အမှတ်စဉ် ( ၂၀၁ မှ ၂၄၉ အထိ )
ဖိုင်ဆိုက် ( 0 .94 GB )
၂၀၁။အသေးအဖွဲ
အိမ်ရှေ့တွင်ရပ်ထားသော ဖယ်မလီယာကားအပြာလေးကို ခိုးယူခံရသောအမှုတွင် မထင်မှတ်သော အသေးအဖွဲအကြောင်းအရာကလေးကြောင့်သာ ဖေါ်ထုတ်နိုင်ခဲ့ပုံမှာ
၂၀၂။အလွမ်းလေးတွေဝေးပါစေ
ကိုသက်နိုင်၊ ၀င်းလှိုင် နှင့် ချောစု တို့ငယ်သူငယ်ချင်း၃ဦး၏ ဇာတ်လမ်း
၂၀၃။ပန်းရိုင်းဘ၀မှဥယျာဉ်မှူးသို့ (ဇာတ်ကြောင်းပြော - ခင်ယုမေ)
ငယ်ရွယ်ကြမ်းတမ်းသော အကျော်သည်ကလေး အေးမြဘ၀မှ ကျောင်းအုပ်ဆရာမကြီး ဖြစ်အောင်ပျိုးထောင်ခဲ့သူ တပည့်ကလေးအကြောင်း
၂၀၄။အဖော်တသက်မခေါ်ရက်ပါ
မိမိအလွန်ချစ်ရသူကို ကြမ်းတန်းခက်ထန်သော မိမိ၏ဘ၀ထဲသို့ မခေါ်ရက်ခဲ့သော ဘိုဘို
၂၀၅။အလွမ်းမျက်ရည်သက်သေတည်၍
မိဘ၏ ကျန်းမာရေးကြောင့် ပညာမဆုံးခင် ရွာကိုပြန်ခဲ့ရသူ သက်လွင်မှာ မိမိ၏တစ်ချိန်ကချစ်ခဲ့ရသူ မွန် နှင့်ဆုံတွေ့ရသော်လည်း
၂၀၆။နှလုံးသား၌အမြဲရှိသည်
နုငယ်နှင့် ငယ်စဉ်ကပင် မတည့်အတူကြီးပြင်းခဲ့ရသည့် ခိုင်ထွန်း
၂၀၇။လမ်းမှန်ကိုလျှောက်ကြပါ
ရိုးသားကြိုးစားသော ဆိုက်ကားဆရာကိုလူဝနှင့် မှောင်ခိုကုန်ကူးချင်သူ ဇနီးသည်မအေးမိ
၂၀၈။မောင့်ကိုလွမ်းရင်မငိုနဲ့
တိုင်းပြည်တာဝန်ထမ်းဆောင် နေသည့်အတွက် လွမ်းရင်မငိုနဲ့ ဟုဆိုလေသူ ဗိုလ်ကြီးဘုန်းမြင့်
၂၀၉။ဆုံမှဆုံတတ်ပါပေ့ကွယ်
အငှားကားမောင်းသူ ကိုထွန်းအောင်ကို အရေးတကြီးငှားလိုက်သူမှာ လွန်ခဲ့သော၎နှစ်က အတူဆုံခဲ့သူမာလာမှန်းရိပ်မိသော်လည်း
၂၁၀။ပြည်ချစ်ပန်းတို့လန်းလျှက်ပါ
ဗကပစစ်ဆင်ရေးနှင့် တပ်မတော်နေ့ဂုဏ်ပြု ဇာတ်လမ်း
၂၁၁။ချစ်ခြင်းကတော့မတူပါ
အောင်သည် ခရီးလမ်းတွင် မမျှော်လင့်ဘဲ ငယ်ချစ်ဟောင်း သီတာနှင့်ပြန်လည် ဆုံတွေ့ရပြီး လူကြုံပေးလိုက်ပြီးနောက်တွင်
၂၁၂။အမြင်မှန်
မီးရထားလမ်းခရီးဘူတာရုံတွင် ကျန်ရစ်ခဲ့ကာ ပိုက်ဆံအိပ်ပါမရှိ ဖြစ်ခဲ့ရပြီး သိကြွမ်းသူများမဟုတ်သော်လည်း ငွေကြေးကအစကူညီကြသူများကြောင့်
၂၁၃။လရောင်ဆမ်းမှပွင့်သောပန်း
စာရေးဆရာ ရဲဇော်ထိုက်၏ပရိတ်သတ် ဇင်မာသည် မိမိ၏ချစ်သူ အဆိုတော် ထက်အာကာမှန်းမသိဘဲ အထင်လွဲခဲ့ရပြီးနောက်-
၂၁၄။အတက်အဆင်း
သွေးလွန်တုတ်ကွေး ဖြစ်နေသော သားငယ်ကို ကလေးဆေးရုံသို့ပို့ခဲ့ရသော မိခင်တစ်ဦး၏ ခံစားချက် အတွေ့အကြုံ
၂၁၅။ရုပ်ရှင်မင်းသမီးနှင်းပွင့်ခိုင်
နိုင်ငံကျော် ရုပ်ရှင်မင်းသမီး နှင်းပွင့်ခိုင်သည် ခါတိုင်းနှင့်မတူ အလုပ်ချိန်မလေးစား အလုပ်မှာလဲ မပိုင်မနိုင် ဖြစ်ရခြင်းအကြောင်းမှာ-
၂၁၆။ရွှေဧည့်သည်
သားသမီးများသည် မိဘအိမ်သို့ အလည်လာရောက်သော ဧည့်သည်များသာဖြစ်ကြပြီး အချိန်တန်လျှင်
၂၁၇။မြင့်မိုရ်တောင်ကိုဖြိုမည့်အား
မှီခိုသူသားသမီး၇ဦး၏ လိုအပ်ချက်မျးကို ကြားသိရသောအခါ ရုံးစာရေးကိုဘချစ် အမောဖြေအိပ်ပျော်သွားခိုက် အိပ်မက်ရပုံမှာကား-
၂၁၈။အလယ်လူ
ဝါသနာ၊အကြိုက်ချင်း မတူညီကြသော ချစ်ဇော်နှင့် လင်းထွန်းကျော်တို့သူငယ်ချင်း၂ဦးနှင့် မိလေး
၂၁၉။ယောင်ပေစူးလေးငယ်သေးတယ်
ပထမဆုံးအလုပ်ဝင်မည့် စက်ရုံတွင် တက္ကသိုလ်မှာ အမုန်းဆုံး ကျော်လင်းကို တွေ့လိုက်ရသော မဝေေ၀မိုးမှာ
၂၂၀။သွေးစည်းစဉ်ဆက်မပျယ်မေတ္တာ
သတ္ထုသိုက်ရှာဖွေရေးအလုပ်တွင် ဆုံဆည်းကြရသော တိုင်းရင်းသားလူမျိုးစုံ ၀န်ထမ်းများ၏ဘ၀မှာ
၂၂၁။အမှောင်ညကိုလွန်မြောက်ခြင်း
မိမိ၏ဇနီးသည် သွေးကင်ဆာဖြစ်နိုင်ခြေရှိကြောင်း သိရသော ရုံးဌာနခွဲမှူးကိုတင့်ဆွေ၏ ခံစားချက်မှာ
၂၂၂။တမိုးသောက်ခဲ့ပြီ (ညွန့်ဝင်း)
KNU ကရင်သောင်းကျန်းသူ ဆန့်ကျင်ရေး ဇာတ်လမ်း
၂၂၃။သွေးရင်းညီအကိုချစ်ကြည်စွာ
တပ်မတော်ဂုဏ်ပြု ဇာတ်လမ်း
၂၂၄။အဓိဌာန်တာဝန် (စာပေလုပ်သားအဖွဲ့ဂုဏ်ပြု)
အဆိပ်အတောက်စာပေ၊ ရှဲဒိုးစာပေများကို မုန်းသော ဘ၀သရုပ်ဖေါ်စာရေးဆရာ ကိုမင်းဆွေ
၂၂၅။ရွှေရောင်ပြချစ်သူ
၁၅နှစ်ကြာကင်းကွာနေသော မွေးရပ်မြေသို့ပြန်လည်ရောက်ရှိလာသော နော်ထူးသည် မိမိအမုန်းဆုံး ကရင်သောင်းကျန်းသူစောချစ်ထွေးနှင့် ပြန်လည်ဆုံတွေ့ရသောအခါ
၂၂၆။နောက်မကျသေးသောနောင်တနှင့်အပြန်လမ်း
ထွန်းထွန်းသည် အပေါင်းအသင်းမှားပြီး ခင်မင်တွယ်တာမိရာမှ အရေးကြုံလာသောအခါ ထိုအပေါင်းအသင်းများမှ စွန့်ခွာသွားခဲ့သော်လည်း
၂၂၇။မှတ်ကျောက်တင်ခံဝံ့သူ
ဝါသနာနှင့်စေတနာကို အရင်းခံပြီး လှုပ်ရှားရုန်းကန်ခဲ့ရသော ယာဉ်ထိန်းရဲမေများ၏ ဘ၀အကြောင်း
၂၂၈။မျှော်လင့်ချက်ရောင်ခြည်
ရှေ့ဆောင်လူငယ်၊ လမ်းစဉ်လူငယ်၊ကြက်ခြေနီ စသည့်လူငယ်အဖွဲ့အသည်းများ ဂုဏ်ပြုဇာတ်လမ်း
၂၂၉။အောင်မြင်ခြင်းဆိုသည်မှာ
ရန်ကုန်တွင် စာရေးဆရာဖြစ်ရန်ရည်ရွယ်ပြီး ကြိုးစားနေသော ဇော်မြင့်သည် မရှောင်သာဘဲရွာသို့ပြန်လာခဲ့ရပြီးနောက်
၂၃၀။ဦးညွတ်လို့အဓိဌာန်ပြူမည် (ဗိုလ်ချုပ်အောင်ဆန်း)
၁၉၈၆ ခုနှစ် အာဇာနည်နေ့ဂုဏ်ပြုဇာတ်လမ်း
၂၃၁။အကြင်နာလက်၊အပြုံးမျက်နှာ၊ကရုဏာသွေးစက်
ချမ်းသာသောသဲမောင်၏မိခင်သည် ကြက်ခြေနီတပ်ဖွဲ့ဝင်မလေးနွယ်ကို မိမိ၏သားနှင့်သဘောမတူခဲ့သော်လည်း
၂၃၂။မောင်အလုပ်သမားဆိုရင်
သူငယ်ချင်း၏မင်္ဂလာဆောင်တွင် သူတို့သမီးအရံလုပ်ရသော သက်မာသည် လူပျိုရံ ကိုမင်းသူနှင့်တွေ့သောအခါ
၂၃၃။ချစ်မိပြီဆိုမှဖြင့်
ချို့ငဲ့စွာဖြင့်ရန်ကုန်တက္ကသိုလ်တွင် ပညာသင်ယူခွင့်ရခဲ့သော ဇော်ထိုက်သည် မေသူနှင့်ဆုံစည်းခဲ့ရသော်လည်း
၂၃၄။လမင်းသည်လိုသာတော့ တောဂေါ်လီ - အောင်လွင်)
(ယခင်ဖက်စစ်တော်လှန်ရေးကာလတွင် အတူတာဝန်ထမ်းဆောင်ခဲ့ဘူးသော) ယခုတပ်မမှူးကြီးဖေသက် နှင့်ကရင်သောင်းကျန်းသူစောဂေါ်လီ
၂၃၅။လက်တွဲအတူကြည်ဖြူမယ်
ပျဉ်းမနားသူမိဖြူနှင့် တစ်မြို့ထဲသား ဘူမိဗေဒကွင်းဆင်းအဖွဲ့မှကြည်ဇော် တို့၏အချစ်ဇာတ်လမ်း
၂၃၆။လှမ်းလင့်လို့ ခေါ်ယူလိုက်တော်မူ
ဝေသည် ဆရာဝန်ကိုမင်းသွင်နှင့် လက်ထပ်ရန်တွန့်ဆုပ်နေရသော အကြောင်းမှာ
၂၃၇။ဒေါသကိုလှူခဲ့တယ်
စိတ်မြန်ပြီး ဒေါသကြီးသော ဦးဘဂျန်းသည် မိမိ၏မွေးနေ့တွင် ရွှေတိဂုံဘုရားတွင်ဒေါသကိုလှူခဲ့ပြီးနောက်တွင်
၂၃၈။စိန်လွန်တူးသမားနှင့်စိန်နှလုံးသားပိုင်ရှင် (ဦးဇော်ဝင်း၊ ထွန်းထွန်းနိုင်)
ဘ၀ကံဆိုးသော စိန်လွန်တူးဝန်ထမ်းကိုသက်ခိုင်သည် တောတွင်းတစ်နေရာရှိ စေတီတစ်ဆူတွင် ကွဲကွာနေသော မိမိ၏ဖခင်နှင့် ပြန်လည်တွေ့ဆုံခဲ့ရသော်လည်း
၂၃၉။ပန်းမြတ်တော်ဝင်ပွင့်စေချင် (တင်တင်နွဲ့)
ကိုဇော်နှင့်ခင်လေး တို့၏
၂၄၀။ရင်မှမေတ္တာများစွာဖြင့်
ဖခင်၏ကျန်းမာရေးကြောင့် အရေးတကြီးအိမ်ပြန်ခဲ့ရသော ခင်လေးသည် မိမိ၏ချစ်သူနှင့် မိဘ၏ကတိတို့ကို ရွေးချယ်ရန်ကြုံကြိုက်လာသောအခါ
၂၄၁။အချစ်ဆုံးအတွက်အကောင်းဆုံး (ထွန်းထွန်းနိုင်)
ဒေါက်တာမြတ်ဆွေ၏ ကိုယ်ပိုင်ဆေးခန်းသို့ ချစ်သူဟောင်းအိခိုင် ရုတ်တရက် ရောက်ရှိလာပြီးနောက်-
၂၄၂။ဝေဒနာကြားကစေတနာ
ဇီဝိတဒါန သွေးလှူရှင်တိုင်း၏ ထားရှိတတ်သော စေတနာ
၂၄၃။ကတ္တရာလမ်းပေါ်လှည်းမမောင်းရ
စိုက်ပျိုးရေးဘွဲ့ရ ရွှေမောင်မောင် ဘ၀ကြင်ဖေါ်ရွေးချယ်လိုက်သူမှာ
၂၄၄။အရက်နဲ့ကျွန်တော်
အရက်အလွန်ကြိုက်သောသူ တစ်ကယ်အရက်ပြတ်သွားရသော အကြောင်းမှာ
၂၄၅။ဖိတ်စာ
ကျောင်းတွင်အတွဲညီခဲ့သော သူငယ်ချင်း၅ယောက် အားလုံးကမင်္ဂလာဆောင်သွားခဲ့သောကြောင့် နောက်ထပ်ဖိတ်စာ လာစရာမရှိဟု ထင်နေခဲ့သော်လည်း
၂၄၆။ရေစုန်ရေဆန်
သမီးအတွက် နာရီဝယ်ပေးချင်၍ ခြွေတာနေသော ဖခင်နှင့် ဖခင်အတွက် ၀တ်စုံအသစ်ဝယ်ပေးချင်၍ တစ်ဖက်တစ်လမ်းမှ ကြိုးစားခဲ့သူသမီး
၂၄၇။နှလုံးသားလက်ဖွဲ့လိုက်ပါတယ်
သူငယ်ချင်းနေမကောင်း၍ မင်္ဂလာဆောင်အတွက် မိတ်ကပ်အလှပြင်ရန် အစားဝင်ကူညီခဲ့သောဖြူဖြူ တွေ့လိုက်ရသောသတို့သား ဆိုသူမှာ-
၂၄၈။မုဆိုးတစ်ထောင်သားတစ်ကောင်
နာမည်ကျော် ရုပ်ရှင်မင်းသမီး အဆိုတော် ဆောင်းနှင်းပွင့် ရေတိမ်နစ်ခဲ့ရခြင်း အကြောင်းမှာ
၂၄၉။အိုဘယ့် တံချူရှင် (တင်တင်မြ)
ဗိုလ်ကြီးနိုင်အောင်တို့သားအဖနှင့် ဆုံစည်းခဲ့ရသော အဆိုတော်မြမူသည်
မြန်မာသံလေးတွေ_နားထောင်ကြမယ်















