Translate

သုခအောင် (စာအုပ်စင်)သို့ လာရောက်လည်ပတ်ကြကုန်သောမိတ်ဆွေအားလုံးကိုအထူးကျေးဇူးတင်ပါတယ်၊ အကြံပေးချက်ကို ကြိုဆိုလျက်ပါ။ ဖုန်း- 09-400700358 /09-775784434 သို့ဆက်သွယ်အကြံပြုနိုင်ပါတယ်ခင်ဗျာ။

Nov 25, 2016

ပါရမီထိုက်သော အလှူဖြစ်ပါစေ

"... ပါရမီထိုက်သော အလှူဖြစ်ပါစေ ..."
•••••••••••••••••••••••••••••••••

ဥပရိပဏ္ဏာသ ပါဠိတော်၊ ဒက္ခိဏ ဝိဘင်္ဂသုတ်တော်လာ
အလှူခံပုဂ္ဂိုလ် (၁၄)မျိုး

၁ . တိရစ္ဆာန် ။

၂ . ကိုယ်ကျင့်သီလ မရှိသောလူမိုက် ။

၃ . သီလရှိသော လူ၊ သူတော်ကောင်း ။

၎ . သာသနာပ အခါကာလ ကိလေသာ ကင်းအောင် ကျင့်နေ သော ရသေ့ ။

၅ . အရိယာပုဂ္ဂိုလ် (၈)ယောက် ။

၆ . ပစ္စေကဗုဒ္ဓ ခေါ် ဘုရားငယ် (သီးခြားဘုရား) ။

၇ . သမ္မာသမ္ဗုဒ္ဓ ဘုရားရှင် - ဆိုပြီး ခွဲခြား ပြသတော် မူခဲ့ပါတယ် ။

★ ဒီအလှူခံပုဂ္ဂိုလ်(၁၄)ဦးမှာ တိရစ္ဆာန် တစ်ကောင်ကို ကျွေးမွေးလှူဒါန်းရင် ဘဝတစ်ရာ ချမ်းသာတဲ့ ကောင်းကျိုးတွေ ရနိုင်တယ်လို့ မိန့်ပါတယ် ။ ဒါကြောင့် ခွေးလေး၊ ကြောင်လေး တွေကို အစာကျွေး တဲ့အခါ အစာခွက်ကို သေချာ ပြောင်အောင် ဆေးပြီးတော့ လူတစ်ယောက်ကို ကျွေးသလိုမျိုး မြတ်မြတ် နိုးနိုး ကျွေးဖို့ လိုအပ်ပါတယ် ။

★ နောက်တစ်ခုက ကိုယ်ကျင့်သီလမရှိတဲ့ လူမိုက်ကိုလည်း ကျွေးပါ၊ ပေးပါတဲ့။ သူကို ကျွေးရင်ပေးရင် ဘဝတစ်ထောင် ချမ်းသာတဲ့ ကောင်းကျိုးတွေရနိုင်ပါတယ် ။

★ သီလရှိတဲ့ လူ၊ သူတော်ကောင်းကို ပေးလှူရင် ဘဝတစ်သောင်း ချမ်းသာတဲ့ ကောင်းကျိုးတွေ ရရှိနိုင်ပြီး ။

★ သာသနာပ ကာလမှာ ကိလေသာ ကင်းအောင် တရားကျင့်တဲ့ ရသေ့ကို ပေးလှူရင် ဘ၀ပေါင်း ကုဋေတစ်သိန်း ချမ်းသာတဲ့ ကောင်းကျိုးတွေ ရနိုင်ပါတယ် ။

★ အရိယာပုဂ္ဂိုလ် (၈) ယောက်၊ ပစ္စေကဗုဒ္ဓ ခေါ် ဘုရားငယ်၊ သမ္မာသမ္ဗုဒ္ဓ ဘုရားရှင် ဒီ ၁၀ ဦး မှာတော့ ဘယ်သူ့ကို ပင့်လှူလှူ  ဘ၀ပေါင်း မည်မျှ ချမ်းသာမယ် လို့ ငါဘုရား အတတ်မဟောနိုင် ဟုမိန့်ပါတယ် ။
ပုထုဇဉ်ရဟန်း သံဃာတော် များဟာ သောတာပန် အရိယာထဲမှာ ပါတယ်လို့ သိနိုင်ပါတယ် ။

★ အလှူခံ ပုဂ္ဂိုလ်(၁၄) ဦး ရှိတဲ့အထဲမှာ ဘုရားရှင် ကိုယ်တော်မြတ်ကြီးက အကျိုးကြီးတဲ့ ဟာကို "ရွေးလှူဖို့စိတ်နဲ့ ဟောခဲ့တာ မဟုတ်ပါဘူး ။ အကျိုးကွာခြားပုံကို သိစေချင်လို့ " သာ ဟောခဲ့တာ ဖြစ်ပါတယ် ။★

ဒါနမှာ ပါရမီထိုက်သော ဒါနနဲ့ ပါရမီ မထိုက်သော ဒါနဆိုပြီး နှစ်မျိုးကွဲ သွားပုံကိုသိရင် ဘုရားရှင်ရဲ့ အလိုတော်ကို သိနိုင်ပါတယ် ။

ဥပမာတစ်ခုအနေနဲ့ ---
စာဖတ်သူရဲ့ရှေ့မှာ သာသနာပ ကာလ ဈာန်ရနေတဲ့ ရသေ့တစ်ပါးကို တွေ့နေပြီဆိုပါတော့ ။

တစ်ခါ ဟိုဖက်မှာလည်း ခွေးလေး တစ်ကောင်ဟာ အစာငတ်ပြီးတော့ လမ်းဘေးမှာ လဲနေပါတယ် ။

- အလှူခံပုဂ္ဂိုလ် နှစ်မျိုးကို တွေ့နေရပါပြီ ။

- ဈာန်ရနေတဲ့ ရသေ့ကိုလှူရင် ဘဝ ကုဋေတစ်သိန်း ချမ်းသာပါမယ် ။

အစာငတ်ပြီးတော့ လဲနေတဲ့ ခွေးလေးကို ကျွေးရင်တော့ ဘဝတစ်ရာပဲ ချမ်းသာမှာပါ ။

စီးပွါးတွက် တွက်ရင်တော့ ရသေ့ကိုပဲ လှူချင်စိတ်တွေ ပေါ်နိုင်ပါတယ် ။

ဒါန အကြောင်း သေချာမသိတဲ့ လူအများစုဟာ ရသေ့ကိုပဲ ပုံလှူကြမှာပါ ။

ဘာလို့လဲဆိုတော့ ဘဝ ကုဋေတစ်သိန်း ချမ်းသာချင်ကြလို့ပါ ။

ခွေးကို ကျွေးရင်တော့ ဘဝတစ်ရာပဲ ချမ်းသာမယ် ဆိုတော့ သိပ်မလှူချင် ကြတော့ပါဘူး ။

အဲ့ဒိအချိန်မှာ ဘဝ ကုဋေတစ်သိန်း ချမ်းသာကိုပဲ ယူမယ် ဆိုပြီးတော့ ငတ်ပြီးတော့ လဲနေတဲ့ ခွေးလေးကို မကျွေးဘဲ ဈာဉ်ရ ရသေ့ကို သွားပြီးတော့ လှူလိုက်မယ် ဆိုရင် စာဖတ်သူရဲ့ ဒါနဟာ ”ပါရမီ မထိုက်သော ဒါန”
ဖြစ်သွားပါတယ် ။

★ ဘာကြောင့်လဲ ဆိုတော့ "ငါကောင်းစားဖို့ ဆိုတဲ့ ဒိဋ္ဌိနဲ့ လောဘ" ပါသွားလို့ပါ ။ ★

အဲဒီဒါနက နိဗ္ဗာန်သွားဖို့ရာ လမ်းကြောင်း မဖြစ်တော့ပါဘူး ။

စာဖတ်သူလိုချင်တဲ့ "ဘဝပေါင်း ကုဋေတစ်သိန်း ချမ်းသာကောင်းကျိုး” တော့ရပါတယ် ။

နိဗ္ဗာန်ကို ရောက်အောင်တော့ တံတားတစ်ခု မဖြစ်နိုင်ပါဘူး ။

ဗုဒ္ဓဘာသာဝင်တိုင်းရဲ့ ပန်းတိုင်က အို၊နာ၊သေ ဒုက္ခများ ကင်းလွတ်ရာဖြစ်တဲ့ နိဗ္ဗာန်ဖြစ်သဖြင့် ပါရမီထိုက်သော ဒါနများ ဖြစ်နိုင်ရန်သာ ရည်ရွယ် လှူဒါန်း သင့်ပါကြောင်း....

အရှင်ဃောသိတ (ဗုဒ္ဓအလိုကျ မသေခင်ဒါနပြုနည်း) မှ ပူဇော်ပါသည် ။

- မူရင်းတင်ပေးသူအား သာဓုခေါ်ဆိုအပ်ပါသည် ...။


0 comments:

Post a Comment

Translate

သုခအောင် (စာအုပ်စင်)သို့ လာရောက်လည်ပတ်ကြကုန်သောမိတ်ဆွေအားလုံးကိုအထူးကျေးဇူးတင်ပါတယ်၊ အကြံပေးချက်ကို ကြိုဆိုလျက်ပါ။ ဖုန်း- 09-400700358/09-760136274 သို့ဆက်သွယ်အကြံပြုနိုင်ပါတယ်။

Followers