Translate

သုခအောင် (စာအုပ်စင်)သို့ လာရောက်လည်ပတ်ကြကုန်သောမိတ်ဆွေအားလုံးကိုအထူးကျေးဇူးတင်ပါတယ်၊ အကြံပေးချက်ကို ကြိုဆိုလျက်ပါ။ ဖုန်း- 09-400700358 /09-775784434 သို့ဆက်သွယ်အကြံပြုနိုင်ပါတယ်ခင်ဗျာ။

Oct 29, 2016

ပျူနိုင်ငံ




ထိုင်းလင်း ခေါ် ယိုးဒယားရှမ်း များဝင်ရောက် မလာမှီ ယခု ထိုင်းလင်း ခေါ် ယိုးဒယားနိုင်ငံ တွင် အရှေ့  အာရှ တိုက်တောင်ပိုင်း အင်ဒိုချိုင်းနား ကျွန်းဆွယ် မဲနံမြစ်ဝှမ်း တ၀ိုက် တလျောက် ကြီးကျယ် ကောင်းစား ခဲ့ သည့် ခမာ လူမျိုးများ ၏ ကမ္ဗောဒီးယားနိုင်ငံ ခေါ် ကမ္ဗောဇ နိုင်ငံတော်ကြီး ရှိ ခဲ့ သကဲ့ သို့ ၃ရာစု မတိုင်မှီက ဗီ ယက်နန် ဘက် တွင် စမ္ပပြည် များ တည်ရှိခဲ့သည် ကို ရှေးဟောင်းမြို့ ပျက် များ ၊ အဆောက်အဦး များ ၊ ရှေး ဟောင်း ကျောက်စာ များ တူး ဖေါ်တွေ့ ရှိခဲ့သည်၊ မွန်ရာဇ၀င်ဟောင်းများ ၌ မဲနံမြစ်ဝှမ်း မြောက်ပိုင်း ဒေသ အား ယောနကတိုင်း ဟရိပုဉ္စပြည် ၊ တောင်ပိုင်းဒေသ အား အယုဇ္ဈယတိုင်း ဒွါရာဝတီပြည်ဟု ဖေါ်ပြထားသည်။

ထို အချိန်ကာလ တွင် ထိုင်းရှမ်းများသည် တရုတ်ပြည်ယူနန်နယ် တွင် နန်ချို နိုင်ငံ အားတည်ထောင် ၍ တ ရုတ် ဧကရာဇ် အား လက်ဆောင် ဆက်သရသည့် တရုတ် လက်အောက်ခံ တိုင်းပြည်ဖြစ်သည်။ ပျူ လူ မျိုးများ နှင့် ပတ်သက်သည့် သမိုင်းဝင် တရုတ် စာပေ ထန် ရာဇ၀င်ဟောင်း များမှ ကောက် နုတ် ဖေါ်ပြ ရလျှင် ပျူ လူမျိုး များ အား ၄ ရာစုလောက် က ပင် များစွာ တိုးတက် ယဉ်ကျေးသည့် လူမျိုး တမျိုး ဖြစ်ပြီး ၈ ရာစု လောက် တွင်ကြီးကျယ် ခန်းနား အံ့သြဖွယ် ရာ မြို့ ကြီး ၅ မြို့  နှင့် ပြည်နယ် ကလေးပေါင်း ၁၈ နယ်မျှရှိ ကြောင်း ဘုရင်မင်း ၏ အမည် ကား မဟာရာဇာ တည်း ။ အမတ်ချုပ် အမည် က မဟာသေနတည်း။
မင်းကြီး မဟာရာဇာသည် ခရီး တို သွားသည့် အခါ ရွှေ ကြိုးခတ် သည့် ထမ်းစင်စီးပြီး ခရီးရှည်သွား လျှင် ဆင် စီး သည် မိဖုရား မောင်းမ တရာ ကျော် ရှိ သည်၊ မြို့ တော် တံတိုင်း ၀န်းကျင်အား စဥ့်အုတ်နှင့်စီထားသည်။

ကျုံး ကမ်းပါး ကို အုတ်စီသည်။ တံတိုင်း အတွင်း ၌ သောင်းပေါင်းများ စွာသော မိသားစု များ နေထိုင်ကြပြီး ဗုဒ္ဓ ဘာသာဘုန်းကြီး ကျောင်း တရာကျော် ရှိသည်။ ကျောင်း ပရ၀ုဏ် က အစ အခန်းများပါ ရွှေငွေ မွမ်း မံ ၍ အနီ အ၀ါ စသည့် တောက်ပသည့်ဆေးများ ရေးခြယ်ထားသည်။

ချိတ်ရောင်ခံ ဆေးသုတ်၍ ပန်းထိုး ကော်ဇောများဖြင့် ဖုံးလွှမ်းထားသည်။ လူ အများ သည် မေတ္တာရှေ့ ထားပြီး သတ္တ၀ါ အများ ကို သတ်ဖြတ်ညှင်းဆဲ ရန် ၀န်လေးသည်။ မာန်မာန နှိမ့်ချ ၍ရည်မွန်သည်ကိုတန်ဘိုးထားသည်။
စကားအပြောအဆိုနည်း၏ ဗေဒင်ဆရာပေါသည်။ ဤ မျှကြီးကျယ် ထင်ရှားသည့် ပျူလူမျိုးများ သည် ၉ ရာစု လောက်တွင် နန် ချို ရှမ်းများ ၏ ပြင်းပြင်းထန်ထန် တိုက်ခိုက် ဖျက်ဆီးမှု ကို ခံ လိုက်ကြ ရသဖြင့် ပျူ လူ မျိုး များ တည်ထောင်ခဲ့ သည့်မြို့ ပြ ပြည်နယ် များသည် ပျက် စီးသွား ခဲ့ရသည်။ ထို့ အတူ လူမျိုး တမျိုး အဖြစ် ရပ် တည်နိုင်ခြင်း မရှိတော့ ပဲ ကစဥ့် ကလျား ဖြစ်သွားရ တော့ သည်။

ပျူလူမျိုးများနှင့် ပတ်သက်၍ သမိုင်းပညာရှင်များအတွင်း မတူကွဲပြား 
ရှုတ်ထွေးလျက်ရှိသော ပြ သနာ တရပ်ကို အကျဉ်းသင့်၍ ဖေါ်ပြလိုပေသည်။ 
ယင်းမှာ အချို့ သမိုင်းပညာရှင်များက ပျူလူမျိုးတို့သည် တိ ဗက် အနွယ်ဖြစ်သည်။ 
သို့ မဟုတ် ထိုင်ရှမ်းအနွယ်ဖြစ်သည်။ ပျူလူမျိုးများသည် တရုတ်ပြည် ယူနန်နယ်နှင့် စုချန် နယ်များမှ လာသည်။ သို့ မဟုတ် အိန္ဒိယမှလာသည်။ စသည်ဖြင့် ကွဲပြားကြသည်။

ယင်းပြသနာမှာ မနုသဗေဒ ဘာသာ ဝေါဟာရ နှင့်လူမျိုးရေးဆိုင်ရာ ပညာရပ်များနှင့် 
အများဆုံး သက်ဆိုင်လိမ့်မည် ဖြစ်လျက် သမိုင်းရေးရာ ပြသနာ အနေနှင့်ကား
ယေဘူယျ အနေမျှ လောက်သာ အကြုံးဝင် လိမ့်မည်ထင်ပါသည်။

မြန်မာနိုင်ငံသမိုင်းကို လေ့လာရာတွင် စဉ်းစားရုံမျှသာ ထည့်သွင်းဖေါ်ပြ 
လိုက်ခြင်းဖြစ်ပါသည်။ သို့ ရာတွင် ပုဂံမင်းဆက်များ အနက် ထင် ရှားသည့် 
ကျန်စစ်သားမင်းကို ရည်စူး၍ ၄င်း၏ သားတော် ရာဇကုမာရမင်းသား
ရေးထိုးစိုက်ထူခဲ့သော မြ စေတီ ကျောက်စာပါ ပျူစာအရေးအသားကို ထောက်၍ 
ပုဂံခေတ်သို့ တိုင်အောင် ပျူလူမျိုးများသည် သီးခြား လူ မျိုးတမျိုး အဖြစ်ဖြင့်
ရပ်တည်လျက်ရှိနေတုံး ဖြစ်လိမ့်မည်ဟု ယူဆရန် ရှိသည်။

ပုဂံခေတ်နောက်ပိုင်း တွင်ကား ပျူလူမျိုးများ အကြောင်းအရာနှင့် ပတ်သက်၍ 
ရည်ညွှန်း ဖေါ်ပြသော မည်သည့် အထောက်အထားမျှ မတွေ့ရှိ 
သီးခြားလူမျိုး တမျိုးအဖြစ်မှ ရပ်စဲကာ မြန်မာလူမျိုးများနှင့် အပြီးအပိုင်
ရောယှက်ပေါင်းစပ်၍ လူမျိုးတမျိုးတည်း ဖြစ်သွားပြီဟု ယူဆရန်သာရှိသည်။

ကျမ်းကိုး
မိတ်ဆိနာ-ခေတ်ဦးဖုနန်-ဖန်-ပျူ နှင့်ရခိုင်ယိုးဒယားသင်းဂျာနယ်။
ဒေါက်တာသန်းထွန်း ၏ ပျူတွေဘယ်ပျောက်သွားသလဲ
ဖန်ချုံ ( တရုတ်ရာဇဝင်ဆရာကြီး )
ထန်တရုတ်မှတ်တမ်းဟောင်းများ
ရှေးဟောင်းမြန်မာခေတ်ဦး ပုဂံ နယူးယောက်။ ဂျေဂျေအော်စတင်။ -၁၉၆၉ လုစ်
အရှေ့တောင်အာရှရာဇ၀င်၊ ဟော-၁၉၅၅
မြန်မာရာဇ၀င် (ဟာဗေး ၁၉၂၅)
$=================$


0 comments:

Post a Comment

Translate

သုခအောင် (စာအုပ်စင်)သို့ လာရောက်လည်ပတ်ကြကုန်သောမိတ်ဆွေအားလုံးကိုအထူးကျေးဇူးတင်ပါတယ်၊ အကြံပေးချက်ကို ကြိုဆိုလျက်ပါ။ ဖုန်း- 09-400700358/09-760136274 သို့ဆက်သွယ်အကြံပြုနိုင်ပါတယ်။

Followers