Aug 19, 2017
Aug 16, 2017
ရတနာပုံနေ့စဉ်သတင်းစာ (၁၇-၈-၂၀၁၇)
August 16, 2017
No comments
ရတနာပုံနေ့စဉ်သတင်းစာ (၁၇-၈-၂၀၁၇)
Download Links
17 8 2017 Yadanarpondaily by TheMyawadyDaily on Scribd
Aug 15, 2017
ရွာတရွာ ဖြစ်ပေါ်ဖို့ စုန်း ၇ယောက် ဘာကြောင့်လိုတာလဲဆိုတာ
August 15, 2017
No comments
ရွာတရွာ ဖြစ်ပေါ်ဖို့ စုန်း ၇ယောက် ဘာကြောင့်လိုတာလဲဆိုတာ
ရွာတရွာ ဖြစ်ပေါ်ဖို့ စုန်း ၇ယောက် ဘာကြောင့်လိုတာလဲဆိုတာကို ဗဟုသုတအနေနဲ့ တင်ပြအပ်ပါတယ်။
ရွာသစ်တစ်ရွာတည်ဖို့ စုန်း ၇ ယောက်လိုတယ် “တဲ့လား
ငယ်စဉ်က ကြားဖူးနားဝ စကားလေးပါ။
စုန်းအကြောင်းတွေက အိပ်ယာဝင်ပုံပြင်တွေလို အထူးထူး အခြားခြား
အများများအပြားပြားး။တကယ်တွေ့ဖူးသည်ဆိုသည့်ပုဂ္ဂိုလ်ထံ မေးမြန်းပြန်တော့လည်း စေ့စေ့ငင ဖြေနိုင်သူဟူ၍ မတွေ့ရသေးပါ။
မိမိလက်လှမ်းမီသလောက်ရှာဖွေကြည်တော့
ရွာတစ်ရွာတည်ဖို့လိုအပ်တဲ့ စုန်း (၇) ယောက်က………
စုန်း=> စုန္နော ဖြောင့်မှန်သောသူ
(စုန္နောတိ ဥဇုကတောဖြောင့်မတ်မှန်ကန်သည့် ပညာရှင်ခုနှစ်ဦး)
ဋီကာကျမ်း
ထို ခုနှစ်ဦးမှာ
(၁)မြေပညာရှင်
ရွာသစ်တည်မည့်နေရာသည် မြေအနေအထားသင့်မသင့်
မြေဆီမြေလွှာ ကို သိရှိကျွမ်းကျင်သူ
(၂)ရေပညာရှင်
သောက်သုံးရေ/ရေချို/စိုက်ပျိုးရေးလုပ်ငန်းသုံးရေ/ ရမရ
ကို သိရှိကျွမ်းကျင်သူ
(၃)လေပညာရှင်
လေကြောင်း သင့်မသင့်
လေငြိမ်အရပ် ဟုတ်/ မဟုတ် စသည့် လေသဘောသဘာဝ ကျွမ်းကျင်ပါးနပ်သူ
(၄) စီးပွါးရေးပညာရှင်
(၅)ပညာရေး စီမံနိုင်သူ
(၆)ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်သူ
(၇)ဆက်သွယ်ရေး ကျွမ်းကျင်သူ
ရွာတည်မည့်နေရာသည် ရွာ၏လိုအပ်ချက်များအတွက် ဆက်
သွယ်သွားလာရန် လွယ်ကူမည့်အချက်အလက် လမ်းကြောင်းကို
သိသောသူ…
အစရှိသဖြင့် တွေ့ရှိမှတ်သားမိပါတယ်။
ကျနော့်စာကို ယခုဖတ်မိသူ မိတ်ဆွေအနေနဲ့
ကျနော် မှတ်သားမိသမျှလေးတွေ ပြန်ဝေမျှတာပါဗျ
ဘဝင်ကျတန်ကောင်းပါရဲ့။ ။
Ref;-အရှင်စန္ဒကုမာရ ရွှေတြိဂံ
-ဋီကာကျမ်း
============
Aug 14, 2017
ဓမ္မဒူတဆရာတော်ကြီး၏ တရားသိမ်းဂါထာ ဓမ္မဒူတဆရာတော်ကြီး အရှင်ပညာဇောတ
August 14, 2017
No comments
ဓမ္မဒူတဆရာတော်ကြီး၏ တရားသိမ်းဂါထာ
ဗောဓိယာပစ္စယောဟောတု၊ ဣဒံနော ပုညမင်္ဂလံ၊
ပုညဘာဂံ သုလဘန္တု၊ ပမောဒန္တု သဒေဝကာ။
နော- မြင့်မြတ်သာကြည် ပါရမီရင့်ကျုး ဇာနည်ထူး သူတော်စင် ကုသိုလ်ရှင် အကျွန်ုပ်တို့၏၊ ဣဒံ ပုညမင်္ဂလံ- ဗုဒ္ဓဟောကြား တရားဒေသနာမြတ်သြဝါကို နာခံမှတ်သား ပြန်ဟောကြား၍ ပွားများကျင့်ကြံ ဖန်ဖန်ကြိုးကုတ် အားထုတ်ရသည့် ဤကုသိုလ်မင်္ဂလာသည်၊ ဗောဓိယာ သစ္စာလေးအင် ခိုင်သဇင်ကို ပြိုင်ယှဉ်ဆွတ်ခူး ထွတ်ဖူးရင့်သန် ဗောဓိဉာဏ်၏၊ ပစ္စယော- ဥပနိဿယ အမှီရ၍ မုချရောက်ကြောင်း ကောင်းမြတ်သော အထောက်အပံ့သည်၊ ဟောတု စင်စစ်မသွေ ဖြစ်ပါစေသတည်း။ ဣဒံ ပုညဘာဂဉ္စ -ဗုဒ္ဓဟောကြား တရားဒေသနာ မြတ်သြဝါကို နာခံမှတ်သား ပြန်ဟောကြား၍ ပွားများကျင့်ကြံ ဖန်ဖန်ကြိုးကုတ် အားထုတ်ရသည့် ဤကုသိုလ်မင်္ဂလာ၏ အဖို့ဘာဂကိုလည်း၊သဒေဝကာ- ကမ္ဘာမှာ နေသမျှ ဝေနေယျများစွာ သတ္တဝါအနန္တ မှန်သမျှတို့သည်၊ သုလဘန္တု - ရွှင်လန်းကြည်မြေ့ ဝါဂွမ်းပုံ ဆီတွေ့သကဲ့သို့ ပီတိငွေ့ စိတ်မှာထုံလျက်ဣဋ္ဌာရုံ အတွေ့ထူးလို့မို့ ကြည်နူးကိုယ်ပိုင် ရယူနိုင်ကြပါစေကုန်သတည်း။ သုလဒ္ဓါကိုယ်စီကိုယ်စီ အလိုညီ၍ ကြည်သာရွှင်ပြုံး အားလုံးမျှတူ ရယူတော်မူကြကုန်ပြီး၍၊ ပမောဒန္တု- ကိုယ်စိတ် နှစ်ဖြာ လိုဣစ္ဆာဖြင့် ပြည့်ကာကြွယ်မောက် ဝမ်းမြောက်နိုင် ကြပါစေကုန်သတည်း၊ဝါ- ပမောဒန္တု - လူ့ပြည်တွင်မက နတ်ပြည်မှာဆက်သွယ်လျက် အထက်နန်း ဗြဟ္မာချဉ်းလို့မို့ ဖြာသတင်း ကမ္ဘာတုန်အောင် သဒ္ဓါဟုန် လျှမ်းလျှမ်းမောက်ပြီးလျင် ဝမ်းမြောက်ဝမ်းသာ ပတ္ထနာအောင်ဆု အခါခါပြုလျှက် သာဓုသံအောင်နိမိတ်ဖြင့် အောင်ဘိသိက် သွန်းလောင်းနိုင်ကြပါစေကုန်သတည်း။
Subscribe to:
Posts (Atom)