Translate

သုခအောင် (စာအုပ်စင်)သို့ လာရောက်လည်ပတ်ကြကုန်သောမိတ်ဆွေအားလုံးကိုအထူးကျေးဇူးတင်ပါတယ်၊ အကြံပေးချက်ကို ကြိုဆိုလျက်ပါ။ ဖုန်း- 09-400700358 /09-775784434 သို့ဆက်သွယ်အကြံပြုနိုင်ပါတယ်ခင်ဗျာ။

Dec 27, 2016

ဇာတ်လမ်းပမာ_နားဆင်စရာ အမှတ်(၄)

#ဇာတ်လမ်းပမာ_နားဆင်စရာ အမှတ်(၄)  
အမှတ်စဉ် ( ၁၀၁ မှ ၂၀၀ အထိ )
ဖိုင်ဆိုက် ( 1 . 84  GB )

၁၀၁။ကျော့မောင်ခိုင်တစ်ကွက်ကျော်အစားခံရခြင်း (ဦးညိမ်းမောင်၊ စန်းစန်းဦး)
လူပျိုကြီးကျော့မောင်ခိုင်သည် မိမိ၏ညီမဖြစ်သူက မိမိ၏အိမ်ထောင်ရေးအတွက် ကြိုးစားပေးနေသည်ဟု သိရသော်လည်း 
၁၀၂။သူတို့နှစ်ယောက်
ကြာကြာခွဲမနေဘူးသော မိဘ၂ပါးကို စမ်းသပ်သော သမီးနှင့်သားမက်
၁၀၃။သေချင်ပြီရွှေခင်မဒီရေ
ဇော်သင်ဖြူးရောင်းဝယ်ရေးမှ ကိုဘဇော်နှင့် ဇနီးမရွှေခင်တို့ ရန်ကုန်မှလူလိမ်များနှင့် တွေ့သောအခါ
၁၀၄။တဒေါင့်တနေရာ
ကျန်းမာရေးကြောင့် အိမ်ပြင်မထွက်နိုင်သောဘ၀မှ စာသင်ရန်စိတ်မ၀င်စားသော တူမဖြစ်သူကို စိတ်ဝင်စားအောင် သင်ကြားပေးပုံမှာ
၁၀၅။သုံးရာ့နှစ်အပိုင်း
သစ်လုပ်ငန်း ကော်ပိုရေးရှင်းမှ သစ်ခိုးထုတ်သူများကို ဖမ်းဆီးရာမှ အမှတ်ရစရာတစ်ခု တွေ့ရှိရပုံမှာ
၁၀၆။ဂုဏ်ယူနိုင်ပါစေ
စစ်တောင်းမြစ်ကမ်းဘေး ဇီးချောင်းစခန်းမှ တပ်မတော်က သောင်းကျန်းသူများကို နှိမ်နှင်းပုံ
၁၀၇။ဓါးချက်
ဒေါက်တာအောင်ခင်သည် အတိတ်ကာလတစ်ချိန်မှ မိမိနှင့်မိသားစု၏ရန်သူဖြစ်ခဲ့သူ ဦးဘိုးချူပ်ကို လူနာအဖြစ်ဆုံတွေ့ရသောအခါ
၁၀၈။ဖအေတူသား
ကြက်ခြေနီတပ်ဖွဲ့ဝင်မင်းမင်းတို့မိသားစု နှင့် မလေးတို့မိသားစု၏ ရေစက်ဆုံရပုံမှာ
၁၀၉။အဖြူထဲကအမဲစက်
ထီပေါက်ရာမှ အပျော်အပါးလောင်းကစား လိုက်မှားမိသော အပေါင်းအသင်းကိုသန်းထွန်းကြောင့် ပျက်စီးရသောကိုအေးတို့ဘ၀မှာ
၁၁၀။လှဂုဏ်ကိုးသူရယ်
ငွေကိုခြိုးခြံသုံးစွဲပြီး၊ စည်းကမ်းရှိသော ရုံးဝန်ထမ်းမိသားစုနှင့် ပကာသနမက်ပြီး စည်းကမ်းမဲ့သောမိသားစု

၁၁၁။သားကောင်းသမီးကောင်း
စာမေးပွဲတွင် စာခိုးချသော တပည့်ဖြစ်သူကို အရေးယူခဲ့သော ဆရာမနှင့် တပည့်ဖြစ်သူတို့ပြန်ဆုံကြရာတွင်

၁၁၂။အပြန်တစ်ရာခွင့်လွှတ်ခြင်း
မျက်စေ့နာနေရာမှ နယ်မှမိဘဖြစ်သူများ အလည်ရောက်နေပြီး လာတွေ့ရန်မှာသည်ဟုသိရသောအခါ ဒေါသဖြစ်ခဲ့ရသော်လည်း
၁၁၃။ရွှေဖလားနဲ့အုန်းမှုတ်ခွက်
မိခင်ဖြစ်သူ၏အဆုံးအမကို မလိုက်နာသောသားဖြစ်သူနှင့် ဘ၀ပေးအသိရှိပြီး လိမ္မာရေးခြားရှိသော ပန်းသည်ကလေးတို့ ကွာခြားပုံမှာ
၁၁၄။လမင်းတစ်ရာသာသလို
ရွှေဝါမြေစစ်ဆင်ရေး မှ ရဲဘော်လေးခင်မောင်လတ်နှင့် ချစ်သူ နုထွေး
၁၁၅။လယ်ထဲမှာအိမ်ထဲမှာ
မိမိ၏သားသမီးများလက်ထိပ်ပဲ့နေသည်မှာ အိမ်ပါတ်ဝန်းကျင်နှင့် တစ်ကိုယ်ရေသန့်ရှင်းရေးမရှိသောကြောင့် ဖြစ်ကြောင်းသိရသောအခါ
၁၁၆။သွေးသက်သေ
အတိတ်မှသွေးရောင်းချသည့်စနစ်ကြောင့် မိဘနှစ်ပါးဆုံးပါးရပြီး ဦးချမ်းအေးတို့မိသားစုကို စိတ်နာနေသော ကိုသက်အောင်မှာ ထိုမိသားစုနှင့် ရေစက်ပြန်ဆုံရပြီးနောက်
၁၁၇။လက်ဘက်တစ်ရိုး
ရုံးအလုပ်တစ်ဖက်နှင့် ညနေတွင် ရပ်ကွက်လူမှုရေးရာများ ဖြေရှင်းပေးရသော ရပ်ကွက်ကောင်စီဝင်များ၏ ဘ၀မှာကား
၁၁၈။နှလုံးလှစေချင်သည်
စိုးစိုးသည် မိမိကိုစေ့စပ်လာသူ ရုပ်ချောသည့်ဆရာဝန်လောင်း ကိုဝေသိန်း၏ စိတ်ရင်းအမှန်ကို သိလိုက်ရသောအခါ
၁၁၉။အရိပ်နှင့်လူ
ရပ်ကွက်အတွင်း မူးယစ်ဆေးဝါး နှိမ်နှင်းရေးကို ဦးဆောင်သော ဦးမြိုင်မှာ မုးယစ်ဆေးရောင်းသည့်အိမ်ရှင်သည် မိမိ၏အစ်မ ဖြစ်နေသော်လည်း
၁၂၀။သုံးပွင့်တစ်ခိုင် (ဇာတ်ကြောင်းပြော-၀င်းဦး)
တပ်မတော်သားဇော်ဖေ ညီမထွေးနုနှင့် ဗိုလ်ကြီးအောင်ထူး
၁၂၁။ဘ၀ပေးအသိ
လမ်းဘေးထမင်းဆိုင်မှ ဈေးသည်မလေးသော့သော့၏ ဘ၀ပေးအသိဖြင့် အိမ်ထောင်ဘက်ရွေးချယ်ခဲ့ပုံ 
၁၂၂။ရောင်စုံချယ်သန်းချစ်ပန်းပွင့်ရာ
ချစ်သူက အလုပ်ကိုယ်စီ တာဝန်ကိုယ်စီရှိမှ အိမ်ထောင်ပြုမည်ဟု ပြောလာသောအခါ
၁၂၃။အဘိုးမဖြတ်နိုင်သောအသိ
အရွယ်ရောက်ပြီး အလုပ်အကိုင်ရွေးကာ အလုပ်လက်မဲ့ဖြစ်နေသူ တစ်ဦး၏အမြင်မှန်ရပုံ 
၁၂၄။သူငယ်ချင်းသုံးယောက်
ကိုလှဌေး(ရုံအုပ်)၊ ကိုဘတိုး(ကုန်သည်)၊ ကိုဝင်းတင်(ဗိုလ်ကြီး) တို့သူငယ်ချင်း၃ဦးအကြောင်း
၁၂၅။စေတနာရောင်ပြန်ဟပ်တယ်
ယာဉ်မောင်းကိုလူဇော် နှင့်လက်မှတ်ရောင်းကိုခင်ညိုတို့၏ ပြည့်ဝသောစေတနာ ရောင်ပြန်ဟပ်ပုံ
၁၂၆။မစိမ်းသောသွေးချင်းအလှများ
ပူတာအိုတွင် အနမ်ဆိုသော ရ၀မ်ကျောင်းဆရာမလေးကို ရှာပုံတော်ဖွင့်ခဲ့ရာ-
၁၂၇။ကျွန်တော်နဲ့သူတို့သုံးယောက်
မော်လမြိုင်-ရန်ကုန် ယာဉ်အငှားလိုက်မောင်းသော ကိုကြည်လင်းနှင့် မှောင်ခိုကုန်ကူးသူများအကြောင်း
၁၂၈။ဝံဖြူ
ဓါးပြဂိုဏ်းခေါင်းဆောင်ဝံဖြူကို ဖမ်းဆည်းရန်ကြိုးစားနေသော ရဲအရာရှိကိုစည်သူသည်၊ ငယ်ချစ်မနှင်းဖြူနှင့်ပြန်ဆုံရပြီး၊ ၀ံဖြူမှာ သူ၏သားမှန်းသိရသောအခါ
၁၂၉။ပြေးသူနဲ့လိုက်သူ
လားရှိုးမီးရထားပေါ်တွင်ပါလာသည့် KIA သောင်းကျန်းသူကို ဖမ်းဆည်းသည့် လျှို့ဝှက်သဲဖို ဇာတ်လမ်း
၁၃၀။အလှပန်းတွေနဲ့ဝေ
မိခင်ဖြစ်သူ၏ မှားယွင်းသော လမ်းပြမှုကြောင့် သားဖြစ်သူ နစ်နာရပုံ
၁၃၁။ငယ်ဓလေ့
ဆယ်ကျော်သက်အရွယ်သားဖြစ်သူ၏ စိတ်ထားပြောင်းလဲမှုကို အကဲခတ်ပြီး စိုးရိမ်သောကရောက်နေရသော မိခင်တစ်ဦး
၁၃၂။ယမုံနာသီတာသောင်ခြေဦးဆီက
ငါးမျှားဝါသနာရှင် သူငယ်ချင်းတစ်စု၏ ငါးရအောင် ဖန်တည်းလိုက်ပုံမှာ
၁၃၃။အကိုပေးတဲ့သင်ခန်းစာ
မိမိ၏ ယာဉ်စည်းကမ်းဖေါက်ဖျက်မှုကြောင့် မိဘနှစ်ပါးဆုံးပါးရသည့် မိုက်ကြွေးကို ပေးဆပ်သူ
၁၃၄။နေခြည်ထွေးလို့နွေးပါစေ
နွေးထွေးသော မိသားစုဘ၀ကို တမ်းတနေသော တပည့်ဖြစ်သူ နေလင်းအောင်ကို ဂရုဏာထားမိရာမှ ငယ်စဉ်ကချစ်ခဲ့ရသူနှင့် ပြန်လည်ဆုံစည်းရသော ဆရာမ ခင်လေးငယ်
၁၃၅။တခါတုန်းက (ဗိုလ်ချုပ်အောင်ဆန်း အမှတ်တရ)
လွန်ခဲ့သည့်တော်လှန်ရေးကာလအတွင်း ဗိုလ်ချုပ်အောင်ဆန်းကို အလွန်ကြည်ညိုသော ဦးဇင်းဦးခေမာနှင့်တွေ့ဆုံရပုံ
၁၃၆။အဖေါ်မွန်
တိုက်ပွဲကျပြီဟု ထင်ခဲ့ရသော ဗိုလ်ကြီးထွန်းနိုင်နှင့် သားဖွားဆရာမလေးမလှရီ
၁၃၇။အမှန်ဘ၀ရောက်ပါစေ
ယခင်နှင့်မတူ နှေးကွေးလေးလံနေသော သားဖြစ်သူမောင်ဇော်ဦးမှာ ဘိန်းဖြူစွဲနေကြောင်း သိရသောအခါ
၁၃၈။အမေမဟုတ်သောအမေ ဒေါ်မေသစ်၊ ကြည်စိုး)
မိမိ၏ဖခင် နောက်အိမ်ထောင်ပြုလိုက်သောကြောင့် စိတ်နာနေသောမောင်မိုးမြင့်နှင့် ဆုံစည်းရသူ ဒေါ်မြနွယ်မှာ
၁၃၉။သားပြန်လာခဲ့ပါတော့မယ်အမေ
စာမေးပွဲကျသောကြောင့် မိဘ၏ဆူပူမှုခံရပြီး အိမ်မှထွက်ပြေးသွားသော မောင်ထွေး စိတ်ပြောင်းသွားရခြင်းမှာ
၁၄၀။အပျော်ဆုံးနေ့
ရှမ်းပြည်နယ် အရှေ့ပိုင်း တပ်မတော်သားများ၏ ကာကွယ်ရေးနှင့် ပြည်သူ့အကျိုးပြူ လုပ်ငန်းများ
၁၄၁။မက်မုံပွင့်နှင့်ချယ်ရီပန်း
တောင်ကြီးကောလိပ်သို့ တာဝန်ထမ်းဆောင်ရန်ရောက်လာသော ဆရာမလေးမြရိပ်ညို၏ ရွေးချယ်သူဖူးစာရှင်မှာ
၁၄၂။သစ္စာအရှိနဲ့တာဝန်အသိ
သောင်းကျန်းသူအဖျက်သမားများ တိုက်ဖျက်ရေး ဂုဏ်ပြုဇာတ်လမ်း
၁၄၃။ရှင်းလွန်းသည့်အဖြေ (သုမောင်)
ကာယကံရှင်မရိပ်မိစေဘဲ အနီးအနားတွင်နေကာ ပိုးပမ်းနေသူကို ချမ်းမြအေးတစ်ယောက် သိရှိသွားရပုံမှာ
၁၄၄။မိခင်မေတ္တာအေးရိပ်ဝယ်
ကျောင်းသို့သွားရင်း မိဘအိမ်သို့မပြန်တော့ဘဲ ကြုံရာနေရာတွင် တောင်းရမ်းစားသောက်နေသူကို ရှာဖွေတွေ့ရှိခဲ့သော်လည်း
၁၄၅။ကြယ်ကလေးတွေလက်နေတယ်
သာစည်မှတောင်ကြီးသို့အသွား လမ်းခရီးတွင် မမျှော်လင့်ဘဲဆုံတွေ့ရသော ၁၀နှစ်တာကွဲကွာနေခဲ့သည့် သာထွန်းသူနှင့်နော်ထွေး
၁၄၆။မပွင့်ခင်မကြွေချင်ပါနဲ့
မူးယစ်ဆေးဝါးနှိမ်နှင်းရေး ဆောင်းရွက်နေသော ရဲအရာရှိစိုင်းဝင်းကျော်နှင့် ဆေးရုံရောက်နေသောညီညီ
၁၄၇။ရယူနိုင်ခဲသောပီတိ
ဖခင်အရွယ် ပင်စင်စားဝန်ထမ်းကြီးနှင့် ပင်စင်လစာငွေကိစ္စ ဆောင်ရွက်ပေးရသော မယဉ်ကျေး
၁၄၈။အောင်ပွဲနှင့်အတူ (အသုံးလုံးကြေသင်တန်းဂုဏ်ပြု)
ငယ်သူငယ်ချင်းသန်းစိန်ထံမှ ရည်းစားစာရရှိထားသော်လည်း စာမတတ်သောကြောင့် စိတ်ဆင်းရဲနေရသောစိန်ရည်၏ဖြစ်ရပုံ
၁၄၉။ထိုမိန်နွေ 
ဖက်ဆစ်တော်လှန်ရေးကာလတွင် လူမသိသူမသိကျဆုံးခဲ့ရသော ရဲဘော်ချစ်ခင်၏ ရင်နင့်ဖွယ်ဖြစ်ရပ်
၁၅၀။ပြုံးစမ်းပါမောင်
သမိုင်းပညာရှင်ကိုမြင့်မောင်နှင့် ချစ်သူအလုပ်သမလေးမင်းမင်းတို့၏ဇာတ်လမ်း

========================================================

၁၅၁။ကြိုဆိုပါသည်
ကသာမြို့နယ်၊ဝေမြစ်ရိုး၊သပြေပင်ရွာမှ ဝေအင်းရေလုပ်သားများ၏ဘ၀ (ငါးကုန်ထုတ်သမ၀ါယမ)
၁၅၂။ခြေရာ
အလောတကြီးအိမ်ပြန်ချင်ဇောနှင့် ကားကိုအပြင်းမောင်းလာရာမှ ကလေးငယ်တစ်ဦးကို တိုက်မိပြီးထွက်ပြေးလာရာတွင်
၁၅၃။သည်သောင်ယံမှာ (ဇာတ်ကြောင်းပြော-တင်တင်နွဲ့)
မိမိ၏ဇာတိရပ်ရွာသို့ ဆရာဝန်အဖြစ်တာဝန်ထမ်းဆောင်ရန်ရောက်ရှိလာသော မြသီသည် ငယ်စဉ်ကရန်ညှိုးရှိခဲ့သောမိသားစုဝင် ရေချမ်း(ငယ်သူငယ်ချင်း)နှင့်ပြန်လည်ဆုံတွေ့ရသောအခါ
၁၅၄။ပွဲကြိုက်သူ
ခက်ခဲသောကပွဲလက်မှတ်ကို အိမ်အရောက်ပို့ပေးသောကြောင့် ၀မ်းသာအားရပွဲကြည့်ပြီးအပြန်မှာ ကြုံရသည်ကတော့
၁၅၅။အမြင်မသိမ့် ရေတိမ်မဖြစ်
မျက်စေ့ရေတိမ်ရောဂါ ဗဟုသုတနဲပါးသောကြောင့် ရေတိမ်နစ်ရမလို ဖြစ်နေရာမှ
၁၅၆။အတွေ့ရယ်အသိရယ်အလှရယ်
အလုပ်မှအိမ်ပြန်ရောက်ချိန်တွင် ဖီးလိမ်းပြင်ဆင်ပြီးကြိုနေစေချင်သူ အလှမက်သောကိုအောင်ဝင်းနှင့် ဇနီးမြသီ
၁၅၇။လောကီသားပေမို့
အိမ်ထောင်ပြုမည့်သူများကိုသနားနေသော လူပျိုကြီှး မမျှော်လင့်ဘဲအိမ်ထောင်ကျရခြင်းမှာ
၁၅၈။သွေးအတွက်သွေး
ရှမ်းပြည်နယ်မှ ဗကပသောင်းကျန်းသူ ဆန့်ကျင်ရေးဇာတ်လမ်း
၁၅၉။ဆုံးရှုံးသွားတဲ့နှလုံးသား
မိမိ၏ချစ်သူမိခိုင်သည် ဘိန်းဖြူမှောင်ခိုသယ်ယူသောလုပ်ငန်း လုပ်ကိုင်နေကြောင်းသိရသောအခါ
၁၆၀။သန်းခေါင်စာရင်းအတူကောက်မယ်
၁၉၈၃ခုနှစ် သန်းကောင်စာရင်းကောက်ယူရေး လှုံ့ဆော်သည့်ဇာတ်လမ်း
၁၆၁။ငြင်းလိုက်စမ်းပါသူငယ်ချင်း
ဗကပစစ်ဆင်ရေးတွင် ပြန်တွေ့ဆုံရသော ငယ်သူငယ်ချင်း၂ဦး
၁၆၂။စုန်ရေဆန်ရေ
သားအကြီးဖြစ်သူထံထားရှိသော မိခင်ဒေါ်မြင့်မြင့်၏စုန်ရေနှင့် သမီးအလတ်မြင့်မြင့်ဝေ၏ မိခင်အပေါ်ထားရှိသော ဆန်ရေ
၁၆၃။ပြန်လည်ဆုံစည်းကြမယ်
စံပြလုပ်သားစီမံကိန်း ဂုဏ်ပြုဇာတ်လမ်း
၁၆၄။ဓည၀တီသစ္စာရှင်
ရခိုင်ပြည်နယ်စ်တွေသို့တာဝန်ကျသော ဒုရဲအုပ်ကိုမျိုးဝင်း သည်ငယ်သူငယ်ချင်းချစ်ရသူနှင့်ပြန်လည်ဆုံစည်းခဲ့သော်လည်း
၁၆၅။အတ္တမျက်ဝန်း
အမြတ်ခွန်ပေးဆောင်ရန် ၀န်လေးပြီး တိမ်းရှောင်ရန် အမျိုးမျိုးကြိုးစားနေသော ကိုသိန်းဇော်နှင့် ခင်တို့ဇနီးမောင်နှံ
၁၆၆။စမ်းလည်းအေး၊ပန်းလည်းမွှေး
အလုပ်အကိုင်ရွေးချယ်လွန်းပြီး အလုပ်လက်မဲ့ဖြစ်နေသူ ကျော်ဇေယျမှာ သူငယ်ချင်းအောင်နိုင်၏ဇဝတိရွာသို့ အလည်ရောက်သောအခါ
၁၆၇။ထာဝရသူငယ်ချင်း
မြို့မှရွာသို့ပြန်ရောက်လာသောထွန်းကျော်၊ ခင်ဖြူ နှင့် ထက်ခေါင်တို့ သူငယ်ချင်း၃ဦးဇာတ်လမ်း
၁၆၈။ခရီးမဆုံးမီ
မဆင်မခြင် စည်းကမ်းမဲ့ယာဉ်မောင်းနှင်သူကြောင့် ချစ်သူဆုံးပါးခဲ့ရသော ကိုအောင်ခင်
၁၆၉။အမေ့ရင်ခွင်
မူးယစ်ဆေးဝါးသုံးစွဲပြီး အိမ်ပေါ်မှဆင်းသွားသော မောင်မြင့်နိုင်၊ နောင်တတရားရလာချိန်တွင်
၁၇၀။ရိုးမကျားနဲ့သစ်လုပ်သား
သစ်ကွက်များအတွင်း သောင်းကျန်းနေသော ကျားတစ်ကောင်ကြောင့် စီမံကိန်းမပျက်စေရန် စုပေါင်းနှိမ်နှင်းပုံမှာ
၁၇၁။လမိုက်ညများကုန်လွန်ပါစေ
ဒေါက်တာတင်လေးနွယ်၊ ဗိုလ်ကြီးစိုင်းသူရိန် နှင့် အယူအဆလွဲနေသောရှမ်းသောင်းကျန်းသူ စိုင်းနန္ဒ တို့သူငယ်ချင်း၃ဦး
၁၇၂။ဟောင်းသစ်မဟူ
ကျောင်းဆရာမအလုပ်တစ်ဖက်နှင့် အိမ်ထောင်တာဝန်ထမ်းဆောင်နေရသူ ဒေါ်နုနုသွင် ပြန်လည်သတိရမိသည်မှာ
၁၇၃။အမေ့ရင်ထဲကသမီး
ကျေးရွာများတွင် အရပ်လက်သည်ကိုသာ အားကိုးကြပြီး အရန်သားဖွားဆရာမသင်တန်းတက်ရန် မလိုအပ်ဟုထင်ခဲ့ကြသော်လည်း အရေးကြုံလာသောအခါ
၁၇၄။ဥသြငှက်ရယ်မတွန်ပါနဲ့ကွယ်
အနာကြီးရောဂါရှိနေသော်လည်း ပါတ်ဝန်းကျင်ကြောင့် မိသားစုနှင့်ခွဲခွာခဲ့ရသော ကိုဘသိန်း၏ဘ၀မှာ
၁၇၅။ရှာပုံတော်ဖွင့်ခဲ့တယ်
အိုးအိမ်ဦးစီးဌာန၏ မြန်မာပြည်မှ မြို့ကြီး၁၀မြို့ရေရရှိရေးနှင့်သန့်ရှင်းရေး ဆယ်စုနှစ်စီမံကိန်း ဂုဏ်ပြုဇာတ်လမ်း
၁၇၆။တုန့်လှည့်မယူ
တစ်အိမ်ထဲအတူနေသူ မောင်စိန်မောင်မှာ မိမိထက်တော်သည်ကို လက်မခံနိုင်ဘဲ အကောက်ကြံခဲ့မိသူ မောင်ချစ်ဆွေမှာ မိမိသမီးဖြစ်သူ၏ကျောင်းမှ ကျောင်းအုပ်ဆရာကြီးကိုတွေ့လိုက်ရသောအခါ
၁၇၇။ဒေါက်တာကောင်းထွန်း (ဗိုလ်ဘကို)
အိုနာကျိုးကန်းသူ လူနာများအပေါ် အများနှင့်မတူသော ကြောက်စရာခံယူချက်ရှိသူ ဒေါက်တာကောင်းထွန်းသည် သူမွေးပေးလိုက်သော မွေးရာပါမသန်စွမ်းသူကလေးနှင့် နှစ်ပေါင်းအတော်ကြာတွင် ပြန်ဆုံရပုံမှာ-
၁၇၈။ညီမလေးများ
စာမေးပွဲအောင်စာရင်းထွက်သောနေ့တွင်၊ ကျရှုံးသဖြင့််အိမ်မပြန်ဘဲလျှောက်သွားနေသူ မိန်းကလေးကို နှမချင်းစာနာပြီးကူညီသူ TEXI မောင်းသူ၏အတွေ့အကြုံ
၁၇၉။ချစ်ရက်မကြုံ
မိမိ၏ချစ်သူအငြိန့်မင်းသမီး မြသဇင်နှင့် နီးရဘို့မျှော်မှန်းပြီး နေ့ညမအား အလုပ်ကြိုးစားသူ သစ်ထုတ်လုပ်ရေးမှ မောင်ရဲမြင့်ဘ၀မှာ-
၁၈၀။စနစ်တကျချစ်ကြစေချင်သည်
နုနယ်ငယ်ရွယ်စဉ်ကာလတွင် လူငယ်များ အချစ်ရေးကိုသာ ဦးစားပေးဆုံးဖြတ်ပြီး မမှားတတ်ကြစေရန်-
၁၈၁။သစ္စာရင်ပြင်မှာ
ကုန်းလမ်းပို့ဆောင်ရေး ကော်ပိုရေးရှင်း ၀န်ထမ်းများ စည်းကမ်းထိန်းသိမ်းရေး သတိပေးဇာတ်လမ်း
၁၈၂။နှလုံးသားဥယျာဉ်မှပန်း
မြန်မာသံ ကိုယ်ပိုင်သံစဉ် တေးထုတ်လုပ်သူ အနုပညာသမားစစ်စစ် ကိုညိုပြာနှင့်အခြားအနုပညာရှင်များ
၁၈၃။တစိမ်းသူမေတ္တာ
ရှမ်းသောင်းကျန်းသူများ၏လက်မှ ထွက်ပြေးလာသူကို ကူညီဖွက်ပေးထားသူ အဘိုးအိုမှာ၊ မိမိဖွက်ထားပေးခဲ့သူသည် မိမိ၏သားဖြစ်သူကိုသတ်ပြီးထွက်ပြေးလာသူမှန်းသိရသောအခါ
၁၈၄။တူညီသောနှလုံးသားဖြင့်သာ
ပြည်ထောင်စုနေ့ဂုဏ်ပြုဇာတ်လမ်း (ချင်းပြည်နယ်တွင် ပြန်လည်ဆုံစည်းကြသော သူငယ်ချင်းများ)
၁၈၅။အနီးဆုံးသားကောင်
ရှမ်းပြည်နယ်အရှေ့မြောက်ဒေသ ဗကပသောင်းကျန်းသူ ဆန့်ကျင်ရေှး ဇာတ်လမ်း
၁၈၆။မြတ်သောစေတနာ
စေတနာ၊ ၀ါသနာ၊ အနစ်နာ များဖြင့် လုပ်ကိုင်နေကြသော ကျောင်းဆရာများဘ၀ ဂုဏ်ပြုဇာတ်လမ်း
၁၈၇။မေတ္တာပန်းတစ်ပွင့်
ကချင်ပြည်နယ်တွင် တာဝန်ထမ်းဆောင်နေသော ဆရာဝန်ကလေး မောင်သက်လွင်နှင့် ဒေသခံသူနာပြုဆရာမလေးတို့၏ဇာတ်လမ်း
၁၈၈။အမေ
မိမိ၏သားများကို အမြဲပူပင်စိုးရိမ်နေတတ်သော မိခင်များကို ဂုဏ်ပြုဇာတ်လမ်း
၁၈၉။နှလုံးသားအောင်ပွဲ
နမ္မတူဘော်တွင်းမှ သတ္တုများသယ်ဆောင်လာသော မီးရထားကိုကာကွယ်စောင့်ရှောက်ရသော တပ်မတော်သားများဘဝ
၁၉၀။ဟိုဘက်ခြံကလင်မယား
ခြံစိုက်ပျိုးသော စာရေးဆရာကိုဗေဒါတို့အိမ်နှင့် တစ်ဖက်ခြံမှ သုံးဘီးကားဆွဲစားနေသော မစိန်မြင့်တို့လင်မယား၏ ဇာတ်လမ်း
၁၉၁။အသွားနဲ့အပြန်
အငှားကား ယာဉ်မောင်းသမား ကိုထွန်းလှသည် ၀ိသမလောဘနှင့် စီးပွားရှာသလို သူ၏မိသားစုမှာလည်း အရေးကြီးချိန်တွင် မိမိကဲ့သို့သော အငှားကားယာဉ်မောင်းမျိုးနှင့် ကြုံရချိန်တွင်
၁၉၂။မြင်စမ်းစေချင်ပါတယ်
အနှစ်၂၀ကြာ ကွဲကွာနေသော မွေးရပ်မြေသို့ ပြန်လည်ရောက်ရှိလာသော သက်မောင်ကြုံတွေ့ရသည်များမှာ
၁၉၃။ချမ်းမြေ့တဲ့ဘ၀လေးတည်ဆောက်မယ်
အလှအပ အလွန်မက်မောသောဖြူနှင့် မောင်မောင်တို့ ဇနီးမောင်နှံသည် အိမ်ထောင်ရေးသာယာချမ်းမြေ့သော မိတ်ဆွေ၏အိမ်သို့ ရောက်ရှိလာသောအခါ
၁၉၄။လောင်းရိပ်ပြယ်လျှင်
အရက်သမားစာရေးကြီး ဦးဘအေးသည် သားလိမ္မာမောင်မောင် ကျောင်းချိန်တွင် ဗိုလ်ချုပ်ဈေး၌ အထုပ်ထမ်းနေသည်ကို တွေ့ရသောအခါ
၁၉၅။စေတနာချစ်သူ
စာတတ်အောင်သင်ရမှာပျင်းသော တာတီးသည် မိမိ၏ချစ်သူကိုတိုက်ပြီး ထွက်ပြေးသွားသောယာဉ်၏ နံပါတ်ကိုမဖတ်တတ်သောကြောင့်
၁၉၆။ ဦးကံထူး
ကျောင်းတွင် ကြက်ခြေနီအဖွဲ့ နှင့် လမ်းစဉ်လူငယ်အဖွဲ့များသို့ ၀င်ချင်သောမြေးဖြစ်သူမျးကို စာဘက်တွင်အာရုံလျော့ပါးမည်စိုးသောကြောင့် တားမြစ်သော အဘိုးဖြစ်သူနှင့်မိခင်ဖြစ်သူတို့မှာ 
၁၉၇။သွေးအသက်ပေးဆပ်ခဲ့ပါသည်
မခင်လေးနွယ်သည် မိမိ၏အသက်ကယ်ရန်အတွက် သွေးလှူခဲ့သူမှာ မိမိကမုန်းနေသော တစ်ချိန်ကချစ်သူ ကိုအေးနောင်ဖြစ်ကြောင်း သိလိုက်ရသည့်အခါ
၁၉၈။သင်္ဘောသားကိုကို
သားဖြစ်သူ သင်္ဘောသားအပြန်ကိုမျှော်နေသော တစ်ဖက်သတ်စိတ်ထားရှိသူ မိခင်နှင့်ညီ၊ညီမများမှာ 
၁၉၉။တစ်ပွင့်တည်းသာပန်တတ်ပါစေ
မိမိ၏ချစ်သူသည် နိုင်ငံခြားသို့ အပြီးထွက်ခွာမည့်သူဖြစ်ကြောင်းသိလိုက်ရသော နေဇော်မြင့်သည်
၂၀၀။ခေတ်သစ်စာဆိုရှင်
ဆရာမနွယ်နွယ်နှင့် စာရေးဆရာကိုဝေလွင်တို့ ဖူးစာဆုံရပုံမှာ

ခရစ်ဒစ်  #အကိုကြီးကျော်လွင်တင့်ဦး
မြန်မာသံလေးတွေ_နားထောင်ကြမယ်

.

0 comments:

Post a Comment

Translate

သုခအောင် (စာအုပ်စင်)သို့ လာရောက်လည်ပတ်ကြကုန်သောမိတ်ဆွေအားလုံးကိုအထူးကျေးဇူးတင်ပါတယ်၊ အကြံပေးချက်ကို ကြိုဆိုလျက်ပါ။ ဖုန်း- 09-400700358/09-760136274 သို့ဆက်သွယ်အကြံပြုနိုင်ပါတယ်။

Followers