အောင် မိတ္တူ၊ ဖိတ်စာလုပ်ငန်း

အမှတ်(ဗ/၀၂၇)၊ မြို့မ(၁)ရပ်ကွက်၊ ပြည်ထောင်စု(၁)လမ်၊း မောတောမြို့။ဖုန်း-၀၉-၇၆၅၇၀၀၃၅၈ / ၀၉-၇၆၀၁၃၆၂၇၄

အောင်မိတ္တူ၊ ဖိတ်စာလုပ်ငန်း၊

အမှတ်(ဗ/၃၀) ပြည်ထောင်စု(၁)လမ်း၊ မြို့မ(၁)ရပ်ကွက်၊ မောတောင်မြို့။ ဖုန်း-၀၉ ၇၆၀၁၃၆၂၇၄ / ၀၉ ၇၆၅၇၀၀၃၅၈

အောင် မိတ္တူ၊ ဖိတ်စာလုပ်ငန်းမှကြိုဆိုပါတယ်ချင်ဗျာ.........

ကွန်ပျူတာစာစီခြင်း၊ မိတ္တူဆွဲခြင်း၊ လိပ်စာကဒ်၊ ဖိတ်စာ၊ ဗီနိုင်းကြော်ငြာများကို အချိန်မှီရနိုင်ပါသည်။

ကြော်ငြာထည့်ရန်။

ဖုန်းနံပါတ်-၀၉၇၇၅၇၈၄၄၃၄

ကြော်ငြာထည့်ရန်။

ဖုန်းနံပါတ်-၀၉၇၇၅၇၈၄၄၃၄

ကြော်ငြာထည့်ရန်။

ဖုန်းနံပါတ်-၀၉၇၇၅၇၈၄၄၃၄

Name

ဖုန်းနံပါတ်-၀၉၇၆၅၇၀၀၃၅၈ သို့ဆက်သွယ်ရန်။

အောင်မိတ္တူမှ ‌ဗီနိင်းကြော်ငြာ၊ ဗီနိုင်းစတေကာ၊ ဖိတ်စာ၊ ဓာတ်ပုံပုံကြီးချဲ့၊ ဘောင်သွင်းဆိုက်စုံရပြီ။

ဖုန်း/09765700358/ 09775784434 သို့ဆက်သွယ်အပ်နှံနိုင်ပါပြီ။ အွန်လိုင်းစနစ်ဖြင့်ဆောင်ရွက်နိုင်ပါပြီ။ အောင်မိတ္တူ၊ မောတောင်မြို့။

Translate

သုခအောင် (စာအုပ်စင်)သို့ လာရောက်လည်ပတ်ကြကုန်သောမိတ်ဆွေအားလုံးကိုအထူးကျေးဇူးတင်ပါတယ်၊ အကြံပေးချက်ကို ကြိုဆိုလျက်ပါ။ ဖုန်း- 09-400700358 /09-775784434 သို့ဆက်သွယ်အကြံပြုနိုင်ပါတယ်ခင်ဗျာ။

Jul 8, 2017

ထူဆန်းသည့်ကလေး

ဒီကလေးကို အစိုးရကမြေတောင်မြှောက်ပေးသင့်တယ်
ကမ္ဘာ့အထူးချွန်ဆုံးအင်ဂျင်နီယာတွေထဲကတယောက်ဖြစ်လာနိုင်တယ်။ အိန္ဒိယမှာတော့ Akrit Jaswal ဆိုတဲ့ကလေးဟာ အဲဒီလိုပဲဉာဏ်အရမ်းကောင်းပြီး အသက်၁၂ နှစ်မှာ ဆေးကျောင်းစတတ်ခွင့်ရခဲ့တယ်

==============================

ကြီးလာရင် အင်ဂျင်နီယာလုပ်မယ်ပြောတဲ့ အသက်(၄)နှစ်အရွယ် ဥာဏ်ကြီးရှင် စလားလား 
------ ------ ------ ----- -----
ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ် တမန်ချောင်းကျေးရွာတွင် အသက် ၄ နှစ်ကျော်အရွယ်သာ ရှိသေးသော်လည်း မြန်မာစာကို စာလုံးမပေါင်းဘဲ လက်တန်းဖတ်ပြနိုင်သူ ကလေးငယ်တဦးရှိနေကြောင်း သတင်းရရှိခဲ့သည်။ ထို့ကြောင့် ထူးဆန်းသော ဥာဏ်ကြီးရှင် ကလေးငယ်အကြောင်းကို သိရှိနိုင်ရန် တမန်ချောင်း ရွာသို့ သွားရောက်ဖြစ်ခဲ့သည်။

ကျွန်တော်တို့လည်း အားနာစွာဖြင့်ပင် သိလိုသည်များကို မေးမြန်းဖြစ်ခဲ့ကြသည်။ ကလေးငယ်၏ နာမည်မှာ ကရင်လို ''စလားလား''ဖြစ်ပြီး ဗမာလို မောင်လမင်းဟု အဓိပ္ပာယ်ရပါသည်။ ကျောင်းနာမည်အဖြစ် မောင်ရှင်းသန့်မျိုးဟု ပေးထားသည်။
တမန်ချောင်းကျေးရွာသားတဦးဖြစ်သူ အိုင်လားသည် အိပ်မက်ဆုံရာအစီအစဉ်တွင် Top Ten စာရင်း ၀င်ခဲ့သောကြောင့် သူ့အကြောင်းကို လာရောက်ရိုက်ကူးခဲ့ရာမှ စလားလားအကြောင်းကို သိရှိသွားခဲ့ကြပြီး လူသိများလာခဲ့ခြင်းဖြစ်သည်။

စလားလားကို ဖခင် မန်းမျိုးညီနှင့် မိခင် နန့်ပွင့်ဖြူမွှေးတို့က ၂၁ - ၁၁ - ၂၀၁၂  ခုနှစ် ဗုဒ္ဓဟူး ည ၈ နာရီ ၁၅ မိနစ်တွင် တမန်ချောင်းရွာ၌ မွေးဖွားခဲ့သည်။ ဗုဒ္ဓဟူးနေ့တွင် မွေးဖွားသော်လည်း စလားလားက သူ့ကိုယ်သူ တနင်္လာသားဟု ပြောသည်။

''ဗုဒ္ဓဟူး မဟုတ်ဘူး တနင်္လာ ကျား''ဟု စလားလားက ပြောသည်။

စလားလားသည် ၃ နှစ်အရွယ်တွင် မြန်မာစာများကို တလုံးချင်းဖတ်တတ်နေပြီး စတင်ဖတ်တတ်သော စကားလုံးမှာ 'ရောဂါ' ဖြစ်သည်။ ထို့နောက် အခြားစကားလုံးများကို ဖတ်ရင်းဖတ်ရင်းဖြင့် ယခုအခါ မြန်မာ စာဖြင့် ရေးထားသည့် စာများအားလုံးကို ဖတ်နိုင်နေပြီဖြစ်သည်။ ကျွန်တော်တို့တွင်ပါလာသည့် News Watch ဂျာနယ်မှ စာကြောင်းများကို ဖတ်ပြခိုင်းရာ စလားလားသည် အထစ်အငေါ့မရှိဖတ်ပြနိုင်သည်ကို ထူးဆန်းစွာ တွေ့ခဲ့ရသည်။ 

ထို့ပြင် ကျွန်တော်တို့အဖွဲ့က လက်များထောင်၍ ဂဏန်းသင်္ချာပေါင်းခိုင်းရာ မှန်ကန်စွာပေါင်း နိုင်သည်ကို တွေ့ရသည်။ ဥာဏ်ရည်မြင့်မားသည့် ကလေးငယ် စလားလားကို သာမန်ကလေးများကဲ့သို့ တနှစ် တတန်းတက်ရမည်ကို သူ့မိဘများက သိပ်မလိုလားဘဲ ကလေးငယ်၏ ဥာဏ်ရည်ပေါ်မူတည်၍ အတန်း တင်ပေးမှုများပြုလုပ်ပေးရန် ဆန္ဒရှိနေကြသည်။

''KG က စာလည်း မသင်ရဘူး။ တတန်းနှစ်တန်းပဲ တက်ချင်တယ်လို့ သူက ပြောတယ်။ ကလေးရဲ့ ဥာဏ်ရည်နဲ့ စနစ်တကျသင်ကြားပေးနိုင်မယ်ဆိုရင် ထူးထူးချွန်ချွန်ဖြစ်မယ်လို့ ယုံကြည်တယ်။ မြန်မာနိုင်ငံရဲ့ ပညာရေးစနစ်နဲ့တော့ အဲဒီလိုလုပ်လို့ရသလား မရသလားတော့ မသိဘူး''ဟု နန့်ပွင့်ဖြူမွှေးက ပြောသည်။

ကိုလိုနီခေတ်တွင် မန္တလေးမြို့နေရှင်နယ်ကျောင်းမှ မအုန်းဆိုသူသည် ဥာဏ်ကောင်းလွန်းသောကြောင့် ခြောက်လတခါ တတန်းအောင်သဖြင့် ငါးနှစ်နှင့် ၁၀ တန်းအောင်ခဲ့ပြီး နောင်တွင် မန္တလေးတက္ကသိုလ်သမိုင်းပါ မောက္ခ M.A ဒေါ်အုန်းအဖြစ် ထင်ရှားခဲ့ဖူးကြောင်း ငပုတောမြို့နယ် NLD  ပါတီ၏ရုံးအဖွဲ့မှူး ဦးမျိုးကပြောသည်။

''ဒီကလေးလေးပဲ M.A ဒေါ်အုန်းလို ဖြစ်နိုင်တယ်။ ဒါပေမဲ့ ဒီပညာရေးစနစ်နဲ့ ဘယ်လိုဖြစ်မလဲတော့ မသိသေးဘူး''ဟု ၎င်းကပြောသည်။

ကျောင်းမနေရသေးသည့် အသက် ၄ နှစ်ကျော်အရွယ် ကလေးငယ်တယောက်က မြန်မာစာများကို စာလုံးမပေါင်းဘဲ လက်တန်းဖတ်ပြနိုင်ခြင်းကို မယုံကြည်သောကြောင့် အမျိုးမျိုးစမ်းသပ်ခဲ့ဖူးကြောင်း တမန် ချောင်းကျေးရွာတွင် နေထိုင်သူ မနီလာကပြောသည်။

''ပထမတော့ မယုံဘူးလေ။ တရွာထဲနေပြီး သတင်းတော့ ကြားနေရတယ်။ တရက် စလားလားလေး အိမ်ကို လာလည်တော့ အိမ်မှာ ကပ်ထားတဲ့ စာကြောင်းတွေကို ဖတ်ခိုင်းတော့ ဖတ်ပြနိုင်တယ်။ ပြီးတော့ ဖုန်း ထဲမှာ မှတ်ထားတဲ့ လူနာမည်တွေကိုလည်း ဖတ်ပြနိုင်တယ်။ အဲဒီတော့မှ ယုံသွားတာ၊ အံ့လည်း အံ့သြ တယ်''ဟု ၎င်းကပြောသည်။

စလားလားသည် ကလေးတယောက်နှင့်မတူဘဲ လူကြီးတယောက်၏ အိနြေ္ဒမျိုးဖြင့်နေသည်ကို တွေ့ ခဲ့ရသည်။ ကျွန်တော်တို့မေးသည့်မေးခွန်းများကို လူကြီးတယောက် ဖြေသလိုဖြေသည်။ အခြားကလေးများကဲ့သို့ ကစားလေ့မရှိဘဲ စာဖတ်ခြင်းနှင့် စာသင်ခြင်းတို့ကိုသာ ပြုလုပ်လေ့ရှိကြောင်း မိခင်ဖြစ်သူထံမှ သိရသည်။

''သူက အားနေရင် စာဖတ်တယ်။ ဒါပေမဲ့ ဗမာလိုသာ ဖတ်တတ်တာ အဓိပ္ပာယ်ကို သူမသိဘူး။ ထမင်း စားပြီးပြီးလားလို့ ဖတ်တတ်တယ်။ ဖတ်ပြီးရင် ထမင်းစားပြီးပြီးလားဆိုတာ ဘာလဲလို့ ကရင်လို ပြန်မေးတယ်။ အဓိပ္ပာယ်ကို သူမသိဘူး။ စာသင်တိုင်း ဆော့တယ်။ တခြားကလေးတွေလို ဘောလုံးကန်တာတို့ ဘာတို့ မလုပ်ဘူး''ဟု ၎င်းကပြောသည်။

ဥာဏ်ကြီးရှင်လေး စလားလားက သူကြီးလာရင် အင်ဂျင်နီယာ လုပ်မည်ဟု ပြောသည်။ အင်ဂျင်နီယာ ဆိုတာ ဆောက်လုပ်ရေးတွေလုပ်တာကို ပြောတာဟု ၎င်းက ကျွန်တော်တို့ကို ရှင်းပြနေသေးသည်။ 

စလားလားကဲ့သို့ ဥာဏ်ရည်မြင့်မားသော ကလေးငယ်များအတွက် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန် လည်နေရာချထားရေး ၀န်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ပူးပေါင်း၍ အစီအစဉ်တရပ်ဖော်ဆောင်ပေးပါက ၎င်းတို့၏ အနာဂတ်မှာ အားတက်ဖွယ်ရာဖြစ်ပေလိမ့်မည်။ ထူးဆန်းသော ဥာဏ်ကြီးရှင်ကလေးများကို ရှာဖွေ ဖော်ထုတ်၍ ဂရုတစိုက်ပြုစုပျိုးထောင်ပေးသင့်သည်ဟု ယူဆမိပါသည်။ 

စလားလားနှင့် သူ့မိခင်တို့ကို သိချင်သည်များ မေးမြန်းပြီးနောက် ပြန်ရန် နှုတ်ဆက်ကြသည်။ ဖခင်ဖြစ် သူမှာ လယ်ထဲဆင်းနေသောကြောင့် ကျွန်တော်တို့နှင့် မတွေ့လိုက်ရပါ။ ကျွန်တော်တို့ နှုတ်ဆက်ချိန်တွင် စလားလားသည် အခြားကလေးငယ်များကဲ့သို့ 'တာ့တာ'မပြဘဲ လူကြီးတဦးကဲ့သို့ ကျွန်တော်တို့အဖွဲ့ကို တဦး ချင်း လက်ဆွဲနှုတ်ဆက်ခဲ့သည်။ ဥာဏ်ကြီးရှင် စလားလား အင်ဂျင်နီယာ ဖြစ်၊ မဖြစ် ဆိုတာကတော့ . . . ။                     

နှင်းမောင်ဦး Newswatch 
Naing Tun

Jul 4, 2017

အရှင်ဇနကာဘိဝံသရေးသားသော စာအုပ်များ



အရှင်ဇနကာဘိဝံသရေးသားသော စာအုပ်များ
အမည်ဒေါင်းရန်လင့်များ
ပါရာဇိကဏ် ဘာသာဋီကာ-ပ Download
ပါရာဇိကဏ် ဘာသာဋီကာ-ဒု Download
ပါရာဇိကဏ် ဘာသာဋီကာ-တ Download
ပါရာဇိကဏ် ဘာသာဋီကာ-စ Download
ပါစိတ် ဘာသာဋီကာ-ပ Download
ပါစိတ် ဘာသာဋီကာ-ဒု Download
 မဟာဝါ ဘာသာဋီကာ-(ပ-တွဲ) Download
 မဟာဝါ ဘာသာဋီကာ-(ဒု-တွဲ) Download
 စူဠဝဂ္ဂ ဘာသာဋီကာ Download
 ကင်္ခါ ဘာသာဋီကာ-(ပ-တွဲ) Download
 ကင်္ခါ ဘာသာဋီကာ-(ဒု-တွဲ) Download
 ပရိဝါ ဘာသာဋီကာ Download
 အဋ္ဌသာလိနီ ဘာသာဋီကာ-(ပ-တွဲ) Download
 အဋ္ဌသာလိနီ ဘာသာဋီကာ-(ဒု-တွဲ) Download
 အဋ္ဌသာလိနီ ဘာသာဋီကာ-(တ-တွဲ) Download
 ဓာတုကထာ အဋ္ဌကထာ ဘာသာဋီကာ Download
ပုဂ္ဂလပညတ္တိ အဋ္ဌကထာ ဘာသာဋီကာ Download
 ကထာဝတ္တု အဋ္ဌကထာ ဘာသာဋီကာ-(ပ-တွဲ) Download
 ကထာဝတ္တု အဋ္ဌကထာ ဘာသာဋီကာ-(ဒု-တွဲ) Download
 ပဋ္ဌာန အဋ္ဌကထာ ဘာသာဋီကာ Download

 Download

 Download

 Download

 Download

 Download

 Download

 Download

 Download

 Download

 Download

 Download

 Download

 Download

 Download

Translate

သုခအောင် (စာအုပ်စင်)သို့ လာရောက်လည်ပတ်ကြကုန်သောမိတ်ဆွေအားလုံးကိုအထူးကျေးဇူးတင်ပါတယ်၊ အကြံပေးချက်ကို ကြိုဆိုလျက်ပါ။ ဖုန်း- 09-400700358/09-760136274 သို့ဆက်သွယ်အကြံပြုနိုင်ပါတယ်။

Followers