လူတိုင်း ပိုမိုနားလည် လွယ်ကူစေမယ့် အဖြေက
ဗုဒ္ဓဘာသာဆိုတာ
“အကြောင်းနဲ့ အကျိုး ကို ဆက်စပ်ပြတာ”လို့
ဖြေရမှာ ဖြစ်ပါတယ်။
ဗုဒ္ဓဘာသာမှာ ဗုဒ္ဓကိုယ်တိုင် ဥာဏ်အလင်းကို စပြီးရခဲ့တဲ့အချိန်ကရော၊
နောက်တပည့်သာဝကတွေ သစ္စာတရားကို နား လည်သွားတဲ့အခါမှာပါ
ဥာဏ်မှာထင်လာတဲ့ စကားလေး တစ်ခုရှိပါတယ်၊
“ဣမသ္မိံ သတိ ဣဒံ ဟောတိ၊ ဣမသ္မ္ပ္ပိံ အသတိ ဣဒံ န ဟောတိ
(ဒီဟာ ဖြစ်ရင် ဒါဖြစ်မယ်၊
ဒါဖြစ်မလာခဲ့ရင် ဒါဖြစ်လာစရာ အကြောင်း မရှိဘူး)” ဆိုတဲ့ စကားပါ။
အကြောင်းဆိုရင်လည်း ပေါ်ယံအကျဆုံးအကြောင်းကနေ
အကြောင်းရဲ့ အကြောင်းရင်း စသည် နဂိုမူလဇာတ်မြစ်အထိ အဆက်ဆက်၊
အကျိုးဆိုရင်လည်း အကျိုးရင်းအကျိုးဖျား ခွဲခြားရုံသာမက
ဆိုးကျိုးထင်ရတဲ့အရာဟာ တကယ့်ဆိုးကျိုး ဟုတ်မဟုတ်၊
အကောင်းလို့ သတ်မှတ်ထားသမျှလည်း
တကယ်ကောင်းတာ သေချာမသေချာ၊
ဆိုးတဲ့အကျိုးရဲ့ ဇာစ်မြစ်ကို ဖယ်ရှားဖို့ အားထုတ်ခြင်း၊
ကောင်းတာရဲ့ အကြောင်းရင်းတွေကို
အထပ်ထပ် လုပ်ဆောင်ခြင်းတွေ အထိပါဝင်သွားပါတယ်။
=================================
အားပေးမှုကို ကျေးဇူးတင်ပါတယ် ဒီမှာ သွားလိုက်နော်။
0 comments:
Post a Comment