အောင် မိတ္တူ၊ ဖိတ်စာလုပ်ငန်း

အမှတ်(ဗ/၀၃၀)၊ မြို့မ(၁)ရပ်ကွက်၊ ပြည်ထောင်စု(၁)လမ်၊း မောတောမြို့။ဖုန်း-၀၉-၇၆၅၇၀၀၃၅၈ / ၀၉-၇၆၀၁၃၆၂၇၄

အောင်မိတ္တူ၊ ဖိတ်စာလုပ်ငန်း၊

အမှတ်(ဗ/၀၃၀) ပြည်ထောင်စု(၁)လမ်း၊ မြို့မ(၁)ရပ်ကွက်၊ မောတောင်မြို့။ ဖုန်း-၀၉ ၇၆၀၁၃၆၂၇၄ / ၀၉ ၇၆၅၇၀၀၃၅၈

အောင် မိတ္တူ၊ ဖိတ်စာလုပ်ငန်းမှကြိုဆိုပါတယ်ချင်ဗျာ.........

ကွန်ပျူတာစာစီခြင်း၊ မိတ္တူဆွဲခြင်း၊ လိပ်စာကဒ်၊ ဖိတ်စာ၊ ဗီနိုင်းကြော်ငြာများကို အချိန်မှီရနိုင်ပါသည်။

ကြော်ငြာထည့်ရန်။

ဖုန်းနံပါတ်-၀၉၇၇၅၇၈၄၄၃၄

ကြော်ငြာထည့်ရန်။

ဖုန်းနံပါတ်-၀၉၇၇၅၇၈၄၄၃၄

ကြော်ငြာထည့်ရန်။

ဖုန်းနံပါတ်-09-765700358/09-763720247

Name

ဖုန်းနံပါတ်-09-765700358/09-763720247 သို့ဆက်သွယ်ရန်။

အောင်မိတ္တူမှ ‌ဗီနိင်းကြော်ငြာ၊ ဗီနိုင်းစတေကာ၊ ဖိတ်စာ၊ ဓာတ်ပုံပုံကြီးချဲ့၊ ဘောင်သွင်းဆိုက်စုံရပြီ။

ဖုန်း/09-765700358/ 09-763720247 သို့ဆက်သွယ်အပ်နှံနိုင်ပါပြီ။ အွန်လိုင်းစနစ်ဖြင့်ဆောင်ရွက်နိုင်ပါပြီ။ အောင်မိတ္တူ၊ မောတောင်မြို့။

Translate

သုခအောင် (စာအုပ်စင်)သို့ လာရောက်လည်ပတ်ကြကုန်သောမိတ်ဆွေအားလုံးကိုအထူးကျေးဇူးတင်ပါတယ်၊ အကြံပေးချက်ကို ကြိုဆိုလျက်ပါ။ ဖုန်း- 09-765700358 /09-763720247 သို့ဆက်သွယ်အကြံပြုနိုင်ပါတယ်ခင်ဗျာ။
Showing posts with label ဆောင်းပါး. Show all posts
Showing posts with label ဆောင်းပါး. Show all posts

Oct 30, 2017

လူခြောက် ဖြစ်ရခြင်း အကြောင်းနှင့် လူခြောက်ရဲ့ စွမ်းအင်





လူခြောက် ဖြစ်ရခြင်း အကြောင်းနှင့် လူခြောက်ရဲ့ စွမ်းအင်
💑💑💑💑💑💑💑💑💑💑💑💑💑

.
လူခြောက်-ဟူသည် ဘုံဘ၀ တစ်မျိုးမှ သတ္တ၀ါ မဟုတ်ပါ၊ ခန္ဓာငါးပါး ရှိသည့် လူ့ဘ၀ ၌ပင် ဇလာဗုဇ ပဋိသန္ဓေနေကြ သူများ ဖြစ်ပါသည်။ အမိ ၀မ်းတွင်း ငါး {၅} ပတ် အလွန် တွင် အမိဝမ်းတွင် ကွယ်လွန် ခဲ့ပါသည်။

၎င်း၏ အသက် ၀ိညာဉ် သည် ၁၀ ၊ ၁၂- ပတ် အတွင်း သေဆုံး ၍ သန္ဓေ ၂-လကျော် ၃-လ နီးပါးအရွယ် လူသားလောင်း ရုပ်ကြွင်း သာ အမိ ၀မ်းတွင်ကျန် ခဲ့ပြီး ကံအားလျော် စွာ ပေတဘ၀ (ဂန္ဓဗ္ဗ ဝေမာနိကပြိတ္တာ) မျိုး တွင် ဖြစ်လေသည်။

(ရှေးဘ၀ ကောင်မှု အကျိုးကြောင့် သုဂတိဘုံ ကို ပဋိသန္ဓေတော့ နေခွင့်ရသည်။ ရှင်သန် ခံစားခွင့် မရ ဘဲ သေသွား ရရှာသည်။)

အသက်ဝိညာဉ် မဲ့သော သန္ဓေသား မှာ ပျက်ကျ ရမည်ဖြစ်သော် လည်း တစုံ တခုသော အကြောင်း ( ဥပမာ-တေဇော ဓာတ် လွန်ကဲမှု) ကြောင့် ပျက်ကျ မသွားဘဲ တဖြည်းဖြည်း ခြောက်သွားရပါသည်။ ၄င်း ခြောက် သွားသည်နှင့် ၂-၃ လ အရွယ် ကြီးနေသော အမိ ၀မ်းသည် လည်း ပြန်လည် ပိန်ကြုံ၍ သွားကာ နေ့စေ့ ချိန် (၄၂-သတ္တာဟ ခန့် ) တွင် ဖွားမြင်သည်။

ထိုအခါ မရင့် မာမီ အမိ ၀မ်းတွင်း မှာပင် သေဆုံးခြောက်ကပ် သွားရ၍ မကြီးပြင်းနိုင်ဘဲ ခက်မ ငါးဖြာ မျက်စိ နား နှာခေါင်း အရာပါရုံ မျှ ရှိသည့် လူသားလောင်း အခြောက်ကလေး ( ၄-လက်မ အရွယ် ) မျှသာ မွေးဖွား လာခဲ့ရသည်။

ထိုအခါ ၌ ၄င်း လူသားလောင်း ကလေးမှ ဘ၀ပြောင်း ၍ ဖြစ်နေသော ဂန္ဓဗ္ဗ (သို့မဟုတ်) ဝေမာနိကပြိတ္တာ မှာ လေချွန်နတ် သူငယ် ကဲ့သို့ အသင့် အတင့်တန်ခိုး ရှိသဖြင့် ၄င်း၏ ရုပ်ကြွင်း လူခြောက် ကလေးကို တွယ်တာ စွဲဝင် ၍ နေလာလေသည်။ ထို့ကြောင့် ဆိုင်ရာ မိဘ စသည်တို့အား အိပ်မက်ပေးခြင်း၊ အရိပ် အရောင်ပြခြင်း စသည် ပြုလုပ်နိုင်လေသည်။

အထက်ပါ တို့ကို ထောက်၍ လူခြောက် သည် အသက် ရှင်ခြင်း၊ အာဟာရ မှီဝဲခြင်း၊ ကျင်လည် လှုပ်ရှားခြင်း မရှိ၊ ၄င်းအား မှီတွယ် စွဲဝင်နေသော ဝေမာနိက ပေတ၊ ဂန္ဓဗ္ဗ ၏ သဘော သဘာဝ အတိုင်း သာလျှင် ဖြစ်ကြောင်း မှတ်သား သင့်ပါသည်။

( အမိဝမ်းတွင်းတွင် သေဆုံးပြီး ဝေမာနိကပေတ ဂန္ဓဗ္ဗ မဖြစ်၊ သို့မဟုတ် မှီတွယ် စွဲကပ်မှု မရှိ ၍ မထူးမခြား အသေ အတိုင်း မွေး၍ စွန့်ပစ် ရသော လူခြောက် များလည်း ရှိသေးကြောင်း သိရပါသည် ) ။
၎င်းလူခြောက်ပြဿနာ ကို ဆေးပညာ ရှုထောင့် မှလည်း လေ့လာသင့်သည်။

http://www.lyhealthcare.com/archives/12770

#MiMiTun@Sai Aung Myo Thant

Sep 24, 2017

အရမ်းကောင်းလို့ ၃ မိနစ်လောက် အချိန်ပေးပြီးဖတ်စေချင်ပါတယ်

အရမ်းကောင်းလို့ ၃ မိနစ်လောက် အချိန်ပေးပြီးဖတ်စေချင်ပါတယ်


တစ်ခါက အငြိမ်းစား ကျောင်းဆရာတစ်ယောက်နဲ့ ဘဏ်မန်နေဂျာဟောင်းတစ်ယောက်တို့ အိမ်နီးနားချင်းတွေဖြစ်ကြသတဲ့။
အလုပ်ကလည်း အနားယူပြီးပြီဖြစ်လို့ နှစ်ယောက်စလုံးက ခြံထဲမှာ သစ်ပင်စိုက်ဖို့ စိတ်ကူးရကြတယ်။
ဒီမှာ ထူးခြားချက်က ဘဏ်မန်နေဂျာက ခေတ်မီနည်းစနစ်တွေကို သိပ်ယုံကြည်အားကိုးတတ်သူတစ်ယောက်ဖြစ်ပ်ါတယ် နှစ်ယောက်သား အမျိုးအစားတူ သစ်ပင်လေးတစ်ပင် ခြံထဲကိုယ်စီ စိုက်ကြတယ်။
ကျောင်းဆရာဟောင်းကတော့ သူ့ပျိုးပင်လေးကို ပုံမှန်ရေလေးနည်းနည်းလောက်ပဲ လောင်းပြီး ဂရုတစိုက် ပြုစုလေ့မရှိဘူး။
နည်းပညာအားကိုးတဲ့ ဘဏ်မန်နေဂျာဟောင်းကတော့ သူ့ပျိုးပင်လေးကို မြေသြဇာကောင်းကောင်းကျွေး၊ ရေတွေလည်း အမြဲပုံမှန်လောင်းနဲ့ အရိပ်တကြည့်ကြည့် ပျိုးထောင်လာခဲ့ပါတယ်။
ဒီလိုနဲ့ … …သူတို့ရဲ့ သစ်ပင်လေးတွေပြိုင်တူ ကြီးထွားလာကြတယ်။ ကျောင်းဆရာရဲ့ သစ်ပင်ကတော့ ရိုးရိုးသာမန်ပါပဲ။
ဘဏ်မန်နေဂျာရဲ့ သစ်ပင်ကတော့ သူ့ရဲ့ ဂရုတစိုက် ပြုစုမှုအကျိုးနဲ့ ပိုလှပ၊ ပိုဝေဆာတဲ့ သစ်ပင်လေးတစ်ပင်ဖြစ်လာတယ်။
တစ်ညမှာတော့ … … သူတို့မြို့လေးကို လေပြင်းမုန်တိုင်းအသေးစားလေးတစ်ခု ဝင်ရောက်တိုက်ခတ်ခံလိုက်ရတယ်။
အဲ့ဒီညက မိုးတွေကြီး လေတွေထန်လို့ အသည်းအသန်ပေါ့။ မနက်မိုးလင်းလင်းချင်းပဲ သစ်ပင်စိုက်ထားသူနှစ်ယောက် သူတို့ရဲ့ သစ်ပင်တွေကို ထွက်ကြည့်ကြတယ်။
အဲ့ဒီမှာတွေ့လိုက်ရတာကတော့ မန်နေဂျာရဲ့ သစ်ပင်က အမြစ်ကနေ ကျွတ်ထွက်နေပြီး ကျောင်းဆရာရဲ့ သစ်ပင်ကတော့ ပုံစံမပျက်ဘဲ မားမားမတ်မတ် ရှင်ကျန်နေတာကို အံ့အားသင့်ဖွယ်တွေ့လိုက်ရပါတော့တယ်။
မန်နေဂျာလည်း အံ့သြတကြီးနဲ့ ကျောင်းဆရာကို လှမ်းမေးတယ်။
“ကျွန်တော်တို့ နှစ်ယောက် အမျိုးအစားတူ သစ်ပင်တစ်မျိုးထဲကိုပဲ တစ်ချိန်ထဲတူတူ စိုက်ခဲ့ကြတယ်လေ။
ကျွန်တော်က ခင်ဗျားထက်တောင် ဒီအပင်ကို ဂရုစိုက်ခဲ့သေးတာ။ အခု သေချာပြုစုထားတဲ့အပင်က အမြစ်ကကျွတ်ထွက်သွားပြီး ခင်ဗျားဂရုမစိုက်ခဲ့တဲ့ အပင်ကျတော့ အကောင်းအတိုင်း ကျန်နေခဲ့ပါရောလား”
“မှန်ပါတယ်။ ခင်ဗျားက ငွေလည်း တတ်နိုင်နေတာဆိုတော့ … အပင်လေးကို မြေသြဇာပုံမှန်ကျွေး၊ …
ရေသေချာလောင်းနဲ့ ဂရုတစိုက်ပြုစုခဲ့တော့ ခင်ဗျားအပင်လေးက ဘာမှ အခက်အခဲမရှိဘဲ ကြီးထွားလာနိုင်တာပေါ့။ သူ့ခမျာ ရှင်သန်ကြီးထွားဖို့ ဘာမှတောင် ပင်ပင်ပမ်းပမ်းမကြိုးစားလိုက်ရဘူးလေ …
… ကျွန်တော့်အပင်လေးကိုတော့… ဘာမှထွေထွေထူးထူးလုပ်မပေးခဲ့ဘူး။ သူ့အတွက် လိုအပ်တဲ့ရေလေးလောက် လောင်းပေးပြီး ကျန်တာကို သူ့အစွမ်းအစနဲ့သူ ရှာဖွေဖို့ လွှတ်ပေးခဲ့တယ်။
ဒီတော့… … ကျွန်တော့်အပင်လေးက သူ့အတွက် မြေသြဇာကောင်းကောင်းရဖို့၊ သူရှင်သန်နိုင်ဖို့ မြေအောက်ကို သူ့အမြစ်တွေနဲ့ ဆက်ထိုးဖောက်ရတယ်။
ဒီလို … ရုန်းကန်ရင်းနဲ့ပဲ ဒီအပင်လေးက ပိုပြီးသန်မာလာတော့ အခုလို အခြေအနေဖြစ်သွားတော့တာပါပဲ”… …!
#သင်ခန်းစာ – – အခက်အခဲတွေကပဲ လူတစ်ယောက်ကို ပိုမိုသန်မာအောင် ကူညီပေးနိုင်ပါတယ်။
သင့်ဘဝမှာ. . . အခက်အခဲတွေကြုံနေရလို့ စိတ်မပျက်ပါနဲ့။
ကြိုးစားရင်း သင်ပိုမို သန်မာတဲ့လူတစ်ယောက်ဖြစ်လာပါလိမ့်မယ်။
သင့်မှာ … သားသမီးတွေရလာတဲ့အခါမှာလည်း… … ဒီအဖိုးကြီးနှစ်ယောက်ရဲ့ မတူညီတဲ့ သစ်ပင်ပျိုးပုံနဲ့ မတူညီတဲ့ ရလဒ်နှစ်ခုကို အမြဲတမ်းသတိရပါ။
ကြိုးစားနေကြသူတိုင်းး အားမလျှော့ကြပါနဲ့ … ဇွဲမလျှော့ကြပါနဲ့ နော့ … …

Nov 28, 2016

" တစ်ကယ်ရော တန်သလား "



✴✴✴✴✴✴✴✴

ကျားကြီးတစ်ကောင်ဟာ ခွေးရူးကိုတွေ့တာနဲ့ ချက်ချင်းရှောင်ပုန်းလိုက်ပါတယ်။ 
ကျားငယ်က မေးပါတယ်။ 

" အဖေက ခြင်္သေ့ကိုလည်းတိုက်ရဲတယ်။ ကျားသစ်ကိုလည်း နိုင်ရဲတယ်။ ဘာမှမဟုတ်တဲ့ ခွေးရူးကျတော့ ရှောင်ပုန်းတယ်။ 
သိက္ခာမကျဘူးလား အဖေ " တဲ့ ၊ 

ကျားကြီးက သူ့သားကိုပြန်မေးလိုက်ပါတယ်။ 

" ခွေးရူးကိုနိုင်တော့ 
ဂုဏ်ယူစရာ ကောင်းသလား သား " ၊

ကျားငယ်ခေါင်းခါပါတယ်။ 

" ခွေးရူးတစ်ချက် အကိုက်ခံရရင် ကော တန်သလား "

ကျားငယ်က ခေါင်းခါပြန်တယ်။ 

" ဒါဆိုရင် ငါတို့ဘာလို့ ခွေးရူးကို သွားရန်စရမှာလဲ၊ ခွေးရူးဆိုတာ စိတ်ဖောက်နေတဲ့အကောင်၊ တွေ့ကရာလျှောက်ကိုက် နေတဲ့အကောင်၊ အကောင်တိုင်းဟာ ငါတို့ကို ယှဉ်ပြိုင်ဖို့ တန်တာမဟုတ်ပါဘူး၊ အဲဒါ သား မြဲမြဲမှတ်ထား၊ လူတွေလိုမလုပ်ပါနဲ့ ၊ လူတွေတော်တော်များများက ခွေးရူးနဲ့ ပြိုင်တူ ကိုက်နေကြတာ " တဲ့။

တစ်စုံတစ်ယောက်၏ စော်ကားမော်ကား
အပြုမူ အပြောအဆိုတွေကြောင့် ဒေါသထွက်
တုန့်ပြန်ချင်စိတ်ပြင်းပြနေသော သင့်အား 
ဒီ ပုံပြင်လေးက နှစ်သိမ့်နိုင်ပါစေ။

Ref ~ Wechat
Credit; Sya Aung Ko Latt
✅✅✅✅✅✅✅✅✅✅✅✅✅✅✅✅✅✅


Nov 22, 2016

ဇော်ဝင်းကို - ဦးအောင်လှကို လွှတ်ပေးပါနှင့် အခြားဆောင်းပါးများ



စာဖတ်ဝါသနာပါတဲ့ သူငယ်ချင်းတွေနဲ့ လှည်းတန်းက IT လက်ဖက်ရည်ဆိုင်မှာ ထိုင်ကြရင်း သူငယ်ချင်းတစ်ယောက်ရဲ့ လက်ထဲ စာအုပ်တစ်အုပ်ကိုင်လာတာတွေ့တယ်။ ပြပါဦး အဲစာအုပ် ဆိုတော့ ...

ဇော်ဝင်းကိုရဲ့ ဦးအောင်လှကို လွှတ်ပေးပါ စာအုပ်ဖြစ်နေတယ်။ အမှန်ပြောရရင် ဇော်ဝင်းကို,ကို ကျနော် မသိဘူး။ သာမန် စာရေးဆရာပေါက်စလို့ပဲ မှတ်နေမိတာ။ သူငယ်ချင်းက “ဦးညီ ... အဲစာအုပ် အရမ်းကောင်းတယ် ဖတ်ကြည့်၊ ဖတ်လို့ပြီးရင် ပီဒီအက်လုပ်၊ ဦးညီကို ပေးခဲ့မယ်” ဆိုပြီး ကျနော့်လက်ထဲ ထည့်ထားခဲ့တာ။ 

စာအုပ်ကို ဖတ်ကြည့်တယ်။ ပထမဆုံး ဆောင်းပါးတစ်ပုဒ်နဲ့တင် ဖြုံသွားတယ်။ နည်းနည်းနောနော ပဂေးကြီးပါလားပေါ့။ တစ်အုပ်လုံးမှာပါတဲ့ ဆောင်းပါးတွေက အတွေးစူးစူး အရေးစူးစူးနဲ့ စူးရှသွက်လက်တယ်။

တကယ်တော့ ဆရာဇော်ဝင်းကို ဆိုတာ ... စိတ်မလာရင် စာမရေးတဲ့ဆရာ၊ စိတ်လာမှ စာထရေးတဲ့ ဆရာ။ တစ်နှစ်နေလို့လဲ ဆောင်းပါးတစ်ပုဒ် ကဗျာတစ်ပုဒ် ရေးချင်မှ ရေးတတ်တယ်။ အင်္ဂလိပ်စာမှာ အလွန်ထက်မြက်တယ်၊ အတွေးတွေ စူးရှထက်မြက်လွန်းတဲ့အတွက် ဆရာကြီး မြသန်းတင့်တို့၊ ဆရာကြီး လူထုစိန်ဝင်းတို့က ချီးကျူးရတယ်။ ဆရာကြီး မြသန်းတင့်တို့နဲ့ တစ်ကျွန်းမှာ ၃ နှစ် အတူတူနေခဲ့ဖူးတယ်။ ဒီလောက်ဆို ဆရာဇော်ဝင်းကိုဆိုတာ ဘယ်လိုလူလဲဆိုတာ ရိပ်မိတန်သလောက် ရိပ်မိလောက်ပါပြီ။ ဆက်လက်ပြီး စာအုပ်လေးကို ဖတ်ပြီး ဆရာဇော်ဝင်းကို, ကို ထိတွေ့ကြပါဦး ခင်ဗျာ။





====


Nov 16, 2016

ဒုစရိုက် / သုစရိုက်

ဒုစရိုက် / သုစရိုက်

ဒုစရိုက် (၁၀) ပါး (ဒု = မကောင်းသော ၊ စရိုက် = အကျင့်)

(က) ကာယကံ (၃) ပါး
(၁) သတ် (သတ္တဝါများ)
(၂) ခိုး (တစ်ပါးသူပိုင် ပစ္စည်း)
(၃) ဖောက်ပြန် (ကာမဂုဏ်)

(ခ) ဝစီကံ (၄) ပါး
(၁) လိမ် (မဟုတ်မမှန်ပြောခြင်း)
(၂) ကုန်းတိုက် (ညီညွတ်မှုပြိုကွဲစေခြင်း)
(၃) ကြမ်းတမ်း (ဆဲရေးတိုင်းထွာခြင်း)
(၄) အချည်းနှီး (အကျိုးမရှိသော စကားပြောခြင်း)

(ဂ) မနောကံ (၃) ပါး
(၁) အဘိဇ္ဈာ (သူတစ်ပါးပစ္စည်း မတရား ရစေလိုခြင်း)
(၂) ဗျာပါဒ (သူတစ်ပါးကို သေကြေပျက်စီး စေလိုခြင်း)
(၃) မိစ္ဆာဒိဌိ (အယူမှားခြင်း)

ဒုစရိုက် (၁၀) ပါး ပွား (၄၀)

(၁) ကိုယ်တိုင်ကျူးလွန် (၁၀) ပါး
(၂) သူတစ်ပါးအားစေခိုင်း (၁၀) ပါး
(၃) သွယ်ဝိုက်အားပေး (၁၀) ပါး
(၄) ဝမ်းမြောက် (၁၀) ပါး

သုစရိုက် (၁၀) ပါး (သု = ကောင်းသော၊ စရိုက် = အကျင့်)

(က) ကာယကံ (၃) ပါး
(ခ) ဝစီကံ (၄) ပါး ဒုစရိုက် (၁၀) ပါးကို ရှောင်ကြဉ်ခြင်း သည် သုစရိုက် (၁၀) ပါး ဖြစ်သည်။
(ဂ) မနောကံ (၃) ပါး
သုစရိုက် (၁၀) ပါးလည်း ပွားလျှင် (၄၀) ရသည်။
(၁) ကိုယ်တိုင်
(၂) စေခိုင်း
(၃) အားပေး
(၄) ဝမ်းမြောက်

မှတ်ချက်

၎င်းဒုစရိုက် / သုစရိုက်တို့သည်လည်း ပါးစပ်ဖျားဖြင့် ပြောနေ၊ ဟောနေရုံမျှဖြင့် အဓိပ္ပါယ်မပြည့်စုံဘဲ ဒုစရိုက်ကို ကိုယ်တိုင်လုံးဝ ရှောင်ကြဉ်ကြပြီး 
သုစရိုက်ကို လက်တွေ့လေ့ကျင့်လုပ်ဆောင်ကြပြီး မိမိနှင့် အများအကျိုး
ဆောင်ရွက်နိုင်မှသာလျှင် ဗုဒ္ဓအလိုတော်ကျ ဆောင်ရွက်ခြင်းဖြစ်သည်။

http://kyawkyawoo81.blogspot.com


Oct 28, 2016

ဓာတ်မတည့်ခြင်း


ဒေါက်တာ လွင်သန့်

လူတစ်ဦးနဲ့ တစ်ဦး ဓာတ်မတည့်ခြင်း မတူညီနိုင်ပါ။ အမေရိကန် ပြည်ထောင်စုမှာ လူဦးရေရဲ့ ၁ဝ ရာခိုင်နှုန်း ဟာ အကြောင်း တစ်စုံတစ်ရာ ကြောင့် ဓာတ်မတည့်ခြင်း ခံစားရတယ် ဆိုတယ်။

ဓာတ်မတည့်ခြင်း ဆိုရာမှာ အရာဝတ္ထု တစ်ခုခုကို သွားရောက် ထိမိရင်၊ စားသောက်ရင်၊ ရှူရှိုက်မိရင်၊ အခြား လူမှာမဖြစ်ဘဲ ဓာတ်မတည့် သူမှာသာ ယားယံခြင်း၊ အဖုအပိမ့် ထွက်ခြင်း၊ နှာချေခြင်း၊ ရင်ကျပ်ခြင်း၊ အော့အန်ခြင်း စတဲ့ လက္ခဏာတွေ ပေါ်ပေါက် လာတာကို ဓာတ်မတည့်ခြင်း ဟု ခေါ်ပါတယ်။

လူတစ်ဦးနဲ့ တစ်ဦး ဓာတ်မတည့်ခြင်း မတူညီနိုင် သောကြောင့် ဓာတ်မတည့် စေတဲ့ အကြောင်းအရာ နဲ့ ထိတွေ့ဆက်စပ် မိတဲ့အခါတိုင်း ဓာတ်မတည့်တဲ့ လက္ခဏာများ ပေါ်ပေါက် လာလေ့ ရှိပါတယ်။

လူရဲ့ခန္ဓာကိုယ်မှ ပဋိပစ္စည်း မျိုးစုံရှိတယ်။ ယင်းတို့ဟာ မိမိနဲ့ သက်ဆိုင်တဲ့ ပဋိပစ္စည်းလှုံ့ (Antigen) တို့ကိုသာ ခုခံတိုက်ခိုက် နိုင်စွမ်းရှိတယ်။ ခန္ဓာကိုယ် မှလည်း ယင်း ပဋိပစ္စည်းများကို လိုအပ်သလို ဖြစ်ပေါ် စေနိုင်တယ်။ ဓာတ်မတည့် စေတဲ့ ပစ္စည်းဟာ ပဋိပစ္စည်း လှုံ့တစ်မျိုး ဖြစ်တယ်။

တကယ်လို့ အကြောင်း အမျိုးမျိုးကြောင့် ယင်းပဋိပစ္စည်း လှုံ့ဝင်ရောက် လာတဲ့အခါ ဓာတ်မတည့် စေတဲ့ အကြောင်း အချက်များ ဖြစ်ပေါ်လာတဲ့ အခါ ယင်းတို့နဲ့ ခန္ဓာကိုယ် အတွင်း၌ သက်ဆိုင်တဲ့ ပဋိပစ္စည်းများ တွေ့ဆုံ တိုက်ဆိုင်ကြ ခြင်းက ဓာတ်မတည့်တဲ့ လက္ခဏာ ပေါ်ပေါက်လာတယ်။ ယင်းတို့ရဲ့ တိုက်ပွဲဟာ သွေးလန့် တစ်သျှူးများ ဖြစ်တဲ့ သွေးကြောများနဲ့ အသက်ရှူ လမ်းကြောင်း၊ အစာ လမ်းကြောင်း၊ အဆုတ် စတာတွေမှ အမြှေးပါး များပါ ထိခိုက်စေတယ်။

ဓာတ်မတည့်ခြင်း ဖြစ်စဉ် အမျိုးမျိုးမှာ ဟစ်တမင် ခေါ် ဓာတ်တစ်မျိုး ထွက်လာတယ်။ ယင်းဟာ အရေပြား ယားယံစေပြီး သွေးကြောငယ်များ ကျယ်လာစေတယ်။ အရေပြားမှာ နီပြီး အဖုအပိမ့် ပေါ်ထွက်လာတယ်။ 

သွေးကြောငယ် တွေ ကျယ်ပြန့်လာဖို့ သွေးဖိအားလည်း ကျလာလို့ ဓာတ်မတည့်ခြင်းမှ တစ်ခါတစ်ရံ သွေးလန့် မေ့မြောခြင်း ဖြစ်လာပါတယ်။ ပင်နီဆီလင် မတည့်ခြင်းမှာ သည်လို အဖြစ်ပျက်မျိုး ဖြစ်ပြီး ဆေးအချိန်မီ မထိုးနိုင်ရင်သေဆုံးတတ် ပါတယ်။

ကဏန်း၊ ပုစွန်၊ ဘဲဥ၊ ကြက်ဥ၊ ငါး၊ ဝက်သား၊ ပုရစ်၊ အရက်၊ မှို၊ မျှစ်၊ ခရမ်းသီး၊ ဆေးသကြား စတဲ့ အစားအစာတွေ စားသောက်မိရင်၊ နိုင်လွန်၊ သိုးမွေး၊ သားရေ၊ တက်ထရွန် စတဲ့ အဝတ်အစားတွေ ဝတ်ဆင်မိရင်၊ မိတ်ကပ်၊ ပေါင်ဒါ၊ နှုတ်ခမ်းနီ၊ ရေမွှေး၊ ဆံပင်ဆိုးဆေး စတဲ့ အသုံးအဆောင်တွေ အသုံးပြုမိရင် ပန်းရနံ့ အမျိုးမျိုး၊ ညှော်နံ့၊ စက်ဆီနံ့၊ ရေမွှေး၊ ဓာတ်ငွေ့အမျိုးမျိုး၊ အနံ့ဆိုး အမျိုးမျိုး၊ နွားချေး၊ ကြက်ချေး၊ ကြမ်းပိုးနဲ့၊ ဖုန်မှုန့်၊ ပေါင်ဒါမှုန့် စတာတွေ ရှူရှိုက်မိရင် ဓာတ်မတည့်ခြင်း ဖြစ်ပေါ် လာပါတယ်။

အချို့ကလည်း အပူအအေး၊ ရာသီဥတုကို လိုက်ပြီး ဓာတ်မတည့်ခြင်း ဖြစ်ပါတယ်။ အိမ်မွေး တိရစ္ဆာန် အချို့နဲ့ နီးနီးကပ်ကပ် နေတဲ့အခါတွေမှာ ဓာတ်မတည့်ခြင်း ဖြစ်လေ့ ရှိပါတယ်။ အချို့ ဆေးဝါးတွေ၊ ပင်နီဆီလင်၊ ဆာဖာဆေးများ၊ ကန့်ဓာတ် ပါတဲ့ဆေး၊ ဘားပလက်ဆေး၊ အင်ဖရွန်ဆေး တို့ ဓာတ်မတည့်ခြင်း ဖြစ်လို့ ထိုးဆေး၊ သောက်ဆေး အနေနဲ့ ဓာတ်မတည့်ခြင်း ဖြစ်စေပါတယ်။

စိတ်အနှောင့်အယှက် အမျိုးမျိုး၊ စိတ်ညစ်ညူး မှုတွေ ပူပင်သောကနဲ့ ထူးထူးခြားခြား ကြုံတွေ့ရရင် လူအချို့ ဓာတ်မတည့်ခြင်း ဖြစ်တတ်ပါတယ်။ အဖြစ်များတဲ့ ပန်းနာရင်ကျပ် ရောဂါဟာ မျိုးရိုးလိုက် တတ်ပါတယ်။ ပန်းနာရင်ကျပ် ထတဲ့အခါ ချောင်း တဟွပ်ဟွပ် ဆိုးခြင်း၊ အသက်ရှူမဝ ဖြစ်ခြင်း၊ ရင်တွင်း ဆို့ကျပ်ပြီး မောပန်းနေလို့ ဒုက္ခရောက် ရလေ့ရှိတယ်။ ကလေးနဲ့ သက်ကြီးရွယ်အို တွေ အဖြစ်များ ပါတယ်။ ကလေးအရွယ်  ကစပြီး ဖြစ်တတ် ပါတယ်။

အစားအစာ၊ အနံ့၊ စိတ်၊ ရာသီဥတု ပြောင်းလဲ ရင်လည်း ပန်းနာရင်ကျပ် ဖြစ်လေ့ရှိတယ်။ ယင်းရောဂါဟာ မျိုးရိုး လိုက်လေ့ရှိပြီး ပျောက်ကင်းဖို့ ကုသရန် ခဲယဉ်းပါတယ်။ ယင်းနဲ့အတူ နှင်းခူ၊ အအေးမိ နှာစေးခြင်းတို့ တွဲပြီး ဖြစ်တတ်ပါတယ်။

ဓာတ်မတည့်ခြင်းမှာ ကုသဖို့ လွယ်ကူပေမယ့် ကာကွယ်ဖို့ ခက်ခဲပါတယ်။ ဓာတ်မတည့်ခြင်း ဖြစ်တဲ့အခါ ဟစ်တမင်ဓာတ် ကို ဆန့်ကျင် တိုက်ဖျက်တဲ့ ဆေးများ၊ အင်တီဟစ် တမင်၊ ပိုင်ရီတွင် ဆေးများနဲ့ ကုသပေးရင် အမြန်သက်သာ လာနိုင်တယ်။

ဓာတ်မတည့်ခြင်း မဖြစ်ဖို့ ဓာတ်မတည့် စေတဲ့ အကြောင်းအရာ များနဲ့ မိမိ ခန္ဓာကိုယ် ဘယ်လိုမှ ထိတွေ့ခြင်း မဖြစ်စေဖို့ ရှောင်ရှားဖို့ လိုပါတယ်။ တစ်ကြိမ် ဓာတ်မတည့်ခြင်း ဖြစ်ရင် နောက်တစ်ကြိမ် မပတ်သက်ဖို့ ဆင်ခြင် နေထိုင်သင့် ပါတယ်။ အရဲစွန့်ပြီး စားသုံးမှု မလုပ်သင့်ပါဘူး။ ဓာတ်မတည့်တဲ့ အရာကို ကြိုတင်ပြီး သိရှိဖို့နည်း အချို့၊ ဥပမာ အရေပြားမှာ စမ်းသပ်ထိုးကြည့် နိုင်ပါတယ်။

ခန္ဓာကိုယ် ရှနာပေးပြီး ဓာတ်မတည့် စေတဲ့ ပစ္စည်းကို ထိကြည့်ရင် ယင်းနေရာ တစ်ဝိုက် နီရဲဖောင်းကြွ ယားယံကာ ယင်းပစ္စည်းများနဲ့ ဓာတ်မတည့် တာလို့ ယေဘုယျ ယူဆ နိုင်ပါတယ်။ ခန္ဓာကိုယ်တွင်း အနည်းငယ်စီ ဝင်ရောက် ထိတွေ့စေခြင်းက ယဉ်ပါးလာပြီး ဓာတ်မတည့်ခြင်း မဖြစ်နိုင်တာ မျိုးလည်း ရှိပါတယ်။ ဓာတ်မတည့်တဲ့ အကြောင်းအရာ တွေက များပြားသလို ယင်းနည်းလမ်း တွေအသုံးပြုရင် ခက်ခဲမှုရှိပြီး စရိတ်စက လည်း အကုန်အကျ များလာနိုင် ပါတယ်။

အင်ပျဉ်ထခြင်း အချို့ဟာ ဓာတ်မတည့်ခြင်း တုံ့ပြန်မှုတစ်ခု ဖြစ်နိုင်တယ်။ ဓာတ်မတည့် တုံ့ပြန်မှုဟာ မိနစ်ပိုင်း အတွင်း ထိတွေ့ရုံနဲ့ ဖြစ်ပေါ် နိုင်ပါတယ်။ အရေပြားက ယားယံပြီး အရှိုးရာ ထင်အောင် ရောင်ရမ်း လာတတ်တယ်။ 

အလယ်မှာ အရောင်ဖျော့ပြီး ဘေးဘက် နီမြန်းလာကာ အင်ပျဉ်ထတယ်၊ အဖုအပိမ့် အကွက်တွေ တွေ့ လိုက်၊ လျော့လိုက်၊ များလိုက်ဖြစ်ပြီး မိနစ်ပိုင်းမှ ရက် အနည်းငယ် အထိ ကြာနိုင်ပါတယ်။ အင်ပျဉ်ထခြင်း ကို နှုတ်ခမ်းတွေ မျက်လုံးတွေ ရောင်ရမ်းကာ ပြင်းထန်လာ တယ်။ သွေးဖိအားပါ ကျဆင်းပြီး သွေးလန့်ခြင်းပါ ဖြစ်ရင် အက်ဒရီနယ်လင် ချက်ချင်းထိုးလို့ ကုသရမယ် သို့မဟုတ် စတီးရွိုက်၊ ဘာမီတွန် ထိုးနှံပြီး ကုသပေးနိုင် ပါတယ်။

မတည့်တဲ့ အစားအစာ စားပြီး ဓာတ်မတည့် ခြင်းမှာ အစားအစာ အချို့စားပြီး ဓာတ်မတည့်ခြင်း ဖြစ်ခဲ့ရင် ထိုအချက်ကို မှတ်သားထားပြီး ရှောင်ရှားရင် ကိုယ်နဲ့ မတည့်တဲ့ အစာကို ဖော်ထုတ်နိုင်မှာ ဖြစ်တယ်။ စတော်ဘယ်ရီ အနံ့နဲ့ ဓာတ်မတည့်ရင် စားသောက်ဖို့ မကြိုးစားသင့် ပါဘူး။ ရက်လွန်ဒိန်ခဲ၊ ကြက်အူချောင်း၊ ဆာဒင်း၊ မက်ကာရင်၊ တူနာငါးတွေ နဲ့ပြုလုပ်ထားတဲ့ ငါးအူချောင်း၊ ဝက်အူချောင်း၊ ဂေါ်ဖီထုပ်ချဉ်၊ အရက်၊ ဝိုင်အနီတွေ မတည့်ရင်ရှောင်ရှားဖို့ လိုပါတယ်။

ကစီဓာတ်ပမာဏ များနေရင် အစာအိမ် အူလမ်းကြောင်းထဲ ဗက်တီးရီးယား တွေက တုံ့ပြန်မှုကြောင့် ဇီဝတွင်း ပရိုတိန်း ဖြစ်ပျက်မှုက ထွက်တဲ့ ပစ္စည်းတွေ ထုတ်ပေးပါတယ်။ ကစီဓာတ် များတဲ့ သစ်သီး၊ ဟင်းရွက်တွေ လျှော့စား သင့်ပါတယ်။ လတ်လတ်ဆတ်ဆတ် ရှိတဲ့ ဒိန်ချဉ်က အူထဲက အကျိုးပြု ဗက်တီးရီးယား ပမာဏကို ထိန်းညှိပေး ပါတယ်။ ကစီဓာတ်များတဲ့ သစ်သီးနဲ့ ဟင်းသီးဟင်းရွက် တွေ လျှော့စားရင် ကီဝီသီး၊ လိမ္မော်သီးနဲ့ စပျစ်သီး လို သစ်သီးတွေကနေ ဗီတာမင် ပြည့်ဝအောင် စားသုံးခြင်းက ခုခံမှုစနစ် မြင့်တက်စေပြီး ဓာတ်မတည့်မှုများ အပေါ် ခံနိုင်ရည် ရှိပါတယ်။

ပြည်သူတို့အနေနဲ့ ဓာတ်မတည့်တဲ့ လက္ခဏာတွေ ပေါ်ပေါက်လာရင် သက်သာလာဖို့ မိမိရဲ့ အစားအသောက်၊ အဝတ်အစား၊ အနေအထိုင် တို့ကို ခေတ္တပြုပြင် ပြောင်းလဲပြီး ဓာတ်မတည့်စေတဲ့ အကြောင်းအရာကို ဆင်ခြင် စဉ်းစားသင့် ပါတယ်။ ဓာတ်မတည့် စေတဲ့ အကြောင်းအရာ နဲ့ ဘယ်လိုမှ နီးစပ်မှု၊ ပတ်သက်မှု မရှိစေဘဲ ဝေးဝေးက ရှောင်ရှား ဆင်ခြင်ရင် ဓာတ်မတည့်တဲ့ အန္တရာယ်မှ ကာကွယ်နိုင်မှာ ဖြစ်ကြောင်း မြဝတီ သတင်းစာဖတ် ပရိသတ် အတွက် သတင်းကောင်း ပါးလိုက်ပါတယ်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၈)

ပင်းယမင်းဆက်





ပင်းယမင်းဆက် (၆)ဆက် 1.မြင်စိုင်းရာဇသင်္ကြန် (ကောဇာ ၆၇၄၊ ခရစ် ၁၃၁၂) 2.မင်းဆက်(၁)တစ်စီးရှင် သီဟသူ (ကောဇာ ၆၈၄၊ ခရစ် ၁၃၂၂) (ပင်းယ သီဟသူ) ရှမ်း 3.မင်းဆက်(၂)ဥဇနာ (ကောဇာ ၇၀၄၊ ခရစ် ၁၃၄၂) ရှမ်း 4.မင်းဆက်(၃)ငါးစီးရှင်ကျော်စွာ (ကောဇာ ၇၁၃၊ ခရစ် ၁၃၅၁) ရှမ်း 5.မင်းဆက်(၄)ကျော်စွာငယ် (ကောဇာ ၇၂၃၊ ခရစ် ၁၃၆၁) ရှမ်း 6.မင်းဆက်(၅)နရသူ(မောပါမင်း) (ကောဇာ ၇၂၆၊ ခရစ် ၁၃၆၄) ရှမ်း 7.မင်းဆက်(၆)ဥဇနာပြောင်မင်း (ကောဇာ ၇၂၆၊ ခရစ် ၁၃၆၄) (ဥစ္စနာပျောင်မင်း) ရှမ်း စစ်ကိုင်းမင်းဆက် စစ်ကိုင်းမင်းဆက် (၇)ဆက် မင်းဆက်(၁)အသိင်္ခယာစောယွန်း (ကောဇာ ၆၉၂၊ ခရစ် ၁၃၃၀) မင်းဆက်(၂) တရဖျားကြီး (ကောဇာ ၆၉၈၊ ခရစ် ၁၃၃၆) မင်းဆက်(၃) ရွှေတောင်တက် (ကောဇာ ၇၀၁၊ ခရစ် ၁၃၃၉) မင်းဆက်(၄) ကျော်စွာမင်း (ကောဇာ ၇၀၆၊ ခရစ် ၁၃၄၄) (ကျစွာမင်း) မင်းဆက်(၅) မင်းရဲ (ကောဇာ ၇၁၄၊ ခရစ် ၁၃၅၂) (နော်ရထာမင်းရဲမင်း) မင်းဆက်(၆) ရတဖျားငယ်မင်း (ကောဇာ ၇၁၇၊ ခရစ် ၁၃၅၅) မင်းဆက်(၇)မင်းပြောက် (ကောဇာ ၇၂၆၊ ခရစ် ၁၃၆၄) [1] စစ်ကိုင်းခေတ်ဟု သီးခြားခေါ်ဆိုနိုင်သော်လည်း ပင်းယနှင့် ခေတ်ပြိုင်ဖြစ်သဖြင့် သီးခြားခွဲထုတ်ထားခြင်းမရှိပါ။ 

မဂဒူး မင်းဆက် 

မဂဒူးမင်းဆက်(၁၂၈၇-၁၅၃၉) အေဒီ (၁၁) ရာစုတွင် သုဝဏ္ဏဘူမိ ခေါ် သထုံပြည်ကြီးကို ပုဂံပြည့်ရှင် အနော်ရထာမင်းကြီးက တိုက်ခိုက်ပြီးသည့်နောက်တွင် အောက်မြန်မာနိုင်ငံရှိ မွန်တို့မှာ တစ်ထီးတစ်နန်း နေထိုင်နိုင်သည့် အဆင့်မှ လျောကျခဲ့ရသည်။ ထို့အတူပြင် ယနေ့ ထိုင်းနိုင်ငံအတွင်းရှိ မွန်တို့မှာလည်း မြောက်ဖက်မှ အလုံးအရင်း ဆင်းသက်လာကြသည့် ရှမ်း-ထိုင်း(တိုင်)အနွယ်တို့၏ နယ်ချဲ့မှုကို ခံရပြီး အေဒီ (၁၂) ရာစုအတွင်းတွင် အပြီးတိုင် ပြိုလဲရပြန်သည်။ ထိုနောက် မြန်မာနိုင်ငံအတွင်းရှိ မွန်တို့မှာ ပုဂံလက်အောက်ခံ ဘ၀ရောက်နေရာမှ ပုဂံအင်အားကျဆင်းချိန်၊ မွန်ဂိုတာတာ တို့၏ ရန်ကြောင့် ပုဂံ ပျက်ချိန်များတွင် ကိုယ်ပိုင်ထီးနန်းကို ပြန်လည်ထူထောင်ရန် ကြိုးပမ်းရာမှ မဂဒူး မင်းဆက် ပေါ်ထွန်းလာသည်။ မဂဒူး မင်းဆက်ကို ဗညားဝါရူး (ခေါ်) ၀ါရီရူးမင်းက မုတ္တမမြို့မှ စတင်တည်ထောင်သည်။ ထိုမင်း၏ ငယ်အမည် မဂဒူး ကိုအစွဲပြုကာ ၄င်းတည်ထောင်သည့် မင်းဆက်ကို မဂဒူးမင်းဆက်ဟုလည်းကောင်း၊ ဘွဲ့နာမည်ကို အစွဲပြုကာ ၀ါရီရူးမင်းဆက် ဟုလည်းကောင်း ခေါ်ဝေါ်ကြပါသည်။ 

မဂဒူးမင်းဆက်တွင် မင်းပေါင်း ၁၈ ဆက်တိတိမင်းပြုကြသည်။ မင်းဆက်(၇)ဆက်ထိ မူလဖြစ်သည့် မုတ္တမမြို့တွင်သာ အစဉ်အဆက် မင်းပြုကာထီးနန်း စိုးစံခဲ့သော်လည်း (၈) ဆက်မြှောက်ဖြစ်သည့် ဆင်ဖြူရှင်ဗညားဦး(သုရှင်ဗညားဦး)လက်ထက်အရောက်တွင် လက်အောက်ခံမြို့စားများဖြစ်သည့် လောက်ဖျား၊ဥလို၊အဲဗြပန်ု နှင့် ဗြတ်ထဗ တို့ညီနောင်များကပုန်ကန်သည့်အတွက် မုတ္တမ မှ ဒုန်ဝန်း(ယခု ၀န်မြို့)သို့ပြောင်းရွှေ့စိုးစံရသည်။ သို့သော် ၀န်မြို့တွင်လည်း အချိန်များစွာမကြာလိုက်ပဲ စစ်ရှူံးပြန်သဖြင့် ဟံသာဝတီ(ပဲခူး)သို့ ပြောင်းရွှေ့ရပြန်သည်။ ထိုဆင်ဖြူရှင်ဗညားဦးနောက် နန်းတက်သည့် ဗညားနွဲ့ (ခေါ်) ရာဇာဓိရာဇ် လက်ထက်တွင် မဂဒူးမင်းဆက်၏ အထွန်းတောက်ဆုံး အချိန်ဖြစ်သကဲ့သို့ မွန်တို့အင်အား ကြီးမားလာခဲ့သည်။ရာဇာဓိရာဇ် ထိုစဉ်က အင်းဝတွင် ထီးနန်းစိုးစံကြသည့် မင်းကြီးစွာစော်ကဲ ၊ ၄င်း၏သားတော်များ ဖြစ်သည့် ဆင်ဖြူရှင် နှင့် မင်းခေါင်တို့နှင့် စစ်ပြိုင်ပြုကာ ရာဇ၀င်တွင် ထင်ရှားလှသည့် အင်းဝ-ဟံသာဝတီ အနှစ်လေးဆယ်စစ်ကိုတိုက်ခိုက်ခဲ့ကြသည်။ ၁၈ ဆက်မြှောက်ဖြစ်သည့် သုရှင်တကာရွတ်ပိမင်း လက်ထက်အရောက်တွင်မူ တောင်ငူမှ အင်အားကြီးမားလာသည့် တပင်ရွှေထီး၏ အင်အားကိုမခံနိုင်ပဲကျဆုံးကာ မွန်တို့၏ မဂဒူးမင်းဆက်လည်း ပျက်သုဉ်းသွားခဲ့ရသည်။ မဂဒူးမင်းဆက် ၁၈ ဆက် ၀ါရီရူး(ခေါ်)မဂဒူး(ခေါ်)ဗညားဝါရူး (၁၂၈၇-၁၂၉၆) ခွန်လော(ခေါ်)မဂဒါ(ခေါ်)စောရမ်းပရကွတ်(၁၂၉၆-၁၃၁၀) စောသင်မောင်(ခေါ်)စောအော(၁၃၁၀-၁၃၂၄) စောဇိတ်(ခေါ်)ဗညားရံဒယ်(၁၃၂၄-၁၃၃၁) ဇိတ်ပွန်(၇ ရက်) စောအဲကံကောင်း(၄၉ ရက်) ဗညားအဲလော(၁၃၃၁-၁၃၄၈) ဗညားဦး(ခေါ်)ဆင်ဖြူရှင်ဗညားဦး(၁၃၄၈-၁၃၈၃) ရာဇာဓိရာဇ်(ခေါ်)ဗညားနွဲ့(၁၃၈၃-၁၄၂၁) ဗညားဓမ္မရာဇာ(ခေါ်)ဗညားကျန်းမင်း(၁၄၂၃-၁၄၂၆) ပထမဗညားရံ(၁၄၂၆-၁၄၄၆) ဗညားဗရူး(၁၄၄၆-၁၄၅၀) ဗညားကျန်းထော(၁၄၅၀-၁၄၅၃) လိပ်မွတ်ထော(၇ လ) ရှင်စောပု(ခေါ်)ဗညားထောဝ်(ခေါ်)၀ိဟာရဒေ၀ီ(၁၄၅၃-၁၄၇၂) ဓမ္မစေတီ(၁၄၇၂-၁၄၉၂) ဒုတိယဗညားရံ(၁၄၉၂-၁၅၂၆) သုရှင်တကာရွတ်ပိ(၁၅၂၆-၁၅၃၉) ထို့ပြင် မဂဒူးမင်းဆက်ဟု ဟူဆလျှင်လည်းရနိုင်သည့် မင်းနှစ်ပါးရှိသေးသည်။ 

၎င်းတို့မှာ ဟံသာဝတီကို သိမ်းပိုက်ထားသည့် တောင်ငူဘုရင် တပင်ရွှေထီး အားလုပ်ကြံပြီး နန်းတက်သည့် သမိန်စက္ကဝေါ ဘွဲ့ခံ သမိန်စောထွတ် နှင့် ဒုတိယဗညားရံ မင်း၏သား အိမ်နှိမ့်စံဘ၀မှ တပင်ရွှေထီးအားပုန်ကန်ပြီး သမိန်စောထွတ် ကိုပါ လုပ်ကြံ နန်းတက်သည့် သမိန်ထောရာမ တို့ဖြစ်သည်။သမိန်ထောရာမ မှာ ဘုရင့်နောင် တိုက်သဖြင့် ရှုံးကာပြေးရပြီး နောင်တွင် အရှင်မိသဖြင့် ကွပ်မျက်ခံရသည်။ အင်းဝမင်းဆက် အင်းဝမင်းဆက် အနော်ရထာလက်ထက်မှ စတင်ကာ အင်အားကြီးခဲ့သော ပုဂံသည် ၁၃ရာစုအလယ်မှစကာ အကြောင်းအမျိုးမျိုးကြောင့် အင်အားနည်းပါးလာပြီး နောက်ဆုံးတွင် မြောက်ဖက်မှတရုတ်နိုင်ငံကို သိမ်းပိုက်ပြီး တောင်ဖက်သို့ ဆက်လက်နယ်ချဲ့လာသည့် မွန်ဂိုတို့၏ တိုက်ခိုက်ဖျက်စီးမှုကြောင့် ပျက်စီးခြင်းသို့ရောက်ရသည်။ 

မွန်ဂိုတို့ အပြန်တွင် ကျော်စွာ ကိုပုဂံတွင် နန်းတင်ခဲ့သော်လည်း အမှန်တကယ် သြဇာကြီးနေသည် မှာ ရှမ်းညီနောင် သုံးဦးဖြစ်သည်။ ပုဂံမင်းများ လုံးဝ သြဇာမရှိတော့နောက်တွင် တိုတောင်းလှသည့် မြင်စိုင်း၊ နှင့် ပင်းယ-စစ်ကိုင်းခေတ်များ ပေါ်ပေါက်လာသေးသည်။သို့သော် မြန်မာနိုင်ငံ အလယ်ပိုင်းဒေသတစ်ဝှမ်းကို မြောက်ပိုင်းမှ မောရှမ်းတို့ အင်အားကြီးမားစွာဖြင့် ၀င်ရောက်တိုက်ခိုက်သဖြင့် ပင်းယနှင့် စစ်ကိုင်းမြို့များလည်းပျက်စီးပြန်သည်။ ထိုကဲ့သို့ နှစ်၅၀အကြာ တစ်နယ်တစ်မင်း မငြိမ်မသက်ဖြစ်နေခဲ့ရပြီးနောက် ရှမ်းညီနောင်သုံးဦးမှ ဆင်းသက်လာသည့် သတိုးမင်းဖျားက ၁၊ဖေဖော်ဝါရီ၊ ၁၃၆၅တွင် အင်းဝနန်းတည်ကာ အင်းဝမင်းဆက်(၁၃၆၄-၁၅၂၇/၁၅၅၅)ကို တည်ထောင်သည်။ ထို့ကြောင်း အင်းဝမင်းဆက်မှ မင်းများသည် ရှမ်းသွေးမကင်းကြဟု ဆိုနိုင်သော်လည်း မြန်မာဘွဲ့ခံသည် မြန်မာစစ်စစ်များသဖွယ် ဖြစ်ခဲ့ကြသည်ကိုတွေ့ရသည်။

တည်ထောင်စတွင် အထက်မြန်မာနိုင်ငံရှိ ဒေသများကို သိမ်းသွင်းနိုင်ကာ အင်အားကြီး မင်းနေပြည်တော်ဖြစ်လာခဲ့သည်။ ဒုတိယ နန်းတက်သည့် မင်းကြီးစွာစော်ကဲ လက်ထက်မှစကာ အောက်အရပ် ရာမညမှ မွန်ပဒေသရာဇ်များ မညီညွှတ်သည်ကို အခွင့်ကောင်းယူသည့် အနေဖြင့် စစ်ပြုခဲ့သည်။ ထိုမှအစပြုကာ အင်းဝ-ဟံသာဝတီ အနှစ်လေးဆယ်စစ် ဖြစ်ပွားသည်။ မင်းကြီးစွာစော်ကဲနောက် နန်းတက်သည့် ဆင်ဖြူရှင် ၊ ဘုရင်မင်းခေါင် တို့လက်ထက်များအထိတိုင် တိုက်ခိုက်ခဲ့ရသည့် စစ်ပွဲဖြစ်ပေသည်။ ထိုမင်းများနောက် နန်းတက်သည့် မင်းများလက်ထက်တွင်လည်း တိုင်းပြည်အေးချမ်းရေးကို လိုလားစွာ ဆောင်ရွက်ကြသည်မရှိသလောက် နည်းပါးသဖြင့် အချိန်ကြာသည် နှင့်အမျှ အင်အားဆုတ်ယုတ်လာပြီး နောက်ဆုံးတွင် လက်အောက်ခံ ပဒေသရာဇ်များဖြစ်သည့် ရှမ်းစော်ဘွားများအင်အားကြီးလာသည်။ နောက်ဆုံးမင်းဖြစ်သည့် ရွှေနန်းကျော့ရှင်နရပတိ လက်ထက်တွင် ပြည်မင်း သတိုးမင်းစော နှင့် ရှမ်းစော်ဘွား မိုးညှင်းစလုံ၊၄င်း၏သား သိုဟန်ဘွားတို့က အင်းဝကို တိုက်ခိုက်သိမ်းပိုက်လိုက်ကြသည်။ ထိုနောက်သိုဟန်ဘွား နန်းတက်သည်။ သိုဟန်ဘွားလုပ်ကြံခံရပြီးနောက် နန်းတက်သည့် အုန်းဘောင်ခုံမှိုင်းနှင့် မိုးဗြဲနရပတိတို့ လက်ထက်များတွင် ဟံသာဝတီကို သိမ်းပိုက်လိုက်သည့် တောင်ငူမှ တပင်ရွှေထီးနှင့် စစ်ပြိုင်ရန်ကြိုးပမ်းသော်လည်း မအောင်မြင်ခဲ့ပေ။ ထိုနောက်နန်းတက်သည့် နရပတိစည်သူ လက်ထက်တွင် ဘုရင့်နောင်၏ လက်သို့ ကျရောက်ရတော့သည်။ 

အင်းဝမင်းဆက် ၃၀ ဆက် မင်းဆက်(၁)သတိုးမင်းဖျား (ကောဇာ ၇၂၆၊ ခရစ် ၁၃၆၄) မင်းဆက်(၂)မင်းကြီးစွာစော်ကဲ (ကောဇာ ၇၃၀၊ ခရစ် ၁၃၆၈) မင်းဆက်(၃)ဆင်ဖြူရှင် (ကောဇာ ၇၆၃၊ ခရစ် ၁၄၀၁) (ဆင်ဖြူရှင် တရဖျား) မင်းဆက်(၄)ပထမမင်းခေါင် (ကောဇာ ၇၆၃၊ ခရစ် ၁၄၀၁) မင်းဆက်(၅)ဆင်ဖြူရှင်သီဟသူ (ကောဇာ ၇၈၅၊ ခရစ် ၁၄၂၃) မင်းဆက်(၆)မင်းလှငယ် (ကောဇာ ၇၈၈၊ ခရစ် ၁၄၂၆) မင်းဆက်(၇)ကလေးကျေးတောင်ညို (ကောဇာ ၇၈၈၊ ခရစ် ၁၄၂၆) (ဤမင်းအထိ သတိုးဆက်ဟုလည်းကောင်း) မင်းဆက်(၈)မိုးညှင်းသတိုး (ကောဇာ ၇၈၈၊ ခရစ် ၁၄၂၆) မင်းဆက်(၉)မင်းရဲကျော်စွာ (ကောဇာ ၈၀၀၊ ခရစ် ၁၄၃၈) (ဆင်ဖြူရှင် မင်းရဲကျော်စွာကြီး) မင်းဆက်(၁၀)နရပတိ (ကောဇာ ၈၀၃၊ ခရစ် ၁၄၄၁) (နရပတိကြီး)(ထူပါရုံဒါယကာ) မင်းဆက်(၁၁)ပြည်စုန်သီဟသူ (ကောဇာ ၈၂၉၊ ခရစ် ၁၄၆၇) (မြစည်းခုံဒါယကာ မဟာသီဟသူရ) မင်းဆက်(၁၂)ဒုတိယမင်းခေါင် (ကောဇာ ၈၄၁၊ ခရစ် ၁၄၇၉) (တံတားဦးဘုရား ဒါယကာ) မင်းဆက်(၁၃)ရွှေနန်းကျော့ရှင်နရပတိ (ကောဇာ ၈၆၃၊ ခရစ် ၁၅၀၁) (ဤမင်းအထိ မိုးညှင်းဆက်ဟုလည်းကောင်း) မင်းဆက်(၁၄)သိုဟန်ဘွား (ကောဇာ ၈၈၈၊ ခရစ် ၁၅၂၆) (ရှမ်းစလုံစော်ဘွား) မင်းဆက်(၁၅)အုန်းဘောင်ခုံမှိုင်း (ကောဇာ ၉၀၃၊ ခရစ် ၁၅၄၁) (ခုံမှိုင်းစော်ဘွား) မင်းဆက်(၁၆)မိုးဗြဲနရပတိ (ကောဇာ ၉၀၉၊ ခရစ် ၁၅၄၇) (ရှမ်းမိုးဗြဲစော်ဘွား) (ရှမ်းသုံးဆက်ဟုလည်းကောင်း) မင်းဆက်(၁၇)စစ်ကိုင်းနရပတိစည်သူ (ကောဇာ ၉၁၃၊ ခရစ် ၁၅၅၁) (စလင်း စည်သူကျော်ထင်) မင်းဆက်(၁၈)သတိုးမင်းစော (ကောဇာ ၉၁၆၊ ခရစ် ၁၅၅၄) (လောကနာထစေတီ ဒါယကာ) မင်းဆက်(၁၉)အမတ်လင်္ကျာစည်သူ (ထီးနန်းမရ) မင်းဆက်(၂၀)မင်းရဲကျော်စွာ (ကောဇာ ၉၄၆၊ ခရစ် ၁၅၈၄) မင်းဆက်(၂၁)ညောင်ရမ်းမင်းတရားကြီး (ကောဇာ ၉၆၁၊ ခရစ် ၁၅၉၉) (မဟာမြတ်မုနိ ဒါယကာ) မင်းဆက်(၂၂)အနောက်ဖက်လွန်မင်း (ကောဇာ ၉၆၇၊ ခရစ် ၁၆၀၅) မင်းဆက်(၂၃)သတိုးဓမ္မရာဇာ (ကောဇာ ၉၉၄၊ ခရစ် ၁၆၃၂) (သာလွန်မင်း)(ရာဇမဏိစူဠ ဒါယကာ) မင်းဆက်(၂၄)ပင်းတလဲမင်း (ကောဇာ ၁၀၁၀၊ ခရစ် ၁၆၄၈) (မင်းရဲနန္တမိတ်)(ငါးထပ်ကြီးဘုရား ဒါယကာ) မင်းဆက်(၂၅)ပြည်မင်း (ကောဇာ ၁၀၅၃၊ ခရစ် ၁၆၉၁) မင်းဆက်(၂၆)နရာဝရ (ကောဇာ ၁၀၃၃၊ ခရစ် ၁၆၇၁) (အိမ်ရှေ့မင်း) မင်းဆက်(၂၇)မင်းရဲကျော်ထင် (ကောဇာ ၁၀၃၄၊ ခရစ် ၁၆၇၂) (၀မ်းဘဲအင်းစံမင်း)(၀ရဇေယ) မင်းဆက်(၂၈)စနေမင်း (ကောဇာ ၁၀၆၀၊ ခရစ် ၁၆၉၈) (မန်အောင်ရတနာ ဒါယကာ) မင်းဆက်(၂၉)တနင်္ဂနွေမင်း (ကောဇာ ၁၀၇၆၊ ခရစ် ၁၇၁၄) (မှန်နန်းရှင်) မင်းဆက်(၃၀)မဟာဓမ္မရာဇာဓိပတိ (ကောဇာ ၁၀၉၅၊ ခရစ် ၁၇၃၃) (ဟံသာဝတီပါမင်း) [1] တောင်ငူမင်းဆက် တောင်ငူမင်းဆက်သည် တောင်ငူ-ဟံသာဝတီ ခေတ်နှင့် ရောထွေးသတ်မှတ်ကြလေ့ရှိပါသည်။

တောင်ငူမင်းဆက်

တောင်ငူမင်းဆက်သည် တောင်ငူ-ဟံသာဝတီ ခေတ်နှင့် ရောထွေးသတ်မှတ်ကြလေ့ရှိပါသည်။သို့သော် ထိုသို့သတ်မှတ်သည်ထက် တောင်ငူမင်းဆက်ကို သီးသန့် သတ်မှတ်လျှင် လေ့လာရန်ပိုမိုအဆင်ပြေမည်ဖြစ်သည်။အဘယ့်ကြောင့်ဆိုသော် တောင်ငူမင်းဆက်သည် အင်အားကြီးသည့် တပင်ရွှေထီး၊ဘုရင့်နောင်တို့ ကိုမွေးထုတ်ပေးကာ သမိုင်းတွင် တောင်ငူ-ဟံသာဝတီခေတ် ဟုခေါ်သည့် ခေတ်တစ်ခေတ်ကို အစပျိုးပေးခဲ့သည့် နည်းတူ ထိုခေတ်ကို အဆုံးသတ်သူလည်းဖြစ်ပြန်သည်။

ထို့ပြင် နောက် ခေတ်တစ်ခေတ်ဖြစ်သည့် ညောင်ရမ်းခေတ် တွင်လည်းပါဝင်ပါတ်သတ်မှုရှိနေပြသောကြောင့် ဖြစ်သည်။ တောင်ငူရာဇ၀င်အကျဉ်း သမိုင်းတွင် တောင်ငူကိုစတင်တည်ထောင်သူမှာ ပုဂံခေတ် အလောင်းစည်သူမင်း၏အမတ်ဖြစ်သူ အနန္ဒပစ္စည်း ဖြစ်သည်ဟုဆိုကြသည်။သို့သော် အမှန်တကယ်အင်အားကြီးလာနိုင်သည်မှာ တပင်ရွှေထီး၏ ဖခင်ဖြစ်သည့် မင်းကြီညို လက်ထက်တွင်ဖြစ်သည်။သို့ဖြင့် တပင်ရွှေထီး၊ဘုရင့်နောင် တို့ဟံသာဝတီကို အောင်နိုင်ပြီး ဟံသာဝတီမှတစ်ဆင့် ဒုတိယပြည်ထောင်စုမြန်မာနိုင်ငံကို တည်ထောင်ကြချိန်တွင်လည်း တောင်ငူတွင် ယုံကြည်လောက်သည့် အဆွေအမျိုးများကို ဘုရင်ခံအဖြစ် ခန့်ထားအုပ်ချုပ်စေသည်။တပင်ရွှေထီး ဟံသာဝတီကို အောင်နိုင်ပြီးဟံသာဝတီတါင်နန်းစံစဉ် တောင်ငူထီးနန်းအား ဘုရင့်နောင်၏ဖခင် မင်းကြီးဆွေကို ဘုရင်ခံအဖြစ် အုပ်စိုးစေသည်။ဘုရင့်နောင်လက်ထက်တွင်လည်း တောင်ငူနန်းကို ညီတော် တောင်ငူမင်းခေါင်အားဆက်လက် ပေးခဲ့သည်။

ထိုသို့ပေးအပ်မှုများတွင် လက်အောက်ခံအဖြစ်သာ ဆိုသော်လည်း ရွှေမှန်ကင်း၊မင်းမြှောက်တန်ဆာ ငါးပါး၊မင်းဧကရာဇ်တို့၏ အဆောင်အယောင် များကိုပေးပြီး အုပ်စိုးစေခြင်းဖြစ်သည်။နန္ဒဘုရင်လက်ထက်အရောက်တွင်တောင်ငူမင်း မင်းရဲသီဟသူ နှင့်သားဖြစ်သူ နတ်သျှင်နောင်တို့က ပုန်ကန်ပြီး တောင်ငူ-ဟံသာဝတီ ခေတ်ကို အဆုံးသတ်ပေးခဲ့သည်။သို့သော် နောက်ဆုံးနန်းတက်သည့် နတ်သျှင်နောင် လက်ထက်တွင်တောင်ငူကို အင်းဝမှ အနောက်ဖက်လွန်မင်းက လာရောက်တိုက်ခိုက်ပြီး မှန်ကင်းအထွဋ်ချကာ သာမန်ပဒေသရာဇ် အဆင့်သို့လျော့ချခံခဲ့ရသည်။တောင်ငူမင်း နတ်သျှင်နောင်လည်း စိတ်ဓါတ်ကျဆင်းကာ မပြုသင့်ပဲ တိုင်းတပါးသား ငဇင်ကာ နှင့်ပူးပေါင်းကာ အောက်ပြည်အရပ်မှ ထောင်ထားရန်ကြိုးပမ်းသဖြင့် အနောက်ဖက်လွန်မင်းကပင် နှိမ်နှင်းကွပ်မျက် ခဲ့ရသည်။ ထိုသို့ဖြင့် တောင်ငူမင်းဆက်မှာ လည်းကျဆုံးခဲ့ရလေသည်။

တောင်ငူမင်းဆက် ၈ ဆက် 

မင်းကြီးညို (ခရစ်-၁၄၈၆)(ကောဇာ-၈၄၈) 
တပင်ရွှေထီး (ခရစ်-၁၅၃၁)(ကောဇာ-၈၉၃) 
မင်းကြီးဆွေ (ခရစ်-၁၅၄၀)(ကောဇာ-၉၀၂)
တောင်ငူမင်းခေါင် (ခရစ်-၁၅၄၉)(ကောဇာ-၉၁၁) 
ဘုရင့်နောင် (ခရစ်-၁၅၅၀)(ကောဇာ-၉၁၂)
နန္ဒဘုရင် (ခရစ်-၁၅၈၁)(ကောဇာ-၉၄၃) 
မင်းရဲသီဟသူ (ခရစ်-၁၅၈၄)(ကောဇာ-၉၄၆)
နတ်သျှင်နောင် (ခရစ်-၁၆၀၉)(ကောဇာ-၉၇၁)တို့ဖြစ်ကြသည်။

. ညောင်ရမ်းမင်းဆက် တပင်ရွှေထီး၊ဘုရင့်နောင် တို့တည်ထောင်ခဲ့သည့် ဒုတိယပြည်ထောင်စု မြန်မာနိုင်ငံကြီးသည် ဘုရင့်နောင်၏ သားတော် နန္ဒဘုရင် လက်ထက်အရောက်တွင် အချိန်တိုတိုဖြင့် လွယ်ကူစွာပြိုကွဲသွားရပြီးနောက် နိုင်ငံတ၀န်းလုံးတွင် ပဒေသရာဇ်ငယ်များ တစ်နယ်တစ်မင်း အသီးသီး ထူထောင်ကြပြီး အချင်းချင်းတိုက်ခိုက်ခဲ့ကြသည်။ 

ထိုသို့သောအခြေအနေတွင် ဘုရင့်နောင်၏ သားတော် တစ်ပါးဖြစ်သည့် မင်းရဲနန္ဒမိတ်ဘွဲ့ခံ ညောင်ရမ်းစား ရှင်သစ္စာသည် မဟာသီဟသူရဘွဲ့ဖြင့် ညောင်ရမ်းမင်းဆက်(၁၆၀၀-၁၇၅၂) ကိုစတင်တည်ထောင်သည်။၎င်းနှင့် ၄င်းနောက် နန်းတက်ကြသည့် အနောက်ဖက်လွန်မင်း၊သာလွန်မင်း တို့သည် အင်းဝ၊ပြည်၊တောင်ငူ၊ဟံသာဝတီ နှင့် သန်လျင်စသည့် ဒေသများကို အစဉ်အဆက် သိမ်းပိုက်ကာ မတည်မငြိမ်ဖြစ်မှုများကို အဆုံးသတ်ခဲ့ကြသည်။ညောင်ရမ်းမင်းဆက် ၁၀ဆက်သည် အင်းဝကို ဗဟိုပြုကာ အုပ်ချုပ်ကြသည့်အတွက် ညောင်ရမ်းခေတ်ကို ဒုတိယအင်းဝခေတ် ဟုလည်းခေါ်ဝေါ်ကြသည်

။ညောင်ရမ်းမင်းဆက်သည် သာလွန်မင်းလက်ထက်တွင် အထွန်းတောက်ဆုံးဖြစ်ခဲ့ပြီး နောက်ပိုင်းမင်းများလက်ထက်တွင် အင်အားသြဇာလျော့နည်းလာခဲ့သည်။ နောက်ဆုံးမင်းဖြစ်သည့် မဟာဓမ္မရာဇာဓိပတိ(ဟံသာဝတီရောက်မင်း)လက်ထက်တွင် ဇင်းမယ်ရှမ်းဇာတိဖြစ်သည့် ဆင်ဝန်ဦးအောင်လှက ဗြမိုင်းဓိရာဇာဘွဲ့ခံ၍ မွန်တို့ကို စည်းရုံးကာ ပုန်ကန်သည်။နောက်ဆုံး အင်းဝကိုပါသိမ်းယူကာ အင်းဝဘုရင် မဟာဓမ္မရာဇာဓိပတိကို ဟံသာဝတီသို့ခေါ်ဆောင်သွားပြီး ကွပ်မျက်ခဲ့သည်။ထိုနောက်တွင် မုဆိုးဖိုရွာသူကြီး ဦးအောင်ဇေယျက အလောင်းဘုရားဘွဲ့ဖြင့် မွန်တို့ကို တွန်းလှန်ကာ တတိယပြည်ထောင်စု မြန်မာနိုင်ငံကြီး ကိုတည်ထောင်ခဲ့သည်။

ညောင်ရမ်းမင်းဆက် (၁၁)ဆက်
1.မင်းဆက်(၁)ညောင်ရမ်းမင်းတရားကြီး(မဟာသီဟသူရ ဓမ္မရာဇာ) (မဟာမြတ်မုနိ ဒါယကာ) (ကောဇာ ၉၆၁၊ ခရစ် ၁၅၉၉) 
2.မင်းဆက်(၂)အနောက်ဖက်လွန်မင်း(မဟာဓမ္မရာဇာ)(ကောဇာ ၉၆၇၊ ခရစ် ၁၆၀၅) 
3.မင်းဆက်(၃)မင်းရဲဒိဗ္ဗ (ကောဇာ ၉၉၀၊ ခရစ် ၁၆၂၈) 
4.မင်းဆက်(၄)သာလွန်မင်း(သတိုးဓမ္မရာဇာ) (ရာဇမဏိစူဠ ဒါယကာ) (ကောဇာ ၉၉၄၊ ခရစ် ၁၆၃၂) 
5.မင်းဆက်(၅)ပင်းတလဲမင်း(သီရိနန္ဒသူရဓမ္မရာဇာ) (မင်းရဲနန္တမိတ်) (ငါးထပ်ကြီးဘုရား ဒါယကာ) (ကောဇာ ၁၀၁၀၊ ခရစ် ၁၆၄၈) 
6.မင်းဆက်(၆)ပြည်မင်း (ကောဇာ ၁၀၅၃၊ ခရစ် ၁၆၉၁) 
7.မင်းဆက်(၇)နရာဝရ (အိမ်ရှေ့မင်း) (ကောဇာ ၁၀၃၃၊ ခရစ် ၁၆၇၁) 
8.မင်းဆက်(၈)မင်းရဲကျော်ထင်(သီရိပရ၀ မဟာဓမ္မရာဇာ) (၀မ်းဘဲအင်းစံမင်း) (၀ရဇေယ) (ကောဇာ ၁၀၃၄၊ ခရစ် ၁၆၇၂) 
9.မင်းဆက်(၉)စနေမင်း (မာန်အောင်ရတနာ ဒါယကာ) (ကောဇာ ၁၀၆၀၊ ခရစ် ၁၆၉၈)
10.မင်းဆက်(၁၀)တနင်္ဂနွေမင်း (မှန်နန်းရှင်) (ကောဇာ ၁၀၇၆၊ ခရစ် ၁၇၁၄) 11.မင်းဆက်(၁၁)မဟာဓမ္မရာဇာဓိပတိ(ဟံသာဝတီပါမင်း/လောကသရဖူ ဒါယကာမင်း) (ကောဇာ ၁၀၉၅၊ ခရစ် ၁၇၃၃) 

ကုန်းဘောင် မင်းဆက် 

ကုန်းဘောင်မင်း ၁၁-ဆက် ရှိသည်။ ဒေ၀ဒဟ ကောလိယ ကပ္ပိလမှ ဆက်၍ အထက်အညာ တကောင်း သရေခေတ္တရာ, ပုဂံ, မြင်စိုင်း, ပင်းယ, အ၀(အင်းဝ), တိုင်အောင် သာကီနွယ်ရိုး သတိုးအဆက်ဆက်မှ ဆင်းသက်ကာ ညောင်ရမ်းဆယ်ဆက်မြောက်မင်းဖြစ်သော ဟံသာဝတီပါမင်းတရားကြီးလက်ထက် ရတနာပူရ အ၀နေပြည်တော်ကြီး၌ သာကီနွယ်ရိုး သတိုးမင်းဆက်ပြတ်သွားပေရာ သင်္ဘော လှေဖေါင်ကြီးနှင့်ကမ်းပါး ကွာခြားပြတ်ကင်းနေရာတွင် တံတားကုန်းဘောင်သဖွယ် ဆက်သွယ်ပေးနိုင်သော အလောင်းမင်းတရားကြီးဖွားမြင်ရာ ဌာနကိုပင် ဗေဒင်ကျမ်းအရ ဓါတ်မြတ်ဓါတ်ထူးဖြစ်သော ဂဗ္ဘေ ဓါတ်ရိုက်၍ ကုန်းဘောင် မြို့တော်ဟု သမုတ်လေသည်။

ကုန်းဘောင်မင်းဆက်သည် မြန်မာနိုင်ငံကိုနောက်ဆုံးအုပ်ချုပ်ခဲ့သည့် မြန်မာမင်းဆက်ဖြစ်သည်။ စတင်ထူထောင်သူ အလောင်းမင်းတရား မှသည်နောက်ဆုံး သီပေါမင်းအထိ မင်းဆက် ၁၁ ဆက်တိတိရှိသည်။ ထိုမင်းဆက်၏ အစောပိုင်းမင်းများ လက်ထက်တွင် ကာလရှည်ကြာရှိခဲ့သည့် မွန်-မြန်မာဆက်ဆံရေး ပြိုလဲကာ မွန်လူမျိုးတို့မှာလည်း လူမျိုးကြီးအဖြစ်မှ ကျဆင်းသွားသည်။ နောက်ပိုင်းမင်းဆက်များသည်လည်း တိုင်းပြည်တိုးတက်ရေးအတွက် များစွားအားထုပ်ဆောင်ရွက်သည်မရှိပဲ ထီးနန်းစည်းစိမ်တည်မြဲရေး၊ရယူပိုင်ဆိုင်ရေး အစရှိသည့် နန်းတွင်းအရေးတော်ပုံများ နှင့်သာလုံးပန်းနေရသည်။သို့သော် ဘာသာရေးနှင့်ထင်ရှားသည့် မင်း၂ပါးရှိပြီး ၄င်းတို့မှာ ဘိုးတော်ဘုရား နှင့်မင်းတုန်းမင်းတို့ဖြစ်ကြသည်။ 

ဘိုးတော်ဘုရားသည် မင်းကွန်းပုထိုးတော်ကြီး တည်ဆောင်ရန်ကြိုးပမ်းမှု နှင့် သာဿနာရေးဆိုင်ရာ အငြင်းအခုန်နှင့် ပြဿနာများကို ဖြေရှင်းရန်အားထုပ်မှုတို့ဖြင့် သမိုင်းတွင်သကဲ့သို့ မင်းတုန်းမင်းအနေဖြင့်လည်း ပဉ္စမသံဂါယနာတင်ခြင်းနှင့် ထိုမှတဆင့် ပိဋိကပ်သုံးပုံကို ကျောက်ထက်အက္ခရာတင်ပြီး ပူဇော်ခြင်းတို့ဖြင့် ကျော်ကြားရသည်။ထိုမင်းဆက်သည် အခြားမြန်မာမင်းဆက်များ နီးတူ ကုန်းတွင်းပိတ်သဘာဝမှ ပင်လယ်ထွက်ပေါက်ရသည့် အခွင့်အရေးကို အသုံးမချနိုင်သကဲ့သို့ ပဒေသရာဇ် ပီသစွာပင် ထီးနန်းတည်မြဲရေးကို သာအဓိကထားကာ ကျူးကျော်လာသည် အင်္ဂလိပ်တို့ရန်ကို တွန်းလှန်ကာကွယ်ရန်အတွက် ပြုပြင်ပြောင်းလဲမှုများကို ပြုလုပ်ရန် အချိန်နှောင်းခဲ့သဖြင့် နောက်ဆုံးမင်းဖြစ်သည့် သီပေါမင်းလက်ထက်တွင် ရန်သူနယ်ချဲ့အင်္ဂလိပ်တို့၏ အပြီးတိုင်သိမ်းပိုက်ခြင်းကို ခံခဲ့ရလေသည်။ 

ကုန်းဘောင် မင်းဆက် (၁၁)ဆက်
1.အလောင်းမင်းတရား (ဦးအောင်ဇေယျ) (နန်းစံ ၁၇၅၂ -၁၇၆၀)
2.နောင်တော်ကြီး (နန်းစံ ၁၇၆၀- ၁၇၆၃) 
3.ဆင်ဖြူရှင် (နန်းစံ ၁၇၆၃-၁၇၇၆) 
4.စဥ့်ကူးမင်း (နန်းစံ ၁၇၇၆-၁၇၈၂) 
5.ဖောင်းကားစားမင်း (နန်းစံ ၁၇၈၂ ဖေဖော်ဝါရီလအတွင်း နန်းစံ ရက် ၇ ရက်) 6.ပဒုံမင်း (မြေဒူးမင်း-ဘိုးတော်ဘုရား) (နန်းစံ ၁၇၈၂-၁၈၁၉) 
7.စစ်ကိုင်းမင်း (နန်းစံ ၁၈၁၉-၁၈၃၇) 
8.သာယာဝတီမင်း (နန်းစံ ၁၈၃၇-၁၈၄၆) 
9.ပုဂံမင်း (နန်းစံ ၁၈၄၆-၁၈၅၃) 
10.မင်းတုန်းမင်း (နန်းစံ ၁၈၅၃-၁၈၇၈) 
11.သီပေါမင်း (နန်းစံ ၁၈၇၈-၁၈၈၅)


===================================



Oct 27, 2016

သမိုင်းတွင်သည့် သူရဲကောင်းရွေးချယ်ပွဲ



တပင်ရွှေထီးသည် တောင်ငူရွှေနန်းကို စိုးစံတော်မူနေရပြီ ဖြစ်သော်လည်း နားထွင်းမင်္ဂလာတော်ကိုကား ပြုတော်မမူရသေးပေ။ ထို့ကြောင့် နန်းတက်ပြီး (၂)နှစ်အကြာ သက်တော် (၁၇)နှစ် အရွယ်ထက်သို့ ရောက်သော်မူသည်တွင် နားထွင်းမင်္ဂလာတော်ကို ကျင်းပပြုလုပ်ရန် စီစဉ်တော်မူသည်။

တပင်ရွှေထီးကား အရွယ်ငယ်စဉ်ကပင် ရန်သူ့နယ်မြေ ဟံသာဝတီတွင်ရှိသည့် ရွှေမော်ဓောစေတီတော်ကို သွားရောက်ဖူးမြော်လိုသည့် ဆန္ဒက ပြင်းပြနေသည်။ ယခုလည်း နားထွင်း မင်္ဂလာကို ထိုရွှေမော်ဓောစေတီတော်၏ ရင်ပြင်ပေါ်တွင်ပင် သွားရောက်၍ ဆင်ယင်ကျင်းပလိုသည့် အလိုဆန္ဒတော် ဖြစ်ပေါ်နေမိသည်။

ထိုအချိန်က ဟံသာဝတီကို မွန်ဘုရင် သုရှင်တကာရွတ်ပိက စိုးစံအုပ်ချုပ်လျက်ရှိပြီး၊ ထိုဟံသာဝတီနယ်မြေတွင် တည်ထားသည့် ရွှေမော်ဓောစေတီတော်ကလည်း လွန်စွာပင် တန်ခိုးကြီးထင်ရှား၏။ ဆုတောင်းလျှင် ဆုတောင်းပြည့်သည်ဟုလည်း ဆိုကြ၏။ ထို့ကြောင့်ပင် မင်းသားများကြံစည်မည်ကို စိုးရိမ်သောကြောင့် ‘ရွှေမော်ဓောစေတီတော်ကို မင်းသားများ တက်၍မဖူးမြော်ရ’ ဟုပင် ဟံသာဝတီဘုရင်များက တားမြစ်တော်မူထား၏။

ထိုသို့ တပင်ရွှေထီးအနေဖြင့် ရန်သူ့နယ်မြေသို့ သွားရောက်လိုသည့် အလိုဆန္ဒဖြစ်ပေါ်နေရခြင်းမှာ ယခင်ဘဝက မွန်မင်းသား ဖြစ်ခဲ့ဖူးသောကြောင့်ဟု မဟာရာဇဝင်ကြီး (ဒု) ၁၆၄-၁၆၅ နှင့် မှန်နန်းရာဇဝင်ကြီး (ဒု) ၁၈၉ တို့တွင် ဖော်ပြထားသည်ကို လေ့လာတွေ့ရှိရသည်။ ဖော်ပြထားပုံမှာ ဤသို့ဖြစ်သည်။ မွန်ဘုရင်ဓမ္မစေတီတွင် ‘မင်းရဲကျော်စွာ’ အမည်ဖြင့် သားတော်တစ်ပါးရှိ၏။ ထိုသားတော် မင်းရဲကျော်စွာသည် ငယ်စဉ်ကပင် ထက်မြက်လှ၏။ သူရသတ္တိနှင့် အထူးသဖြင့် ပြည့်စုံ၏။ မင်းရဲကျော်စွာအရွယ်ရောက်လာသောအခါ ခမည်းတော်ဓမ္မစေတီမင်းက မိမိထီးနန်းကို လုယူလိမ့်မည်ဟု ယုံစားသံသယဝင်တော်မူသည်။

တစ်နေ့တွင် ဟံသာဝတီနေပြည်တော်မှ နောက်ပါငယ်ကျွန်များနဲ့အတူ မင်းရဲကျော်စွာ ဒဂုံ(ရန်ကုန်) သို့ သွားရာ မလိုသူတို့က ဓမ္မစေတီမင်းကို ကုန်းချောသည်။ ဘုရင်က လိုက်လံဖမ်းဆီးစေသောအခါ မင်းရဲကျော်စွာကို မိသည်။ ထိုအခါ မင်းရဲကျော်စွာကို မလိုသည့်အမတ် က္ကုန္ဒဇိတ်က ဘုရင့်အမိန့်မရဘဲ မင်းရဲကျော်စွာကို သတ်ရန်စီစဉ်သည်။ မင်းရဲကျော်စွာက အသတ်မခံရမီတွင် ရွှေမော်ဓောစေတီတော်၌ မိမိ၏ဝတ်စားတန်ဆာတို့ကို လှူဒါန်းကာ-
“ငါ့ခမည်းတော်သည် ငါ့၌ အပြစ်မရှိဘဲ ငါ့အား အပြစ်ရှာ၍ ကွပ်မျက်သည်။ ထို့ကြောင့် ငါသည် နောင်ဘဝ၌ မွန်ဘုရင်ကိုနိုင်၍ မွန်သုံးရပ်ကို အုပ်စိုးရသည် ဖြစ်ပါစေသား” ဟု ဆုတောင်းကာ ကွပ်မျက်ခြင်းခံခဲ့ရသည်။
ထို့ကြောင့် တပင်ရွှေထီးကို မွန်မင်းသား မင်းရဲကျော်စွာ ဝင်စားသည်ဟု ရာဇဝင်တို့က ဆိုသည်။ တပင်ရွှေထီးသည် ရန်သူ့နယ်မြေ ဟံသာဝတီတွင် သွားရောက်နားထွင်းလိုသည့် မိမိအလိုဆန္ဒတော်နှင့်ပတ်သက်ပြီး ညီလာခံသဘင်၌ မှူးမတ်သေနာပတိတို့ကို မိန့်တော်မူကာ သဘောဆန္ဒကို တောင်းခံတော်မူသည်။
မှူးမတ်အများက ထိုကိစ္စကို သဘောတူလိုခြင်း မရှိကြ။ ပြုလုပ်ရန် မသင့်ဟု ယူဆကြသည်။ သို့သော် နောင်တော်ရင်း သဖွယ်ဖြစ်သည့် ‘ကျော်ထင်နော်ရထာ’ ဘွဲ့မည်ရ ရှင်ရဲထွတ် ကမူ “ရွှေနန်းရှင် အရှင်မင်းမြတ် . . . ဆန္ဒတော်ရှိသည်မှာ လွန်စွာသင့်လျော်ပါသည်။ အဘယ့်ကြောင့်ဆိုသော် ယခုကိစ္စသည် မင်္ဂလာကိစ္စဖြစ်သည့် အားလျော်စွာ အကောင်းဆုံးအောင်မြေဖြစ်သည့် နေရာကိုသာ ရနိုင်ရန် ကြံဆောင်သင့်ပါ၏။ ဟံသာဝတီရှိ ရွှေမော်ဓောစေတီတော်မှာ ဆုတောင်းပြည့် ဘုရားလည်း အမှန်ဖြစ်ပါသည်။

ရန်သူ၏ နယ်မြေသို့ သွားရောက်ရမည် ဖြစ်သော်လည်း ဘုန်းသမ္ဘာနှင့် ပြည့်စုံသော မင်းတို့အဖို့ ကေသရာဇာခြင်္သေ့မင်းသည် ရွှေဂူမှထွက်တော်မူလျှင် မည်သည့်သားသတ္တဝါမျှ မော်လျက် မကြည့်ဝံ့သကဲ့သို့ ရှိမည်။ ဤစကားကို ယုံကြည်တော် မမူပါက ယခုပင် ထွက်တော်မူပါ။ ကျွန်တော်မျိုး ရှေ့မှနေ၍ ရင်မြေကတုတ်လုပ်လျက် အမှုတော်ကို ထမ်းရွက်ပါမည်” လျှောက်တင်လေရာ တပင်ရွှေထီးမှာ ကျော်ထင်နော်ရထာ၏ လျှောက်တင်ချက်ကို နှစ်သက်အားရတော်မူလှသဖြင့် လက်သုံးတော် ကျောက်စီဓားကို ရဲဆုအဖြစ် ကျော်ထင်နော်ရထာအား ပေးသနားတော်မူသည်။

ထို့နောက် တပင်ရွှေထီးက
“ယခု ရန်သူ့နယ်မြေဖြစ်သည့် ဟံသာဝတီရှိ ရွှေမော်ဓောစေတီတော်သို့ ထွက်တော်မူမည့်အရေးကိစ္စတွင် မင်းယောက်ျားအမှုထမ်း ဖြစ်ပါလျက် ယောက်ျားကောင်း၊ ယောက်ျားမြတ်တို့၏ ဂုဏ်ရည်မပီ၊ ကြောက်သွေးပါသူများကို ငါကား အလိုမရှိ၊ ခြသေ့င်္ကဲ့သို့ စွမ်းအားရှိလျက်၊ ကျားကဲ့သို့ ရဲရင့်သည့် မကြောက်မရွံ့၊ နောက်မတွန့်သည့် သူရသတ္တိနှင့် ပြည့်စုံသော ကေတုမတီသား သူရဲကောင်း၊ ယောက်ျားမြတ်တို့ကိုသာ ငါ အလိုရှိသည်။ ထို့ကြောင့် နောင်တော်ကျော်ထင်နော်ရထာက ရန်သူ့နယ်မြေကို ငါနှင့်အတူလိုက်ပါမည့် သူရဲကောင်းများကို သေချာစိစစ် ရွေးချယ်မှုပြုစေ” ဟု အမိန့်တော် ချမှတ်သည်။
ကျော်ထင်နော်ရထာကလည်း
“ရန်သူ့နယ်မြေသို့ချီရန် အရေးကိစ္စတွင် စစ်သည်ဗိုလ်ပါများစွာ မလိုပါ။ သူရဲကောင်း ငါးရာသာ လိုပါသည်” ဟု ပြန်လျောက်တင်လေရာ တပင်ရွှေထီးက ယင်းသူရဲကောင်း ငါးရာကို ရွေးချယ်ရေးအတွက် ကျော်ထင်နော်ရထာကို တာဝန်ပေးတော်မူသည်။

ထို့နောက် ကျော်ထင်နော်ရထာသည်
“ဘဝရှင်မင်းတရားသည် ဟံသာဝတီရှိ ရွှေမော်ဓောစေတီတော်သို့ နားထွင်းမင်္ဂလာသဘင် ဆင်ယင်ကျင်းပတော်မူရန် မကြာမီ ထွက်တော်မူလိမ့်မည်။ အမှုတော်ထမ်း၍ နောက်တော်က လိုက်ပါလိုသူများ ရွှေနန်းတော်သို့ လာရောက်လျှင် သူရဲကောင်းအဖြစ် အရွေးခံကြစေ။ သူရဲကောင်း ငါးရာကို ရွေးတော်မူလိမ့်မည်” ဟု ကေတုမတီ နေပြည်တော်အနှံ့ မောင်းကြေး နင်းခတ်၍ ကြေညာစေသည်။
သူရဲကောင်း ရွေးချယ်ပွဲ ပြုလုပ်မည့်နောက်တစ်နေ့တွင်မူ ကေတုမတီနေပြည်တော်အနှံ့မှ သူရဲကောင်းရွေးချယ်ရန်အတွက် လာရောက်ကြသူများမှာ ရင်ပြင်တစ်ခုလုံးတိုးမပေါက်အောင်ဆိုရမည်သို့ များပြားလှသည်ကို ရွှေနန်းရှင် ဘုရင်တပင်ရွှေထီးမှာ နှစ်သက်ဝမ်းမြောက်တော်မူစွာ တွေ့မြင်တော်မူလိုက်ရသည်။

ကျော်ထင်နော်ရထာက သူရဲကောင်းအရွေးခံရန် လာရောက်ကြသူများကို . . .
“ယခု ကျွန်ုပ်တို့ ဟံသာဝတီသို့ ချီတက်တော်မူမည့်အရေးမှာ သာမန်မဟုတ်၊ ရန်သူ့နယ်မြေသို့ မကြောက်မရွံ့၊ နောက်မတွန့်ဘဲ ဝင်ရောက်ရမည့်အရေးဖြစ်၍ သာမန်မျှ သတ္တိစွမ်းရည်ရှိသူများကိုကား ရွေးချယ်လိမ့်မည်မဟုတ်။ မ တစ်ထောင် တစ်ကောင်ဖွားဆိုရမည်သို့ လွန်စွာသတ္တိကောင်းလှသူ ထူးထူးချွန်ချွန် အာဇာနည်ရဲစိတ်ရဲမာန်ထက်သန်သော အာဂယောက်ျား သူရဲကောင်းများကိုသာ ရွေးချယ်ရလိမ့်မည်။ စွမ်းရည်သတ္တိ အထူးအချွန် တကယ်ပင် ရှိ မရှိ၊ ယခုပင် စမ်းသပ်တော်မူစေမည်။ သို့ဖြစ်၍ အစမ်းသပ်အစစ်ဆေးခံရန် မဝံ့သူများ ဤနေရာမှ ယခုပင်ထွက်ကြရမည်” ဟု ဆိုလိုက်ရာ ရောက်လာကြသူ ကေတုမတီသားတို့က လက်ရုံးကို အထက်သို့ မြှောက်လိုက်ကြကာ “စမ်းသပ်တော်မူပါ၊ စမ်းသပ်တော်မူပါ” ဟု တညီတည်းပြောဆိုလိုက်ကြသည်။

ထို့နောက် သူရဲကောင်း ရွေးချယ်ပွဲ စတင်ရာ ဦးစွာပထမကျော်ထင်နော်ရထာက အစမ်းသပ်ခံရန် သူရဲကောင်းစမ်းသပ်ရာ နေရာသို့ သွားရောက်လိုက်သည်။ ခုံတစ်ခုံပေါ်တွင် ညာဘက်လက်မကို ထောင်၍ခံလိုက်သည်။ စမ်းသပ်သူတို့က ကျော်ထင်နော်ရထာ၏ လက်မထိပ်တွင် အပ်ကိုစိုက်၍ တူဖြင့် တစ်ချက်တည်းထုမြှပ်လိုက်သည်။ လက်မတွင်းသို့ အပ်တစ်ဆုံးဝင်သွားသည်။ သို့သော် ကျော်ထင်နော်ရထာ မည်သို့မျှ သွေးတွန့်တုန်လှုပ်ခြင်းမရှိ။ တောင်ငူရွှေနန်းရှင် ဘုရင်တပင်ရွှေထီးမှာ နောင်တော်ကျော်ထင်နော်ရထာ၏ အာဇာနည်သူရဲကောင်းသတ္တိကို မျက်ဝါးထင်ထင်မြင်တော်မူလိုက်ရသဖြင့် အလွန်အားရတော်မူသွားသည်။
ဤသို့စမ်းသပ်ရာတွင် အောင်မြင်သူတို့ရှိသကဲ့သို့ မအောင်မြင်၍ နန်းရင်ပြင်မှ ထွက်သွားရသူများလည်း အများအပြားရှိနေ၏။ မအောင်မြင်သူတို့ကား တုန်လှုပ်သွားသူများ၊ နာကျင်၍ ညည်းတွားသူများ ဖြစ်၏။

ထိုသူရဲကောင်း ရွေးချယ်ပွဲတွင် သတ္တိစွမ်းရည်နှင့် ပတ်သက်ပြီး မှတ်သားကြရမည့် အမှတ်ထင်ထင်အဖြစ်အပျက် တစ်ခုက ပေါ်ပေါက်လာခဲ့ရသည်။ ထိုအဖြစ်ပျက်ကား အခြားမဟုတ်၊ သူရဲကောင်းအဖြစ် စမ်းသပ်ခံမည့် တပင်ရွှေထီး၏ ငယ်ကျွန်ရင်းဖြစ်သည့် ဗလရဲထင်၏အလှည့်တွင်ဟု ဆိုရမည်။ ဗလရဲထင်မှာ တပင်ရွှေထီး အရွယ်တော်ငယ်စဉ်အချိန်ကပင် တပင်ရွှေထီးနောက်မှ ဓားထမ်းခွင့်ရသူဖြစ်ပြီး၊ တပင်ရွှေထီးက ဗလရဲထင်ကို သူရသတ္တိရှိသူဟု မှတ်ထင်တော်မူသဖြင့် ဗလရဲထင်ဘွဲ့မည် ပေးသနားတော်မူခြင်းကို ခံရသူဖြစ်၏။
ဗလရဲထင်က ရှေ့ကစမ်းသပ်ခံခဲ့သူများအတိုင်း စမ်းသပ်ခံရမည့်နေရာသို့ ရောက်ရှိသွားပြီး ညာလက်မကို အပ်စိုက်ခံလိုက်သည်။ စမ်းသပ်သူတို့က လက်မတွင်းသို့ အပ်ကို တူဖြင့်ရိုက်သွင်းလိုက်သောအခါ တွန့်၍သွားသည်။ ငယ်ကျွန်ရင်း ဗလရဲထင်၏ သွေးတွန့်သောအမူအရာကို တပင်ရွှေထီး မြင်တော်မူသောအခါ “နာမည်က ဗလရဲထင်ဆိုပြီး သွေးတွန့်ရသလား” ဟု မိန့်တော်မူသည်။ ကျော်ထင်နော်ရထာကလည်း ဗလရဲထင်ကို နန်းရင်ပြင်သို့ထွက်ရန်ဆိုလိုက်သဖြင့် လူပုံလယ်တွင် ဗလရဲထင်မှာ ရှက်သွားရသည်။

ထို့နောက် မိမိ၏အရှင်သခင် တပင်ရွှေထီးကို ဦးခိုက်လိုက်ပြီး
“ဘုရားကျွန်တော်မျိုးကို သတ္တိသွေးမဲ့သူဟု ထင်ကြမှာ လွန်စွာပင် ရှက်မိရပါသည်။ တကယ်တန်း၌ ကျွန်တော်မျိုးမှာ ကြောက်သွေးရှိသူ မဟုတ်ပါ။ ယခုပညာစမ်းပွဲတွင် အောင်မြင်ခြင်းမရသည့်အတွက် အလွန်ပင် ဝမ်းနည်းရပါသည်။ သို့သော် ကျွန်တော်မျိုး သတ္တိကို ရွှေနန်းရှင်ဘုရားနှင့် လူအများသိအောင် ပြလိုပါသည် ဘုရား” ဟု လျှောက်တင်လိုက်ကာ ခါးတွင် ထိုးထားသော ဓားမြှောင်ကို ရုတ်တရက်ဆွဲနှုတ်ကာ မိမိဝမ်းဗိုက်ကို ထိုးဖောက်လိုက်သည်။
ဝမ်းဗိုက်အတွင်းမှ ထွက်လာသော အူကို ဆွဲယူပြီး အနီးရှိ ကျော်ထင်နော်ရထာလက်ကို ပေးလိုက်သည်။ ကျော်ထင်နော်ရထာက ဗလရဲထင်၏ အူကို ကိုင်ထားစဉ် ဗလရဲထင်က အူဆုံးသည့်တိုင် ပြေးသည်။ အူဆုံးသည်နှင့် တပြိုင်နက် ဗုန်းခနဲလဲကျ၍ နေရာတွင်ပင် ဗလရဲထင် သေပွဲဝင်ရသည်။ မြင်ရသူတို့က ဗလရဲထင်၏ ဖြစ်ပုံကို ကြည့်ပြီး တအံ့တသြဖြစ်ကုန်ကြရသည်။

မိမိ၏ ငယ်ကျွန်ရင်း ဖြစ်သူ ဗလရဲထင်သေဆုံးသည်တွင် တပင်ရွှေထီးက ပြုံးတော်မူလိုက်ပြီးလျှင် “ငါ၏ ကျွန်တော်ရင်း ဗလရဲထင်သည် မိုက်ကားမိုက်၏၊ သို့သော် သတ္တိကား ရှိသူမဟုတ်” ဟု မိန့်တော်မူသည်။ ဆိုလိုရင်းမှာ မိုက်ခြင်းသည် အဆင်ခြင်မဲ့ ဆင်ကန်းတောတိုးမျှသာ ဖြစ်၏။ သတ္တိရှိခြင်းနှင့်ကား တခြားစီဟူ၍ဖြစ်၏။

ထိုသို့ သူရဲကောင်းများကို ရွေးချယ်တော်မူခြင်းဖြင့် အလိုရှိသည့် သူရဲကောင်း ငါးရာတို့ကို ရရှိပြီးနောက် “ငါ၏ကျွန်တော်မျိုးများသည် နိုင်ငံတော်နှင့် ငါဘုရင်ကို ချစ်ရိုမှန်ကြပါပေသည်” ဟု မိန့်ဆိုကာ သူရဲကောင်း ငါးရာအား ရဲဆုအဖြစ် ကြိုးနီတပ်သော ရွှေခွက်တစ်ခွက်စီကို သနားချီးမြင့်တော်မူသည်။ ထိုသူရဲကောင်းများကိုလည်း “ရွှေခွက်ဆွဲသူရဲ” ဟု ခေါ်ဆိုကြလေ၏။
ရန်သူ့နယ်မြေပေါ်မှ နားထွင်း မင်္ဂလာပွဲ

မင်္ဂလာအခါ ရက်ကောင်းရွေးပြီးသည့် နားထွင်းမင်္ဂလာတော် ကျင်းပရန်နေ့ရက်သို့ ရောက်ရှိလာသောအခါ တပင်ရွှေထီးသည် ဟံသာဝတီရှိ ရွှေမော်ဓောစေတီသို့သွားရန် “ရန်သူအပေါင်းကို အောင်မြင်သောမြင်း” ဟု အဓိပ္ပါယ်ရသည့် “သတ္တရုဇေယျ” အမည်ရှိသော မြင်းတော်ကို ပတ္တမြားကကြိုးတန်ဆာဆင်၍ စီးတော်မူသည်။

သူရဲကောင်းငါးရာတို့ကိုကား မြင်းကောင်းငါးရာကို စီးစေပြီးလျှင် နားထွင်းမင်္ဂလာ၊ ဥသျှောင်ထုံးမင်္ဂလာပြုတော်မူရန် အဆောင်အယောင် အခမ်းအနားတို့နှင့် မင်္ဂလာပုဏ္ဏား ရှစ်ဦးတို့ကိုလည်း ခေါ်ဆောင်တော်မူသည်။

ကေတုမတီတောင်မျက်နှာတံခါးမှ စတင်ထွက်တော်မူရာ ကျော်ထင်နော်ရထာက ဓားလွတ်ကိုကိုင်လျက် ရှေ့တော်မှထွက်သည်။ ချီတော်မူရာတွင် ကျော်ထင်နော်ရထာ၏ဖခင် မင်းရဲသိင်္ခသူနှင့် အမတ်ပေါင်းလေးကျိပ်တို့ကလည်း မြင်းကိုယ်စီဖြင့် လိုက်ပါ လာကြသည်။

သို့ဖြင့် အစဉ်အတိုင်းချီရာ လမ်း၌ အဆီးအတား မရှိဘဲ ရွှေမော်ဓောစေတီသို့ ရောက်ရှိတော်မူသည်။ ကျော်ထင်နော်ရထာ က စေတီရင်ပြင်ပေါ်သို့ မတက်မီ သူရဲကောင်းငါးရာကို . . .
“သူရဲကောင်းများက ရွှေမော်ဓောစေတီတော်ကို အထပ်ထပ်ဝန်းရံ၍ တားကြရမည်။ ကိုယ့်တာဝန်နှင့်ကိုယ် လှုံခြုံစေရမည်။ နားထွင်းမင်္ဂလာပြုတော်မူနေခိုက်တွင် မည်သူတစ်ဦးမျှ စေတီတော်ပေါ်သို့ တက်မလာစေနှင့်။ မွန်ဘုရင်ကြားသိ၍ စစ်သည်အင်အားနှင့်ချီတက်လာလျင်လည်း နိုင်အောင်ဆီးဆို့ခုခံကြရမည်။ ရွှေနန်းတော်ရှင်မင်းတရား နားထွင်းတော်မူခိုက်မှာ မင်္ဂလာတော်ကြီး ပျက်ဆီးအောင် အနှောက်အယှက် မရှိစေရ။ ရွှေခွက်ဆွဲရဲဗိုလ်များဖြစ်ကြသည့်အတိုင်း အရှင့်အကျိုးကို ထိထိရောက်ရောက်ဆောင်ရွက်ကြရမည်” ဟု အမိန့်ပေးသည်။

တပင်ရွှေထီး၊ ကျော်ထင်နော်ရထာနှင့် အမတ်ပုဏ္ဏားတို့က စေတီတော်ရင်ပြင်တော်ပေါ်သို့တက်ကြရာ စေတီတော်ရှိ မွန်တို့မြင်လျှင် အလွန်ကြောက်လန့်တုန်လှုပ်ကြလျက် ဦးခိုက်ဝပ်တွားကြသည်။ တပင်ရွှေထီးသည် ရွှေမော်ဓောစေတီတော်ကို လက်အုပ်ချီဦးထိပ်မိုးလျက် လက်ျာရစ်သုံးပတ် လှည့်တော်မူသည်။ မွေးနံတော်သီရိအရပ်ဖြစ်သည့် အင်္ဂါထောင့်သို့ရောက်လျှင် တန့်ရပ်တော်မူပြီး၊ ထိုအင်္ဂါထောင့်၌ ပုဏ္ဏားတော်များနှင့် နားထွင်းမင်္ဂလာသဘင် ဆင်ယင်တော်မူသည်။
ကေတုမတီဘုရင် တပင်ရွှေထီးက သူရဲကောင်းများခြံရံလျက် ရွှေမော်ဓောစေတီတော်သို့ ရောက်ရှိလာကာ နားထွင်းမင်္ဂလာပြုတော်မူသည့် သတင်း ဟံသာဝတီဘုရင် သုရှင်တကာရွတ်ပိ ကြားသိ လိုက်သောအခါ မိမိပိုင်နယ်မြေသို့ ကျူးကျော်စော်ကားမှုအတွက် ဒေါသမာန်ပွားရတော့သည်။

“မှူးတော်မတ်တော်များ . . ကေတုမတီဘုရင်တပင်ရွှေထီးသည် ငါ၏နိုင်ငံပိုင်နက်သို့ ဝင်ရောက်လာကာ ရွှေမော်ဓောစေတီတော်သို့ ဆိုက်ရောက်နေပြီဟု ကြားသိတော်မူရသည်။ ဤကိစ္စမှာ ငါ့အား ဂရုမထား၊ မလေးစားဘဲ ကျူးကျော်စော်ကားလိုက်ခြင်းသာဖြစ်သည်။ ထို့ကြောင့် ကျူးကျော်လာသူ တပင်ရွှေထီးကို အထိန်းတော်ကြီး ဗညားလောနှင့် ဗညားကျန်းတို့ကိုယ်တိုင် တပ်တော်များဦးစီးလျက် ချီတက်ဝန်းရံကာ လက်ရအရှင်ဖမ်းဆီးကြရမည်။ လက်မလွတ်စေနှင့်”
ဟု မိန့်ကြားတော်မူလိုက်ရာ အထိန်းတော် ဗညားလောနှင့် ဗညားကျန်းတို့လည်း မွန်တပ်များကို ချက်ချင်းဆင့်ဆိုကာ မြို့တော်မှ ထွက်၍ ရွှေမော်ဓောစေတီတော်ရှိရာသို့ ချီတက်လာကြသည်။

စေတီတော်ခြေရင်းမှ ကေတုမတီ သူရဲကောင်းများကို တွေ့ရသော အခါ ရှေ့ဆက်မချီဝံ့ဘဲ အဝေးမှသာ ဝန်းရံထားကြသည်။ (ထိုအချိန်က မွန်ဘုရင် သုရှင်တကာရွတ်ပိစံရာ ဟံသာဝတီနန်းမှာ ယခုလက်ရှိပဲခူးမြို့တည်ရာတွင် မဟုတ်ဘဲ၊ အနောက်တောင်တန်းတွင်ရှိသည်။ ယခု ပဲခူးမြို့တည်ရာနေရာကို တည်ခဲ့သည့်ဘုရင်မှာ ဘုရင့်နောင်ဖြစ်ပြီး ဟံသာဝတီနန်းသစ်နေရာဟု ဆိုရမည်။ သုရှင်တကာရွတ်ပိ လက်ထက်၌ ရွှေမော်ဓောစေတီမှာ ဟံသာဝတီနန်းအပြင်တွင် ရှိနေပြီး၊ ဘုရင့်နောင် နန်းသစ်တည်မှသာ နန်းမြို့အတွင်းသို့ ရောက်ရှိသွားခြင်းဖြစ်၏။)

စေတီတော်ခြေရင်းသို့ ရန်သူတပ်များဝန်ရံလာသည့်သတင်း ကြားသိကြရလျှင် အမတ်အချို့မှာ တုန်လှုပ်သွားကြသည်။ တပင်ရွှေထီးကမူ ထိုကိစ္စ ကို လုံးဝဂရုမထား။
“ရန်သူတပ်အား အရေးထားဂရုစိုက်ကြရန်မလို၊ ငါ၏ မင်္ဂလာတော်ကိုသာ ပြီးအောင်ဆောင်ရွက်ကြပြီးလျှင် ငါကိုယ်တော်တိုင် ရန်သူတပ်ကို ဖြိုဖျက်တော်မူမည်” ဟု ရဲရင့်စွာ မိန့်တော်မူသည်။

နားတော်ထွင်းပြီးသောအခါ ဆံတော်ကို ရှစ်ဦးဥသျှောင်အသစ်ထုံးခြင်းအမှုကို ပြုသည်။ မင်္ဂလာနှစ်ရပ်ပြီးစီးလျှင် ရွှေမော်ဓောစေတီတော်ကို ဦးခိုက်ကန်တော့ကာ ဆုတောင်းတော်မူသည်။
“တပည့်တော်သည် ငယ်စဉ်က ကြံရွယ်ရင်းရှိသည့်အတိုင်း အရှင်ဘုရား၏အရိပ်ကိုခို၍ နားထွင်းမင်္ဂလာတော်နှင့် ဥသျှောင်ထုံးမင်္ဂလာများကို အောင်မြင်စွာဆောင်ရွက်ပြီးမြောက်ခဲ့ရပါပြီ။ တပည့်တော်သည် မွန်သုံးရပ်ကို အုပ်စိုးနိုင်သည်ဖြစ်၍ ရွှေမော်ဓောအရှင်မြတ်အား အစဉ်မပြတ် ကိုးကွယ်ပူဇော်နိုင်သည့်ကိုယ် ဖြစ်ရပါလို၏ ဘုရား”

တပင်ရွှေထီးသည် ကိစ္စ များအားလုံး ပြီးမြောက်သည့်အခါ ရွှေမော်ဓောစေတီတော်ပေါ်မှ ပြန်၍ ဆင်းတော်မူပြီး၊ သတ္တရုဇေယျ မြင်းတော်ကိုစီးကာ လက်သုံးတော်ဓားကို ကိုင်လိုက်သည်။
ထို့နောက် . . .
“ငါကား တောင်ငူဘုရင် တပင်ရွှေထီး ဖြစ်သည်။ ငါနှင့်ဆိုင်၍ အဘယ်သူသည် စစ်ပြိုင်ဝံ့သနည်း၊ ကပ်ဝံ့က ကပ်ကြ” ဟု

ကြိမ်းတော်မူလိုက်ပြီးလျှင် မြင်းတော်ကို ဇက်ကုန်လွှတ်လျက် တစ်ဟုန်တည်းစိုင်းနင်းတော်မူသည်။ ကျော်ထင်နော်ရထာကလည်း တပင်ရွှေထီး၏ အပါးတော်မှ မခွာ။ မြင်းကို အတင်းနှင်၍ လိုက်သည်။ ကေတုမတီသူရဲကောင်းတို့စီးနင်းသည့် မြင်းငါးရာတို့ကလည်း တစ်ဟုန်တည်း အပြင်းနှင်ကြပြီး၊ ဘုရင်၏ နောက်တော်မှ လိုက်ကြလေ၏။ တပင်ရွှေထီးသည် မွန်တပ်များဝန်းရံထားသည့် နေရာကို အတင်းနင်၍ ထွက်တော်မူရာ မွန်စစ်သည်တို့ ကြောက်လန့်တကြားဖြစ်ကြကာ ဖရိုဖရဲဖြစ်ပြီး ရှောင်၍ ပေးလိုက်ကြရသည်။

သို့အားဖြင့် တပင်ရွှေထီးသည် မိမိဆန္ဒတော်များ အောင်မြင်တော်မူပြီးလျှင် နောက်ပါ သူရဲကောင်း ငါးရာတို့နှင့် အတူ ကေတုမတီ နေပြည်တော်သို့ ပြန်လည်ရောက်ရှိတော်မူလေသည်။

စာရေးသူ ကိုဟိန်းဇေ


အာနန္ဒာ ဗောဓိပင်သမိုင်း



တချိန်က မြတ်စွာဘုရား သာဝတ္ထိပြည်မွန် ဇေတဝန်ကျောင်းတော်မှာ ကိန်းအောင်းမွေ့လျော် သီတင်းသုံးတော်မူစဉ်တုန်းက၊ အမှန်တော့ သာဝတ္ထိပြည်မွန် ဇေတဝန်ကျောင်းဆိုတာ မြတ်စွာဘုရား အများဆုံး သီတင်းသုံးတဲ့ ကျောင်းတော်ကြီး ဖြစ်ပါတယ်။ သာဝတ္ထိမြို့ဟာလည်း မြတ်စွာဘုရား အများဆုံး သီတင်းသုံးတဲ့ မြို့တော်ကြီး ဖြစ်ပါတယ်။

ဇေတဝန်ကျောင်းတော်ကြီးရဲ့ ဒကာ အများကြားဖူးတဲ့ အနာထပိဏ်သူဌေးကြီး၊ အဲဒီ ဇေတဝန်ကျောင်းမှာ မြတ်စွာဘုရား သီတင်းသုံးတော်မူစဉ်တုန်းက၊ သီတင်းသုံးတယ်ဆိုပေမယ့် မြတ်စွာဘုရားဟာ ဘယ်ကျောင်းမှာမှ အမြဲ မနေနိုင်ပါဘူး။ သတ္တဝါများအတွက် တရားဟောဖို့ ဒေသစာရီ ကြွချီပြီးတော့ သွားနေရစမြဲပါ။အေးအေးချမ်းချမ်း အေးအေးဆေးဆေး ကျောင်းမှာထိုင်ပြီး သီတင်းသုံးနေတယ်ဆိုတာ အင်မတန်မှ နည်းပါတယ်။

ဇေတဝန်ကျောင်းတော်မှာ သီတင်းသုံးသော်လည်းပဲ ကျွတ်ထိုက်တဲ့ ဝေနေယျသတ္တဝါများ နေ့တိုင်းနေ့တိုင်း ဉာဏ်မျက်စိမှာ ဖြန့်ကြည့်ပြီးတော့ ဉာဏ်ထဲမှာ ကျွတ်ထိုက်တဲ့ ပုဂ္ဂိုလ်များ၊ ဘုရားရဲ့ ကျေးဇူးပြုခံထိုက်တဲ့ ပုဂ္ဂိုလ်များ ပေါ်လာတယ်ဆိုရင် ဘယ်လောက်ပဲ ဝေးဝေး၊ တယောက်တည်းဖြစ်ပါစေ ဆင်းရဲချမ်းသာမရွေး၊ အယုတ်အလတ် အမြတ်မရွေး ကြွရောက်ပြီးတော့ တရားဟောရတယ်။ တခါတရံလည်း နေ့ချင်းပြန်ပေါ့။ တခါတရံလည်း ရက်ရှည် ခရီးကြွနေရတာပဲ။

အဲဒီလို မြတ်စွာဘုရား သတ္တဝါများအတွက် တရားဟောဖို့ ခရီးဒေသစာရီ ကြွချီတဲ့အခါ မြို့ထဲမှာ ရှိတဲ့ ဒကာ ဒကာမတွေကတော့ နေ့တိုင်းနေ့တိုင်း ကျောင်းသို့ လာနေကျပါ။

ဘုရားရှိလည်း လာတာပဲ။ ဘုရားမရှိလည်း လာကြတာပဲ။
မနက်ပိုင်းလာလည်း မနက်ပိုင်း လှူဖွယ်တန်းဖွယ်တွေနဲ့။
နေ့လည်ပိုင်းလာလည်း နေ့လည်ပိုင်းအလျောက် လှူဒါန်းဖွယ်တွေနဲ့။
ညနေပိုင်းရောက်တော့လည်း ပန်းတို့ ဆီမီးတို့ စတဲ့ လှူဖွယ်တန်းဖွယ်တွေနဲ့ ကျောင်းလာကြတယ်။

အထူးအားဖြင့် မြတ်စွာဘုရားအား ပူဇော်ဖို့ ဖူးဖို့ဆိုပြီးတော့ ပန်းစသည် ယူပြီးတော့ ဒကာ ဒကာမတွေ ဇေတဝန်ကျောင်းလာကြတော့ မြတ်စွာဘုရား ဒေသစာရီ ကြွချီခိုက်နဲ့ ကြုံကြိုက်တဲ့အခါမှာ ဘုရားနှင့် မတွေ့ကြရဘူး။
သူတို့ ရည်ရွယ်ချက်က ဘုရားပူဇော်မယ်ဆိုတဲ့ ရည်ရွယ်ချက်နှင့် ပန်းစသည် လှူဒါန်းဖွယ်မျိုးစုံ ယူလာကြတယ်။ လှူဖို့ ယူလာကြတယ်။

ကျောင်းရောက်တော့ ဘုရားနဲ့ မတွေ့တော့ စိတ်ထဲမှာ ဟာခနဲ ဖြစ်သွားကြတယ်။ စိတ်ထဲမှာ ဟာခနဲဖြစ်တော့ ဘုရားကို ပူဇော်ဖို့ ယူခဲ့တာ ဘုရားနှင့်က မတွေ့၊ ဘုရားကိုယ်စား ဘယ်အနား သွားပူဇော်ရမယ်လို့လည်း အသိတရားက မရှိသေး။

ဒီလိုဆိုတော့ ယူလာခဲ့တဲ့ ပန်းစတဲ့ လှူတန်းဖွယ်တွေကို မြတ်စွာဘုရား သီတင်းသုံးတဲ့ ဂန္ဓာကုဋိကျောင်းတံခါးဝနား စွန့်ထားခဲ့ပြီးတော့ အားငယ်တဲ့စိတ်ကလေးတွေနဲ့ အိမ်ပြန်,ပြန်သွားကြရတယ်။ တစ်ခါ မဟုတ်ဘူး၊ နှစ်ခါ မဟုတ်ဘူး။ အကြိမ်ကြိမ်ပဲ အဲဒီလို ဖြစ်ကြတယ်။ ဘုရားကလည်း ကျောင်းမှာ အမြဲတမ်း သီတင်းသုံးနေနိုင်တာ မဟုတ်ဘူး။ ဒေသစာရီ ကြွချီရတာက အများကြီး။

အဲဒီလို ဘုရား ဒေသစာရီ ကြွချီခိုက်နဲ့ ကြုံရတဲ့အခါများမှာ ဘုရားဖူးလာတဲ့ ပုဂ္ဂိုလ်တွေ၊ ဘုရားနှင့် မတွေ့ကြရတော့ အားငယ်ကြတယ်တဲ့။ဆောက်တည်ရာ မရှိသလိုလို ကိုးကွယ်ရာ မရှိသလိုလို အဲလို ဖြစ်ကြတယ်။ လှူဖို့တန်းဖို့ ယူခဲ့ကြတဲ့ ပန်းစတဲ့ လှူဒါန်းဖွယ်များကိုလည်းပဲ ပူဇော်စရာ နေရာက မသိသေးတော့ ဂန္ဓကုဋိကျောင်းတံခါးဝ စသည်မှာ ပစ်ထားခဲ့ကြတယ် တဲ့။

အဲဒါနဲ့ မြတ်စွာဘုရား ဒေသစာရီ ကြွချီရာက ပြန်လာတဲ့အခါ အရှင်အာနန္ဒာလည်း ပါလာတယ်။ ဘုရားကြွသွားရင် အရှင်အာနန္ဒာလည်း လိုက်သွားရသဖြင့် ဘုရားပြန်ကြွလာရင် အရှင်အာနန္ဒာလည်း ပါလာစမြဲ။ ဒီတော့ ဒကာ ဒကာမတွေက ဒီအကြောင်းကို ပဓာနကျောင်းဒကာကြီးဖြစ်တဲ့ အနာထပိဏ်သူဌေးကြီးကို ပြောကြတာပေါ့။

မြတ်စွာဘုရားဖူးဖို့ မြတ်စွာဘုရားထံ လှူဖို့တန်းဖို့ ပူဇော်ဖို့ သွားတဲ့အခါ ဘုရားနဲ့ မတွေ့ရလို့ အားငယ်တဲ့အကြောင်း၊ ပူဇော်စရာ မတွေ့လို့ ပန်းစသည်ကို ဂန္ဓကုဋိကျောင်းတံခါးမှာ စွန့်ပစ်ထားခဲ့ရတဲ့အကြောင်း၊ ဒါကြောင့် တကယ်လို့များ ဘုရားရှင် ဒေသစာရီ ကြွချီတဲ့အခါမှာ ဘုရားအား ပူဇော်စရာ ဘုရားကိုယ်စား ပူဇော်စရာလေးများ ရှိရင် ကောင်းမှာ၊ မြတ်စွာဘုရားအား လျှောက်ပေးပါဦးလို့ လူတွေက ကျောင်းဒကာ အနာထပိဏ်သူဌေးကြီးကို ပူဆာကြ ပြောကြတယ်။

အဲဒါနဲ့ မြတ်စွာဘုရား ဒေသစာရီ ကြွချီရာက ပြန်ကြွလာတဲ့အခါ အရှင်အာနန္ဒာလည်း ပါလာတော့ အရှင်အာနန္ဒာထံ သွားပြီးတော့ အနာထပိဏ်သူဌေးကြီးက လျှောက်တယ်။

အရှင်ဘုရား .. မြတ်စွာဘုရားက ဇေတဝန်ကျောင်း သီတင်းသုံးတယ်ဆိုပေမယ့် အမြဲတမ်း သီတင်းသုံးနိုင်တာ မဟုတ်တော့ သတ္တဝါများအတွက် တရားဟောဖို့ သွားရတယ်ဆိုတော့၊ မြတ်စွာဘုရား ဒေသစာရီ ကြွချီတဲ့အခါ ဟောဒီ ဇေတဝန်ကျောင်းထဲမှာ ဘုရားဆိတ်သုဉ်းသလိုပဲ ဖြစ်နေပါတယ်ဘုရား။ ဘုရားဖူးဖို့ လှူဖို့ တန်းဖို့ လာတဲ့ ပုဂ္ဂိုလ်များ ဘုရားနဲ့ မတွေ့တော့ အားငယ်ကြတယ် ဘုရား။ ဘုရားကိုယ်စား ကိုးကွယ်စရာကလည်း မရှိတော့ လှူဖို့ တန်းဖို့ ယူခဲ့တဲ့ ဥစ္စာတွေကို ဂန္ဓကုဋိကျောင်းတိုက်တံခါးနားမှာ ဒီအတိုင်းပဲ ချထားခဲ့ စွန့်ထားခဲ့ရတယ် ဘုရား။

ဒါကြောင့် မြတ်စွာဘုရားကို လျှောက်ပေးပါပေါ့။
ဘုရားမရှိတဲ့အခါ ဘုရားကိုယ်စား ကိုးကွယ်စရာ ပူဇော်စရာများ မြတ်စွာဘုရား မိန့်ကြားပေးပါဘုရား၊ ညွှန်ကြားပေးတော်မူပါဘုရား။
အဲဒီလို အရှင်ဘုရားက မြတ်စွာဘုရားကို လျှောက်ပေးပါဦးဘုရားလို့ ကျောင်းဒကာ အနာထပိဏ်သူဌေးကြီးက (အရှင်အာနန္ဒာ၊ လောကအပြောတော့ ဘုရားရဲ့ ကိုယ်ရေးအရာရှိပေါ့။ ဘုရားရဲ့ ကိုယ်ရေးအရာရှိလို့ ခေါ်ဆိုရမယ့်) အရှင်အာနန္ဒာကို လျှောက်တယ်။

အရှင်အာနန္ဒာကမြတ်စွာဘုရားထံ သွားလျှောက်တော့ အရှင်အာနန္ဒာက မေးခွန်းပဲ လျှောက်ပါတယ်။
“မြတ်စွာဘုရား၊ လောကမှာ စေတီဘယ်နှမျိုး ရှိပါသလဲ ဘုရား”
“သုံးမျိုးရှိတယ် အာနန္ဒာ”

သုံးမျိုးဆိုတာက ‘ဓမ္မစေတီ’မပါဘဲနဲ့ သုံးမျိုးပြောတာပါ။
တချို့နေရာမှာ လေးမျိုးဆိုတာက ‘ဓမ္မစေတီ’ထည့်ပြီးတော့ လေးမျိုးလို့ ပြောတာ။
အခု မြတ်စွာဘုရားက -
“သုံးမျိုးရှိတယ် အာနန္ဒာ”
“အဲဒီ သုံးမျိုးက ဘာတွေလဲဘုရား”
“သုံးမျိုးဆိုတာ ‘ပရိဘောဂစေတီ’၊ ‘ဥဒ္ဒိဿစေတီ’၊ ‘ဓာတုစေတီ’ပေါ့”

ဓာတုစေတီကို ‘သရီရစေတီ’လို့လည်း ခေါ်တယ်။
မြတ်စွာဘုရားရဲ့ ခန္ဓာကိုယ်မှ ဖြစ်ပေါ်လာသောကြောင့် ဓာတုစေတီကို သရီရစေတီလို့လည်း ခေါ်တယ်။
ဒါကြောင့် -
“ပရိဘောဂစေတီရယ်၊ ဥဒ္ဒိဿစေတီရယ်၊ ဓာတုစေတီရယ်လို့ သုံးမျိုးရှိတယ် အာနန္ဒာ၊ အဲဒီသုံးမျိုးရှိတယ် အာနန္ဒာ”

အဲဒီ သုံးမျိုးထဲမှာ ‘ဓမ္မစေတီ’ထည့်လိုက်ရင် စေတီလေးမျိုးဆိုတာ ပေါ်လာတယ်။
စေတီဆိုတာ ပါဠိလို ‘စေတိယ’။
စေတိယဆိုတာ မြတ်နိုးထိုက်တယ်၊ ပူဇော်ထိုက်တယ်၊ လေးစားထိုက်တယ်၊ မြတ်မြတ်နိုးနိုး အားကိုးထိုက်တယ် အဲဒါကို စေတီလို့ ခေါ်ပါတယ်။

အဲဒီ သုံးမျိုးရှိတယ်လို့ မြတ်စွာဘုရားက မိန့်ကြားတော့ အရှင်အာနန္ဒာက -
“မြတ်စွာဘုရား .. အဲဒီ စေတီသုံးမျိုးကို မြတ်စွာဘုရား သက်တော်ထင်ရှားရှိစဉ်မှာပဲ တည်လို့ ဖြစ်ပါသလား ဘုရား”လို့ အရှင်အာနန္ဒာက ပညာရှိပီပီ လျှောက်တယ်။
ဒကာ ဒကာမတွေက ဘယ်လို လျှောက်ခိုင်းလို့ဘုရား၊ အနာထပိဏ်သူဌေးကြီးက ဒီလိုလျှောက်ခိုင်းလို့ဘုရား တလုံးမှ မပြောဘူး။
ပညာရှိကြီးပီပီပဲ လိမ္မာပါးနပ်စွာ စေတီတည်လို့ ဖြစ်ပါမယ့်အကြောင်းကို လမ်းခင်းပြီးတော့ အရှင်အာနန္ဒာ လျှောက်နေပုံကလေး။

အဲဒီ စေတီသုံးမျိုး ပရိဘောဂစေတီ၊ ဥဒ္ဒိဿစေတီ၊ ဓာတုစေတီဆိုတဲ့ စေတီသုံးမျိုး။
“မြတ်စွာဘုရား သက်တော်ထင်ရှားရှိနေစဉ်မှာပဲ တည်လို့ ဖြစ်ပါသလားဘုရား”ဆိုတော့

“နှစ်မျိုးတည်လို့ ဖြစ်တယ် အာနန္ဒာ”

ဓာတုစေတီဆိုတာကတော့ ဘုရား ပရိနိဗ္ဗာန် စံမှပဲ တည်လို့ ဖြစ်တယ်။
ဓာတုစေတီဆိုတာ ဘုရားရဲ့ အရိုးဓာတ်တော်ကို ခေါ်တာ။
အရိုးဓာတ်တော်ဆိုတာကတော့ ဘုရားမရှိတဲ့နောက် ပရိနိဗ္ဗာန်စံပြီးမှပဲ ရမှာပေါ့။

ပရိဘောဂစေတီနဲ့ ဥဒ္ဒိဿစေတီဆိုတာကတော့ ငါဘုရား သက်တော်ထင်ရှားရှိနေစဉ်မှာပဲ တည်လို့ ဖြစ်ပါတယ် အာနန္ဒာဆိုတော့ အရှင်အာနန္ဒာက ဒီလိုဆို မြတ်စွာဘုရား၊ မြတ်စွာဘုရား သက်တော်ထင်ရှားရှိနေစဉ်မှာပဲ ပရိဘောဂစေတီနှင့် ဥဒ္ဒိဿစေတီ တည်လို့ဖြစ်တယ်ဆိုရင် တပည့်တော် စေတီတည်ချင်ပါတယ်ဘုရား ဆိုတော့ -

မြတ်စွာဘုရားက ပရိဘောဂစေတီဆိုတာ ငါဘုရား အသုံးအဆောင် သဗ္ဗညုတရွှေဉာဏ်ကို ထိုးထွင်း၍ သိရာဖြစ်တဲ့ ဗောဓိပင်ပေါ့။

ဗောဓိပင်လို့ ပြောလိုက်ရင် သပိတ်တော်တို့၊ သင်္ကန်းတော်တို့ စတဲ့ ဘုရား အသုံးအဆောင်၊ ပြီးတော့ စေတီကြီးတွေပေါ့။
မြေပေါက်စေတီဆိုတာ အမှန်တော့ ဘုရားရဲ့ သီတင်းသုံးရာ ကျောင်းဆောင်ကြီးတွေပါ။
ကျောင်းဆောင်ကြီးတွေဆိုတာကလည်း အသုံးအဆောင်တွေမို့လို့ ပရိဘောဂစေတီပဲ။
စေတီကြီးတွေမှန်သမျှအားလုံး ဘုရားရဲ့ သီတင်းသုံးရာ အုတ်ဂူ၊ အုတ်ကျောင်းကြီးများသဖွယ် တည်ဆောက်ထားတာ ဖြစ်သောကြောင့် ပရိဘောဂစေတီအရာမှာ တည်တယ်။
ဗောဓိပင်တို့ဆိုတာလည်းပဲ မြတ်စွာဘုရားရဲ့ အသုံးအဆောင် ပရိဘောဂစေတီလို့ပဲ ခေါ်တယ်။
ဘုရားရဲ့ အသုံးအဆောင် သပိတ်တော်တို့၊ သင်္ကန်းတော်တို့ စတဲ့ ဥစ္စာအားလုံး၊ အသုံးအဆောင်အားလုံးကို ပရိဘောဂစေတီ။

ဒါကြောင့် -
“ငါဘုရား သဗ္ဗညုတဉာဏ် ထိုးထွင်းသိရာဖြစ်တဲ့ ဗောဓိပင်ဆိုတာ ပရိဘောဂစေတီပဲ ချစ်သား အာနန္ဒာ”

ဥဒ္ဒိဿစေတီဆိုတာကတော့ ငါဘုရားရဲ့ ဂုဏ်တော်ကို အာရုံပြုပြီးတော့ ကြည်ညိုမြတ်နိုးစွာ ကိုးကွယ်ရတဲ့ အလုပ်ပါ။
အဓိကတော့ အာရုံပြုတတ်ဖို့ စိတ်အားထက်သန်ဖို့သာ ပဓာနပါ။

အဲဒီလိုဆိုတော့ မြတ်စွာဘုရား အဲလို မိန့်ကြားတော်မူတော့ အရှင်အာနန္ဒာက အဲလိုဆိုလို့ရှိရင် တပည့်တော် ဟောဟိုက ဇေတဝန်ကျောင်းတံခါးပေါက်မှာ မြတ်စွာဘုရား သဗ္ဗညုတဉာဏ်ကို ထိုးထွင်းသိမြင်ရာဖြစ်တဲ့ မဟာဗောဓိပင်က ဗောဓိစေ့ကို ယူပြီးတော့ ဗောဓိပင် စိုက်ပျိုးချင်ပါတယ် ဘုရား တဲ့။

မြတ်စွာဘုရား ကျောင်းမှာ မရှိတဲ့အခါမှာ ဒကာ ဒကာမတွေ ပူဇော်ဖို့ လာတဲ့အခါမှာ မြတ်စွာဘုရားနဲ့ မတွေ့တော့ ပူဇောစရာနေရာ မတွေ့တော့ အားငယ်ကြတယ် ဘုရား။
ဒါကြောင့် မြတ်စွာဘုရား မရှိတဲ့အခိုက် ဒကာ ဒကာမတွေ ပူဇော်ဖို့ လှူတန်းဖို့ လာကြတဲ့အခါ ပူဇော်စရာ လှူတန်းစရာ ဘုရားကို အာရုံပြု ပူဇော်လှူတန်းစရာအဖြစ်ဖြင့် ရအောင် ပရိဘောဂစေတီအဖြစ် ဇေတဝန်ကျောင်းတံခါးပေါက်မှာ ဗောဓိပင် စိုက်ချင်တယ်ဘုရား၊ ဗောဓိပင်ကလည်း မြတ်စွာဘုရား သဗ္ဗညုတဉာဏ်ကို ထိုးထွင်း၍ သိရာဖြစ်တဲ့ မဟာဗောဓိပင်က ဗောဓိညောင်စေ့ကို ယူပြီးတော့ စိုက်ပျိုးမှာပါဘုရားလို့ အရှင်အာနန္ဒာက လျှောက်တော့ မြတ်စွာဘုရားက -

ကောင်းတာပေါ့ အာနန္ဒာ၊ ဇေတဝန်ကျောင်း တံခါးပေါက်မှာ ဗောဓိပင်ကြီး စိုက်ပျိုးလိုက်တော့ ဟောဒီ ဇေတဝန်ကျောင်းကြီးဟာ ငါဘုရား အမြဲသီတင်းသုံးသလို ဖြစ်သွားမှာပေါ့။
ဒီဇေတဝန်ကျောင်းထဲမှာ ငါဘုရား အမြဲသီတင်းသုံးနေသလို ဖြစ်တော့မှာ။
လာသမျှလူတွေ လှူဖို့တန်းဖို့ ပူဇော်ဖို့ အားကိုးဖို့ လာကြတဲ့ ပုဂ္ဂိုလ်အားလုံး ဘုရားရဲ့ဂုဏ် အာရုံပြုပြီးတော့ လှူကြတန်းကြ ပူဇော်ကြမယ်ဆိုရင် ကုသိုလ်တွေ ပွားကြမှာပေါ့။
ငါဘုရားနဲ့ အမြဲတွေ့နေသလိုပဲ နေမှာပေါ့ အာနန္ဒာ။
ဘုရားက ကောင်းတယ်လို့ ထောက်ခံတယ်။ ခွင့်လည်း ပြုတယ်။

အဲဒီ အကြောင်းအရာကို အရှင်အာနန္ဒာက ပသေနဒီကောသလမင်းကြီးထံလည်း အကြောင်းကြားတယ်။
ကျောင်းဒကာ အနာထပိဏ်သူဌေးကြီးထံလည်း အကြောင်းကြားတယ်။
ပုပ္ဖါရုံကျောင်းအမကြီး ဝိသာခါထံလည်း အကြောင်းကြားတယ်။
ဒီအပြင် အရေးပါ အရာရောက်တဲ့ ဒကာ ဒကာမတွေထံလည်း အကြောင်းကြားတယ်။

ပြီးတော့ အရှင်အာနန္ဒာက အရှင်မဟာမောဂ္ဂလာန်ထံ သွားအကူအညီတောင်း။
“အရှင်ဘုရား .. တပည့်တော် ဇေတဝန်ကျောင်းတံခါးပေါက်မှာ ဗောဓိပင် စိုက်ပျိုးချင်တယ် ဘုရား၊ အရှင်ဘုရားရဲ့ တန်ခိုးနှင့် မဟာဗောဓိပင်က ဗောဓိညောင်စေ့ရအောင် ဆောင်ရွက်ပေးတော်မူစေချင်ပါတယ်ဘုရား” ဆိုတော့ -

အရှင်မဟာမောဂ္ဂလာန်က “ဟာ လွယ်ပါတယ် အာနန္ဒာ၊ ဗောဓိညောင်စေ့ရဖို့ မခက်ပါဘူး၊ ငါ တာဝန်ယူပါတယ်” ဆိုပြီးတော့ အရှင်မဟာမောဂ္ဂလာန်က တန်ခိုးနဲ့ ကောင်းကင်ခရီးကနေ မြတ်စွာဘုရား ပွင့်ခဲ့တဲ့ မဟာဗောဓိပင်ကို ကြွ၊ အဲဒီကို ကြွပြီးတော့ ဗောဓိညောင်သီးတစ်လုံးဟာ အညှာကနေ ကြွေကျခိုက် အရှင်မဟာမောဂ္ဂလာန်က ဟိုအောက်က မြေကြီးပေါ် မရောက်မီ ကြွေကျလျှင် ကြွေကျချင်း သင်္ကန်းနဲ့ လှမ်းခံယူလိုက်တယ်။

သင်္ကန်းနဲ့ လှမ်းခံယူပြီးတော့ ကောင်းကင်ခရီးနဲ့ပဲ ဇေတဝန်ကျောင်းကို ပြန်ကြွခဲ့တယ်။
ဗောဓိညောင်သီးတစ်လုံး ပါလာခဲ့တယ်။

အဲဒီထဲမှာ ညောင်စေ့တွေ မျိုးစေ့တွေ ပါလာတယ်ပေါ့။
အရှင်အာနန္ဒာက ဒကာ ဒကာမတွေ အသိပေးပြီးတော့ စေခိုင်းသင့်တဲ့ ပုဂ္ဂိုလ်များကို ကျောင်းတံခါးပေါက်မှာ မြေရှင်း၊ တွင်းများတူးခိုင်းပေါ့။
အားလုံး ကိစ္စပြီးပြီဆိုတဲ့အခါမှာ ရွှေပေါင်းချောင်ထဲမှာ နံ့သာနဲ့ထုံထားတဲ့ မြေများ ထည့်ပြီးတော့ အဲဒီ ဗောဓိညောင်စေ့များကို ချပြီးတော့ ပသေနဒီကောသလမင်းကြီးကို စိုက်ပျိုးခိုင်း။ ပသေနဒီကောသလမင်းကြီးကလည်း ကျောင်းဒကာ အနာထပိဏ်သူဌေးကြီးလက်ထဲ လွှဲ။

အနာထပိဏ်သူဌေးကြီးက ဗောဓိညောင်စေ့ကို အဲဒီထဲမှာ ကြဲချ စိုက်ပျိုးလိုက်တယ်ဆိုရင်ပဲ အံ့သြစရာကောင်းလောက်အောင်တဲ့ ဗောဓိညောင်ပင်ကြီး ဘွားခနဲဆို ချက်ချင်း ပေါ်ပေါက်လာသတဲ့။

စေတနာအားတွေ၊ သဒ္ဓါအားတွေ၊ တန်ခိုးအားတွေ အကုန်လုံးပေါ့။ နှလုံးသာ တရားတည်ဆိုတဲ့အတိုင်း ဘုရားယုံကြည်မှုက သိပ်အားကောင်း၊ တရားယုံကြည်မှုက သိပ်အားကောင်း၊ စွမ်းအားတွေက အင်မတန် အားကောင်းလွန်းလို့ ယုံနိုင်စရာ မရှိဘူးတဲ့။

တခါတည်း ဘွားခနဲဆို ဗောဓိညောင်ပင်ကြီး ချက်ချင်း ထပေါက်လာ။
ပေါက်လိုက်တာ အထက်ကို အတောင်ငါးဆယ်၊ ဘေးလေးဖက်လေးတန်ကိုလည်း အတောင်ငါးဆယ်၊ အကိုင်းအခက်တွေ တခါတည်း ရှုမငြီး အံ့မခန်းနိုင်လောက်အောင် ဗောဓိပင်ကြီး ဘွားခနဲ ပေါက်လာသတဲ့။

အဲဒါနဲ့ အရှင်အာနန္ဒာက ဘုရားထံ သွားလျှောက် -
“ဗောဓိပင် စိုက်ပျိုးပြီးပါပြီ ဘုရား၊ အဲဒီ ဗောဓိပင်မှာ မြတ်စွာဘုရား ဖလသမာပတ် ဝင်စားတော်မူပါဘုရား၊ အသုံးချတော်မူပါ ဘုရား” ဆိုတော့ မြတ်စွာဘုရားလည်း အဲဒီ စိုက်ပျိုးထားတဲ့ ဗောဓိပင်အောက်သွား။ အဲဒီမှာပဲ တစ်ညလုံး ဖလသမာပတ်ဝင်စားပြီးတော့ အသုံးချတော်မူတယ်။ ပရိဘောဂစေတီပေါ့။

အရှင်အာနန္ဒာကို အကြောင်းပြုပြီးတော့ စိုက်ပျိုးတဲ့ ဗောဓိပင်ဖြစ်လို့
“အာနန္ဒာဗောဓိ”လို့ အဲလို ခေါ်တယ်။

အဲလိုဆိုရင် ဘုရားဂုဏ်ကို အာရုံပြုတာ အဓိကပါ။
အဓိကအားဖြင့် နှလုံးသားမှာ တရားတည်တာပါ။ နှလုံးသား တရားတည်တဲ့ စွမ်းအားကြောင့်မို့လို့ ဇေတဝန်ကျောင်းတံခါးပေါက်မှာ ဘုရားကိုယ်စား ဘုရားရဲ့ အသုံးအဆောင် မဟာဗောဓိပင်မှ အပွားဖြစ်တဲ့ ဗောဓိပင်ဆိုတာ ပေါ်လာရတယ်။ဘုရားကိုယ်တိုင် ခွင့်ပြုထားတယ်။

ဒါကြောင့် စေတီဆိုတာ ဘုရားရှိကတည်းက ပေါ်လာတဲ့ ဥစ္စာပါ။
ဘုရားကိုယ်တိုင်လည်း ခွင့်ပြုထားတယ်။ကောင်းတယ်တဲ့။
ငါဘုရား မရှိတဲ့နောက် ငါဘုရား မရှိတဲ့အခါ ငါဘုရားကိုယ်စား ဖြစ်တာပေါ့။
ဘုရားကို အာရုံပြု ပူဇော်ရင် တကယ့်ဘုရားနဲ့ တွေ့ရသလိုပဲ ပူဇော်ရသလို အကျိုးဟာ ရပါတယ်လို့ ဘုရားကလည်းပဲ ချီးမွှမ်းဂုဏ်တင်ထားတာပဲ။

(တိပိဋကဓရ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ သိရိန္ဒာဘိဝံသ, ယောဆရာတော် ၏ ၁၉၉၈-ခုနှစ် ဖေဖော်ဝါရီလတွင် ပထမအကြိမ် ထုတ်ဝေသည့်
“နှလုံးသားဝယ် ဘုရားတည် - ဓမ္မစာစုများ အမှတ် (၁)” စာအုပ် မှ)
Posted by LokaChantha

Translate

သုခအောင် (စာအုပ်စင်)သို့ လာရောက်လည်ပတ်ကြကုန်သောမိတ်ဆွေအားလုံးကိုအထူးကျေးဇူးတင်ပါတယ်၊ အကြံပေးချက်ကို ကြိုဆိုလျက်ပါ။ ဖုန်း- 09-400700358/09-760136274 သို့ဆက်သွယ်အကြံပြုနိုင်ပါတယ်။

Followers