ဒုစရိုက် / သုစရိုက်
ဒုစရိုက် (၁၀) ပါး (ဒု = မကောင်းသော ၊ စရိုက် = အကျင့်)
(က) ကာယကံ (၃) ပါး
(၁) သတ် (သတ္တဝါများ)
(၂) ခိုး (တစ်ပါးသူပိုင် ပစ္စည်း)
(၃) ဖောက်ပြန် (ကာမဂုဏ်)
(ခ) ဝစီကံ (၄) ပါး
(၁) လိမ် (မဟုတ်မမှန်ပြောခြင်း)
(၂) ကုန်းတိုက် (ညီညွတ်မှုပြိုကွဲစေခြင်း)
(၃) ကြမ်းတမ်း (ဆဲရေးတိုင်းထွာခြင်း)
(၄) အချည်းနှီး (အကျိုးမရှိသော စကားပြောခြင်း)
(ဂ) မနောကံ (၃) ပါး
(၁) အဘိဇ္ဈာ (သူတစ်ပါးပစ္စည်း မတရား ရစေလိုခြင်း)
(၂) ဗျာပါဒ (သူတစ်ပါးကို သေကြေပျက်စီး စေလိုခြင်း)
(၃) မိစ္ဆာဒိဌိ (အယူမှားခြင်း)
ဒုစရိုက် (၁၀) ပါး ပွား (၄၀)
(၁) ကိုယ်တိုင်ကျူးလွန် (၁၀) ပါး
(၂) သူတစ်ပါးအားစေခိုင်း (၁၀) ပါး
(၃) သွယ်ဝိုက်အားပေး (၁၀) ပါး
(၄) ဝမ်းမြောက် (၁၀) ပါး
သုစရိုက် (၁၀) ပါး (သု = ကောင်းသော၊ စရိုက် = အကျင့်)
(က) ကာယကံ (၃) ပါး
(ခ) ဝစီကံ (၄) ပါး ဒုစရိုက် (၁၀) ပါးကို ရှောင်ကြဉ်ခြင်း သည် သုစရိုက် (၁၀) ပါး ဖြစ်သည်။
(ဂ) မနောကံ (၃) ပါး
သုစရိုက် (၁၀) ပါးလည်း ပွားလျှင် (၄၀) ရသည်။
(၁) ကိုယ်တိုင်
(၂) စေခိုင်း
(၃) အားပေး
(၄) ဝမ်းမြောက်
မှတ်ချက်
၎င်းဒုစရိုက် / သုစရိုက်တို့သည်လည်း ပါးစပ်ဖျားဖြင့် ပြောနေ၊ ဟောနေရုံမျှဖြင့် အဓိပ္ပါယ်မပြည့်စုံဘဲ ဒုစရိုက်ကို ကိုယ်တိုင်လုံးဝ ရှောင်ကြဉ်ကြပြီး
သုစရိုက်ကို လက်တွေ့လေ့ကျင့်လုပ်ဆောင်ကြပြီး မိမိနှင့် အများအကျိုး
ဆောင်ရွက်နိုင်မှသာလျှင် ဗုဒ္ဓအလိုတော်ကျ ဆောင်ရွက်ခြင်းဖြစ်သည်။
http://kyawkyawoo81.blogspot.com
0 comments:
Post a Comment