Translate

သုခအောင် (စာအုပ်စင်)သို့ လာရောက်လည်ပတ်ကြကုန်သောမိတ်ဆွေအားလုံးကိုအထူးကျေးဇူးတင်ပါတယ်၊ အကြံပေးချက်ကို ကြိုဆိုလျက်ပါ။ ဖုန်း- 09-400700358 /09-775784434 သို့ဆက်သွယ်အကြံပြုနိုင်ပါတယ်ခင်ဗျာ။

Jan 6, 2017

မှတ်ဥာဏ်ထက်မြက် လမ်းညွှန်ချက်

မှတ်ဥာဏ်ထက်မြက် လမ်းညွှန်ချက် 
မိုးလေကင်းစင်၍ ရာသီဥတု က သာယာနေ၏။
ရုံးပိတ်ရက်ဖြစ်၍ Junction Mawtin တွင် တည်ရှိသော BB.Q Premium Cafe Restaurant တွင် လူစည်ကားနေ၏။
အငြိမ်းစားကျောင်းအုပ် ဆရာကြီး ဦးရွှေသာက ၁ဝဝ ရာခိုင်နှုန်းသံလွင်ဆီ စစ်စစ်ဖြင့် ချက် ပြုတ်ထားသော အစားအစာမျိုးကို စားလိုသည်ဟု တောင်းဆိုသဖြင့် ဒေါက်တာရဲလှမင်းခေါင်သည် ထို ဆိုင်သို့ ကြိုတင်ရောက်ရှိနေ၏။
သံလွင်ဆီ စစ်စစ်အသုံးပြု၍ ကျန်းမာရေးနှင့် ညီညွတ်၏။
မကြာမီ ဦးရွှေသာနှင့်အတူ ကဗျာ ဆရာမ မကြည်ဆွေ၊ ကဗျာ ဆရာ မောင်ကျော်ခေါင်၊ စာပေ တိုက်ပိုင်ရှင်ကိုလွင်ဆင့်၊ ဓာတ်ခွဲ မှူးကြီး ဦးဥာဏ်အုန်းနှင့်ငယ်သူ ငယ်ချင်း၊ ဒေါက်တာမင်းလှသီဟ သူတို့ ရောက်ရှိလာ၏။
ဒေါက်တာမင်းလှသီဟသူ သည် ဒေါက်တာရဲလှမင်းခေါင်နှင့် အတန်းစဉ် အတူတူတက်ခဲ့သော ငယ်သူငယ်ချင်းဖြစ်၍ အထူးခင် မင်၏။
''ဆရာရဲ၊ ဘာတွေရလဲ၊ လုပ် ပါဦး''
''ဟုတ်ကဲ့ အန်ကယ်၊ ကြက် ကြော်၊ ကြက်ကင်၊ ပီဇာ၊ Pasta, Slab နဲ့ Rice Menu တွေရပါတယ်။ စားသုံးသူ အကြိုက်ဆုံးတွေက Golden Olive Chicken (fried) ရှိတယ်။ Tamaicon Grilled Chicken ရှိတယ်။ Shrimp Aglmo Pasta  ရှိတယ်''
''ဟုတ်ပြီ၊ ကောင်းတယ်ဗျာ''
''ကျွန်တော်မှာထားပြီးပါပြီ၊ ဒီဆိုင်ကစားသုံးသူလာမှ ချက်ချင်း စီမံချက်ပြုတ်တာ၊ ပူပူနွေးနွေး လတ်လတ်ဆတ်ဆတ်စားရတယ်''
''ဒါနဲ့ BB.Q က ဘာလဲဗျ''
''ဒါက ဒီလိုပါ။ Best of the Best Quality ဆိုတဲ့ စာသားကို အ တိုကောက်အစ စာလုံးတွေနဲ့ ဖွဲ့ စည်းထားပါ''
''ဒီဆိုင်က ကိုရီးယားက နံပါတ်တစ် အမှတ်တံဆိပ်ဆို''
''ဟုတ်တယ် အန်ကယ်၊ ဆိုင် ခွဲတွေ အများကြီးပဲ၊ တစ်ကမ္ဘာလုံး မှာဆိုရင် ဆိုင်ခွဲပေါင်းနှစ်ထောင် ကျော် ဖွင့်ထားပြီးပြီ၊ ကျွန်တော်တို့ ဗမာပြည်မှာဆိုင်ခွဲလေးခု ဖွင့်ပြီးပြီ၊ ကိုရီးယားနံပါတ်တစ်ဆိုတဲ့အတိုင်း အရသာက ထူးထူးခြားခြားကောင်း ပါတယ်။ ကျွန်တော် အရင်တစ် ခေါက်က ကစားပြီးပြီ၊ သဘောကျ လို့ အန်ကယ်တို့ကို ဒီမှာထပ်ပြီး စီ စဉ်ပေးထားပါ''
ကျေးဇူးတင်တယ်ဗျာ၊ အန် ကယ်က သွေးထဲမှာ အဆီဓာတ် များနေတယ်၊ သံလွင်ဆီစစ်စစ်စား မှ အဆင်ပြေမယ်''
''စားသင့်ပါတယ်''
''စားပါ့မယ် ဆရာရဲ၊ ကောင်း တဲ့ အရာဆို လက်ခံရမှာပေါ့''
ထိုစဉ် ကိုလွင်ဆင့်က မေး လိုက်၏။
''ကျွန်တော့်လည်း လမ်းညွှန် ပါဦး၊ အရင်က ကျွန်တော် မှတ်ဥာဏ် သိပ်ကောင်းတာ၊ ဘယ်ခုနစ် က ဘာစာအုပ်ထုတ်ခဲ့သလဲဆိုတာ မျိုး အကုန်အလွတ်ရတယ်၊ စစ်ပြီး ခေတ်တွင်မကဘူး။ စစ်ကြိုခေတ်က စာအုပ်တွေလည်း အလွတ်ရတယ်။ မောင်ရင်မောင် မမယ်မ'က အစ စာအုပ်ထဲက စာတွေလည်း အလွတ်ရတယ်၊ ခုတော့ မေ့တတ် နေတယ်''
''ဒါက သဘာဝပါပဲ၊ အ သက်ကြီးလာတော့ ဦးနှောက်က လည်း လုပ်ဆောင်ချက်တွေ လျော့ ပါးလာတယ်။ ဒါပေမယ့် မှတ် ဥာဏ် အထိုက်အလျောက်ကောင်း နေအောင်စားသင့်တဲ့ အစားအစာ တွေရှိတယ်၊ စာထဲကလိုပြောရရင် "To Enhance Memory and Attention Span" ပေါ့ဗျာ''
''ဟုတ်လား၊ ဒါဆိုဘာတွေ စားရမလဲ''
''ပထမတစ်ခုက Caffeine ဗျ၊ Caffeine ဓာတ်ကို ကော်ဖီ၊ ချောကလက်နဲ့ Energy Drinks တွေမှာ တွေ့ရတယ်။ Caffeine ဓာတ် ကနိုးကြား ဖျတ်လတ်စေ တယ်။ ဒါပေမယ့် တန်ဆေး လွန် ဘေးဗျ၊ သင့်တင့်ရုံပဲ သောက်ရ မယ် များရင်မကောင်းဘူး''
''ဟုတ်ပြီ၊ အသင့်အတင့် သောက်မယ်ဗျာ''
''ဒုတိယက သကြားဓာတ်ဗျ။ ကစီဓာတ်ပါတဲ့ အစားအစာ စား လိုက်တဲ့အခါ ခန္ဓာကိုယ်ထဲမှာ Glucose ဘဝကို ပြောင်းလဲစေ တယ်၊ ဦးနှောက်က စွမ်းအင်အ တွက် Glucose တစ်မျိုးတည်းကိုပဲ သုံးရတယ်၊ တခြား သကြားဒြပ် ပေါင်း အမျိုးအစားတွေကို မသုံး နိုင်ဘူး။ အဲဒီတော့ သကြား ဓာတ် ပါတာ စားရမယ်၊ ဒါပေမယ့် Caffeine လိုပဲ၊ တန်ဆေး လွန် ဘေးဗျ၊ သင့်တင့်ရုံပဲ စားရမယ်''
''ဒါပေါ့ဗျာ၊ ဆင်ဆင်ခြင်ခြင် စားရမှာပေါ့''
''တတိယအချက်က မနက် စောစော အစားအစာဗျ၊ Breakfast ပေါ့ဗျာ၊ တချို့က ပိန်ချင်လို့ဆို ပြီး Breakfast မစားဘဲနေတယ်၊ အဲဒီအလေ့အထက မကောင်းဘူး။ သုတေသီတွေ တွေ့ရှိချက်အရ ကျောင်းသားတွေမှာ လက်တွေ့ စမ်းသပ်ကြည့်တော့ Breakfast မှန်မှန်စားတဲ့ ကလေးက မှန်မှန် မစားတဲ့ ကလေးထက် ဥာဏ်ရည် သာတာတွေ့ရတယ်တဲ့''
''ဒါဆို ဘာစားသင့်သလဲ၊ အကြံပေးပါဦး''
''နံနက်စောစော အိပ်ရာထမှ အမျှင်ဓာတ်များတာ စားရမယ်၊ ကောက်နှံပါတာ စားရမယ်၊ Whole Grain ပေါ့ဗျ၊ နွားနို့သောက် ရမယ်၊ နို့ထွက်ပစ္စည်းစားရမယ်၊ သစ်သီးဝလံစားရမယ်၊ စားဆိုတိုင်း လည်း အဝအပြဲမစားရဘူး။ သင့် တင့်ရုံစားပါလို့ ပါရဂူတွေက လမ်း ညွှန်ထားတယ်''
''ပါရဂူ လမ်းညွှန်ချက်ကို လိုက်နာရမှာပေါ့ဗျာ''
''စတုတ္ထအချက်က ငါးစားရ မယ့်၊ ဦးနှောက်အတွက် Omega-3 Fatty Acid တွေလိုတယ်၊ Omega-3 များများရအောင်ငါးစား ရမယ်၊ Omega-3 ကို လုံလုံ လောက်လောက် အချိန်မှန်စားမယ်ဆိုရင်  Dementia ဖြစ်နိုင်ခြေ နည်းမယ်၊ လေဖြတ်ရောဂါ ဖြစ်နိုင် ခြေနည်းမယ်၊ မှတ်ဥာဏ်လျော့ပါး တာဖြစ်ခြေနည်းမယ်၊ ဒါကြောင့် ငါးစားဖို့ ပါရဂူတွေက လမ်းညွှန် ထားတယ်''
''ဘာငါးစားရမလဲ''
ဖြစ်နိုင်ရန် ဆယ်လမွန် ငါး စားဗျ၊ တူနာငါးတို့၊ ဆာဒင် ငါးတို့ လည်း စားနိုင်တယ်၊ အခက်အခဲရှိ ရင်ရရာ ပင်လယ်ငါးတစ်မျိုးမျိုးစား ဗျာ၊ အနည်းဆုံးတစ်ပတ်ကို နှစ် ကြိမ်စားပါတဲ့''
''စားမယ်ဗျာ၊ ကျန်းမာဖို့ အရေးကြီးတယ်''
''ပဉ္စမအချက်က အခွံမာသီး တွေ စားရမယ်၊ အမဲရောင် ချောက လက်စားရမယ်၊ ဒီပစ္စည်းတွေမှာ ဓာတ်တိုးဆန့်ကျင် ဒြပ်ပေါင်းတွေ ပါတယ်။ အဓိက က ဗီတာမင်အီး ဗျ၊ အမဲရောင် ချောကလက်မှာက တခြား ဓာတ်တိုးဆန့်ကျင်ဒြပ် ပေါင်းတွေပါသေးတယ်၊ အခွံမာ သီး ကို တစ်နေ့တစ်အောင်စလောက် စားသင့်တယ်''
''အခွံမာသီးမှာ ဘာတွေပါလဲဗျ''
''သစ်ကြားသီး၊ သစ်ဆိမ့်သီး၊ သစ်အယ်သီး၊ အဲဒီအသီးတွေပေါ့ ဗျာ၊ ဒီအသီးတွေက ဦးနှောက်အ တွက်သာမကဘူး၊ နှလုံး ကျန်းမာ ရေးအတွက်လည်းကောင်းတယ်တဲ့''
''ဟုတ်ပြီ၊ စားမယ်ဗျာ''
''ဆဋ္ဌမအချက်က သွေးလည်ပတ်မှုဗျ၊ ဦးနှောက်ကို သွေးမှန်မှန် ရောက်ဖို့သွေးလည်ပတ်မှုကောင်းဖို့ လိုတယ်၊ သွေးလည်ပတ် မှုကောင်း စေ ချင်ရင် သွေးကြောနံရံမှာ အဆီ မဖုံးအောင် ဂရုစိုက်မယ်၊ ကောက်နှံ ပါတာစားရမယ်၊ Whole Grain ပေါ့ ဗျာ၊ ထောပတ်သီးစားရမယ်၊ ဒါတွေက မကောင်းတဲ့ အဆီဓာတ် ကို လျော့ပါးစေတယ်၊ Bad Cholesterol ပေါ့ဗျာ၊ သွေးကြောနံ ရံ အဆီမဖုံးတော့ သွေးလည်ပတ်မှု ကောင်းမယ်၊ သွေးလည်ပတ်မှု ကောင်းရင် ဦးနှောက်သန်စွမ်းမယ်၊ မှတ်ဥာဏ်ကောင်းမယ်''
ကောက်နှံက ဘာတွေပါလို့ လဲ''
ကောက်နှံမှာ အမျှင်ဓာတ် များများပါတယ်၊တာမင်အီးပါ တယ်၊ နမူနာပြောရရင် ဂျုံကြမ်း ပေါ့ဗျာ၊ ထောပတ်သီးကျတော့ Monounsaturated Fatty Acid တွေပါတယ်။ မပြည့်ဝဆီပေါ့ဗျာ၊ ဒီအစားအစာတွေကလည်း ဦး နှောက်ကိုသာမက နှလုံး ကျန်းမာ ရေးကိုလည်း အထောက်အကူပြု တယ်ဗျ''
''ဟုတ်ပြီ၊ နိုင်ငံကျော် စာရေးဆရာ မောင်ညိုပြာအိမ်မှာ ထော ပတ်သီးတွေရှိတယ် ကြားတယ်၊ သွားတောင်းမယ်၊ ဖျော်ရည် လုပ် သောက်မယ်''
''ဟုတ်ပါပြီ၊ ဟုတ်ပါပြီ၊ သတ္တမအချက်ဆက်ပြောမယ်''
ပြောပါဗျာ၊ သိချင်ပါတယ်''
''Blueberry သီးစားရမယ်၊ ဒီအသီးက ဦးနှောက်ကို ဓာတ်တိုး ပစ္စည်းတွေ မပျက်ဆီးအောင် ကာ ကွယ်ပေးတယ်။ Free Radical ကို ဆိုလိုတာပေါ့ဗျာ၊ Blueberry မှန် မှန်စားရင် အယ်လ်ဇိုင်းမာရောဂါ ဖြစ်နိုင်ခြေနည်းမယ်တဲ့၊ ပြီးတော့ Dementia ရောဂါဖြစ်နိုင်ခြေ နည်း မယ်တဲ့၊ ပြီးတော့ သုတေသီတွေက ကြွက်မှာလက်တွေ့စမ်းကြည့်ကြ တယ်၊ အိုမင်းနေတဲ့ ကြွက်တွေကို Blueberry ကျွေး ကြည့်တယ်၊ ဒီ ကြွက်တွေဟာ ငယ်ရွယ်တဲ့ ကြွက် တွေလို လေ့လာသင်ဟူမှုမှာ အား ကောင်းလာတာကို တွေ့ရတယ်တဲ့''
''ဟုတ်ပြီ၊ Blueberry စား မယ်ဗျာ''
''အဋ္ဌမအချက်က Well-Balanced Diet စားရမယ်၊ အာဟာရပေါင်းစုံ စုံစုံလင်လင်မျှ မျှတတပါတဲ့ အစားအသောက်မျိုး စားရမယ်၊ Essential Nutrient တွေ စုံစုံလင်လင်ပါရမယ်၊ ဒါကို သိချင်ရင် အာဟာရဗေဒ ပါရဂူ ဆရာဝန်ကြီးတွေနဲ့ တိုင်ပင်ရမယ်၊ စားရင် လည်း ချင့်ချိန်စားရမယ်၊ သိပ်များလွန်းလည်း မကောင်းဘူး။ သိပ် နည်းလွန်းလည်းမကောင်း ဘူး။ တန်ရုံပဲစားသင့်တယ်''
''ဟုတ်ပြီဗျာ၊ မှတ်သားထားပါ့ မယ်''
''နဝမအချက်က အိပ်ရေး ဝဝအိပ်ရမယ်၊ အန်ကယ် ဦးလွင် ဆင့်က ဘောလုံးဝါသနာ အိုးမ ဟုတ်လား၊ ပရီးမီးယား လိဂ်တို့လာ လီဂါတို့၊ ဆီးရီး(စ်)အေတို့ ကြည့် တယ် မဟုတ်လား''
တော်ပြီဗျာ၊ မကြည့်တော့ ဘူး၊ အိပ်ရေးပျက်တယ်''
''ဟုတ်ပြီ ကောင်းတယ်၊ ဒသမအချက်က ရေများများ သောက်ရမယ်၊ ရေက ခန္ဓာကိုယ် ကျန်းမာရေး အတွက်လိုတယ်၊ ရေ ကို ဂရုစိုက်သောက်ဗျ''
သောက်မယ်ဗျာ၊ အရင်က ရေသောက်နည်းခဲ့တယ်''
''ဧကဒသမအချက်က ကိုယ် လက်လှုပ်ရှားမှု လေ့ကျင့်ခန်းဗျ၊ Exercise မှန်မှန်လုပ်ရမယ်''
''အရင်က အထိုင်များခဲ့တယ်၊ ခုတော့ လမ်းမှန်မှန်လျှောက်တော့ မယ်ဗျာ''
''ဟုတ်ပြီ၊ အန်ကယ် ဦးလွင့် ဆင့်က ဝိဇ္ဇာကြီးကို အဖော်စပ်ဗျ၊ ဝိဇ္ဇာကြီးက မနက်စောစောလမ်းမှန် မှန်လျှောက်တယ်''
''ဒါဆို ဝိဇ္ဇာကြီးနောက်တစ် ခေါက်ထပ် မပါဦး''
''ခင်ဗျားကလည်း ပိုက်ဆံမ ပေးရတိုင်း မခိုင်းနေပြန်ပါပြီ''
''ဟဲဟဲ၊ ဥာဏ်ပူဇော်ခ ချီးမြှင့် ပါ့မယ်ဗျာ''
''ဟုတ်ပြီ၊ လူကို မပူဇော်ချင် နေပါ၊ ဥာဏ်ကိုတော့ ပူဇော်ပါ၊ ဟဲဟဲ''
''ကဲပါဗျာ၊ ပူဇော်ပါ့မယ်၊ ကျေ နပ်ပြီလား''
နောက်ဆုံးအချက်က တရား ထိုင်ရမယ်၊ စိတ်ဖိစီးမှုတွေ ပြေ ပျောက်အောင်ပေါ့ဗျာ၊ ကျွန်တော် တို့လို ဗုဒ္ဓဘာသာဝင်တွေအဖို့ မခဲ ယဉ်းပါဘူး''
 ''ဟုတ်ပါတယ်၊ မခဲယဉ်းပါ ဘူး''
''ကဲ-အချက်အလက်တွေ လည်း စုံသွားပြီ၊ အန်ကယ်ဦးလွင် ဆင့်လိုက်နာဖို့ပဲ လိုပါတော့မယ်''
''ဆရာရဲ မှတ်ဥာဏ်ကောင်း လာရင် ရည်းစားဟောင်းလည်း ပြန် မှတ်မိလာမှာပေါ့''
''ဟာ၊ ဝိဇ္ဇာကြီးကလည်း အချွန်နဲ့ မပြန်ပြီ၊ အိမ်ကဟာမကြီး ကြားသွားလို့ ပြေးပေါက်မှားနေပါ ဦးမယ်၊ ရည်းစားဟောင်းကလည်း  ခုတော့ မြေးတစ်ဒါဇင်ရနေပြီဗျ''
''ဟဲဟဲ နောက်တာပါဗျာ၊ ကို လွင်ဆင့် ဇနီးက အချစ်ကြီးတာ နေမှာပါ''
''ထားပါတော့ဗျာ၊ ထားပါ တော့၊ ကဲ-ဟင်းတွေ အေးကုန်ပြီ၊ သုံးဆောင်ကြပါ၊ လိုရင်လည်း ထပ်မှာပါ၊ ကုန်ကျစရိတ်ကို ဆရာ မောင်ညိုပြာရှင်းလိမ့်မယ်''
''ဟုတ်ပြီ၊ စားမယ်ဗျာ၊ စား မယ်''
ဝိုင်းတော်သားများက တက်ညီ လက်ညီအားပေးကြရာ လိုက်ပွဲများ ပင် ထပ်မံမှာယူကြရလေတော့၏။
အောင် ဆေး-၁
ရည်ညွှန်းချက်။        ။ WED MD စာစောင်မှ "Best Foods For Your Brain" ဆေးပညာ ဆောင်းပါးကို မှီငြမ်းကိုးကားပါသည်။
အောင် ဆေး - ၁

0 comments:

Post a Comment

Translate

သုခအောင် (စာအုပ်စင်)သို့ လာရောက်လည်ပတ်ကြကုန်သောမိတ်ဆွေအားလုံးကိုအထူးကျေးဇူးတင်ပါတယ်၊ အကြံပေးချက်ကို ကြိုဆိုလျက်ပါ။ ဖုန်း- 09-400700358/09-760136274 သို့ဆက်သွယ်အကြံပြုနိုင်ပါတယ်။

Followers