အောင် မိတ္တူ၊ ဖိတ်စာလုပ်ငန်း
အမှတ်(ဗ/၀၃၀)၊ မြို့မ(၁)ရပ်ကွက်၊ ပြည်ထောင်စု(၁)လမ်၊း မောတောမြို့။ဖုန်း-၀၉-၇၆၅၇၀၀၃၅၈ / ၀၉-၇၆၀၁၃၆၂၇၄
အောင်မိတ္တူ၊ ဖိတ်စာလုပ်ငန်း၊
အမှတ်(ဗ/၀၃၀) ပြည်ထောင်စု(၁)လမ်း၊ မြို့မ(၁)ရပ်ကွက်၊ မောတောင်မြို့။ ဖုန်း-၀၉ ၇၆၀၁၃၆၂၇၄ / ၀၉ ၇၆၅၇၀၀၃၅၈
အောင် မိတ္တူ၊ ဖိတ်စာလုပ်ငန်းမှကြိုဆိုပါတယ်ချင်ဗျာ.........
ကွန်ပျူတာစာစီခြင်း၊ မိတ္တူဆွဲခြင်း၊ လိပ်စာကဒ်၊ ဖိတ်စာ၊ ဗီနိုင်းကြော်ငြာများကို အချိန်မှီရနိုင်ပါသည်။
ကြော်ငြာထည့်ရန်။
ဖုန်းနံပါတ်-၀၉၇၇၅၇၈၄၄၃၄
ကြော်ငြာထည့်ရန်။
ဖုန်းနံပါတ်-၀၉၇၇၅၇၈၄၄၃၄
ကြော်ငြာထည့်ရန်။
ဖုန်းနံပါတ်-09-765700358/09-763720247
Name
ဖုန်းနံပါတ်-09-765700358/09-763720247 သို့ဆက်သွယ်ရန်။
အောင်မိတ္တူမှ ‌ဗီနိင်းကြော်ငြာ၊ ဗီနိုင်းစတေကာ၊ ဖိတ်စာ၊ ဓာတ်ပုံပုံကြီးချဲ့၊ ဘောင်သွင်းဆိုက်စုံရပြီ။
ဖုန်း/09-765700358/ 09-763720247 သို့ဆက်သွယ်အပ်နှံနိုင်ပါပြီ။ အွန်လိုင်းစနစ်ဖြင့်ဆောင်ရွက်နိုင်ပါပြီ။ အောင်မိတ္တူ၊ မောတောင်မြို့။
Translate
သုခအောင် (စာအုပ်စင်)သို့ လာရောက်လည်ပတ်ကြကုန်သောမိတ်ဆွေအားလုံးကိုအထူးကျေးဇူးတင်ပါတယ်၊ အကြံပေးချက်ကို ကြိုဆိုလျက်ပါ။ ဖုန်း- 09-765700358 /09-763720247 သို့ဆက်သွယ်အကြံပြုနိုင်ပါတယ်ခင်ဗျာ။
Showing posts with label ဘာသာရေး. Show all posts
Showing posts with label ဘာသာရေး. Show all posts
Jul 4, 2017
အရှင်ဇနကာဘိဝံသရေးသားသော စာအုပ်များ
အရှင်ဇနကာဘိဝံသရေးသားသော စာအုပ်များ
အမည်ဒေါင်းရန်လင့်များ
ပါရာဇိကဏ် ဘာသာဋီကာ-ပ Download
ပါရာဇိကဏ် ဘာသာဋီကာ-ဒု Download
ပါရာဇိကဏ် ဘာသာဋီကာ-တ Download
ပါရာဇိကဏ် ဘာသာဋီကာ-စ Download
ပါစိတ် ဘာသာဋီကာ-ပ Download
ပါစိတ် ဘာသာဋီကာ-ဒု Download
 မဟာဝါ ဘာသာဋီကာ-(ပ-တွဲ) Download
 မဟာဝါ ဘာသာဋီကာ-(ဒု-တွဲ) Download
 စူဠဝဂ္ဂ ဘာသာဋီကာ Download
 ကင်္ခါ ဘာသာဋီကာ-(ပ-တွဲ) Download
 ကင်္ခါ ဘာသာဋီကာ-(ဒု-တွဲ) Download
 ပရိဝါ ဘာသာဋီကာ Download
 အဋ္ဌသာလိနီ ဘာသာဋီကာ-(ပ-တွဲ) Download
 အဋ္ဌသာလိနီ ဘာသာဋီကာ-(ဒု-တွဲ) Download
 အဋ္ဌသာလိနီ ဘာသာဋီကာ-(တ-တွဲ) Download
 ဓာတုကထာ အဋ္ဌကထာ ဘာသာဋီကာ Download
ပုဂ္ဂလပညတ္တိ အဋ္ဌကထာ ဘာသာဋီကာ Download
 ကထာဝတ္တု အဋ္ဌကထာ ဘာသာဋီကာ-(ပ-တွဲ) Download
 ကထာဝတ္တု အဋ္ဌကထာ ဘာသာဋီကာ-(ဒု-တွဲ) Download
 ပဋ္ဌာန အဋ္ဌကထာ ဘာသာဋီကာ Download
 Download
 Download
 Download
 Download
 Download
 Download
 Download
 Download
 Download
 Download
 Download
 Download
 Download
 Download
Feb 20, 2017
ဓမ္မပဒဝတ္ထု(၅)တွဲ
၁။ဓမ္မပဒဝတ္ထု အတွဲ(၁)
( 59 MB ) စာမျက်နှာ - ၄၄၄
https://www.mediafire.com/?9r8gg3q0jkfc61k
၂။ဓမ္မပဒဝတ္ထု အတွဲ(၂)
( 55 MB ) စာမျက်နှာ - ၃၉၂
https://www.mediafire.com/?d51h598icohnpvb
၃။ဓမ္မပဒဝတ္ထု အတွဲ(၃)
( 71 MB ) စာမျက်နှာ - ၅၄၂
https://www.mediafire.com/?gur4d5rd0c7ko7d
၎။ဓမ္မပဒဝတ္ထု အတွဲ(၄)
( 41 MB ) စာမျက်နှာ - ၃၄၂
https://www.mediafire.com/?x0s75r8fzr8n8i4
၅။ဓမ္မပဒဝတ္ထု အတွဲ(၅)
( 48 MB ) စာမျက်နှာ - ၃၅၄
https://www.mediafire.com/?pfvdxxg9vxqwfrv
Jan 19, 2017
#နမ် နှင့် #ရုပ်
#ဒဂုဏ်ထွန်း 
.
Jan 5, 2017
သာမဏေကျော် ဆရာတော် ဦးဓမ္မိကာလင်္ကာရာဘိဝံသ၏ စာအုပ်များ
 သောကဖြေဆေး
 ဗုဒ္ဓသာသနာကွယ်ချိန်
ကိုရင်ဝတ်ပြီးရင်
Jan 3, 2017
မာရ်ငါးပါး
`မာရ်´ ဟူသော ပါဠိစကား၏ အနက်မှာ သေခြင်းဟူ၍ ဖြစ်သည်။ ပါဠိဓာတ်ကျမ်းများက `မရ ၊ ပါဏစာဂေ ၊ မရဓာတ်သည် အသက်ကို စွန့်စေခြင်း အနက်၌ ဖြစ်၏။´ဟု ဆိုသည်။ ပါဠိအင်္ဂလိပ် အဘိဓာန်များက `မာရ´ကို Death သေခြင်း ဟု ဖွင့်ဆိုကြသည်။
`မာရ၊ မာရ´ဟူသည် သေခြင်းကို ဆိုလိုပေသည်။
`မာရဓမ္မ´ဟူသည် သေခြင်းတရား ပင်ဖြစ်သည်။ ဟူ၍ ဖွင့်ပြတော်မူထားသည်။ 
သို့ဖြစ်၍ သက်ရှိသတ္တ၀ါများ သေခြင်း၊ သေစေခြင်းကို `မာရ...မာရ်´ဟုခေါ်ကြောင်း လက်ရင်းကျကျ မှတ်သားရပါသည်။ သတ္တ၀ါများ သေရခြင်း၏ အကြောင်း၊ သေခြင်းမကင်းရသည့် အကြောင်းများကို ရှာကြည့်သော် ငါးမျိုး တွေ့ရသည်။
    ဒေ၀ပုတ္တ မာရ် = မာရ်နတ်
    ကိလေသ မာရ် = ကိလေသာဆယ်ပါး
    အဘိသင်္ခါရ မာရ် = ပြုပြင်စီရင်မှု
    ခန္ဓ မာရ် = ခန္ဓငါးပါး
    မစ္စု မာရ် = သေခြင်းတရား တို့ဖြစ်သည်။ 
(၁) ဒေ၀ပုတ္တ မာရ် = မာရ်နတ်
မာရ် (၅)ပါးမှာ တစ်ခုတည်းသော သက်ရှိ မာရ်ဖြစ်ပါသည် ။ ကျန်သော မာရ်တို့မှာ သက်မဲ့ မာရ်များသာဖြစ်သည် ။ ဒေ၀ပုတ္တ မာရ် = ဒေ၀ပုတ္တ ( နတ်သား ) + မာရ် (သေအောင် သတ်တတ်တဲ့ ) = "သေအောင် သတ်တတ်သည့် နတ်သား" ဟု အဓိပ္ပါယ်ရသည် ။ နတ်ပြည် ၆-ထပ်၏ အပေါ်ဆုံးထပ် (ပရနိမ္မိတ ၀သ၀တ္တီ နတ်ပြည် - ကာမဂုဏ်ကို အလိုရှိတိုင်း ပြီးစေသော ဘုံ) မှ နတ်ဆိုးတစ်ဦင်္း ဖြစ်သည် ။ ပရနိမ္မိတ ၀သ၀တ္တီ နတ်ပြည်၏ နတ်မင်းကြီးက ၀သ၀တ္တီ နတ်မင်းကြီး ဖြစ်သည်။ ၃၁-ဘုံလုံးတွင် သူတန်ခိုးကြီးသည်။ ကာမဂုဏ်ဆိုသည် သတ္တ၀ါတွေ အတွက် မိမိကပဲ ဖန်ဆင်းပေးထားတာမျိုး အထင် ရောက်နေသူများ လည်းဖြစ်သည်။ ထို့ကြောင့် သတ္တ၀ါတွေ သံသရာမှာ ဘ၀မျိုးစုံ ကျင်လည်ရင်း မိမိဖန်တီးပေးထားသည့် လောကီအာရုံ ကာမဂုဏ်တွေကို ခံစားနေကြခြင်းကို ကြိုက်နှစ်သက်သည် ။ ထို့ကြောင့် ကာမဂုဏ်ကို စွန့်ပယ်ရန် ရည်ရွယ်ကာ နည်းလမ်းမှန်မှန်ဖြင့် တရားဟောမည့် ဘုရားလောင်းများကို အနှောက်အယှက် ပေးလေ့ရှိသည် ။
ထို့အပြင် ရဟန်းဖြစ်ဖြစ်၊ လူဖြစ်ဖြစ် တစ်စုံတစ်ယောက် သံသရာ ပြတ်ကြောင်း ကျင့်ကြံနေပြီဆိုလျှင် ကာမဂုဏ်မျိုးစုံနှင့် နှောက်ယှက် တတ်သည်။
မာရ်နတ် = "သတ်ဖြတ်သူ ၊ ညှဉ်းပန်းနှိပ်စက်သူ" ဟုလည်း ခေါ်နိုင်ပါသည်။
(၂) ကိလေသမာရ် = ကိလေသာဆယ်ပါး
ကိလေသာ ဟူသည် ရယူလက်ခံထားသူရဲ့ စိတ်နှလုံးကို ပူလောင်ဆင်းရဲအောင် နှိပ်စက်တတ်သည့် တရားများပင် ဖြစ်သည်။ ထိုကိလေသာရှိနေသမျှ သံသရာတွင်းမှ မလွတ်ဘဲ တ၀ဲလည်လည် ကျင်လည်ပြီး သေပြီးရင်းသေ နေရဦးမည်ဖြစ်သဖြင့် ကိလေသာ ကိုလည်း သတ်တတ်သည့် မာရ် ဟုပင်ခေါ်သည်။ ကိလေသာ အကျဉ်း(၁၀)ပါး ရှိပါသည်။
    လောဘ = လိုချင်တပ်မက်ခြင်း
    ဒေါသ = အမျက်ထွက်ခြင်း( စိတ်ထဲမှာ တနှံ့နှံ့ဖြင့် အသားထဲဆူးဝင်သလို မျက် နေခြင်း၊ စိတ်ထဲမှာပဲ တင်းပြီး မပေါက်ကွဲသေးတဲ့ အဆင့် ၊ physically(အပြင်ပန်းအားဖြင့်) ဘာမှ မလုပ်သေးသည်ကို "ကောဓ (အမျက်)" [lac:NyD; ကောဓ အပြင်ထွက်ပေါက်ကွဲခဲ့လျှင် "ဒေါသ" ဖြစ်သည်။ (ထို့ကြောင့် ကဏ္ဍဇာတ်တော်တွင် ကဏ္ဍရသေ့ကြီးက ကောဓမဖြစ်ရပါလို၏။ ဒေါသမဖြစ်ရပါလို၏ ဟုခွဲပြီး ဆုတောင်းအဓိဌာန်ပြုခဲ့ခြင်းဖြစ်သည်။)
    မောဟ = တွေဝေမိုက်မဲခြင်း( မောဟ ရဲ. သဘောကို ဗုဒ္ဓဘာသာလူငယ်တွေ ရောထွေးနေတတ်ပါတယ်။ အ၀ိဇ္ဇာ နဲ့ မောဟ ဘာကွာလဲ ဆိုတာမျိုး မေးရင် မသိတာ ဆိုတာ ပဲ ပြောနိုင်ကြတယ်။ ဆရာတော်ဘုရားများ ဟောတဲ့ အရှင်းဆုံးကတော့ သစ္စာ(၄)ပါး ကို မသိခြင်းဟူသည် "အ၀ိဇ္ဇာ"ဖြစ်သည်။ ဒိဌိနှင့် နွယ်ပါသည် ။ ကိုယ်လုပ်နေတာကို သတိမကပ်ဘဲ တွေတွေဝေေ၀ ငေးငေးငိုင်ငိုင်ဖြင့် လုပ်နေခြင်း ၊ ကိုယ်လုပ်နေသည့် လုပ်ရပ်ကို ကုသိုလ် ၊ အကုသိုလ်ဟုခွဲခြား မသိခြင်းမှာ…"မောဟ"ဖြစ်သည်။ သစ္စာမသိခြင်းလောက်လည်း အဆင့်မမြင့်ပါ ။သစ္စာမသိလျှင်သံသရာလည်မည်၊ မောဟများလျှင် အပယ်လားမည်။ 
အလှူ လှူသော်လည်း မည်ကဲ့သို့ လှူသင့်သည်ကို မသိ ၊ ဒီအလှူကဘာကုသိုလ်ရမည်ကိုလည်း မသိ ၊လှူတော့လှူနေခြင်းကို မောဟဖုံးလွှမ်းခြင်းဟု ဆိုပါသည်။ မောဟ၏ တွေဝေမှုမှာ Action ကရှိနေသည်။ မည်သို့ လှူပါက ကုသိုလ်ရမှန်းကိုလည်း သိသည်။ ကုသိုလ်ရအောင်လှူပြီးသောအခါမှ ဒီကောင်းမှုကြောင့် နတ်ဖြစ်ရပါလို၏ ဟုဆုတောင်းလိုက်သောအခါ အ၀ိဇ္ဇာပါ သွားပါပြီဖြစ်သည်။ ဒုက္ခသစ္စာကို မသိသောကြောင့် နောက်သမုဒယသစ္စာကို လိုချင်တာမျိုးဟု ဆိုရမည်ဖြစ်သည်။
နောက်ဥပမာ- လူတစ်ယောက် အတိတ်ကိုတွေးမိလျှင် ဒေါသဖြစ်မည်။ ထိုကြောင့် ဘာမှ ပြန်မရတောသည့် အတိတ်ကို မတွေးပါနှင့်။ အနာဂတ်ကိုတွေးရင် လောဘ ဖြစ်မည်။ အနာဂတ်ကမရောက်သေးသောကြောင့် ဖြစ်၊ပျက်သံသရာမှာ ကြိုတင်ပြီး လောဘစိတ်မထားပါနှင့်။ ပစ္စုပ္ပန်တွင် မောဟဖြင့် မနေနှင့်ဟု ဆရာတော်များဆုံးမလေ့ရှိပါတယ်။ သတိနဲ့ ကုသိုလ်၊အကုသိုလ်ခွဲခြားနိုင်သော ပညာရှိနေခြင်းသည် မောဟကင်းခြင်းပင်ဖြစ်သည်။ ပညာမြင့်လာခြင်းဖြင့် သစ္စာတရားများကို သိမြင်လာလျှင် အ၀ိဇ္ဇာပါ ကင်းလာပါမည်။ မောဟ၏ တွေဝေမှုမှာ Action ကရှိနေပါဦးမည်။ ထိနမိဒ္ဓ ကဲ့သို့ ငိုက်နေခြင်းမျိုး တော့မဟုတ်သေးပါ။
    မာန = ထောင်လွှားခြင်း(မာန ဆိုသည်မှာ မာန် ပင်ဖြစ်သည် ။ မာန်တက်နေသည် ။ မာနကြီးနေသည်)
မာန်(မာန) (၃) မျိုး ရှိသည် ။
(၁)သေဌမာန် = "ငါသာမြတ်သည်" ဟု မာန်တက်ခြင်း
(၂)သဒိသမာန် = "ငါနှင့် တန်းတူသည်"ဟု မာန်တက်ခြင်း
(၃)ဟိနမာန် = "ငါကား နိမ့်၏ ၊ သို့သော် မည်သူ့ကိုမျှ ဂရုစိုက်ရန် မလို"ဟု မာန်တက်ခြင်း တို့ဖြစ်ပါသည်။
မာန်တက်ရန် (၃) ချက် ။
(၁)ဇာတိမာန် = ဇာတ်ကို စွဲ၍ မာန်တက်ခြင်း
(၂)ဣဿရိယ မာန် = အစိုးရခြင်း ကို စွဲ၍ မာန်တက်ခြင်း
(၃)ဂေါတ္တမာန် = အမျိုးအနွယ်ကို စွဲ၍ မာန်တက်ခြင်း တို့ဖြစ်ပါသည်။
    ဒိဌိ ( မိစ္ဆာ ဒိဌိ ) = အယူမှားခြင်း(အားလုံး ၆၂-ပါး ။ ဒါပေမယ့် ၃ ပါး ၊ နိယတ (၄) ပါး။ (၁၀)ပါး ၊ (၁၁)ပါး စသဖြင့် ဆရာတော်များက အလျဉ်းသင့်သလို ဟောပြောကြသည်။ မိစ္ဆာဒိဌိ ကိုအလုံးစုံမရှင်းတော့ဘဲ သမ္မာဒိဌိ (၅) ပါးကို ဟောပြောသည်လည်းရှိပါသည် ။) 
ဒိဌိ သည် ရှစ်ပါးသော တရားတို့ကို အမှီပြုပြီး ဖြစ်တတ်သည်။ ခန္ဓာ အ၀ိဇ္ဇာ ဖေဿာစ ၊ သညာတက္ကော အယောနိသော ဒုမ္ပိတ္တော၊ ပရသော ဃောသော ဒိဌိဌာနာနိ အဌဓာ …ဟူ၍
(က) ခန္ဓာ ကိုယ်နဲ့ ပတ်သက်၍ ၄င်း ၊
(ခ) သစ္စာ (၄) ပါး နဲ့ ပတ်သက်၍ ၄င်း ၊
(ဂ) အတွေ့အထိနဲ့ ပတ်သက်၍ ၄င်း ၊
(ဃ) မှတ်သားမှု နဲ့ ပတ်သက်၍ ၄င်း ၊
(င) အကြံအစည် နဲ့ ပတ်သက်၍ ၄င်း ၊
(စ) နှလုံးသွင်းမှု နဲ့ ပတ်သက်၍ ၄င်း ၊
(ဆ) မိုက်မဲသူများနှင့် ပေါင်းသင်းမိ၍၄င်း ၊
(ဇ) သူတပါး၏တရားစကား နဲ့ ပတ်သက်၍ ၄င်း ဒိဌိ ဖြစ်လာပါတယ်။
( ၀ိစိကိစ္ဆာ သည်လည်း ရှစ်ပါးသော တရားတို့အပ်ါတွင် အမှီပြုပြီး ဖြစ်တတ်သည်။
(က) ဘုရားရှင်၏ ၃၂-ပါးသော လက္ခဏာတော်များ ၊ ဥာဏ်တော်များ နဲ့ ပတ်သက်၍ ၄င်း ၊
(ခ) သစ္စာ (၄) ပါး ၊ မဂ် ၊ဖိုလ် ၊နိဗ္ဗာန် သည် သံသရာမှ တကယ် လွတ်/မလွတ် နဲ့ ပတ်သက်၍ ၄င်း ၊
(ဂ) အရိယာပုဂ္ဂိလ် နဲ့ ပတ်သက်၍ ၄င်း ၊
(ဃ) သီလ ၊ သမာဓိ ၊ပညာ ဟူသော သိက္ခာ (၃) ပါးနဲ့ ပတ်သက်၍ ၄င်း ၊
(င) အတိတ်၌ ခန္ဓာ ၊အာယတန ဖြစ်/မဖြစ် နဲ့ ပတ်သက်၍ ၄င်း ၊
(စ) အနာဂတ်၌ ခန္ဓာ ၊အာယတန ဖြစ်/မဖြစ် နဲ့ ပတ်သက်၍ ၄င်း ၊
(ဆ) သံသရာ တလျှောက်လုံး ခန္ဓာ ၊အာယတန ဖြစ်/မဖြစ် နှင့် ပေါင်းသင်းမိ၍၄င်း ၊
(ဇ) ပဋိစ္စသမုပ္ပါဒ် တရားတော် နဲ့ ပတ်သက်၍ ၄င်း ၀ိစိကိစ္ဆာ ဖြစ်လာပါသည်။
ဒိဌိ နဲ့ ၀ိစိကိစ္ဆာ ကို ပယ်သတ်နိုင်သူဟာ သောတာပန် ပုဂ္ဂိလ်ဖြစ်ပြီဖြစ်သည်။
    ထိနမိဒ္ဓ = ထိုင်းမှိုင်းခြင်း ၊ ငိုက်မျဉ်းခြင်း (မြွေ ဘ၀မှ ဖြစ်လာသောသူများတွင် ထိနမိဒ္ဓ များသည်ဟု ဘုရားရှင်က ပုဏ္ဏား(၄)ယောက်ကို ဥပမာပြပြီးဟောခဲ့ဖူးသည်။) 
    ဥဒ္ဓစ္စ = စိတ်ပျံ့လွင့်ခြင်း ။
    အဟိရိက = မကောင်းမှုလုပ်ရခြင်းကို မရှက်ခြင်း ။
    အနောတ္တပ္ပ = မကောင်းမှုလုပ်ခြင်းကို မကြောက်ခြင်း ။ 
၎င်းတို့မှာ ကိလေသာ ( ၁၀ ) ပါး (အပြား ၁၅၀၀ )ဖြစ်ပါသည်။ ကိလေသာကို အမျိုးအစားအားဖြင်.လည်း ခွဲလို့ရပါသေးသည်။
ကိလေသာ (၃)မျိုး(၁) ၀ိတိက္ကမ ကိလေသာ - အာရုံ (၅)ပါး ကို နှစ်သက်တွယ်တာ ၍ ကာယကံ ၊ ၀စီကံ ၊ မနောကံ တို့ဖြင့် လောဘ ၊ ဒေါသ အလျောက် ဖောက်ပြန်ကျူးလွန်စေတတ်မှု ။ ( သီလ စောင့်ထိန်းခြင်းဖြင့် တားဆီရန် )
(၂) ပရိယုဌာန ကိလေသာ - မနော ဒွာရ၌ ထကြွသောင်းကျန်းတတ်သည့် ကိလေသာ ။ ( သမထ ဘာဝနာကျင့်ကြံ ခြင်းဖြင့် တားဆီးရန် )
(၃) အနုသယ ကိလေသာ - သံသရာတလျှောက် အစဉ်ကိန်းအောင်းနေခဲ့ပြီး အခါအခွင့် သင့်သောအခါ ပေါ်ထွက်လာပြီး ဖောက်ပြန်ကျုးလွန်တတ်သော ကိလေသာ ။ ( ၀ိပဿနာ ဘာဝနာအားထုတ် ခြင်းဖြင့် အမြစ်ဖြုတ် ပယ်သတ်ရန်)
ဘုရားရှင်တို့ အောင်မြင်သော မာရ် (၅)ပါးတို့တွင် ကိလေသမာရ် သည် အဓိက ရန်သူကြီးဖြစ်ပါသည်။ အရဟတ္တမဂ်၏ တန်ခိုးဖြင့်သာ အမြစ်ပျက် အောင်နိုင်ပါမည်။
(၃) အဘိသင်္ခါရ မာရ် = ပြုပြင်စီရင်မှု
ပြုလုပ်ကျင့်ကြံ အားထုတ်ထားသော ကုသိုလ်ကံ ၊ အ ကုသိုလ်ကံ တွေကို ဆိုလိုခြင်းဖြစ်သည်။ ကုသိုလ်ကံကြောင့် ကောင်းရာ သုဂတိ ရောက်မည်။ အကုသိုလ်ကံကြောင့် မကောင်းရာ ဒုဂ္ဂတိဘ၀ရောက်မည်။ မည်သည့်ဘ၀သို့ ရောက်စေကာမူ သေရ ဦးမည်ဖြစ်သောကြောင့် ကုသိုလ်ကံ ၊ အကုသိုလ်ကံ တို့မှာလည်း တဖန်သေမည့်ဘ၀ကိုရအောင် ပြုလုပ်ရာ ရောက်နေသော သတ်တတ်သော ၊ သေစေတတ်သော မာရ်ပင် ဖြစ်သည်။
သင်္ခါရ တရားကို (၃) မျိုး ခွဲနိုင်သည်။
(၁) ပုညာဘိ သင်္ခါရ = မဟာကုသိုလ် ၊ ရူပကုသိုလ် စေတနာစု ၊ လူ့ဘုံ ၊ နတ်ဘုံ ၊ ရူပ ဗြဟ္မာ ဘုံရောက်ရန် ပြုပြင်သော သင်္ခါရ။
(၂) အပုညာဘိ သင်္ခါရ = အကုသိုလ်စိတ် (၁၂)ခု နှင့်ယှဉ်သော စေတနာစု ၊ အပါယ် (၄)ဘုံ အတွက် ပြုပြင်သော သင်္ခါရ။
(၃) အာနဉ္ဇာဘိ သင်္ခါရ = အရူပ ကုသိုလ် (၄)ခု နှင့် ယှဉ်သော စေတနာစု၊ အရူပ ဗြဟ္မာ ဘုံရောက်ရန် ပြုပြင်သော သင်္ခါရ။
ကုသိုလ်ကံ ၊ အကုသိုလ်ကံ ဆိုသည်မှာ လူသား (၀ါ) သတ္တ၀ါ၏ ကာယ၊ ၀ါစာ၊ ဥာဏ လုပ်အားတို့ပင်ဖြစ်ပေသည်။ အဘိဓမ္မာ သဘောအရဆိုပါကလည်း ကံသည်စေတနာ ပဲဖြစ်သည်။
ပဋ္ဌာန်းမှာ ကမ္မပစ္စယော တိ - ကုသလာ ၊ကုသလံ - ကုသိုလ်အကုသိုလ်ဖြစ်သော ၊ ကမ္မံ - ကံသည် ၊၀ိပါကာနံ - အကျိုးဖြစ်ကုန်သော ၊ ခန္ဓာစ - နာမ်ခန္ဓာ တို.အား၎င်း ၊ ကဋတ္ထာစ ရူပါနံ - ကမ္မဇ ရုပ်တို.အား၎င်း ၊ ကမ္မပစ္စယေန- ကမ္မပစ္စည်း(ကမ္မအကြောင်း) ဖြင်. ၊ ပစ္စယော -ကျေးဇူးပြုသည်၊ ဟောတိ - ဖြစ်၏ ။ …..
စေတနာ - စေတနာသည် ၊ သမ္ပယုတ္တကာနံ - ယှဉ်ဖက်ဖြစ်ကုန်သော ၊ ဓမ္မာနံစ - တရားတို.အား၎င်း ၊ တံသမုဋ္ဌာနာနံ - ထိုစေတနာကြောင့်ဖြစ်ကုန်သော ရူပါနံစ - စိတ္တဇရုပ်တို့အား၎င်း ကမ္မပစ္စယေန- ကမ္မပစ္စည်း(ကမ္မအကြောင်း) ဖြင်. ၊ ပစ္စယော -ကျေးဇူးပြုသည်၊ ဟောတိ - ဖြစ်၏ …ဟုဆိုသည်။
ထို့ဗကြာင့် ကောင်းခြင်းကိုပြုသောကြောင့် ကောင်းတာဖြစ်ကာ၊ မကောင်းခြင်းကိုပြုသောကြောင့် မကောင်းတာဖြစ်တတ်သကဲ့သို့ ၊ ကောင်းခြင်းကိုပြုသောကြောင့် ကောင်းတာမဖြစ် ၊ မကောင်းခြင်းကိုပြုသောကြောင့် ကောင်းတာဖြစ် တတ်သည့် ဖြစ်စဉ်များလည်းရှိပေသည်။
အောက်ပါ ကံ ( ၄ ) ချက် ပေါ်မူတည်ပါသည်။
ကံ ၊ ကံ ၏အကျိုး ဖြစ်ထွန်းမှု ကို အတိုချုပ်ရရင်-
၁- ချက်ချင်းလက်ငင်း အကျိုး ပေးသော ( ဒိဌဓမ္မ ဝေဒနိယ ကံ )
၂- နောင်ဘ၀မှ အကျိုး ပေးသော ( ဥပ ပဇ္ဇဝေဒနိယ ကံ )
၃- ချက်ချင်းလက်ငင်း ယခုဘ၀ရော ၊ နောင်ဘ၀မှာပါ အကျိုးမ ပေးသေးဘဲ ၊ တတိယ ဘ၀မှသည် ကံပိုင်ရှင် ထိုလူသား နိဗ္ဗာန် မရသေးမီ ကြားကာလ တချိန်ချိန် တွင် အကျိုး ပေးမည်။ ( အပရာပရိယ ဝေဒနိယ ကံ )
၎- ချက်ချင်းလက်ငင်း လည်း အကျိုးပေးခွင်.မရ ဘဲ ကြာလာရာမှ အခြားအင်အားကြီး ကံ တခုခုရဲ. ဖျက်ဆီးခြင်း ခံလိုက်ရသော ( အဟောသိကံ ) …တို့ဖြစ်သည်။
အဘိဓမ္မာနည်းအရ ၀ီထိ တစ်ခုတွင် ပါဝင်သောဇော (၇) ကြိမ် အနက် ပထမဇောစိတ်ဖြင့် ယှဉ်သော စေတနာကံ သည် ဒိဌဓမ္မအကျိုး ပေးမည်။ သတ္တမ (၇) ဇောစိတ်နဲ. ယှဉ်သော စေတနာကံ သည် ဥပ ပဇ္ဇ ဝေဒနိယ (ဒုတိယဘ၀) အကျိုး ပေးမည်။ အလယ်ဇော (၅) ခုသည် အပရာပရိယ ဝေဒနိယအကျိုး ပေးမည် ။ ထိုကံတို. မရင်.ကျက်နိုင်လျှင် အဟောသိကံ ဖြစ်သွားမည်။
(က)မကောင်းသောကံများ ရှိသော်လည်း ကောင်းသောကံ အားကြီးစေရန် ကိုယ်တိုင် ပြန်လည်စီရင်နိုင်သည်။( ဥပမာ-အရှင် အင်္ဂုလိမာလ …. လူသတ်မှု အကုသိုလ်ကံများမှာ ရဟန္တာဘ၀ကို အကျိုးပေးခွင့်မရဘဲ အဟောသိကံ ဖြစ်သွားသည်။ )
(ခ) ကောင်းသောကံများရှိ သော်လည်း မကောင်းသောကံ အားကြီးလွန်းသောအခါ အကျိုးပေးခွင့်မရ နိုင်ရန် တားဆီးခြင်းငှာ မတတ်နိုင်တော့ပေ။ ( ဥပမာ - ပထမသံဃာယနာ ၏ ဒါယိကာ ဘုရင် အဇာတသတ်….. အဖကို သတ်သည့် အကုသိုလ်ကြောင့် ဘုရားအား ကြည်ညိုသည့် ပုထုဇဉ်တွေထဲတွင် အသာဆုံးဖြစ်သော်လည်း လောကကုမ္ဘီ ငရဲတွင် လူနှစ် ( ၆၀၀၀၀ ) ခံရရှာဦးမည် ။သို့သော် ငရဲကလွတ်သောအခါ ၀ိစိတာဝီ မည်သော ပစ္စေကဗုဒ္ဓ ဖြစ်မည်။)
အရေးကြီးသည်မှာ အကုသိုလ် လုပ်မိလျှင် မတိုးပွားအောင် တိုတိုဖြတ် ၊ သို့မှသာ အကျိုးပေးခွင့်မရ ဘဲ အဟောသိကံ ဖြစ်သွားကြမည်။ ကုသိုလ် လုပ်လျှင် တိုးပွားအောင် အားဆင့်ပေး ၊ သို့မှသာ ကောင်းကျိုးပေးခွင်.ရမည်။ ဒါပေမယ့် ပြုလုပ်တဲ့ ဒါန ၊သီလ ၊ ကံတွေ အပေါ်မှာ လိုချင်တပ်မက်သည့် တဏှာ မကပ်ငြိရပါ။(မိုးကုတ်ဆရာတော် ဘုရားကြီး အကြိမ်ကြိမ်ဟောလေ့ရှိပါသည်။။ နတ်သမီး ၅၀၀ နှင့် သုဗြဟမ နတ်သားဇာတ်၊မည်သည့် ဘ၀ရောက်ရောက် သေရဦးမည် ဆိုသည်ကို ထင်ရှားသော ဇာတ်တော်များကို နာယူကြည့်ခြင်းဖြင့် သိနိုင်ပါသည်။)
နောက် ဒါန ၊သီလ ၊ဘာဝနာ ပြုနေချိန်မှာ ဘယ်လို စိတ်ထားရမယ်ဆိုတာ ဓမ္မစေတီ ဦးကောသလ၏ ဒသနသမ္ဗဒါ နည်းဖြင့် ရှင်းလင်းပြသသည့် ဒါန ၊ အမြတ်ဆုံးဒါန ၊ သဒ္ဒါမှသည် နိဗ္ဗာန်ဆီသို့ စသောတရားများကို မှတ်သားကြပါ ။
သို့မှာသာ အဘိသင်္ခါရ မာရ်အား အသိဖြင့် တားနိုင်မည်။ အရဟတ္တမဂ်၏ တန်ခိုးဖြင့်သာ အဘိသင်္ခါရ မာရ် ကို အမြစ်ပျက် အောင်နိုင်မည်။
(၄)ခန္ဓမာရ် = ခန္ဓငါးပါး
ခန္ဓမာရ် ဆိုရာ၌ ခန္ဓာကိုယ်ရှိနေသမျှ ထိုခန္ဓာကိုယ်သည် သေရမည်အမှန်ပင်၊ ခန္ဓာကိုယ်မရှိတော့မှ သေရခြင်းကင်းမည်၊ သို့ဖြစ်၍ ခန္ဓာကိုယ်သည်လည်း သေရခြင်း အကြောင်းတစ်ရပ် ဖြစ်ပေသည်။ ထို့ကြောင့် ခန္ဓမာရ် ၊ ခန္ဓာတည်းဟူသော သေမှုသေခင်း တစ်ရပ်ဟု ဆိုပေသည်။
(၅)မစ္စုမာန် = သေခြင်းတရား
မစ္စုဟူသည်မှာ သေခြင်းဟု အဓိပ္ပါယ်ရသည်။ သေခြင်းအတွက် အကြောင်းပြချက် မျိုးစုံရှိသည်။ အခြားသော ဘာသာဝင် တွေကလည်း ဘာကြောင့်သေရသည်ကို အမျိုးမျိုး အကြောင်းပြကြပါသည်။ အခြားသော ဘာသာများ၏ သေခြင်းအပေါ် သုံးသပ်ချက်တွေကို မတင်ပြလိုပါ။ ဗုဒ္ဓဘာသာ အလိုတွင်မူ မွေးလို့ သေရသည်။ မသေလိုလျှင် နောက်တဖန် မွေးဖွားခြင်းမခံရစေရန် ယခုဘ၀အား နောက်ဆုံး မွေးဖွားခံရခြင်း ဖြစ်အောင် ကြိုးစားကြရမည် ဟုဆိုသည်။
မွေးဖွားလာလျှင် အကြောင်း (၄) ချက်ကြောင့် ပြန်သေကြရသည်။ ၄င်းတို့မှာ- (၁) အာယုက္ခယ = အသက်တမ်းကုန်၍ သေခြင်း ။ (ဖယောင်းတိုင် ဖယောင်းသားကုန်၍ မီးငြိမ်းရခြင်း )
(၂) ကမ္မက္ခယ = ကံကုန်၍သေခြင်း ၊( ဖယောင်းတိုင် မီးစာကြိုးကုန်၍ မီးငြိမ်းရခြင်း )
(၃) ဥဘယက္ခယ = အသက်တမ်းနဲ့ ကံကုန်၍သေခြင်း ၊( ဖယောင်းတိုင် မီးစာကြိုးရော ၊ ဖယောင်းသားပါကုန်၍ မီးငြိမ်းရခြင်း )
(၄)ဥပစ္ဆေဒက = အသက်တမ်းနဲ့ ကံရှိသေးသော်လည်း အခြား ဥပစ္ဆေဒက ကံ က ဖြတ်သတ်၍သေခြင်း ( လေပြင်းတိုက်သောကြောင့် မီးငြိမ်းရခြင်း ) …တို့ဖြစ်ပါတယ်။
မည်သို့ဆိုစေ သေခြင်းကို သတ္တ၀ါတို့ ကြောက်ကြသည်။ကြောက်ရခြင်းမှာလည်း သေခြင်း၏ နှိပ်စက်တတ်သော အချက် (၄)ချက် ကြောင့် ဖြစ်ပါသည်။
(၁) မိမိ၏ချစ်သူ၊ ခင်သူ မိသားစု များနဲ့ အပြီးတိုင်ခွဲခွာရမည်ကို ကြောက်ခြင်း ၊ တဖန် ကိုယ်တိုင်က သေမှာကို မကြောက်သလိုဖြစ်နေသော်လည်း မိမိနဲ့ ခွဲခွာရမည်ကို ပူဆွေးငိုကြွေးနေကြသော မိသားစုဝင်များကို ကြည့်ပြီး သနားကာ မိမိသေမှာကို ကြောက်လာခြင်း ။
(၂) မိမိ၏ အမြတ်တနှိုး သုံးစွဲခဲ့သောသိမ်းဆည်းစုဆောင်းခဲ့ရသော ဥစ္စာ ပစ္စည်းများကို ခင်တွယ်၍ အပြီးတိုင်စွန့်လွတ်ရမည်ကို တွေးပြီး ကြောက်ခြင်း ၊
(၃) သေခါနီးဖြစ်ပေါ်တတ်သော ဝေဒနာများကို တွေး၍ကြောက်ခြင်း၊
(၄) သေပြီးလျှင် လားရာဂတိ မသေချာသောကြောင့် ပူပန်ကြောက်ရွံ့ခြင်း …. တို့ဖြစ်ပါသည်။
သေခါနီးသတ္တ၀ါတွင် ဆိုးဝါးလွန်းသော ဝေဒနာများ ခံစားရလေ့ရှိသည် ဆို၏။ လူတစ်ယောက်၏ နောက်ဆုံးအချိန်တွင် သေဆုံးသွားအောင် နှိပ်စက်သော ဝေဒနာ တို့သည် လေ (၃) မျိုး ကြောင့် ဖြစ်လာရသည်ဆို၏။ ( မှတ်ချက် ။ ။ ပုံမှန် အချိန်တွင် လေ (၆) မျိုးရှိသည်။ အကျယ် အားဖြင့် လေမျိုး (၈၀) ဆိုတာလည်းရှိသေးတယ်) ထို သေစေသော လေ (၃) မျိုး မှာ- (၁) သတ္ထက ၀ါဓ - ဓားငယ် နှင့်တူသောလေ ( ကိုယ်တွင်း၌ ဓားငယ်ဖြင့် မွှန်းနေသကဲ့သို့ နာကျင်စေသော လေ )
(၂)ခုက္တက ၀ါဓ - သင်တုန်းဓားနှင့် တူသောလေ ( အူ ၊အသဲများကို ပိုင်းဖြတ်နေ သကဲ့သို့ နာကျင်စေသော လေ )
(၃) ဥပလ္လက ၀ါဓ - နှလုံးသားကို ပင် အပြင်ထုတ်ပစ်နိုင်လောက်အောင် ပြင်းထန်စွာတွန်းကန်သော လေ ( ၀မ်းတွင်းမှ အူကလီစာများ ၊ ငယ်ချီးများပါ အပြင် ထွက်ကျလာအောင် နာကျင်စေသော လေ )
ဤလေများကို ကြံ့ကြံ့ခံနိုင်ရန် ဝေဒနာနုပဿနာ ကို လေ့ကျင်ကြရသည်။
သေခြင်းနှင့် ပတ်သက်လျှင် အကြောင်းအရာ အများကြီး ဖြစ်သည်။ သေချိန်တွင် ဖြစ်ပေါ်သည့်ကံနှင့် ဇောစိတ်များ ကို ၀ိပဿနာ ဆိုင်ရာ ခေါင်းစဉ်ဖြင့် ဖေါ်ပြခဲ့ကြပြီးဖြစ်သည်။ တခြားဘာသာဝင်များအနေဖြင့် သေခြင်းကို အောင်နိုင်ရန် သေကြည့်ရမယ် ပြီးလို့ ပြန်ရှင်လာမယ် ဆိုရင် သေခြင်းကိုအောင်နိုင် ပြီ လို့ ဆိုကြပါတယ် ။ ဗုဒ္ဓဘာသာ အလိုအရကတော့ ရုပ်နာမ်တို့၏ ချုပ်ငြိမ်းရာ ၊ နိရောဓဖြစ်နေတဲ့ အသစ်တဖန် မွေးဖွားခြင်း၊သေဆုံးခြင်း ကင်းရာ နိဗ္ဗာန် ကို အရဟတ္တဖိုလ် ဖြင့် ဆိုက်ရောက်ရခြင်းဟာ သေခြင်းမာရ်ကိုအောင်နိုင် ခြင်း ဖြစ်ပါသည်။
မင်္ဂလသုတ်
မင်္ဂလသုတ်
ပရိတ်ကြီး (၁၁) သုတ် စာရင်းတွင် ပထမနေရာမှာ ပါဝင်သည်။ ဘုန်းတော်ကြီးသင် ပညာရေးစနစ်၌ သင်ပုန်းကြီးပြီးလျှင်ပြီးချင်း မဖြစ်မနေသင်ယူရသော သင်ခန်းစာလည်းဖြစ်သည်။ မြန်မာနိုင်ငံတွင် နွေရာသီကျောင်းပိတ်ရက်များ၌ အခြေခံပညာကျောင်းသားများသည် ဘုန်းကြီးကျောင်းများ၌ ဖြစ်စေ၊ ဗုဒ္ဓကလျာဏယုဝအသင်း အစရှိသော ဘာသာရေးအသင်းမျာမှ ဦးစီးဖွင့်လစ်သည့် သင်တန်းများမှာဖြစ်စေ လေ့လာသင်ယူကြသည်။ ဗုဒ္ဓ၏ လူမှုကျင့်ဝတ်များဆိုင်ရာ သဘောထားများကို လေ့လာလိုလျှင် ချန်လှပ်ထားခဲ့၍ မဖြစ်နိုင်သော သုတ္တန်လည်းဖြစ်သည်။
မင်္ဂလသုတ်ပါဠိတော်
၁။ယံ မင်္ဂလံ ဒွါဒသ ဟိ၊ စိန္တယိံ သု သဒေ၀ကာ၊ သောတ္ထာနံ နာဓိ ဂစ္ဆန္တိ၊ အဋ္ဌတ္တိံ သဉ္စ မင်္ဂလံ။
၂။ဒေသိတံ ဒေ၀ဒေဝေန၊ သဗ္ဗပါပ၀ိနာသနံ။ သဗ္ဗလောက ဟိတတ္ထာယ၊ မင်္ဂလံ တံ ပဏာမ ဟေ။
၃။ ဧ၀ံ မေ သုတံ၊ ဧကံ သမယံ ဘဂ၀ါ သာဝတ္ထိယံ၊ ၀ိဟရတိ ဇေတ၀နေ၊ အနာထပိဏ္ဍိကဿ အာရာမေ။ အထခေါ အညတရာ ဒေ၀တော အဘိက္ကန္တ ၀ဏ္ဏာ ကေ၀လကပ္ပံ ဇေတ၀နံ သြဘာသေတွာ ယေန ဘဂ၀ါ၊ တေနုပသင်္ကိမ။ ဥပသင်္ကိမတွာ ဘဂ၀န္တံ - အဘိဝါဒေတွာ။ ဧကမန္တံ အဋ္ဌာသိ။ ဧကမန္တံ ဋ္ဌိထာ ခေါ သာ ဒေ၀တာ ဘဂ၀န္တံ ဂါထာယ အဇ္ဈဘာသိ။
၎။ဗဟူ ဒေ၀ါ မနုဿာ စ၊ မင်္ဂလာနိ အစိန္တ ယုံ။ အာကင်္ခမာနာ သောတ္ထာနံ၊ ဗြူဟိ မင်္ဂလ မုတ္တမံ။
၅။ အသေ၀နာ စ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နာ။ ပူဇာ စ ပူဇနေယျာနံ၊ ဧတံ မင်္ဂလ မုတ္တမံ။
၆။ ပတိရူပ ဒေသ၀ါသော စ၊ ပုဗ္ဗေ စ ကတ ပုညတာ။ အတ္တသမ္မာပဏိဓိ စ၊ ဧတံ မင်္ဂလ မုတ္တမံ။
၇။ ဗာဟုသစ္စဉ္စ သိပ္ပဉ္စ၊ ၀ိနယောစ သုကိက္ခိတော။ သုဘာသိတာ စ ယာ ၀ါစာ။ ဧတံ မင်္ဂလ မုတ္တမံ။
၈။ မာတာပိတု ဥပဋ္ဌာနံ၊ ပုတ္တဒါရဿ သင်္ဂဟော။ အနာကုလာ စ ကမ္မန္တာ၊ ဧတံ မင်္ဂလ မုတ္တမံ။
၉။ ဒါနဉ္စ ဓမ္မစရိယာ စ၊ ဉာတကာနဉ္စ သင်္ဂဟော။ အန၀ဇ္ဇာနိ ကမ္မာနိ၊ ဧတံ မင်္ဂလ မုတ္တမံ။
၁၀။ အာရတီ ၀ိရတီ ပါပါ၊ မဇ္ဇပါနာ စ သံယမော။ အပ္ပမာဒေါ စ ဓမ္မေသု၊ ဧတံ မင်္ဂလ မုတ္တမံ။
၁၁။ ဂါရဝေါ စ နိဝါတော စ၊ သန္တုဋ္ဌိ စ ကတညုတာ။ ကာလေန ဓမ္မဿဝနံ၊ ဧတံ မင်္ဂလ မုတ္တမံ။
၁၂။ခန္တီစ သောဝစဿတာ၊ သမဏာနဉ္စ ဒဿနံ၊ ကာလေန ဓမ္မသာကစ္ဆာ၊ ဧတံ မင်္ဂလ မုတ္တမံ။
၁၃။ တပေါ စဗြဟ္မစရိယဉ္စ အရိယာသစ္စာန ဒဿနံ၊ နိဗ္ဗာန သစ္ဆိကိရိယာ စ၊ ဧတံ မင်္ဂလ မုတ္တမံ။
၁၄။ ဖုဋ္ဌဿ လောကဓမ္မေဟိ၊ စိတ္တံ ယဿ န ကမ္ပတိ၊ အသောကံ ၀ိရဇံ ခေမံ၊ ဧတံ မင်္ဂလ မုတ္တမံ။
၁၅။ ဧတာဒိသာနိ ကတွာန၊ သဗ္ဗတ္ထ မပရာဇိတာ။ သဗ္ဗတ္ထ သောတ္ထိံ ဂစ္ဆန္တိ၊ တံ တေသံ မင်္ဂလ မုတ္တမံ။
မင်္ဂလသုတ္တံ နိဋ္ဌိတံ။
မင်္ဂလသုတ်ရွတ်ဖတ်ခြင်းအကျိုး
မင်္ဂလသုတ်ကိုမပြတ်ရွတ်ဖတ်သရဇ္ဈာယ်၍ လိုက်နာကျင့်ကြံလျှင် မည်သည့်နေရာမှာနေသည်ဖြစ်စေ ဘေးအန္တရာယ်ကင်းသည်။ ရန်သူတို့က မိမိအား မအောင်မြင်နိုင်။ မိမိ၏ဘ၀အဆင့်အတန်းသည်လည်း တစ်နေ့ထက်တစ်နေ့ တိုးတက် ချမ်းသာလာမည်ဖြစ်ပေသည်။ အချုပ်အားဖြင့်ဆိုရလျှင် ရန်ကင်းသည်၊ သူတစ်ပါးမကောင်းမကြံနိုင် ၊ ဘ၀အခြေအနေ ကြီးပွားတိုးတက်စေသည်။
မင်္ဂလသုတ်မြန်မာပြန်
၁။ မည်သည့်တရားသည် မင်္ဂလာတရားနည်း ဟူ၍ လူနှင့်နတ်တို့သည် တစ်ဆယ့်နှစ်နှစ်တိုင်တိုင် တွေးခေါ်ကြသော်လည်း အဖြေမှန် မရခဲ့ကြပေ၊ စီးပွားချမ်းသာခြင်း၏ အကြောင်းမှန်ဖြစ်သော မင်္ဂလာတရားပေါင်း(၃၈)ပါး ရှိလိမ့်မည်ဟူ၍လည်း မည်သူမျှ မသိမမြင်နိုင်ခဲ့ကြပေ။
၂။ လူတစ်ယောက်စီတစ်ယောက်စီထက်လည်းကောင်း ၊ သန်းပေါင်းများစွာသော လူသားအားလုံးတို့ထက်လည်းကောင်း ၊ နတ်တစ်ပါးစီ တစ်ပါးစီထက်လည်းကောင်း ၊ နတ်အားလုံးထက် လည်းကောင်း၊ သာလွန်မြင့်မြတ်တော်မူသော မြတ်စွာဘုရားသည် လောကအကျိုးကို ရှေ့ရူလျက် မင်္ဂလာတရား ၃၈-ပါးကို ထုတ်ဖော် ဟောကြားတော်မူခဲ့၏ ။ မင်္ဂလာတရားသည် လူမှုဒုစရိုက် တရားကို ပယ်ဖျောက်တတ်၏ ။ ယခုအခါ သူတော်ကောင်းအပေါင်းတို့နှင့်ကျွန်ုပ်တို့သည် ထိုမင်္ဂလာတရားတော်မြတ်ကို ရွတ်ဖတ်ပူဇော်ကြပါကုန်စို့ ။
၃။ ပထမသံဂါယနာပွဲတော်ကြီး၏ ဥက္ကဋ္ဌ ဖြစ်တော်မူသော မဟာကဿပအရှင်ဘုရား - ဤမင်္ဂလသုတ်တော်ကို အကျွန်ုပ် အာနန္ဒာသည် နောင်တော်မြတ်စွာဘုရားထံမှ တိုက်ရိုက် ဤသို့ကြားနာ လိုက်ရပါ၏ ၊ မှတ်သားလိုက်ရပါ၏ ၊ ဆောင်ထားလိုက်ရပါ။ -အခါတပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် ဇေတ၀န်ကျောင်းတော်၌ သီတင်းသုံးနေပါသည်။ ဇေတ၀န်ကျောင်းသည် အနာထပိဏ်သေဋ္ဌေးကြီးဆောက်လုပ် လှူဒါန်းထားသော နှလုံးမွေ့လျော် ပျော်ဖွယ်ရာကောင်းသော ကျောင်းတော်ကြီးဖြစ်ပါသည်။ တညသ၌ ညဥ့်ဦးယံလွန်၍ သန်းခေါင်ယံအရောက်တွင် အမျိုးအမည် မထင်ရှား မသိသာသော နတ်သားတစ်ပါး ရောက်လာပါသည်။ သူသည် အလွန်နှစ်လိုဖွယ် ရုပ်အဆင်းရှိပါသည်။ ဇေတ၀န်ကျောင်းတိုက် တစ်လုံးကိုလည်း သူ၏ကိုယ်မှ အရောင်းအ၀ါဖြင့် ထွန်းလင်းစေပါသည်။ -ယင်းသို့ထွန်းလင်းစေပြီးနောက် မြတ်စွာဘုရားသခင်ရှိရာသို့ ချဉ်းကပ်လာပါသည်။ မြတ်စွာဘုရားကို အလွန်ရိုသေ လေးမြတ်စွာရှိခိုးပါသည်။ ရှိခိုးပြီးနောက် တင့်အပ်လျှောက်ပတ်သောနေရာ၌ မတ်တတ်ရပ်နေပါသည်။ ယင်းသို့နေရာယူပြီးမှ ထိုနတ်သားသည် မြတ်စွာဘုရားကို ဤကဲ့သို့ ဂါထာဖြင့် နားတော်လျှောက်ပါသည်...
၎။ ဘုန်းတော်ကြီးမြတ်လှသောမြတ်စွာဘုရား - နတ်အပေါင်းတို့သည်လည်းကောင်း ၊ လူအပေါင်းတို့သည်လည်းကောင်း စင်ကြယ်စွာသော နိဗ္ဗာန်ချမ်းသာကို လိုချင်ကြသည် ၊ တောင့်တကြသည်ဖြစ်ပါ၍ မည်သည့်တရားသည် စီးပွားချမ်းသာခြင်း၏ အကြောင်းဖြစ်သော မင်္ဂလာတရားတော်ဖြစ်သလဲဟူ၍ တစ်ဆယ့်နှစ်နှစ်တိုင်တိုင် အချိန်ယူပြီး စဉ်းစားတွေးခေါ် ကြံဆခဲ့ကြပါသည်ဘုရား။ ယင်းသို့ ကြံစည်တွေးဆကြပါသော်လည်း မင်္ဂလာတရားမှန်ကို မည်သူမျှတွေးကြံ၍ မသိနိုင်ကြပါဘုရား။ သို့အတွက်ကြောင့် မင်္ဂလာတရားဟူသည် မည်သည့်တရားဖြစ်ကြောင်း အရှင်ဘုရားက စတင်ထုတ်ဖော်၍ ဟောကြားတော်မူပါဘုရား။
မြတ်စွာဘုရား၏ဟောကြားချက်
၅။ အို... နတ်သား ... သူမိုက်ကို မမှီဝဲ မဆည်းကပ်ခြင်း ၊ ပညာရှိသူကို မှီဝဲဆည်းကပ်ခြင်း ၊ ပူဇော်ထိုက်သူကို ပူဇော်ခြင်း ၊ ဤတရား သုံးပါးကို မြတ်သောမင်္ဂလာဟူ၍သင်မှတ်သားလော့။
၆။ အို....နတ်သား တင့်အပ်လျောက်ပတ်သော အရပ်ဒေသ၌နေခြင်း ၊ ရှေးဘ၀ကပြုခဲ့ဖူးသောကောင်းမှုရှိခြင်း၊ မိမိကိုယ်ကိုကောင်းစွာထိန်းသိမ်းဆောက်တည်ခြင်း၊ ဤတရား သုံးပါးကိုလည်း မြတ်သောမင်္ဂလာဟူ၍ သင်မှတ်သားလော့။
၇။ အို....နတ်သား အကြားအမြင် ဗဟုသုတရှိခြင်း ၊ စက်မှုလက်မှုစသော သိပ္ပံပညာတတ်မြောက်ခြင်း၊ ကိုယ်နှုတ်နှလုံးယဉ်ကျေးအောင်ဆုံးမတတ်သည့်ဝိနည်းတရားကိုကောင်းစွာသင်ယူခြင်း၊ ကောင်းသောစကားကိုပြောခြင်း၊ ဤတရားသုံးပါးကိုလည်း မြတ်သောမင်္ဂလာဟူ၍ သင်မှတ်သားလော့။
၈။ အို....နတ်သား.... အမိအဘကို လုပ်ကျွေးမွေးမြူခြင်း ၊ သားမယားကို ထောက်ပံ့ပေးကမ်းချီးမြှောက်ခြင်း၊ မည်သူ့ကိုမျှ မထိခိုက်အောင် အလုပ်မျိုးကိုလုပ်ခြင်း ၊ ဤတရားသုံးပါးကိုလည်း မြတ်သောမင်္ဂလာဟူ၍ သင်မှတ်ဦးလော့။
၉။ အို....နတ်သား... အလှူပေးခြင်း ၊ မြတ်သောအကျင့်ကို ကျင့်ခြင်း ၊ ဆွေမျိုးတို့အားထောက်ပံ့ခြင်း၊ အကုသိုလ်ကင်းသောအလုပ်ကိုလုပ်ခြင်း၊ ဤတရားသုံးပါးကိုလည်း မြတ်သောမင်္ဂလာဟူ၍ သင်မှတ်ဦးလော့။
၁၀။ အို....နတ်သား.... မကောင်းမူဟူသမျှ ဝေးဝေးရှောင်နိုင်ခြင်း ၊ မကောင်းမှုကို မလုပ်ဖြစ်အောင် မကျူးလွန်ဖြစ်အောင် အထူးရှောင်ကြဉ်နိုင်ခြင်း၊ သေရည်သေရက် ၊ မူးယစ်ဆေးဝါးတို့ကို မသောက်မစားဖြစ်အောင် ရှောင်ကြဉ်နိုင်ခြင်း၊ ကုသိုလ်ရမည့်ကောင်းမှုအလုပ်တို့ကို မပြတ်သတိရပြီး မမေ့မလျော့ဆောင်ရွက်ခြင်း ၊ ဤတရားလေးပါးကိုလည်း မြတ်သောမင်္ဂလာဟူ၍ သင်မှတ်ဦးလော့။
၁၁။ အို....နတ်သား .... ရိုသေထိုက်သူကို ရိုသေခြင်း ၊ မိမိကိုယ်ကို မောက်မာသမှု မပြုဘဲ နှိမ့်ချခြင်း ၊ ကိလေသာအာရုံ ကာမဂုဏ်တို့၌ ရောင့်ရဲလွယ်ခြင်း ၊ သူတစ်ပါး မိမိအပေါ်ပြုဖူးသောကျေးဇူးကို သိတတ်ခြင်း ၊ အခါအခွင့်သင့်တိုင်း တရားနာခြင်း ၊ ဤတရားငါးပါးကိုလည်း မြတ်သောမင်္ဂလာဟူ၍ သင်မှတ်ဦးလော့။
၁၂။ အို....နတ်သား..... သည်းခံတတ်ခြင်း ၊ သူတော်ကောင်းတို့က ဆုံးမသည့်စကားကို နာယူလွယ်ခြင်း ၊ သူတော်ကောင်းရဟန်းပုဏ္ဏားတို့အား ဖူးမြင်ရခြင်း ၊ အခါအခွင့်သင့်တိုင်း တရားဆွေးနွေး မေးမြန်းခြင်း ၊ ဤတရားလေးပါးကိုလည်း မြတ်သော မင်္ဂလာဟူ၍ သင်မှတ်သားဦးလော့။
၁၃။ အို....နတ်သား.... ခြိုးခြံစွာကျင့်ခြင်း ၊ မြတ်သောအကျင့်ကိုကျင့်ခြင်း၊ အရိယာသစ္စာတရားကို သိမြင်ရခြင်း၊ နိဗ္ဗာန်ချမ်းသာကို မျက်မှောက်ပြုနိုင်ခြင်း ၊ ဤတရားလေးပါးကိုလည်း မြတ်သောမင်္ဂလာဟူ၍ သင်မှတ်ဦးလော့။
၁၄။ အို....နတ်သား .... လောကဓံတရားရှစ်ပါးတို့နှင့် တွေ့ကြုံရသော ရဟန္တာအရှင်သူမြတ်၏ စိတ်သည် မတုန်မလှုပ် ၊ မစိုးမရိမ် ၊ ရမ္မက်ကင်း၏ ၊ ဘေးကင်း၏ ၊ ဤတရားလေးပါးကိုလည်း မြတ်သောမင်္ဂလာဟူ၍ သင်မှတ်ဦးလော့။
၁၅။ အို....နတ်သား.... ဤကဲသို့သော ၃၈-ပါး မင်္ဂလာတရားကို လက်တွေ့လိုက်နာ ကျင့်ကြံပြုလုပ်ထားသည့်အတွက်ကြောင့် မည်သည့်နေရာ၌ နေနေ မိမိအား ရန်သူတို့က မအောင်နိုင် ၊ ကိစ္စခပ်သိမ်း၌ ပြီးငြိမ်းချမ်းသာခြင်းသို့ ရောက်ကုန်၏ ထို ၃၈-ပါးသော တရားသည်သာလျှင် လူတကာ နတ်တကာတို့အတွက် မြတ်သော မင်္ဂလာဖြစ်ကြောင်း သင်မှတ်သားလေလော့။
ဗုဒ္ဓဘာသာတွင် လက်ခံထားသော သေခြင်း (၄)မျိုး ရှိ၏။
(၁) အသက်တမ်းကုန်၍ သေခြင်း။
(၂) ကံစွမ်းကုန်၍ သေခြင်း။
(၃) အသက်တမ်း၊ ကံစွမ်း နှစ်ပါးကုန်၍ သေခြင်း။
(၄) ဥပစ္ဆေဒကကံဖြင့် သေခြင်း။
သတ္တဝါတို့မှာ ဤသေခြင်း ၄-မျိုးအနက် တစ်မျိုးမျိုးဖြင့် သေကြရ၏။
ထိုသို့ သေကြသောအခါ သေခါနီး၌ ‘ကံ’၊ ‘ကမ္မနိမိတ်’၊ ‘ဂတိနိမိတ်’ သုံးမျိုးအနက် တစ်ခုခု ပေါ်၏။
(၁)ကံ = နောက်ဘဝမှာ ပဋိသန္ဓေအကျိုးပေးတော့မည့် ရှေးတုန်းက ပြုခဲ့သော
(မသေမီ ယခုဘဝတွင် ပြုခဲ့သော ကံများလည်း ဖြစ်နိုင်၏) ကုသိုလ်ကံ, အကုသိုလ်ကံ။
ဤကံသည် အတိတ်က ဖြစ်ခဲ့သော အာရုံဖြစ်၍ မနောဒွါရ၌ ထင်၏။
(၂)ကမ္မနိမိတ် = ကံပြုစဉ် တွေ့ကြုံရသော အာရုံခြောက်ပါး။
(ဥပမာ – ကျောင်းဆောက်ရာ၌ သင်္ကန်းအလှူ, ဆွမ်းအလှူ စသည်)တို့
ထင်ပေါ်တတ်၏။
အာရုံခြောက်ပါးလုံး၌ ဖြစ်၍ ထိုက်သည့်အားလျော်စွာ ဒွါရခြောက်ပါး၌ ထင်၏။
(၃)ဂတိနိမိတ် = အနာဂတ်ရောက်ရမယ့်ဘဝ တွေ့ကြံရလတံ့သော အာရုံ။
(ဥပမာ – အမိဝမ်းရေ၊ ငရဲဘုံ), “ထိုရောက်မည့်အရပ်တွင် တွေ့ကြုံခံစားရမည့် အရာများ”
(ဥပမာ – လင်းတ၊ ခွေး၊ ငရဲမီး၊ ငရဲထိန်း၊ နတ်သား၊ နတ်သမီး)ပေါ်တတ်၏။
ပဋိသန္ဓေအကျိုးပေးတော့မည့် ကံ ၊ ကံမ္မနိမိတ် နှင်. ဂတိနမိတ် တို.သည် မသေမီ ဘ၀မှ မဟုတ်ဘဲ
ရှေးရှေးဘ၀များစွာက လည်း ကံ ၊ ကံမ္မနိမိတ် နှင်. ဂတိနမိတ် တို.လည်း ဖြစ်နိုင်ပါသည်။
(အကျယ်ကို ကံမ္မဖလသုတ်တော်တွင် ဖတ်ရှုနိုင်သည်)
ထိုသို.တစ်ဘ၀၏ နောက်ဆုံးစိတ်(စုတိစိတ်)ဖြစ်ပြီးနောက် အခြားမရှိ နောက်ဘ၀တွင် ပဋိသန္ဓေစိတ် ဖြစ်သည်။
အခြားမရှိဆိုသည်မှာ တဆက်တစပ်ထဲဖြစ်သည်ကိုဆိုလိုသည်။
သေခြင်းနှင်.ပတ်သတ်၍ ဗုဒ္ဓ ဘာသာ များ အထူးသိရန် ဒိဋ္ဌိ နှစ်ပါးကို အောက်တွင် ဖော်ပြထားပါသည်။
သဿတဒိဋ္ဌိ ဥစ္ဆေဒဒိဋ္ဌိ နှစ်ရပ်သည် ရုပ်နာမ်အပေါ်၌ အတ္တစွဲလမ်းမှုကို အရင်းခံ၍ ဖြစ်၏။
“ရှေးဘဝက အတ္တဖြစ်သော ရုပ် သို့မဟုတ် နာမ်သည်ပင် ဘဝသစ်၌ ဆက်လက်ပါလာ၏”
ဟု ယူလျှင် “သတ္တဝါသည် မပြတ်မစဲ မြဲ၏”ဟု ယူသော သဿတအယူဘက်သို့ ပါဝင်၏။
“ရှေးဘဝက အတ္တဖြစ်သော ရုပ်နာမ်ဟူသမျှနှင့် လုံးဝ အဆက်အသွယ် မရှိ ပြတ်၏”ဟု ယူလျှင်
ဥစ္ဆေဒအယူဘက်သို့ သက်ဝင်ပြန်၏။
ထိုဒိဋ္ဌိနှစ်မျိုးမှ ကင်းလွတ်ဖို့ရာ “ရှေးဘဝက အကြောင်းနှင့်လည်း မကင်းတတ်၊
တိုက်ရိုက်ပါလာခြင်းလည်း မရှိ” ဟုသာ ယူရာ၏။
ဘဝသစ်၌ ပဋိသန္ဓေဝိညာဏ်သည် ဘဝဟောင်းက ရုပ်နာမ်များ တိုက်ရိုက် ပြောင်းရွှေ့လာခြင်း
မဟုတ်။ ဘဝဟောင်းက အကြောင်းများနှင့်လည်း မကင်းနိုင်။
တောင်အနီး၌ ဟစ်အော်သော အသံသည် တောင်နံရံကို တိုက်ခိုက်မိသောအခါ ‘ပဲ့တင်သံ’
ပြန်ထွက်လာသကဲ့သို့တည်း။ပဲ့တင်သံသည် မူလအော်သံလည်း မဟုတ်။ မူလအော်သံနှင့်
ကင်းလျက်လည်း မဖြစ်နိုင်။
ထို့အတူ ပဋိသန္ဓေဝိညာဏ်သည် ဘဝဟောင်းက ရုပ်နာမ်အဆက်လည်း မဟုတ်၊
ဘဝဟောင်းက အဝိဇ္ဇာ တဏှာ သင်္ခါရ အကြောင်းများနှင့်လည်း မကင်းနိုင်။
ဆီမီးတစ်ခုမှ ဆီမီးကူးညှိရာ၌ ဒုတိယမီးသည် ပထမဆီမီး၏ အဆက်လည်း မဟုတ်၊
ပထမဆီမီးနှင့်လည်း မကင်းနိုင်ပုံ၊
တံဆိပ်နှိပ်ရာ၌ တံဆိပ်ရာသည် မူလတံဆိပ်၏ အဆက်လည်း မဟုတ်၊
မူလတံဆိပ်နှင့်လည်း မကင်းနိုင်ပုံကို ဥပမာဆောင်၍ ပြကြသည်။
ကိုးကား
(သဂြိုဟ်ဘာသာဋီကာ၊ အရှင်ဇနကာဘိဝံသ)
Jan 2, 2017
တရားဂုဏ်တော်ခြောက်ပါး
တရားဂုဏ်တော်ခြောက်ပါး
၁။ သွာက္ခာတော ဘဂ၀တာ ဓမ္မော…
၂။ သန္ဒိဋ္ဌိကော…
၃။ အကာလိကော…
၎။ ဧဟိပဿိကော…
၅။ သြပနေယျိကော…
၆။ ပစ္စတ္တံ ဝေဒိတဗ္ဗော ၀ိညူဟိ…
၁။ သွာက္ခာတော ဘဂ၀တာ ဓမ္မော
ကောင်းမွန်စွာ ဟောတော်မူအပ်သော ဟု အဓိပ္ပာယ်ရပါသည်။
မြတ်စွာဘုရားရှင်၏ တရားတော်များသည် ကြားနားရခြင်းတည်းဟူဟော အစ၏ကောင်းခြင်း၊ ကျင့်ကြံ အားထုတ်ခြင်းတည်းဟူသော အလယ်၏ကောင်းခြင်း၊ ကျင့်ပြီးသောအခါ တရားထူးကိုရ၍ ဒုက္ခခပ်သိမ်း အေးငြိမ်းရာ နိဗ္ဗာန်ကို မြင်ရခြင်းတည်းဟူသော အဆုံး၏ကောင်းခြင်းများနှင့် ပြည့်စုံတော်မူပါသည်။
၂။ သန္ဒိဋ္ဌိကော
ကိုယ်တိုင် သိမြင်နိုင်တော်မူသည်ဟု အဓိပ္ပာယ်ရပါသည်။
မြတ်စွာဘုရားရှင် ဟောကြားတော်မူခဲ့သော တရားတော်တို့သည် ဟောတော်မူသည့်အတိုင်း ကျင့်ကြံအားထုတ်လျှင် မဂ်၊ ဖိုလ်၊ နိဗ္ဗာန်ကို ကိုယ်တိုင်သိမြင်နိုင်ပါသည်။
၃။ အကာလိကော
အချိန်ဆွဲမနေဘဲ ချက်ချင်း အကျိုးပေးနိုင်သည်ဟု အဓိပ္ပာယ်ရပါသည်။
လောကီ ကုသိုလ် ကံများကဲ့သို့ (၅) ရက်၊ (၇) ရက်၊ တစ်ဘ၀၊ နှစ်ဘ၀ အချိန်ဆွဲမနေဘဲ ပုဂ္ဂိုလ်တစ်ဦး သန္တာန်၌ မဂ်ရအောင် ကမ္မဋ္ဌာန်း အားထုတ်၍ မဂ်ကုသိုလ် စိတ်ဖြစ်လျှင် ချက်ချင်း ဖိုလ်စိတ်တည်းဟူသော အကျိုးကိုပေးနိုင်သော ဂုဏ်ထူးရှိသည်ဟုဆိုလိုပါသည်။
၎။ ဧဟိပဿိကော
မြတ်စွာဘုရားရှင် တရားတော်များသည် အလွန်စင်ကြယ်သန့်ရှင်း၍ အပြစ်ကင်းသည့်အပြင် အမှန်ပင် ထင်ရှားရှိသောကြောင့် “လာပါ၊ ကိုယ်တိုင် သိရအောင် ကျင့်ကြံစမ်းပါ” ဟု အဓိပ္ပာယ်ရပါသည်။
၅။ သြပနေယျိကော
မိမိ စိတ်ထဲတွင် အမြဲတမ်း သိမ်းဆည်းပြီး မဂ်၊ ဖိုလ် တရားများကို အားထုတ်ထိုက်သည်ဟု အဓိပ္ပာယ်ရပါသည်။
၆။ ပစ္စတ္တံ ဝေဒိတဗ္ဗော ၀ိညူဟိ
သစ္စာတရားကို သိမြင်၍ အရိယာအဖြစ်သို့ ရောက်ပြီးသော ပညာရှိ သူတော်ကောင်းကြီးတို့သည်သာ အလိုရှိတိုင်း ကိုယ်စီ ကိုယ်င သိအပ် ခံစားအပ် သည်ဟု အဓိပ္ပာယ်ရပါသည်။
သံဃာ့ဂုဏ်တော်ကိုးပါး
သံဃာ့ဂုဏ်တော်ကိုးပါး
၁။ သုပ္ပဋိပန္နော ဘဂ၀တော သာဝကသံဃော…
၂။ ဥဇုပ္ပဋိပန္နော ဘဂ၀တော သာဝကသံဃော…
၃။ ဉာယပ္ပဋိပန္နော ဘဂ၀တော သာဝကသံဃော…
၎။ သာမီစိပ္ပဋိပန္နော ဘဂ၀တော သာဝကသံဃော…
ယဒိဒံ စတ္တာရိ ပုရိသယုဂါနိ အဋ္ဌပုရိသ ပုဂ္ဂလာ၊
ဧသ ဘဂ၀တော သာဝကသံဃော…
၅။ အာဟုနေယျော…
၆။ ပါဟုနေယျော…
၇။ ဒက္ခိဏေယျော…
၈။ အဉ္ဇလိကရဏီယျော…
၉။ အနုတ္တရံ ပုညက္ခေတ္တံ လောကဿ…
၁။ သုပ္ပဋိပန္နော ဘဂ၀တော သာဝကသံဃော
မြတ်စွာဘုရားရှင်၏ တပည့်သား အရိယာ သံဃာတော် အပေါင်းတို့သည် တရားသဖြင့် ဆုံးမရာ သာသနာတော်နှင့် သင့်လျော်အောင် ထုံးဟောင်း သက်သေပြ၍ ဆုံးမ အပ်သော အဆုံးအမတော်များကို ကောင်းမွန်စွာ ကျင့်ကြံတော်မူ သည်ဟု အဓိပ္ပာယ်ရပါသည်။
၂။ ဥဇုပ္ပဋိပန္နော ဘဂ၀တော သာဝကသံဃော
မြတ်စွာဘုရားရှင်၏ တပည့်သား အရိယာ သံဃာတော် အပေါင်းတို့သည် သူတစ်ပါး အထင်ကြီးအောင် ပစ္စည်း၊ လာဘ်နှင့် ဒကာ၊ ဒကာမ ပေါများအောင် ဟန်ဆောင်မှု ပရိယာယ် မာယာတို့ဖြင့် စဉ်းလဲ ကောက်ကျစ်ခြင်း မရှိဘဲ နိဗ္ဗာန်လမ်းနှင့် ဖြောင့်တန်းအောင် ရိုးသားဖြောင့်မတ်စွာ ကျင့်ကြံတော်မူသည်ဟု အဓိပ္ပာယ်ရပါသည်။
၃။ ဉာယပ္ပဋိပန္နော ဘဂ၀တော သာဝကသံဃော
မြတ်စွာဘုရားရှင်၏ တပည့်သား အရိယာ သံဃာတော် အပေါင်းတို့သည် အလွန်ကြီးမား များပြားသော သံသရာဝဋ္ဋ်ကြီး ဒုက္ခမီးတွေကို မြင်ကြပြီးဖြစ်၍ ဒုက္ခမီး၏ အပြီးချုပ်ငြိမ်းရာ် နိဗ္ဗာန်အကျိုး မျှော်ကိုး ရည်သန် ကျင့်ကြံတော်မူသည်ဟု အဓိပ္ပာယ်ရပါသည်။
၎။ သာမီစိပ္ပဋိပန္နော ဘဂ၀တော သာဝကသံဃော
မြတ်စွာဘုရားရှင်၏ တပည့်သား အရိယာ သံဃာတော် အပေါင်းတို့သည် ဒကာ ဒကာမတို့၏ ရိုသေ သမှု ပြစုလှူဒါန်းမှုကို ထိုက်တန်အောင် ကျင့်ကြံတော်မူသည်ဟု အဓိပ္ပာယ်ရပါသည်။
ယဒိဒံ စတ္တာရိ ပုရိသယုဂါနိ အဋ္ဌပုရိသ ပုဂ္ဂလာ၊
ဧသ ဘဂ၀တော သာဝကသံဃော
ဤစကားတို့သည် သံဃာ ဂုဏ်တော်တို့ကို ပြသော စကားမဟုတ်ဘဲ မဂ်ကိုရလျှင် ချက်ချင်း ဖိုလ်ရသောကြောင့် မဂ်ပုဂ္ဂိုလ်နှင့် ဖိုလ်ပုဂ္ဂိုလ်တို့သည် တစ်ယောက်တည်းသာ ဖြစ်ကြောင်း သိစေတော်မူ လိုရင်းပင်ဖြစ်ပါသည်။
၅။ အာဟုနေယျော
အဝေးမှ ယူဆောင်၍ ပူဇော်အပ်သော ပစ္စည်းကိုလည်း 
ခံယူထိုက်၏ ဟူသော အဓိပ္ပာယ်ရပါသည်။
၆။ ပါဟုနေယျော
ဧည့်သည် အဖို့ စီမံထားသော ပစ္စည်းကိုလည်း ခံယူထိုက်၏ဟု အဓိပ္ပာယ်ရပါသည်။
၇။ ဒက္ခိဏေယျော
မိမိအတွက် ချမ်းသာဖို့ရန် လှူဒါန်းခြင်းနှင့် သေလွန်သူ မိဘ ဆွေမျိုးများအတွက် ရည်စူးလှူဒါန်းသော အလှူကိုလည်း ခံယူထိုက်၏ဟု အဓိပ္ပာယ်ရပါသည်။
၈။ အဉ္ဇလိကရဏီယျော
အရိယာ သံဃာတော်တို့သည် တစ်လောကလုံးရှိ လူ၊ နတ်၊ ဗြဟ္မာ 
သတ္တ၀ါအားလုံးတို့၏ ကြည်လင်ရွင်ပျ မြတ်နိုးလှစွာ လက်စုံမိုး၍ 
ရှိခိုးမှုကိုလည်း ခံယူတော်မူထိုက်ပေသည်ဟု အဓိပ္ပာယ်ရပါသည်။
၉။ အနုတ္တရံ ပုညက္ခေတ္တံ လောကဿ
အရိယာ သံဃာတော်တို့သည် ကုသိုလ်ကောင်းမှုတည်းဟူသော
ကောင်းမှု မျိုးစေ့ကို ကြဲချ စိုက်ပျိုးရန် မြတ်သော 
လယ်ယာမြေကောင်းနှင့် တူတော်မူပေသည်ဟု အဓိပ္ပာယ်ရပါသည်။
Jan 1, 2017
ဓမ္မာစရိယဦးဋ္ဌေးလှိုင် ၏စာအုပ်များ
  • 1401.    ဓမ္မာစရိယဦးဋ္ဌေးလှိုင် - ခရီးဖော်.pdf
  • 1402.    ဓမ္မာစရိယဦးဋ္ဌေးလှိုင် - ဒဿနပါရဂူကျမ်း.pdf
  • 1403.    ဓမ္မာစရိယဦးဋ္ဌေးလှိုင် - ဓမ္မစက္ခုကျမ်း.pdf
  • 1404.    ဓမ္မာစရိယဦးဋ္ဌေးလှိုင် - ဓမ္မဒူတ (ဒုတိယအုပ်).pdf
  • 1405.    ဓမ္မာစရိယဦးဋ္ဌေးလှိုင် - ဓမ္မဒူတ(တတိယတွဲ).pdf
  • 1406.    ဓမ္မာစရိယဦးဋ္ဌေးလှိုင် - ဓမ္မဒူတ.pdf
  • 1407.    ဓမ္မာစရိယဦးဋ္ဌေးလှိုင် - ပဓာနပါရဂူကျမ်း.pdf
  • 1408.    ဓမ္မာစရိယဦးဋ္ဌေးလှိုင် - ဘ၀နေနည်း.pdf
  • 1409.    ဓမ္မာစရိယဦးဋ္ဌေးလှိုင် - ရတနာသုံးပါးကျေးဇူး ကိုယ်တွေ့ဝတ္ထုများ.pdf
  • 1410.    ဓမ္မာစရိယဦးဋ္ဌေးလှိုင် - ရတနာသုံးပါးကျေးဇူး.pdf
  • 1411.    ဓမ္မာစရိယဦးဋ္ဌေးလှိုင် - ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ.pdf
  • 1412.    ဓမ္မာစရိယဦးဋ္ဌေးလှိုင် - သီဟိုလ်ခေတ် စံတော်ဝင်အရိယာများ.pdf
  • 1413.    ဓမ္မာစရိယဦးဋ္ဌေးလှိုင် - သီဟိုဠ်ခေတ်စံတော်ဝင်အရိယာများ.pdf
  • 1414.    ဓမ္မာစရိယဦးဋ္ဌေးလှိုင် - သန္ဒိဋ္ဌိကတရားတော်များ.pdf
  • 1415.    ဓမ္မာစရိယဦးဋ္ဌေးလှိုင် - အကာလိကတရားတော်များ.pdf
  • 1416.    ဓမ္မာစရိယဦးဋ္ဌေးလှိုင် - အိုဘယ့်... ခရီးသည်.pdf
  • 1417.    ဓမ္မာစရိယဦးဋ္ဌေးလှိုင် - အီတာလျံဘုန်းတော်ကြီး၏ကမ္ဘာလှည့်တရား.pdf
  • 1418.    ဓမ္မာစရိယဦးဋ္ဌေးလှိုင် - နောက်တိုးပါဠိတော်ဝတ္ထုငါးပုဒ်.pdf
  • 1419.    ဓမ္မာစရိယဦးဋ္ဌေးလှိုင် - မေတ္တာဝါဒ.pdf
  • Dec 28, 2016
    မိုးကုတ်ဝိပဿနာ ဒုလ္လဘဒေသနာ(စာအုပ်)
    မိုးကုတ်ဝိပဿနာ ဒုလ္လဘဒေသနာ(စာအုပ်)
    ========================
    (၁) အမှတ်စဉ် (၁)
    (၂) အမှတ်စဉ် (၂)
    (၃) အမှတ်စဉ် (၃)
    (၄) အမှတ်စဉ် (၄)
    (၅) အမှတ်စဉ် (၅)
    စွယ်စုံကျော်ထင်ကျမ်း (ကျီးသဲလေးထပ်ဆရာတော်)
    စွယ်စုံကျော်ထင်ကျမ်း (ကျီးသဲလေးထပ်ဆရာတော်)
    စွယ်စုံကျော်ထင်ကျမ်း
    (ကျီးသဲလေးထပ်ဆရာတော်)
    ဒေါင်းလုပ်ရယူနိုင်သော စာအုပ်များ
    http://www.sinpets.com/dogpix/20081234Yangon_Myanmar_Roadside_Books_For_Sale_ToaPayohVets.jpg
    1. မြန်မာစာအုပ်များ Link-1
    2. ဘာသာရေးနှင့်ဓမ္မရသစုစည်းမှု (၁၁၄) အုပ်
    3. ဇာတ်(၅၅၀)နိပါတ်တော်
    4. မဟာဗုဒ္ဓ၀င် ကျမ်းစာ
    5. ယဉ်ကျေးလိမ္မာ ဆုံးမစာ စာအုပ်များ
    6. မြန်မာစာအုပ်များ စုစည်းမှု (၂)
    7. စာရေးဆရာ ဖိုးကျော့ရဲ့စာအုပ်များ စုစည်းမှု
    8. မင်းလူစာအုပ် (၃၈)အုပ် စုစည်းမှု
    9. စာရေးဆရာဖေမြင့်ရဲ့ စာအုပ်များ (၃၁) အုပ်
    10. ငွေဥဒေါင်း(ဦးကြီးမောင်) - ဗုဒ္ဓစာပန်းချီ ( Vol.1 - Vol.5
    11. သမိုင်းစာအုပ်များ (၄၈ အုပ်)
    12. သော်တာဆွေ (၂၇) အုပ်
    13. ခင်နှင်းယု (30) အုပ်
    14. မင်းခိုက်စိုးစံ (24) အုပ်
    15. တက္ကသိုလ်ဘုန်းနိုင် (27) အုပ်
    16. ဟင်းချက်နည်း စာအုပ် ၁၁ အုပ်
    17. မင်းသိင်္ခ (၇) အုပ်
    18. စာရေးဆရာဖေမြင့်ရဲ့လက်ရားများ (၁၀) အုပ်
    19. စာရေးဆရာ ရွှေဦးဒေါင်းရဲ့လက်ရာများ (၁၉) အုပ်
    20. စာရေးဆရာ နန္ဒာသိန်းဇံရဲ့ စာအုပ်များ (၁၈) အုပ်
    21. စာရေးဆရာ မောင်ပေါ်ထွန်းပြုစုသည့်စာအုပ်များ (၁၈) အုပ်
    22. နီကိုရဲစာအုပ်များစုစည်းမှု
    23. မင်းမြတ်သူရ စုစည်းမှု
    24. ဝိဇ္ဇာကာတွန်း စာအုပ်များ
    25. ဆရာချစ်ဦးညို စာအုပ်များစုစည်းမှု
    26. စာရေးဆရာမ ဂျူး ရဲ့လက်ရာများ (၆၆) အုပ်
    27. ဦးဆန်းလွင် စာအုပ် (၁၂) အုပ်
    Translate
    သုခအောင် (စာအုပ်စင်)သို့ လာရောက်လည်ပတ်ကြကုန်သောမိတ်ဆွေအားလုံးကိုအထူးကျေးဇူးတင်ပါတယ်၊ အကြံပေးချက်ကို ကြိုဆိုလျက်ပါ။ ဖုန်း- 09-400700358/09-760136274 သို့ဆက်သွယ်အကြံပြုနိုင်ပါတယ်။
    Followers