ် တစ်ရာကို ဦးဆောင်ပြီး မြန်မာပြည်အနှံ့ ခရီးတို ခရီးရှည်တွေ နှစ်စဉ်ထွက်ခဲ့တယ်။ ငပလီ၊ ချောင်းသာ၊ ကျိုက္ခမီ၊ စက်စဲ အကြိမ်ကြိမ် သွားခဲ့တယ်။ Desktop ကွန်ပျူတာတောင် သိပ်များများစားစား မရောက်သေးတဲ့အချိန်ကတည်းက Laptop ကိုင်သုံးခဲ့တယ်။ ပုဂ္ဂလိကတွေ အင်တာနက်သုံးစွဲခွင့်ရရချင်းပဲ လျှောက်လွှာတင် သုံးစွဲခဲ့တယ်။ အဲဒီအချိန်က ဘလော့ဂ်တွေ ဘယ်ရှိဦးမှာလဲ။

မမီတာကို မလိုက်တော့ဘူး

အခုတော့ ဘလော့ဂ်တွေ၊ ဝက်ဘ်ဆိုက်တွေက သန်းချီလိုရှိနေတာ။ ဘယ်လိုမှ နှံ့စပ်အောင် အင်တာနက်လှိုင်းတွေကြား မကူးစက်နိုင်တော့ဘူး။ အချိန်လည်း မပေးနိုင်ဘူး။ လူကလည်း မတတ်နိုင်တော့ဘူး။ နောက်ဆုံးကျတော့ မမီတဲ့အတူတူ လိုက်မနေတော့ဘူး။ လူငယ်တွေကို လိုက်ယှဉ်မနေတော့ဘူးလို့ ဆုံးဖြတ်ချက်ချလိုက်တယ်။ ကိုယ့်အရှိန်နဲ့ ကိုယ်ပဲသွားတာ အကောင်းဆုံးပဲလို့လည်း သဘောပေါက်သွားတယ်။ ကိုယ့်မှာက အင်တာနက်တစ်ခုတည်းအတွက် အချိန်မပေးနိုင်သလို နိုင်ငံခြားက တပည့်လူငယ်တွေနဲ့ချည်း အင်တာနက်နဲ့ ချိတ်ဆက်စကားပြောနေလို့ မဖြစ်ဘူး။ မြန်မာပြည်တွင်းက လူငယ်တွေနဲ့လည်း စကားပြောဖို့၊ ထိတွေ့ဖို့ မရှိမဖြစ် လိုအပ်တယ်။ ဝက်ဘ်ဆိုက်တွေမှာ စာရေးနေရုံနဲ့ ပြီးတာ မဟုတ်ဘူး။ မြန်မာပြည်မှာက လူတိုင်း ကွန်ပျူတာကိုင်နေကြတာ မဟုတ်ဘူး။ မဂ္ဂဇင်းတွေ ဂျာနယ်တွေတောင်မှ ထွက်ပြီး တော်တော်ကြာမှ ဖတ်ကြရတာဖြစ်တယ်။

အဓိကလိုအပ်တာ ကွန်ပျူတာ မဟုတ်ဘူး

စာရေးဆရာ စာရေးတယ်ဆိုတာ လူတွေဖတ်ဖို့ မဟုတ်လား။ မြန်မာလူမျိုးတွေဖတ်ဖို့ဆိုရင် မြန်မာတွေနားလည်တဲ့ မြန်မာ စကားနဲ့ ရေးရမှာဖြစ်သလို၊ မြန်မာလူမျိုးတွေဆီရောက်တဲ့ ကြားခံပစ္စည်းကို သုံးရမှာပဲဖြစ်တယ်။ အင်တာနက်တွေ၊ အွန်လိုင်းတွေက မြန်မာလူမျိုးအများစု မထိတွေ့နိုင်သေးဘူး။ ပုံနှိပ်စာအုပ်စာစောင်တွေပဲ အဓိက အားထားနေရဆဲ ဖြစ်တယ်။ ဒါကြောင့် စာရေးဆရာတွေ ခေတ်ကိုအမီလိုက်ပြီး ကွန်ပျူတာ မသုံးနိုင်တာ စိတ်ပျက်အားငယ်စရာ မဟုတ်ပါဘူး။ အဓိကလို အပ်ချက်က ကွန်ပျူတာတွေ မဟုတ်ပါဘူး။ လူတွေဖတ်ဖို့ လူတွေနဲ့ သင့်တော်တဲ့၊ လူတွေဖတ်ချင်နေတဲ့စာတွေ ရေးသားနိုင်ကြဖို့သာဖြစ်တယ်။

တာဝန်မဲ့လွန်းတယ်

နောက်ပြီးတော့ ဒီခေတ်ကခေတ်ကို အမီလိုက်ရုံနဲ့ တင်မရတော့ဘူး။ ခေတ်ကို အမီလိုက်လို့က ခေတ်ရဲ့နောက်မြီးဆွဲပဲ ဖြစ်နိုင်တယ်။ စာရေးဆရာဆိုတာက ခေတ်ကိုရှေ့ဆောင်နိုင်တဲ့သူ ဖြစ်ဖို့လိုတယ်။ စာရေးဆရာ၊ သတင်းစာဆရာတွေသာ တိုင်းပြည်ရဲ့ စတုတ္ထမဏ္ဍိုင်ဖြစ်တယ်လို့ ပြည်သူလူထုကြီးတစ်ရပ်လုံးက တလေးတစား သတ်မှတ်ထားတာ မဟုတ်လား။ ဒီ သတ်မှတ်ချက်နဲ့ ထိုက်တန်အောင်တော့ ဝတ္တရားကျေအောင် ထမ်းဆောင်ကြရမှာ ဖြစ်တယ်။ စာရေးဆရာမှာ ဘာတာဝန်မှ မရှိဘူး။ စာရေးဆရာဟာ ဘယ်သူအတွက်မှ မဟုတ်ဘူးဆိုတဲ့စကားမျိုးက တာဝန်မဲ့လွန်းပါတယ်။ မပြောသင့်ပါဘူး။

ကဗျာဖြစ်ဖို့သာ အရေးကြီးတယ်

အဲဒီလို တာဝန်မဲ့စကားတွေ လွန်လွန်ကျွံကျွံ ပြောကြတာတွေကြောင့် အခု လောလောဆယ် မြန်မာစာပေဟာ တိုးတက်မှု တုံ့ဆိုင်းနေတာကို တွေ့ရတယ်။ ကဗျာဆရာတွေ ကာရံပါတဲ့ ကဗျာရေးရမှာ လန့်နေသလို ဝတ္ထုရေးဆရာတွေလည်း သရုပ်မှန်ဝတ္ထုရေးရမှာ လက်တွန့်နေကြတယ်။ ကဗျာဆရာတိုင်းက မော်ဒန်၊ ပို့စ်မော်ဒန်ကဗျာတွေ ရေးတတ်တာ မဟုတ်ဘူး။ ဒီတော့ ကာရန်နဲ့ ကဗျာလည်း ထွက်မလာ၊ ခေတ်ပေါ်ကဗျာကောင်းတွေလည်း ထွက်မလာတော့ဘူး။ မဂ္ဂဇင်းတိုင်းမှာ ခေတ်ပေါ်ကဗျာတွေ အုံနဲ့ကျင်းနဲ့ပါနေတာပဲလို့ မပြောပါနဲ့။ အဲဒီကဗျာတွေရဲ့ တစ်ဝက်လောက်က ကဗျာ မဟုတ်ပါဘူး။ ကဗျာလို စာကြောင်းခွဲစီထားတဲ့ စာလုံးတွေပါပဲ။ တချို့ဆို စကားပြေလို့တောင် မခေါ်နိုင်ပါဘူး။ စကားပြေရဲ့အင်္ဂါတွေ မပြည့်စုံပါဘူး။ တချို့က ခေတ်ပေါ်ကဗျာဆိုပြီး ရေးသားလိုက်ကြတာ ကဗျာအငွေ့အသက်၊ ကဗျာဝိဉာဉ်ကို လုံးလုံးကို ရှာမတွေ့ပါဘူး။ ကာရန်ပါတိုင်း ကဗျာလို့မခေါ်နိုင်သလို၊ ကဗျာလို့ အမည်တပ်တိုင်း ကဗျာဖြစ်တာ မဟုတ်ပါဘူး။ ကာရန် ပါရေး မပါရေး၊ မော်ဒန် ဖြစ်ရေး၊ မဖြစ်ရေးဆိုတာက အရေးမကြီးပါဘူး။ ကဗျာဖြစ်ဖို့သာ အရေးကြီးပါတယ်။

ဝတ္ထုစစ်စစ် ဖြစ်ဖို့လို

ဝတ္ထုရေးရာမှာလည်း သရုပ်မှန်တို့၊ မော်ဒန်၊ ပို့စ်မော်ဒန်တို့ဖြစ်ဖို့ထက် ဝတ္ထုစစ်စစ်ဖြစ်ဖို့နဲ့ ဝတ္ထုကောင်းဖြစ်ဖို့က ပိုအရေးကြီးပါတယ်။ တချို့က စာသာရေးကြတာ ကိုယ်ရေးလိုက်တာ ဝတ္ထုလား၊ ဆောင်းပါးလား၊ အက်ဆေးလား၊ စာညွန့်လားဆိုတာတောင် ရေရေရာရာ မသိပါဘူး။ တချို့ကိစ္စများဆို စာရေးဆရာတွေသာ မဟုတ်ဘူး။ အယ်ဒီတာလုပ်နေသူများတောင် မသိကြဘူး။ တိုရင် ဝတ္ထုတို၊ ရှည်ရင် ဝတ္ထုရှည်လို့ သတ်မှတ်လိုက်ကြတာပါပဲ။ အဲဒီတော့ မဂ္ဂဇင်းတွေထဲမှာ ဝတ္ထုတိုက ဝတ္ထုရှည်နေရာ ရောက်လိုရောက်၊ ဆောင်းပါးက ဝတ္ထုဖြစ်လိုဖြစ်၊ အက်ဆေးဖြစ်လိုဖြစ်နဲ့ အဆီအငေါ်မတည့်မှုတွေ အမျိုးမျိုး မြင်တွေ့နေရတတ်တယ်။

ဒဿနရှိမှ စာကောင်းထွက်

အဆီအငေါ်မတည့်ပေမယ့်လည်း ကဗျာကောင်း၊ စာကောင်း၊ ဝတ္ထုကောင်းဖြစ်ရင် သည်းခံနိုင်ပါတယ်။ ဆိုင်းဘုတ်ဆိုတာက ဘာမှအရေးပါတာ မဟုတ်ပါဘူး။ ပစ္စည်းက အဓိကပါ။ ကာရန် ပါပါ၊ မပါပါ ကဗျာကောင်းရေးနိုင်ရင် ကဗျာဆရာ တာဝန်ကျေပါပြီ။ အလားတူပဲ သရုပ်မှန်ဖြစ်ဖြစ်၊ မော်ဒန်ဖြစ်ဖြစ် ဝတ္ထုကောင်းရေးနိုင်ရင် ဝတ္ထုရေးဆရာ တာဝန်ကျေပါတယ်။ အဘိဓမ္မာ ဒါမှမဟုတ် အတွေးအခေါ် ဒဿနတစ်ခုခုတော့ အခိုင်အမာ ကိုင်စွဲထားဖို့လိုတယ်လို့ ပြောရင်း နိဂုံးချုပ်လိုက်ပါတယ်။

လူထုစိန်ဝင်း

The Hot News မှ ပြန်လည်ကူးယူ ဖော်ပြပါတယ်။


17-11-2016 မြန်မာအလင်း သတင်းစာ

17-11-2016 မြန်မာအလင်း သတင်းစာ



အားပေးမှုကို ကျေးဇူးတင်ပါတယ် ဒီမှာ သွားလိုက်နော်။
--------


ဇေယျသိင်္ဂီကျောင်း

17-11-2016 ကြေးမုံ သတင်းစာ

17-11-2016 ကြေးမုံ သတင်းစာ




Nov 15, 2016

ရှင်သာရိပုတ္တ မထေရ်မြတ်



====================
ရှင်သာရိပုတ္တမထေရ်မြတ်ဟာ ဂေါတမဗုဒ္ဓမြတ်စွာရဲ့ (လက်ယာတော်ရံ) အဂ္ဂသာဝက 
မထေရ်မြတ်ဖြစ်တယ်။ မထေရ်မြတ်ရဲ့ လူ့ဘ၀က အမည်ဟာ ဥပတိဿ လို့ခေါ်တယ်။ (M.i.150) 
အဋ္ဌကထာ ဆရာတော်တွေကတော့ ဥပတိဿ ဆိုတာ ဇာတိရွာရဲ့အမည်ဖြစ်ပြီး သူဟာ အဲဒီရွာက အကြီးအကဲရဲ့အကြီးဆုံးသားဖြစ်တယ်လို့ဆိုပါတယ်။ ဒါပေမဲ့ အခြားကျမ်းတစ်ခုကတော့ သူ့ရဲ့ဇာတိရွာအမည်ဟာ ''နာဠက’’ လို့ဆိုထားတယ်။

မထေရ်မြတ်ရဲ့ ခမည်းတော်ဟာ ၀င်္ဂန္တ ဗြာဟ္မဏဖြစ်ပြီး (DhA.ii.84) မယ်တော်ကတော့ ရူပသာရီပုဏ္ဏေးမ ဖြစ်ပါတယ်။ မယ်တော် ရူပသာရီရဲ့ အမည်ကိုစွဲပြီး မထေရ်မြတ်ဟာ ‘‘သာရိပုတ္တ’’ လို့ထင်ရှားတာဖြစ်တယ်။သက္ကတကျမ်းဂန်တွေမှာတော့ မထေရ်မြတ်ရဲ့ ဘွဲ့တော်ကို "သာရိပုတြ’’၊ သာလိပုတြ’’၊ "သာရိဆုတ’’၊ “သာရဒွတိပုတြ’’ လို့တွေ့ရပါတယ်။ အပဒါန ပါဠိတော်မှာ မထေရ်မြတ်ကို ''သာရိသမ္ဘ၀’’လို့ ခေါ်ဝေါ်ထားတာကိုလည်းတွေ့ရတယ်။ (ii.480)"ဥပတိဿ ''ဆိုတဲ့အမည်ကို ကျမ်းဂန်တွေထဲမှာ အင်မတန်အတွေ့ရနည်းတယ်။ မထေရ်မြတ်မှာ "စုန္ဒ၊ ဥပသေန၊ ရေ၀တ" နောက်အခါ ခဒိရဝနိယ ဆိုပြီး ညီတော် သုံးယောက်ရှိပြီးတော့ ၊ ''စာလာ၊ ဥပစာလာ၊ သီသူပစာလာ’’ ဆိုပြီး ညီမတော်သုံးယောက်ရှိတယ်။သူတို့အားလုံးဟာ ဗုဒ္ဓသာသနာတော်အတွင်းကို ၀င်ရောက်ခဲ့ကြတယ်။ (DhA.ii.188, cf.Mtu.iii.50). ကျမ်းဂန်များမှာ မထေရ်မြတ်ရဲ့ဦးလေးနဲ့ တူတော် တို့ကိုလည်း ဖော်ပြထားပြီး မထေရ်မြတ်ဟာ သူတို့နှစ်ယောက်စလုံးကို ဗုဒ္ဓမြတ်စွာ ထံမှောက်ခေါ် သွားလို့သူတို့ရဲ့ အယူမှားတွေကို ပျောက်ကွယ်စေခဲ့ပါတယ်။ (DhA.ii.230 2) ။ တူတော်ရဲ့ အမည်ကတော့ "ဥပရေ၀တ’’ ဖြစ်တယ်။ (SA.ii.175)
မထေရ်မြတ်အလောင်းလျာဟာ အလွန်ဥာဏ်ပညာထက်မြက်တော်မူပြီး ရှင်အဿ ဇိ မထေရ်မြတ်ထံကနေ တရားဂါထာတော်ရဲ့ပထမနှစ်ကြောင်းကို ကြားနာရရုံနဲ့ တပြိုက်နက် “သောတပန်’’ အရိယာ ပုဂ္ဂိုလ်ဖြစ်ခဲ့တယ်။ ကောလိတ (အရှင်မောဂ္ဂလာန်မထေရ်) ဟာ သောတပန်ပုဂ္ဂိုလ်ဖြစ်ပြီး တဲ့နောက် ဝေဠုဝန်ကျောင်းတော်မှာ သီတင်းသုံးနေတော်မူတဲ့ ဗုဒ္ဓမြတ်စွာကို ရှင်သာရိပုတ္တရာမထေရ်နဲ့ အတူ သွားရောက်ဖူးမြော်ချင်ပေမဲ့ ဆရာတွေရဲ့ ကျေးဇူးတရားကို အမြဲသိတတ်တဲ့ ရှင်သာရိပုတ္တရာ မထေရ်မြတ် က သူတို့ရဲ့ဆရာဖြစ်တဲ့ ''သဉ္စယ’’ ဆရာကြီးကို တွေ့ကြုံခဲ့ရတဲ့ ကောင်းမြတ်တဲ့ သတင်းစကားကိုပြောကြားပြီး အတူခေါ်ဆောင်သွားသင့်တယ်အကြံပြုခဲ့ပါတယ်။ သိုသော်လည်း ''သဉ္စယ’’ ဆရာကြီးဟာ သူတို့ရဲ့ခေါ်ဆောင်မူကို ငြင်းပယ်ခဲ့တယ်။
ရှင်မောဂ္ဂလာန် မထေရ်မြတ်ဟာ ရဟန်းပြုပြီး ခုနှစ်ရက်အကြာမှာ ရဟန္တာဖြစ်ခဲ့ပေမဲ့ ရှင်သာရိပုတ္တရာဟာ ရဟန္တာဖြစ်ဖို့ နှစ်ပါတ်တာကြာခဲ့ပါတယ်။ ဗုဒ္ဓမြတ်စွာနဲ့ အတူ ရာဇဂြိုလ်ပြည်က၊ သူကရခတလှိုဏ်မှာ သီတင်းသုံးတော်မူခိုက် ဗုဒ္ဓမြတ်စွာက ဒီဃနခ ပရိဗိုဇ်ကိုဟောကြားတော်မူတဲ့ ဝေဒနာပရိဂ္ဂဟ  သုတ္တံကိုကြားနာရပြီး ရဟန္တာဖြစ်တော်မူခဲ့တာပါ။ ဒီအကြောင်းတွေကို DhA.i.73 ff.; AA.i.88 ff.; ThagA.ii.93 ff. Ap.i.15ff စတဲ့ကျမ်းဂန်များမှာဖော်ပြထားပါတယ်။ မထေရ်မြတ်နှစ်ပါးရဲ့ ဗုဒ္ဓသာသနာတော်အတွင်း ၀င်ရောက်လာပုံအကြောင်းရာကို Vin.ii.38 ff. မှာတွေ့နိုင်ပါတယ်။
ဘိက္ခူ ၊ ဘိက္ခူ နီ သံဃာတော်တွေရဲ့ မျက်မှောက်မှာ ဗုဒ္ဓမြတ်စွာဟာ ရှင်သာရိပုတ္တရာမထေရ်မြတ်ကို "ပညာကြီးကြတဲ့ ငါ့ရဲ့ တပည့်သာဝကရဟန်းတွေထဲမှာ သာရိပုတ္တရာသည် အသာဆုံး၊ အမြတ်ဆုံးဖြစ်ပေတယ်’’ လို့ ချီးကျူးမြွက်ကြားတော်မူပါတယ်။ (A.i.23) ပညာအရာမှာ ဗုဒ္ဓမြတ်စွာပြီးလျှင် အကြီးမြတ်ဆုံး၊ အသာဆုံးအဖြစ် ချီးမွမ်းခံရပါတယ်။ (SA.ii.45) မထေရ်မြတ်ရဲ့ ဥာဏ်ပညာကြီး ရင့်မူ ပေါ်လွင်ထင်ရှားဆုံးအချိန်ကတော့ ဗုဒ္ဓမြတ်စွာ တာဝတိံသာနတ်ပြည် ကနေသင်္ကဿမြို့တံခါး ဆင်းကြွတော်မူတဲ့အချိန်ဖြစ်တယ်။ အဲဒီမှာဗုဒ္ဓမြတ်စွာ မေးတော်မူတဲ့မေးခွန်းတွေကို ရှင်သာရိပုတ္တရာက လွဲပြီး ဘယ်သူမှမဖြေကြားနိုင်ဘူး။ သို့သော် အချို့မေးခွန်းတွေဟာဘုရားရှင်များသာ ဖြေကြားနိုင်တဲ့မေးခွန်း မျိုးတွေဖြစ်တယ်။ (DhA.iii.228 f.; cf. SNA.ii.570f.) ပြီးတော့ သတ္တ၀ါတွေရဲ့ ဣနြေ္ဒအနုအရင့်နှလုံးသွင်း၊ အဇ္ဈာသယကို လည်း ဗုဒ္ဓဘုရားရှင်တို့သာ သိနိုင်တယ်။ မထေရ်မြတ် မသိနိုင်ဘူး။ (DhA.iii.426; J.i.182) ဒါ့အပြင်သတ္တ၀ါတိုင်းအတွက် သင့်လျော်မှန်ကန်တဲ့ ကမ္မဋ္ဌာန်းတရားကိုလည်း ဗုဒ္ဓဘုရားရှင်တို့ သာ ဟောကြားပေးနိုင်တယ်။ (SNA.i.18)

သတ္တ၀ါတွေရဲ့ အတိတ်ဘ၀များစွာကိုလည်း ဗုဒ္ဓဘုရားရှင်တို့သာအကန့်အသတ်မရှိသိနိုင်ပါတယ်။ (SNA, ii.571)ကျမ်းဂန်တွေထဲမှာ ဗုဒ္ဓမြတ်စွာဟာ အခါအားလျော်စွာ တရားတော်ရဲ့ခေါင်းစဉ်အကြောင်းအရာကို သာ ဟောကြားပြီး ရှင်သာရိပုတ္တရာက အသေးစိတ်ဆက် လက်ဟောတော်ကြားတော်မူတယ်။ အဲလို မထေရ်မြတ်ဟောကြားတဲ့တရားတော်ကို ဗုဒ္ဓမြတ်စွာက သာဓုခေါ်တော်မူတယ်။ (e.g., M.i.13; iii.46, 55, 249) "သာရိပုတ္တ စကြ၀တေးမင်း၏ သားကြီးသည် ဖခင်၏ စကြာရတနာကို လည်ပတ်စေနိုင်သကဲ့သို့ သင်သည် ငါ လည်ပတ်စေသကဲ့ သို့ပင် မြတ်သောဓမ္မစက်ကို မှန်ကန်စွာ လည်ပတ်စေနိုင်ပေတယ်’’ စသည်ဖြင့် ဗုဒ္ဓမြတ်စွာကရှင်သာရိပုတ္တ မထေရ်ကို တရားနဲ့ပတ်သက်ပြီး ချီးမွမ်းတော်မူတဲ့ အကြောင်းများကို ကျမ်းဂန်တွေမှာ မှတ်တမ်း တင်ထားပါတယ်။ 

S.i.191; cf. SN.vs.556 f. ဒီသုတ္တံမှာ သေလပုဏ္ဏားက ဗုဒ္ဓမြတ်စွာကို ''ဆရာ့စကားကို လိုက်၍ အရှင်၏စကားကို နာယူသော စစ်သူကြီးကား အဘယ်သူပါနည်း’’ လို့မေးလျှောက်တဲ့အခါ ဓမ္မစက်ကို အတုလိုက်ပြီး လည်ပတ်စေနိုင်သူဟာ ရှင်သာရိပုတ္တ မထေရ်မြတ်ဖြစ်ကြောင်းဖြေကြားတော်မူ ပါတယ်။ (M.iii.29) ဒါကြောင့်မိုလို့ ရှင်အာနန္ဒာမထေရ်မြတ်ဟာ "ဓမ္မဘဏ္ဍာဂါရိက’’ လို့ထင်ရှားသလိုရှင်သာရိပုတ္တ မထေရ်မြတ်ဟာလည်း "ဓမ္မသေနာပတိ’’ လို့ထင်ရှားပါတယ်။ "အနုပဒသုတ္တံ’’ ဟာ ဗုဒ္ဓမြတ်စွာက ရှင်သာရိပုတ္တမထေရ်မြတ်ကို ရှည်လျားစွာ ချီးကျူးမြွက်ကြားထားတဲ့ သုတ္တံတစ်ခုဖြစ်ပါတယ်။ အဲဒီသုတ်တော်မှာ ဗုဒ္ဓမြတ်စွာက မထေရ်မြတ်ဟာ တပည့်သာဝကတွေထဲ မှာ မြတ်သောစံပြုထိုက်သူ၊ မြတ်သော သီလ၊ သမာဓိ၊ ပညာ၊ ကိလေသာမှလွတ်မြောက်မူတို့မှာ တဖက်ကမ်း ကူးမြောက်ပြီးသူ အဖြစ်ချီးကျူးမြွက်ကြားထားပါတယ်။

"မဟာဂေါသိင်္ဂသုတ်’’ မှာ "ရဟန်းသည် စိတ်ကို မိမိအလိုအတိုင်းဖြစ်စေနိုင်သည်။ ရဟန်းသည် စိတ်အလိုအတိုင်း မဖြစ်။ ... ဤကဲ့သို့သော ရဟန်းဖြင့် ဂေါသိင်္ဂမည်သော အင်ကြင်တောသည်တင့်တယ်နိုင်ရာပေ၏’’ လို့မထေရ်မြတ်က မိမိအမြင်ကို မိန့်ကြားထားပါတယ်။ ဒီမိန့်ကြားချက်ကို ဗုဒ္ဓမြတ်စွာက သာဓုခေါ်တော်မူပြီး "သာရိပုတ္တသည် စိတ်ကိုမိမိအလိုအတိုင်းဖြစ်စေ၏၊ သာရိပုတ္တသည် စိတ်၏ အလိုအတိုင်း မဖြစ်" လို့ချီးမွမ်းတော်မူပါတယ်။ သို့သော်လည်း ဗုဒ္ဓမြတ်စွာဟာရှင်သာရိပုတ္တမထေရ်မြတ်ကို ဆုံးမဖို့လိုအပ်တဲ့အခါမှာလည်း တုံ့ဆိုင်းတော်မမူပါဘူး။
ဥပမာ ဗုဒ္ဓမြတ်စွာကသာသနာတွင်း ၀င်ရောက်စ ရဟန်းသစ်တွေကို ဆူညံလို့ နှင်ထုတ်တုန်းက မထေရ်မြတ်က ဗုဒ္ဓမြတ်စွာရဲ့အလိုတော်ကို နားမလည်တဲ့အခါမှာ ၊ (M.i.459) နောက်တခါ ဗုဒ္ဓမြတ်စွာရဲ့ ၀စ္စကုဋီမှာ ရှင်ရာဟုလာ တစ်ညလုံး သီတင်းသုံးနေရလို့ ရှင်ရာဟုလာကို ကောင်းစွာ မစောင့်ရှောက်တဲ့အခါမှာဖြစ်ပါတယ်။ (J.i.161f.)

သစ္စ၀ိဘင်္ဂသုတ် မှာ ဗုဒ္ဓမြတ်စွာဟာ ရှင်သာရိပုတ္တမထေရ်မြတ်ကို မွေးမိခင် နဲ့ တူတဲ့ဆရာအဖြစ် ဥပမာပေး တော်မူပါတယ်။ ရှင်မောဂ္ဂလာန်မထေရ်မြတ်ကိုတော့ ကျွေးမိခင် အဖြစ် ဥပမာပေးတော်မူတယ်။ ရှင်သာရိပုတ္တရာမထေရ်မြတ် ဟာ သောတပတ္တိဖိုလ် ရအောင် ဟောကြားဆုံးမတော် မူတတ်ပြီး ရှင်မောဂ္ဂလာန်မထေရ်မြတ်ကတော့ အထက်ဖိုလ်များကို ရအောင် ဟောကြားဆုံးမတော်မူတတ်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ (M.iii.248) "ပိဏ္ဍပါတ ပရိသုဒ္ဓိသုတ်’’ မှာ ဗုဒ္ဓမြတ်စွာဟာ ရှင်သာရိပုတ္တမထေရ်မြတ်ရဲ့ သုညတ
ဖလသမာပတ်နဲ့နေခြင်းကို ချီးမွမ်းတော်မူပြီး အဲဒီ ဖလသမာပတ်ပွားများပုံကိုလည်း ညွှန်ကြားဟောပြတော်မူပါတယ်။

အခြားထိုထိုသုတ္တံများမှာလည်း တရားဓမ္မအမျိုးမျိုးနဲ့ ပတ်သက်ပြီး ဗုဒ္ဓမြတ်စွာက မထေရ်မြတ်ကို ညွှန်ကြားဟောပြတော်မူတယ်။မေးမြန်းစီစစ်တော်မူတယ်။ ဥပမာ အားဖြင့် "ဘူတ’’ တရားနဲ့ပတ်သက်ပြီး (S.ii.47f) မှာ၊ ဣနြေ္ဒငါးပါးနဲ့ပတ်သက်ပြီး (S.v.220f., 225f., 233f ) မှာ သောတပတ္တိ နဲ့ပတ်သက်ပြီး S.v.347 မှာ၊ ဈာန်တရားပွားများပုံနဲ့ပတ်သက်ပြီး(A.i.65) မှာ၊ အတ္တစွဲဖြုတ်ပုံနဲ့ပတ်သက်ပြီး (A.i.133) မှာ၊ လုပ်ငန်းလုပ်ကိုင်ရာမှာ အောင်မြင်ခြင်း၊ ကျရှုံးခြင်းအကြောင်းတရားများနဲ့ပတ်သက်ပြီး(A.ii.81f.) မှာ၊ အတ္တဘာဝ ရရှိပုံလေးမျိုးနဲ့ပတ်သက်ပြီး (A.ii.159)မှာ၊ တရားအားထုတ်ဖို့ စေ့ဆော် တွန်းခြင်း နည်းလမ်းတွေနဲ့ပတ်သက်ပြီး (A.iii.198) မှာ၊တပါးတည်းနေထိုင်ခြင်းကြောင့် ဖြစ်ပေါ်သော ပီတိချမ်းသာနဲ့ပတ်သက်ပြီး (A.iii.207) မှာ စသည်ဖြင့် သုတ္တံများစွာမှာတွေ့ရပါတယ်။အိမ်နေသူလူတို့ အတွက် မြတ်သော တရားဟောကြားခြင်းနဲ့ပတ်သက်ပြီး (211f.) မှာ၊ ရဟန်းတစ်ပါးအတွက် ၀ိပဿနာဥာဏ်တိုးပွားစေတဲ့ အရာ (၆) ပါးကို (424f.) မှာ၊ အလားတူ (၇) ပါး (A.iv.30)၊ ရဟန်းတစ်ပါးကို ချီးမွမ်းနိုင်ခြင်းရဲ့ အကြောင်းရင်း (၇) ပါး (35) ၊ရဟန်းတပါးမြတ်နိုးရိုသေထိုက်တဲ့ ၀တ္ထုများ၊ ပုဂ္ဂိုလ်များ (120f.)၊ အာသ၀တရာများ ကင်းစင်တဲ့ ရဟန်းတော်ရဲ့ ဂုဏ်ရည် (၈) ပါး (223 f.)သံယောဇဉ်မကုန်ဘဲ ဘ၀သစ်ပြန်လည်မွေးဖွား ရသော်လည်း အပါယ်ဘုံမှ ကင်းလွတ်ရသော ပုဂ္ဂိုလ် (၉) ယောက် (379 f.)၊ အာသ၀တရားများကို ပယ်ရှားဖျက်ဆီးပြီးသော ရဟန်းရဲ့ အား(၁၀) ပါး (A.v.174 f.)၊ စသည်ဖြင့် သုတ္တံများစွာ မှာ တွေ့ရပါတယ်။

ရှင်သာရိပုတ္တမထေရ်မြတ်နဲ့ အခြားသီတင်းသုံးဖော်မထေရ်များ အချင်းချင်း တရား ဓမ္မမေးမြန်း၊ ဖြေကြားတော်မူတဲ့အကြောင်းရာတွေကိုလည်း ထိုထို သုတ္တံများမှာတွေ့ရတယ်။ မဟာကောဋ္ဌိက မထေရ်မြတ်က အရှင်သာရိပုတ္တမထေရ်မြတ်ကို အောက်ပါတရားဓမ္မများနဲ့ ပတ်သက်ပြီး မေးမြန်းတော်မူတဲ့အကြောင်း သုတ္တံများမှာ မှတ်တမ်းတင်ထားပါတယ်။ "ကမ္မ’’ (S.ii.112 f.)၊ "ယောနိသောမနသိကာရ’’ S.iii.176 f၊ "အ၀ိဇ္ဇာနဲ့ ၀ိဇ္ဇာ’’ (ibid., 172 f.) အာရုံအနှောင် အဖွဲ့တွေနဲ့ပတ်သက်ပြီး (S.iv.162 f.)“အဗျာကတတရားများ’’ နဲ့ ပတ်သက်ပြီး(ibid., 384 f.)၊ ဖဿခြောက်ပါးမှာ ခံစားမူချုပ်ပြီးတဲ့နောက် ကျန်ရှိနေတဲ့အရာနဲ့ပတ်သက်ပြီး(A.ii.161) ရဟန်းတွေ ဗုဒ္ဓမြတ်စွာထံမှောက်မှာ ဗြဟ္မာစရိယကျင့်သုံးခြင်းရဲ့ ရည်ရွယ်ချက်နဲ့ပတ်သက်ပြီး (A.iv.382) "မဟာဝေဒလ္လသုတ်’’ ဟာ ရှင်သာရိပုတ္တမထေရ်ကနေ ရှင်မဟာကောဋ္ဌိက မထေရ်မြတ်ကို ဟောကြားထားတဲ့ ရှည်လျားတဲ့ သုတ္တံတစ်ခုဖြစ်တယ်။ (M.i.292 ff.) ပြီးတော့ ရှင်မဟာကဿပ မထေရ်မြတ်ကို "အာတာပီ၊ သြတ္တာပီ’’(S.ii.195f.)နဲ့ပတ်သက်ပြီးမေးမြန်းတော်မူကြောင်း၊ ရှင်အနုရုန္ဓမထေရ်မြတ်ကို သေက္ခ နဲ့ပတ်သက်ပြီး မေးမြန်းတော်မူကြောင်းကို လည်းမှတ်တမ်းတင်ထားပါတယ်။ (S.v.174 f., 298f.) တခါတော့ ရှင်အနုရုန္ဓမထေရ်မြတ်က ရှင်သာရိပုတ္တမထေရ်မြတ်ကိုလောကဓါတ်တစ်ထောင်ကိုမြင်နိုင်တယ်။ 

မတွန့်ဆုတ်တဲ့ လုံ့လရှိပြီး သတိထင်ရှားလျက် စိတ်ဟာ အာရုံတစ်ခုတည်းမှာကောင်းစွာတည်တယ်၊ သို့ဖြစ်ပါလျက် ကျွန်ုပ်ရဲ့စိတ်ဟာ တဏှာ၊ ဒိဋ္ဌိတို့နဲ့ မစွဲလမ်းဘဲ အသဝေါတရားတွေကနေ မလွတ်ကင်းနိုင်ဖြစ်နေပါတယ် လို့လျှောက်ထားတဲ့အခါ မထေရ်မြတ်က လောကဓါတ်တစ်ထောင်ကို မြင်နိုင်တယ်’’ လို့ဆိုတာ "မာန’’ ဖြစ်နေကြောင်း၊ ငါဟာလုံ့လထုတ်ပြီးပြီ သတိထင်ရှားပြီး စိတ်ဟာ အာရုံတစ်ခုမှာဘဲ တည်နေတယ်ဆိုတဲ့ ကြံစည်တွေးတေားမူဟာ "စိတ်ပျံ့လွင့်မူ’’ "ဥဒ္ဓစ္စ" ဖြစ်နေကြောင်း၊ ထို့သို့ဖြစ်လျက် ငါ့စိတ်ဟာ တဏှာ၊ ဒိဋ္ဌိတို့နဲ့ မစွဲလမ်းဘဲ အသဝေါတရားတွေကနေ မလွတ်ကင်းနိုင်ဖြစ်နေတယ် လို့တွေးတောခြင်းသည် "သံသယ၊ ကုက္ကုစ္စ’’ ဖြစ်နေကြောင်း အဲဒီတရားတွေကို ပယ်စွန့်ဖို့လိုကြောင်း လမ်းညွှန်ဟောကြားတော်မူလို့ အရှင်အနုရုန္ဓမထေရ်မြတ်ဟာ လမ်းညွှန်တဲ့အတိုင်း ကျင့်ကြံအားထုတ်ခြင်းဖြင့် အရဟတ္တမဂ်ဥာဏ်ကို ရရှိသွားကြောင်း မှတ်တမ်းတင်ထားပါတယ်။

ရှင်မောဂ္ဂလာန်မထေရ် မြတ်က ရှင်သာရိပုတ္တမထေရ်မြတ်ကို ကိလေသာအညစ်အကြေးတွေကင်းစင်မူ နဲ့ပတ်သက်ပြီး မေးမြန်းတော်မူတဲ့အကြောင်းကို "အနင်္ဂဏသုတ်’’ မှာမှတ်တမ်းတင်ထားပါတယ်။ ဂါလိယာနိသုတ်မှာ ရှင်သာရိပုတ္တမထေရ်မြတ်က တောကျောင်းနေရဟန်းတွေ ကျင့်သုံးအပ်တဲ့ တရား (၁၆) ပါးကို ဟောကြားတဲ့အခါ သုတ်တော်ရဲ့အဆုံးမှာ ရှင်မဟာမောဂ္ဂလာန်မထေရ်မြတ် က တောကျောင်းရဟန်းများသာကျင့်အပ်ပါသလားလို့မေးမြန်းတော်မူတဲ့အခါ မထေရ်မြတ်က ထိုသို့မဟုတ် မြို့နေရဟန်းများလည်းကျင့်အပ်ကြောင်းဟောကြားတော်မူကြောင်း ကိုမှတ်တမ်းတင်ထားပါတယ်။

ဗောဇ္ဈင် တရားတွေနဲ့ပတ်သက်ပြီး ရှင်သာရိပုတ္တက ရှင်ဥပ၀ါဏမထေရ်မြတ်ကို မေးမြန်းတော်မူတယ်။ ရှင်အာနန္ဒာက မထေရ်မြတ်ကို သောတ္တပတ္တိမဂ်ဖြစ်ပုံ၊ အချို့ပုဂ္ဂိုလ်တွေဟာ မျက်မှောက်ဘ၀မှာ ကိလေသာတွေက လွတ်မြောက်ပြီး အချို့မလွတ်မြောက်ကြတဲ့အကြောင်း ရင်း၊ ပြည့်စုံစင်ကြယ်တဲ့ သမာဓိတရားရရှိကြောင်းတို့နဲ့ ပတ်သက်ပြီး မထေရ်မြတ်ကို မေးမြန်းတော်မူကြောင်းတွေ့ရပါတယ်။ ရှင်အာနန္ဒာမထေရ်မြတ်က တရားဓမ္မတွေနဲ့ ပတ်သက်ပြီး လျင်မြန်စွာသိရှိနားလည်နိုင် ခြင်း အကြောင်းနဲ့ ရဟန်းတပါးဟာ အသစ်ဖြစ်တဲ့ တရားဓမ္မတွေကို သင်ယူလေ့လာပုံနည်းလမ်း၊ လေ့လာပြီး ဆောင်ထားပြီး တရားဓမ္မတွေကို ရောထွေးမသွားအောင်ဘယ်လို ဆောင်ထားရပါမလဲလို့ မေးမြန်းတော်မူတဲ့အခါ ရှင်သာရိပုတ္တမထေရ်မြတ်က ရှင်အာနန္ဒာကိုယ်တော်မြတ်ကို ကိုယ်တိုင် ဖြေကြားစေပြီး အဖြေရဲ့ အဆုံးမှာ သာဓုခေါ်တော်မူပါတယ်။ "ရထ၀ိနီတသုတ်’’ မှာ ရှင်သာရိပုတ္တမထေရ်မြတ်နဲ့ ပုဏ္ဏမန္တာနီပုတ္တမထေရ်တို့ရဲ့ တရားဆွေးနွေးမူကို မှတ်တမ်းတင်ထားပါတယ်။ မထေရ်မြတ်ဟာ ဗုဒ္ဓမြတ်စွာရဲ့ ချီးမွမ်းခြင်းကိုခံရတဲ့ ပုဏ္ဏမထေရ်မြတ်ကို အလွန်လေးစားကြည်ညိုတော်မူတယ်။ ပုဏ္ဏမထေရ်မြတ် သာဝတ္ထိကိုကြွလာရင် သတိပေးဖို့မှာကြား ထားပြီး မထေရ်မြတ်ကြွလာတဲ့သတင်းကြားတာနဲ့ ချက်ချင်းသွားရောက်တွေ့ ဆုံတော်မူတယ်။ ရှင်သာရိပုတ္တမထေရ်မြတ်နဲ့ တရားဓမ္မဆွေးနွေးကြတဲ့ အခြား မထေရ်မြတ်တွေကိုလည်း မှတ်တမ်းတင်ထားပါတယ်။ ဥပမာ၊ သမိဒ္ဓိမထေရ်၊ ယမကမထေရ်၊ လာလုဒါယီမထေရ်နဲ့ စန္ဒိကာပုတ္တမထေရ်တို့ဖြစ်ပါတယ်။ လူပုဂ္ဂိုလ်တွေထဲမှာ ရှင်သာရိပုတ္တမထေရ်မြတ်နဲ့ တရားဓမ္မဆွေးနွေးကြတဲ့သူတွေကတော့ အတုလ၊ နကုလပိတာ၊ ဓနဉ္ဖာနီပုဏ္ဏား၊ သီဝလိ (ဖွားတော်မူပြီးစ) တို့ ဖြစ်တယ်။ ပရိဗိုဇ်တွေ လည်း အရှင်မြတ်နဲ့ တရားဓမ္မတွေဆွေးနွေးပုံကို မှတ်တမ်းတင်ထားတယ်။ 

ဥပမာ - ဇမ္ဗုခါဒက၊ သာမန္ဒက၊ ပသူရ ပရိဗိုဇ်တို့ဖြစ်ပြီး ပရိဗိုဇ်မတွေကတော့ သစ္စာ၊ လောလာ၊ အ၀၀ါဒကာ၊ ပဋာစာရာ၊ ကုဏ္ဍလကေသီ တို့ဖြစ်တယ်။ အရှင်မြတ်ဟာ ပရိဗိုဇ်တွေထံ သွားရောက်ပြီး တရားဓမ္မ၊ အယူဝါဒတွေကိုဆွေးနွေးကြောင်းကိုလည်းမှတ်တမ်းတင် ထားပါတယ်။ သံဃာ့အဖွဲ့စည်းကို ညီညွတ်အောင်၊ ချမ်းသာအောင် စောင့်ရှောက်ဖို့တာဝန်ဟာ ဗုဒ္ဓမြတ်စွာရဲ့ အဂ္ဂ သာဝကဖြစ်တော်မူတဲ့ ရှင်သာရိပုတ္တမထေရ်မြတ်ရဲ့ အထူးတာဝန်ကြောင့် ကြစိုက်တော်မူတဲ့ တာဝန် တစ်ရပ်ဖြစ်ပါတယ်။ 

ဒါကြောင့်မို့လို့ ရှင်ဒေ၀ဒတ်နဲ့ အတူပါသွားတဲ့ ရဟန်းတော်တွေ ပြန်လည်ခေါ် ဆောင်ဖို့တာဝန်ကို ရှင်မောဂ္ဂလာန်မထေရ်မြတ်နဲ့အတူ အပ်နှင်းခြင်းခံရပါတယ်။ သိုပေမဲ့ အရှင်မြတ်ရဲ့ ဆုံးမဟောကြားမူတွေတိုင်းဟာ ရဟန်းသံဃာတိုင်းကိုတော့ နှစ်သက်သဘောကျခြင်းမဖြစ်စေခဲ့ပါဘူး။ ဥပမာ၊ အဿဇိ ပုနဗ္ဗသုကာ၊ နောက်တော့ ဆဗ္ဗဂီယ ရဟန်းတွေ (အရှင်မြတ်ကို အငြိုးထားပြီး မဟုတ်မမှန်စွပ်စွဲ အပုပ်ချတာ) ၊ ကောကာလိကနဲ့ ဆန္န တို့ဖြစ်ပါတယ်။ 

ဆန္နမထေရ် မိမိကိုယ်ကို သတ်ဖို့ လုပ်တဲ့အခါ ရှင်သာရိပုတ္တက မလုပ်ဖို့ တားမြစ်ခဲ့ပေမဲ့ မအောင်မြင်ခဲ့ပါဘူး။ သို့ပေမဲ့ ရဟန်းတော်တွေဟာ အခက်ခဲတွေနဲ့ ကြုံတွေ့လာရင် ရှင်သာရိပုတ္တထံကနေ အကြံဥာဏ် တောင်းခံတတ်ကြပါတယ်။ ဥပမာ သံယုတ္တနိကာယ်မှာ ရဟန်းတစ်ပါးဟာ သူ့ရဲ့ သီတင်းသုံးဖော် မိတ်ဆွေ လူထွက်သွားတာနဲ့ ပတ်သက်ပြီး ဘယ်လိုပြုသင့်ပါသလဲလို့ မထေရ်မြတ်ကို မေးလျှောက်ကြောင်း တွေ့ရတယ်။

ကောသမ္ဗီရဟန်းတွေ အငြင်းအခုံဖြစ်၊ ဂိုဏ်းကွဲကြတာနဲ့ ပတ်သက်ပြီး မထေရ်မြတ်ဟာ အလွန်ကြောင့်ကြစိုက်တော်မူပါတယ်။ ဒီ အဓိကရုဏ်းကြီးကို ဘယ်လိုငြိမ်းအေးစေ မလဲ ဆိုတာနဲ့ ပတ်သက်ပြီး ဗုဒ္ဓမြတ်စွာကို မေးလျှောက်တော်မူကြောင်းမှတ်တမ်းတင်ထားပါတယ်။ မထေရ်မြတ်ဟာ ဗုဒ္ဓမြတ်စွာ ပညတ်တော်မူတဲ့ ၀ိနည်းစည်းကမ်းတွေနဲ့ ပတ်သက်ပြီး အလွန်ဂရုပြု လိုက်နာတော်မူပါတယ်။

ဒါကြောင့်မို့လို့ ရဟန်းတော်တစ်ပါးဟာ သာမဏေတစ်ပါးကိုသာ ၀တ်ပေးခွင့် ရှိတယ်ဆိုတဲ့ ၀ိနည်းစည်းကမ်းကို ချမှတ်ထားတဲ့ အခါတုန်းက အရှင်မြတ်ဟာ ကျေးဇူးမကင်းတဲ့ မိသားစုတစ်ခုက သူတို့ရဲ့သားကို သာမဏေပြုပေးပါရန်လျှောက်ထားတောင်းပန်မူကို ငြင်းပယ်ခဲ့ ပါတယ်။ ဗုဒ္ဓမြတ်စွာက အဲဒီဝိနည်းစည်းကမ်းကို ပြင်ဆင်ပညတ်တော်မူမှ သာ လက်ခံတော်မူ ခဲ့ပါတယ်။

နောက်တစ်ခါ ရဟန်းတွေကို မြတ်စွာဘုရားက (လသုဏ) ကြက်သွန်ဖြူကို မစားဖို့ ၀ိနည်းပညတ်တော်မူတဲ့အခါ မထေရ်မြတ်မှာ ရောဂါဝေဒနာတစ်ခုခံစားနေရလို့ ကြက်သွန်ဖြူကို စားမှသာ သက်သာမယ်သိပေဖို့ ဗုဒ္ဓမြတ်စွာက စားခွင့်ပြုမှသာ စားတော်မူခဲ့ပါတယ်။ တခါတုန်းကလည်း ရှင်သာရိပုတ္တရာ မထေရ်မြတ်ဟာ ဧည့်သည်တည်းခိုဖို့ ဇရပ်တစ်ခုက ဆွမ်းကို ဘုဉ်းပေးသုံးဆောင်အပြီးမှာ ကြမ်းတမ်းတဲ့ ရောဂါဝေဒနာတစ်ခု နှိပ်စက်လို့ အဲဒီ ဇရပ်မှာဘဲ တစ်ညဥ့်တာ သီတင်းသုံးတော်မူရတယ်လို့ ဆိုတယ်။ 

တစ်ညဥ့်တာကုန်သွားလို့ နောက်တစ်ရက်မှာ ဧည့်သည်ဇရပ်က ဆွမ်းထပ်မံကပ်တဲ့အခါ သုံးဆောင်တော်မမူဘူးလို့ ဆိုတယ်။ အကြောင်းကတော့ မြတ်စွာဘုရားရှင်ဟာ ဧည့်သည်ဇရပ်ကကပ်လှူတဲ့ဆွမ်းကို တစ်ကြိမ်တစ်ခါသာ သုံးဆောင်အပ်တယ်လို့ ပညတ်တော်မူထားတဲ့ အတွက်ကြောင့်ဖြစ်တယ်။ ဒီအကြောင်းကို မြတ်စွာဘုရားရှင် သိတော်မူတဲ့အခါ ၀ိနည်းသိက္ခာပုဒ်တော်ကိုအနုပညတ်ချက်ထပ်မံဖြည့်စွက်ပြီး နာမကျန်းဖြစ်တဲ့အခါ တစ်ကြိမ်ထက်ပိုလွန်သုံးဆောင်ဖို့ ခွင့်ရှိတယ် လို့ ပြင်ဆင် ပညတ်တော်မူတယ်။ 

ဓမ္မပဒ အဋ္ဌကထာမှာတော့ အရှင်မြတ်ဟာ သူနေထိုင်ရာကျောင်းတိုက်မှာ ရဟန်းတော်တွေ အားလုံးဆွမ်းခံထွက် တဲ့အခါ အကယ်၍ အယူတပါးအခြားပုဂ္ဂိုလ်တွေမြင်တွေ့လို့ရှိရင် ကဲ့ရဲ့ဖွယ်ဖြစ်မည်စိုးတဲ့အတွက်ကြောင့်ကျောင်းတိုက်အနှံ့ အမှိုက်တွေရှိနေရင် တံမြက်လှဲကျင်းတယ်၊ ရေအိုးတွေ ရေမရှိတာတွေ့ရင် ကိုယ်တိုင်ခပ်ယူဖြည့်တော်မူတယ်။ စည်းကမ်းတကျမရှိတဲ့အသုံးဆောင်ပစ္စည်းတွေကို စနစ်တကျသိမ်းဆည်းတော်မူတယ်၊ ပြီးမှ ကိုယ်တော်မြတ်ဟာဆွမ်းခံကြွတော်မူတယ်လို့ တွေ့ရပါတယ်။ ‘’ရထ၀ိနီတသုတ်’’ မှာ ရှင်သာရိပုတ္တမထေရ်မြတ်နဲ့ ပုဏ္ဏမန္တာနီပုတ္တမထေရ်တို့ရဲ့ တရားဆွေးနွေးမူကို မှတ်တမ်းတင်ထားပါတယ်။ မထေရ်မြတ်ဟာ ဗုဒ္ဓမြတ်စွာရဲ့ ချီးမွမ်းခြင်းကိုခံရတဲ့ ပုဏ္ဏမထေရ်မြတ်ကိုအ လွန်လေးစားကြည်ညိုတော်မူတယ်။ ပုဏ္ဏမထေရ်မြတ် သာဝတ္ထိကိုကြွလာရင် သတိပေးဖို့မှာကြားထားပြီး မထေရ်မြတ်ကြွလာတဲ့သတင်းကြားတာနဲ့ ချက်ချင်းသွားရောက်တွေ့ဆုံတော်မူ တယ်။ရှင်သာရိပုတ္တမထေရ်မြတ်နဲ့ တရားဓမ္မဆွေးနွေးကြတဲ့ အခြား မထေရ်မြတ်တွေကိုလည်းမှတ်တမ်း တင်ထားပါတယ်။ ဥပမာ၊ သမိဒ္ဓိမထေရ်၊ ယမကမထေရ်၊ လာလုဒါယီမထေရ်နဲ့စန္ဒိကာပုတ္တ မထေရ်တို့ဖြစ်တယ်။

‘‘ဉာဏ်ဖြင့် အမှတ်အသားထားအပ်သည်ရှိသော် ဂင်္ဂါမြစ်၌သဲသည် ကုန်ရာ၏။ သာရိပုတြာ၏ပညာအပိုင်းအခြား
သည်ရေတွက်၍ မဖြစ်ကောင်းသည်သာတည်း’’
(ထေရအပါဒါန်)

‘‘စကြာဝဠာ ကုဋေတသိန်းရှိသော ဗုဒ္ဓခေတ်၌ ရှိသမျှသော သတ္တ၀ါအပေါင်းတို့တွင် မြတ်စွာဘုရားကိုထား၍ ကျွန်ုပ်သည်ပညာအားဖြင့် အမြတ်ဆုံးဖြစ်၏။ ကျွန်ုပ်နှင့်တူသောသူသည် မရှိ’’
(ထေရအပါဒါန်)

ရှင်သာရိပုတ္တမထေရ်မြတ်ဟာ သာသနာမှာ မြတ်စွာဘုရားပြီးရင် ပညာအကြီးမြတ်ဆုံးဖြစ်ပေမဲ့ အခြားသံဃာတော်တွေကိုအလွန်ငဲ့ညှာတော်မူတယ်။တခါတုန်းက မြတ်စွာဘုရားဟာ ဝေသာလီကနေ
သာဝတ္ထိ ကို ပြန်ကြွချီတော်မူတယ်။ ကြွချီတော်မူရာ လမ်းတစ်လျှောက်မှာအရှင်မြတ်ဟာ နာမကျန်းဖြစ်တဲ့သံဃာတော်တွေ၊ အသက်ရွယ်ကြီးတဲ့ သံဃာတော်တွေကို ကူညီစောင့်မရင်း သံဃာတော်များစွာရဲ့ နောက်ဆုံးမှ ကြွချီတော်မူလာပါတယ်။ ဆဗ္ဗဂ္ဂီ ရဟန်းတွေ ကတော့ မြတ်စွာဘုရားနဲ့သံဃာတော်တွေရဲ့ ရှေ့က အရင်ကြွသွားနှင့်ပြီး တည်းခိုဖို့ ကျောင်း၊ အိပ်ယာနေရာတွေကို အရင်ဦးထားနှင့်ပါတယ်။ ဒီလိုဦးထားနှင့်တဲ့အတွက် နောက်ဆုံးက ရှင်သာရိပုတ္တ မထေရ်မြတ်ကြွလာတဲ့ အခါ သီတင်းသုံးစရာ မရှိတော့ပါဘူး။ မထေရ်မြတ်ဟာ မြတ်စွာဘုရားရဲ့ တပည့်သံဃာတွေထဲမှာ အကြီးမြတ်ဆုံး ပုဂ္ဂိလ်ကြီးဖြစ်ပေမဲ့ မိမိအတွက် အထူးနေရာယူတော်မမူဘူး။ သစ်ပင်တစ်ပင်ရင်းမှာသာ တစ်ညလုံးထိုင်လျက် သီတင်းတော်မူပါသတဲ့။ ဒီအကြောင်းကို ၀ိနည်း စူဠ၀ါပါဠိတော်နဲ့ အဋ္ဌကထာမှာ မှတ်တမ်းတင်ထားပါတယ်။

ရှင်သာရိပုတ္တမထေရ်မြတ်ဟာ သူတပါးရဲ့ဂုဏ်ကျေးဇူးကိုလည်းချီးမွမ်းဖို့လည်း ၀န်လေးတော် မမူဘူး။မိမိကိုယ်ကိုလည်းနှိမ့်ချတော်မူတယ်။ ရှင်မောဂ္ဂလာန် မထေရ်မြတ်ကို ‘‘ငါ့ရှင် ကျွန်ုပ်တို့ အရှင်ဘုရား အနားမှာ ရှိနေတာဟာကျောက်စရစ်ခဲကို ဟိမန္တာတောင်ထွတ်နားမှာ ချထားသလိုပါဘဲ။ အရှင်ဘုရားဟာ တန်ခိုးကြီးလှပါပေ တယ်။အာနုဘော်ကြီးလှပါပေတယ်’’ လို့ ချီးမွမ်းတော်မူပါတယ်။ (သံယုတ်) နောက်တခါ ထေရအပါဒါန်မှာ ကိုယ်တော်မြတ် ကိုယ်တိုင်မိန်ကြားထားပြန်ပါတယ်။ 

‘‘အကြင်ပုဂ္ဂိုလ်သည်အကြားအမြင်များသောသူလည်းဖြစ်၏။ လျင်မြန်သောပညာလည်းရှိ၏။ သီလတို့၌ ကောင်းစွာဆောက်တည်ထား သူလည်း ဖြစ်၏။ စိတ်ကို ကောင်းစွာထားခြင်းနှင့် ယှဉ်သူလည်း ဖြစ်၏။ ထိုသို့သော ပုဂ္ဂိုလ်သည် ကျွန်ုပ်၏ ဦးထက်၌ သော်လည်း တည်ပါစေသတည်း’’ လို့ မိန့်တော်မူပါတယ်။

အရှင်မြတ်ဟာသနားကရုဏာတော်နှင့်လည်းပြည့်စုံတော်မူတယ်။ တခါတုန်းက အရှင်မြတ်ရဲ့ဘ၀ဟောင်းတစ်ခုမှာ မိ ခင်တော်စပ်ခဲ့ဘူးတဲ့ ပြိတ္တာမကြီးတစ်ဦးက အရှင်မြတ်ကို 
သူ့အတွက် အလှူပြုပေးဖို့ တောင်းပန်လျှောက်ထားတဲ့အခါ အပ်စပ်တဲ့ အလှူဝတ္ထုတွေကို စီမံပြီး လှူဒါန်းပေးတော်မူတဲ့အတွက်ကြောင့် ပြိတ္တာဘ၀ကနေ ကျွတ်လွတ်ပြီးနတ်သမီး ဘ၀ကို ရောက်ရှိသွားကြောင်း ပေတ၀တ္ထုမှာမှတ်တမ်းတင်ထားပါတယ်။ဓမ္မအဋ္ဌကထာမှာလာတဲ့တမ္ဗဒါဌိက သူသတ်သမားကြီး ၀တ္ထုဟာလည်း ထင်ရှားတယ်။ နှစ်ပေါင်း (၅၅) နှစ်ကြာ သူသတ်ယောက်ျားအဖြစ် အမှုထမ်းလာတဲ့ သူသတ်သမားကြီး သေချာပေါက်အပါယ်လားရမှာ သိတော်မူတဲ့ အရှင်မြတ်ဟာသမာပတ်က ထတော်မူပြီး ဆွမ်းအလှူခံတော်မူပါတယ်။ ဆွမ်းအနုမောဒနာ တရားချီးမြှောက်တော်မူတယ်။သူသတ်သမားကြီးဟာ အရှင်မြတ် ကို ဆွမ်းလှူဒါန်းပြီး တရားနာကြားရတဲ့ ကောင်းမူကြောင့် တုသိတာ နတ်ပြည် ရောက်ရှိ သွားတယ်။

အရှင်မြတ်ဟာ လွန်ကဲတဲ့ သည်းခံခြင်း ဂုဏ်တော်နှင့်လည်း ပြည့်စုံတော်မူပါပေတယ်။ တခါကမိစ္ဆာဒိဋ္ဌိပုဏ္ဏားတစ်ယောက်ဟာ အရှင်မြတ်ရဲ့ သည်းခံခြင်းဂုဏ်ကို စမ်းကြည့်ချင်စိတ်နဲ့ အရှင်မြတ် ဆွမ်းခံကြွတော်မူစဉ်မှာကျောကို ပြင်းထန်စွာ ထုသတဲ့။ အရှင်မြတ်ဟာ ဘာမှ မတုံ့ပြန်ဘဲ ဆွမ်းခံ ဆက်ကြွတော်မူတယ်လို့ ဓမ္မပဒအဋ္ဌကထာမှာ မှတ်တမ်းတင်ထားပါတယ်။

ဒီလို သည်းခံခြင်းဂုဏ်ကို အရှင်မြတ်ဟာ မြတ်စွာဘုရားကိုကိုယ်တော်တိုင်ထုတ်ဖော်လျှောက် ထားကြောင်းအဂုင်္တ္တ ရနိကာယ်က ‘‘သီဟနာဒ’’ သုတ်မှာတွေ့ရပါတယ်။

‘‘အရှင်ဘုရား မြေကြီး၌ စင်ကြယ်သော ၀တ္ထုကိုလည်း ချပါ၏။ မစင်ကြယ်သော ၀တ္ထုကိုလည်း ချပါ၏။ ကျင်ကြီးကိုလည်း စွန့်ချကုန်၏။ ကျင်ငယ်ကိုလည်း စွန့်ချကုန်၏။ တံထွေးကို လည်း ထွေးကုန်၏။ပြည်ကိုလည်း သွန်ကုန်၏။ သွေးကိုလည်း သွန်ကုန်၏။ မြေကြီးသည် ထိုသို့ ချထားခံရသဖြင့်မငြိုငြင် ၊ မရှက်နိုး၊ မစက်ဆုပ် သကဲ့သို့၊ အရှင်ဘုရား ဤကဲ့သို့ပင် ပြန့်ပြောမြင့်မြတ်၍အတိုင်းအရှည်မရှိသော၊

=========== 
အားပေးမှုကို ကျေးဇူးတင်ပါတယ် ဒီမှာ သွားလိုက်နော်။

Nov 13, 2016

Translate

သုခအောင် (စာအုပ်စင်)သို့ လာရောက်လည်ပတ်ကြကုန်သောမိတ်ဆွေအားလုံးကိုအထူးကျေးဇူးတင်ပါတယ်၊ အကြံပေးချက်ကို ကြိုဆိုလျက်ပါ။ ဖုန်း- 09-400700358/09-760136274 သို့ဆက်သွယ်အကြံပြုနိုင်ပါတယ်။

Followers